Friday, April 03, 2015

နိုင်ငံတကာ ကလေး အလှမယ် ပြိုင်ပွဲသို့မြန်မာနိုင်ငံ ကိုယ်စားပြုလေးနှစ် ခွဲအရွယ် ချစ်ချစ်တုန် ၀င်ရောက် ယှဉ်ပြိုင်မည်



စင်္ကာပူနိုင်ငံတွင်ပြုလုပ်မည့် Mini Miss International 2015 (နိုင်ငံတကာ ကလေး အလှမယ်) ပြိုင်ပွဲ သို့မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ရန် အသက်လေးနှစ်ခွဲ အရွယ်ရှိ မချစ်ချစ်တုန် ကို Style Plus H ကစေလွှတ်မည်ဖြစ်ကြောင်း Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက မဇ္ဈိမကိုပြောသည်။

ပြည်မြို့၌ ရှေ့နေတဦးနှင့် နိုင်ငံရေး လှုပ်ရှားသူတဦး ပုဒ်မ ၁၈ ဖြင့် ထောင်ချခံရ


ပဲခူးတိုင်း ပြည်မြို့တွင် ရှေ့နေတဦးနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတဦး တို့ကို ပြည်မြို့နယ် တရားရုံးက ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၄ လစီ ဧပြီ ၂ ရက်ကချမှတ်လိုက်ကြောင်းသိရသည်။

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ


တရုတ်နိုင်ငံတွင်း မှီတင်းနေထိုင်ခဲ့ကြသော ရှေးဦးလူသားများသည် မြန်မာနိုင်ငံဘက်မှ မြစ်ကြောင်းများမှ တဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ သုတေသန စာစောင်ဖြစ်သည့် Scientific Reports တွင် မကြာသေးမီက ရေးသားထုတ်ပြန်ထားသော စာတမ်းတစောင်က ဆိုလိုက်သည်။

တရားမဝင် နိုင်ငံဖြတ်ကျော်မှုနဲ့ အီရတ်နိုင်ငံသား ထောင် ၂ နှစ်ကျ


ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ကနေ မြဝတီမြို့ကို ဝင်ရောက်လာတဲ့ အီရတ်နိုင်ငံသားတဦးကို တရား မဝင် နိုင်ငံဖြတ်ကျော် ဝင်ရောက်လာမှုနဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တရားရုံးကနေအလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

နှစ်နိုင်ငံအငြင်းပွားနေရာတွင် တရုတ်အလံစိုက်မှု ရွာသားများကန့်ကွက်



ရုရှားသင်္ဘောနစ်မြုပ်မှု မြန်မာ ၁၃ ဦး အသက်ရှင်



ကြိုတင်မဲ မသမာမှု အတတ်နိုင်ဆုံး ကာကွယ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကတိပေး


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်မဲမသမာမှုများကို အတတ်နိုင်ဆုံး အကာအကွယ် ပေးသွား မည်ဟုပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ဧပြီလ ၂ ရက် ရန်ကုန် မြို့ Summit Parkview  ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲကာလမီဒီယာနှင့်ပတ်သက်၍ နိုင်ငံရေး ပါတီများနှင့် မီဒီယာများ ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။

မှတ်ပုံတင်လျှောက်ထားမှု ငွေကျပ်ငါးသောင်းတောင်းယူသည့်ကိစ္စ ၀န်ကြီးဌာနက စိစစ်အရေးယူမည်


မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်တွင် ဒေသခံအမျိုးသမီးတစ်ဦး မှတ်ပုံတင်ပြုလုပ်ရာ၌ မြို့နယ် လ၀က အရာရှိက ငွေကျပ်ငါးသောင်းတောင်းသည်ဆို သောကိစ္စ ၀န်ကြီးဌာနက စိစစ်အ ရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦး က ပြောသည်။

NCCT ဒုခေါင်းဆောင်၊ KIO ဗဟိုကော်မတီဝင်၊ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံခြင်း


သမ္မတဦးသိန်းစိန်၊ ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် တို့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ နေပြည်တော်တွင် ပထမဆုံးကြိမ် မတ်လ ၁၆ ရက်က သီးခြားစီတွေ့ဆုံခဲ့သည်။ ထို့အတူ တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ပဏာမသဘောတူ လက်မှတ်ကိုလည်း မတ်လ ၃၁ ရက်က ရေးထိုးခဲ့သည်။ 

ရွှေညဝါ ဆရာတော် တရားဟောခွင့် ပိတ်ပင်မှု Freedom House ရှုတ်ချ


နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ရွှေည၀ါဆရာတော်ကို အကန့်အသတ်မရှိ တရားဟောခွင့် ပိတ် ပင်လိုက်တာကို အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို လူသိရှင်ကြား အသရေဖျက်ပြောဆိုခဲ့တဲ့ အရှင် ၀ီရသူကိုတော့ အရေး ယူ ပိတ်ပင်တာမျိုးမလုပ်ပဲ ရွှေည၀ါဆရာတော်ကိုပဲ မဟန အဖွဲ့ကြီးက အရေးယူခဲ့ကြောင်း ဧပြီလ (၂) ရက်နေ့က ထုတ်ပြန်တဲ့ Freedom House ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ 

အီရန် နျူ ကလီးယား သဘောတူမှု ရှေ့ရေး Obama အကောင်းမြင်


အီရန်နျူကလီးယားအရေး ကြာသပတေးနေ့ကရလိုက်တဲ့ မူဘောင် သဘောတူညီချက်ဟာ နျူကလီးယား လက်နက် တည်ဆောက်နိုင်မယ့် လမ်းကြောင်းအားလုံးကို ဖြတ်တောက်လိုက်မှာဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရာ့ခ် အိုဘားမားက ပြောပါတယ်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင် ကြားနေ အဖွဲ့ဝင် ညှိနှိုင်းရွေးချယ်


ကမ္ဘောဒီးယား အမျိုးသားရွေးကောက်ပွဲကော်မတီ NEC အတွက် ၀န်ကြီးချုပ် ဟွန်ဆန်ထည့်ချင်တဲ့ ဘက်မ လိုက်တဲ့ အဖွဲ့ဝင် တဦးကို ထောက်ခံဖို့ ဆုံးဖြတ်လိုက်ပြီလို့ ကမ္ဘောဒီးယားအတိုက်အခံပါတီကပြောပါတယ်။ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တခုကို တည်ထောင် လုပ်ကိုင်နေသူ Hang Puthea ကိုထောက်ခံဖို့ သူ့အတွက် မခက်ခဲပါဘူးလို့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ CNRP ခေါင်းဆောင် Sam Rainsy က ကြာသပတေးနေ့မှာ ပြောပါတယ်။

တရုတ်နိုင်ငံသားများ သေဆုံးမှု မြန်မာအစိုးရ တောင်းပန်


မြန်မာစစ်တပ်နဲ့ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နယ်စပ်ဖြတ်ကျော် ကျရောက်ခဲ့တဲ့ ဗုံးဒဏ်ကြောင့် တရုတ် နိုင်ငံသား ၅ ဦးသေဆုံး ခဲ့တဲ့ အပေါ် မြန်မာအစိုးရ တရုတ်အစိုးရကို ဒီကနေ့မှာပဲ တောင်းပန် လိုက်ပါတယ်။ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ အထူး ကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး (၀မ့်ယီ)နဲ့တွေ့ဆုံပြီး တောင်းပန် စကားဆိုလိုက်တာ ဖြစ် ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် မဟာဗျူဟာ ဆက်ဆံရေး အထိခိုက် မခံနိုင်ဟု သမ္မတပြော


မြန်မာနှင့် တရုတ်နယ်စပ် ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရည်ညွှန်း၍ အိမ်နီးချင်း နိုင်ငံ များသာမက ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို အထိခိုက်မခံနိုင်ဟု နိုင် ငံတော် သမ္မတ ဦးသိန်းစိန်က ဧပြီလ ၃ ရက် ရေဒီယိုမိန့်ခွန်းတွင် ပြောကြားလိုက်သည်။

ပြည်တွင်းငြိမ်းချမ်းရေးကို လွှတ်တော်က တကယ်လိုလားလျှင် မတရားအသင်း ဥပဒေ ပြင်ခြင်းကို လက်ခံသင့်


မတရားအသင်းများ အက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒိယဥပဒေ အမှတ် ၁၄) ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် ပြည်သူ့ လွှတ်တော်ကို သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်က အဆိုတင်သွင်းခဲ့ရာ ပြည် တွင်း ငြိမ်းချမ်းရေးကို လွှတ်တော်က အမှန်တကယ် လိုလားပါလျှင် ယခုအဆိုကို လက်ခံဆွေးနွေး ပြင် ဆင်ပေးသင့်သည်ဟု ဧပြီ ၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့သည်။

စာရေးဆရာထင်လင်းဦး အမှု (၁၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေး


ချောင်းဦးမြို့နယ် ဟော ပြောပွဲတစ်ခုတွင် ဘာသာသာသနာစော်ကားပြော ဆိုသည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခြင်းခံရ သော စာရေးဆရာထင်လင်းဦး အား ချောင်းဦးမြို့နယ် တရားရုံး၌ ဧပြီ ၂ ရက်က (၁၃)ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့သည်။

မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်ဆိုင်းမည့်မေးခွန်း ကချင်ပြည်နယ် လွှတ်တော်ပယ်ချ


မြစ်ဆုံဆည်စီမံကိန်း အပြီးသတ် ရပ်ဆိုင်းမည့် အစီအစဉ်များ သိရှိလို သည့်မေးခွန်းကို ကချင်ပြည်နယ် လွှတ်တော်က ဧပြီ ၂ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ပယ်ချခဲ့ကြောင်း သတင်းရရှိသည်။ယင်းမေး ခွန်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးအင်ဖရောင်းဂန်က “ယခုအစိုးရ လက်ထက်တွင် ရပ်နားထားသော ဧရာဝတီမြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း အပြီးသတ်ရပ်ဆိုင်းမည့် အစီအစဉ်များအား သိရှိလိုပါကြောင်း” တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွှတ်ပေးရေး လှည်းတန်းတွင် စတစ်ကာလှုပ်ရှားမှု ပြုလုပ်


သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကျောင်းသားများကို အမြန်ဆုံးပြန် လွှတ်ပေးရန်အတွက် ရန်ကုန်မြို့ လှည်းတန်း အနီးတစ်ဝိုက်တွင် ဧပြီ ၂ ရက် ညနေပိုင်းက စတစ်ကာ လှုပ်ရှားမှု ပြုလုပ် ခဲ့သည်။

အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို အကြောင်းပြပြီး ရွေးကောက်ပွဲများ ရွှေ့ဆိုင်းသွားမည်ကို စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီတို့ ဆွေးနွေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက် တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် ပြည် သူ့လွှတ်တော်ဝင်း အတွင်းရှိ ကော်မတီဆောင် I-12 ၌ ဧပြီ ၁ ရက် ညနေ ၄နာရီတွင် တွေ့ဆုံဆွေးနွေး ခဲ့သည်။

Thursday, April 02, 2015

ကြိုတင်မဲ မသာမာမှု အတတ်နိုင်ဆုံး ကာကွယ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကတိပေး


၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲမသမာမှုများကို အတတ်နိုင်ဆုံး အကာအကွယ်ပေးသွား မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ဧပြီလ ၂ ရက် ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲကာလ မီဒီယာနှင့်ပတ်သက် ၍ နိုင်ငံရေးပါတီများနှင့် မီဒီယာများ ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။

အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ် ပြောဆိုဆွေးနွေးတတ်ဖို့ လိုနေပြီဖြစ်တဲ့ မြန်မာ့လွှတ်တော်ကြီး



(၂-၄-၂၀၁၅) ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အင်းတော်မဲဆန္ဒနယ်က ဦးကျော်နိုင်ဌေးနဲ့ သင်္ကန်းကျွန်းမဲဆန္ဒနယ်က ဦးသိန်းညွန့်တို့ နှစ်ယောက်က “မတရားသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ်၊ အိန္ဒိယ အက်ဥပဒေ-၁၄ )ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို သီးခြားစီ ပြုစုပြီး သီးခြားစီ လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်းခဲ့ကြပါတယ်။

ဖမ်းဆီးခံသပိတ်မှောက်ကျောင်းသားများကို တရားရုံးပြောင်းစစ်မည်



အစိုးရသစ်သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးနယ်ပယ်၌ အမျိုးသမီးပါဝင်မှုအားနည်းဟု ဝေဖန်သံများထွက်ပေါ်


ဒီမိုကရေစီအစိုးရသစ် သက်တမ်း လေးနှစ်ကျော်ရှိလာပြီဖြစ်သော်လည်း ယခုအချိန်ထိ မြန်မာနိုင်ငံတွင် နိုင် ငံရေးအခန်းကဏ္ဍ၌ အမျိုးသမီးများ ပါဝင်ခွင့် အခွင့်အလမ်းများ နည်းပါးနေသေးကြောင်း အရပ်ဖက်လူမှု အဖွဲ့အစည်းများထံမှ သိရှိရသည်။

အပစ်အခတ်ရပ်စဲရေး (မူကြမ်း)လက်မှတ်ရေးထိုးနိုင်မှုအပေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကြေညာချက်


မတ်လ(၃၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ရှေ့မှောက်၌ အပစ်အခတ် ရပ်စဲရေးမူကြမ်းကို UPWC နှင့် NCCT နှစ်ဖက်သောအဖွဲ့များမှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤသည်မှာ ငြိမ်းချမ်းရေး၊ ညီ ညွတ်ရေး နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ပင်လုံစိတ် ဓာတ်ဖြင့် လွှမ်းခြုံအပ်သော သမိုင်း ၀င် ခြေလှမ်းတစ်ရပ်ဟု ကျွန်ုပ်တို့NDF ပါတီက မှတ်ယူပါသည်။ 

ဖိလစ်ပိုင်တွင် မုန်တိုင်းဘေး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်



ထိုင်းတွင် စစ်အုပ်ချုပ်ရေးရုတ်သိမ်းသော်လည်း တင်းကျပ်သည့် လုံခြုံရေးဥပဒေဖြင့် အစားထိုး


ထိုင်းနိုင်ငံ အာဏာသိမ်းစစ်အစိုးရက ဧပြီ ၁ရက်တွင် ဆယ်လအကြာပြဌာန်းထားသည့် စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းလိုက်သော်လည်း နိုင်ငံ၏ ယာယီ ဖွဲ့စည်းပုံတွင် ပါဝင်သည့် လုံခြုံရေးဥပဒေအရ အာဏာကိုပိုခိုင် မာအောင် အစားထိုးပြဌာန်းအုပ်ချုပ်ရန် ကြေညာလိုက်သည်။

ဧပရယ်ဖူးအကြိုနေ့မှာ ငြိမ်းချမ်းရေးတံခါး တကယ်ပွင့်တာလား


တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မ တီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အပစ်ရပ်မူကြမ်းကို ပဏာမ သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ 

Daw Aung San Suu Kyi met Ms. Nancy Pelosi



နယ်သာလန်နိုင်ငံ ဘုရင်မ( Queen Maxima ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား လာရောက်တွေ့ဆုံ



တပ်မတော်မူ ၂ ချက်ကြောင့် အခက်တွေ့နိုင်ကြောင်း NCCT ခေါင်းဆောင်ပြော


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လိုက်ပါ လုပ်ဆောင်ရေးအပါအ၀င် တပ်မတော်ဘက်ကစွဲကိုင်ထား တဲ့ မူဝါဒကြောင့် တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲပြီး နောက်ကျင်းပမယ့် နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ အခက်အခဲပြဿနာတွေရှိလာနိုင်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ဒီကနေ့ ပြောကြား လိုက်ပါတယ်။

Boko Haram ကို အပြတ်ချေမှုန်းဖို့ ရွေးချယ်ခံသမ္မတသစ် ကတိပေး


နိုင်ဂျီးရီးယားနိုင်ငံသမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ Muhammadu Buhariကသူတို့အစိုးရအနေနဲ့ဘိုကို ဟာရမ်း သောင်း ကြမ်းမှုတွေကို အစွမ်းကုန်တိုက်ခိုက်နှိမ်နင်းသွားမယ်လို့ ပြောကြားလိုက်ပါ တယ်။သောင်း ကြမ်းမှုနှိမ်နင်းရေးဟာ ခက်ခဲပြီး ချက်ခြင်းလုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုပါ ဘူး။ 

အီရန်နျူကလီးယားဆွေးနွေးပွဲ တရက်ထပ်တိုး


အီရန်နျူကလီးယားအရေး ဆက်လက် ဆွေးနွေးနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဆွစ်ဇာလန်နိုင်ငံမှာ တရက်ဆက်ပြီး နေထိုင်ရဦးမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ တိုးတက် မှုတွေ ဆက်လက် ရရှိနေပေမဲ့ နိုင်ငံရေးသဘော တူညီမှုတရပ် မရနိုင်သေးဘူးလို့ နိုင်ငံခြားရေးပြောခွင့်ရ Marie Harf က Lausanne မြို့မှာ ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ကြားနာနေမှုအလားအလာ Carter Center စိုးရိမ်


မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တချို့ဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတဲ့ အတွက် ကော်မရှင်ရဲ့ ကြားနေမှု၊ ဘက်မလိုက်မှု အလားအလာဟာ စိုးရိမ်ဖွယ် ဖြစ်တယ်လို့ Carter Center က ထောက်ပြလိုက်ပါတယ်။

ကန်လွှတ်တော်အမတ်များ မြန်မာသမ္မတနဲ့တွေ့ဆုံ


မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Nancy Pelosi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတဦးသိန်းစိန်ကို ဒီကနေ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံပြီး ဒေသတွင်း လုံခြုံရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကိစ္စ၊ လူ့အခွင့်အရေးကိစ္စတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေကို အမြင်ချင်း ဖလှယ်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ 

မလေးအတိုက်အခံ အယူခံ ဘုရင်ပယ်ချ


လိင်တူချင်းဆက်ဆံမှုနဲ့ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ မလေးရှား အတိုက်အခံခေါင်းဆောင် Anwar Ibrahim က သက်ညှာခွင့်ရဖို့ ဘုရင်ထံအယူခံ လျှောက်ထားချက်ကို ပယ်ချလိုက်တဲ့ အကြောင်း ရှေ့နေဖြစ်သူက ပြောပါတယ်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ သဘောတူထားသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီက ပြန်လည်ပြင်ဆင်ရေးသားပြီး အမျိုးသားလွှတ်တော်မှ ၂၆.၃.၂၀၁၅ နေ့တွင် အတည်ပြုလိုက်သည့်အပေါ်NNER ၏ သဘောထား ထုတ်ပြန်ချက်


စစ်အုပ်ချုပ်ရေးဥပဒေ ရုပ်သိမ်းကြောင်း ထိုင်းအစိုးရ ကြေညာ



ကရင်လက်နက်ကိုင် ၅ ဦးကို မြောင်းမြရဲ ဖမ်းဆီးစစ်ဆေး


ဗိုလ်ချုပ်ကြီး စောဌေးမောင် ခေါင်းဆောင်တဲ့ ကေအန်ယူ၊ ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) အဖွဲ့က ဒု-ဗိုလ်အဆင့်ရှိသူ ၁ ဦး အပါအ၀င် ၅ ဦးကို ဧရာဝတီတိုင်း မြောင်းမြရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေ ပါတယ်။

မန္တလေးသင်္ကြန်လမ်းညွှန်ထုတ်ဝေရန်စီစဉ်


မန္တလေးသင်္ကြန်လည်ပတ်လိုသူများအတွက် မန္တလေးသင်္ကြန်လမ်းညွှန် ထုတ်ဝေရန်စီစဉ်နေကြောင်း သ တင်း ရရှိသည်။ မန္တလေးကျုံးပတ်လည်၊ ကန်တော်ကြီးနှင့် မြို့တွင်းမဏ္ဍပ် တည်နေရာများ၊ ဖျော်ဖြေမည့် အနုပညာရှင်၊ တေးသံရှင်အမည်များ၊ အစရှိသည့် အချက်အလက်များပါဝင်သော သင်္ကြန်လမ်းညွှန် စာအုပ်ထုတ်ဝေရန် စီစဉ်နေ ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ ရာဖြတ်ဌာနခွဲမှ ဦးစိုးလင်းကပြောသည်။

တရားမဝင်မြန်မာလုပ်သားများ၏ ပန်းရောင်ကတ်များ သက်တမ်းတိုးရန် စင်တာဖွင့်လှစ်


ယာယီနေထိုင်ခွင့်သက် တမ်းကုန်ဆုံးသွားသည့် တရားမဝင်မြန်မာလုပ်သားခြောက်သိန်း ကျော်ကိုင်ဆောင် ထားသော ပန်း ရောင်ကတ်များထပ်မံ သက်တမ်းတိုးရန် ထိုင်းအစိုးရက ဧပြီ ၁ ရက်တွင် One Stop Service စင်တာများ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မွေးနေ့အမှတ်တရ နာမည်ကျန်နေရစ်အောင်လုပ်မယ့် ဖြူဖြူကျော်သိန်း


ကိုယ်ပိုင်သံစဉ်ရော့ခ် သီချင်းများပါဝင်သော ‘‘နာမည် ကျန်နေရစ်မယ်’’ တစ်ကိုယ်တော် တေးစီးရီးကို ဧပြီ ၂၅ ရက်တွင် စတင်ဖြန့်ချိပေးမည်ဟု ဖြူဖြူ ကျော်သိန်းက ပြောသည်။ ‘‘ဖြူဖြူ့မွေးနေ့က ဧပြီ ၂၂ ရက်ပါ။ နှစ် သစ်လည်းဖြစ်တယ်။ မွေးနေ့လည်း ရှိတဲ့အတွက် အမှတ်တရအနေနဲ့ ဖြန့်ဖို့စီစဉ် လိုက်တာပါ။ 

My Blog List