Friday, July 17, 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် NLD အား UNA ဖြင့်သာ မဟာမိတ်ဖွဲ့လို


NLD နှင့် တိုင်းရင်းသားပါတီများအကြား ရွေးကောက်ပွဲအတွက် မဟာ မိတ်ပြုလုပ်ရာတွင် CRPP အဖွဲ့ထက် UNA အဖွဲ့ဖြင့်သာ မဟာမိတ်ပြု လိုသည်ဟု ၁၉၉၀ အောင်ပွဲခံ တိုင်းရင်းသားပါတီများ ခေါင်းဆောင်များက NLD ပါတီထံ အကြောင်းကြားထားကြောင်း သိရသည်။

ပူးပေါင်း ဆောင်ရွက်မှုများ လွယ်ကူ ချောမွေ့စေရေး သတင်း အချက် အလက် ပလတ်ဖောင်းတစ်ခု ရှိရန် လိုအပ်ကြောင်း တရုတ်နှင့် ထိုင်း လုပ်ငန်းရှင်များ ဆို


တရုတ်နှင့် ထိုင်းလုပ်ငန်းများအတွက် ရောင်းလိုအား၊ ဝယ်လိုအားတွေကို တစ်ဖက်နှင့်တစ်ဖက်နားလည်နိုင် စေရန်နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို ထိရောက်စေရန် သတင်း အချက်အလက် ထောက်ပံ့ပေးနိုင်မည့် ပလတ်ဖောင်းတစ်ခု အရေးတကြီး လိုအပ်နေကြောင်း တရုတ် လုပ်ငန်းရှင် တစ်ဦးက ဆင်ဟွာ သတင်းဌာန သို့ ပြောသည်။

ဂျပန် အောက်လွှတ်တော်မှ ရှင်ဇိုအာဘေး အစိုးရ၏ လုံခြုံရေး ဥပေဒေ မူကြမ်းအား အတင်းအကျပ် မဲခွဲ ဆုံးဖြတ်ကာ အတည်ပြုခဲ့


ဂျပန် နိုင်ငံ အာဏာရ ပါတီများ ချုပ်ကိုင်ထားသည့် အောက်လွှတ်တော် မျက်နှာစုံညီ အစည်းအဝေး မှ ရှင်ဇိုအာဘေး အစိုးရ မှ တင်သွင်းသည့် လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) အား ဇူလိုင်လ ၁၆ ရက်နေ့က အတင်းအကျပ် မဲခွဲဆုံးဖြတ်စေကာ အတည်ပြုခဲ့သည်။

အချို့ သော ဝန်ကြီးဌာန များနှင့် နိုင်ငံပိုင် စီးပွားရေး အဖွဲ့ အစည်းများ ဝင်ငွေများ ကျဆင်းနေပြီး အခွန် ကင်းလွတ်ခွင့် ပေးခြင်းများ အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ဟုဆို


နိုင်ငံတော် တစ်ခုလုံးအနေဖြင့် ဝင်ငွေရရှိမှု အခြေအနေသည် ၂၀၁၄-၂၀၁၅ ၊ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ်တွင် တိုးတတ် လာသော်လည်း အချို့ သော ဝန်ကြီး ဌာနများနှင့် အချို့ သော နိုင်ငံပိုင် စီးပွားရေး အဖွဲ့ အစည်းများသည် ဝင်ငွေများကျဆင်းနေကြောင်း တွေ့ ရှိရသည်ဟု ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မ တီမှ ဇူလိုင်လ ၁၆ ရက် ပြည်ထောင်စု လွတ်တော်အစည်းအဝေးတွင် တင်သွင်း အစီရင်ခံခဲ့သည်။

‘၀’ နှင့် မိုင်းလားရောက် တရုတ်နိုင်ငံသားများ အစိုးရ ထိန်းချုပ်နယ်မြေသို့ ၀င်မလာရေး သတိပေးချက် ထုတ်ပြန်


တရားဝင်နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်အထောက်ထားများမရှိသည့် '၀' နှင့် မိုင်းလားနယ်မြေရောက် တရုတ်လူမျိုးများအား အစိုးရထိန်းချုပ်နယ်မြေ များဖြစ်သည့် ကျိုင်းတုံ၊ မိုင်းယောင်းစသည့်ဒေသများသို့ ကျွံဝင် လာခြင်း မရှိစေရန် အစိုးရဘက်မှ သတိပေးစာပေးပို့ထားကြောင်း NDAA မိုင်းလား အဖွဲ့တာဝန်ရှိ သူက ပြောဆို သည်။ 

ယူကရိန်းသူပုန်တွေ MH17 ပျက်စီးတွေကြား မွေနှောက်မှုလုပ်ခဲ့


ရုရှားအစိုးရက ကျောထောက်နောက်ခံလုပ်ထားတဲ့ ယူကရိန်းသူပုန်တွေကို MH 17 လေယာဉ် အပျက်အစီး တွေအကြား မွေနှောက်မှု လုပ်ခဲ့တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုထွက်ပေါ်လာပါတယ်။ မလေးရှားပိုင် MH 17 လေယာဉ်ဟာ ယူကရိန်းနိုင်ငံမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ခရီးသည်နဲ့ လေယာဉ် အမှုထမ်း စုစုပေါင်း ၂၉၈ ယောက်စလုံး သေဆုံးခဲ့ရပါတယ်။

မွတ်ဆလင် အမျိုးသမီး ခြုံထည် (ဘူကာ) ကို အကာအကွယ်ယူသည့် ဗုံးခွဲမှုဖြစ်ပြီးနောက် ကင်မရွန်းတွင် ဘူကာဝတ်ဆင်မှု ပိတ်ပင်မည်


ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကင်မရွန်းတွင် မွတ်ဆလင် ဘာသာရေးအရ ဝတ်ဆင်ရသော အမျိုးသမီး ခြုံထည်ဝတ်စုံ (ဘူကာ)ကို အကာအကွယ်ယူလျက် အမျိုးသမီးနှစ်ဦးက ဗုံးခွဲတိုက်ခိုက်သွားခဲ့ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များက ယင်းဒေသတွင် (ဘူကာ) ဆင်မြန်းခြင်းကို ပိတ်ပင်လိုက်ကြောင်း VOA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တပ်မတော်သား အမတ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည့် အချက် ပယ်ဖျက်ရန် ဥပဒေကြမ်းကော်မတီ တင်ပြ


လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် တပ်မတော်သား ကိုယ်စားလှယ်ကို တာဝန်မှ ရုပ်သိမ်းနိုင်သည့်အချက်ကို ပယ်ဖျက်၍ အတည်ပြုသင့်ကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး သို့ တင်ပြပြောဆိုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ရန် ရန်ပုံငွေ ရှာဖွေရာတွင် ဂျက်ဘ်ဘွတ်ရှ်နှင့် ဟီလာရီကလင်တန် ဦးဆောင်


အမေရိကန်ပြည်ထောင်စုတွင် ယခင်သမ္မတများ၏ မိသားစုဝင်များ ဖြစ်ကြသော သမ္မတလောင်းနှစ်ဦးသည် ၂၀၁၆ သမ္မတရွေးပွဲအတွက် ရန်ပုံငွေ ရှာဖွေရာတွင် ထိပ်မှပြေးနေသည်ဟု Associated Press သတင်း တွင် ဖော်ပြသည်။

KNU နဲ့ RCSS ဆွေးနွေး


လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ် မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကြာသပတေးနေ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ကလေးသူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ရှိဟုဆို


မြန်မာနိုင်ငံတွင် ကလေးသူငယ်များကို တပ်သားအဖြစ် ခေါ်ယူစုဆောင်း အသုံးပြုနေသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခုနစ်ဖွဲ့ရှိနေပြီး ၎င်းတို့ကို ပြစ်ဒဏ်ပေးရန် အရေးကြီးကြောင်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ ကလေးသူငယ်နှင့်လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စလိုင်လာဇာရူဂူ အီက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၅ ဦး ဇူလိုင် ၂၂ ရက်တွင်ပြန်လည်လွှဲပေးမည်


မောင်တောမြို့နယ် တောင်ပြို(လက်ဝဲ)စခန်းတွင် ယာယီကယ်ဆယ်ထားသည့် ဘင်္ဂါလီများအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၆၅ ဦးကို ဇူလိုင် ၂၂ ရက်တွင် ပြန်လွှဲရန် စီစဉ်ထားသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်း ရရှိသည်။

လယ်သိမ်းဆည်းခံ တောင်သူများ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံသော်လည်း ကျေနပ်အားရလောက်သည့် အဖြေမရခဲ့ဟုဆို


ဧရာဝတီတိုင်းမှ လယ်သိမ်းဆည်းခံရသည့် တောင်သူတစ်ရာခန့်သည် တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း ခဲ့ကြသော်လည်း ကျေနပ်အားရလောက် သည့် အဖြေများမရရှိခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် တောင်သူ လယ်သမားများထံမှသတင်းရရှိသည်။

တိုက်ပိတ်ခံရသည့် သပိတ်မှောက်ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ဇူလိုင် ၁၆ ရက်တွင် ရုံးထုတ်စစ်ဆေး


သာယာဝတီထောင်အတွင်းသို့ တရားမ၀င်ပစ္စည်း ယူဆောင်ခဲ့၍ တိုက်ပိတ်ခံရသည့် သပိတ်မှောက် ကျောင်းသားများ နှင့် ၀န်းရံပြည်သူများအနက် ခုနစ်ဦးကို ဇူလိုင်၁၆ ရက်တွင် သာယာဝတီမြို့နယ် တွဲဖက်တရားရုံး၌   ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

အနိမ့်ဆုံး လုပ်ခ ၃,၆၀၀ ကျပ်ကို ထောက်ခံကြောင်း ကန်အခြေစိုက် ကုမ္ပဏီများနှင့် နိုင်ငံတကာ အလုပ်သမားကာကွယ်ရေးအဖွဲ့ ထုတ်ပြန်


မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာအဆိုပြုနှုန်းထားကို အမေရိကန်အခြေစိုက်ကုမ္ပဏီများနှင့် နိုင်ငံတကာ အလုပ်သမားကာကွယ်ရေးဆောင် ရွက်နေသည့် Ethical Trading Initiative(ETI) က ထောက်ခံကြောင်း သတင်း ထုတ်ပြန်သည်။

အာဇာနည်နေ့အခမ်းအနားတွင် ဂါရဝပြုမည့် အာဇာနည်မိသားစုဝင် အရေအတွက်ပိုများလာ


(၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဒုတိယသမ္မတနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုများအပါအဝင် ၁၅၀ ဦးခန့် တက်ရောက်ဂါရဝ ပြုမည်ဟု သတင်းရရှိသည်။အဆိုပါ အခမ်းအနားသို့ အစိုးရပိုင်းမှ သမ္မတဦးသိန်းစိန်ကိုယ်စား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးလွှတ်တော်ဥက္ကဋ္ဌများ၊  ပါတီများမှ ကိုယ်စားလှယ်များလည်း ပုံမှန်အတိုင်း တက်ရောက်မည်ဟု အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ကော်မတီအတွင်းရေးမှူး၊ ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသန်းဆွေက ပြောသည်။

ဂရိဘဏ်တွေ ပြန်ဖွင့်ခွင့် ရတော့မည်


ဂရိနိုင်ငံဟာ ဥရောပအိမ်နီးချင်းနိုင်ငံတွေဆီကနေ ကြာသပတေးနေ့က ဘဏ္ဍာငွေ အကူအညီ ရလိုက်တာ ကြောင့် သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်ထားရတဲ့ ဘဏ်တွေ ပြန်ဖွင့်ခွင့်ရတော့မှာဖြစ်ပါတယ်။ဂရိဘဏ်တွေ အတွက် အရေးပေါ် ရန်ပုံငွေကို ဒေါ်လာ ၉၇၈ သန်းအထိ ဥရောပဗဟိုဘဏ် ECB က တိုးမြှင့်ပေးလိုက် တာပါ။ 

ကန်စစ်ဘက်နေရာနှစ်ခု ပစ်ခတ်မှု မရိန်းတပ်သား လေးဦး သေဆုံး


အမေရိကန်တောင်ပိုင်း Tennessee ပြည်နယ်မှာ စစ်ဘက်ဆိုင်ရာနေရာ ၂ ခုမှာ ကြာသာပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း မရိမ်းတပ်ဖွဲ့ဝင် လေးယောက် သေဆုံးသွားခဲ့ပါတယ်။ အဲဒီစစ်ဖက်ဆိုင်ရာ နေရာ ၂ ခုမှာ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ သေနတ်သမားလည်း အခင်းဖြစ်တဲ့နေရာ မှာပဲ သေဆုံးသွား တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ရဲအရာရှိတဦးအပါဝင် တခြားလူတော်တော် များများလည်း ဒဏ်ရာရရှိ သွားတယ်လို့ ပြောပါတယ်။

ယာယီ သက်သေခံ လက်မှတ် ကိုင်ခဲ့သူများ မဲပေးခွင့်ရခြေ နည်း


လာမယ့် ရွေးကောက်ပွဲမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ခဲ့ကြသူတွေ မဲပေးခွင့်ရမှာ မဟုတ် တော့တာကြောင့် ရခိုင်ပြည်နယ် အနောက် ဘက်ခြမ်းက မူဆလင်တွေ အများစု မဲပေးပိုင်ခွင့် ဆုံးရှုံးမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ သိန်းနဲ့ချီတဲ့ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ခဲ့သူတွေ မဲပေးပိုင်ခွင့် ရဖို့ ကတော့ တည်ဆဲ ဥပဒေကြောင်းအရ သာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ် လို့လည်း ရွေးကောက်ပွဲ ကော်မရှင်နဲ့ အစိုးရဘက်က တုန့်ပြန်ပါတယ်။ မသိင်္ဂီထိုက် စုစည်း တင်ပြထားပါတယ်။

ကလေးစစ်သား ပပျောက်ရေး လက်နက်ကိုင်အဖွဲ့ အားလုံး ပူးပေါင်းဖို့လို


မြန်မာနိုင်ငံရဲ့ကလေးစစ်သားစုဆောင်းမှုတွေဟာ အစိုးရစစ်တပ်အပြင် လက်နက်ကိုင် တပ်ဖွဲ့တွေ လည်း ပါဝင်နေတာကြောင့် ကလေးစစ်သား စုဆောင်း အသုံးပြုနေမှု ရပ်တန့် စေရေး ဆောင်ရွက်ချက်တွေမှာ လက်နက်ကိုင်အဖွဲ့ အားလုံးပူးပေါင်းပါဝင်ကြဖို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူ ငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ် လိုင်လာ ဇာရူဂူအီ (Ms. Leila Zerrougui ) က မြန်မာနိုင်ငံခရီးစဉ် အတွင်းပြောဆို တိုက်တွန်းလိုက်ပါတယ်။ အထူးကိုယ်စားလှယ် မစ် လိုင်လာရဲ့မြန် မာနိုင်ငံခရီးစဉ် အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာပါ။

အငြင်းပွားဖွယ် လုံခြုံရေးဥပဒေကြမ်း ဂျပန်လွှတ်တော် အတည်ပြု


ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းရေး မူဝါဒတွေကနေ ခွဲထွက်လာတဲ့ သမိုင်းဝင် ခြေလှမ်း တရပ်အဖြစ် စစ်ဘက်ဆိုင်ရာ လုပ်ငန်း တွေ အပေါ် ကန့်သတ်မှုတွေကို လျှော့ချပေးမယ့် ဥပဒေတရပ်ကို အောက် လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ အကြီးအကျယ် ကန့်ကွက်မှုတွေနဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီတွေက သပိတ်မှောက်တာတွေ ကြုံခဲ့ရ ပေမဲ့လည်း အချေအတင်ဖြစ်စရာ အစီအစဉ်တွေကို ၀န်ကြီးချုပ် Shinzo Abe ရဲ့ အာဏာရပါတီ ထောက်ခံမှုနဲ့ ဒီကနေ့ပဲ အတည်ပြုလိုက်တာပါ။

အီရန်အပေါ် ကုလဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရေး ပိုနီးစပ်


ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အီရန်ရဲ့ နျူကလီယားအစီအစဉ်နဲ့ပတ် သက်တဲ့ နိုင်ငံတကာဒဏ်ခတ်ပိတ် ဆို့မှု အားလုံးကို ရုပ်သိမ်းဖို့ရှိတဲ့ ဆုံးဖြတ်ချက်မူကြမ်းအဆိုကို အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့က ဖြန့်ဝေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအဆိုပြုချက် ကုလသမဂ္ဂက အီရန် အပေါ် စစ်လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ တာကိုတော့ ငါးနှစ်အထိ ဆက်ပြီးရှိနေ မှာဖြစ်ပြီး တာဝေးပစ် ဒုံးလက်နက်တွေအပေါ် ပိတ်ဆို့မှုကတော့ (၈) နှစ် အထိ ဆက်လက်ထားရှိမှာဖြစ်ပါတယ်။

ခြိုးခြံချွေတာရေး အစီအစဉ်သစ် ဂရိလွှတ်တော်အတည်ပြု


ဂရိကြွေးမြီပြဿနာ ကယ်တင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ဖို့ ကြွေးရှင်နိုင်ငံတွေက အပြန်အလှန်အား ဖြင့် တောင်းဆိုတဲ့ တင်းကြပ်တဲ့ ပြုပြင် ပြောင်းလဲရေးအစီစဉ်တွေကိုလက်ခံဖို့ ဂရိပါလီမန်က အတည်ပြုပေး လိုက်ပြီဖြစ်ပါတယ်။ ဂရိစံတော်ချိန် ကြာသပတေးနေ့ စောစောပိုင်းမှာ မဲခွဲဆုံးဖြတ်မှုကို ပြုလုပ်ခဲ့တာပါ။

ရခိုင်မျိုးချစ်ပါတီ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု


ရခိုင်မျိုးချစ်ပါတီအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက် ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ထိုသို့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ကို ၂၀၁၅ ခုနှစ် ဇူလှိုင်လ ၁၅ ရက်၊ ကြေညာချက်အမှတ် ( ၃၆/ ၂၀၁၅) ဖြင့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတ အကြံပေးဟောင်းပါတီ ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယှဉ်ပြိုင်မည်


နိုင်ငံတော်သမ္မတအကြံပေးဟောင်း ဒေါက်တာနေဇင်လတ်ဥက္ကဌအဖြစ် တည်ထောင်ထားသော အမျိုးသား တိုးတက်ရေးပါတီသည် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင် ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီဥက္ကဌ ဒေါက်တာ နေဇင်လတ်က ယနေ့ ဆင်ဟွာသို့ပြောကြားသည်။

Thursday, July 16, 2015

ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် တရားစွဲဆို



တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖယ်ရှားရေး ဦးဆောင်ဆန္ဒပြသောကြောင့် တက္ကသိုလ်ကျောင်းသား ကိုဇေယျာလွင် နှင့် ကိုပိုင်ရဲသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားစွဲဆိုလိုက် ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။ 

စစ်လက်နက် ဝယ်ယူရေးတွင် အမေရိကန်ဒေါ်လာ သန်း ၈၆၀ ဖိုး လာဘ်စားသည့် တောင်ကိုရီးယား စစ်ခေါင်းဆောင်ဟောင်းများ အဖမ်းခံရ



စစ်ရေးအသုံးအဆောင်များ ဝယ်ယူခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်တွင် အကျင့်ပျက်လာဘ်စားခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ရေတပ်ဦးစီးချုပ်ဟောင်းများ အပါအဝင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်ဟောင်းများကို စစ်ဆေးအရေးယူနေပြီ ဖြစ်ကြောင်း ဥပဒေအရာရှိများကို ကိုးကားလျက် VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။

ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် စိုးရိမ်ကြောင်း အမေရိကန်ထုတ်ပြန်



မြန်မာနိုင်ငံတွင် ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး၍ နှစ်ရှည်ထောင် ဒဏ်များ ချမှတ်ခံနေရသည့် သတင်းများအပေါ် စိုးရိမ်မိ ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောကြားသည်။ လူတစ်ဦးတစ်ယောက် ချင်း စီ၏ အခြေခံကျသော ငြိမ်းချမ်းစွာ ထုတ်ဖော်နိုင်ခွင့်နှင့် စုဝေးနိုင်ခွင့် ကို ကျင့်သုံးခြင်းသည် မည်သည့် ဒီမိုကရေစီနိုင်ငံတွင် မဆို အဓိက ကျသကဲ့သို့ လက်ရှိပြုပြင်ပြောင်း လဲမှုဖြစ်စဉ်မှာလည်း အခြေခံကျ ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

တပ်မတော်က အင်အားသုံး နယ်မြေရှင်းလင်းမှုများ ဆက်လုပ်ပါက အာရှလမ်းမကြီး ဖွင့်ပွဲနေ့တွင် တုံ့ပြန်မည်ဟု DKBA ဆို



နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း မရှိဘဲ တပ်မတော်က အင်အားသုံး နယ်မြေ ရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်ပါက အာရှလမ်းမကြီး ဖွင့်ပွဲနေ့တွင် စစ်မျက်နှာဖွင့် တုံ့ပြန်မည်ဖြစ် ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားသည်။

ဖမ်းဆီးခံကျောင်းသားများ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ၀န်းရံသွားမည်



ဖမ်းဆီးခံကျောင်းသားများအနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ၀န်းရံသွားမည်ဖြစ် ကြောင်း မန္တလေး အိုးဘို အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ရတနာပုံ ကျောင်းသားသမဂ်္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေက ရုံးထုတ်စဉ် မီဒီယာများသို့ ပြောကြားခဲ့သည်။

အမေရိကန် သမ္မတဟောင်း ဘုရှ် ချော်လဲ၍ လည်ပင်း အရိုးကျိုး ဒဏ်ရာရရှိ



အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျဘုရှ်(စီနီယာ)သည် နေအိမ်တွင် မတော်တဆချော်လဲရာမှ လည်ချောင်း အရိုး ကျိုးအက်သည့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ မိန်းရှိ ၎င်း၏ နေအိမ်တွင် ဒဏ်ရာရခဲ့သည့် ဘုရှ်ကို ဆေးရုံသို့ တင်ပို့ခဲ့ရပြီး အခြေအနေ တည်ငြိမ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရ အရာရှိက သတင်းထောက် များအား ခပ်တိုတို မှတ်ချက်ပေးသွားခဲ့သည်။ အသက် (၉၁) နှစ်ရှိ ဘုရှ်သည် အမေရိကန်၏ ၄၁ ဦးမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အာရှလမ်းမကြီးပေါ်မှ တိုက်ပွဲများကို တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကေအင်န်ယူတိုက်တွန်း



အာရှလမ်းမကြီး တိုက်ပွဲများကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာဆောင်ရွက်ရန် တပ်မတော် နှင့် ဒီကေဘီအေ နှစ်ဖက်စလုံးကို ကေအင်န်ယူက တောင်းဆိုကြောင်း ဇူလိုင် ၁၅ ရက်တွင် ကြေညာချက် ထုတ် ပြန်သည်။

မန္တလေးတိုင်း အတွင်းရှိ မဲဆန္ဒနယ် အားလုံး NLD ပြိုင်မည်


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ် အားလုံးတွင် NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။မန္တလေးတိုင်း ဒေသကြီး တွင် မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိပြီး အဆိုပါ နေရာများအတွက် ကိုယ်စားလှယ်လောင်း များကိုယခုလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး တိုင်းအဆင့်ရွေးချယ်သွားမည် ဖြစ်သည်။

ဦးအောင်သောင်း ကျန်းမာရေး အခြေအနေကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့



ပြည်ခိုင်ဖြိုးပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းသည် ကျန်းမာရေး အခြေအနေကြောင့် ၂ဝ၁၅ ရွေး ကောက်ပွဲ တွင် ဝင် ရောက် ယှဉ်ပြိုင်ရန် မဖြစ်နိုင် တော့ကြောင်း ၄င်းနှင့် နီးစပ် သူတစ်ဦးက ပြောသည်။ ‘နဂိုကတည်းက သူမပြိုင်ဘူး လို့ ပြောထားတာပဲ။ ကျန်းမာရေး ကလည်း ဖြစ်နေတော့ မပြိုင် လောက်တော့ ဘူး” ဟု ဦးအောင်သောင်းနှင့် ပတ်သက်၍ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး လည်းဖြစ်သည့် ၄င်းကဆိုသည်။

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးညွန့်ရွှေနှင့် တွေ့ဆုံခြင်း



‘ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်လွန်းသူ မဟုတ်သည့်အပြင် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်။’ ထိုစကားစုကို ၂ဝဝ၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအခန်း(၉)၊ ပုဒ်မ-၃၉၁ (က)တွင် ရေးသားထားသည်။  

လှေစီး ဒုက္ခသည် ၁၆၅ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထပ်မံ လွှဲပေးမည်



မြန်မာနိုင်ငံက ကယ်ဆယ်ထားသဖြင့် ရခိုင်ပြည်နယ် မောင်တောဒေသသို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ ရှ် နိုင်ငံသား လှေစီး ဒုက္ခသည် ၅၀၀ ကျော် အနက် ၁၆၅ ဦးကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

“တပ်မတော် မဲရုံပဲဖြစ်ဖြစ် အရပ်ဘက် မဲရုံပဲဖြစ်ဖြစ် ရပိုင်ခွင့်အတူတူပါပဲ”



တိုင်းရင်းသားပြည်နယ်တခုဖြစ်သော မွန်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီ များက ကြိုတင်ပြင်ဆင်နေသကဲ့သို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် အလုပ်များနေပြီဖြစ်ရာ မွန်ပြည်နယ်အခြေ စိုက် ဧရာဝတီသတင်းထောက် ဟေမာနွန်က  မွန်ပြည် နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ အရာရှိ ဒုတိယ ညွှန်ကြားရေး မှူး ဦးဟိဏ်းလင်းထက် ကိုတွေ့ဆုံ မေးမြန်း ထားပါသည်။

၂၀၁၅ ရွေးကောက်ပွဲနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ သမ္မတရာထူး



၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီထဲမှာ သမ္မတရာထူး အတွက် ပါတီ ခေါင်းဆောင် ၂ ဦး ဖြစ်တဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကြား မှာ ပဋိပက္ခ ပြင်းပြင်းထန်ထန် ဖြစ်ပေါ် နေသလို အတိုက်အခံအင်အားကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ဘယ်သူ့ကို သမ္မတလောင်းရွေး ချယ်မလဲ ဆိုတာ စိတ်ဝင်တစားစောင့်ကြည့်နေ ကြပါပြီ။

အပစ်ရပ်စာချုပ်လက်မှတ် ရေးထိုးရေး ရန်ကုန်တွင် ဆွေးနွေးမည်



အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များအကြား တနိုင်ငံလုံးအပစ် အ ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် ရန်ကုန်မြို့တွင် ဇူလိုင်လ ၂၂ ရက်နေ့ တွေ့ဆုံ၍ ညှိနှိုင်းကြရန် ၂ ဖက်တာဝန်ရှိသူများက သဘောတူညီလိုက်ကြ ကြောင်း သတင်း ရရှိသည်။

ကချင်ပြည်နယ်ဝန်ကြီး ချုပ် ရွေးကောက်ပွဲ ၀င်မည်



ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သူဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တနိုင်းမြို့နယ်မဲဆန္ဒနယ်မြေ ၁ ကနေ ပြန်လည်ယှဉ်ပြိုင် မှာ ဖြစ်တယ်လို့ ပြောလိုက် ပါတယ်။ ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဌ လည်းဖြစ်တဲ့ ဦးလဂျွန်ငန်ဆိုင်းကို RFA က ဒီနေ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ အခုလို ပြောလိုက်တာပါ။

ရွေးကောက်ပွဲ ၃ လ နောက် ဆုတ်ပေးဖို့ တောင်သူလယ်သမား ပါတီ တောင်းဆို



၂၀၁၅ ရွေးကောက်ပွဲကို ၃ လ နောက်ဆုတ်ပေးဖို့ မြန်မာနိုင်ငံတောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာပေးပို့တောင်းဆိုလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားခဲ့တဲ့ မဲပေးနိုင်သူ စာရင်းတွေမှာ အမှားအယွင်းတွေ ရှိနေတာ ကြောင့် ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ မနေ့က စာပေးပို့တောင်းဆိုလိုက်တယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဌ ဦးကျော်စွာစိုးက ပြောပါတယ်။

မြန်မာ အိန္ဒိယ ပူးတွဲ ညှိနှိုင်းရေးကော်မရှင် အစည်းအဝေး ပထမဆုံးအကြိမ် ကျင်းပ




မြန်မာနိုင်ငံနဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးဟာ အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံးဦးစားပေးကိစ္စ တစ်ရပ်ဖြစ် သလို၊ အိန္ဒိယအနေနဲ့လည်း မြန်မာ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် အားကိုးထိုက်တဲ့ လက်တွဲဖေါ်နိုင်ငံ အဖြစ် ရှိနေကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ပြောပါတယ်။

၈၈ ခေါင်းဆောင် ကိုကိုကြီး ရွေးကောက်ပွဲဝင်မည်



၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုကိုကြီးဟာ လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ မဲဆန္ဒနယ်မြေနဲ့ ဘယ်ပါတီ ကိုကိုယ်စား ပြု ယှဉ်ပြိုင်မယ်ဆိုတာကို ဒီရက်ပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ပြန်ကြေ ညာ သွားမယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ နေရာအားလုံး အနိုင်ရအောင်ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ရွေးကောက်ပွဲမှာ သူတို့ပါတီအနေ နဲ့ နေရာတိုင်းမှာအနိုင်ရအောင် ကြိုးစားမှာဖြစ်ပြီး အဲ့ဒီလို အနိုင်ရတဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးစား ပေး ကိစ္စတရပ်အဖြစ် ဆက်လက်လုပ်ဆောင်မယ်လို့ ပြောကြားလိုက်ပါတယ်။

အပစ်ရပ်စဲရေး ၂၂ ရက်နေ့ ရန်ကုန်မှာ ဆွေးနွေးမယ်


လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော်မတီတို့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ သဘောတူ လိုက်ကြောင်းသိရပါတယ်။

Wednesday, July 15, 2015

သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲ မဝင်ဆိုသည့်သတင်း မဟုတ်မှန်၊ ဆုံးဖြတ်ပြီးပါက ပြည်သူလူထုကို အသိပေးမည်



ယခုနှစ်အတွင်း ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဝင်ရောက်အရွေး ချယ်ခံမည်မဟုတ်ဟု လတ်တလော ဆုံးဖြတ်ထားခြင်းမရှိဘဲ ဆုံးဖြတ်ပြီးပါက ပြည်သူလူထုကို အသိပေး သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

ကျနော် သမ္မတ မလုပ်ပါဘူး



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလောင်းကို ပါတီဝင် ဖြစ်ရမည်ဟု ပြောဆိုလိုက်ခြင်းကြောင့် ပါတီထဲတွင် စစ်ရေးအမြင်၊ ကာကွယ်ရေးအမြင်နှင့် အတွေ့အကြုံ များစွာရှိသည့် ယခင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရဦးတင်ဦး ကို သမ္မတလောင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အသိုင်းအ၀ိုင်းက ခန့်မှန်းလာ ကြသည်။ ထို့ကြောင့် အများထင်မြင်ယူဆသကဲ့သို့ ဖြစ်နိုင်မည်လားဆိုသည်ကို NLD နာယက သူရဦးတင်ဦးကို ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော် က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

ဒေါနတောင်တန်း ဘယ်တော့ငြိမ်းချမ်းမလဲ



အစိုးရတပ်မတော်က ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေကို “အိမ်ကြက်ချင်း အိုးမဲသုပ်ပြီး တိုက်ခိုင်းတယ်” ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောဆို ဝေဖန်နေကြတဲ့ စကားတွေကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက လက်မခံပါဘူး။

ဧရာဝတီတိုင်း ကျောက်မီးသွေးစက်ရုံ စီမံကိန်း ယခုအစိုးရလက်ထက် ဆိုင်းငံ့ထား



ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်း ဒေသ၌ တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံစီမံကိန်းကို လက်ရှိအစိုးရ သက်တမ်းအတွင်း တည်ဆောက်နိုင် မည် မဟုတ်တော့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောဆိုလိုက် သည်။

ဝှိုက်ကတ်အပ်နှံစဉ်က ထုတ်ပေးထားသည့် ပြေစာဖြင့် နိုင်ငံသား လျှောက်၍မရ



ရခိုင်ပြည်နယ်တွင် အဖြူရောင်ကတ်ကို အပ်နှံစဉ်က လက်ခံရရှိကြောင်း လ၀ကမှ ထုတ်ပေးထားသော ပြေစာသည် နိုင်ငံသား ဖြစ်ခြင်းကိုသော် လည်းကောင်း၊ နိုင်ငံတွင် နေထိုင်သူ ဖြစ်ကြောင်းကိုလည်းကောင်း အာမခံ ထားသော စာရွက်မဟုတ်သဖြင့် ပြေစာလက်ခံ ရရှိထားသူများအနေဖြင့် နိုင်ငံသား လျှောက်ထား နိုင်ရန် ထုတ်ပေးသည့် အစိမ်းရောင်ကတ်ကို ကိုင်ဆောင်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် လ၀က ညွှန်မှူး ဦးခင်စိုးက ပြောသည်။

"အနီရောင်"ကို ဖန်တီးတင်ဆက်လိုက်တဲ့ နီနီခင်ဇော်




My Blog List