Friday, May 22, 2015

အမျိုးသားပညာရေးဥပဒေရေးဆွဲရာတွင် မည်သူ့ကိုမျှ သဘောကျအောင် လုပ်ရန်မလို၊ အကောင်းဆုံးဖြစ်ရန်သာလိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော


အမျိုးသားပညာ ရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်ပတ်သက်ပြီး မည်သူ့သဘော ကျမျှလုပ်မည် မဟုတ်ဘဲ အကောင်းဆုံးဖြစ်အောင်သာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ကျောင်း သား၊ ကျောင်းသူများကို ပြော ကြားခဲ့သည်။

ဘင်္ဂါလီဒုက္ခသည်များနေထိုင်ရန် အင်ဒိုနီးရှားက ကျွန်းတစ်ကျွန်း စီစဉ်ပေးဖွယ် ရှိဟုဆို


ဘင်္ဂါလီဒုက္ခသည်များ အင်ဒိုနီးရှား၏ အာချေးပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိလာနေကြပြီး ဒုက္ခသည် များအတွက်အဖြေရှာရန် အင်ဒိုနီးရှားအစိုးရက ဆောင်ရွက်နေသည်။ အင်ဒိုနီးရှားသည် ဒုက္ခသည်များ နေ ထိုင်ရန် ကျွန်းတစ်ကျွန်းပေးမည်လားဆိုသည့် မေးခွန်းတစ်ခုပေါ် ထွက်လာသည်။ 

မန်စီတိုက်ပွဲကိစ္စ ကေအိုင်အေနှင့် အစိုးရ အရေးပေါ်တွေ့ဆုံဆွေးနွေး


ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်တွေအ ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး  နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေး အဖွဲ့တွေ မနေ့က မြစ်ကြီးနား မြို့မှာ  အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မူလတန်းကျောင်းသား ၅ သန်းကျော်ကို ကျောင်းဝတ်စုံ အခမဲ့ပေးမည်


မြန်မာတနိုင်ငံလုံးရှိ  ကျောင်းလာအပ်တဲ့ မူလတန်းကျောင်းသားပေါင်း ၅  သန်းကျော်စလုံးကို  အဖြူအ စိမ်းကျောင်းဝတ်စုံတစုံစီ အခမဲ့ပေးမယ်လို့ အစိုးရပြန်ကြားရေးက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။ ဒါ့ အပြင် ဗလာစာအုပ် ၆ အုပ်နဲ့ ကျောင်းသုံးပုံနှိပ်စာအုပ် ၁ စုံစီကိုလည်း ပေး အပ်သွားမှာဖြစ်ပြီး မူလ တန်းကျောင်းသားတွေအတွက် အခမဲ့ပညာရေးအစီ အစဉ်အရ ပေးအပ်တာလို့ သိရ ပါတယ်။

ထိုင်းစစ်တပ် အာဏာလက်လွှတ်ဦးမည်မဟုတ်ဟု နိုင်ငံရေးအကဲခတ်များပြော


ထိုင်းနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကြောင့် တည်ငြိမ်လာခဲ့ပြီး အတိုက်အခံ နိုင်ငံရေးပါတီတွေကြား အကြမ်းဖက်ပဋိပက္ခတွေ ရပ်တန့်ခဲ့တာ ၁ နှစ်ပြည့်ဖြစ်ပေမယ့် စစ်အစိုးရက တိုင်းပြည်ကို တင်းတင်းကျပ် ကျပ် ခြေကုပ်ယူထားပြီး အာဏာကိုလက်လွှတ်မယ့်လက္ခဏာမပြဘူးလို့ နိုင်ငံရေးစောင့် ကြည့်သူတွေ က ပြောဆိုလိုက်ပါတယ်။

ဆီးရီးယား ရှေးဟောင်းမြို့ အိုင်အက်စ်လက်ထဲ အလုံးစုံ ကျရောက်



ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ထွက်ခွာလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ပါသည့် စက်လှေတစ်စီးနှင့် အခြားစက်လှေတစ်စီးအား မြန်မာ့ရေပိုင်နက်တွင် ဖမ်းဆီးရမိ



“ဝ” တို့၏ လျှို့ဝှက်ပန်းခြံ



“ဝ” တိုင်းရင်းသူ ယနန်းဆွန်းညီညီနှင့် သင်္ဘောပျက် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့ဖြစ်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ၂၀၁၃ ခုနှစ် အစောပိုင်းတွင်  တရုတ်နိုင်ငံမှ  လက်နက်ကြီးများ  တပ်ဆင်ထားသော  ရဟတ်ယာဉ် ၅ စီး ဝယ်ယူခဲ့သည် ဟု ၂၀၁၅ ခုနှစ် ဧပြီလထုတ် Jane’s Defence စစ်ရေး အပတ်စဉ် ဂျာနယ်တွင် ဖော်ပြခဲ့သည့်အတိုင်း ဟုတ် မဟုတ် အချိန်တန်လျှင် သိလာရကောင်း သိလာနိုင်ပါသည်။ သို့မဟုတ် သိချင်မှလည်း သိနိုင်ပါမည်။

NCCT အစည်းအဝေးများနှင့် ပတ်သက်သည့် အပြီးသတ် အစီရင်ခံစာတခု ထွက်ရှိနိုင်


တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) အစည်းအဝေးကို လာမည့် သီတင်းပတ် တွင် ကျင်းပမည်ဖြစ်ပြီး ယခင်ဆွေးနွေးမှုများနှင့် ပတ်သက်သည့် အပြီးသတ် အစီရင်ခံစာတခု ထွက်နိုင် ဖွယ် ရှိကြောင်း သိရသည်။

လှေစီးဒုက္ခသည်အများစု မြန်မာပြည်က မဟုတ်ဟု ဒုသမ္မတ ယတိပြတ်ငြင်းဆို



အိုင်အက်စ်သိမ်းပိုက်ခံ ရာမာဒီစစ်ပြေးဒုက္ခသည်များ ဘဂ္ဂဒက်မြို့ကို ထွက်ပြေး



အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ လက်ထဲ ဒီသီတင်းပတ်ထဲ ကျရောက်သွားတဲ့ ရာမာဒီမြို့က ဒေသခံတွေဟာ မေလ ၂၁ ရက်က ဘဂ္ဂဒက်မြို့ဆီ ထွက်ပြေးလာကြပါတယ်။ အန်ဘာပြည် နယ်ရဲ့မြို့တော် ရာမာဒီကို အကြမ်းဖက်မှုကြောင့် လူပေါင်း ၄ သောင်းကျော် အိုးအိမ်စွန့် ထွက်ပြေးနေရ တယ်လို့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်) က မေလ ၁၉ ရက်က ထုတ်ပြန်ပြောဆို ပါတယ်။

နှလုံးသား ထောင့်ကြားမှ သံယောဇဉ်စများ


“သွေးသည် ရေထက် ပျစ်၏” ဆိုသော ရှေးစကားပုံ ရှိ၏။ သွေးရင်းသားရင်း သံယောဇဉ်က သွေးမတော် သားမစပ် သူစိမ်းများကြားရှိ သံယောဇဉ်ထက် ပိုမိုကြီးမား ခိုင်ခန့်ခြင်းကို ဆိုလိုသည်။ ထို အယူအဆသည် အခြေအနေတိုင်းတွင် အလုံးစုံမှန်သည်ဟု မဆိုသာသော်ငြား ယေဘုယျအားဖြင့် မိဘနှင့် သားသမီး သံယောဇဉ် ပြီးလျှင် သွေးရင်းသားရင်း သံယောဇဉ်သည် အခိုင်မာဆုံး အကြီးမားဆုံး သံယောဇဉ်ဖြစ်သည် ဆိုလျှင် ငြင်းဖို့ရာ မရှိပါ။

မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ခေါင်းဆောင် ဘယ်သူလဲဆိုတာ မောင်စိန်ဝင်း (ပုတီးကုန်း) ပြောပြ


►၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီက အနိုင်ရခဲ့မယ်ဆိုရင်မြန်မာနိုင်ငံအတွက်ဘာတွေ ပြောင်းလဲ လာမယ်လို့ ထင်ပါသလဲ။
အနိုင်ရခဲ့တယ်ဆိုတာ ပြည်သူတွေရဲ့ယုံကြည်မှုနဲ့ အနိုင်ရတာ မဖြစ်နိုင်ဘူး။ မသမာတဲ့နည်းလမ်း တစ်ခုခုနဲ့ အနိုင်ယူပြီး အနိုင်ရ တာပဲထင်တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးပါတီက နိုင်ခဲ့ရင် ဘာအပြောင်းအလဲမှ ရှိမလာနိုင်ပါဘူး။ တကယ်လို့ ရှိလာခဲ့ရင်လည်းစစ်အုပ်ချုပ်ရေးကို ပြန်သွားတဲ့ပြောင်း လဲရေးမျိုးလို့ပဲ ထင်တယ်။

နျူကလီးယားကိစ္စ စုံစမ်းစစ်ဆေးခွင့် မပြုဟု အီရန်အကြီးအကဲပြော



တောင်ကိုရီးယားတွင် မားစ်ရောဂါကူးစက်ခံရသူ ၃ ဦး တွေ့ရှိ



တောင်ကိုရီးယားနိုင်ငံတွင်း အရှေ့အလယ်ပိုင်းမှာ အသက်ရှူ လမ်းကြောင်းရောဂါ လက္ခဏာ မားစ်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦးကို တွေ့ခဲ့ တယ်လို့ တောင်ကိုရီးယား ကျန်းမာရေး အရာရှိတွေက မေ ၂၁ ရက်နေ့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီမှ တာဝန်ခံထားသည့် လယ်မြေများ ပြန်မရသဖြင့် ပါတီဝင်များနှုတ်ထွက်



ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အနီးရှိ သိမ်းယူထားသော လယ်ယာ မြေ ဧက ၁၀၀၀ ခန့်ကို နိုင် ငံတော်မှ ၂၀၁၃ ခုနှစ်လယ်ပိုင်းခန့်တွင် ပြန်လည်ပေးအပ်ခဲ့သော်လည်း ဧက ၄၅၀ ခန့်ကို တောင်သူများမှ မရရှိသေးကြောင်း သိရသည်။

လူမှောင်ခို စက်လှေထဲ အကြမ်းဖက်သမားတွေ ရောပါနိုင်


အစွန်းရောက်တွေဟာ ဥရောပသမဂ္ဂနိုင်ငံတွေကိုရောက်ဖို့ လူမှောင်ခိုကူးတဲ့ သူတွေရဲ့ စက်လှေတွေထဲမှာ လိုက်ပြီး မြေထဲပင်လယ်ကိုဖြတ်ကောင်း ဖြတ်နိုင်တယ်လို့ NATO တပ်ဖွဲ့က ပြောလိုက်ပါတယ်။ ရာဇ၀တ် ဂိုဏ်းတွေ နဲ့ အစွန်းရောက် အဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေဟာ၊ အရှေ့အလယ်ပိုင်း နဲ့ အာဖရိက တိုက်မြောက် ပိုင်းဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှု ကနေ လွတ်မြောက်ဖို့ကြိုးစားနေကြတဲ့ တရားဝင် ဒုက္ခသည်တွေကြားထဲမှာ ပါလာနိုင်တယ်လို့ သံသယရှိကြောင်း နေတိုးတပ်ဖွဲ့ရဲ့တပ်မှူး ၊ အမေရိကန် လေ တပ်ဗိုလ်ချုပ် Philip Breedlove က ပြောပါတယ်။ 

လှေစီးပြေး ဒုက္ခသည်တွေ သြစတေးလျ လက်ခံမည်မဟုတ်


သြစတြေးလျား နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေကို အခြေချ နေထိုင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Tony Abbott ကပြောကြားလိုက်ပြီး နိုင်ငံရေး ခိုလှုံခွင့်တောင်းခံဖို့ လှေတွေနဲ့ လာရောက်သူတွေကို သြစတြေးလျား နိုင်ငံလို အနောက်နိုင်ငံတခုမှာ ဘဝသစ်ထူထောင်ဖို့ အခွင့်ပေးမှာ မဟုတ်ကြောင်းလည်း သတိပေးလိုက်ပါတယ်။

Syria ပိုင်နောက်ဆုံး Iraq နယ်စပ်ဂိတ် IS သိမ်းပိုက်


ဆီးရီးယားအစိုးရ ထိန်းချုပ်ထားတဲ့ထဲမှာ နောက်ဆုံးကျန်နေသေးတဲ့ ဆီးရီးယားနဲ့ အီရတ်အကြားက နယ် စပ်ဖြတ် လမ်းကို အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က သိမ်းလိုက်ပြီ လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါ တယ်။ al-Tanaf နယ်စပ်ဖြတ် တဲ့နေရာကနေ ဆီးရီးယားအစိုးရတပ်တွေ ထွက်ပြေးသွားပြီး IS တွေက စခန်းကို သိမ်းလိုက်ပြီလို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး အခြေအနေ လေ့လာစောင့် ကြည့်ရေးအဖွဲ့က ပြောတာပါ။

မြန်မာကို အမေရိကန် ဆက်လက် ကူညီမည်



၂၀၁၅ ရွေးကောက်ပွဲပြီးလျှင် တိုင်ကြားမှု များပြားနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မျှော်မှန်းထားပြီး တိုင်ကြားမှုများကို တိုင်းဒေသကြီးများတွင် ခုံရုံးဖွဲ့စစ်ဆေးရန် စီစဉ်ထားမှု ရှိနေသည်ဟုဆို


၂၀၁၅ ရွေးကောက်ပွဲပြီးလျှင် တိုင်ကြားမှု များပြားနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က မျှော်မှန်းထားပြီး တိုင်ကြားမှုများကို တိုင်းဒေသကြီးများတွင် ခုံရုံးဖွဲ့စစ်ဆေးရန် စီစဉ်ထားမှုရှိနေသည်ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

လှေဖြင့်ရွှေ့ပြောင်းနေသည့် ဒုက္ခသည်များအရေး အပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး သမ္မတဦးသိန်းစိန်နှင့် အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေး


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီ ဘလင်ကန်တို့သည် မေ ၂၁ ရက်က နေပြည်တော်တွင် တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို သို့ တွေ့ဆုံဆွေးနွေးရာတွင် လှေဖြင့်ရွှေ့ပြောင်းနေသည့် ဒုက္ခသည်များ အရေး အပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ညှို့ငင်ရမယ့် ဇာတ်ရုပ်ကိုသရုပ်ဆောင်ဖို့ စိုးရိမ်နေတဲ့ ဘေဘီမောင်


ညှို့အားပြင်းသည့် Sexy ပုံစံဓာတ်ပုံများရိုက်ကူးသော်လည်း ယောက်ျား တစ်ယောက်အား ညှို့ငင်ဆွဲဆောင် ရမည့် ဇာတ်ရုပ်ကို သရုပ်ဆောင်ရန် စိုးရိမ်စိတ်ရှိ ကြောင်း ဘေဘီမောင်က ပြောသည်။မကြာမီရိုက်ကူးမည့် ‘‘ဂျစ် ပစီဂဲလ်’’ဗီဒီယိုဇာတ်ကားတွင် ဘေဘီမောင်က ၎င်း၏ မိဘများ အား သတ်ဖြတ်သွားသူများကို ပြန် လည်ကလဲ့စားချေရမည့် ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းဇာတ်ကားတွင် ယောက်ျား များကို ညှို့ငင်ရမည့်ဇာတ်ဝင်ခန်း လည်းပါဝင်ကြောင်း ၎င်းက ဆို သည်။

လှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှ ဖြစ်ကြောင်းပြောကြားချက်ကို လက်မခံနိုင်ဟု သမ္မတဦးသိန်းစိန် တုံ့ပြန်ပြောကြား


ပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်များ မြန်မာ့ရေ ပိုင်နက်တွင် တွေ့ရှိပါက စောင့် ရှောက်စိစစ်မှုများပြု လုပ်မည်ဖြစ် သော်လည်း ယင်းလှေစီးဒုက္ခ သည်အားလုံး မြန်မာနိုင်ငံမှဖြစ် ကြောင်း ပြောကြားချက်ကို လက် မခံနိုင်ကြောင်း သမ္မတဦးသိန်းစိန် က အမေရိကန် ဒုနိုင်ငံခြားရေး ၀န်ကြီးအား ပြောကြားလိုက် သည်။

လက်နက်ကိုင်လမ်းစဉ်စွန့်ရန် ဆွေးနွေးဖူးခြင်းမရှိဟု အန်စီစီတီပြော


တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့နဲ့ အစိုးရ အပစ်ရပ်ဆွေးနွေးကြတဲ့ထဲ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ် ဖို့ ကိစ္စ ဆွေးနွေးခြင်းမရှိသလို အပစ်ရပ်စာချုပ်မူကြမ်းမှာလည်း မပါဝင်ဘူးလို့တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေး ၊ အန်စီစီတီအဖွဲ့ ဒုတိယခေါင်းဆောင် ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ မှတ်ပုံတင်ကျ


ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းထဲက ရှမ်းမျိုးနွယ်စုတွေအပေါ်အခြေခံတဲ့ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၂၀ ရက်နေ့ နေ့စွဲနဲ့ မှတ်ပုံတင်ခွင့်ပြုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ်တမျိုးထဲ သုံးမည်


၂၀၁၅ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (ပီအာ)စနစ်ကို အသုံးပြုမှာ မဟုတ်ဘဲ လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့  နိုင်သူအကုန်ယူစနစ်(အက်ဖ်ပီတီပီ) စနစ်နဲ့သာ ကျင်းပသွားမယ် လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြော ပါတယ်။

၂၉ ကြိမ်မြောက် ထိုင်းမြန်မာနယ်ခြားကော်မတီအစည်းအဝေး ကျင်းပ


ထိုင်းမြန်မာနှစ်နိုင်ငံ နယ်ခြားကော်မတီ ရဲ့ ၂၉ ကြိမ်မြောက်အစည်းအဝေးကို ထိုင်းနီုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ အမ်ပီရီရယ်မယ့်ပင်းဟိုတယ်မှာ မေလ ၂၁ ရက်နေ့က ကျင်းပပါတယ်။ ဒီအစည်းအဝေးကို တိုင်းဒေသ  အမှတ် ၃ ထိုင်းတပ်မတော်က ကမကထပြုပြီး မြန်မာနိုင်ငံ ဘက်က နယ်ခြားကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး နဲ့ ထိုင်းဘက်က နယ်ခြားကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဆာထစ် ထိဖရတ် တို့က ဦးဆောင်ဆွေးနွေး ခဲ့တယ်လို့  တိုင်းဒေသ  အမှတ် ၃ ထိုင်းတပ်မတော်က ထုတ်ပြန်ပါတယ်။

ကချင်စစ်ပွဲ ၄ နှစ်ပြည့် ကမ္ဘာတ၀န်း ကျင်းပမည်



ဇွန် ၉ ရက်နေ့မှာ ကျရောက်မယ့် ကချင်စစ်ပွဲ ၄ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွေနဲ့ ၀တ်ပြု ဆုတောင်းပွဲတွေကို ပြည်တွင်းနဲ့ ပြည်ပမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အစိုးရ နဲ့ ကေအိုင်အိုအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာဟာ ယုံကြည်ချက် ပျက်ယွင်းမှုကြောင့်နဲ့ သယံဇာတ ဆိုင်ရာ အကျိုးစီးပွားတွေ ဒွေးရောယှက်တင် ဖြစ်နေတယ်လို့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသူတွေ က ထောက်ပြကြပါတယ်။

ဘန်ကီမွန်း ၂ နှစ်ငံ ပူးတွဲစက်မှုဇုန်ခရီးစဉ် မြောက်ကိုရီးယားကြောင့် ဖျက်သိမ်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တောင်နဲ့ မြောက်ကိုရီးယား ပူးတွဲ စက်မှုဇုန်ကို အလည်အပတ်သွားမယ့် အစီအစဉ်ဟာ ပြုံးယမ်းအစိုးရဘက်က စိတ်ပြောင်းသွားတဲ့အတွက် ဖျက်သိမ်း လိုက်ရတယ်လို့ ဘန်ကီမွန်းက ဒီနေ့ ပြောလိုက်ပါတယ်။

အရေးပေါ်စီမံမှုအက်ဥပဒေ ဖျက်သိမ်းရန်အဆို ရှုံးနိမ့်

၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေကို ဖျက်သိမ်းပစ်ဖို့ ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းတဲ့အဆိုကို မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ ပါတယ်။

လှေစီးဒုက္ခသည်များအရေး ၃ နိုင်ငံ ဆွေးနွေး


မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေဟာ မလေးရှားနိုင်ငံ ပူထရာဂျာယာမှာ ဒီနေ့ တွေ့ ဆုံပြီး မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ လှေစီးထွက်ပြေးလာသူတွေ အများကြီးပေါ်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြပါတယ်။

သမ္မတ၏ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင် အစာအိမ်ရောဂါဖြင့် ကွယ်လွန်


နိုင်ငံတော်သမ္မတ၏ အနီးကပ်လုံခြုံရေးကို တာဝန်ယူရသည့် အထူးရဲတပ်ဖွဲ့ရဲမှူးကြီးသည်အစာအိမ် ရော ဂါဖြင့် မေလ၁၉ရက်က ကွယ်လွန်သွား၍ ၎င်းနေရာတွင် အခြားရဲမှူးကြီးတစ်ဦး အမြန်ဆုံးအစားထိုး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

Thursday, May 21, 2015

ကျောင်းသားသပိတ်ကြောင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး ဗ.က.သ ကျောင်းသားများ ဆက်တိုက်ဆန္ဒပြမည်


အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်သူများထဲမှ ကျောင်းသားနှင့် ဝန်းရံပြည်သူ အချို့ ဖမ်းဆီးတရားစွဲဆိုခံထားရမှုများ ရှိနေရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အနေနှင့် အဆိုပါ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲများ ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ်ထံမှ သိရသည်။

လှေစီးသွားသူများထဲတွင် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ မပါဝင်ဟု ရခိုင်ပြည်နယ် အစိုးရဆို


မလေးရှားနိုင်ငံသို့သွားနေကြသည့်လှေစီးဘင်္ဂါလီများအထဲတွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းမှ ပါဝင်ခြင်း မရှိဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဗြိတိသျှစစ်တပ်နှင့် နိုင်ငံရေးလောကမှ သမိုင်းမြှုပ်ကွက်


မေ၇ ရက်က ဗြိတိန်အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ယခု လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မ ရွန်း ခေါင်းဆောင်သော ကွန်ဆာဗေးတစ်ပါတီ က ညွန့်ပေါင်းတောင် ဖွဲ့စရာမလိုတော့ဘဲ ခိုင်ခိုင်မာမာ အစိုးရသစ်တစ်ခုကို ဖွဲ့သွားနိုင်မည့်အခြေအနေရှိသည်။ 
 

''ပုဒ်မ၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည်အား ဦးတည်ရေးဆွဲထားခြင်း မဟုတ်ပါ''


ပုဒ်မ၅၉(စ) သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေးကို ဦးတည်ရေးဆွဲထားခြင်း မဟုတ်သော် လည်း အဆိုပါပုဒ်မ ငြိစွန်းမှုကြောင့် ဒုသမ္မတနေရာ လျာထားခံခဲ့ရသော ဦးမြင့်ဆွေကိုယ်တိုင်ပင် ရန်ကုန် တိုင်း ဒေသကြီး ဝန်ကြီးချုပ်နေရာသာရရှိ ခဲ့ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန် ကြားရေးဝန်ကြီးဦးရဲထွဋ် က မေ ၁၈ ရက် နိုင်ငံရေးပါတီများနှင့် နိုင်ငံတော် သမ္မတတွေ့ဆုံပွဲ၌ ပြောသည်။

လှေစီး ဘင်္ဂလားဒေ့ရှ် ၁၁ ဦး နယ်စပ်တွင် ဖမ်းမိပြီးနောက် ရခိုင်ကမ်းရိုးတန်း လုံခြုံရေး တိုးမြှင့်


ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် သောင်တင်နေသော ဘင်္ဂလားဒေရှ့် ၁၁ ဦးကို ဖမ်းဆီး မိပြီးနောက် မောင်တောနယ်စပ် အပါအ၀င် ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်တွင် တပ်မတော် (လေ)၊တပ်မတော် (ရေ) အပါအ၀င် လုံခြုံရေး တပ်ဖွဲ့အင်အားကို တိုးချဲ့ချထားကြောင်း သတင်း ရရှိသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် တာဝန်ရှိသူများတွေ့ဆုံ၊ ထောင်သားများ လွှဲပြောင်းပေး


မြန်မာနှင့် ဘင်္ဂလာဒေရှ့် နယ်စပ် တာဝန်ရှိသူများသည် ယမန်နေ့ (မေလ ၁၉ ရက်နေ့)က မြန်မာ နယ်စပ် တွင် အလံတင် ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပြီး နယ်စပ်ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ကာ ထောင်သား ၁၄ ဦးကိုလည်း လွဲပြောင်း ပေးအပ်ခဲ့သည်ဟု သတင်း ရရှိသည်။

ကိုးကန့်ပြီးရင် ‘၀’ အလှည့်လား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန်နိုင်ငံနှင့် ဆားဘီးယားနိုင်ငံများ သို့ မေလအတွင်း ခရီးသွား ရောက်ခြင်းမှာ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနက် အင်အားအကြီးဆုံးဖြစ်သည့် UWSA ကို တိုက်ခိုက်ရန် စစ်လက်နက်ပစ္စည်းများ ၀ယ်ယူခြင်းဖြစ်နိုင် သည်ဟု မေလ ၁၆ ရက်နေ့ထုတ် 'သူရိယနေ၀န်း'ဂျာနယ်က ဖော်ပြသည်။

My Blog List