Saturday, October 10, 2015

ရွေးကောက်ပွဲ၌ ရုန်းရင်းဆန်ခတ် ဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး


လာမည့် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် ရွေးကောက်ပွဲနေ့တွင် ရုန်းရင်းဆန် ခတ်ဖြစ်ရန် ပြုလုပ်နိုင်သူများစွာ ရှိနိုင်သည့်အတွက် ပြည်သူများ သတိထားကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

ကိုယ်စားလှယ်လောင်းတွေ အကတိကင်းစင်အောင် ဆောင်ရွက်ထား


အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို အများသိအောင်ကြေညာရာမှာ ပိုင်ဆိုင်မှုကို လိမ်လည်လှည့်ဖျားပြီး ပြလို့မရအောင် လုပ်ဆောင်ထားကြောင်းနဲ့ အဲဒီလို ကိုင်တွယ်ထားတဲ့ ပါတီဟာ အန်အယ်လ်ဒီ တစ်ပါတီတည်းသာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကြံ့ခိုင်ရေးမှာ သမ္မတ လုပ်နိုင်သူ များစွာရှိ အချင်းချင်း ရန်ဖြစ်မည်စိုး၍ ထုတ်မပြောဟု ဦးဋ္ဌေးဦးဆို


အဓိက အတိုက်အခံ ပါတီကြီး NLD က သမ္မတလောင်းကို ထုတ်ဖေါ်ပြော ဆိုခြင်းမရှိသေးချိန်၊ သမ္မတ တင်မြှောက်ရန် အကန့်အသတ်များ ဖြစ်နေချိန် တွင် ပြိုင်ဘက် ပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌ ဖြစ်သူ ဦးဋ္ဌေးဦး က သူဦးဆောင်သည့် ပါတီတွင် သမ္မတ လုပ်နိုင်သူ များစွာရှိနေသည်ဟု ပြောဆိုလိုက်သည်။

“အားလုံးပါဝင်ရေး ဆိုတဲ့ဟာကို အစောကြီးကတည်းက ပြောထားတာ မရှိဘူး”


မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ပြုလုပ်နေတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ထိုးရေးကိစ္စမှာ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံက ဝင်ရောက် စွက်ဖက်မှုတွေ ရှိနေတယ်ဆိုပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC)က ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်း အကောင်အထည်ဖော်ရေးဋ္ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောဆိုတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ရာထူးအဆင့် သုံးနှုန်းခြင်း မပြုရန် ညွှန်ကြား


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ရာထူးအဆင့်များကို မီဒီယာများတွင် သုံးနှုန်း ဖော်ပြခြင်း မပြုရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး-ကြည်း(ကကကြည်း)က ဧရာဝတီတိုင်း အစိုးရအဖွဲ့သို့ ညွန်ကြားလိုက်ကြောင်း သတင်း ရရှိသည်။

ဂျာနန် (သို့မဟုတ်) ငြိမ်းချမ်းရေး အကျိုးဆောင် ကချင်အမျိုးသမီးတဦး


လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က သူ့ဖခင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အတွင်း မည်သို့ ပါဝင်ဖြစ်ခဲ့ပုံကို ပြန်ပြောပြနေသည့် ဆရာမဂျာနန်၏ ပြောပြချက်များက စိတ်ဝင်စားစရာ။ဆရာမဂျာနန်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့တဖွဲ့ဖြစ် သည့် ငြိမ်းဖောင်ဒေးရှင်း၏ ညွန်ကြားရေးမှူးဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်မလာရောက်မီ သုံးရက်အလိုတွင် လှည်းကူးလမ်း လယ်ကျွန်းများ၌ ပြည်ခိုင်ဖြိုးအလံများ စိုက်ထူထား


 ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးမလာရောက်မီသုံးရက်အလို ညဥ့်သန်းခေါင် တွင် လှည်းကူးမြို့ လမ်းမတစ် လျှောက် လမ်းလယ်ကျွန်း ရေတမာပင်များ၌ ပြည်ခိုင်ဖြိုး အလံ များ  လာရောက် စိုက်ထူသွား ကြောင်း လှည်းကူးမြို့ခံများက ပြောသည်။

ရွေးကောက်ပွဲ ဝင်ပြိုင်ဦးမယ့် ရသ


 ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်ကြိမ်ရှုံးနိမ့်ထားသည့် ဟစ်ဟော့ပ်အဆိုတော် ရသသည် ၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီပါတီသစ်မှပင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းအနေဖြင့် ထပ်မံ ယှဉ်ပြိုင် မည်ဖြစ်ကြောင်းသတင်း ရရှိသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေးအသုံးစရိတ် အကူအညီပေးရန် ကမ်းလှမ်းမှုများ ရှိနေဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆို


 ရွေးကောက်ပွဲအောင် နိုင်ရေး အသုံးစရိတ်အတွက် အ ကူအညီပေးရန် ကမ်းလှမ်းမှုများ ရှိနေပြီး လိုအပ်ပါက လက်ခံရ ယူမည်ဖြစ်ကြောင်း ပြင်ဦးလွင် မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င် ရောက်ယှဉ်ပြိုင်မည့် လက်ရှိ မန္တလေးတိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးရဲမြင့်က ပြောသည်။

ကိုယ်လိုချင်တဲ့ အစိုးရမျိုးဖြစ်ဖို့ မဲတစ်ပြားကို တန်ဖိုးထားကြပါလို့ အနုပညာရှင်များပြော


နိုဝင်ဘာ ရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးကြီးသည့် အပြောင်းအလဲ တစ်ခုဟု အနုပညာရှင်များက ဆိုကာ စနစ်တကျ မဲပေးကြရန်နှင့် မိမိတို့ လိုလားသည့် အစိုးရကို ဖန်တီးပေးနိုင်မည့် မဲတစ်ပြားကို တန်ဖိုးထားကြရန် အမျိုးသမီး အနုပညာရှင်များက တိုက်တွန်းထားသည်။

အာဇာနည်ကုန်းဗုံးကွဲသကဲ့သို့ အနီရောင်မလွှမ်းစေရန် ပြည်ခိုင်ဖြိုးအား မဲပေးပါဟု ဦးမြငြိမ်း မဲဆွယ်


ရန်ကုန်တိုင်းအတွင်း အာဇာနည်ကုန်းဗုံးကွဲခဲ့စဉ်အချိန်ကဲ့သို့ အနီရောင် မလွှမ်းမိုးအောင် အစိမ်းရောင်ဖြစ်သည့် ခြင်္သေ့တံဆိပ် ပြည်ခိုင်ဖြိုးကို မဲပေးဟု ပြည်ခိုင်ဖြိုးဗဟို အလုပ်အမှုဆောင်လည်းဖြစ်၊ အမျိုးသားလွှတ် တော် ဒုတိယနာယကလည်းဖြစ်သူ ဦးမြငြိမ်းက အောက်တိုဘာ ၁၀ရက်၌ ပြောဆိုမဲဆွယ်စည်းရုံးသည်။

ကြောက်စိတ် အားနာစိတ်ဖြင့် မဲမပေးရန် ဦးတင်ဦး ပြော


နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များအနေနှင့် ကြောက်စိတ် အားနာစိတ် တို့ဖြင့် မဲမပေးမိကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုဥက္ကဋ္ဌ ဦးတင်ဦးက မော်လမြိုင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ပြောကြားသည်။

ဓမ္မစကူးလ် ဘာသာရေးကျောင်းများ ပါတီနိုင်ငံရေးတွင် မပါဝင်ရန် ကြေညာချက် ထုတ်ပြန်


ဧရာဝတီတိုင်း ဟသာင်္တမြို့ ဓမ္မစကူးလ် ဖောင်ဒေးရှင်းမှ ကလေးငယ်များက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်တခုကို ကြိုဆိုမှု ဖြစ်ပွားခဲ့ပြီးနောက် “ဓမ္မစကူးလ်”အမည်ဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် ယင်းဖောင်ဒေးရှင်းက အောက်တိုဘာ ၇ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန်သည်။

မိမိလူမျိုးပါတီကို မဲပေးမည့်သူ ၂၀ ရာခိုင်နှုန်းရှိဟု စစ်တမ်းတစ်ရပ်ဖော်ပြ


ရွေးကောက်ပွဲတွင် မဲ ပေးမည့် နိုင်ငံရေးပါတီများ ရွေး ချယ်ရာတွင် မိမိလူမျိုးပါတီကိုသာ မဲပေးမည်ဟု ဖြေဆိုသူ ၂၀ ရာခိုင် နှုန်းရှိပြီး ယင်းသို့ဖြေဆိုသူအများ စုမှာ ရခိုင်နှင့် မွန်လူမျိုးများဖြစ် ကြောင်း အမျိုးသမီးအဖွဲ့များကွန် ရက် WON က မဲဆန္ဒရှင်များ၏ ရွေးချယ်မှုနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသမီး များ ပါဝင်မှုခေါင်းစဉ်ဖြင့် ကောက် ယူခဲ့သည့် သုတေသနစစ်တမ်း တွင် ဖော်ပြထားသည်။

ပါတီငယ်တွေနဲ့ အလှမ်းဝေးနေတဲ့ ရန်ကုန်မဲဆန္ဒရှင်များ


နိုဝင်ဘာ ရွေးကောက်ပွဲအတွက် သန်း ၃၀ ကျော် ပြည်သူတွေ မဲရုံသွားဖို့ ရက်သတ္တပတ် လေးပတ်သာ လိုတော့တဲ့အချိန်မှာ ရန် ကုန်မြို့မဲဆန္ဒနယ်အများအ ပြားမှာ ၀င်ပြိုင်ကြမယ့် အမတ် လောင်းတွေဟာ အဓိကအခက် အခဲကြီး နှစ်ခုနဲ့ ကြုံတွေ့နေရပါ တယ်။ အဲဒါကတော့ ရွေးကောက် ပွဲကို စိတ်မ၀င်စားသူတွေ မဲပေး ချင်လာအောင် ဆောင်ရွက်ရေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ ၀ိုင်းဝန်းထောက်ခံ နေသူတွေ ကိုယ့်ဘက်ပါအောင် စည်းရုံးရေးတို့ပဲဖြစ်ပါတယ်။

ဖိအားပေး အကြပ်ကိုင်တဲ့နည်း အစိုးရက မသုံးသင့်


NCA အပစ်ရပ်စဲရေး သဘောတူညီချက်  လက်မှတ် မထိုးတဲ့အဖွဲ့တွေကို အရေးမယူဘူးလို့  အစိုးရက ပြောပေမယ့် ကချင်နဲ့ ရှမ်း ပြည်နယ်တို့မှာ အခု အခါ ပြင်းပြင်းထန်ထန် ထိုးစစ်တွေ ဆင်နေတာဟာ အပြောတစ်မျိုး အလုပ်တစ်မျိုး လို့ ယူဆစရာ ဖြစ်နေတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ ဒုတိယ-ဥက္ကဌ နိုင်ဟံသာက  ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းမှာ အစိမ်းရောင်လွှမ်းရမယ်လို့ ပြော


ရန်ကုန်တိုင်းမှာ အနီမလွှမ်းဘဲ အစိမ်းတွေဘဲ လွှမ်းရမယ်၊ အစိမ်းဆိုတာ တိုင်းပြည်ဖွံ့ဖြိုးတာကို ကိုယ်စားပြုပြီး အနီရောင်က အာဇာနည်ဗိမာန် ဗုံးခွဲတာလို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြငြိမ်းက မဲဆွယ်ပွဲမှာ ပြောလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏမြို့ရိုးစေတီမှာ ကျင်းပတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရုံးတဲ့ပွဲမှာ ဦးမြငြိမ်းက ပြောလိုက် တာဖြစ်ပါတယ်။

အပစ်ရပ်လက်မှတ်ထိုးပွဲ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဘူးလို့ NLD ပြော



အောက်တိုဘာ ၁၅ ရက်နေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရတို့ရဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပွဲမှာ အသိသက်သေအဖြစ်ဖိတ်ကြားလာရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ NLD ပါတီက ဒီကနေ့ အတည်ပြုပြောဆိုလိုက်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်ကို ဆက်သွယ်မေးမြန်းရာမှာ လက်မှတ်ထိုးပွဲကို အသိသက်သေအဖြစ်ဖိတ်ကြားရင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာမဟုတ်တဲ့ အကြောင်း ပြောဆိုပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေး အလှူငွေသိန်း ၁၅၀ ခန့် ရရှိပြီဟု ဒေါက်တာညိုညိုသင်း ထုတ်ဖော်ပြောကြား



တရားဝင်မဲဆွယ်ခွင့်ပြု ပြီး တစ်လပြည့်သည့်အချိန်တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ၌ သုံးစွဲရန် အများပြည်သူမဲဆန္ဒရှင်များ၏ လှူဒါန်းငွေကျပ်သိန်းပေါင်း ၁၅၀ ခန့် ရရှိနေပြီဖြစ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ပြောသည်။ ‘‘အခုသိန်း ၁၅၀ လောက်ရှိ နေပြီ။ ကမ်ပိန်းဆင်းရင်းနဲ့ လှူကြ တာများတယ်။ အတိအကျတော့ သေချာတွက်ချက်မှုမပြုရသေးတဲ့ အတွက် ဘယ်နှယောက်က လှူ ထားတယ်ဆိုတာတော့ ပြောလို့ မရသေးဘူး’’ဟု ဗဟန်းမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်အတွက် တစ်သီးပုဂ္ဂလ၀င်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက ပြော သည်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အရ ကျပ်သိန်း ၁၀၀ သာ သုံးစွဲ ခွင့်ရှိသည့်အတွက် ယင်းပမာဏ ထက်ကျော်လွန်သော ငွေကြေး များကို လူမှုရေးလုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများကို ထောင်ဒဏ် ခြောက်လနှင့် ကိုးလစီ ချမှတ်



ရတနာပုံတက္ကသိုလ် အုတ်တံတိုင်းနံရံတွင် အစိုးရကို ဆန့်ကျင်သည့် စာသားများ မှုတ် ဆေးဖြင့် ရေးမှုတ်ခဲ့မှုနှင့် ကျောင်းသားသပိတ်ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့သည့် ကျောင်းသား လေး ဦးအနက် သုံးဦးကို ထောင်ဒဏ် ခြောက်လစီနှင့် တစ်ဦးကို ထောင် ဒဏ်ကိုးလကျခံစေရန် အမရပူရ မြို့နယ်တရားရုံးက အမိန့်ချ မှတ်လိုက်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တရုတ် စွက်ဖက်နေကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူ စွပ်စွဲ



တရုတ်အစိုးရသည် ပြီးခဲ့သည့်သီတင်းပတ်က မြန်မာ အစိုးရ စီစဉ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်ကို နှောင့်နှေးအောင် ကြားဝင် နှောင့်ယှက်ခဲ့ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထိပ် တန်းညှိနှိုင်းရေးမှူး တစ်ဦးက ထုတ်ဖော်စွပ်စွဲခဲ့သည်။တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် ပဋိပက္ခများ အဆုံးသတ်ရန် ဂျပန် နှင့် အနောက်နိုင်ငံများကိုပါ ဖိတ် ခေါ်စောင့်ကြည့်စေမည့် အစီအ စဉ်လည်းဖြစ်သည်။

Friday, October 09, 2015

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် KIA နှင့် SSA မြောက်ပိုင်းအား ထိုးစစ်ဆင်နေမှု ရပ်ဆိုင်းပေးရန် ကျားခေါင်းပါတီ တောင်းဆို


အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှုသောအားဖြင့် ကေအိုင်အေ နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့အား အစိုးရစစ်တပ်မှ ထိုးစစ်ဆင်နေမှုများ ရပ်ဆိုင်းပေးရန်အတွက် ကျားခေါင်းခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါသည်။

ထိုင်းတွင် မြန်မာလုပ်သား ၁၀ဦး အလုပ်ထုတ်ခံရ၍ လုပ်သားတစ်ထောင်နီးပါး ဆန္ဒပြ


ထိုင်းနိုင်ငံ နခေါ်ရတ်စီမာ(ခိုလပ်) ခရိုင်က လမ်ထောင်အမည်ရ ကြက်သားစက်ရုံတစ်ရုံတွင် အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၃ဦးကို အလုပ်ပြန်ခန့်ပေးရန် အဆိုပါ စက်ရုံက မြန်မာအလုပ်သမား တစ်ထောင် နီးပါး ဆန္ဒပြနေကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN) မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။

နိုင်ငံလုံးချီ အပစ်ရပ် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အောက်တိုဘာ ၁၂ရက်နေ့တွင် မတရားအသင်းမှ ပယ်ဖျက်မည်


တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို အောက်တိုဘာ ၁၂ရက်နေ့တွင် မတရားအသင်းအဖြစ်မှပယ်ဖျက်ကြောင်းကြေငြာမည်ဟု မြန်မာငြိမ်းချမ်း ရေးစင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

မဲ မထပ်အောင် ကော်မရှင် အစီအစဉ် လုပ်ထား


ကြိုတင်မဲပေးပြီး သူတွေ အနေနဲ့ နောက်တခါ ထပ်မံ မဲမပေးနိုင်အောင် ကြိုတင် မဲပေးသူ နာမည်တွေကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်တွေမှာ ကပ်ထားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ ဒီပြင် ကြိုတင်မဲပေးသူ နာမည်တွေကို ရွေး ကောက်ပွဲကျင်းပချိန်မှာ မဲပေးမယ့် စာရင်းထဲမှာ ဖျက်ထားပြီး ကြိုတင်မဲပေးပြီးကြောင်းတခါထဲရေးသွင်း ထားမယ်လို့လဲပြောပါ တယ်။ 

သတင်းထောက် နဲ့ လယ်သမားတွေ တရားစွဲခံရ


ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် မြစ်ဝရေကြီးကွင်းဒေသက လယ်သမား တွေပိုင်တဲ့ လယ်မြေတွေကို ပြန်ရရေး ကြိုးစားကြတဲ့ တောင်သူတွေနဲ့ လယ်သမားသတင်းကို ရယူခဲ့တဲ့ သတင်းထောက်ကိုလည်း ပုဒ်မ ၄၄၇ ၊ ပုဒ်မ ၄၂၇တို့နဲ့ တရားစွဲဆို ထားပါတယ်။ အောက်တိုဘာလ ၈ရက်နေ့ကတော့ သတင်းထောက် ဘက်က သက်သေအထောက်အထားတွေနဲ့ တင်ပြပေမဲ့ တရားလိုပြရှေ့နေတွေက ပယ်ချခဲ့ပါတယ်။ 

နိုင်ငံရေးတွေ မပြောချင်ဘူး

ရွေးကောက်ပွဲမတိုင်ခင်ဖြန့်မယ့် မေခလာရဲ့ ‘နိုင်ငံရေးတွေမပြောချင်ဘူး’သီချင်း


‘နိုင်ငံရေးတွေမပြောချင်ဘူး’သီချင်းသည် အခြေခံလူတန်း စားများအတွက် ခံစားသီဆိုထား ခြင်းဖြစ်ပြီး ပရိသတ်များက အား ပေးသောကြောင့် ကြိုးစားရကျိုး နပ်ကြောင်း မေခလာကပြောသည်။မေခလာ၏ ‘နိုင်ငံရေးတွေ မပြောချင်ဘူး’သီချင်းသည် မကြာမီဖြန့်ချိရန်ရည်ရွယ်ထားသည့် ၎င်း၏တစ်ကိုယ်တော်အခွေအသစ်မှ သီချင်းတစ်ပုဒ်ဖြစ်ပြီး ယင်းသီချင်းအတွက် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အကြမ်းကို ယခုရက် အတွင်း အွန်လိုင်း၌တင်ပေးခဲ့ရာ ပရိသတ်အားပေးမှုရရှိခဲ့ခြင်းဖြစ် သည်။

စိတ်ဝင်စားဖွယ်ရာကောင်းသော အမတ်လောင်းများ


နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် လွှတ်တော်သုံးရပ်အတွက် နိုင်ငံရေးပါတီ ၉၀ကျော်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၀၀ ၀န်းကျင်စုစုပေါင်း အမတ်လောင်း ၆,၀၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အမတ်လောင်းအားလုံးကို မိတ်ဆက်ပေးရန် အချိန်နှင့်စာမျက်နှာအခက်အခဲကြောင့်မဖြစ်နိုင်၍ အလားအလာရှိပြီး စိတ်ဝင်စားဖွယ်ရာကောင်းသော အမတ်လောင်းအချို့ကို ရွေးချယ်မိတ်ဆက်ပေးလိုက်ပါသည်။

မြိတ်မြို့ ဒီချုပ်မဲဆွယ်ပွဲ သရုပ်ဆောင်ဗေလုဝ ဟောပြော၊ ပရိသတ်အများအပြား အားပေး


မြိတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အောင် နိုင်ရေးအဖွဲ့ ဦးဆောင်၍ မဲဆွယ် စည်းရုံးရေးဆိုင်ရာ စာပေဟော ပြောပွဲတွင် ရုပ်ရှင်သရုပ်ဆောင် ဗေလုဝကို ဖိတ်ကြားပြီး အောက် တိုဘာ ၈ ရက်က ကျင်းပခဲ့ရာ ပရိသတ်အများအပြား တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Pee Mak မင်းသားကို အမှတ်တရ လက်ဆောင်ပေးခဲ့တဲ့ ယွန်းယွန်း


 မြန်မာနိုင်ငံသို့လာ ရောက်သည့် Pee Mak မင်းသား မာရီယိုမော်ယာ (Mario Maurer) အား အမှတ်တရလက်ဆောင် ကိုယ်တိုင်ပေးခွင့်ရခဲ့သောကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ယွန်းယွန်းကပြောသည်။ ‘‘သူက သမီးကြိုက်တဲ့အနု ပညာရှင်တော့ဟုတ်တယ်။ ကြိုက်တာတော့မကြာသေးဘူး။ Pee Mak မှာစတွေ့ဖူးတာ။ ဒါပေမဲ့ အဲဒီမှာတုန်းက မကြိုက်ဘူး။ အရင်တုန်းက ကားအဟောင်း လေး 'A Crazy Little Thing Called Love' ဇာတ်ကားကို ဟို တစ်လောကကြည့်ပြီးကြိုက်သွား တာ’’ဟု၎င်းကပြောသည်။

အစိုးရဖွဲ့နိုင်ရေး အပြတ်အသတ်အနိုင်ရရန် လိုအပ်သဖြင့် တိုင်းရင်းသားဒေသများတွင် ၀င်ပြိုင်ခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


အစိုးရဖွဲ့နိုင်ရန် ရွေး ကောက်ပွဲတွင် ရာခိုင်နှုန်းအများစု ကို ပြတ်ပြတ်သားသားအနိုင်ရရှိရန် လိုအပ်သဖြင့် တိုင်းရင်းသား ဒေသများအပါအ၀င် တစ်နိုင်ငံလုံး၌၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ခိုးဝင် ဘင်္ဂါလီလေးဦးနှင့် တရားမ၀င် လူသယ်ယူသူများအား မင်းပြားမြို့ အနီး ဖမ်းမိ


ခိုးဝင်လာသည့် ဘင်္ဂါလီလေးဦးနှင့် တရားမ၀င် လူသယ်ယူပို့ဆောင်ပေး နေသူ နှစ်ဦးတို့ကို ရခိုင်ပြည်နယ် ၊ မင်းပြားမြို့အနီး ကားတစ်စီးပေါ်တွင် ဖမ်းမိသဖြင့် မင်းပြားမြို့မ ရဲစခန်းတွင် တရားမ၀င် လူသယ်ယူ ပို့ဆောင် မှုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည် ။

၂၀၁၅ အတွက် ဆေးပညာနိုဗယ်ဆုကို တရုတ်အမျိုး သမီး သိပ္ပံပညာရှင် တူယိုယို ရရှိ


သိပ္ပံပညာရပ်ဆိုင်ရာ နိုဘယ်ဆုတစ်ခုရရှိရန် ဆယ်စုနှစ်များစွာ စောင့်ဆိုင်းခဲ့ရသည့် တရုတ်နိုင်ငံတွင် မထင်မရှား သုတေသနပညာရှင်တစ်ဦးက ရှေးဟောင်း တိုင်းရင်းဆေးနည်းတစ်မျိုးမှ ဖော်ထုတ်ထားသည့် ငှက်ဖျား ကုသဆေးဖြင့် ဆေးပညာနိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး တရုတ်နိုင်ငံကို ဂုဏ်တက်စေခဲ့သည် ။

"နိုင်ငံကို ဦးစီးပဲ့ကိုင်ရန်အတွက် သမ္မတ ဖြစ်ရန် မလို" ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


လာမည့်ရွေးကောက်ပွဲမှာ လွတ်လပ်သည့် မြန်မာနိုင်ငံသမိုင်းတွင် အရေးအပါဆုံး ရွေးကောက်ပွဲ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယတူဒေးတီဗီမှ အင်တာဗျူးသူ Karan Thapar အား ပြောကြားခဲ့သည်။
“ဒီနိုင်ငံက ကျွန်မတို့ နိုင်ငံတစ်ခုလုံးရဲ့ အနာဂတ် ။ လာမယ့် မျိုးဆက်တွေရဲ့ အနာဂတ် ကို ပြောင်းလဲမယ့် ရွေးကောက်ပွဲပါ ။ ဒါကြောင့် ကိုယ့်အတွက်သာ မဲပေးတာ မဟုတ်ဘဲ သားသမီးတွေ ၊ မြေးမြစ်တွေအတွက်ပါ မဲပေးနေတာ ဖြစ်တယ်လို့ ပြောချင်ပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

"တကယ်တော့ ရခိုင်တွေလည်း နစ်နာမှုတွေ အများကြီးရှိတဲ့အတွက် ကျွန်မ အဲဒီလို ဝေဖန်ပြစ်တင် ပြောဆိုတာမျိုး မလုပ်နိုင်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မဘသအဖွဲ့မှ အမျိုးသားရေးဝါဒီဘုန်းကြီးများက NLD သည် ဗုဒ္ဓဘာသာကို လုံလောက်စွာ ကာကွယ်စောင့်ရှောက်မှုမရှိဟု ဝေဖန်ပြောကြားလျက် ရှိကြသည် ။ ထိုသို့ ပြောကြားမှုများမှာ စိုးရိမ်ဖွယ်ဖြစ်သော်လည်း အခြေခံ ဥပဒေတွင် ဘာသာရေးနှင့် နိုင်ငံရေး ရောနှောခြင်းမပြုရန် တားမြစ်ထားသဖြင့် ပါတီအနေဖြင့် တုံ့ပြန်ရန် ခက်ခဲသည်ဟု ဒေါ်အောင်ဆန်းစုကြည် က အိန္ဒိယတူဒေးတီဗီမှ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Thursday, October 08, 2015

တပ်မဆုတ်ပေးလျှင် ၀မ်ဟိုင်း ဌာနချုပ်ကို တိုက်မည်ဟု ရလခ တိုင်းဗိုလ်မှူးကြီးတဦး ပြော


ခုရက်ပိုင်းအတွင်းပစ်ခတ်မှုတွေ ပြန်ဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ကျေးသီး မြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ (အက်စ်အက်စ်ပီပီ/ အက်စ်အက်စ်အေ-အန်) ကို တပ်ဆုတ်ခွာသွားဖို့ အစိုးရတပ်က ညွှန်ကြား ထားပြီး ဆုတ်မပေးပါက ၀မ်ဟိုင်းဌာနချုပ်ကို ၀င်တိုက်မယ်လို့  ပြောပါတယ်။

ပြည်သူ့ဘက်သား စစ်စစ်တွေကို မဲပေးကြ၊ စရိုက်ဆိုးများ နောက်အစိုး ပြင်နိုင်စေဟု ဦးအောင်သိန်းလင်း ဆုတောင်း


ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်ခဲ့ပြီး ရန်ကုန်မြို့ မြို့တော်ဝန် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းက မဇ္ဈိမနှင့် တွေ့ဆုံ မေးမြန်းမှုတွင် သူကိုယ်တိုင် ပြည်သူ့ဘက်တော်သားဖြစ်ရန် ကြိုးစားနေသည်ဟု ဆိုလိုက်ပြီး ရွေးကောက်ပွဲတွင်လည်း ပြည်သူ့ ဘက် တော်သား စစ်စစ်များကိုသာ ရွေးချယ်မဲပေးကြရန် တိုက်တွန်းထားသည်။

၈၈ ငြိမ်း/ပွင့် မှော်ဘီနှင့် လှိုင်သာယာစက်မှုဇုန်တွင် ဆန္ဒမဲ အသိပညာပေးမည်


၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်း) အနေဖြင့် မှော်ဘီမြို့နယ်နှင့် လှိုင်သာယာ စက်မှုဇုန်များတွင် ဆန္ဒမဲ အသိပညာပေး လုပ်ငန်းများ သွားရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရှိရသည် ။မှော်ဘီမြို့နယ်ရှိ အရပ်ဘက် အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၈ တွင် သွားရောက်ကာ မဲအသိပညာပေးခြင်းကို လုပ်ဆောင်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း)မှ မနီလာသိန်းက ဆိုသည် ။

လာမယ့်သက်တမ်းအတွက် သမ္မတဦးသိန်းစိန် အပိုင်တွက်ထားပြီလား



သမ္မတဦးသိန်းစိန်ဟာ လစဉ်ပြောကြားလေ့ရှိတဲ့ သူ့ရဲ့ မိန့်ခွန်းကို စက်တင်ဘာလ ၆ ရက်နေ့က မြန်မာရုပ်မြင်သံကြားကနေ ပြောကြားခဲ့ပါတယ်။ မိဘပြည်သူများခင်ဗျားလို့ အစချီပြီးပြောကြားလေ့ရှိတဲ့ ဦးသိန်းစိန် မိန့်ခွန်းကို နားမထောင်ဖြစ်ခဲ့တာ လအတန်ကြာပြီဖြစ်ပါတယ်။ အပြောကောင်းတယ် လက်တွေ့မှာတော့ ဘာရယ်မှ သိပ်ထူးထူးခြားခြားဖြစ်မလာတော့ စိတ်ဝင်စားမှုနည်းပြီး နားမထောင်ဖြစ်တာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီသည် လယ်သမား၊ အလုပ်သမား အရေးကိစ္စ ဆောင်ရွက် ပေးမှုအများဆုံးပါတီဟု ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား



နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းကာ RCSSက အပစ်ရပ် စာချုပ်ထိုးမည်ဟုထုတ်ပြန်


သီတဂူကျေးဇူး ကြီးမားလှပါတယ်


ရွှေးကောက်ပွဲနီးလာတာတော့ ဘယ်သူ့ကို မဲပေးမလဲ။ ဘယ်ပါတီကို ထောက်ခံမလဲဆိုပြီး အမြင်အမျိုးမျိုး ကွဲနေကြတယ်။ တချို့တွေက အပြောင်း အလဲအတွက် လူသစ်စနစ်သစ်ကိုသွားနိုင်ဖို့ြီူ ကိုမဲပေးဖို့ ပြောကြတယ်။ အာဏာရ ပြည်ခိုင်ဖြိုးပါတီကလည်း သူတို့သာလျှင် အ ပြောင်းအလဲကို အစပြုခဲ့လို့ သူတို့ပါတီကို မဲ ပေးဖို့ ဟစ်ကြွေးပြန်တယ်။

လုပ်ခလစာ နှင့် အချိန်ပိုကြေးများ မရရှိသောကြောင့် ဗစ်တိုးရီးယား ကုန်တိုက် အလုပ်သမားများ ဆန္ဒပြ


အစိုးရက တရားဝင် သတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခ ၃၆၀၀ ကျပ် နှင့်အချိန်ပိုကြေးများ မရရှိသည့် လှိုင်သာယာမြို့နယ် န၀ဒေးအိမ်ရာအနီး ဗစ်တိုးရီးယား ကုန်တိုက်မှ အလုပ်သမား ၃၀၀ ဝန်းကျင် သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ၎င်းအလုပ်သမား များထံမှ သိရှရသည်။

အာဖဂန်ဆေးရုံတိုက်ခိုက်မှု အိုဘားမား MSF ကို တောင်းပန်


အာဖဂန်နစ္စတန်နိုင်ငံ Kunduz မြို့မှာရှိတဲ့ နိုင်ငံတကာ ပရဟိတ ကျန်းမာ ရေး စောင့်ရှောက်မှု အဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ ဆေးရုံ ကို အမေရိကန်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၂၂ ဦး သေဆုံးသွားခဲ့ရတဲ့ ဖြစ်ရပ်အပေါ် သမ္မတ Barack Obama က တောင်းပန်လိုက်ပါတယ်။

ပြည်ခိုင်ဖြိုးရွေးကောက်ပွဲ မသမာမှု NLD တိုင်တန်း


နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲမပေးရေး စည်းရုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူတဦးကို NLD ပါတီက တိုင်ကြားတာကို ရဲစခန်း က လက်ခံလိုက်ပါတယ်။ 

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ AI တောင်းဆို


နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် တလတိတိ အလိုဖြစ်တဲ့  အောက်တိုဘာလ ၈ ရက်နေ့မှာပဲ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထား တဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ပြည်သူတွေလည်း ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ USAID တိုက်တွန်း


မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ  ပြုပြင် ပြောင်းလဲရေးနဲ့ ဒီမိုကရေစီစနစ် တိုးတက်ရေးအတွက် အရေးကြီးတာ ကြောင့်  ပြည်သူတွေအနေနဲ့လည်း   ရွေးကောက်ပွဲစောင့်ကြည့်အကဲဖြတ်ဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စုဖွံ့ဖြိုးမှုအေဂျင်စီ USAID က ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရအပေါ် မူဆလင်ညွန့်ပေါင်း တရားစွဲမှု အမေရိကန်တုံ့ပြန်


မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ မူဆလင်လူနည်းစုတွေကို ပစ်မှတ်ထားပြီး လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ မူဝါဒ ချမှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ၀န်ကြီးတွေကို  အမေရိကန်ဗဟိုတရားရုံးက ဆင့်ခေါ်နိုင်ဖို့ နယူးယောက်အခြေစိုက် Burma Task Force Coalition နဲ့ Justice for All အဖွဲ့လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် မူဆလင် ၁၉ ဖွဲ့ပါတဲ့ မူဆလင်ညွန့်ပေါင်းအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့က နယူးယောက်မြို့ မှာရှိတဲ့ တောင်ပိုင်းခရိုင် တရားရုံးမှာ လျှောက်လဲချက် တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံတွင်း ရုရှားဒုံကျည်တွေ ပစ်ခတ်


ဆီးရီးယား နိုင်ငံတွင်းက အစ္စလာမ္မစ် အစွန်းရောက် IS တို့ကို Caspian ပင်လယ်တွင်းကနေ စစ်သဘောင်္ ၄ စင်းသုံးပြီး ဒုံးကျည်တွေနဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား နိုင်ငံတွင်း လေကြောင်းတိုက် ခိုက်မှုတွေ ဆင်နွှဲနေတဲ့ ရုရှားက ပြောဆိုလိုက်ပါတယ်။ 

My Blog List