Tuesday, March 01, 2016

ဖက်ဒရယ်စနစ် ကျင့်သုံးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


စစ်မှန်သော ဖက်ဒရယ်စနစ်သည် ခွဲထွက်ချင်သည့် စိတ်ဓါတ်များကို ပပျောက်စေပြီး ညီညွှတ်ရေးကို ပိုမိုဖြစ်စေသဖြင့် ဖက်ဒရယ် သည် တိုင်းပြည်အတွက် လိုအပ်သော စနစ်တခုဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်အတွင်း ကရင့်လက်နက်ကိုင်အကြားပဋိပက္ခမဖြစ်ရေး တွေ့ဆုံဆွေးနွေး


ကရင်ပြည်နယ်အတွင်း ကရင့်လက်နက်ကိုင်အဖွဲ့တွေအကြားအချင်းချင်း ပဋိပက္ခမဖြစ်ရေးနဲ့ အဖွဲ့တွေအကြား ညီညွတ်ရေးအတွက် ကရင်လက်နက်ကိုင်အဖွဲ့တွေက မနေ့က တွေ့ဆုံဆွေးနွေ ခဲ့ကြပါတယ်။ဒီတွေ့ဆုံပွဲမှာ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုး သားအစည်းရုံးကေအန်ယူ ထိပ်တန်းခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်ကျော်သက် ဦးဆောင်တဲ့ DKBA က တပ်မှူးကြီးတွေ၊ ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ DKBA က တပ်မှူးကြီးတွေ၊ KNU/ KNLA (PC) အဖွဲ့က ခေါင်းဆောင်တွေအပြင် KNU/KNLA (PC) အဖွဲ့က ထုတ်ပယ်တာခံ ထားရတဲ့ အဖွဲ့တွေပါ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဂြိုဟ်တုပုံရိပ်ဖော်နည်းပညာကို ခိုးယူကာ တရုတ်ကိုရောင်းစားသူ လေးဦးကို တရားစွဲ


အတိမ်းအစောင်းမခံသည့် ဂြိုဟ်တုပုံရိပ်ဖော်နည်းပညာကို ခိုးယူကာ တရုတ်ကို ရောင်းစားခဲ့သူ လေးဦးကို ပို့ကုန်ဥပဒေချိုးဖောက်မှုဖြင့် ကနေဒါရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၉ တွင် တရားစွဲဆိုခဲ့သည်။ ၄င်းတို့လေးဦးမှာ အမေရိကန်တစ်ဦး၊ ဗြိတိန်တစ်ဦးနှင့် ကနေဒါနှစ်ဦးတို့ဖြစ်သည်။

လွှတ်တော်အာဏာရှင် စနစ် ပေါ်လာမှာကို ရွေးကော်ဥက္ကဌ စိုးရိမ်


လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်မယ့် ဥပဒေကို မပြဌာန်းနိုင်သေးတဲ့အတွက် လွှတ်တော်အာဏာရှင်စနစ် ပေါ်လာမှာကို စိုးရိမ်မိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

ညီညွတ်ရေးအတွက် ပေးဆပ် ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


ပြည်ထောင်စုအတွက် အားလုံးက လိုချင်တာတွေ တောင်းဆိုနေမယ်ဆိုရင် ညီညွတ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်သလို အားလုံးက ပေးဆပ်မှုနဲ့ ချဉ်းကပ်မှသာ ညီညွတ်ရေးကို ရောက်နိုင်မှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

Super Tuesday သမ္မတလောင်း အကြိုရွေးချယ်ပွဲတွေမှာ မြန်မာတွေ မဲပေးဖို့ပြင်


ဒီကနေ့ မတ်လ ၁ ရက်၊ ဒေသစံတော်ချိန် အင်္ဂါနေ့ဟာ အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်တို့ရဲ့ သမ္မတ ကိုယ်စားလှယ် လောင်း ရွေးချယ်မှုတွေ ပြည်နယ်ပေါင်း ၁၁ ခုမှာ တပြိုင်တည်းကျင်းပမယ့် Super Tuesday နေ့ဖြစ်ပါတယ်။ ဒီပြည်နယ်တွေက ထွက်လာမယ့် အဖြေရလဒ်ဟာ ပါတီကြီး ၂ ရပ်တို့ သမ္မ ကိုယ်စားလှယ်လောင်းတွေအဖြစ် ဘယ်သူ အမည်တင် သွင်းခံရမယ်ဆိုတာကို အဆုံးအဖြတ်ပေးနိုင်မယ့် အလားအလာ ရှိတဲ့အတွက် အများက စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။ 

မူးယစ်ဆေးတိုက်ဖျက်ရေး အခက်အခဲတွေကြား Pat Jasan ဆက်လက် လုပ်ဆောင်မည်


ကချင်ပြည်နယ်တွင်း လူထု ဦးဆောင်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ တပ်မတော်နဲ့ ရဲတွေဘက်က လုံခြုံရေးအပြည့်အဝ ပေးနိုင်ဖို့ ကချင်ပြည်နယ် အစိုးရကနေ ပြည်ထောင်စုအစိုးရကို တောင်းဆိုလိုက် ပါတယ်။ လုံခြုံရေးစိုးရိမ်ရလို့ Pat Jasan အဖွဲ့ နောက်ဆုတ်လိုက်ရပေမဲ့ မူးယစ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို လူထုက ဆက်လက် လုပ်ဆောင်နေ မှာဖြစ်တယ်လို့ လူထုအင်အားထောင်ချီပါဝင်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan ပြောပါတယ်။ 

အာဏာလွှဲပြောင်းပေးရေးကာလ ကမ္ဘာမှာ မြန်မာအကြာဆုံး


မြန်မာနိုင်ငံမှာ အာဏာလွှဲပြောင်းဖို့ အချိန် (၅)လယူတာဟာ အလွန်ကို ကြာမြင့်လွန်းတယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီလိုကြာတဲ့နိုင်ငံမျိုး ကမ္ဘာမှာမရှိဘူး ဘူးလို့လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီပေါင်းစုံက တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပထမအကြိမ်တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။

ကမ္ဘာမှာ တရုတ်လက်နက်တင်ပို့မှု (၂) ဆနီးပါးတိုး


တရုတ်နိုင်ငံဟာ ကမ္ဘာ့လက်နက်ထုတ်လုပ်တဲ့ အဓိကနိုင်ငံဖြစ်လာနေတာနဲ့ တချိန်တည်း ပြည်ပကို လက်နက်တင်ပို့မှုလည်း ၅ နှစ်အတွင်း ၂ ဆ တိုးမြင့် လာကြောင်း သုတေသနအဖွဲ့တခုက ပြောပါတယ်။တရုတ်နိုင်ငံက အဓိကလက်နက်တင်ပို့မှုဟာ ၂၀၁၁ ကနေ ၂၀၁၅ အတွင်း ၈၈ % တိုးလာကြောင်း Stockholm အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) လေ့လာချက်မှာ ဖော်ပြထားပါတယ်။

အမြင့်ဆုံး စစ်ဘက် ရဲစွမ်းသတ္တိရှင်ဆု Navy Seal တစ်ဦးအား အိုဘားမား ချီးမြှင့်


နိုင်ငံရဲ့ အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက အမေရိကန် ရေတပ် လက်ရွေးစင် Navy Seal အဖွဲ့ဝင် အဆင့်မြင့် အထူးစစ်ဗျူဟာမှူး Edward Byers ကို တနင်္လာနေ့က ချီးမြှင့်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်စစ်သွေးကြွတွေလက် က အမေရိကန်ဓားစာခံတစ်ယောက်ကိုကယ်တင်လိုက်တဲ့ သူ့ရဲ့ ရဲစွမ်း သတ္တိကို ဂုဏ်ပြုတာဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီ ၃၁ ကြိမ်မြောက် ညီလာခံစတင်


လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို အစိုးရတချို့က ရေတို အကျိုးစီးပွားအတွက် ဥပဒေချိုးဖောက်မှုတွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေးမဟာမင်းကြီးက သတိပေးလိုက်ပါတယ်။ ဂျနီဗာမှာ ကျင်းပတဲ့ ၃၁ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ အခုလို ပြောခဲ့တာပါ။

သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်မည့်ရက် ပြင်ဆင်မည်


အစိုးရသစ်ကို ဦးဆောင်မယ့် သမ္မတတွေရဲ့ အမည်စာရင်းကို မတ်လ ၁၇ ရက်နေ့မှာ နောက်ဆုံးထား တင်သွင်းဖို့ သတ်မှတ်ထားတာကို လွှတ်တော်မှာ ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရထားပြီး ဒုသမ္မတလောင်း ၂ ဦး တင်မြှောက်ခွင့် ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ်ဖွဲ့စည်းရေး အရှိန်မြှင့် ဆောင်ရွက်နေချိန်မှာပဲ သမ္မတလောင်း အမည်စာရင်း တင်သွင်းမယ့် အစီအစဉ် အပြောင်းအလဲလုပ်မယ့် သတင်းတွေ ထွက်ပေါ်လာတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ က သတင်းပေးပို့ ထားပါတယ်။

ကေအိုင်အေ တပ်မဟာ ၆ တိုးချဲ့ဖွဲ့စည်းခြင်းကို အစိုးရ အပြင်းအထန် ကန့်ကွက်


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တပ်မဟာ ၆ အား တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ဖေဖော်ဝါရီလ ၂၉ ရက်က ကန့်ကွက်လိုက်သည်။မြန်မာအစိုးရက အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေး ဖော်ဆောင်နေချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ) ထိန်းချုပ်ဒေသဖြစ်သည့် မုန်းဘော်၊ မုန်းကိုးနှင့် ဖောင်းဆိုင် နယ်မြေ သုံးခုတွင် KIA တပ်မဟာ ၆ ကို ဖေဖော်ဝါရီလ ၂၆ ရက်တွင် တရားဝင် တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းကို ကန့်ကွက် ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

လပွတ္တာ မီးလောင်သည့်ရပ်ကွက်များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်


လပွတ္တာမြို့တွင် မီးလောင်သည့် အမှတ် ၁၊ ၄၊ ၅ ရပ်ကွက်များတွင် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားစေရန် အတွက် ပုဒ်မ-၁၄၄ ထုတ်ပြန်လိုက်ကြောင်း မြို့နယ်​အထွ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနက ​ဖေ​ဖော်​ဝါရီ ၂၈ ရက်​​နေ့တွင်​ ထုတ်​ပြန်​ခဲ့သည်​။မီး​လောင်​​မြေ​နေရာချထား​ရေး​ကော်​မတီနှင့်​ ​နေအိမ်​ပိုင်​ရှင်​များအကြားတွင်​လည်း​ကောင်း၊မီး​ဘေးသင့်​အိမ်​ရှင်​များအချင်းချင်းကြားတွင်​ သ​ဘောထားများကွဲလွဲ၍ငြင်းခုန်​၊ဆန်​ကျင့်​ကန့်​ကွက်​ခြင်းများ ခွင့်​ပြုချက်​​တောင်းခံခြင်းမရှိဘဲ အ​ဆောက်​အဦးများပြင်​ဆင်​​ဆောက်​လုပ်​ခြင်းများဖြစ်​ပွား​နေသည့်အတွက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ပုဒ်မ ၅၉ (စ) မပြင်ရေး တောင်းဆိုမှု တွေကို NLD ပယ်ချ


လက်ရှိ အခြေခံဥပေဒပါ သမ္မတ ဖြစ်ခွင့် ကန့်သတ်ချက် ဖြစ်တဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို အမျိုးသားရေး အမြင် အခြေခံ နဲ့ သဘော မတူ ဘူး ဆိုပြီး ဆန္ဒ ပြ မှု တစ်ရပ် အခုရက်ပိုင်း က ပြုလုပ် လာခဲ့တဲ့ အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဘက်က တုံ့ပြန် လာပါတယ်။

ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို မြို့နယ်တရားရုံး နှစ်ခု၌ ပုဒ်မ ၁၈ ဖြင့် ဆက်လက် ရုံးထုတ်ခဲ့ပြီး တရားလိုဘက်မှ ဗိုလ်တထောင်မြို့နယ် တရားရုံးသို့ တင်ပြထားသည့် မှတ်တမ်းဓာတ်ပုံများမှာ မြို့နယ်လွဲမှားနေကြောင်း စွပ်စွဲခံရသူတို့ ပြောကြား


လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့မှု အမှုမှန် ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံး အသီးသီးက ထောင်ဒဏ် ငါးနှစ်ကျော်အထိ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို ဖေဖော်ဝါရီ ၂၉ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးနှင့် တာမွေမြို့နယ် တရားရုံးတို့၌ ဆက်လက် ရုံးထုတ်ခဲ့သည်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် ကျောင်းသားခေါင်းဆောင်များအား မြို့နယ်တရားရုံး အသီးသီးတွင် တရားစွဲဆိုနေခြင်းမှာ သက်ဆိုင်ရာအနေဖြင့် ကြိုတင်အပြစ်ပေးသကဲ့သို့ ဖြစ်နေကြောင်း စွပ်စွဲခံရသူများ၏ရှေ့နေ ပြောကြား


ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း အမျိုးသားပညာရေး ဥပဒေပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်မှုကြောင့် မြို့နယ်အသီးသီးတွင် အမှုဖွင့် တရားစွဲဆိုခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် ကိုနန္ဒစစ်အောင်တို့ကို ဖေဖော်ဝါရီ ၂၉ ရက်တွင် ဗိုလ်တထောင်မြို့နယ်တရားရုံးနှင့် တာမွေမြို့နယ် တရားရုံးတို့၌ ပုဒ်မ-၁၈ ဖြင့် ဆက်လက် ရုံးထုတ်စစ်ဆေးခဲ့သည်။

နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ရန် မူလ သတ်မှတ်ထားသည့် မတ် ၁၇ ရက်ကို ပြင်ဆင်သတ်မှတ်မည်


နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ရန် မူလ သတ်မှတ်ထားသည့် ရက်ကို မတ် ၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြင်ဆင်သတ်မှတ် ကြေညာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သူရဦးရွှေမန်းဦးဆောင်မည့် ကော်မရှင်၏ လုပ်ပိုင်ခွင့် နှင့်တာဝန်များ လွှတ်တော်သို့ အသိပေး


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ(ဟောင်း) သူရဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သည် ဥပဒေပြုရေးအပါအဝင် လွှတ်ဆော်ဆိုင်ရာလုပ်ငန်းများကို ပိုမိုမြန်ဆန်အဆင်ပြေလျောမွေ့ စွာ ဆောင်ရွက်ပေးမည်ဟု ယင်းကော်မတီ ၏ ဒုတိယဥက္ကဋ္ဌ(၁) ပြည်သူ့ လွှတ်တော် အမတ် ဦးကိုကိုနိုင်ကပြောသည်။

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားအမတ်တို့ တောင်းဆို


ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားအမတ် တို့က တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားကိုယ်စားလှယ်များတွေ့ ဆုံ



NLD ပါတီ၏ လုပ်ငန်းစဉ်များ အားနည်းလျော့နည်းလာစေမည့် အလားအလာများကို ကြပ်မတ်ထိန်းသိမ်းနိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်း


ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသား အမတ်တို့ တောင်းဆို


ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အစိုးရတစ်ရပ် ဖွဲ့စည်းတော့မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသား အမတ်တို့က တောင်းဆို လိုက်သည်။

Monday, February 29, 2016

လာဘ်မစားကြောင်း ခံဝန်ချက်ကို လက်မှတ်မထိုးတဲ့ တန်ဇေးနီးယား ၀န်ကြီးများ အဖြုတ်ခံရမည်


တန်ဇေးနီးယားသမ္မတ ဂျွန်မာဂူဖူလီက သူ့ရဲ့လာဘ်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတစ်စိတ်တပိုင်းအဖြစ် မိမိတို့ရဲ့ပိုင်ဆိုင်မှုကို မကြေညာတဲ့ သို့မဟုတ် လာဘ်မစားကြောင်း ခံဝန်ချက်ကို လက်မှတ်မထိုးတဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီး တွေကို ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

"ပြည်ထောင်စုလွှတ်တော်ကိုအကြံပေးရန် သူရဦးရွှေမန်းဦးဆောင်မယ့် ကော်မရှင်ဖွဲ့စည်း"


ပြည်ထောင်စုလွှတ်တော်ကို အကြံပြုနိုင်ရန်နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်ကို သူရဦးရွှေမန်း ဥက္ကဌအဖြစ်တာဝန်ယူကာ ဒုဥက္ကဌ နှစ်ဦး အဖွဲ့ဝင် ၃၂ ဦးဖြင့် ဖွဲ့စည်းဖို့လွှတ်တော်ကို တင်ပြလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူရန် ဖြစ်နိုင်ခြေများဟုဆို


ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးတာ ၀န်ယူရန်ဖြစ် နိုင်ဖွယ်အရှိဆုံးဖြစ် ကြောင်း မြန်မာ့အရေးလေ့လာသူ လယ်ရီဂျေဂင်က NLDသတင်း ရင်းမြစ်အား ကိုးကား၍ သုံးသပ် ဆောင်းပါးရေးသားထားသည်။ ‘‘ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦး စီးချုပ် သဘောတူညီချက်ယူ’’ ဟူ သည့်ခေါင်းစဉ်ဖြင့် ဘန်ကောက် ပို့စ်သတင်းစာ တွင်ဖော်ပြသော မစ္စတာဂျေဂင်၏ အတွေးအမြင် ဆောင်းပါး၌ ယင်းကဲ့သို့သုံးသပ် ထားခြင်းဖြစ်သည်။

လွှတ်တော်မေးခွန်းနှင့်အဆို အစိုးရမဖြေခြင်းအပေါ် ပြည်သူ့အသံ


လွှတ်တော်၏ မေးခွန်းနှင့် အဆိုများကို အစိုးရအဖွဲ့ သွားရောက်ဖြေ ဆိုခြင်းအား ဆိုင်းငံ့ထားပြီးဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားမှုအပေါ် အငြင်းပွားမှုများစွာ ထွက်ပေါ်နေသည်။ ဦးရဲထွဋ်က လက်ရှိအစိုးရသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကိုသာ တာဝန်ခံရခြင်းဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်ကို တာဝန်ခံရခြင်းရှိ၊မရှိ ဥပဒေအရ ပြန်သုံးသပ်ရမည်ဟု ဆိုထားသည်။ ထို့ကြောင့် အစိုးရက လွှတ်တော်သို့ မေးခွန်းနှင့် အဖြေများ သွားရောက်မဖြေဆိုမှု၊ အစိုးရနှင့် လွှတ်တော်၏ တာဝန်ခံမှုများနှင့်ပတ် သက်၍ အမြင်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင်များ နေပြည်တော်တွင် အစည်းအဝေးပြုလုပ် သမ္မတရွေးချယ်ရေး၊ အစိုးရအဖွဲ့ ဖွဲ့စည်းရေး၊ တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ် များခန့်အပ်ရေးတို့ကို ဆွေးနွေးခဲ့ခြင်းမရှိဟု ဦးဝင်းထိန်ပြော


လွှတ်တော်တွင် သမ္မတလောင်း အမည်စာရင်း တင်သွင်းခြင်းလုပ်ငန်းစဉ် မစ တင်မီ နှစ်ပတ်သာလိုတော့သည့် အချိန်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် များပါဝင်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် နေ ပြည်တော်၌ ကျင်းပခဲ့သည်။

သိန်းတစ်ထောင်ကျော်နဲ့ လာဝယ်ပေမယ့် မိုးဟေကို မရောင်းခဲ့တဲ့ ရုပ်ရှင်ကား


မေလတွင် ရုံတင်ပြသမည့် ‘ခိုးဆိုးလုနှိုက်’ရုပ်ရှင်ဇာတ်ကား၏ အဆက်အဖြစ် ‘တောကျီးကန်း’ရုပ်ရှင်ဇာတ်ကားကို မတ်လအတွင်း စတင်ရိုက်ကူးမည်ဖြစ် ပြီး ‘ခိုးဆိုးလုနှိုက်’ကို ပြင်ပက ကျပ် သိန်း ၁,၄၀၀ ဖြင့် လာဝယ်ရန်ကမ်းလှမ်း သော်လည်း ထုတ်လုပ်သူ မိုးဟေကိုက မရောင်းခဲ့ကြောင်းဒါရိုက်တာစတီးလ် က ပြောသည်။

တောင်ကယ်ရိုလိုင်းနားတွင် ဟီလာရီကလင်တန် အပြတ်အသတ် အနိုင်ရ


ဒီမိုကရက်တစ်ပါတီ၏သမ္မတလာင်း အမည်စာရင်းတင်သွင်းခွင့်ရရေးယှဉ်ပြိုင်မှုတွင် မစ္စစ်ဟီလာရီကလင်တန်သည် တောင်ကယ်ရိုလိုင်းနား ပြည်နယ်မဲခွဲမှုတွင် ပြိုင်ဘက်ဘာနီဆန်းဒါးစ်အား အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ မစ္စစ်ကလင်တန်၏ အဆိုပါ အောင်ပွဲမှာ အင်္ဂါနေ့ပြည်နယ် ၁၁ ခုတွင် မဲခွဲမည့် ‘‘Super Tuesday’’မတိုင်မီ ၎င်း၏မဲဆွယ်စည်းရုံးမှုအတွက် တွန်းအားတစ်ရပ် ဖြစ်စေခဲ့သည်။

တပ်မတော်သားများလွှတ်တော်၌ ပါဝင်ခြင်း ဥပဒေနှင့်အညီဖြစ်ဟု ဗိုလ်ချုပ်မှူးကြီး ပြော


တပ်မတော်သား ကိုယ်စားလှယ်များ သက်ဆိုင်ရာ လွှတ်တော်များတွင် ပါဝင်နေခြင်းသည် ဥပဒေနှင့် အညီဖြစ်ပြီး၊ သမိုင်းအရ တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပိုင်းများတွင် နိုင်ငံခြားသားများ၊ သွေးနှောများ ပါဝင်လုပ်ဆောင်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များကြောင့် နိုင်ငံ တော် ပြိုကွဲ မည့် အခြေအနေများတွင် တပ်မတော်က တိုင်းပြည်အခြေအနေကို ထိန်းသိမ်း ကာကွယ်ခဲ့ရ ကြောင်း၊ဒို့တာဝန်အရေး ၃ပါးကို အထိအခိုက်မခံနိုင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုသိမ်တပ်နယ်နှင့် ဟိုင်းကြီးကျွန်းရှိ ပမ္မ၀တီ ရေတပ်စခန်း ဌာနချုပ်တို့မှ တပ်မတော်သားများကို ပြောဆိုလိုက်သည်။

ရခိုင်အမျိုးသားပါတီတွင်း ပဋိပက္ခများရှိနေပြီး နှစ်ပိုင်းကွဲမည့် အခြေအနေနှင့် ကြုံတွေ့နေရဟု ဆို


ရခိုင်ပြည်နယ် လွှတ်တော်အတွက် အမတ်နေရာ အများဆုံး အနိုင်ရရှိထား သဖြင့် ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့် တောင်းဆိုနေသည့် ရခိုင်အမျိုးသားပါတီ (ANP) သည် ပါတီတွင်း ပဋိပက္ခများရှိနေပြီး နှစ်ပိုင်းကွဲမည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဆိုသည်။ ANP ပါတီဌာနချုပ်၌ ပြုလုပ်ခဲ့သည့် ၂ ရက်ကြာ တံခါးပိတ် အစည်းအဝေးအပြီး တွင် ပါတီသည် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း က ကြေညာခဲ့သည်။

လွတ်လပ်သောသတင်းဌာနများနှင့် ထိုင်းအစိုးရ၀က်ဘ်ဆိုဒ်တို့ အား တိုက်ခိုက်မှုနှင့် မြန်မာစစ်တပ်ဆက်စပ်နေဟု ဆွီဒင်အခြေစိုက် ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ ထုတ်ဖော်


မနှစ်က သမိုင်းဝင် ရွေးကောက်ပွဲအချိန်တဝိုက်တွင် ဒီမိုကရေစီအကြို မီဒီယာဌာနခွဲများအား ဆိုင်ဘာတိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းများ အတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိသည်၊ မြန်မာစစ်တပ်သည် ထိုင်အစိုးရ ပိုင် ဝက်ဘဆိုက်စာမျက်နှာများအား ပစ်မှတ်ထားပြီး ဆိုင်ဘာတိုက်ခိုက် သော ဟက်ကာများနှင့် ဆက်စပ်မှုရှိနေသည်ဟု ပေါက်ကြားလာသော သုတေသနစစ်တမ်းတစ်ခုက အခိုင်အမာဆိုထားသည်။

မြောက်ကိုရီးယားကို အရေးယူဖို့ တရုတ်ထောက်ခံ


မြောက်ကိုရီးယားရဲ့ နျူကလီးယားမူဝါဒတွေကြောင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက မြောက်ကိုရီးယားအပေါ် ချမှတ်ဖို့ရှိတဲ့ ပိုမို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို တရုတ်အစိုးရအနေနဲ့ ထောက်ခံသွားမယ်လို့ ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ တရုတ်ကိုယ်စားလှယ် Wu Dawei က ပြောပါတယ်။

ဒုသမ္မတလောင်းနှစ်ဦးအဖြစ် တင်သွင်းမည့်ပုဂ္ဂိုလ်များကို ရွေးချယ် ဆုံးဖြတ်ခြင်း မပြုရသေးဟုဆို


ဒုသမ္မတ လောင်းနှစ်ဦးအဖြစ် တင်သွင်းမည့်ပုဂ္ဂိုလ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးချယ် ဆုံးဖြတ်ခြင်းမပြုရသေး ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော် ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နှင်း ဆီစံအိမ်၌ ပါတီဗဟိုအလုပ် အမှုဆောင် ကော်မတီအစည်း အဝေး ပြုလုပ်ခဲ့သည်။

My Blog List