Friday, January 24, 2020

ဧရာဝတီတံတား(ရတနာပုံ) ပေါ်မှ ခုန်ချသည့် လူငယ်အား ရှာဖွေတွေ့ရှိပြီဖြစ်

No photo description available.No photo description available.
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာပုံ) ပေါ်မှ ခုန်ချခဲ့သော လူငယ်အား ဇန်နဝါရီလ ၂၄ ရက် ၁၁ နာရီအချိန်က တံတားအောက်ခြေတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့(စစ်ကိုင်း) က သိရသည် ။

ဇန်နဝါရီလ ၂၃ ရက် ညနေ ၅ နာရီ မိနစ် ၅၀ ပတ်ဝန်းကျင်အချိန်က ခုန်ချခြင်းဖြစ်ပြီး စစ်ကိုင်း၊ ခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ SERT ကယ်ဆယ်ရေးအဖွဲ့မှ ညပိုင်းအချိန်ထိ ဧရာဝတီမြစ်အတွင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ သော်လည်း ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ကြောင်း သိရသည် ။
“ရုပ်အလောင်းကို ရှာတွေ့ပါပြီ။ ငှားထားတဲ့ ရေငုတ်သမားတွေနဲ့ ရှာကြတာ။ ခုန်ချခဲ့တဲ့ တံတားအောက်ခြေက တွေ့ တာပါ။ ရုပ်အလောင်းကို ဆေးရုံပို့လိုက်ပြီ” ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောသည်။
ဧရာဝတီတံတား(ရတနာပုံ) မန္တလေးဘက်ခြမ်းမှ ခုန်ချခြင်းဖြစ်ပြီး ဆိုင်ကယ်၊ ဖိနပ်၊ ကျောပိုးအိပ်နှင့် ကျောင်းသား ကတ်တို့ကျန်ခဲ့ပြီး ခုန်ချသည့်လူငယ်မှာ ကျောက်ဆည်မြို့ စက်မှုလက်မှုသိပ္ပံ တွင် တက်ရောက်နေသည့် မောင်ရဲဝင့်ကျော်ဖြစ်ကြောင်း သိရသည် ။
Image may contain: one or more people and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: one or more people and people standing

------------------------------------------------------------------------
(Zawgyi)
ဧရာဝတီတံတား(ရတနာပုံ) ပေါ်မှ ခုန်ချသည့် လူငယ်အား ရှာဖွေတွေ့ရှိပြီဖြစ်
ဇန္နဝါရီ ၂၄
နိုင်လင်းဦး

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာပုံ) ပေါ်မှ ခုန်ချခဲ့သော လူငယ်အား ဇန်နဝါရီလ ၂၄ ရက် ၁၁ နာရီအချိန်က တံတားအောက်ခြေတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့(စစ်ကိုင်း) က သိရသည် ။
ဇန်နဝါရီလ ၂၃ ရက် ညနေ ၅ နာရီ မိနစ် ၅၀ ပတ်ဝန်းကျင်အချိန်က ခုန်ချခြင်းဖြစ်ပြီး စစ်ကိုင်း၊ ခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ SERT ကယ်ဆယ်ရေးအဖွဲ့မှ ညပိုင်းအချိန်ထိ ဧရာဝတီမြစ်အတွင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ သော်လည်း ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ကြောင်း သိရသည် ။
“ရုပ်အလောင်းကို ရှာတွေ့ပါပြီ။ ငှားထားတဲ့ ရေငုတ်သမားတွေနဲ့ ရှာကြတာ။ ခုန်ချခဲ့တဲ့ တံတားအောက်ခြေက တွေ့ တာပါ။ ရုပ်အလောင်းကို ဆေးရုံပို့လိုက်ပြီ” ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောသည်။
ဧရာဝတီတံတား(ရတနာပုံ) မန္တလေးဘက်ခြမ်းမှ ခုန်ချခြင်းဖြစ်ပြီး ဆိုင်ကယ်၊ ဖိနပ်၊ ကျောပိုးအိပ်နှင့် ကျောင်းသား ကတ်တို့ကျန်ခဲ့ပြီး ခုန်ချသည့်လူငယ်မှာ ကျောက်ဆည်မြို့ စက်မှုလက်မှုသိပ္ပံ တွင် တက်ရောက်နေသည့် မောင်ရဲဝင့်ကျော်ဖြစ်ကြောင်း သိရသည် ။
#TheFifthWaveNews

No comments:

Post a Comment

My Blog List