Monday, July 01, 2013

ဖက်ဒရယ်မူနှင့်တိုင်းရင်းသားတို့၏အမြင်ကိုရခိုင်ဒီမိုကရေစီအဖွဲ့ချပ်မှဦးဆောင်ဆွေးနွေး

Monday, July 01, 2013

ဖက်ဒရယ်မူနှင့်တိုင်းရင်းသားတို့၏အမြင် ဆွေးနွေးခြင်းအား ရခိုင်အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆွေးနွေးပွဲ (၈/၂၀၁၃)တွင် ဦးဆောင်ဆွေးနွေးကြောင်း သိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဖက်ဒရယ် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ မဟုတ်သလို အနှစ်သာရလည်း မဟုတ်တဲ့အတွက် အဲ့ဒီဥပဒေကို ပြင်ဖို့က အရင်လိုအပ်တယ်”ဟု ရခိုင်ဒီမိုကရေဆီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

တပ်သိမ်းလယ် ပြန်ရရေး လယ်ခွန်ပြေစာ ပြနိုင်ရန်သာလို


တပ်မတော်က သိမ်းယူထားသော လယ်ယာမြေများကို ပြန်လည် ရရှိရေးအတွက် တောင်သူလယ်သမားများ အနေဖြင့် လယ်ခွန်ပြေစာသာ ပြသနိုင်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။

“ပြေစာ မရှိလည်း မြေစာရင်းမှာ ဆောင်ထားတဲ့ မူရင်းပြေစာ ရှိရင်ရတယ်။ သက်သေခံ လယ်နီးချင်းလေးဦး ထောက်ခံလည်း ရတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

နိုင်ငံတစ်ဝန်းလုံးတွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့ အသီးသီးက သိမ်းယူထားသော လယ်ယာမြေများကို တပ်မတော်က ဇူလိုင်လ အတွင်း ပြန်လည် ပေးအပ်မည်ဟု သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် လယ်သမားများအကြား လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထားအတွက် ရတက်မအေး ဖြစ်နေချိန်တွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

ပြင်ဦးလွင်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ ၃ ဦးဒဏ်ရာရ

Sunday, June 30, 2013

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)၊ ပြင်ဦးလွင် အားကစားကွင်း မြောက်ဘက်အနီး၊ မန္တလေး-လားရှိုး ကားလမ်းမပေါ်ရပ်ထားတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီးမှာ ဒီကနေ့ မွန်းလွဲ (၁)နာရီခွဲ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒီပေါက်ကွဲမှုကို မျက်မြင်တွေ့ခဲ့ရတဲ့ ပြင်ဦးလွင်မြို့ခံတစ်ဦးက သူတွေ့မြင်တာတွေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောပါတယ်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အကြောင်းပြ၍ ကျောက်မီးသွေးစက်ရုံများ တည်ဆောက်ရန် စီစဉ်နေခြင်းအား ပြန်လည်သုံးသပ်ပေးရန် သမ္မတထံ တင်ပြမည်

Monday, July 01, 2013
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အကြောင်းပြု၍ ကျောက်မီးသွေး စက်ရုံများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက် နေသည်များကို သမ္မတကြီး အနေဖြင့် ပြည်သူများ၏ တင်ပြချက်များကို ထည့်သွင်းစဉ်းစားကာ ဆောက်လုပ်ရန် သင့်၊ မသင့် ပြန်လည်ချင့်ချိန် သုံးသပ်ပေးရန်အတွက် သမ္မတကြီးထံသို့ ပြည်သူများမှ ပန်ကြားလွှာ ပေးပို့သွားမည်ဖြစ်ကြောင်း ဇွန် ၂၉ ရက် ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်သည့် 'သန့်ရှင်းသောလေ' လူထုတွေ့ဆုံပွဲ အခမ်းအနားမှ သိရသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ဇူလိုင် ၁ ရက် (ယနေ့) တွင် စတင်ပို့လွှတ်မည်

Monday, July 01, 2013
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဇူလိုင် ၁ ရက်တွင် စတင်ပို့လွှတ်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
အရှည် ၇၉၃ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူမှစတင်၍ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှ တစ်ဆင့် တရုတ်နိုင်ငံတွင်းသို့ အသီးသီး ၀င်ရောက်မည်ဖြစ်ကြောင်း၊ အဆိုပါပိုက်လိုင်းဖြင့် ကနဦး ကာလပိုင်းတွင် တစ်နှစ်လျှင် ကုဗမီတာ ၅ ဒသမ ၂ ဘီလျံ ပို့ဆောင်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့ဆောင်နိုင်မည်ဖြစ်ပြီး Process Station ခြောက်ခု တည်ဆောက်ထားမည် ဖြစ်ကြောင်းလည်း CNPC မှ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုင်းနယ်စပ်ရှိ ဝတပ်စခန်းများ စာရင်းပေးရန် မြန်မာတပ်မှူး ညွှန်ကြား

သျှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ကူးတံတား တာ့ဆန်းမှ တဆင့် အစိုးရတပ်များက လက် နက်ကြီးအပါအဝင် စစ်ကား ၂၀ စီး အား တောင်ပိုင်း ဝ နယ်သို့ ဂျွန်လ ၂၇ ရက်က ထပ် မံ ပို့ ဆောင် နေသည်ဟု လည်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်မှူး တဦးက ပြောပါ  သည်။

“အခုက ကျနော်တို့ သျှမ်းတပ်နဲ့ အပစ်ရပ်တယ်။ ဆက်ဆံရေးအထူး ကောင်းမွန်နေ တယ်။ ကျနော်တို့ ဥက္ကဌ ကလဲ သမ္မတနဲ့ဆွေးနွေးပြီးလို့ နေပြည်တော်ကနေ ပူပူ နွေးနွေး လေးပဲပြန်ရောက်တယ်။ အခုအခြေအနေမှာ ဝ တပ် နဲ့ စစ်ရေး တနေ့ထက် တနေ့ ပိုတင်းမာလာနေတယ်။ ကျနော်တို့နဲ့ ဝ နဲ့က တိုက်ဖို့လဲ ဖိအား ပေးလာ နိုင်တယ်။ အရင်ကလို  သျှမ်းပြည်သားအချင်းချင်း တိုက်ခိုက်မှုမဖြစ်အောင်တော့ ကျနော်တို့ အထူးရှောင် ရှားရမယ်။ သတိ ဝိရိယ ကြီးကြီးထားသွားရလိမ့်မယ်” – ဟု ဒေသအတွင်း တပ်မှူး ကြီးတဦးကပြောပါသည်။

လက်ရှိတွင်မြန်မာအစိုးရတပ်သည် ဝတပ်များအား တိုက်ခိုက်ဦးမည်မဟုတ်ကြောင်း၊ ဝတပ်များ သွားလာရေး ခက်ခဲအောင်၊  ဝမ်းရေးအတွက်နေထိုင်စားသောက်မှုခက်ခဲအောင် စစ်ရေးအရ ဖိအားပေးခြိမ်းခြောက် ခြင်းသာ ဖြစ်ကြောင်း – အဆိုပါတပ်မှူးက ပြောသည်။

“ဗမာတပ်က မိုင်းဆတ် – တာချီလိတ်ကြား လွယ်ဆမ်ဆုံ(မ်)မှာ ဂိတ်တခုထပ်တိုးချထားတယ်။ ဝ တပ် တွေ လက်နက်ကိုင်ဆောင် သွားလာခွင့်မပေးတော့ဘူး။ ကားပေါ်ပါ ပစ္စည်းလဲ အရမ်းစစ်ဆေးတယ်။ အရေးပါတဲ့ ဝတပ်စခန်းတချို့ကိုလဲ ဆုတ်ခိုင်းတာတွေရှိတယ်။ မိုင်းတုံမြို့တောင်ဘက် ၁၀ မိုင်ကျော် မယ့်ကဲင်း အရှေ့ဘက် မောက်စလီ မှာ ရှိတဲ့ လွယ်ကောင်းမူး ဝ တပ်စခန်းကို အစိုးရတပ် ဆုတ်ခိုင်း နေတယ်။ အဲဒီမှာ ဝ စခန်း နှစ်ခုရှိတယ်။ ဗမာတပ်က အဲဒီနား စခန်းတခု သွားချတယ်။ နှစ်ဘက်ချိန် နေတယ်” – ဟု ဝ တပ် နှင့် အစိုးရတပ်ပါနီးစပ်သည့် ဒေသအတွင်း ရပ်မိရပ်ဖ တဦး ကပြောသည်။

မိုင်းဆတ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းနယ်စပ် တလျှောက်အခြေစိုက် တောင်ပိုင်း ဝ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ၏ တပ်မဟာ ရ၇၂ ၊ ရ၇၅ ၊ ရ၇၈ ၊ ၅၁၈ နှင့် ၂၄၈ ဟူ၍ရှိ၏။ တပ်မဟာ တခုလျှင် ပျှမ်းမျှလူသူ လက်နက်အင်အား ၁,၅၀ဝ ရှိပါက တောင်ပိုင်း ဝ တပ်ဖွဲ့၏ စုစုပေါင်းအင်အားမှာ ၁၅,ဝ၀ဝ ထက်ပိုမည်မဟုတ်ဟု မြန်မာစစ်တပ်အရာရှိများက ခန့်မှန်းထားသည်ဟု ဆိုသည်။

သျှမ်းသံတော်ဆင့်

ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၁၅၊ ၁၆၊ ၃၂၊ ၃၃၊ ၃၈၊ ၄၀၊ ၅၆၊ ၅၇၊ ၅၈၊ ၇၄၊ ၇၆ တို့ဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှုလိုင်စင် ရရှိသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ၀န်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင် နိုင်ကြောင်း သိရ

Monday, July 01, 2013
၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးရန်အတွက် တင်ပြထားသည့် ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၁၅၊ ၁၆၊ ၃၂၊ ၃၃၊ ၃၈၊ ၄၀၊ ၅၆၊ ၅၇၊ ၅၈၊ ၇၄၊ ၇၆ တို့ဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှု လိုင်စင်ရရှိသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်မှုများ ပြုလုပ်နိုင်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောဆိုခဲ့ကြပါသည်။

ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ လုပ်ကိုင်ရန် နော်ဝေနိုင်ငံ Telenor နှင့် ကာတာနိုင်ငံ Qtel (Ooredoo) တို့ကို လုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့ပြီးနောက် ဥပဒေရေးရာ ကျွမ်းကျင်သူများက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အာဆီယံစံနှုန်း ညီခြင်း၊ မညီခြင်းမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ထိခိုက်စရာ မရှိဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြား

Monday, July 01, 2013

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် အာဆီယံစံနှုန်း ညီခြင်း၊ မညီခြင်း ဆိုသည်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးနှင့် သက်ဆိုင်ခြင်း မရှိဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သူ ဦးသိန်းညွန့်က ပြောကြားသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဇွန်၂၉ ရက်က ပြုလုပ်သော စတုတ္ထမဏ္ဍိုင်နှင့် မြန်မာ့ဒီမိုကရေစီ ဟောပြောပွဲတွင် တက်ရောက်လာသူ ပရိသတ်တစ်ဦး၏ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို လက်ခံရမည် ဖြစ်သည့်အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် အာဆီယံစံနှုန်းနှင့် ကိုက်ညီမှု ရှိပါသလားဟူသော မေးခွန်းကို ယင်းကဲ့သို့ ဦးသိန်းညွန့်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်သူများ အနေဖြင့် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်ဆောင်သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား

Monday, July 01, 2013

ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်သူများ အနေနှင့် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်ဆောင်သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဇွန် ၂၈ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီးနောက် သူရဦးရွှေမန်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အစိုးရအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ အနေနှင့် လည်းကောင်း၊ လွှတ်တော်ပိုင်းအနေဖြင့် လည်းကောင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ပါဝင်သူများ အနေဖြင့် စေတနာမှန်ကန်မှု ရှိရန်လိုကြောင်း၊ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်ဆောင်သင့်ကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။

မိုးရာသီအ၀င်တွင် ဒေါနတောင် ပြိုဆင်းမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့

Monday, July 01, 2013

မြ၀တီနယ်စပ် ကုန်သွယ်မှု လမ်းကြောင်း၏ အဓိက အချက်အချာကျပြီး တစ်ခုတည်းသော ကုန်သွယ်လမ်းကြောင်း ဖြစ်သော ဒေါနတောင်ကျော်လမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဒေါနတောင် မြေသားပြိုဆင်းမှု များကြောင့် ဇွန် ၂၅ ရက်က မြ၀တီသို့ သွားရောက်သည့် အတက် ယာဉ်တန်း ပိတ်မိနေခဲ့ကြောင်းလည်း သတင်းရရှိသည်။

အဆိုပါ လမ်းပိတ်ဆို့မှုကြောင့် သက်ဆိုင်ရာ လမ်းရှင်းလင်းရေးအဖွဲ့မှ သွားရောက် ရှင်းလင်းခဲ့ပြီး ဇွန် ၂၅ မွန်းလွဲပိုင်းတွင် ဆိုင်ကယ်နှင့် ကားအချို့ စတင်ဖြတ်သန်း နိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်အတွင်း ဧရာဝတီ ချင်းတွင်း အပါအ၀င် မြစ်ကြီး မြစ်ငယ်များ၌ စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိနိုင်

Monday, July 01, 2013
ဇူလိုင်လအတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် အပါအ၀င် မြစ်ကြီးမြစ်ငယ်များတွင် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။
မိုးလယ်ကာလဖြစ်သည့် ဇူလိုင်လအတွင်း မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်ငယ်များဖြစ်သော ဒုဋ္ဌ၀တီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ သံလွင်မြစ်၊ ပဲခူးမြစ်၊ င၀န်မြစ်တို့တွင် စိုးရိမ်ရေမှတ်များ အထက်သို့ ကျော်လွန်ရောက်ရှိ နိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ လပတ်ဇလဗေဒ ခန့်မှန်းချက် ထုတ်ပြန်မှုအရ သိရသည်။
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သော ဧရာဝတီမြစ်တွင် မြစ်ရေသည် ကသာမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် ဟင်္သာတမြို့တို့တွင် တစ်ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်နိုင်သည်ဟု အဆိုပါ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော်တွင် တစ်နေ့လျှင် အမှိုက်တန် ၁၇၀၀ နီးပါး ထွက်သော်လည်း တန် ၁၅၅၀ နီးပါးသာ သိမ်းနိုင်

Monday, July 01, 2013

ရန်ကုန်မြို့တော်တွင် တစ်နေ့လျှင် အမှိုက်တန် ၁၇၀၀ နီးပါး ထွက်ရှိသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမှိုက်တန် ၁၅၄၉ ဒသမ ၇၃ တန် (၉၁ ဒသမ ၇ ရာခိုင်နှုန်း) ကိုသာ သိမ်းဆည်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

ကျန်သည့် အမှိုက်တန် ၁၄၀ ဒသမ ၂၇ တန် (၈ ဒသမ ၃ ရာခိုင်နှုန်း) ကိုမူ သိမ်းဆည်းနိုင်ခြင်း မရှိကြောင်းနှင့် အဆိုပါ အမှိုက်များမှာ အိမ်နောက်ဖေး လမ်းကြားများနှင့် အခြားနေရာများသို့ ရောက်ရှိသွားခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာပြီး နှစ်စဉ် ဆေးလိပ်အလိပ်ရေ သန်း ၇၀၀၀ ကျော် သုံးစွဲ

Monday, July 01, 2013

မြန်မာနိုင်ငံတွင် ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာပြီး နှစ်စဉ် ဆေးလိပ် အလိပ်ရေ သန်း ၇၀၀၀ကျော် သုံးစွဲနေကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ပံ့ပိုးခြင်း၊ တားမြစ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဖြန့်ဝေခဲ့သည့် အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် စာရင်းများနှင့် သုတေသနများအရ ၁၉၆၀ ခုနှစ် နောက်ပိုင်းကာလတွင် လူအများသိခဲ့သည့် ဒူးယား၊ ခပေါင်းစီးကရက်များ စတင်ထုတ်လုပ်စဉ်က နှစ်စဉ် စီးကရက်အလိပ်ရေ သန်း ၅၀၀ မှ ၁၀၀၀ ၀န်းကျင် ရှိခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေး ပွင့်လင်းလာမှုကြောင့် နှစ်စဉ် စီးကရက် အလိပ်ရေ သန်း ၂၅၀၀ မှ ၃၀၀၀ ကျော် ထုတ်လုပ်လာကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးမြို့များရှိ ပတ်ဝန်းကျင်လေထု အရည်အသွေး ပမာဏမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်နေ

Monday, July 01, 2013
ရန်ကုန်နှင့် မန္တလေးမြို့များရှိ ပတ်ဝန်းကျင်လေထု အရည်အသွေး ပမာဏကို တိုင်းတာခဲ့ရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်နေကြောင်း 'Air Quality Monitoring in Selected Urban Areas in Myanmar' အရ သိရသည်။
အဆိုပါ သုတေသနကို ကျန်းမာရေး ၀န်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ ဓာတုအဆိပ် သုတေသနဌာနနှင့် ရန်ကုန်၊ မန္တလေးတိုင်း ဒေသကြီးရှိ စည်ပင်သာယာရေး ကော်မတီ၊ အမျိုးသား ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မရှင်တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သင်္ကန်းကျွန်းမြို့နယ်တွင် သစ်လုံးတင်ယာဉ်မှ ဘရိတ်ပေါက်ကာယာဉ်(၈)စီးအားတိုက်မိ
Monday, July 01, 2013
Photo: သင်္ကန်းကျွန်းမြို့နယ်တွင် သစ်လုံးတင်ယာဉ်မှ ဘရိတ်ပေါက်ကာယာဉ်(၈)စီးအားတိုက်မိ
Monday, July 01, 2013

၃၀.၆.၂၀၁၃ ရက်နေ့ (၁၆၄၅)အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ လေးထောင့်ကန်လမ်းမရှိ ပြည်ထောင်စု ဂုံးကျော်တံတားအဆင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်
ဘက်မှ သင်္ဃန်းကျွန်း မြို့နယ်ဘက်သို့ ဒဂုံမြို့သစ်(တောင်ပိုင်း)
မြို့နယ်၊ (၂၂)ရပ်ကွက်နေ ယာဉ်မောင်း အေးမင်းဦး
(ဘ)ဦးစိုးလှိုင်၊မောင်းနှင်လာသော ၅ခ/---- နီဆန်းအမျိုးအစား
သစ်လုံးတင်ယာဉ်မှဘရိတ်ပေါက်ကာ ၅င/----Swift
အနက်ရောင်၊ ကက/---- Toyota အဌားယာဉ်အဖြူရောင်၊
BB/---- Toyota ငွေရောင်၊ ၈ဃ/---- လိုက်ထရက်အပြာရောင်၊
BB/---- Probox အဖြူရောင်၊ ၃ဃ/---- SURF ခဲရောင်၊
၎ဂ/---- Toyota ခဲရောင်၊ ၉င/---- SURF မီးခိုးရောင်
စုစုပေါင်းယာဉ် (၈)စီးအား ၀င်ရောက်တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ကက/---- Toyota အဌားယာဉ်ပေါ်ပါ
ဒေါ်အေးအေး၊ (ဘ)ဦးထွန်းရီ၊ လှိုင်သာယာမြို့နယ်နေသူတွင်
ဝဲမျက်စေ့၊ နဖူးနာကျင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်
ဆေးကုသလျက်ရှိပြီး ၄ဂ/---- Toyota ခဲရောင် တွင်လိုက်ပါလာသူ မောင်ဆန်းသစ်မင်းစန်း (၆)နှစ်၊
ဗဟန်းမြို့နယ်နေသူတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ
ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက်
ဆေးကုသ လျက်ရှိပါသည်။

ယာဉ်တိုက်မှုဖြစ်ပွါးခဲ့သည့် သစ်လုံးတင်ယာဉ်မောင်းဖြစ်သူ
အေးမင်းဦး အားသင်္ကန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ) ၁၉/၂၀၁၃၊
ပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

သံတွဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

Monday, July 01, 2013

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယနေ့ ညနေပိုင်းက အကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ဘယ်က စဖြစ်လည်းဆိုတော့ တောင်ကုတ်က မိန်းကလေးတစ်ယောက်ကို သံတွဲ စပယ်လမ်းက မူဆင်နှစ်ဦး ကနေ မုဒိန်းကျင့်လိုက်တယ်ဆိုပြီး သတင်းထွက်ပေါ်လာရာကနေ စဖြစ်တာပါ။ အမျိုးသမီး နာမည်တော့မသိဘူး။ မုဒိန်းကျင့်တယ်လို့ စွပ်စွဲခံရတဲ့ မူဆလင်တစ်ယောက်ကိုတော့ ရဲစခန်းမှာ ဖမ်းမိ ထားပြီး နောက်တယောက်တော့ လွတ်နေသေးတယ်” ဟု သံတွဲမြို့ခံ တစ်ဦးကပြောသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်ခံသည့်သတင်းမှာ ချက်ချင်းပျံ့နှံ့သွားပြီး သံတွဲမြို့တွင် အုပ်စု လိုက် တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။

အရှိန်မထိမ်းနိုင်သောကုန်ကားတစ်စီးလူနေအိမ်အတွင်းသို့ဝင်ရောက်

Monday, July 01, 2013

ယနေ့နံနက် ၄နာရီ အချိန်တွင် လားရှိုးမြို့ရပ်ကွက်(၁၂)၊ နယ်မြေ(၃)၊ ပန့်ဆီဆိုင်အနီး အဝေးပြေးလမ်းမကြီး၌ ကုန်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လူနေအိမ် အဆောက်အဦးတစ်ခုထဲသို့ အရှိန်ပြင်းစွာ ၀င်တိုက်သွားကြောင်းသိရသည်။

မန္တလေးဘက်မှ မူဆယ်ဘက်သို့ ဦးတည်ထွက်လာသော ယာဉ်အမှတ်၇င/၂၀၅၆ အဖြူရောင်(၂၂)ဘီးကုန်တင်တွဲကားသည် ပြောင်းဖူးဆံကုန် အပြည့်တင်ဆောင်လာကာ ပန့်ဓါတ်ဆီဆိုင်အနီး မျက်နှာချင်းဆိုင်မှ အရှိန်ပြင်းစွာမောင်းလာသော ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်ရာ အရှိန်မထိန်းနိုင်ဘဲ ပန့်ဆီဆိုင်ဝန်းရှိ တံတိုင်းကိုဖြတ်တိုက်ပြီး လူနေအိမ်အဆောက်အဦး တစ်လုံးထဲသို့ ၀င်သွားခြင်း ဖြစ်ကြောင်း တွေ့ရှိသူများက ပြောကြသည်။

ကုန်ကားအားဝင်တိုက်သောဆိုင်ကယ်မှ လူနှစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရ

Monday, July 01, 2013

ယမန်နေ့ည ရှစ်နာရီခွဲအချိန်တွင် သီပေါ၊ လားရှိုးအဝေးပြေးလမ်းမကြီး၌ အရှိန်ဖြင့် မောင်းနှင်လာသော ဆိုင်ကယ် တစ်စီးသည် မျက်နှာချင်းဆိုင်မှ ကုန်ကားအား လမ်းကြောင်းမှား၍ ၀င်တိုက်ရာ လူနှစ်ဦးသေဆုံး၍ တစ်ဦး စိုးရိမ်ရ အခြေအနေတွင် ရှိနေကြောင်း လားရှိုးယာဉ်ထိန်း ရဲတပ်ဖွဲ့မှ သိရသည်။

လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာဘက်မှ အဝေးပြေး လမ်းမကြီးအတိုင်း လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသော လူသုံးဦးပါ ဆိုင်တစ်စီးသည် ခိုစံတန်သစ်တောပျိုးဥယျာဉ် အနီး၌ လမ်းကြောင်းမှား၍ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ကုန်ကားအား ၀င်တိုက်ကာ ဆိုင်ကယ်မှာ ကားအောက်သို့ ရောက်သွားပြီး ဆိုင်ကယ်ယာဉ်မောင်း ထွန်းလင်းနှင့် အောင်ပိုင်ဆိုသူမှာ ဒဏ်ရာပြင်းထန် သတိလစ်မေ့မျောသွားကြောင်း၊ ၎င်းတို့နှင့်အတူ ပါလာသော ကိုထက်ဆိုသူမှာ အခင်းဖြစ်ရာ၌ ပွဲခြင်းပြီး သေဆုံးသွားကြောင်း အမှုမှတ်တမ်းအရ သိရသည်။

My Blog List