Friday, January 24, 2020

မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ် ဖြေရှင်းပေးရေး နှင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်


မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်ကို အမြန်ဆုံးဖြေရှင်းပေးရေးနှင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့(ဇန်နဝါရီလ ၂၄ရက်နေ့) ရတနာပုံတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။
မန္တလေးတက္ကသိုလ်မှာဆိုရင် food Cort ကိစ္ဖနှင့်ပတ်သက်ပြီး အဂတိလိုက်စားတာ မြောက်နေပေမယ့် ဆန္ဒထုတ်ဖော်နေတာ ၄ လကြာတဲ့အထိ ဖြေရှင်းပေးတာမရှိတာသေးတယ် ၊ အခြေခံပညာကျောင်းတွေမှာ စာသင်ကာလတိုးမြှင့်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ အခုလိုဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုဘချစ်က ပြောကြားသည်။
ယင်းဆန္ဒထုတ်ဖော်သည့် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဝင်များသည် မန္တလေးတက္ကသိုလ်သပိတ်ကို အမြန်ဆုံး ဖြေရှင်းပေးရေး၊အဂတိလိုက်စားမှုကို ကာကွယ်ပေးသည့် အစိုးရ အလိုမရှိ၊ပညာရေးဗျူရိုကရေစီယန္တရား ချက်ချင်းရပ် စသည့် ကြွေးကြော်သံများဖြင့် ကျောင်းတွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice

No comments:

Post a Comment

My Blog List