Friday, June 19, 2015

ကမ္ဘာ့ပူနွေးမှုကို လျှော့ချဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း


ကမ္ဘာကြီး ပူနွေးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကာကွယ်ဖို့အတွက် သဘာဝနဲ့ ညီညွတ်တဲ့ လုပ်ငန်း တွေ လုပ်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာကြီး ပူနွေးမှုဟာ လူတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ လောဘတွေ ကြောင့် ဖြစ်ရတာလို့လည်း ပြောလိုက်ပါတယ်။

ပင်မသပိတ်စစ်ကြောင်း ဖမ်းဆီးခံရသူများကို အမြန်လွှတ်ပေးရေးအဆို NNER ညီလာခံတွင် တင်သွင်း


အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် သဘောတူညီထားသည့် အချက် (၁၁) ချက် အမြန် အကောင်အထည်ဖော်ရေးနှင့် ပင်မသပိတ်စစ်ကြောင်း ဖမ်းဆီးခံရသူများကို အမြန်လွှတ်ပေးရေး အဆိုကို ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် ဒုတိယအကြိမ် ညီလာခံတွင် ဒေါက်တာသိန်းလွင်က အဆိုတင်သွင်းခဲ့ကြောင်း ယင်းညီလာခံထံမှ သိရှိရသည်။ 

ရိုဟင်ဂျာအရေး အာဆီယံမှာ ဆွေးနွေးဖို့ OIC သံတမန်ပြော


မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က ရိုဟင်ဂျာတွေ အပေါ် မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံဟာ လက်ခံနိုင်စရာ မရှိတဲ့အတွက် မြန်မာနိုင်ငံကို အာဆီယံထဲကနေ ထုတ်ပယ်သင့်တယ်လို့ မကြာသေးခင်က ပြောဆိုခဲ့ချက်ဟာ လက်တွေ့မှာ ဖြစ်လာနိုင်စရာ မရှိဘူးလို့ OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က ပြောပါတယ်။

၄၃၆ (က) ပြင်ဆင်ရေး လာမည့်သီတင်းပတ် အပြီးဆွေးနွေးမည်ဟု သူရဦးရွှေမန်း ပြောကြား


ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန် ပြုလုပ်နေသည့် အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းမှ ပုဒ်မ ၄၃၆ (က) နှင့် သက်ဆိုင်သော ပြင်ဆင်ချက် မူကြမ်းကို ဇွန်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ သုံးရက်အတွင်း အပြီးသတ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြား သည်။

တောင်ကာရိုလိုင်းနားရှိ အမေရိကန်-အာဖရိကန် ဘုရားရှိခိုးကျောင်းထဲသို့ လူဖြူတစ်ဦး ဝင်ရောက်ပစ်ခတ်


တောင်ကာရိုလိုင်းနားပြည်နယ် ချာလက်စတန်မြို့ရှိ သမိုင်းဝင် အမေရိကန်-အာဖရိကန် လူမည်းတို့၏ သမိုင်းဝင် ဘုရားရှိခိုးကျောင်းသို့ လူဖြူတစ်ဦး ဗုဒ္ဓဟူးနေ့ ညနေပိုင်းက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားရာ အနည်းဆုံး လူကိုးဦး သေဆုံးသွားကြောင်း အမေရိကန် မီဒီယာများက ရေးသားဖော်ပြသည်။

ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် မသေချာဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား


အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် မြန်မာ့နိုင်ငံရေးလားရာအတွက် ပထမအကြိမ် တွေ့ဆုံထားပြီး ဖြစ်သော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို ထပ်မံတွေ့ ဆုံရန် ယခုအခါ တိတိကျကျ မပြောနိုင်တော့ကြောင်း နိုင်ငံ တော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖြေကြားသည်။ ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ် တော်သို့ ရောက်ရှိခဲ့သော ဦးရဲထွဋ်ကို The Voice က မေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မှ မွေးနေ့ပွဲကျင်းပရာ I 12 အဆောင်သို့ ရောက်ရှိပြီးလွှတ်တော် ကိုယ်စားလှယ်များမှ မွေးနေ့လက်ဆောင်များ ပေးအပ်စဉ်



အသက် ၇၀ ပြည့်မွေးနေ့ရှင်ရဲ့အပြုံးများ



ထိုင်းနိုင်ငံမှာ MERS ကူးစက်သူ တဦး ပထမဆုံး အကြိမ်တွေ့ရှိ


နှလုံးရောဂါကုသဖို့ ထိုင်းနိုင်ငံကို ရောက်လာတဲ့ အရှေ့အလယ်ပိုင်းဒေသက အမျိုးသားတဦးမှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာ MERS ကူးစက်မြန်ရောဂါ ရှာဖွေတွေ့ရှိထား တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ ထိုင်းနိုင်ငံ တွင်း ပထမဆုံးတွေ့တဲ့ MERS ရောဂါကူးစက်ခံရသူ ဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် ၏ နှစ် ( ၇၀ ) ပြည့်မွေးနေ့တွင် ပြည်သူလူထုသို့ ပြောကြားသော မွေးနေ့ အထိမ်းအမှတ်ပြောကြားသော ရုပ်သံဖိုင်

“အစွန်းရောက်အုပ်စုတွေဟာ အန်အယ်လ်ဒီကို မိတ်ဆွေအဖြစ်ရှုမြင်မှာ မဟုတ်ဘူး” – ဒေါ်အောင်ဆန်းစုကြည်


မကြာသေးခင်ကမှ တရုတ်နိုင်ငံ ခရီးစဉ်ကပြန်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်၊ ငြိမ်း ချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စတွေနဲ့ အခြားအကြောင်းအရာတွေကို ၀ါရှင်တန်ပို့စ် အယ်ဒီတာ ဖရက်ဒ်ဟိုက်ယက်က တယ်လီဖုန်းကတဆင့် ဆက်သွယ်မေးမြန်းခဲ့တာတွေကို ဒီဗွီဘီက ဘာသာပြန်ဆိုဖော်ပြလိုက်ပါတယ်။

ESPN မှ ဆီးဂိမ်းပြိုင်ပွဲ အကောင်းဆုံးအားပေးသူအဖြစ် မြန်မာပရိသတ်ကို ရွေးချယ်



အမေရိကန်ဒေါ်လာကို အမျိုးသမီးပုံနဲ့ ထုတ်ဝေသွားမယ်


အမေရိကန် ဒေါ်လာ ၁၀ တန်ငွေစက္ကူကို အမျိုးသမီးတဦးရဲ့ ရုပ်ပုံနဲ့ အစားထိုး ထုတ်ဝေသွားဖို့ ရှိတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အဲဒီ အမျိုးသမီး ဘယ်သူဖြစ်မယ် ဆိုတာကို မဆုံးဖြတ်ရသေးကြောင်းနဲ့ ရွေးချယ်ရာမှာ အများပြည်သူတွေရဲ့ တင်ပြမှုတွေကိုလည်း ရယူသွားမှာ ဖြစ်ပြီး အားလုံးပါဝင်ခွင့် ရှိတဲ့ ဒီမိုကရေစီအတွက် ချန်ပီယံတဦးကို ရှာဖွေနေကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန က ပြောကြားပါတယ်။

ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် သတင်းထုတ်ပြန်ရေးအဖွဲ့ ရန်ကုန်၌ စတင်ဖွဲ့စည်း



အဘွားအိုကို မုဒိမ်းကျင့်ရန် ကြံသည့် တပ်သား ထောင် ၇နှစ်သာ ချမှတ်မှု ဒေသခံများ မကျေနပ်


ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာတွင် အသက် ၇၃ နှစ် အရွယ် အမျိုးသမီးတဦးကို အဓမ္မပြု သတ်ဖြတ်ရန် ကြံစည်ခဲ့သည့် အစိုးရတပ်သား ဇော်မျိုးအေးကို စစ်ဘက်ဆိုင်ရာဥပဒေအရ စည်ကမ်း ဖောက် ဖျက်မှု၊ မူးယစ်မှု ၊ ပိုင်နက် ကျူး လွန်မှုတို့ဖြင့်သာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ် ချမှတ် လိုက် သော်လည်း သတ်ဖြတ်ရန် ကြံစည်မှု၊ မုဒိမ်းကျင့်ရန် ကြံစည်မှုတို့ကို လျစ်လျူရှုထားသည့်အတွက် ဒေသခံ များက မကျေမနပ် ဖြစ်နေကြ ကြောင်း သိရသည်။

စာရေးဆရာမ ရွှေရေးထင်ထင်ကနေ ဇာတ်ညွှန်း ရွှေရေးထင်ထင် ဖြစ်လာတော့မလား


စာရေးဆရာမ ရွှေရေးထင်ထင်ရေးသားထားတဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)က ဗီဒီယိုဇာတ် လမ်း ရိုက်ကူးဖို့အတွက် စီစဉ်နေကြတယ်လို့ သိရပါတယ်။ ရွှေရေးထင်ထင်ဆိုတာလည်း တခြားသူတော့ မဟုတ်။ လူမှုကွန်ရက်စာမျက်နှာထက်မှာ မကြားသေးတဲ့ ကာလ လောက်က တဟုန်ထိုး လူသိများလာတဲ့
စာရေးဆရာမဦးလည်းဖြစ်ပါတယ်။

မြန်မာ့ ပညာရေးအတွက် တိုက်ပွဲဝင်နေသူ ဒေါက်တာသိန်းလွင်


မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာဖို့ လှုပ်ရှားမှုများစွာ သူဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ်တပါတီ အာဏာရှင် စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ် ကာလကတည်းက “စစ်အစိုးရရဲ့ လုပ်ရပ် မကျေနပ်လို့” ဟုဆိုကာ ကျောင်းသား အရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ထို လှုပ်ရှားမှုများကြောင့် စစ်အစိုးရ၏ “ကျောင်းသားဆိုး” ဟူသည့် အမည် တပ်ခံ ရပြီး ကျောင်းထုတ်ခံခဲ့ရသည်။

ရေကူးတင်ဒါကိစ္စ ဖွဲ့စည်းပုံအခြေခံဥပဒေသာမက သာမန်လူ့ကျင့်ဝတ်ဖောက် ဖျက်မိပါက နှုတ်ထွက်ပေးမည်ဟု ဦးရဲထွဋ်ပြောပြီ


ရေကူးအသံလွှင့်ရုံဟောင်း တင်ဒါကိစ္စနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အား ဖောက် ဖျက်သည်ဟု ယူဆပါက အချိန်မရွေးစွဲချက်တင်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြည်ထောင်စုလွှတ်တော်၌ ပြောကြားလိုက်သည်။

ရေကူးအသံလွှင့်စက်ရုံ ပုဂ္ဂလိကလွှဲမည့်ကိစ္စ ၀န်ကြီး ဦးရဲထွဋ် စွပ်စွဲပြစ်တင်ခံရတော့မလား


ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ရေကူး အသံလွှင့် စက်ရုံဝင်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန် ပြန်ကြားရေး ၀န်ကြီးဌာနက စီစဉ်နေမှုကို ဆိုင်းငံ့ထားရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သော်လည်း လွှတ်တော် ၏ ဆုံးဖြတ်မှုကို မလိုက်နာဘဲ လုပ်ငန်းဆက်လက် ဆောင်ရွက်နေသဖြင့် လွှတ်တော်က ပြန်ကြားရေး ၀န်ကြီးဦးရဲထွဋ်ကို အခြေခံဥပဒေ ဖောက်ဖျက်မှုဖြင့် စွပ်စွဲပြစ်တင်တော့မည် အခြေအနေရှိနေကြောင်း သိရှိရသည်။

၇၀ ပြည့်တော့မည့် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ့ အပြောင်းအလဲ


ဝါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ အယ်ဒီတာ့ အာဘော်မှာ မနက်ဖြန် (သောကြနေ့) မှာ အသက် ၇၀ ပြည့် မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု နဲ့ ပတ်သက်ပြီး သိပ်ပြီးအကောင်းမြင်တဲ့ သဘောမျိုး မပြောခဲ့ဘူးလို့ ရေးသားထားပါတယ်။

ဘုရားကျောင်း ပစ်ခတ်မှု သံသယရှိသူ ဖမ်းဆီးစစ်ဆေး


အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသက တောင် Carolina ပြည်နယ်၊ Charleston မြို့မှာရှိတဲ့ အာဖရိကန် - အမေရိကန် ဘုရှားရှိခိုးကျောင်းမှာ သေနတ်နဲ့ ပတ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားပြီး လူ ၉ ဦး သေဆုံးခဲ့ရတဲ့အတွက် ဒေသခံတွေ ၀မ်းနည်း ကြေကွဲနေကြချိန်မှာပဲ ဒီပစ်ခတ်မှုနဲ့ ဆက်နွယ်တဲ့သူ တဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ လူမျိုးရေး မုန်းတီးပေါ် အခြေခံပြီး ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဟုတ်မဟုတ် ဆိုတာကို ပြည်ထောင်စု အစိုးရ အရာရှိတွေက စုံစမ်း စစ်ဆေးနေပါတယ်။

လှေစီးပြေးပြဿနာ နိုင်ငံတကာ ကူညီဖို့ မလေးရှား တိုက်တွန်း


အရှေ့တောင် အာရှဒေသတွင်းနိုင်ငံတွေ ကမ်းခြေတွေကို လှေစီးပြေးဒုက္ခသည်တွေ ပြီးခဲ့တဲ့ တလလောက် အတွင်း ထောင်နဲ့ချီ ရောက်လာပြီး တဲ့နောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကလည်း ၀ိုင်းဝန်းကူညီ ဖြေရှင်းကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ မလေးရှား နိုင်ငံခြားရေး ၀န်ကြီး Anifah Aman က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

The Daily Eleven သတင်းစာမှ အယ်ဒီတာ ၁၇ ဦးအား ပြန်ကြားရေး ၀န်ကြီးဌာနက ထပ်ဆင့်တရားစွဲဆိုမှုနှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်မည်


The Daily Eleven သတင်းစာမှ အယ်ဒီတာ ၁၇ ဦးအား ပြန်ကြားရေး ၀န်ကြီးဌာနကထပ်ဆင့်တရားစွဲဆိုမှု နှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ် မည်ဖြစ်သည်။ ဇွန် ၂၀ ရက် (စနေနေ့) မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ Novotel ဟိုတယ် ပုသိမ်ခန်းမ၌ ပြု လုပ်မည်ဖြစ်သည်။

အခြေခံဥပဒေပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေကြမ်းကို ကိုယ်စားလှယ် ၇၅ ဦး ဆွေးနွေးရန် စာရင်းပေးထားပြီး ဇွန် ၂၃ ရက်တွင် စတင်ဆွေးနွေးမည်


အခြေခံဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က)ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ် တော်ကိုယ်စားလှယ် ၇၅ ဦး ဆွေးနွေးရန် အမည်စာရင်း ပေးသွင်းထားပြီး ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းကို ဇွန် ၂၃ ရက်၌ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများ စတင်ရန် လုပ်ငန်းစတင် လုပ်ဆောင်မည့် သဘောတူစာချုပ် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့် ကော်မတီ အစည်းအဝေးတွင် လက်မှတ်ရေးထိုးမည်


ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းများစတင်ရန် Concession Agreement (လုပ်ငန်း စတင် လုပ်ဆောင်မည့် သဘောတူစာချုပ်) အား ယခုလအတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ လက်မှတ်ရေးထိုး သွား မည်ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သတင်းရရှိပါသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ထူးခြားဖြစ်စဉ်များနှင့် မှုခင်းသတင်းများ ထုတ်ပြန်နိုင်ရေးအတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ရေးအဖွဲ့ စတင်ဖွဲ့စည်း


ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေအသီးသီးတွင် ဖြစ်ပေါ်နေသည့် ထူးခြားဖြစ်စဉ်များနှင့် မှုခင်းသတင်း များကို ထုတ်ပြန်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ရေးအဖွဲ့ (Yangon Region MediaTeam) စတင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ရေကူးအသံလွှင့်ရုံ မြေနေရာစီမံကိန်းနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ဖောက်ဖျက်သည်ဟု ထင်ပါက စွဲချက် တင်နိုင်ကြောင်း၊ သာမန်ဥပဒေတစ်ခု သာမန်လူတစ်ယောက် လိုက်နာရမည့် ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်မိသည်ဆိုလျှင် မည်သူမျှပြောစရာ မလိုဘဲ ...



နယ်စပ်ပစ်ခတ်မှု မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ် ဆင့်ခေါ်ကန့်ကွက်


မြန်မာနယ်ခြားစောင့်တပ်က ဘင်္ဂလားဒေ့ရှ်အရံတပ်ဖွဲ့ကို ပစ်ခတ်ပြီး နယ်ခြားစောင့် တဦးကို ဖမ်းဆီးထား တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရက ဒါကာမြို့တော်မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်လိုက်ပါတယ်။

Thursday, June 18, 2015

ရခိုင်ရှိ ဘင်္ဂါလီ ပြဿနာကို အလွန်သတိထား ကိုင်တွယ်ရန်လိုဟု ဒေါ်စုပြော


လူနည်းစုများကို နိုင်ငံသားပေးခြင်းနှင့် ပတ်သက်၍ သတိရှိရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပြီး အတိမ်းအ စောင်းမခံသော ပြဿနာကို အလွန်သတိထား၍ ကိုင်တွယ်ရ မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ လူနည်းစု ပြဿနာနှင့် ပတ်သက်၍ မှတ်ချက်ပေးခဲသူလည်းဖြစ်သည်။

ဒေါ်စုမွေးနေ့ မမေ့


ဇွန်လထဲမှာ မွေးနေ့ကျသူတွေတန်းစီနေတယ်။ အမျိုးထဲကရော၊အသိမိတ်ဆွေတွေရာ၊ ဒေါ်စုလည်း ထိပ်က ပါတာပေါ့။ နောက်နေ့မှာကျမယ့်သူဆီကို အရင်နေ့တည်းက ဆုတောင်းစကား ပါးလို့ရလာလို့ ပြောပြော နေကြတဲ့ အပြောင်းအလဲဆိုတာ အရင်ကထက် မြန်လာသကိုးလို့ ပြောရတော့မလို။ 

မကွေးတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူး ငြိမ်းစုစီပုဒ်မနှင့် ပြစ်ဒဏ်စီရင်ခံရ

  
မကွေးတိုင်း မကွေးမြို့နယ်တရားရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေး တိုင်း အတွင်းရေးမှူး ဦးနေ မျိုးကျော်ကို ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည် ပုဒ်မ ၁၈ ကို ကျူးလွန်ကြောင်း ထင်ရှားတယ်လို့ ဆုံး ဖြတ်ပြီး ပြစ်ဒဏ်ချမှတ် ပါတယ်။

တိုင်းရင်းသားများ တောင်းဆိုချက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝေဖန်ပြစ်တင်

  
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ရဲ့ တောင်းဆိုချက်တွေဟာ တို့တာဝန်အရေးသုံးပါးကို ထိခိုက်စေပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေတဲ့ လှုံ့ဆော်မှုတွေ တွေ့နေရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဇွန်လ ၁၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ခရစ္စတိုဖာဘာဂျီနာတို့ တွေ့ဆုံ ခိုက် ပြောကြားခဲ့တာပါ။

၅၉ (စ) မပြင်နိုင်ပါက NLD တွင် သမ္မတ နေရာအတွက် အခက်အခဲရှိ


ပုဒ်မ ၅၉ (စ) မပြင်ဆင်နိုင်ပါက NLD တွင် သမ္မတနေရာအတွက် အခက်အခဲရှိနေပြီး ရွေးကောက်ပွဲဝင်၊ မ၀င်ကိစ္စသည်လည်း စဉ်းစားဆဲ အဆင့် တွင်သာ ရှိနေကြောင်း ယင်းပါတီ၏ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးဉာဏ်ဝင်းက The Messenger Media သို့ပြောကြားသည်။““အဲဒီပြင်ဆင်ချက် နဲ့ ဆိုရင်တောင် အခက်အခဲ ရှိတာပေါ့၊ သမ္မတ နေရာက ပြင်ဆင်ချက်ကလည်း ရွေးကောက်ပွဲလည်းမီဖို့ အကြောင်းမရှိဘူးလို့ ထင်တယ်။ ရှိခဲ့ ရင်လည်း အခြေအနေက သိပ်မကောင်းသေးဘူး။ ပြုပြင် ပြောင်းလဲမှုတော့ ရှိတယ်၊ တိုးတက်မှု ရှိတယ်။ ဒါပေမဲ့ ကျေနပ်လောက်တဲ့ တိုးတက် မှုတော့ မဟုတ်ဘူး”” ဟု ဦးဉာဏ်ဝင်းကဆိုသည်။

လွှတ်တော်အမတ် ၈ ဦး တရုတ်နိုင်ငံ လာရန် ဖိတ်ခေါ်


မြန်မာနိုင်ငံမှလွှတ်တော်အမတ် ၈ ဦးကို တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ယူနန်တက္ကသိုလ်က ဖိတ်ကြားလိုက်ပြီး အဆိုပါ အမတ် ၈ ဦးသည် ဇွန်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဘေဂျင်း၊ ကူမင်း၊ ရှန်ဟိုင်း ဒေသများသို့ သွားရောက်မည် ဖြစ်ပြီး တရုတ်နိုင်ငံရေးသမားများ၊ စီးပွားရေးပညာရှင်များနှင့်တွေ့ ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

ရွေးကောက်ပွဲပြီးမှ ပြင်ဆင်ထားသည့်ဖွဲ့စည်းပုံ အသက်ဝင်မည့် အပေါ် အမြင်များ



နိုင်ငံတကာ စစ်ရေးနည်းပညာပြပွဲ ရုရှားတွင် ကျင်းပ




မြန်မာနိုင်ငံ သန်းခေါင်စာရင်း မှတ်တမ်းတင်ရာတွင် လူမျိုးပေါင်း ၉၀၀ ကျော်ရှိ


၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက် မှတ်တမ်းယူရာမှာ လူမျိုးပေါင်း ၉၁၇ မျိုး ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။ ဇွန်လ ၁၇ ရက်က နေပြည် တော်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် တွေနဲ့ မဲပေးရေး အစီအစဉ်တွေမှာ မသန်စွမ်းသူတွေ ပိုမိုပါဝင်ခွင့် ရရှိလာ ရေး ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာနယ်စပ် နတ်မြစ်တွင် ပစ်ခတ်မှု ဖြစ်၍ ဘင်္ဂလာဒေ့ရှ် တပ်ဖွဲ့ဝင် တစ်ဦး ဦးဒဏ်ရာရ


မြန်မာနယ်စပ်အနီး တက်ကနက်မြို့နယ် နတ်မြစ်အတွင်း မြန်မာဘက်က ပစ်ခတ်မှုကြောင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ်က သတင်း ရရှိသည်။ဒဏ်ရာ ရရှိသူမှာ ဘီပေါ့ ( Bilpob) (၂၁) နှစ်ဖြစ်ကြောင်း သိရပြီး ကော့စ်ဘဇား (ဖလောင်းချိတ်) ဆေးရုံကို တင်ထားရသည်ဟု BDnews24.com တွင်ဖော်ပြထားသည်။

ရွေးကောက်ပွဲမတိုင်မီ သတင်းမီဒီယာများကို ခြိမ်းခြောက်ဖိနှိပ်မှုများ တိုးမြှင့်ပြုလုပ်လာကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်


၂၀၁၅ အထွေထွေရွေး ကောက်ပွဲ မတိုင်မီ သတင်းမီဒီယာများကို ဦးတည်၍ ခြိမ်းခြောက်ဖိနှိပ်ခြင်း၊ အနှောင့်အယှက်ပေးခြင်းနှင့် ဖမ်းဆီးထောင်ချခြင်းတို့ကို မြန်မာအာဏာပိုင်များ တိုးမြှင့်ပြုလုပ်လာကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အစီရင်ခံစာထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့တွင် သွေးလှူဒါန်းမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့တွင် စုမေတ္တာသွေးအလှူရှင်များ ကွန်ရက်၏ စု ပေါင်းသွေးလှူဒါန်းပွဲနှင့်ဆုတောင်းပွဲ ကျင်းပမည်ဟု သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၀) ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် ဇွန်လ ၁၉ ရက်တွင် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ် မည်ဖြစ် သည်။

ယူ-၂၃ ကိုင်တွယ်ရန် ပစ်စလက်ခတ် တာဝန်ပေးခံခဲ့ရဟု ဦးသန်းတိုးအောင် ပြောကြား


ဆီးဂိမ်းပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃အ သင်းအတွက် ပစ်စလက်ခတ်တာဝန်ပေးခြင်းခံခဲ့ရကြောင်း အသင်းအုပ်ချုပ် သူ ဦးသန်းတိုးအောင်က ဝေဖန်ပြောကြားသည်။ ဇွန်လ ၁၇ရက်က ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာသည့် ဆီးဂိမ်းငွေတံဆိပ် ဆုရ မြန်မာယူ -၂၃ အသင်းအား ပရိသတ် တစ် ထောင်ကျော်က ကြိုဆိုခဲ့ကြပြီးပြိုင်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများ မေးမြန်းရာတွင် အသင်းအုပ်ချုပ်သူဦးသန်းတိုးအောင်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပမည်


ဇွန်လ ၁၉ ရက်တွင် အသက် (၇၀) ပြည့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ရန်ကုန်နှင့် နေပြည် တော်တို့၌ ကျင်းပမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းရရှိ သည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ယခုလ ၁၉ ရက်တွင် နေပြည်တော် လွှတ်တော် အဆောက်အအုံဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရုံး၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ၀န်ထမ်းများနှင့်အတူ ကျင်းပမည် ဖြစ်သည်။

‘‘အစိုးရဟာ မီဒီယာလွတ်လပ်ခွင့်အပေါ် ဖိနှိပ်ဖို့စတင်နေခဲ့တယ်ဆိုတာ ကျွန်မတို့ သတိပြုခဲ့မိတာ တစ်နှစ်ထက်မနည်းတော့ပါဘူး’’ ဒေါ်အောင်ဆန်းစုကြည်နှင့် ၀ါရှင်တန်ပို့စ်သတင်းစာ တွေ့ဆုံခြင်း


နိုဗယ်ငြိမ်းချမ်းရေးဆုရှင်၊ အတိုက်အခံပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌဒေါ် အောင်ဆန်းစု ကြည် လတ်တ လောတရုတ်ခရီးစဉ်အကြောင်း၊ နိုဝင်ဘာလတွင် ကျင်းပရန်ရှိ သော ရွေးကောက်ပွဲအ ကြောင်း နှင့်အခြားအရေးကိစ္စများနှင့်ပတ် သက်၍ ၀ါရှင်တန်ပို့စ်သတင်းစာ ကဖုန်းမှတစ်ဆင့် ပြုလုပ်ထား သည့် အင်တာဗျူးကို ဖော်ပြ လိုက်ပါသည်။

ဟောင်ကောင် ရွေးကောက်ပွဲစနစ်ပြုပြင်ရေး လွှတ်တော်မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်


တရုတ်ပြည်မကြီးအစိုးရက ထောက်ခံပေမဲ့ ဒေသခံ ဒီမိုကရေစီရေး လှုပ်ရှား သူတွေက ကန့်ကွက်ကြတဲ့ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ ရွေးကောက်ပွဲ ပြင်ဆင်ချက်မူကြမ်းကို ဟောင်ကောင် လွှတ်တော်အမတ် တွေအနေနဲ့ ကြာသပတေးနေ့ အစောဆုံးထား မဲခွဲဆုံးဖြတ်နိုင်ဖွယ် ရှိပါတယ်။

My Blog List