Friday, January 24, 2020

ရခိုင်ဒေသအရေး စွဲချက်များကို နိုင်ငံခြားရေးဌာန တုံ့ပြန်


Image may contain: 10 people, people sitting
လူ့အခွင့်အရေးလှုပ်ရှားသူအခြို့ တငျသှငျးခဲ့တဲ့ အထောကျအထား ခိုငျလုံမှုမရှိတဲ့ စှပျစှဲခကြျတှေ၊ ရှုတျခမြှုတှကွေောငျ့ ရခိုငျပွညျနယျ အခွအေနကေို လိုရာဆှဲပွီး လှဲမှားစှာပုံဖောျနတေဲ့အတှက် မြန်မာနိုင်ငံနဲ့ တခြားသောနိုင်ငံတွေ ဆက်ဆံရေး ထိခိုက်စေတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်လိုက်ပါတယ်။
အဲဒီလိုအခြေအနေတွေဟာ ရခိုင်ပြည်နယ် ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းတွေချမှတ်ဖို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့အပေါ် အဟန့်အတားဖြစ်စေတယ်လို့ ပါရှိပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ လူမျိုးပြုန်းတီးစေမှုတွေ ဖြစ်ပွားခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က မနေ့က အမိန့်ချလိုက်ပြီးနောက် အခုလိုကြေညာချက်ထုတ်လိုက်တာပါ။

ICJ က ဂမ်ဘီယာနိုင်ငံ တောင်းဆိုထားတဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် ခြောက်ချက်ထဲက လေးချက်ကို ချမှတ်လိုက်ပြီး မြန်မာဘက်က တင်ပြထားတဲ့အချက်တွေကိုတော့ ပယ်ချလိုက်တာပါ။

အဲဒီဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေနဲ့ မှတ်သားထားရှိကြောင်း၊ ICJ တရားရုံးအနေနဲ့ အချက်အလက်မှန်တွေကို အခြေခံပြီး မှန်ကန်တဲ့ စီရင်ဆုံးဖြတ်ချက်ချမှတ်ရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်မှာ လူမျိုးပြုန်းတီးစေရန် ဘယ်ကျူးလွန်လုပ်ဆောင်ချက် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ကောက်ချက်ချထားတယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် စစ်မက်ပဋိပက္ခဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေကို မြန်မာနိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုစနစ်အရ စုံစမ်းစစ်ဆေးအရေးယူနေကြောင်းလည်း မြန်မာအစိုးရက ပြောထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကတော့ ICJ ကြားဖြတ်စီရင်ချက်ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ မြန်မာအစိုးရကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ICJ ဆုံးဖြတ်ချက်ချတဲ့နေ့ဟာ သမိုင်းတွင်တဲ့နေ့လို့ သူက ဆိုပါတယ်။ ICJ က ကြားဖြတ်အရေးယူမှု ချမှတ်ခဲ့မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေလို နောက်ထပ်မဖြစ်ပွားဖို့ အရေးကြီးတဲ့အစီအမံတွေ မဖြစ်မနေချမှတ်ဖို့ လိုအပ်လာမှာဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း မလွတ်တမ်းစောင့်ကြည့်ဖို့ လိုအပ်လာမယ်လို့ သူက ပြောလိုက်ပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။ မနေ့က ညနေ ၃ နာရီခွဲမှာပဲ ICJ က မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ ကြားဖြတ်စီရင်ချက် provisional measure ချမှတ်လိုက်ပါတယ်။
RFA
Unicode
ရခိုင်ဒေသအရေး စွဲချက်များကို နိုင်ငံခြားရေးဌာန တုံ့ပြန်

လူ့အခွင့်အရေးလှုပ်ရှားသူအချို့ တင်သွင်းခဲ့တဲ့ အထောက်အထား ခိုင်လုံမှုမရှိတဲ့ စွပ်စွဲချက်တွေ၊ ရှုတ်ချမှုတွေကြောင့် ရခိုင်ပြည်နယ် အခြေအနေကို လိုရာဆွဲပြီး လွဲမှားစွာပုံဖော်နေတဲ့အတွက် မြန်မာနိုင်ငံနဲ့ တခြားသောနိုင်ငံတွေ ဆက်ဆံရေး ထိခိုက်စေတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်လိုက်ပါတယ်။

အဲဒီလိုအခြေအနေတွေဟာ ရခိုင်ပြည်နယ် ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းတွေချမှတ်ဖို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့အပေါ် အဟန့်အတားဖြစ်စေတယ်လို့ ပါရှိပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ လူမျိုးပြုန်းတီးစေမှုတွေ ဖြစ်ပွားခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က မနေ့က အမိန့်ချလိုက်ပြီးနောက် အခုလိုကြေညာချက်ထုတ်လိုက်တာပါ။

ICJ က ဂမ်ဘီယာနိုင်ငံ တောင်းဆိုထားတဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် ခြောက်ချက်ထဲက လေးချက်ကို ချမှတ်လိုက်ပြီး မြန်မာဘက်က တင်ပြထားတဲ့အချက်တွေကိုတော့ ပယ္ခ်လိုက္တာပါ။

အဲဒီဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေနဲ့ မှတ်သားထားရှိကြောင်း၊ ICJ တရားရုံးအနေနဲ့ အချက်အလက်မှန်တွေကို အခြေခံပြီး မှန်ကန်တဲ့ စီရင်ဆုံးဖြတ်ချက်ချမှတ်ရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်မှာ လူမျိုးပြုန်းတီးစေရန် ဘယ်ကျူးလွန်လုပ်ဆောင်ချက် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ကောက်ချက်ချထားတယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် စစ်မက်ပဋိပက္ခဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေကို မြန်မာနိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုစနစ်အရ စုံစမ်းစစ်ဆေးအရေးယူနေကြောင်းလည်း မြန်မာအစိုးရက ပြောထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကတော့ ICJ ကြားဖြတ်စီရင်ချက်ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ မြန်မာအစိုးရကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ICJ ဆုံးဖြတ်ချက်ချတဲ့နေ့ဟာ သမိုင်းတွင်တဲ့နေ့လို့ သူက ဆိုပါတယ်။ ICJ က ကြားဖြတ်အရေးယူမှု ချမှတ်ခဲ့မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေလို နောက်ထပ်မဖြစ်ပွားဖို့ အရေးကြီးတဲ့အစီအမံတွေ မဖြစ်မနေချမှတ်ဖို့ လိုအပ်လာမှာဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း မလွတ်တမ်းစောင့်ကြည့်ဖို့ လိုအပ်လာမယ်လို့ သူက ပြောလိုက်ပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။ မနေ့က ညနေ ၃ နာရီခွဲမှာပဲ ICJ က မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ ကြားဖြတ်စီရင်ချက် provisional measure ချမှတ်လိုက်ပါတယ်။
Zawgyi
RFA
Photo: ICJ
( ICJ တရားရုံးမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ၂၀၂၀ ဇန်နဝါရီ ၂၃ ရက်နေ့ကတွေ့ရစဉ် )

No comments:

Post a Comment

My Blog List