Friday, March 25, 2016

ဒေါ်အောင်ဆန်းစုကြည် NLD ဥက္ကဋ္ဌ နေရာတွင်သာ ဆက်လက်ရှိမည် ဖြစ်ပြီး ရခိုင် ၊ ရှမ်း ပြည်နယ်တို့အတွက် ၀န်ကြီးချုပ်ရာထူးအား အန်အယ်လ်ဒီ ပါတီဝင်များကိုသာ ပေးအပ်မည်


ဝန်ကြီးဌာနများကို ၀န်ကြီးအဖြစ် ကိုင်တွယ်ရမည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာ များကို ပြောသည်။ အခြေခံဥပဒေတွင် ပြည်ထောင်စု ၀န်ကြီးဖြစ်ပါက ပါတီလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

ဘရပ်ဆဲလ် အကြမ်းဖက်မှု ဒဏ်ရာရသူ အများစု အရေးပေါ် အခြေအနေတွင် ရှိဆဲဖြစ်


ဘယ်လ်ဂျီယံနိုင်ငံတွင် ယမန့်နေ့က ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်ခံ ရမှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများတွင် ဒဏ်ရာရရှိသွားသူ အများစုမှာ အရေးပေါ် ကြပ်မတ်ကုသမှု ခံယူနေကြရပြီး လေဆိပ်ဗုံးခွဲမှုတွင် အသေခံ ဗုံးခွဲသူ နှစ်ဦးနှင့်အတူ လိုက်ပါလာသော အကြမ်းဖက်သမား နှစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက် ရှိကြောင်း သတင်းဌာနများက ရေးသားဖော် ပြသည်။

ပြည်သူများ၏ မကျေနပ်ချက်များကို နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြပေးသွားမည်ဟုဆို


ပြည်သူများ၏ မကျေနပ်ချက်များနှင့် ဝေဖန်ဆွေးနွေးချက်များကို နိုင်ငံပိုင် မီဒီယာတွင် ထည့်သွင်းဖော်ပြပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးအဖြစ် သတ်မှတ်ခံရသူ ဒေါက်တာဖေမြင့်က ပြောကြားသည်။ “ပြည်သူ့ကိုယ်စားလှယ်တွေက ရွေးချယ်ခန့်အပ်တဲ့ အစိုးရအဖွဲ့တွေ၊ ဌာနတွေ သူတို့ လုပ်ကိုင်ဆောင်ရွက်ချက်တွေ အများပြည်သူသိအောင် အစီရင်ခံတဲ့ သဘောမျိုး အသိပေးရမယ်။ ပြီးနောက် အများပြည်သူက မကျေနပ်တာတို့ သူတို့သိချင်တာတို့ ဝေဖန်ဆွေးနွေးတာတို့ စသဖြင့် အကြောင်းအရာတွေကို ဖော်ပြပေးရမယ်” ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်များနှင့် KNU သာသနာရေးဌာန တွေ့ဆုံပွဲ စတင်ကျင်းပ



ကရင်ပြည်နယ်အတွင်းရှိ ဘာသာအသီးသီးမှ ခေါင်းဆောင်ဆရာတော်ကြီး များနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ပြည် ထဲရေးနှင့် သာသနာရေး ဌာနတို့ တွေ့ဆုံပွဲကို မတ်လ ၂၄ရက်၊ နံနက် ၉နာရီခွဲတွင် ဖားအံမြို့၊ ကြားတောရကျောင်းတိုက်၌ စတင် ကျင်းပလျှက်ရှိသည်။

အစိုးရသစ်လက်ထက် တိုင်းရင်းသားရေးရာဝန်ကြီးဌာနထားခြင်းအပေါ် ပအိုဝ်းတိုင်းရင်းသားများကြိုဆို



အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတစ်ခု ဖြစ်ရှိ လာခြင်းသည် တိုင်းရင်းသားများ၏ လိုအပ်ချက်များနှင့် တိုင်းရင်းသား၏ အရေးကို ထိရောက်စွာ လုပ်ကိုင်နိုင်ပေးရန် မျှော်လင့်သည့်အတွက် ယင်းကို ကြိုဆိုထောက်ခံကြောင်း မတ်လ ၂၃ရက် (တပေါင်းပြည့်နေ့)တွင် ကျရောက် သည့် ဖားအံမြို့နယ် သာမညကျေးရွာ၏ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား တွင် ကရင်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများက ပြောဆိုခဲ့သည်။

လူထုဆန့်ကျင်ရေး မလုပ်မိကြရန် KNLA တပ်ဖွဲ့ဝင်များအား ဒုစစ်ဦးစီးချုပ် သတိပေးပြောကြား



ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များအနေဖြင့် လူထုဆန့်ကျင်ရေး မလုပ်မိကြရန် ယနေ့ မတ်လ ၂၄ရက်နေ့တွင် KNLA စစ်ဌာနချုပ်၌ ပြုလုပ်သည့် KNLA ၏ အပတ်စဉ်(၅) အရာရှိငယ် သင်တန်း ဆင်းပွဲ၌ သင်တန်းဆင်းအရာ ရှိများအား ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက သတိပေးပြောကြားလိုက်သည်။

မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီကို ပြင်ပ ပညာရှင်များဖြင့် ဖွဲ့စည်းမည်

  

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းရာတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ် သည့် ပညာရှင်များလည်း ပါဝင်မည်ဟု အစိုးရသစ်တွင် မွန်ပြည်နယ်ကရင်တိုင်းရင်းသားရေးရာဝန်ကြီး အဖြစ် တာဝန်ယူမည့်သူ စောအောင်မြင့်ခိုင်က ကေအိုင်စီသို့ ယနေ့ ပြောသည်။

ငြိမ်းချမ်းရေး ကြိုးပမ်းမယ့် အစိုးရသစ်အတွက် စိန်ခေါ်မှု


မကြာခင် တက်လာတော့မယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ် လက်ထက် မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ် ငန်းတခုအဖြစ် လုပ်ဆောင် သွားဖို့ ရှိနေပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ NCA တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ ဒီလုပ်ငန်းစဉ်ထဲ ပါဝင်လာနိုင်ဖို့ ဦးစားပေးလုပ် သင့်တယ်လို့ သုံးသပ်ကြပါတယ်။ အစိုးရသစ်အဖွဲ့ အတွက် ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေမှာတွေ့ရနိုင်တဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက ပြောပြမှာပါ။

တရုတ်နဲ့ အင်ဒိုနီးရှား ရေပိုင်နက် ပြဿ နာပေါ်


Natuna ကျွန်းစုဝန်းကျင်ရှိ ပင်လယ်ရေမိုင် ၂၀၀ ကျော်အတွင်း သတ်မှတ်ထားတဲ့ EEZ အထူးစီးပွားရေးဇုန်မှာ ရေပြင်ပိုင်ဆိုင်မှု ပြသနာကို မီးမောင်းထိုးပြ ရာ ရောက်စေခဲ့တဲ့ မကြာသေးမီက ငါးဖမ်းရာ မှာ နှစ်နိုင်ငံ ပြသနာတက်ခဲ့ပြီးနောက် တရုတ်နဲ့ အင်ဒိုနီးရှားကြား တင်းမာမှုတွေ တိုးလာနေပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်အမျိုးသားပါတီ အမတ်များ ဆွေးနွေးမှု ရလဒ်ကောင်းမွန်


ရခိုင်ပြည်နယ်အ ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုးသားပါတီတို့ ပူးပေါင်းဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်အမျိုးသားပါတီတို့မှ လွှတ် တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး ရွေးကောက်ပွဲအပြီး ပထမဦးဆုံးအကြိမ် သီးသန့်တွေ့ဆုံမှု၌ ရလဒ်ကောင်း မွန်ခဲ့ကြောင်း သတင်းရရှိသည်။

NCA ဆွေးနွေးပွဲ ချင်းမိုင်မှာ စတင်


NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ရဲ့ ဒုတိယ အကြိမ် ထိပ်သီးအစည်းအဝေးကို မနေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ စတင် ကျင်းပနေပြီးဖြစ်ပါတယ်။ ဒီအစည်းအဝေးကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရသစ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရေးကိစ္စ၊ NCA လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေအခုလိုသတင်းပေးပို့ ထားပါတယ်။

ဒေါ်စု NLD ဥက္ကဋ္ဌ ဆက်လုပ်မည်


ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာယူထားပေမယ့် NLD ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိနေမှာဖြစ်တယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား လိုက်ပါတယ်။ ဒါအပြင် တိုင်းနဲ့ပြည်နယ် (၁၄)ခုက ၀န်ကြီးချုပ် တွေဟာ NLD ပါတီဝင်တွေသာဖြစ်မယ်လို့ မနေ့က သတင်းထောက်တွေ နဲ့တွေ့ဆုံရာမှာ ပြောဆို လိုက်ပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် အစိုးရတွေ ဘယ်လိုဖွဲ့စည်းမလဲ၊ နောက် ဝန်ကြီးချုပ် အမည်တွေကို ဘယ်တော့သိရမလဲ စတာတွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

လုံခြုံရေး တိုးမြှင့်ဖို့ EU ဝန်ကြီးတွေ တွေ့ဆုံ


ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ရေး နည်းလမ်း ရှာဖွေဖို့ ဥရောပသမဂ္ဂ EU တရားရေးနဲ့ လုံခြုံရေးဆိုင်ရာဝန်ကြီး တွေ ဒီကနေ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့တော်မှာ ဆွေးနွေးကြပါတယ်။ ဘရပ်ဆဲလ်စ်မြို့တော် တိုက်ခိုက်မှုမှာ သံသယရှိသူ နောက်တဦးကိုဖမ်းမိဖို့ လည်း ရဲတပ်ဖွဲ့က ဆက်ရှာနေကြပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၃၁ ယောက်ထက်မနည်းသေဆုံးပြီး ၃၀၀ လောက် ဒဏ်ရာရခဲ့ တာပါ။

နိုင်ကျဉ်း လွှတ်ရေး အစိုးရသစ် လက်ထက် ဖြစ်နိုင်ပါ့မလား


လာမယ့်အစိုးရသစ် လက်ထက်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်တယ် လို့ နိုင်ငံရေးအကျဉ်းသား အခွင့်အရေး ဆောင်ရွက်လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင် ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု ကျူးလွန်နေသူတွေကို ထိန်းချုပ်နိုင်မယ့် အခြေအနေတရပ် မဖေါ်ဆောင်နိုင်သရွေ့ ဒီလူ့အခွင့်အရေးချိုးဖေါက်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုပါတယ်။ ကိုအောင်အောင်က တင်ပြထားပါတယ်။

လူထုဆက်ဆံရေး ဌာနဖြစ်လာဖို့ ပြန်ကြားရေး ဝန်ကြီးသစ် မျှော်မှန်း


ပြန်ကြားရေးဝန်ကြီးဌာနကို အရင်ကရှိခဲ့တဲ့ ၀ါဒဖြန့်ချိရေးပုံစံမျိုးမဟုတ်ဘဲ အများပြည်သူ ရဲ့ အသံတွေ၊ အများပြည်သူရဲ့ လိုလားချက်တွေကို ဖော်ပြနိုင်တဲ့၊ လူထုနဲ့ အပြန် အလှန် ပေါင်းကူး ဖလှယ်တဲ့ လူထု အကျိုးပြု ဌာနတခု ဖြစ်အောင် ပြင် ဆင် ပြောင်းလဲ သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး အဖြစ် ဒီကနေ့ လွှတ်တော် ကနေ အတည်ပြုလိုက်တဲ့ ဦးဖေမြင့်က ပြောပါတယ်။ အစိုးရသစ် လက်ထက် မှာ ပြန်ကြားရေး ဌာနကို ဘယ်လိုပုံစံမျိုးနဲ့ အပြောင်းအလဲတွေ လုပ်သွားဖို့ရှိနေပါလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

မြန်မာအပါဝင် ၅ နိုင်ငံကို တရုတ်ငွေချေးမယ်


တရုတ်အစိုးရက ​မြန်မာအပါအဝင် ​အရှေ့တောင်အာရှ ​၅ ​နိုင်ငံကို ​ဒေါ်လာ ​၁၁ ​ဘီလီယံကျော် ​ချေးငှားမယ်လို့ ​ကမ်းလှမ်းလိုက်ပါတယ်။ မြန်မာ၊ ​လာအို၊ ​ထိုင်း၊ ​ဗီယက်နမ်နဲ့ ​ကမ္ဘောဒီးယားနိုင်ငံတို့မှာ ​အခြေခံ ​အဆောက်အဦးနဲ့ ​တခြား ​စီမံကိန်းတွေ ​အကောင်အထည် ​ဖော်ဖို့ ​ချေးငှားမယ်လို့ ​တရုတ်ဝန်ကြီးချုပ် ​Li ​Keqiang ​က ​ပြောပါတယ်။

အကြမ်းဖက်ရန်ကို ဘယ်လ်ဂျီယံ လစ်လျှူရှုလို့ဆို


ဘယ်လ်ဂျီယံ ​နိုင်ငံမှာ ​အကြမ်းဖက်မှု ​လုပ်ခဲ့တဲ့ ​ညီအစ်ကို ​နှစ်ယောက်ထဲက ​တစ်ယောက်ဟာ ​တူရကီနိုင်ငံမှာ ​ဖမ်းဆီးခံခဲ့ရဖူးသူ ​ဖြစ်ပြီး ​လုံခြုံရေးအရ ​စိုးရိမ်ရသူ ​ဖြစ်တယ်လို့ ​တူရကီက ​ဘယ်လ်ဂျီယံကို ​သတိပေးပေမယ့် ​ဘယ်လ်ဂျီယံက ​လစ်လျူရှုခဲ့တယ်လို့ ​ဆိုပါတယ်။

တရုတ်မှာ လူ ၄ သန်း ကင်ဆာရောဂါရှိ


တရုတ်နိုင်ငံမှာ ​ကင်ဆာရောဂါ ​ကူးစက်ခံရသူ ​၄ ​သန်းရှိပြီး ​အရင်နှစ်တုန်းက ​ကင်ဆာရောဂါကြောင့် ​သေဆုံးသူ ​၃ ​သန်းရှိခဲ့တယ်လို့ ​သိရပါတယ်။ တချို့ ​ကင်ဆာ ​ရောဂါ ​ပျံနှံ့မှုက ​၄၀၀% ​လောက်ရှိနေတယ်လို့ ​အမေရိကန်နိုင်ငံက ​ကင်ဆာဂျာနယ် ​တစ်ခုက ​ပြောပါတယ်။

Palmyra မြို့ကို IS လက်ကနေ ပြန်သိမ်းယူဖို့ ကြိုးစား


ဆီးရီးယား ​အစိုးရကို ​ထောက်ခံတဲ့ ​လက်နက်ကိုင် ​တပ်ဖွဲ့တွေဟာ ​Palmyra ​မြို့ကို ​IS ​အစ္စလာမ်မစ် ​အဖွဲ့ရဲ့ ​လက်ထဲကနေ ​ပြန်လည် ​ရယူဖို့ ​ကြိုးစားနေ ပါတယ်။Palmyra ​ရှေးဟောင်းမြို့ဟာ ​ယူနက်စကိုက ​ကမ္ဘာ့အမွေအနှစ် ​အဖြစ် ​သတ်မှတ်ထားတာ ​ဖြစ်ပြီး ​သဲကန္တာရရဲ့ ​ပုလဲ ​လို့ ​တင်စားခေါ်ဝေါ်ထားတဲ့ ​မြို့ ​ဖြစ်ပါတယ်။

၂ဝ၁၄-၂ဝ၁၅ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ကလေးသရုပ်ဆောင်ဆု (အထူးဆု)ပေးအပ်ချီးမြှင့်ရန် လျာထားဟုဆို


၂ဝ၁၄-၂ဝ၁၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ကလေးသရုပ်ဆောင်ဆု (အထူးဆု)ပေးအပ်ချီးမြှင့်ရန် လျာထားကြောင်းသိရသည်။ ယခုနှစ် အကယ် ဒမီပေးပွဲအတွက် ကလေး သရုပ်ဆောင်ဆုများ ပေးအပ်မည်ဟူ၍ သတင်း များထွက် ပေါ်လာခြင်းနှင့်အတူ ကလေးသရုပ် ဆောင်ဆု(အထူးဆု)အတွက် အကယ် ဒမီပေးပွဲဖြစ်မြောက်ရေးအဖွဲ့မှ လျာထားသတ်မှတ် ထားကြောင်း သိရသည်။

ဦးသိန်းစိန်အစိုးရ ၀န်ကြီးများ အိမ်ပြောင်းရာတွင် အစိုးရအိမ်မှ ပရိဘောဂပစ္စည်းများ ယူငင်ခြင်းမရှိဟု သမ္မတ ပြောခွင့်ရဆို


မကြာခင် အနားယူတော့မည့် သမ္မတ ဦးသိန်းစိန်အစိုးရ ၀န်ကြီးများမှာ ၄င်းတို့နေထိုင်ရာ အစိုးရအိမ်ရှိ ပစ္စည်းများကို အိမ်ပြောင်းရွှေ့ရာတွင် အကုန်ယူသွားသည်ဟု လူမှုကွန်ရက် စာမျက်နှာတွင် သတင်းများ ထွက်ပေါ်နေခြင်းမှာ လုံးဝမဟုတ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ရှင်းလင်းပြောဆိုသည်။

အစိုးရသစ်အတွက် ပြည်ထောင်စုဝန်ကြီးများရွေးချယ်မှုနှင့်ပတ်သက်၍ ပညာရှင်များအပါအဝင် ပြည်သူအချို့၏ စကားသံများ


မတ် ၂၄ ရက်တွင်ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အ စည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ်ရွေး ချယ်တင်မြှောက်ခြင်းခံထား ရသူ ဦးထင်ကျော်၏ လွှတ်တော်သို့ တင်ပြထားသည့် အစိုးရအဖွဲ့ ဝင်ဝန်ကြီး များ၏ အမည်များနှင့်ပတ်သက်၍ ဆွေးနွေးအတည်ပြုကြမည်ဖြစ်သည်။ 

မတ်လ ၂၄ ရက် နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင် အမည်စာရင်း တင်သွင်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့၏ ကိုယ်ရေးအကျဉ်းများ



အနိုင်ရ NLD အမတ်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်တောင်းဆို


၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက် တန်းမြို့မှ အနိုင်ရရှိခဲ့သည့် NLD ပါတီမှ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး သည် ရွေးကောက်ပွဲဥပဒေများကိုဖောက်ဖျက်ခဲ့သဖြင့် ကိုယ်စားလှယ်အဖြစ် မှ ရုပ်သိမ်းပေးရန် ယင်းမြို့နယ်မှ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ သူ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ရွေးကောက်ပွဲကော်မရှင် ခုံရုံးထံတောင်းဆိုထားကြောင်း ခုံရုံးဌာနမှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။

အစိုးရသစ်၏ ပြန်ကြားရေး ၀န်ကြီးအဖြစ် လျာထားခံရသည့် စာရေးဆရာ ဦးဖေမြင့်နှင့် ဗီအိုအေ အင်တာဗျူး


“ကျနော် မြင်တာကတော့ ဘယ်ဌာန၊ ဘယ်ကုမ္ပဏီတွေဖြစ်ဖြစ်၊ ဘယ်လုပ်ငန်းဌာနတွေဖြစ်ဖြစ် အများပြည်သူတွေနဲ့ ဆက်ဆံတဲ့ ဆက်သွယ်တဲ့ အဆက်အသွယ်။ medium ပေါ့။ ကြားခံပစ္စည်းကတော့ လိုအပ်ပါတယ်။ အစိုးရတရပ်အနေနဲ့တော့ ပိုပြီးတော့လည်း လိုပါတယ်။ 

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ဦးဆောင်မည့် ငြိမ်းချမ်းရေးဖောင်ဒေးရှင်းတွင် လက်ရှိဝန်ကြီးအချို့ ပါဝင်မည်ဟုဆို


ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း ဦးဆောင်ဖွဲ့စည်းမည့် ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတွင် လက်ရှိ သက်တမ်း ကုန်ဆုံးမည့် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့၏ ဝန်ကြီးအချို့ ပါဝင်လာမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)မှ ဦးညိုအုန်းမြင့်က ပြောကြားသည်။

Thursday, March 24, 2016

“ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲ၊ တိုင်းပြည် ကောင်းလာမှာလား”


ပြည်ထောင်စုလွှတ်တော်အမတ်တွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သူ့ရဲ့ အစိုးရအဖွဲ့သစ် နာမည်စာရင်း တင်သွင်းတဲ့အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေး ဝန်ကြီးနာမည်တွေလည်း ပြောင်းလဲသွားတာ တွေ့ရပါတယ်။ ဒီအထဲမှာ တိုင်းပြည်အတွက် အရေးပါမယ့် ကိစ္စတစ်ခုကတော့ ပြည်ထဲရေး ဝန်ကြီး ပြောင်းလဲသွားခြင်းပါ။ 

အပစ်ရပ် ၈ ဖွဲ့ ထိပ်သီးအစည်းအဝေး ထိုင်းနိုင်ငံတွင် ကျင်းပ



ဝန်ကြီးသစ်နှစ်ဦး၏ ဒေါက်တာဘွဲ့များနှင့် ပတ်သက်၍ ဒီချုပ်ပါတီ မေးမြန်းစုံစမ်း


အစိုးရအဖွဲ့သစ်တွင် ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ရန် လွှတ်တော်သို့ အမည်စာရင်းတင်သွင်းခံထားရသူ ဝန်ကြီးသစ် နှစ်ဦးရရှိထားသည့် ဒေါက်တာဘွဲ့နှင့်ပတ်သက် ၍ ဝေဖန်မှုများရှိနေသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်များက ကာယကံရှင်နှစ်ဦးကို ခေါ်ယူတွေ့ ဆုံမေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

အခြေခံဥပဒေခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များ အမည်စာရင်းတင်သွင်း

ပြည်ထောင်စုဝန်ကြီးများအဖြစ် အတည်ပြု



Tuesday, March 22, 2016

လိပ်ကျွန်းလူသတ်မှု၏အတွက် အယူခံရက် ထပ်တိုးတောင်းဆိုမှုကို တရားရုံးက လက်ခံခဲ့ပြီး ဧပြီ ၂၂ ရက် နောက်ဆုံးထား အယူခံတင်သွင်းမည်


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုမှ သေဒဏ်ကျ မြန်မာနိုင်ငံသား နှစ်ဦးအတွက် အယူခံကာလကို ထပ်တိုးတောင်းဆိုမှုအား တရားရုံးမှ လက်ခံခဲ့သဖြင့် လာမည့် ဧပြီ ၂၂ ရက်မတိုင်ခင် အယူခံတင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ အယူခံကာလ ထပ်မံတိုးတောင်းမှုမှာ လေးကြိမ် မြောက်ဖြစ်ပြီး ယခင် သတ်မှတ်ထားသည့် အယူခံရက် နောက်ဆုံးမှာ မတ် ၂၄ ရက်ဖြစ်သည်။

ဦးမြင့်ဆွေ ဒုသမ္မတ နေရာရရှိထားခြင်းကို စိုးရိမ်ရန်မလိုဟု သူရဦးတင်ဦး ဆို


တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အမည်တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထား ရသည့်အပေါ်တွင် ပြည်သူလူထုက စိုးရိမ်ရန် မလိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယက သူရဦးတင်ဦးက ပြောကြားသည်။

NLD အစိုးရမှ ဦးဆောင်ဖွဲ့စည်းမည့် ကော်မရှင်အဖွဲ့များတွင် တာဝန်ထမ်း ဆောင်ရန် ၈၈ မျိုးဆက်အား ကမ်းလှမ်းမှု ၈၈ အဖွဲ့မှ လက်မခံ


အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမှ ဦးဆောင်ဖွဲ့စည်းမည့် လူ့အခွင့်tရေးကော်မရှင် အပါအ၀င် အခြား ကော်မရှင်များတွင် ထင်ရှား သည့် ဒီမိုကရေစီအင်အားစုဖြစ်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှထိပ်သီးခေါင်းဆောင်များက တာဝန်ယူပေးရန်အန်အယ်လ်ဒီ ပါတီဘက်မှ ကမ်းလှမ်းမှုအပေါ် ၈၈ မျိုးဆက်ဘက်မှ ငြင်းပယ်ထားကြောင်း နှစ်ဖက်အသိုင်းအ၀ိုင်းတွင်ရှိသော The Ladies News ၏ ယုံကြည်စိတ်ချရ သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

နိုင်ငံခြားရေး ၊ ပညာရေး၊ လျှပ်စစ်စွမ်းအင် ၊ သမ္မတရုံး ၀န်ကြီးဌာန ၄ ခု၏ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရေး အကျဉ်း


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ပေါ်ထွက်လာပြီ။ ဘယ်လို အကောင်းအဆိုးတွေ ဆက်ဖြစ်လာမလဲ



နဂို မူလ ခန့်မှန်းထားသလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၀န်ကြီးတစ်ယောက် အဖြစ် ဆောင်ရွက်မယ့် ကက်ဘိနက် (အစိုးရအဖွဲ့) စာရင်း ထွက်ပေါ်လာပါပြီ။ ဒီ စာရင်းတွေမှာ ဘယ်သူတွေပါသလဲ၊ လွှတ်တော် လုပ်ထုံးလုပ်နည်းတွေအရ ရှေ့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်နဲ့ လွှတ်တော်၊ သူ့ရဲ့ ပါတီ အနာဂတ်ကရော ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ပုဂ္ဂိုလ်ဦးဆောင်မှု နှင့် မူဦးဆောင်မှု



နောက်ထပ် ဖွဲ့စည်းပေါ်ပေါက်လာမည့် အစိုးရအဖွဲ့သစ်ကို အစိုးရအဖွဲ့သစ်၏ ခေါင်းဆောင်ဖြစ်သူ သမ္မတကြီးက ခေါင်းဆောင်မည်ဖြစ်သည်။ ဤသည်မှာ သမရိုးကျ အဖြေပင်ဖြစ်သည်။ ဘာမျှမ ဆန်း။ သို့သော် နောက်တက်လာ မည့် အစိုးရသစ်တွင် သမ္မတဟူ၍ ရှိသော်ငြားလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်က ဦးဆောင်သွားမည်ဖြစ်သည် ဟူသည့် သတင်းများကြောင့် သမရိုးကျ မဟုတ်ဟုယူဆကာ အမြင်အမျိုးမျိုး ပြောဆိုလာကြသည်ကို တွေ့ရပါသည်။

ဆောက်လုပ်ရေးဝန်ကြီးအဖြစ် သတင်းထွက်နေသူ ဦးဝင်းခိုင်၏ ကိုယ်ရေးအကျဉ်း



ဦးဝင်းခိုင်သည် သမ္မတဦးထင်ကျော် တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီး စာရင်းတွင် ပါဝင်လာပြီး ဆောက်လုပ်ရေးဝန်ကြီး အဖြစ် သတင်းထွက်ပေါ် နေသူဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးများစာရင်း ကန့်ကွက်လိုပါက မတ်လ ၂၃ ရက်နေ့ နေ့လည် ၁ နာရီ နောက်ဆုံးထား၍ ကန့်ကွက်နိုင်


နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က အဆိုပြုတင်ပြထားသော ၀န်ကြီး ၁၈ ဦးအမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်နာယကဦးမန်းဝင်းခိုင်သန်းကကြေညာခဲ့သည် ။

အိုဘားမားကို ကျူးဘားသမ္မတ ရာအူးလ် ကတ်စ်ထရို ကြိုဆိုနှုတ်ဆက်


ကျူးဘားနိုင်ငံကို တရားဝင် အလည်အပတ် သွားရောက်နေတဲ့ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားကို ကျူးဘားသမ္မတ ရာအူးလ် ကတ်စ်ထရိုက မြို့တော် ဟာဗားနားမှာ မတ် ၂၁ ရက်နေ့က ကြိုဆိုနှုတ်ဆက်ပါတယ်။ သမ္မတ ၂ ဦးကြား ၄ ကြိမ်မြောက်နဲ့ သမိုင်းဝင် ဆွေးနွေးပွဲတွေကိုလည်း ကျင်းပပါတယ်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အဖြစ် သတင်းထွက်နေသူ ဒေါက်တာ ဦးကျော်ဝင်း၏ ကိုယ်ရေးအကျဉ်း ဧည့်စာရင်းတိုင်ကြားခြင်းကို ပယ်ဖျက်သည့် ဥပဒေကြမ်း လွှတ်တော်တွင် ဖြန့်ဝေ


အင်္ဂလိပ်အစိုးရလက်ထက်ကနေ အခုတိုင်အောင် ကျင့်သုံးနေတဲ့ ဧည့်စာရင်း တိုင်တာကို ပယ်ဖျက်တဲ့ ဥပဒေကြမ်းကို ဒီနေ့ မတ်လ ၂၁ ရက်နေ့က အမျိုး လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြန့်ဝေလိုက်ပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအဖြစ် သတင်းထွက်နေသူ ဒေါက်တာသန်းမြင့်၏ ကိုယ်ရေးအကျဉ်း


ဒေါက်တာသန်းမြင့်သည် NLD ပါတီမှ လှိုင်သာယာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး သမ္မတ ဦးထင်ကျော်က လွှတ်တော်သို့ တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီးစာရင်းတွင် ပါဝင်လာသူဖြစ်သည်။

တိုင်းရင်းသားရေးရာဝန်ကြီး အဖြစ် သတင်းထွက်သူ နိုင်သက်လွင်၏ ကိုယ်ရေးအကျဉ်း


နိုင်သက်လွင်သည် သမ္မတဦးထင်ကျော် တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီး အမည်စာရင်းတွင် ပါဝင်လာပြီး တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဟု နာမည်စာရင်း ထွက်ပေါ်လာသည်။ သူသည် အသက် ၇၆ နှစ်ရှိနေပြီဖြစ်သည်။

My Blog List