Saturday, August 25, 2012

ဥပဒေရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ အာဏာရယ်


            ဥပဒေဆိုတာ ပြည်သူတွေ လိုက်နာဘို့အတွက် ပြဋ္ဌာန်းထားတာဖြစ်တယ်။ ဥပဒေမှာ လိုအပ်ချက်တွေ ရှိကောင်းရှိတာဖြစ်နိုင်ပေမဲ့ ပြဋ္ဌာန်းထားပြီဆိုရင်တော့ လူတိုင်းမှာ လိုက်နာရမဲ့ တာဝန် ရှိပါ တယ်။ ပြည်သူတစ်ယောက်ဟာ ဥပဒေကိုမသိလို့ အပြစ်ကျူးလွန်မိရင်လဲ အရေးယူခံရမှာပါဘဲ။ ဥပဒေကို နားမလည်လို့ဆိုပြီး ခွင့်မလွှတ်ပါဘူး။ အဲ… လုပ်ပိုင်ခွင့်ကိုအသုံးချပြီး အာဏာကို အလွဲသုံးစား လုပ်ခဲ့လို့ ကျွန်တော်တို့တစ်တွေ ခံလာရတာ အခုထိပါဘဲ။ ကျွန်တော်တို့တတွေ ဒုက္ခပေါင်း များစွာနဲ့ ခံစားခဲ့ရပါတယ်။ ဥပဒေအရ အရေးယူသင့်လို့ ခံရပေမဲ့ လူတိုင်းပြစ်မှုမကျူးလွန်ခဲ့ပါဘူး။ ပြစ်မှုကြီးကြီး မားမားမရှိဘဲ အာဏာ ကို အလွဲသုံးစားလုပ်ခဲ့လို့ ခံခဲ့ရတဲ့ ကျွန်တော်တို့ဒုက္ခဟာ ဒီတစ်သက် မေ့နိုင်စရာ မရှိတော့ပါဘူး။ လုပ်ပိုင်ခွင့် ဆိုတာကတော့ ဥပဒေပြုပြီးမှ အခွင့်ရလာတာဖြစ်တယ်။ အာဏာဆိုတာတော့ ရယူခြင်းဖြစ်တယ်လို့ ကျွန်တော်ကြားဘူးခဲ့ပါတယ်။

My Blog List