ညပိုင်း နန်တော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။ရပ်ကွက်အတွင်းရှိ အိမ်များ အတွင်း ပုံးအောင်နေသူများကို ရှာဖွယ်ကယ်ဆယ်။မနက် ၆း၀၀နာရီ အချိန် စားသောက် စရာရေနှင့်ကယ်ဆယ်ရေးပစ္စည်း များတင်ဆောင်လာသည့် ၁၀ဘီးကားများမြို့ထဲသို့ဝင်ရောက်လာ။
မနက်၆း၀၀နာရီခွဲအချိန်မြို့ထဲသို့ကျွန်တော်လှည့်လည်ကြည့်ရှုရာတွင်ကယ်ဆယ်ရေးစခန်းတစ်ခုအတွင်းရှိ လူမျိုးခြားများက စခန်းအပြင်ဘက်ထွက် လာပြီးလက်ဘက်၇ည်ဆိုင်ထိုင်ကြ။လက်ဘက်ရည်ဝယ် ၊ကွမ်း ဝယ်နှင့် စည် ကားနေတာကိုတွေလိုက်ရပါသည်။ သည်အခြေနေမှာလုံးဝမဖြစ်သင့်သေးပါ။ ပြဿနာရှာလို သူများနှင့်တွေလျှင် မီးထပ်ပွားသွားနိုင်ပါသည်။ ကယ်ဆယ်ရေးစခန်းအတွင်းရှိတာဝန်ရှိသူများ စည်းကမ်း တကျကြပ်မတ်ရန် လိုအပ်ပါသည်။လက်ဘက်ရည်ဝယ်ချင်လျှင်လည်း ဆယ်ယောက်တစ်အုပ်စု လောက်မှ တာဝန်ယူ၍ကျန်လူများအတွက်ဝယ်ပေးသင့်ပါသည်။လက်ဘက်ရည်ဆိုင်ထိုင်ပြီးဟေးလားဝါးလားလုပ်နေ သည်မှာ မသင့်တော်ပါအမြန်ဆုံးထိန်းသိမ်းသင့်ပါသည်။
ထို့အပြင်ထိုနေရာများရှိလူများကိုလည်းမြို့ပြင် ခရိုင်ကွင်း ကယ်ဆယ်ရေး စခန်းသို့ရွှေ့ပြောင်းပေးသင့်ပါ သည်။မြို့ထဲမှာ ဒီလိုဆက်ဖြစ်နေလျှင်ပြဿနာတွေ ထပ်ဖြစ်လာနိုင်ပါသည်။ မည်သည့်နေရာမည်သည့် စခန်းဆိုတာကိုတော့တို့မီးရှို့မီးလုပ်မည့် လူများသိရှိသွားမည်စိုးသောကြောင့်မတင်ပေးတော့ပါ။
ထူးခြားမှုအနေနဲ့ လွန်ခဲ့သောဆယ်စုနှစ်များမှစ၍ ယခုတိုင်အောင် သံဃာတော်များကိုဆွမ်းလောင်းသည့် လူမျိုးခြားမွတ်ဆလင်အိမ် မိတ္ထီလာမှာရှိပါသည်။သဓ္ဒါကြောင့်ပဲလောင်းလောင်း၊ ဘယာကြောင့် ပဲလောင်းလောင်း၊မြို့ခံတွေမှအသိအမှတ်ပြုထားသည့်၎င်းနေအိမ်မှာ အန္တာရာယ်လုံးဝကင်းရှင်းခဲ့ပါသည်၊ ခဲတစ်ချက်တောင်အမှန်မခံရပါ။ ဝမ်းသာကြည်နှုးဖွယ်ပါပေ။ မည့်သည့်အိမ်ဖြစ်သည်၊မည်သည့်နေရာတွင် ရှိ သည် ဆိုသည် ကိုမှု လူမိုက်ကလေးများကို သတိပေး၊သတင်းပေးသလိုဖြစ်မှစိုး၍ လုံးဝမတင်တော့ပါ။
ထပ်မံဝမ်းသာစရာအနေဖြင့် တင်ပြချင်သည်မှာ ပြည်သူများ၏အသက်အိုးအိမ်ကိုစောင့်ရှောက်ပေးနေသော တပ်မတော်သားများနှင့်မြို့ခံတို့၏ ချစ်ခင်ရင်းနှီးမှုများကိုတွေရ့၍ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်နှင့်ပြည်သူများအကြား ရင်ထဲရှိအကျိတ်အခဲများပြေပျောက်၍ ဗိုလ်ချုပ် ရှိစဉ်က ကဲ့သို့ ပြန်လည်ချစ်ခင်ညီညွှတ်ကြမည့် ရောင်နီဦးလေ လားဟု မျှော်လင့်မိကြောင်းပါ ခင်ဗျား။
မင်းသန့်အောင်(မိတ္ထီလာ)
Myanmar News Update
မနက်၆း၀၀နာရီခွဲအချိန်မြို့ထဲသို့ကျွန်တော်လှည့်လည်ကြည
ထို့အပြင်ထိုနေရာများရှိလူများက
ထူးခြားမှုအနေနဲ့ လွန်ခဲ့သောဆယ်စုနှစ်များမှစ၍ ယခုတိုင်အောင် သံဃာတော်များကိုဆွမ်းလောင်းသည့်
ထပ်မံဝမ်းသာစရာအနေဖြင့် တင်ပြချင်သည်မှာ ပြည်သူများ၏အသက်အိုးအိမ်ကိုစောင့်ရှောက်ပေးနေသေ
မင်းသန့်အောင်(မိတ္ထီလာ)
Myanmar News Update