Wednesday, January 22, 2020

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြေယာလျော်ကြေးအခက်အခဲဖြစ်လာနိုင်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော

Image may contain: 1 person, sitting, table and indoor
ဒလတံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့သစ်စီမံကိန်းဆောင်ရွက်ရန် မြေယာလျော်ကြေးအခက်အခဲ ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး LOTTE ဟိုတယ်တွင် ဇန်နဝါရီလ ၂၁ ရက်က ကျင်းပသည့် ဒလမြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးနားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ဒလမြို့ဧရိယာဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ မြို့သစ်စီမံကိန်းက ဒလနဲ့ဆက်စပ်နေပါတယ်။ တံတားပြီးသွားရင်မြို့သစ်ကိုတည်ဆောက်တဲ့အခါမှာ မြေလျော်ကြေးပေးတာတို့၊ဘာတို့နဲ့ တော်တော်လေးခက်ခဲလာနိုင်စရာရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ မြို့သစ်နဲ့ပတ်သက်ပြီးတော့ နယ်နမိတ်သတ်မှတ်မှုကိုပထမဦးစွာဆောင်ရွက်နိုင်ဖို့အတွက် ဒီကနေ့ဆွေးနွေးပွဲကနေ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော်အသုံးပြုမည့် ရန်ကုန်- ဒလတံတားစီမံကိန်းပန္နက်တင်အခမ်းအနားကို ဒလမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ ၂၄ ရက်၌ကျင်းပခဲ့သည်။
အဆိုပါဒလတံတားစီမံကိန်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင်ပြီးစီးမည်ဟုခန့်မှန်းထားကြောင်း သိရသည်။
Image may contain: 3 people, people sitting, table and indoor
Image may contain: 17 people, people smiling, people standing
ကျော်ကြားဟိန်း(အကုန်သိသတင်းဌာန)

<<< Unicode Version >>>
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြေယာလျော်ကြေးအခက်အခဲဖြစ်လာနိုင်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော
-------- ကျော်ကြားဟိန်း(အကုန်သိသတင်းဌာန) --------
ဒလတံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့သစ်စီမံကိန်းဆောင်ရွက်ရန် မြေယာလျော်ကြေးအခက်အခဲ ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး LOTTE ဟိုတယ်တွင် ဇန်နဝါရီလ ၂၁ ရက်က ကျင်းပသည့် ဒလမြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးနားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ဒလမြို့ဧရိယာဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ မြို့သစ်စီမံကိန်းက ဒလနဲ့ဆက်စပ်နေပါတယ်။ တံတားပြီးသွားရင်မြို့သစ်ကိုတည်ဆောက်တဲ့အခါမှာ မြေလျော်ကြေးပေးတာတို့၊ဘာတို့နဲ့ တော်တော်လေးခက်ခဲလာနိုင်စရာရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ မြို့သစ်နဲ့ပတ်သက်ပြီးတော့ နယ်နမိတ်သတ်မှတ်မှုကိုပထမဦးစွာဆောင်ရွက်နိုင်ဖို့အတွက် ဒီကနေ့ဆွေးနွေးပွဲကနေ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော်အသုံးပြုမည့် ရန်ကုန်- ဒလတံတားစီမံကိန်းပန္နက်တင်အခမ်းအနားကို ဒလမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ ၂၄ ရက်၌ကျင်းပခဲ့သည်။
အဆိုပါဒလတံတားစီမံကိန်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင်ပြီးစီးမည်ဟုခန့်မှန်းထားကြောင်း သိရသည်။

No comments:

Post a Comment

My Blog List