Thursday, December 12, 2013

KIA မှ လူသစ် စုဆောင်းမှုအပြင် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေမှုကြောင့် ဒေသခံတိုင်းရင်းသားများ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြား

Thursday, December 12, 2013

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တစ်ပတ်အတွင်း ဒေသခံရွာသား (၄၄) ဦးအား KIA မှလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ (၁၀) ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၌ ရွာသား (၁၀) ဦးအား ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သတင်းရရှိသည်။

“ တောင်ပြိုရွာက ၄ ယောက်၊ အထက်မနရွာက ၃ ယောက်၊ ဆွတ်အောင်ရွာ က ၃ ယောက် ပေါင်း (၁၀) ယောက်ပါသွားတယ်လို့ ကြားတယ်၊ KIA က လူသစ်လုပ်ရမယ်ဆိုပြီး အလိုမတူဘဲ ဖမ်းနေတော့ ရွာသား တွေ လည်း လွတ်ရာ ကျွတ်ရာ ထွက်ပြေးနေကြတာပေါ့ ” ဟု ဖားကန့်မြို့မှ အသက် ခြောက် ဆယ်အရွယ် ဦလနွန်က ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းတွင် KIA တပ်မဟာ (၂) တပ်ရင်း (၆) မှ ဗိုလ် ဆောင်ရန်းခန်းဆာနှင့် တပ်ကြပ်ကြီး လထော်နော်လတ်တို့မှ အဆိုပါ ရွာသား (၁၀) ဦးအား ဆိုင်ကယ် (၆) စီးဖြင့် ဖားကန့် - လုံးခင်း - အောင်ဘာလေ လမ်းကြောင်းအတိုင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် သက်သေ ရွာသားအချို့က ဆိုသည်။

KIA မှ မန်စီမြို့နယ် ချောင်းထောက်ကျေးရွာနှင့် မံဖွကျေးရွာအနီးဝန်းကျင် တွင် စပါးရိတ်သိမ်းနေသော ရွာသား (၂၁) ဦးအား ဒီဇင်ဘာ ၄ ရက်နေ့တွင် လည်းကောင်း၊ မန်စီမြို့နယ် တုံပလွေ၊ မန်ဝိန်းလေး၊ သစ်ဆုံး၊ ဆူးပုတ်ကုန်း ကျေးရွာများမှ သစ်ကယ်ရီသမားများနှင့် တောင်သူလုပ်ကိုင်နေသော ရွာသား (၁၇) ဦးအား ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်းကောင်း၊ ၀ိုင်းမော်မြို့နယ် နောင်စီပေါရွာသား (၂) ဦးအား ဒီဇင်ဘာ ၆ ရက်နေ့ တွင်လည်းကောင်း၊ ဗန်းမော်မြို့ သိန်လင်ကျေးရွာ အနောက်တောင်ဘက်ရှိ လယ်တောတွင်း စပါးရိတ်သိမ်းခြင်း နှင့် ခြွေလှေ့ခြင်းလုပ်ကိုင်နေသော ရွာသား (၄) ဦးအား ဒီဇင်ဘာ ၈ ရက်နေ့တွင် လည်းကောင်း ဖမ်းဆီသွားခဲ့ ကြောင်း သိရသည်။

KIA အနေဖြင့် ဒေသခံရွာသားများအား လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်နေမှု များအပြင် KIA တပ်ဖွဲ့ဝင်ဟောင်း များကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေ ကြောင်း အင်းတော်ကြီး ဒေသခံတစ်ဦး၏ ဆက်သွယ်ပြောဆိုမှုအရ သိရ သည်။

အင်းတော်ကြီးဒေသရှိ အိုင်တူးလေးရွာ၊ လောဆွမ်ကျေးရွာ၊ ချောင်းဝ ကျေးရွာ၊ နလတန်းကျေးရွာများရှိ အသက် ၅၅ နှစ်အောက် KIA စစ်မှုထမ်း ဟောင်းများအား တပ်ရင်း (၂၆) မှ အတင်းအကြပ်လာရောက်ဖမ်းဆီးနေမှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ဟိုပင်မြို့သို့ ရောက်ရှိ လာသော KIA အဖွဲ့ဝင်ဟောင်း အသက် ၅၃ နှစ်အရွယ် ဦးနော်ဂျာ က ဆိုသည်။

KIA မှ ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်ဖမ်းဆီးနေခြင်းနှင့် ကချင်ပြည်နယ်အနှံ့အပြား၌ လူသစ်အဓမ္မစုဆောင်းနေခြင်းများမှာ အစိုရတပ် များအား ပြန်လည်တိုက်ခိုက်ရန် အင်အားစုဆောင်း နေခြင်းဖြစ်၍ ငြိမ်းချမ်းရေအတွက် ရင်လေးမိသလို ဒေသခံတိုင်းရင်းသားများလည်း ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြားနေ ကြောင်း ဦးနော်ဂျာက ဆက်လက်ပြောသွားသည်။

ခွန်နော်

တနင်္သာရီမြို့နယ်၊ ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိ

Thursday, December 12, 2013

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာ ဘုရင်များ ကိုင်ဆောင် သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိခဲ့ပြီး တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသော အစောဆုံး ကျောက်စာအဖြစ် ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ကျောက်စာ မြစ်သားမြို့၌ တွေ့ရှိ

Thursday, December 12, 2013

ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ ကျော က်စာအား မြစ် သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် ကျောက်စာများအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်ကြောင်း ပညာရှင်များ၏ ရှာဖွေတွေ့ရှိ ချက်များအရ သိရသည်။

ပုဂံခေတ် စောလူးမင်း၏ ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုး ထားသည့် ကျောက် စာကို မြစ် သား မြို့ ပေတောကျောင်းတိုက် အတွင်းမှ နိုဝင်ဘာ ၁၇ ရက်က စတင်တွေ့ရှိခဲ့ပြီး တွေ့ရှိ ချိန် ၌ ကျောက်စာချပ် သုံးချပ်ကို တွေ့ရှိခဲ့ကာ နိုဝင်ဘာ ၂၇ ရက်တွင် နောက်ဆုံးကျန် ရှိနေသ ည့် ကျောက်စာချပ်အား ထပ်မံတွေ့ရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းမှ ၁၃၀၀ ပြည့် ချောက်ရေနံမြေ အလုပ်သမား အရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Thursday, December 12, 2013

ချစ်ခင်လေးစားရပါသော ချောက်ရေနံမြေရှိ ပြည်သူလူထုကြီးခင်ဗျား

၁။၁၃၀၀ ပြည့် ရေနံမြေအလုပ်သမားအရေးတော်ပုံကြီးသည် ၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပါသည်။ရနံမြေအလုပ်သမားများ၏ ရသင့်ရထိုက်သောအခွင့်အရေးများ ရရှိနိုင်ရေး အတွက် ရဲဝံ့စွန့်စားစွာ တော်လှန်ခဲ့ကြသည်မှာ ယခုအခါ (၇၅)နှစ်တာ ကာလရောက်ခဲ့ပြီ ဖြစ်ပါသည်။

မန်စီမှ ရှမ်းနီ ၆၀ ကျော်ကို ကေအိုင်အေ ဖမ်းထားဟု ရှမ်းနီပါတီ ဥက္ကဋ္ဌဆို

Thursday, December 12, 2013

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ ရွာများမှ ရှမ်းနီ တိုင်းရင်းသား ၆၀ ဦးကျော်ကို ကေအိုင်အေ တပ်ရင်း (၁၂) က ဒီဇင်ဘာ ပထမပတ်အတွင်း ဖမ်းဆီးထားကြောင်း တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်က The Voice သို့ ပြောကြားသည်။

မန်စီမြို့နယ်နှင့် နှစ်မိုင်မျှသာ ဝေးသော မန်ဖွရွာမှ လယ်ရိတ်သိမ်းနေသော ရွာသားများ အပါအဝင် လမ်းသွားလမ်းလာများနှင့် အနီးရှိရွာများမှ ရှမ်းနီ တိုင်းရင်းသား ၆၀ ဦးအပြင် ကချင်လူမျိုး ၁၀ ဦးကိုပါ ကေအိုင်အေက ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

Wednesday, December 11, 2013

သိန်း ၁၀၀ တန် တိုက်ခန်း ၀န်ထမ်းများကို အရစ်ကျ ရောင်းပေးမည်

Wednesday, December 11, 2013
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်းနဲ့ ကျန်စစ်မင်းအိမ်ယာစီမံကိန်းတွေ ပြီးသွားရင် ၀န်ထမ်းနဲ့ ပြည်သူတွေကို အရစ်ကျ ငွေချေစနစ်နဲ့ ရောင်းပေးမယ်လို့ ရန်ကုန်တိုင်း ဆောက်လုပ်ရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောပါတယ်။

သခင်ဘိုးလှကြီး ကြေးသွန်းရုပ်ထုကို ချောက်မြို့မှာဖွင့်လှစ်

Wednesday, December 11, 2013

၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတုအခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက မကွေးတိုင်းဒေ သ ကြီး ချောက်မြို့မှာ ကျင်းပခဲ့ပါတယ်။

ဂန္ဓမာအရောင်းကုန်တိုက် မီးလောင်မှု လူ ခုနစ်ဦး မီးခိုးမွှန်သေဆုံး

Wednesday, December 11, 2013

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်၊ ၈ ရပ်ကွက် ဝေဇယန္တာလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ Gandamar Whole Sale ကုန်တိုက် တွင်မီးလောင် မှု ဖြစ်ပွားပြီး လူ ၇ ဦး သေဆုံးခဲ့သည်။

ယခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ နံနက် ၁ နာရီအချိန်တွင်Gandamar Whole Sale အပေါ် တတိယထပ်ရှိ Venus Garden Spa အလှပြင် ခန်းမတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းမီးလောင်မှုတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခြင်းဟု သိရသည်။

အကယ်ဒမီဗန်းကိုင် ၁၀ ဦးကို ညနေ ပိုင်းမှာ ထုတ်ပြန်ကြေညာ ပေးသွားမည်

Wednesday, December 11, 2013

အကယ်ဒမီဗန်းကိုင် ၁၀ ဦးကို ညနေ ပိုင်းမှာ ထုတ်ပြန်ကြေညာ ပေးသွားမှာဖြစ်ပြီး မနက်ဖြန် မှာတော့ ယင်း၁၀ဦးကိုပြန်လည်ခေါ်တွေ့သွားမှာဖြစ်တယ်လိုံ ရွေးချယ်ရေးဘုတ်အဖွဲ့ကပြောပါတယ်။

မိကျောင်းကန်မြေ ကုမ္ပဏီများ ပိုင်သည်ဆိုပါက ဆန္ဒပြသူများနှင့် ပူးပေါင်းမည်ဟု ဦးအောင်သိန်းလင်း ပြော

Wednesday, December 11, 2013

ဆန္ဒပြတောင်းဆိုလျက် ရှိသည့် မိကျောင်းကန်မြေ များသည် ကုမ္ပဏီများ ကသာ ပိုင်ဆိုင်ထားသည်ဆိုပါက ၄င်းကိုယ်တိုင် ဆန္ဒပြသူများနှင့် ပူးပေါင်း ၍ဆန္ဒဖော်ထုတ် မည်ဟု ယခင်မြို့တော် ဝန်ဟောင်း ဦးအောင်သိန်းလင်း က ပြောသည်။

မိကျောင်းကန်သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီ တွင် နောက်ဆုံးထား၍ ပိတ်သိမ်းပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများက အမိန့်စာ လာရောက်ကပ် သွားပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် သပိတ်စခန်းဖွင့်သူများကို ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒ ပြသူများက ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ၄င်းအနေဖြင့် ထိုသို့ပြောဆိုခဲ့ကြောင်း အတည်ပြုပြောသည်။ ”ဘာကြောင့်လဲဆိုတော့ ဒီမြေနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေရဲ့အထင်အမြင်တွေထဲမှာ ကုမ္ပဏီ ပိုင်မြေဖြစ် သွားပြီ လို့တွေးနေလို့ ကျွန်တော်က အမှန်ကိုရှင်းပြတာပါ။ တကယ့်လက်ရှိမှာ တပ်မတော် ကသာ ပိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်း ကပြောသည်။ မိကျောင်းကန် သပိတ် စခန်းမှာ နိုဝင်ဘာ ၂၆ ရက်နေ့က တည်းက စတင်ဖွင့်လှစ်ခဲ့သည်။

ရွှေတိဂုံတွင် လွန်ခဲ့သော ၆ နှစ် က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ကျယ်လောင်စွာဆုတောင်းခဲ့မှုဖြင့်ဒေါ်နော်အုန်းလှ အား တရားစွဲဆို

Wednesday, December 11, 2013

တရုတ်နိုင်ငံတော်အလံအား မီးရှို့ ဆန္ဒပြမှုဖြင့်တရားစွဲဆိုခံရသူ ဒေါ်နော် အုန်းလှအား ၂ဝဝ၇ ခုနှစ် က ရွှေတိဂုံ တွင် ကျယ်လောင်စွာ ဘုရားရှိခိုး သည့်အမှုတစ်ခု ထပ် တိုး၍ဒဂုံမြို့နယ် တရားရုံးက ဒီဇင်ဘာ လ ၁ဝ ရက်နေ့ တွင်စွဲချက်တင် စစ်ဆေးခဲ့သည်ဟု တရားခံ၏ ရှေ့နေဖြစ်သူက Popular News သို့ ပြော သည်။

နိုဝင်ဘာလ ၂၉ရက်နေ့က ဒေါ် နော်အုန်းလှ အပါအဝင် ဆန္ဒပြသူ အချို့မှာ တရုတ်သံရုံးရှေ့တွင် တရု တ် နိုင်ငံတော်အလံကို မီးရှို့ခဲ့ရာ ယင်း ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွဲချက်တင်ပြီးေ နာက် ဒေါ်အောင် ဆန်းစုကြည် လွတ်မြောက်ရန် လွန်ခဲ့ သော ၆ နှစ်ခန့်က ရွှေတိဂုံစေတီတော် တွင် ဘုရားအကျယ်ကြီး ရှိခိုး၍ ဆု တောင်း ခဲ့မှုဖြင့် အများပြည်သူ အနှောင့် အယှက်ဖြစ်စေမှု ပုဒ်မ ၂၉၆ နှင့်ပါ အမှုတစ်ခု ထပ်မံတိုးကာ ရုံးတော်မှ စွဲချက်တင် တရားစွဲဆိုခဲ့သည်ဟု ၄င်းရှေ့နေက ရှင်းပြသည်။

Monday, December 09, 2013

ထိုင်းအစိုးရကို တနင်္လာနေ့ နောက်ဆုံးထား၍ တိုက်ပွဲဝင် ဖြုတ်ချသွားမည်ဟု အတိုက်အခံတို့ ပြောကြား

Monday, December 09, 2013

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် နောက်ကွယ်မှ ကြိုးကိုင်ခံနေရသည်ဟု စွပ်စွဲပြောဆို ခံထားရသည့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့ကို တနင်္လာနေ့ (ဒီဇင်ဘာ ၉ ရက်နေ့) နောက်ဆုံးထား၍ ဖြုတ်ချသွားမည် ဖြစ်သည်ဟု အတိုက်အခံ အင်အားစုများက သံန္နိဋ္ဌာန် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။

လူပေါင်း တစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲကျင်းပရန် ယူကရိန်း အတိုက်အခံများ စီစဉ်

Monday, December 09, 2013
ဥရောပသမဂ္ဂ အဖွဲ့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ကို စွန့်ပယ်ပြီး ရုရှားနိုင်ငံနှင့် အနီးကပ် ပူးပေါင်းရန် ယူကရိန်းသမ္မတ ဗစ်တာယနူကိုဗစ်က ကြိုးပမ်းနေခြင်းကို ဖိအားပေးနိုင်ရန် လူပေါင်း တစ်သန်းကျော် တက်ရောက်မည့် ဆန္ဒပြပွဲတစ်ရပ် ကျင်းပရန် အတိုက်အခံ စည်းရုံးရေးမှူးများက စီစဉ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လူတစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲ ကျင်းပခြင်းဖြင့် ယူကရိန်း အစိုးရအဖွဲ့နှင့် အတိုက်အခံများကြား ရက်သတ္တပတ်ပေါင်း များစွာ ကြာအောင် ဖြစ်ပွားနေသည့် တင်းမာမှုများ ပိုမို ဆိုးရွားလာမည် ဖြစ်သည်။

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပမည်ဟု ၀န်ကြီးချုပ် ယင်လပ်ပြော

ဆန္ဒပြသူများ၏ တောင်းဆိုချက်အတိုင်း ထိုင်းလွတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ကပွဲကို ဖြစ်နိုင်သမျှ
အမြန်ဆုံး ကျင်းပသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာက ယနေ့တွင် တိုင်းပြည်သို့ ရုပ်သံ မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ပြီးစီးကာ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာသည် အထိ သူမက ကြားဖြတ်အစိုးရ အကြီးအ ကဲ အဖြစ် တာဝန်ယူမည် ဟုလည်း ပြောကြားခဲ့သည် ။

My Blog List