"ရွေးကောက်ပွဲမှာ ဖြစ်စေချင်တဲ့ ဆန္ဒကတော့ UEC ကို အနိုင်ရပါတီနဲ့ အစိုးရအဖွဲ့က တာဝန်ပေးပြီး ခန့်အပ်တဲ့မူကိုတော့ ပြောင်းစေချင်တယ်။ ဆိုလိုတဲ့ သဘောက လွတ်လပ် ပြီးတရားမျှတတဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာက
လာမည့် ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ကြေညာခြင်း မရှိသေးပေ။
"၁၉၉၀ ခုနှစ် စစ်အစိုးရက ရွေးကောက်ပွဲ လုပ်တုန်းက ဆရာရာဂျန်တို့လို ဘယ်ဘက်ကမှ ဘက်လိုက်မှုမရှိတဲ့ ပုဂ္ဂိုလ်တွေ အများ ယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့တာပဲ။ အခုကတော့ အာဏာရပါတီနဲ့ အစိုးရက တာဝန် ပေးခန့်အပ်ထားတဲ့ သူတွေနဲ့ဆိုတော့ ပြောစရာဖြစ်လာမှာပဲ။ အမှန်က သီးခြားလွတ်လပ်တဲ့ သူတွေနဲ့ဆို ပိုကောင်းပါတယ်" ဟု ကရင်အမျိုးသားပါတီ အထွေအတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက ပြောသည်။
လာမည့် ရွေးကောက်ပွဲသည် ကျင်းပရန် မကြာတော့မည့် ကာလတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲများသည် ပြည်သူလူထု၏ လက်တွေ့ဘဝ စားဝတ်နေရေး အခြေအနေများကို တစ်စုံတစ်ရာ ပြောင်းလဲပေးနိုင်မှု မရှိသောကြောင့် ပြည်သူလူထုမှာ လက်ရှိအချိန်တွင် ရွေးကောက်ပွဲများအပေါ် စိတ်ပါဝင်စားမှု အားနည်းနေကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ အချို့က သုံးသပ်နေကြသည်။
Isee Media
ကိုဖူးသစ်
<Zawgyi>
UEC ကို သီးခြား လွတ်လပ်ပြီး တာဝန်ခံနိုင်သည့် ကော်မရှင်ဖြစ်စေချင်သည်ဟု ပြည်သူ့ပါတီ ဒုဥက္ကဌပြော
ဇန္နဝါရီ ၂၁
လာမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကို သီးခြား လွတ်လပ်ပြီး တာဝန်ယူမှု တာဝန်ခံနိုင်သည့် ကော်မရှင်မျိုးသာ ဖြစ်စေချင်ကြောင်း ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောသည်။
"ရွေးကောက်ပွဲမှာ ဖြစ်စေချင်တဲ့ ဆန္ဒကတော့ UEC ကို အနိုင်ရပါတီနဲ့ အစိုးရအဖွဲ့က တာဝန်ပေးပြီး ခန့်အပ်တဲ့မူကိုတော့ ပြောင်းစေချင်တယ်။ ဆိုလိုတဲ့ သဘောက လွတ်လပ် ပြီးတရားမျှတတဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာက အရေးအကြီးဆုံး ဖြစ်တဲ့ UEC ဟာ သီးခြားလွတ်လပ်တဲ့ အာဏာပိုင်အဖွဲ့အစည်း ဖြစ်ရမယ်ဆိုတာက ကမ္ဘာ့စံနှုန်းပဲလေ၊ အခုဟာက ဖွဲ့စည်းပုံအရ ကော်မရှင်ကို အစိုးရက သမ္မတက ခန့်အပ်တယ်ဆိုတဲ့ အခါကျတော့ လွှမ်းမိုးမှုက သေချာတယ်။ အနည်းနဲ့အများ ရှိကြမှာပဲ။ အဲဒါကြောင့် UEC ကို သီးခြား လွတ်လပ်တဲ့ လုပ်ပိုင်ခွင့် အပြည့်အဝရှိတဲ့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိတဲ့ ကော်မရှင်မျိုး ဖြစ်စေချင်တယ်" ဟု ၎င်းက ပြောသည်။
လာမည့် ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ကြေညာခြင်း မရှိသေးပေ။
"၁၉၉၀ ခုနှစ် စစ်အစိုးရက ရွေးကောက်ပွဲ လုပ်တုန်းက ဆရာရာဂျန်တို့လို ဘယ်ဘက်ကမှ ဘက်လိုက်မှုမရှိတဲ့ ပုဂ္ဂိုလ်တွေ အများ ယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့တာပဲ။ အခုကတော့ အာဏာရပါတီနဲ့ အစိုးရက တာဝန် ပေးခန့်အပ်ထားတဲ့ သူတွေနဲ့ဆိုတော့ ပြောစရာဖြစ်လာမှာပဲ။ အမှန်က သီးခြားလွတ်လပ်တဲ့ သူတွေနဲ့ဆို ပိုကောင်းပါတယ်" ဟု ကရင်အမျိုးသားပါတီ အထွေအတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက ပြောသည်။
လာမည့် ရွေးကောက်ပွဲသည် ကျင်းပရန် မကြာတော့မည့် ကာလတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲများသည်ပြည်သူလူထု၏ လက်တွေ့ဘဝ စားဝတ်နေရေး အခြေအနေများကို တစ်စုံတစ်ရာ ပြောင်းလဲပေးနိုင်မှု မရှိသောကြောင့် ပြည်သူလူထုမှာ လက်ရှိအချိန်တွင် ရွေးကောက်ပွဲများအပေါ် စိတ်ပါဝင်စားမှု အားနည်းနေကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ အချို့က သုံးသပ်နေကြသည်။
ကိုဖူးသစ်
No comments:
Post a Comment