Friday, September 12, 2014

ထိုင်းအာဏာသိမ်းခေါင်းဆောင် မြန်မာပြည်လာမည်



ထိုင်းအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ် မြန်မာပြည်ကို အလည်အပတ် လာရောက်မယ်လို့ ထိုင်းအရာရှိတွေ ကို ကိုးကားပြီး သတင်းအေဂျင်စီတွေက သောကြာနေ့မှာ ရေးကြပါတယ်။ ဒီလကုန်ပိုင်း သို့မဟုတ် လာမယ့်လဆန်းပိုင်း ဖြစ်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးက ပြောကြောင်း AFP သတင်းတပုဒ်မှာ ရေးပါတယ်။

ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့် အခမ်းအနား ကျင်းပမည်



သံဃာတော်များ ဦးဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့် အထိမ်း အမှတ် အခမ်းအနားကို ယခုလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် ဆရာတော် ဦးပဏ္ဍဝက မိန့်ကြားသည်။

အမျိုးသားပညာရေး ဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတ မှတ်ချက်ပြုသည့် အချက် ၁၆ ချက် ပြင်မည်


နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ကျောင်းသားများက သပိတ်မှောက်နေသည့် အမျိုးသားပညာရေး ဥပဒေကြမ်းကို သဘောထားမှတ်ချက် ပြုထားသော နိုင်ငံတော်သမ္မတ၏ အကြံပြုစာများထဲမှ အချက်ပေါင်း ၁၆ ချက်ကို ပြန်လည်ပြင်ဆင်ရန် သဘောတူလက်ခံကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ရီက ဆိုသည်။

တရုတ်က ၂ဝ၁၆ ခုနှစ်တွင် ၄င်းတို့၏ဒုတိယမြောက် အာကာသလက်တွေ့ စမ်းသပ်ခန်းကို လွှတ်တင်မည်ဟုဆို


တရုတ်နိုင်ငံက လာမည့်နှစ်နှစ် အတွင်း ¤င်းတို့၏ဒုတိယမြောက် အာကာသပတ်လမ်းတွင်း လှည့်ပတ် မည့် လက်တွေ့စမ်းသပ်ခန်းကို လွှတ်တင်မည်ဖြစ်ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြား ခဲ့သည်။ တရုတ်နိုင်ငံ၏ ပထမဆုံးအာကာသတွင်းသို့ သွား ရောက်ခဲ့သည့် အာကာသယာဉ်မှူး ယန်လီဝိုင် က ပေကျင်းတွင်ပြုလုပ်ခဲ့သည့် အာကာသစူးစမ်းလေ့လာရေးအဖွဲ့အစည်း (ASE) ၏ကွန်ဂရက်တွင် ထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန် အလိုရှိနေသည့် မူးယစ်ကုန်ကူးသူကို ဟွန်ဒူးရပ်စ်နိုင်ငံတွင် ဖမ်းဆီး


ကာရစ်ဘီယံပင်လယ်ဒေသ ဟွန်ဒူးရပ်စ်နိုင်ငံက ရဲတွေဟာ အမေရိကန်နိုင်ငံက အလိုရှိနေတဲ့ မူးယစ်ကုန် ကူးသူလို့ စွပ်စွဲခံထားရသူကို စက်တင်ဘာ ၁၀ ရက်နေ့က ဖမ်းခဲ့တယ်လို့ လုံခြုံရေးဝန်ကြီးဌာနက ပြောပါ တယ်။ ဟိုဗင့်ခ် အလက် ဇန်းဒါး ပေရယ်တာကို ကာရစ်ဘီယံကမ်းရိုးတန်းမြို့ လာစေးဘာနားမှာ ဖမ်းမိခဲ့ တာပါ။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ခဲ့ရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ



သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုဟာ – အကြိမ်ကြိမ် တွေ့ဆုံမှုမှာ သဘောတူညီချက်တွေယူပြီး သမ္မတ ဘက်က ကတိက၀တ်တွေ ပျက်ကွက်ခဲ့မှုရှိနိုင် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ရင်းနှီးမှုထူထောင်ပြီး – သူရဦးရွှေမန်းဟာ လက်တွေ့ မှာတော့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော် နည်း၊ လွှတ် တော်ဟန်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ပါးနပ်စွာ ကာကွယ်စောင့်ရှောက်နေ . . .

ပြန်ကြားရေးကန့်သတ်သည့် သတင်းယူခွင့် လွှတ်တော်ရုံးမသိ



လွှတ်တော်အစည်းအဝေးများ၌ မီဒီယာများ သတင်းရယူသည့်အခါ အစည်း အဝေးခန်းမအပြင်ဘက် ကြုံရာ ကျရာနေရာများ တွင် အမတ်တို့အား အဆင်ပြေ သလို အင်တာဗျူးခြင်း၊ ရုပ်သံရိုက်ကူးခြင်းတို့ကို တားမြစ်သည့် အမိန့်စာကို ပြန်ကြား ရေးဝန်ကြီးဌာနက ၁၁ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမစမီ ခုနစ်ရက် ကြိုတင် ပြီး စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ပျောက်ဆုံး ခါကာဘိုရာဇီတောင်တက်သမားနှစ်ဦးအတွက် ကယ်ဆယ်ရေး စခန်း ပန်နန်းဒင်မြို့တွင် ဖွင့်လှစ်



အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံး နေသောခါကာဘိုရာဇီရေခဲတောင် တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ် ရန်အတွက် ကယ်ဆယ်ရေးစခန်းကို ပန်နန်းဒင်မြို့တွင်ဖွင့်လှစ်ပြီး နိုင်ငံ တကာအဆင့် အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့များ ငှားရမ်းကာ အစွမ်းကုန် ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စက်တင်ဘာ ၂၂ရက်တွင် စတင်မည်


အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏အလုပ် အဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာလ၂၂ ရက်မှစတင်၍ ရန်ကုန်မြို့တွင်ပြု လုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရေစင်နှင့် ဖုန်းရွှေပညာသုံးပြီး အနှောင့်အယှက် အစီအရင်တွေကို ဖယ်ရှင်းမယ့် ထိုင်းဝန်ကြီးချုပ်


ဘန်ကောက်မြို့က  အစိုးရ  အိမ်တော်ကို ပြောင်းရန် ပြင်ဆင်နေသည့် အချိန်မှာ ထိုင်းဝန်ကြီးချုပ်သစ် ပရာ ယွတ်ချန်အိုချာက သူ့ကို အနှောင့်အယှက်ပေးသည့် ဂြိုဟ်စီးဂြိုဟ်နင်းအစီအရင်တွေကို ဖယ်ရှားသုတ် သင်ရန်အတွက် ကြိုးပမ်းအားထုတ်နေပါသည်။

တိုင်းရင်းသားလက်နက်ကိုင်များကြား ဦးစားပေးဆွေးနွေးလိုသည့်အချက်များ ကွဲလွဲနေ


တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးရေး ဆွေးနွေးရန် ကျန်နေသည့် အချက်လေးချက်ကို တိုင်းရင်းသား လက်နက်ကိုင်များကြားတွင် ဦးစားပေး အချိန်ယူဆွေးနွေးလိုသည့် အချက်များ ကွဲလွဲနေကြောင်း  သတင်းရ ရှိသည်။ဆွေးနွေးရာတွင်အချို့အဖွဲ့က သုံးပွင့်ဆိုင်အရေးကို ဦးစား ပေးဆွေးနွေးလိုပြီး အချို့က ကြားကာလ အစီအစဉ်ကို အချိန်ယူစေ လိုသည်။  

ရခိုင် တည်ငြိမ်ဖွံဖြိုးရေး ကုလအရာရှိတွေ သွားရောက် စစ်ဆေး


လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ ဟာ မနှစ်ကထက် တိုးတက်လာတယ် ဆိုပေမယ့်၊ ဒေသခံ လူမှုအသိုင်းအ၀ိုင်းတွေရဲ့ အခြေခံလိုအပ်ချက်အပေါ် လုပ်ဆောင် စရာတွေ အတော် ကျန်သေးတယ်လို့ အဲဒီဒေသကို နှစ်ရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ အရာရှိနှစ်ဦး က ပြောလိုက်ပါတယ်။ 

IS စစ်ဆင်ရေး အပေါ် ရုရှားဝေဖန်ချက် Kerry ပယ်ချ


Islamic State အစ္စလာမ်အစွန်းရောက်တွေကို အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ဖို့ ကြိုးပမ်း ဆောင် ရွက်မှုတွေဟာ သူ့သဘောနဲ့သူ လုပ်ဆောင်ခြင်း ဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ် တယ်လို့ ရုရှားနိုင်ငံရဲ့ ပြောဆိုမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပယ်ချလိုက်ပါ တယ်။

9/11 အောက်မေ့ဖွယ် အမေရိကန်နိုင်ငံတဝှမ်း ကျင်းပ



၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုအားနည်းသွားနိုင်၍ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခြင်းဟု ကော်မရှင်ဥက္ကဋ္ဌက လွှတ်တော်သို့ သ၀ဏ်လွှာပို့


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှု အားနည်းသွားနိုင်၍ ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပဖြစ်ခြင်းဟု ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြည်ထောင်စုလွှတ်တော် သို့ပေးပို့သည့်သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

လွှတ်တော်အစည်းအဝေးတွေ အရေးကြီးပြီလို့ သူရဦးရွှေမန်း ပြောကြား


ဒီနေ့ စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကစပြီး နောင်အစည်းအဝေးတွေ မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပါအ၀င် တခြားအရေးကြီးတဲ့ ဥပဒေတွေကို ဆွေးနွေးအတည်ပြုသွားမှာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။ ဒီနေ့ စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်း အဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က အခုလိုပြောခဲ့တာပါ။

မြန်မာ့ ကတိကဝတ်တွေ လက်တွေ့ဖြစ်မလာကြောင်း အမေရိကန် ဝန်ကြီးဟောင်း ပြောဆို


မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အထောက်အကူပြုနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သံတမန်ရေး ထိတွေ့ဆက်ဆံမှု မူဝါဒကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ချမှတ်ဆောင်ရွက်ခဲ့ပေမယ့် ကနေ့ အထိ ကတိကဝတ်တွေဟာ လက်တွေ့ဖြစ်မလာဘဲရှိနေတယ်လို့ အာရှနဲ့ ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကတ်ကမ့်ဘဲလ် Kurt Campbell က ပြောကြားလိုက်ပါတယ်။

ခါကာဘိုရာဇီတောင်သို့ တက်ရောက်ခဲ့သည့် မြန်မာတောင်တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် မန်နေဂျာတို့ ပျောက်ဆုံးပြီး ၁၁ ရက်မြောက်နေ့တွင် မြေပြင်ရှာဖွေရေးအဖွဲ့များနှင့်အတူ တပ်မတော်ရဟတ်ယာဉ်အပါအ၀င် ရဟတ်ယာဉ်သုံးစင်းဖြင့် ရှာဖွေမှုစတင်



ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် ရှစ်ဦးပါ မြန်မာတောင် တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် မန်နေဂျာတို့ ပျောက်ဆုံးနေမှု ၁၁ ရက်မြောက်နေ့တွင် မြေပြင်ရှာဖွေရေးအဖွဲ့များနှင့်အတူ ရဟတ်ယာဉ်သုံးစင်းဖြင့် ရှာဖွေမှုများ စတင် လုပ်ဆောင်နေကြောင်း ကချင်ပြည်နယ်၊ ပူတာအို ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးထွန်းငွေထံမှ စက်တင်ဘာ ၁၁ ရက်တွင် စုံစမ်းသိရှိရသည်။

မေမြတ်နိုးအား ကိုရီးယားထိပ်တန်းရုပ်သံလိုင်း MBC မှ လာရောက်တွေ့ဆုံ ရိုက်ကူးခဲ့ပြီး သရဖူပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိကြောင်း ဖြေကြားခဲ့



မြန်မာအလှမယ် မေမြတ်နိုးအား ကိုရီးယားထိပ်တန်းရုပ်သံလိုင်းတစ်ခုဖြစ်သည့် MBC ရုပ်သံလိုင်းမှ လာရောက်တွေ့ဆုံ ရိုက်ကူးခဲ့ပြီး မေမြတ်နိုးက ဖြစ်ပွားနေသောကိစ္စရပ်များအားလုံး ပြီးဆုံးစေချင်ပြီဖြစ်ကြောင်း နှင့် သရဖူပြန်လည်ပေးအပ် သွားရန်လည်း အစီအစဉ်ရှိကြောင်း ဖြေကြားသည်။ 

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပြီး တစ်ဦးချင်း ဂျီဒီပီပမာဏမှာ ဒေါ်လာ ၅၀၀၀ နီးပါးရှိလာနိုင်ဟု ADB သုံးသပ်


၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက် လာနိုင်ပြီး ထိုပမာဏဖွံ့ဖြိုး မှုသည် တစ်ဦးချင်း ဂျီဒီပီကို လက်ရှိ ဒေါ်လာ ၉ဝဝ မှ ဒေါ်လာ ၅ဝဝဝ နီးပါးအထိ တွန်းတင်ပေးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က သုံးသပ်ထားသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့သော ရေငုပ် အဖွဲ့ခေါင်းဆောင်က ခေါင်းလောင်းတွေ့ရှိခြင်းမရှိဘဲ သင်္ဘောပျက်တစ်စီးသာ တွေ့ရှိကြောင်း ပြောကြား


ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့သူဖြစ်ကာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ယူထားသူ ဦးသန်းညွန့် က ၎င်းတို့အဖွဲ့ရှာဖွေစဉ် ကာလတလျှောက်၌ ခေါင်းလောင်းတွေ့ရှိခြင်း အလျှင်း မရှိကြောင်း၊ သင်္ဘောပျက်တစ်စီးသာ တွေ့ရှိကြောင်း၊ လက်ရှိ သဲစုပ်သင်္ဘောဖြင့် သဲစုပ်နေသည်မှာ ခေါင်းလောင်းတွေ့ရှိသဖြင့် သဲစုပ်နေခြင်း မဟုတ်ကြောင်းနှင့် မိမိတို့သည် ဆလုံလူမျိုးများ မဟုတ်ကြောင်း ကို စက်တင်ဘာ ၁၁ ရက် ညနေပိုင်းက ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အမှတ် ၉၆၆ ဗိုလ်မြတ်လေး လမ်းနေအိမ်တွင် ပြောကြားခဲ့သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပြီး တစ်ဦးချင်း ဂျီဒီပီပမာဏမှာ ဒေါ်လာ ၅၀၀၀ နီးပါးရှိလာနိုင်ဟု ADB သုံးသပ်


၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပြီး ထိုပမာဏ ဖွံ့ဖြိုးမှုသည် တစ်ဦးချင်း ဂျီဒီပီကို လက်ရှိ ဒေါ်လာ ၉ဝဝ မှ ဒေါ်လာ ၅ဝဝဝ နီးပါးအထိ တွန်းတင်ပေးနိုင် ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က သုံးသပ်ထားသည်။

တယ်လီနောဆင်းမ်ကတ် အောက်တိုဘာ ၅ ရက် မတိုင်မီ ထွက်မည်ဟုဆို တစ်မိနစ်ခေါ်ဆိုခ ၂၅ ကျပ်ထက် လျော့နည်းမည်ဖြစ်



တယ်လီနော မိုဘိုင်းဆင်းမ်ကတ်များကို မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာ ၅ ရက် မတိုင်မီ စတင်ရောင်းချမည်ဖြစ် ပြီး မည်သည့်ကွန်ရက်ဖြင့် ဆက် သွယ်ပြောဆိုသည်ဖြစ်စေ တစ်မိနစ်ပြောဆိုခ ၂၅ ကျပ်ထက် လျော့နည်းမည်Telenor Myan-mar မှ သတင်းရရှိသည်။

အူရီးဒူးဆင်းမ်ကတ် ရန်ကုန်တိုင်း မြို့နယ် နှစ်ဆယ်ခန့်တွင်သာ သုံးစွဲနိုင်



အူရီးဒူး၏ လက်ရှိချဲ့ ထွင်ထားသည့် မိုဘိုင်းကွန်ရက်အ ရ ၎င်းတို့၏ ဆင်းမ်ကတ်များကိုရန် ကုန်တိုင်းဧရိယာအတွင်းရှိ မြို့ နယ်နှစ်ဆယ်ကျော်တွင်သာ အသုံးပြုနိုင်သေးကြောင်း အူရီးဒူးမြန်မာမှ သတင်းရရှိသည်။ ရန်ကုန်တိုင်းအတွင်း မြို့ နယ်ပေါင်း ၄၅မြို့နယ်ရှိသည့်အ နက် လက်ရှိအခြေအနေအရ မြို့ နယ်အားလုံး၏ ထက်ဝက်ခန့်တွင်သာ အသုံးပြုနိုင် ဦးမည်ဖြစ်သည်။

ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက်နေချိန်တွင် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနှင့် အထက်အောက် ဘောလီဘောပုတ်နေမှုများကို ရှောင်ရှားရမည်ဟု သူရဦးရွှေမန်း ပြောကြား



ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက်နေချိန်တွင် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး နှင့် အထက်အောက် ဘောလီဘော ပုတ်နေမှုများကို ရှောင်ရှားရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသည်။ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

Thursday, September 11, 2014

သရဖူနှင့် အလှမယ် ရွေးချယ်ခြင်း ပြဿနာများ


ယနေ့ကာလ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အလှမယ်ရွေးပွဲ အရှုပ်တော်ပုံများအကြောင်းကို အရင်း တည်၍ မြန်မာ့အလှမယ်သမိုင်းကို ပြန်လည်လေ့ လာမိသည်။မြန်မာနိုင်ငံတွင် မယ်ဗမာ (မြန်မာ) ရွေးပွဲကို လွတ်လပ်ရေး အကြိုကာလ ၁၉၄၇ ခုနှစ်တွင် စတင် ကျင်းပသည်။ ရွှေတိဂုံစေတီ အနောက်ဘက် မုခ်တွင် ကျင်းပသည့် ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံး ပြပွဲနှင့်အတူ  ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ 

အပစ်ရပ်တတိယမူကြမ်းအပေါ် ရှေ့လုပ်ငန်းစဉ်များ NCCT ချမှတ်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ အစည်းအဝေးမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) စက်တင်ဘာလအတွင်း တွေ့ဆုံရာတွင် ဆွေးနွေးမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီမှု တတိယမူကြမ်းပေါ် သုံးသပ်ကာ တပ်နေရာချထားရေး အပါအဝင် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်ဟု NCCT ၏ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

တောင်တက်သမားနှစ်ဦးကို ကယ်ဆယ်ရေး စတင်ပြီ


ခါကာဘိုရာဇီ တောင်သို့ တက်ရောက်ပြီး အဆက်အသွယ်ပြတ်နေသည်မှာ ဆယ်ရက်ခန့် ရှိပြီဖြစ်သော တောင်တက်သမားနှစ်ဦးအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို စက်တင်ဘာ ၁၁ ရက်က စတင်ဆောင် ရွက်နေပြီဟု တက္ကသိုလ်ခြေလျင်နှင့် တောင်တက်သင်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အမျိုးသားပညာရေးဥပဒေကို သန်လျင်နည်းပညာတက္ကသိုလ်၌ ကန့်ကွက်စာရွက်များ ဖြန့်ဝေ


ပြည်ထောင်စုလွတ်တော်တွင် အတည်ပြုထားသည့် အမျိုးသားပညာရေးဥပဒေမူကြမ်းကို အစိုးရမှ အတည် ပြုသည်ဖြစ်စေ၊ အတည်မပြုသည်ဖြစ်စေ ကျောင်းသားများ၊ ဆရာများနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)မှ ထုတ်ပြန်ထားသည့် အချက်(၉)ချက်ကို မရမချင်းလုပ်ဆောင်သွားမည် ဟု ဒဂုံတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုနန်းလင်းက မဇ္ဈိမကို ပြောသည်။

အမေရိကန်မှာ ၉/၁၁ လို တိုက်ခိုက်ခံရမှုမျိုး ထပ်မံကြုံတွေ့ရဦးမည်လော


၁၇ ရာစုတွင် ပရိုတက်စတင့်နှင့် ရိုမန်ကက်သလစ်တို့၏ နှစ်သုံးဆယ်ကြာ စစ်ပွဲပြီးနောက် ဥပရောပမှ မင်းပရိတ်သတ် အပေါင်းတို့သည် ဂျာမနီနိုင်ငံ ၀က်စ်ဖေးရီးယားပြည်နယ်တွင် တွေ့ဆုံကြပြီး ၎င်းတို့၏ ဘာသာရေးအယူအဆ၊ စည်းမျဉ်းများကို တစ်ဦးက တစ်ဦးကို အတင်းအကျပ် ဖိအားပေး ယုံကြည်ခိုင်း ခြင်းမျိုး မပြုလုပ်ရန် သဘောတူခဲ့ကြသည်။ ဒါက ၁၆၄၀ ပြည့်နှစ်များကာလက ဖြစ်သည်။

ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်ဟု ဦးသိန်းစိန်ပြော


ရိုဟင်ဂျာ ဆိုသည်ကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်ဟု သမ္မတ ဦးသိန်းစိန် က ဥရောပသို့ ရောက်ရှိနေ စဉ် ပြောကြားကြောင်း သိရသည်။ ဦးသိန်းစိန် က တတိယ အကြိမ်မြောက် ၎င်း၏ ဥရောပ ခရီးစဉ်အတွင်း နယ်သာလန် နိုင်ငံသို့ ရောက်ရှိစဉ် နယ်သာလန်အစိုးရက ရိုဟင်ဂျာအမည် ခေါ်ဆို အသုံးပြုရန် အကြံပြု ချက်ကိုလည်း လက်မခံကြောင်း၊ ဘင်္ဂါလီဟုသာ သုံးနှုန်းပြီး ဥပဒေနှင့် ကိုက်ညီပါက ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်မည်ဟု ပြောကြားကြောင်း တို့ကို နယ်သာလန် အခြေစိုက် Nieuws.nl သတင်းတွင် ရေးသားထားသည်။

ဗ.က.သ ကျောင်းသားနှစ်ဦးကို ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထား


အမျိုးသားပညာရေးဥပဒေကို ကန်ကွက်ဆန္ဒထုတ်ဖော်သည့်အတွက် ဗ.က.သများအဖွဲ့ချုပ် (တောင်ငူခရိုင်) မှကျောင်းသားခေါင်းဆောင်များဖြစ်ကြသော တောင်ငူခရိုင်ကျောင်းသားများ သမဂ္ဂဥက္ကဌ ကိုလော ရင့်ကျော်ကျော် နှင့်အလုပ်အမှုဆောင် ကိုထွန်းအောင်ကျော် တို့အား ပုဒ်မ-၁၈ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။

ဂျပန်လက်နက်တပ်ဆင်ရေး အမေရိကန်နဲ့ဆွေးနွေးနေ


ဂျပန်က သူတို့ဆီမှာ တိုက်ခိုက်ရေးလက်နက်တွေ တပ်ဆင်ရေးအတွက် ဖြစ်နိုင်ချေများကို အမေရိကန်နဲ့ ညှိနှိုင်းနေတယ်လို့ ဂျပန်အရာရှိတွေက ဆိုပါတယ်။ဒီလို ညှိနှိုင်းနေတယ် ဆိုတာဟာ တရုတ်အတွက်တော့ ဒေါသထွက်စရာ အစီအစဉ်ဖြစ်မယ်ဆိုပြီး ဧရာဝတီသတင်းတပုဒ်မှာ ရေးထားပါတယ်။ 

စစ်တွေတွင် ညမထွက်ရအမိန့်ရုပ်သိမ်း


ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ထုတ်ပြန်ထားသော ညမထွက်ရအမိန့်(ပုဒ်မ ၁၄၄)ကို စက်တင်ဘာလ ၁၁ ရက်မှစတင်ကာ အပြီးသတ်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန် ရေးနှင့် မှတ်တမ်းပြု စုရေးဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က အတည်ပြုပြောသည်။

အစိုးရနှင့်ဆွေးနွေးရန် အန်စီစီတီအဖွဲ့အတွင်း ညှိနှိုင်းလုပ်ဆောင်နိုင်ခဲ့


အစိုးရနဲ့ဆွေးနွေးဖို့အတွက် အန်စီစီတီအဖွဲ့အတွင်း ညှိနှိုင်းစရာရှိတာတွေကို ပြန်လည်ညှိနှိုင်းနိုင်ခဲ့ကြတယ် လို့ အဖွဲ့ဒုတိယဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ဆွေးနွေးပွဲကို မူလက စက်တင်ဘာ ၉ ရက်ကနေ ၁၁ ရက်ထိ ၃ ရက်ကြာ ကျင်းပ သွားဖို့ရှိပေမယ့် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှာ သဘောတူညီချက် ၇ ချက်ရပြီး ဆွေးနွေးပွဲ အဆုံး သတ်ခဲ့ပါတယ်။

တယ်လီနောဆင်းမ်ကတ်များ ယခုရက်ပိုင်းအတွင်း ရောင်းချမည်


ကျပ် ၁၅ဝဝတန် တယ်လီနောဆင်းမ်ကတ်များ အများပြည်သူဝယ်ယူနိုင်ရန် ရက်ပိုင်းအတွင်း ရောင်းချပေး မည် ဖြစ်ကြောင်း အော်ပရေတာတစ်ခု ဖြစ်သည့် တယ်လီနော(မြန်မာ)မှ သိရသည်။ ကနဦးအနေဖြင့် ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အစရှိသည့်မြို့ ကြီးများတွင် ဆင်းမ်ကတ်စတင်ဖြန့် ဖြူးရောင်းချမည်ဖြစ်ပြီး 2G, 3G ကွန်ရက်ဖြင့် ဖြန့်ကြက်သွားမည်ဖြစ်သည်ဟု သိရသည်။

ဂျပန်နှင့် အမေရိကန်တို့ ဂျပန်နိုင်ငံ၏ တိုက်ခိုက်ရေး လက်နက် တပ်ဆင်ရေး ဆွေးနွေး



ဂျပန်နှင့်အမေရိကန် နိုင်ငံတို့သည် ဂျပန်နိုင်ငံကို ၎င်း၏ နယ်နိမိတ်ပြင်ပအထိ သြဇာလွှမ်းမိုး နိုင်စေရန်အတွက် ထိုးစစ် လက်နက်များ တပ်ဆင်နိုင်ရန် ဖြစ်နိုင်ခြေကို စူးစမ်း လေ့လာခဲ့ကြသည်ဟုသိရသည်။ အဆိုပါ အစီအစဉ်သည် တရုတ်နိုင်ငံ ကို အမျက်ထွက် လိမ့်မည်ဟု ယူဆရသည်။

ထိုင်းစစ်အစိုးရက မူးယစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်ရေးဌာနများသို့ပို့ရန် ဘန်ကောက်တွင် ပိုက်စိတ် တိုက်ရှာဖွေလျက်



ထိုင်းစစ်အစိုးရက စက်တင်ဘာ ၉ ရက်မှ စတင်၍ မြို့တော်ဘန်ကောက်တွင် တစ်အိမ်ချင်းစီသို့ ၀င်ရောက်ကာ မိသားစု ၀င်များ၏ ဆီးများကို စစ်ဆေးပြီး မူး ယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိသူများကို ပြန်လည်ထူထောင်ရေးဌာနများသို့ ပို့ပေးလျက်ရှိ ကြောင်း သိရသည်။

မိကျောင်းကန် သပိတ်စခန်း ဆက်ဖွင့်မည်



မိကျောင်းကန် သပိတ်စခန်း ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ပြီး လွှတ်တော်ကဖြေရှင်းမပေးပါက ၎င်းတို့ မူလမြေနေရာ များတွင် ၀င်ရောက်နေထိုင်သွားမည်ဖြစ်ကြောင်း မိကျောင်းကန်ပြည်သူများက ပြောသည်။ ၂၀၁၄ မတ်လ ၂၄ ရက်မှ စတင်၍ ငါးလကျော်ကြာ သပိတ် စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေ သော မိကျောင်းကန်ပြည်သူများအား ၎င်းတို့ မြေယာအစား အ ခြားနည်းလမ်းများဖြင့် နစ်နာကြေးများရရှိရန် အဖြေရှိနေကြောင်း ပြည်သူ့လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က စက်တင်ဘာ ၈ ရက်တွင် မိကျောင်းကန်ပြည်သူများထံ လာရောက်ပြောကြားသွားသည်။

အကြမ်းဖက်အဖွဲ့များသတင်းအရ မောင်တောနယ်စပ်လုံခြုံရေးအတွက် အသင့်အနေအထားပြင်ဆင်



အယ်လ်ခိုင်ဒါအဖွဲ့နှင့် သောင်းကျန်းသူအဖွဲ့များ အကြမ်းဖက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အချိန်တွင် မောင်တောနယ်စပ်လုံခြုံရေးအတွက်တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အသင့်အနေအထားဖြင့် စောင့်ကြည့်နေ ကြောင်း သိရသည်။

Bi မွန်းတည့်နေ အမှုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားရုံးက စွဲချက်တင်


Bi မွန်းတည့်ဂျာနယ်အမှုတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)/ ၃၄ ဖြင့် စက်တင်ဘာ ၁၁ ရက်က ပန်းဘဲတန်းမြို့နယ်တရားရုံးက စွဲချက်တင် လိုက်ပြီဟု အကျိုးတော်ဆောင် ရှေ့နေဦးကျော်ဝင်းက မဇ္ဈိမကို ပြောသည်။

အကြမ်းဖက်အဖွဲ့၏ စစ်ကြေညာမှုခံထားရချိန်တွင် အမေရိကန်၏ ဥပဒေကြမ်းတင်သွင်းမှုသည် လုံခြုံရေးအားနည်းစေရန် အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်ဟု စွပ်စွဲ



မြန်မာနိုင်ငံအား အမေ ရိကန်က လုံခြုံရေးအကူအညီများကို ကန့်သတ်ရန် ဥပဒေကြမ်း တင်သွင်းသည့်လုပ်ရပ်မှာ အစွန်း ရောက် အကြမ်းဖက်အဖွဲ့၏ စစ် ကြေညာမှုကို ခံထားရသည့် မြန် မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ် ရေးအားနည်းစေ ရန်နှင့် မြန်မာ နိုင်ငံကို သင်းကွဲအထီးကျန်ဖြစ်စေ ပြီး အကြမ်းဖက်အဖွဲ့များ အောင် ပွဲခံနိုင်ရန် အမေရိကန်အစိုးရက အချိန်ကိုက်လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူက ပြော ကြားလိုက်သည်။

မြေယာသိမ်းမှုတွေမပြေလည်တာ အုပ်ချုပ်ရေးပိုင်းက အားနည်းမှုလို့ ဒေါ်အောင်ဆန်းစုကြည် ပြော



မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေကနေ့ ရင်ဆိုင်နေကြရတဲ့ လယ်သိမ်းယာသိမ်း ကိစ္စရပ်တွေမှာ ပြေလည်မှုမရရှိပဲ မြေယာသိမ်းခံရတဲ့ လယ်သမားတွေသာ ထောင်ဒဏ်ကျခံနေရတာတွေဟာ အုပ်ချုပ်ရေးပိုင်းက စီမံခန့်ခွဲမှုအားနည်း ချက်ကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ နှိမ်နင်းရေး ဒေသတွင်းနိုင်ငံများ ထောက်ခံမှု ရရှိ


အီရတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အိုင်အက်စ် အကြမ်းဖက် မှုတွေ ကင်ဆာရောဂါလို ပြန့်ပွားနေတာ ကမ္ဘာက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ဘဂ္ဂဒက်မြို့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဂျွန်ကယ်ရီနှင့် အီရတ်ဝန်ကြီးချုပ်သစ် အိုင်အက်စ်အဖွဲ့ရဲ့ ရန်ဟာ လက်ရှိ အီရတ်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ တခုတည်းနဲ့ အကြီးဆုံး အန္တရာယ် လို့ ဂျွန်ကယ်ရီက ဆိုပါတယ်။

“ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး”


ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေ မှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန် က ပြောကြားသည်။

Sexy Party အဖြစ် နာမည်ကြီးနေသည့် Dance For Life Party ပွဲသည် အဖော်အချွတ်ပွဲမျိုး မဟုတ်ဟုဆို


Sexy ပါတီအဖြစ် နာမည်ကြီးနေသည့် ဒီဂျေဂျပန်ဦးစီးသည့် Dance For Life Party ပွဲနှင့်ပတ်သက်ပြီး ပရိသတ်အထင်လွဲနေသောပွဲမျိုးမဟုတ် ကြောင်း မော်ဒယ်ဇွန်သဉ္ဇာက ရန်ကုန်တိုင်းမ်သို့ ပြောသည်။

အောက်တိုဘာ ၃ ရက်တွင် ရန်ကုန်မြို့ရှိ ကလပ်တစ်ခုခု ၌ပြုလုပ်မည် ဟု ကြော် ငြာထားသည့် ၄င်းပါတီပွဲကို ယခင်သတ်မှတ်ထားသော GTR 2 ကလပ်၌ ပြုလုပ်မည်မှာ မသေချာတော့ဟု ဇွန်သဉ္ဇာ ကပြောသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ရန်ကုန်မြစ်ထဲ မနစ်မြုပ်ဟု သုတေသီများပြော


ဓမ္မစေတီ ခေါင်းလောင်းကြီး ရန်ကုန်မြစ်ထဲ နစ်မြှုပ်နေတာ မဟုတ်ဘူးလို့ သမိုင်းပညာရှင်တွေ၊ သမိုင်း သုတေသီတွေက ဒီဗွီဘီကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပေါ်တူဂီ လူမျိုး ငစင်ကာက လက်နက်လုပ်ဖို့အတွက် ယခင် ဒဂုံ(ယခု ရန်ကုန်) ဘက်ကမ်းမှ သံလျင်ဘက်ကို ရန်ကုန် မြစ်ကြောင်းကတဆင့် သယ်ယူစဉ် နစ်မြစ်ခဲ့တယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေဟာ ပါးစပ် ရာဇဝင်တွေက တဆင့် ဖြစ် ပေါ်ခဲ့တာကြောင့် အထောက်အထား ခိုင်လုံမှုမရှိဘူးလို့ သမိုင်းပညာရှင်တွေ၊ သုတေသီတွေက ထောက်ပြ ပြောဆိုလိုက်တာပါ။

အစွန်းရောက် အစ္စလာမ္မစ်များကို လွှတ်တော်၏ ခွင့်ပြုချက်မယူဘဲ စစ်ရေးဖြင့် နှိမ်နင်းနိုင်သည့် အာဏာရှိဟု အိုဘားမားပြော၊ ဂျွန်ကယ်ရီ၏ IS အုပ်စု ချေမှုန်းရေး ခရီးစဉ် စတင်



အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ၎င်းသည် ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက် ရယူစရာ မလိုဘဲ အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွများကို စစ်ရေးဖြင့် တိုက်ခိုက်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာ ရှိထားသည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။


Wednesday, September 10, 2014

အမျိုးသားပညာရေး ဥပဒေမူကြမ်း တကသ ကန့်ကွက်


အမျိုးသားပညာရေးဥပဒေမူကြမ်းကို တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) များက ဒီနေ့ မနက်ပိုင်း ရန်ကုန်မြို့က ကွန်ပျုတာ တက္ကသိုလ် ဗဟန်းနယ်မြေရှေ့ မှာ ကန့်ကွက်တဲ့ ထုတ်ပြန်ချက်တွေနဲ့ ပိုစတာတွေ နဲ့ လှုံ့ဆော် စည်းရုံးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

My Blog List