Saturday, October 05, 2013

ကျောက်ကြီး မြေမြုပ်မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူ ၅၀၀ ခန့်အထိ ရှိနေ

Saturday, October 5, 2013
ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ကျောက် ကြီးမြို့နယ်မှာ မြေမြှုပ်မိုင်းဒဏ် အများဆုံးခံရသော ဒေသဖြစ်ပြီး မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူ အနည်းဆုံး ၃၃ဝမှ ၅၀၀ အထိရှိနေကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စစ် တောင်းမြစ်အရှေ့ဘက်ကမ်း၊ အရှေ့ ရိုးမတောင်ခြေနှင့် တောင် ပေါ်ဒေ သဖြစ်သော ကျောက်ကြီး၊ ရွှေကျင်နှင့် ထန်း တပင်မြို့နယ်တို့ ရှိဒေသခံပြည်သူများမှာ မြေမြှုပ် မိုင်းများ၏ဒဏ် ကို ပြင်းထန်စွာခံ စားရကြောင်း၊ အထူးသဖြင့် ကျောက် ကြီးမြို့နယ်မှာ မြေမြှုပ်မိုင်း ဒဏ် ခံရမှုအများဆုံးဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး ကျောက်ကြီးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဆွေဦးက ပြောသည်။

လှိုင်သာယာမြို့နယ်၊ လူသတ်မှုမှ တရားခံများအား (၁၂)နာရီအတွင်းဖမ်းဆီးရမိ

Saturday, October 5, 2013
၎.၁၀.၂၀၁၃ရက်နေ့၀၇၀၀အချိန်လှိုင်သာယာမြို့နယ်၊(၅)ရပ်ကွက်နေဦးတင်သိန်းသည်သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်းကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်းကြားသိရသဖြင့်သွားရောက်ကြည့်ရှုရာKTVဆိုင်၏အခန်းအတွင်း၌သားဖြစ်သူမောင်ဇော်နှင့် ကိုသူတို့အားဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း(ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အမေရိကန် အစိုးရလုပ်ငန်းများ ရပ်နားထားဆဲဖြစ်

Saturday, October 5, 2013
အောက်တိုဘာလ ၃ ရက်နေ့က တရားဝင်ကြေညာချက်အရ အမေရိကန်နိုင်ငံရဲ့  အစိုးရ လုပ်ငန်းများကို ယာယီ ရပ်နား ထားပါတယ်။ ယင်းရပ်နားမှုဟာ အမေရိကန်နိုင်ငံရဲ့  စီးပွားရေးကိုသာမက အမေရိကန်နဲ့ ဆက်စပ် လုပ်ကိုင်နေတဲ့ အခြားနိုင်ငံများကို ထိခိုက်နစ်နာစေကြောင်း သိရပါတယ်။
အကြောင်းအရင်းက ဒီလိုပါ။ သမ္မတအိုဘားမား နဲ့ ဒီမိုကရက်တစ်ပါတီ တို့က ပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု ( Healthcare) ဥပဒေ သစ်တစ်ခုကို အဆိုတင်သွင်းပြီး ဘတ်ဂျက် တောင်းယူမှုအပေါ် ကွန်ဂရက် က ပြန်လည် ပယ်ချခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ရီပတ်ဘလင်ဂန် ပါတီက ငြင်းဆန်နေတဲ့ ကိစ္စ တစ်ခု ဖြစ်ပြီး အစိုးရရဲ့  လုပ်ငန်းအားလုံးကို ယာယီ ရပ်နား သွားစေပါတယ်။ အင်္ဂလိပ်လို Government Shutdown လို့ခေါ်ပြီး မဖြစ် မနေ လည်ပတ်ဖို့ လိုအပ်တဲ့ အစိုး လုပ်ငန်းက လွဲလို့ ကျန်တာအားလံးကို ယာယီ ရပ်နားထားလိုက် ပါတယ်။

ဖုန်းအား အမြန်သွင်းနည်း

Saturday, October 5, 2013
မိုဘိုင်းဖုန်း အားသွင်းဖို့ အတွက် သိပ်အချိန်မရတဲ့ အခါတွေ ကြုံတွေ့ကြဖူး မှာပါ။ အဲ့ဒီအချိန်ကျ အချိန်တိုအတွင်း အားမြန်မြန် ဝင်စေမယ့် နည်းလမ်းကို အသုံးပြု နိုင်ပါတယ်။
အဲဒါကတော့ Flight mode/ Airplane mode သို့ ပြောင်းလိုက်ခြင်း ဖြစ် ပါတယ်။ Airplance mode, Flight mode ပြောင်းလိုက်ခြင်းကြောင့် Background မှာ Run နေတဲ့ Application တွေအားလုံးကို ပိတ်ပေး ပါတယ်။ Bluetooth, Wireless, GPS , Mobile Data အစရှိသဖြင့် ဖုန်းအား အသုံးပြု နေတဲ့ Option အားလုံးကို Flight mode က Off လုပ်ပေးသွား မှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါကျရင် အချိန်တိုအတွင်း အားမြန်မြန် ဝင်တာ ကို တွေ့ ရမှာပါ။ အဲ့လိုမသွင်းခင်မှာလဲ ဖုန်းထဲမှာ Run နေသမျှ App တွေ အားလုံးကို အရင် clear လုပ်ဖို့ လိုပါသေးတယ်။

ဈေးနှုန်းသင့်တင့် အမြင့်ဖုန်း Samsung Galaxy Ace 3

Saturday, October 5, 2013
၂၀၁၃ ခုနှစ် ဇွန်လကတည်းက စတင်ရောင်းချခဲ့တဲ့ Samsung Galaxy Ace 3 က နိုင်ငံစုံ ချက်ချင်း မရောက်ပါဘူ။ မြန်မာပြည်ဈေးကွက်မှာတော့ ရှိနေလောက်ပါပြီ။ Sasmugn Galaxy Ace , Ace Plue, Ace 2 ပြီးတော့ နောက်ဆုံးထွက်ရှိလာတဲ့ dual core processor သုံး 2G smartphone ဖြစ်ပါတယ်။
Galaxy Ace 2 ထပ်တစ်ဆင့်မြင့်တဲ့ ဈေးနှုန်းသင့်တင့် အဆင့်မြင့် စမတ်ဖုန်း ကြိုက်သူ များအတွက် ရွေးချယ်စရာ Galaxy စီးရီးတစ်လုံး ဖြစ်ပါတယ်။ ၄ လက်မ အရွယ် မျက်နှာပြင် 800x480 resolutoin အရည်အသွေး ရှိပြီး Processor က Dual-Core ဖြစ်ပါတယ်။ RAM က 1 GB ပါ။ OS အနေနဲ့ Android 4.2 Jelly Bean ကို အသုံးပြုထားပြီး Samsung ရဲ့  Official Feature အတော်များများ ပါဝင်ပါတယ်။ ဥပမာ Smart stay, S Translator, S Travel, S Voice တို့လို Feature များပါဝင်လာမှု ဖြစ် ပါတယ်။ Internal storage က 8GB ရှိပြီး 5GB အသုံးပြုနိုင်ပါတယ်။ ကဒ် ဆိုက်ချင်သူများအတွက် 64 GB အထိexpend လုပ်ခွင့် ပေးထား ပါတယ်။ 

မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦး ထပ်မံအုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

Saturday, October 5, 2013
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့တွင် အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက အလုပ်မှ ပြန်လာသော မြန်မာ အမျိုးသမီး တစ်ဦးကို လူသုံးဦးက ဖမ်းဆီးပြီး ကားဖြင့်ခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
လျှပ်စစ်ပစ္စည်း စက်ရုံတွင် လုပ်ကိုင်သည့် အဆိုပါ အမျိုးသမီးမှာ အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီကျော်ခန်က အလုပ်မှ ပြန်လာစဉ် လူသုံးဦးက ကားပေါ်တင် ဖမ်းခေါ်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းခေါ်ပြီးနောက် ရေစင်ဟု ယူဆရသည့် စင်မြင့်တစ်ခုတွင် မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး ရေစင်မှ တွန်းချရန် ကြံစဉ်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ ပြောဆိုချက်ကို ကိုးကားက အမည်မဖော်လိုသူ ၎င်းက ဆိုသည်။
“ယောက်ျားနဲ့ ကလေးရှိတယ် မသတ်ပါနဲ့လို့ တောင်းပန်တယ်။ ကံကောင်းတော့ အိတ်ထဲမှာ သူ့အစ်မ ကလေးဓာတ်ပုံ ပါလာတယ်။ အဲဒါကိုပြလို့ သူ့ကို မသတ်ခဲ့တာ” ဟု စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦး က ပြန်လည် ပြောကြားသည်။

စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ စက်သုံးဆီ သိုလှောင်ကန် ပြင်ဆင် တိုးချဲ့လျှင် အရေးယူမည်

Saturday, October 5, 2013
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် ရရှိထားသော ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များသည် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ စက်သုံးဆီ သိုလှောင်ကန်များကို ပြောင်းလဲ ပြင်ဆင်ထားပါက အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စွမ်းအင်ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရယူ၍ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချနေသည့် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များအနက် အချို့အရောင်းဆိုင်များသည် စတင်ခွင့်ပြု ထုတ်ပေးထားသည့် လိုင်စင်ပါ စက်သုံးဆီ သိုလှောင်ကန်၏ ဝင်ဆံ့ဂါလန်၊ ကန်အရေ အတွက်တို့ကို ပြောင်းလဲပြင်ဆင် တိုးချဲ့ဆောက်လုပ်လျက် ရှိကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

နိုဘယ်လ်ဆု လျာထားစာရင်းတွင် သမ္မတ ဦးသိန်းစိန် ပါဝင်

Saturday, October 5, 2013
နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် လျာထားစာရင်းမှာ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း ပါဝင်နေပါတယ်။
နော်ဝေ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက ရွေးချယ်ရမယ့် ဒီနှစ် စာရင်းမှာ လူ ပုဂ္ဂိုလ်အနေနဲ့ ၂၀၉ ဦးပါဝင်ပြီး အဖွဲ့အစည်း ၅၀ ပါဝင်ပါတယ်။
အော်စလို နိုဘယ်လ်သုတေသန အင်စတီကျုရဲ့ ညွှန်ကြားရေးမှူး ခရစ်စတင်း ဘာ့ဂ် ဟာ့ပ်ဗီကန်က သမ္မတ ဦးသိန်းစိန်ဟာ မနှစ်တုန်းက သူ့အကြိုက်ဆုံး စာရင်းထဲမှာ ထိပ်ဆုံးက ပါနေပေမယ့် ဒီနှစ်မှာတော့ မပါတော့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ဆု ရသွားနိုင်တယ်လို့ ပြောပါတယ်။
“မနှစ်တုန်းက သမ္မတ ဦးသိန်းစိန်ကို ထိပ်ဆုံးက ကျနော် လျာထားခဲ့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျနော့် လျာထား စာရင်းထဲမှာ မပါတော့ဘူး။ မြန်မာပြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နှောင့်နှေးနေတာနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့်ပါ။ ဒါပေမယ့် အလားအလာ အကောင်းဆုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုကို ပေးမယ်ဆိုရင်တော့ ဦးသိန်းစိန်လည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်သွားနိုင်ပါတယ်။”

ကျောင်းသုံးဖတ်စာအုပ်ဈေးများ လာမည့် စာသင်နှစ်တွင် ဈေးနှုန်းမြင့်မည်

Saturday, October 5, 2013=
ရန်ကုန် ၊ အောက်တိုဘာ ၄။ ။ ကျောင်းသုံးစာအုပ် ပုံနှိပ်ထုတ်ဝေ ခွင့်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေး လိုက်ပြီဖြစ်သည့်အတွက် လာမည့် စာသင်နှစ်မှစတင်ကာ ကျောင်း သုံးဖတ်စာအုပ်များ ပိုမိုအရည် အသွေးကောင်းမွန်မည်ဖြစ်ပြီး ဈေးနှုန်း ယခုထက်မြင့်လာ မည် ဖြစ်ကြောင်းသိရသည်။
လက်ရှိ ကျောင်းသုံးစာအုပ် များ၏ အရည်အသွေးနိမ့်ကျနေ ခြင်း၊ ဖတ်စာအုပ်အတွက် ရိုက်နှိပ် သည့် ဘတ်ဂျက်ငွေနည်းပါးခြင်း၊ လက်ရှိပုံနှိပ်နေသည့်စက်များ နှစ် ကာလရှည်ကြာပြီး ဟောင်းနွမ်းမှု ကြောင့် ပုံနှိပ်အရည်အသွေးကျ ဆင်းလာခြင်းတို့ကြောင့် ပုဂ္ဂလိက သို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခြင်း ဖြစ်နိုင်ကြောင်း ပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင်များအသိုင်းအဝိုင်းမှ သိရသည်။

အောင်မင်္ဂလာ ဝင်းအတွင်း ယာဉ်လိုင်းထက်ဆိုင်ခန်းများ ပိုများနေ၍ နေရာသစ်ထပ်ပြောင်းရွှေ့ခံရမည်ကို စိုးရိမ်နေ

Saturday, October 5, 2013
အောင်မင်္ဂလာအဝေးပြေးကား ဝင်းအတွင်း ကားလိုင်းခန်းထက် တခြားသောဆိုင်ခန်းအရေအ တွက်မှာ သုံးဆခန့်များနေခြင်း ကြောင့် နေရာထပ်မံပြောင်းရွှေ့ ခြင်းခံရမည်ကို အဝေးပြေးလုပ် ငန်းရှင် များက စိုးရိမ်မှုများ ရှိနေ ကြောင်း သိရသည်။ အဝေးပြေးကားဝင်းအတွင်း ဆိုင်ခန်းပေါင်း ၈ဝဝကျော်ရှိနေ သော်လည်း ကားလိုင်းခန်းအနေ ဖြင့် ၂၄ဝကျော်ရှိနေပြီး တခြား လုပ်ငန်းများလုပ် ကိုင်နေသော ဆိုင်ခန်းအရေအတွက်မှာ ၆၀၂ ခန်း အထိရှိနေခြင်းကြောင့် အ ဝေးပြေးဝင်းများ ကျဉ်းမြောင်းလာ သည်ဟုဆိုကာ မြေနေရာပိုမို ကျယ်ဝန်းသည့် နေရာအသစ်တစ် ခုသို့ ထပ်မံပြောင်းရွှေ့မှုနှင့် ကြုံ တွေ့မည်ကို လုပ်ငန်းရှင်များက စိုး ရိမ်နေသည်ဟု နန်းထိုက်စံအဝေး ပြေး ကား လုပ်ငန်း ရှင် ဦးစိုးသိန်းက ပြောသည်။

မြန်မာ သံဃာတော်များကို ထိုင်းသာသနာရေးရုံးက တောင်းပန်

Saturday, October 5, 2013
ထိုင်းနိုင်ငံမှာ သတင်းသုံးပညာသင်ကြားနေကြတဲ့ မြန်မာသံဃာတော်တွေကို မချေမငံ ပြောဆိုမှုတွေပြုလုပ်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံ ဆိုင်ရာ သာသနာရေးရုံး Office Of National Buddhism ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး နိုင်နုတ်ဖလက် ဘင်ကျဝပ်ထနာနန် (Mr.Nopparat Benjawatananun) က တရားဝင် တောင်းပန်လိုက်ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းမြို့ ဝပ်ထာ့မအိုးကျောင်းမှာ သီတင်းသုံး ပညာသင်ကြားနေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား သံဃာတော်တွေ နေထိုင်ခွင့်ဗီဇာ ရရှိရေးအတွက် ထောက်ခံ ချက်သွားယူတဲ့ မြန်မာသံဃာတော်တပါးကို ထိုင်းသာသနာရေးရုံးရဲ့ အမျိုးသမီး ဝန်ထမ်းတဦးက မချေမငံ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ တာကို တောင်းပန်တာဖြစ်တယ်လို့ သိရပါတယ်။

အော်ရီဒူးနှင့် ရှယ်ရီဘလဲ အမျိုးသမီးများကို မိုဘိုင်းလ် လက်လီ ကိုယ်စားလှယ်အဖြစ် လေ့ကျင့်မည်

Saturday, October 5, 2013
ကာတာ ဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူး (Ooredoo) နှင့် ရှယ်ရီဘလဲ (Cherie Blair) အမျိုးသမီး ဖောင်ဒေးရှင်းတို့သည် မြန်မာနိုင်ငံရှိ အမျိုးသမီးရေးရာ အဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၁၆ ခုနှစ်တွင် မြန် မာအမျိုးသမီး သုံးသောင်းကို အော်ရီဒူး မိုဘိုင်းလ် လက်လီအရောင်း ကိုယ်စားလှယ်များအဖြစ် လေ့ကျင့် သင်ကြားမည် ဖြစ်ကြောင်း အော်ရီဒူးထံမှ သိရသည်။
“အမျိုးသမီး အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေကို မွေးထုတ်ပေးဖို့ ကြိုးစားမှာပါ” ဟု အော်ရီဒူး နာယက H.E. Sheikh Abdullah Bin Mohammed Bin Saud Al Thani က ပြောကြားသည်။

သမ္မတ ဦးသိန်းစိန် မြစ်ကြီးနားမြို့သို့ ပထမဆုံးအကြိမ်အဖြစ် ယနေ့သွားရောက်မည်

Saturday, October 5, 2013
သမ္မတ ဦးသိန်းစိန်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၅ ရက် (ယနေ့) တွင် သွားရောက်မည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ယခုခရီးစဉ်သည် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားပြီး ၎င်း၏ အစိုးရတက်လာပြီး နောက်ပိုင်းတိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးပွဲအတွက် ဆွေးနွေးရန် ရက်ပိုင်းအလိုတွင် ယခုလို သွားရောက်ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်မည့် မြစ်ကြီးနားမြို့ရှိ မဂျွယ်ခန်းမနှင့် ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာမည်ဖြစ်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင်များ၊ မြစ်ကြီးနား မြို့မိမြို့ဖများနှင့်လည်း တွေ့ ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင်များ၊ မြစ်ကြီးနား မြို့မိမြို့ဖများနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

UNFC အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အကြိုညှိနှိုင်း ချက်များကို အစိုးရဘက်က လက်မခံပါက တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုးပွဲ ပျက်ပြယ်ဖွယ်ရှိ

Saturday, October 5, 2013
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏အကြိုညှိနှိုင်းချက်များကိုအစိုးရဘက်ကလက်မခံပါက အောက်တိုဘာလတွင် နေပြည်တော် ၌ ပြုလုပ်ရန်စီစဉ်နေသော တစ်နိုင်ငံလုံးအတိုင်းအတာအရအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ် ရေးထိုးပွဲ ပျက်ပြယ်ဖွယ်ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း အစိုးရဘက်မှ အဆိုပြုထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC အနေဖြင့် တက်ရောက်လက်မှတ်ရေးထိုးမည်မဟုတ်ဟုသတင်းထွက်ပေါ်ခဲ့သည်။ ထိုကိစ္စရပ်နှင့် ပတ်သက် ၍ UNFC သို့ ဆက်သွယ် မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် တက်မည်၊ မတက်မည်ကို ယတိပြတ် ဆုံးဖြတ် ထားခြင်း မရှိသေးဘဲ အစိုးရဘက်သို့ တင်ပြသော အကြိုညှိနှိုင်းချက်များကို အစိုးရဘက်က လက်ခံခြင်း၊ လက်မခံခြင်းနှင့်သာ သက်ဆိုင်မည်ဟု UNFC ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ က The Daily Eleven သို့ ပြောကြားသည်။

သံတွဲ ပဋိပက္ခတွင် ပါဝင်သူ ၁၆ ဦး ဖမ်းဆီး

Saturday, October 5, 2013
နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲမြို့နယ် တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက် သည်ဟုဆိုကာ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ အပါအဝင် ဒေသခံ ၁၆ ဦးကို ဖမ်းဆီးထားကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။ သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌ အပါအဝင် ဒေသခံခြောက်ဦးကို အောက် တိုဘာလ ၂ ရက်နေ့ည ၁၀ နာရီကျော်တွင် ဖမ်းဆီးခဲ့ပြီး မီးရှို့အကြမ်း ဖက်မှုများ ဖြစ်ပွားခဲ့သည့် သဗြုချိုင်ကျေးရွာမှ ဒေသခံငါးဦးကို အောက်တို ဘာလ ၃ ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ နောက်ထပ် ဒေသခံ နှစ်ဦး ကို အောက်တိုဘာလ ၃ ရက်နေ့ည ၉ နာရီနှင့် ၁၁ နာရီ ဝန်းကျင်တို့တွင် ဖမ်းဆီးခဲ့ကြောင်း ၎င်းကဆိုသည်။

မိခင်နှင့်ကလေး ကျန်းမာရေး ထောက်ပံ့ရန် ကမ်းလှမ်းမှု နှစ်ဆနီးပါးတိုး

Saturday, October 5, 2013
အပြုသဘောဆောင်သော အစိုးရသစ်လက်ထက် ဘက်စုံပြုပြင် ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အလှူရှင်များ နှစ်စဉ် များပြားလာရာ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုများအတွက် လာရောက် ကူညီလိုသော နိုင်ငံတကာ အဖွဲ့အစည်းများ နှစ်ဆနီးပါး တိုးလာကြောင်း ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြားသည်။ ကျန်းမာရေးဝန်ကြီးဌာနသို့ လာရောက် ဆက်သွယ်ထားသော ပြည်ပ မိခင်နှင့်ကလေး ကျန်းမာရေး ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းများတွင် အနောက်နိုင်ငံများက အများဆုံး ပါဝင်ပြီး ရန်ပုံငွေလည်း ပိုများကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။“၂၀၁၂ ခုနှစ်က နိုင်ငံတကာ အဖွဲ့အစည်း ၁၃ ခုဆို အခု ၂၆ လောက်ထိ များလာတယ်။ အများစုက 3MDG နဲ့ ဆက်စပ်ပြီး ပါလာကြတာ” ဟု ဒေါက်တာသိင်္ဂီမြင့်က ဆိုသည်။

Avengers ဇာတ်ကားသစ်တွင် အဲလိဇဘက်သ်အိုလ်ဆန် ပါဝင်လာ

Saturday, October 5, 2013
Avengers နောက်ဆက်တွဲ ဇာတ်ကားတွင် အသစ်ပါဝင်လာမည့် မင်းသမီးအဖြစ် အဲလိဇဘက်သ် အိုလ်ဆန်ကို အတည်ပြု ရွေးချယ် လိုက်ပြီ ဖြစ်သည်။ သိပ္ပံလူစွမ်းကောင်းများကို စုရုံးက ကမ္ဘာဖျက် ရန်သူတော်များကို တိုက်ထုတ်နေသည့် S.H.E.L.D အဖွဲ့ကြီး၏ ဒါရိုက်တာ နစ်ခ်ဖျူရီအဖြစ် သရုပ်ဆောင်သည့် ဆမ်မြူရယ်လ် အယ်လ်ဂျက်ဆန်က အဲလိဇဘက်သ် အနေဖြင့် ယခုဇာတ်ကားသစ်တွင် အဓိကကျသော ဇာတ်ဆောင်နေရာ တစ်ခုကို ရရှိမည်ဟု ပြောကြားခဲ့သည်။ Marvel၏ လူစွမ်းကောင်း ဇာတ်လမ်းကို နှစ်သက်သော ပရိသတ်များ အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်များ ကတည်းက အဲလိဇဘက်သ်သည် Scarlet Witch ဇာတ်ရုပ်တွင် ပါဝင်လာမည်ဟု ခန့်မှန်းနေကြသည်။

နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံခန့်ရှိပြီး ၁၁ ဘီလျံရှိသော ငွေစာရင်းငါးခုနှင့် ဆက်စပ်သက်ဆိုင်ခြင်း မရှိသည့်အပြင် အဆိုပါ ငွေစာရင်းငါးခု အကြောင်းကို မသိရှိဟု ဗဟိုဘဏ်ဥက္ကဋ္ဌ လွှတ်တော်သို့ လာရောက်ရှင်းလင်း

Saturday, October 5, 2013
နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ခန့်သာရှိပြီး ၁၁ ဘီလျံရှိသည့် ငွေစာရင်း ငါးခုနှင့် ဆက်စပ်သက်ဆိုင်ခြင်း မရှိသည့်အပြင် အဆိုပါ ၁၁ ဘီလျံရှိသည့် ငွေစာရင်း ငါးခုအကြောင်းကို မသိရှိဟု ပြည်ထောင်စု လွှတ်တော်၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ရှင်းလင်းပြောကြားသည်။
အောက်တိုဘာ ၄ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်တွင်းပုဂ္ဂလိက သတင်းစာဆောင်းပါး တစ်ခုတွင် ပါရှိခဲ့သည့် ''အမေရိကန်ဒေါ်လာ ၁၁ ဘီလျံထိရှိသော ဘဏ်စာရင်းငါးခုကို နိုင်ငံခြား ဘဏ်များတွင် မြန်မာနိုင်ငံက အပ်နှံထားသည့် အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော် မပေးခဲ့ခြင်း'' ဆိုသည့် အချက်နှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ဥက္ကဋ္ဌက လာရောက်ရှင်းလင်း ခဲ့ခြင်းဖြစ်သည်။

အမေရိကန် အခြေစိုက် Ford ကားကုမ္ပဏီ၏ အရောင်းပြခန်း ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

Saturday, October 5, 2013
အမေရိကန် အခြေစိုက် Ford ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှု စင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာကို အောက်တိုဘာ ၄ ရက်တွင် အမှတ်-၃၊၁၂ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ် တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း Capital Automotive Ltd မှ သိရသည်။ ယခုဖွင့်လှစ်သော Ford ကုမ္ပဏီ၏ S3 စင်တာသည် Ford ကုမ္ပဏီထုတ် ကားသစ်များကို ရောင်းချပေးမည့်အပြင် ရောင်းချထားသော ကားများကိုလည်း ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးမည် ဖြစ်သည်။
Photo: အမေရိကန် အခြေစိုက် Ford ကားကုမ္ပဏီ၏ အရောင်းပြခန်း ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်
Saturday, October 5, 2013

အမေရိကန် အခြေစိုက် Ford ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှု စင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာကို အောက်တိုဘာ ၄ ရက်တွင် အမှတ်-၃၊၁၂ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း Capital Automotive Ltd မှ သိရသည်။

ယခုဖွင့်လှစ်သော Ford ကုမ္ပဏီ၏ S3 စင်တာသည် Ford ကုမ္ပဏီထုတ် ကားသစ်များကို ရောင်းချပေးမည့်အပြင် ရောင်းချထားသော ကားများကိုလည်း ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးမည် ဖြစ်သည်။

''RMA Group နှင့် Capital Automotive တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှာရှိတဲ့ Customer များကို ကမ္ဘာ့အဆင့် Ford မော်တော်ကားများနှင့် မိတ်ဆက်ပေးရုံ သာမကဘဲ ပြိုင်ဘက်ကင်းတဲ့ ပိုင်ဆိုင်မှု အတွေ့အကြုံကို ပေးအပ်နိုင်မှာ ဖြစ်တဲ့အတွက် အလွန်ပဲ စိတ်လှုပ်ရှား မိပါတယ်'' ဟု Ford Motor Company, Asia Pacific Emerging Market Group ၏ Regional Manager David Westerman က ပြောကြားသည်။

ဝန်ဆောင်မှုနှင့် ပတ်သက်၍ ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများကို အောင်လက်မှတ် ရရှိထားသည့် ကျွမ်းကျင်ပညာရှင်များနှင့် ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး မြန်မာစက်ပြင်ဆရာများ၊ အရောင်းဝန်ထမ်းများနှင့် ၀န်ဆောင်မှုပေးသည့် ၀န်ထမ်းများကိုလည်း လေ့ကျင့်ပျိုးထောင် ပေးမည်ဟု Ford ကုမ္ပဏီက ကတိပြုထားသည်။

Ford ကားကုမ္ပဏီ မြန်မာနိုင်ငံသို့ တရားဝင် စတင်ရောက်ရှိလာသည့် အမေရိကန် အခြေစိုက် မော်တော်ယာဉ် ကုမ္ပဏီဖြစ် ပြီး ပထမဆုံး အလုံးစုံ ၀န်ဆောင်မှုပေးသည့် ကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ယခုဖွင့်လှစ်ထားသော Ford မော်တော်ယာဉ် စင်တာတွင် ဆီဒင်ကားများ၊ ထရပ်ကားများ၊ SUV များကို ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

Ford ကားကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင် အရောင်းကိုယ်စားလှယ် အဖြစ် လုပ်ကိုင်ခွင့် ရထားသော Capital Automotive Ltd သည် Capital Development အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒိုင်းမွန်းစတား ကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီ တစ်ခုဖြစ်သည်။ ဒိုင်းမွန်းစတား ကုမ္ပဏီသည် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး Capital အုပ်စုသည် မြို့ပြဖွံ့ဖြိုး ရေး၊ ဈေးဝယ်စင်တာများနှင့် မော်တော်ယာဉ် တင်သွင်းရောင်းချခြင်း လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက် ရှိသည့်အပြင် ၂၀၁၂ ခုနှစ်တွင် Capital Diamond Star အုပ်စုအဖြစ် ဖွဲ့စည်းထားသည်။

(Ford ကားကုမ္ပဏီ အရောင်းပြခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြင့်ကို))
Eleven Media Group

အမျိုးသမီးများဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) စီမံချက်ကို ဧရိယာ ၁၂ ခု၊ မဟာဗျူဟာ လေးရပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်

Saturday, October 5, 2013
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)မိတ်ဆက် ရှင်းလင်းခြင်းဖွင့်ပွဲ အခမ်းအနားအား အောက်တိုဘာလ ၃ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ''မြန်မာနိုင်ငံဟာအမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်မှာ သဘောတူ လက်မှတ်ရေးထိုး ခဲ့တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။

ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များအတွက် လိုအပ်သည့် နည်းပညာ အကူအညီပေးရန် ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅ သန်းကျော် အသုံးပြုမည်

Saturday, October 5, 2013
မြန်မာနိုင်ငံရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့ အတွက်မှ သင်ရိုးညွှန်းတမ်း အပါအ၀င် လိုအပ်သည့် နည်းပညာ အကူအညီများပေးရန် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅ သန်းကျော် အသုံးပြုမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ဥက္ကဌဖြစ်သူ Dr. Akihiko TANAKA က ပြောကြားသည်။
ယင်းကဲ့သို့ ပူးပေါင်းကူညီရန် အတွက် JICA မှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရှိ သိပံ္ပနှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများမှ အောက်တိုဘာ ၄ ရက်က ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရသည်။

နဂါးမောက်သီး (DRAGON FRUIT)

(ဝစေနိုင်သောကိုလက်စထရော့များကို ခြေဖျတ်လျှော့ချပေးနိုင်)
Photo: နဂါးမောက်သီး (DRAGON FRUIT)
(ဝစေနိုင်သောကိုလက်စထရော့များကို ခြေဖျတ်လျှော့ချပေးနိုင်)

နဂါးမောက်သီး ( Dragon fruit) သည့် သွေးတိုး ရှိသောသူများ ဆီးချိုရှိသောသူများအတွက် စားသင့်သော အသီးနှံများစွာထဲ့မှ အသီးဖြစ်ပါသည် ။

ပင်ကိုယ်အသီး၏အစွမ်းမှာ သွေးအတွင်းရှိသကြားဓာတ်ကို လျော့ချနိုင်စွမ်းရှိသည့်အပြင် ကင်ဆာဖြစ်စေနိုင်ခြင်းကိုလည်း ကာကွယ်မှု့ ပေးသောအသီးလည်း ဖြစ်ပါသည် ။

အဆီအဆိမ့်များသောအစားသောက်များများ စားမိပါက ဌင်းအသီးကိုစားပေးခြင်းဖြင့်ဝစေနိုင်သောကိုလက်စထရော့များကို ခြေဖျတ်လျှော့ချပေးနိုင်သဖြင့် ဝခြင်းကို ကာကွယ်နိုင်ပါတယ် ။

အသားအရည်ခြောက်နေသူများ၊အသားရည်လှပလိုသူများအတွက် အရည်ရွှမ်းသောအသီးဖြစ်သောကြောင်း အသားအရေကို စိုပြေချောမွတ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်များလည်း စားသုံးသင့်သည် ။

အရိုးအသွားများကို ခိုင်မာစေသည့်အပြင် ဦးနှောက်မှတ်သားမှု့ ကို အားကောင်းစေပါတယ် ။

သွေးတိုးသမား ၊ ဆီးချိုသမား ၊ နလန်ထ လူမမာများ
စားသုံးသင့်သည်အပြင်အသီးအနှံများစွာထဲ့မှလူနှင့်တည့်သည့်အတွက်စားသုံးသင့်သော နဂါးမောက်သီးပင်ဖြစ်ပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ
နှင်းဆီဖူးလေးများ-Love BUDS 
 နဂါးမောက်သီး( Dragon fruit)သည့် သွေးတိုးရှိသောသူများ ဆီးချိုရှိသောသူများအတွက် စားသင့်သော အသီးနှံများစွာထဲ့မှ အသီးဖြစ်ပါသည် ။ပင်ကိုယ်အသီး၏အစွမ်းမှာ သွေးအတွင်းရှိသကြားဓာတ် ကို လျော့ ချနိုင်စွမ်းရှိသည့်အပြင် ကင်ဆာဖြစ်စေနိုင်ခြင်းကိုလည်း ကာကွယ်မှု့ ပေးသောအသီးလည်း ဖြစ်ပါသည် ။
အဆီအဆိမ့်များသောအစားသောက်များများ စားမိပါက ဌင်းအသီးကိုစားပေးခြင်းဖြင့်ဝစေနိုင်သောကိုလက် စထရော့ များကို ခြေဖျတ်လျှော့ချပေးနိုင်သဖြင့် ဝခြင်းကို ကာကွယ်နိုင်ပါတယ် ။ အသားအရည်ခြောက်နေ သူများ၊ အသားရည်လှပလိုသူများအတွက် အရည်ရွှမ်းသောအသီးဖြစ်သောကြောင်း အသားအရေကို စိုပြေချောမွတ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်များလည်း စားသုံးသင့်သည် ။
အရိုးအသွားများကို ခိုင်မာစေသည့်အပြင် ဦးနှောက်မှတ်သားမှု့ ကို အားကောင်းစေပါတယ် ။သွေးတိုးသ မား ၊ ဆီးချိုသမား ၊ နလန်ထ လူမမာများစားသုံးသင့်သည်အပြင်အသီးအနှံများ စွာထဲ့မှလူနှင့်တည့်သည့် အတွက်စားသုံးသင့်သော နဂါးမောက်သီးပင်ဖြစ်ပါတော့သည် ။

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား

Saturday, October 5, 2013
ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။
Photo: ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား
Saturday, October 5, 2013

ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။

၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်

မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။

၂။ ဆံပင်သားအတွက်

ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။

၃။ ကိုယ်ခန္ဓာ အတွက်

ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့် ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ ရေပြားနေရာတွေမှာ သက်သာစေပါ တယ်။ Brussels University လေ့လာတွေရှိချက်အရ အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို ပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု ၂၀ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။

၎။ ကျန်းမာရေးအတွက်

ထမင်းရည်ကို သောက်ပေးတဲ့ အလေ့အကျင့်ဟာ အရင်တုန်းက ရှိပေမယ့် အခုတော့ မလုပ်ကြတော့ပါဘူး။ အမှန်တော့ ထမင်းရည်ဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည်တည် ဆောက်ရာမှာ အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါတာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ ကိုယ် အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့် ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။

ပြုလုပ်နည်း

ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည် ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး ခံပြီးရင်တော့သုံးလို့ရပါပြီ။

အိဖြူ(ဆေးဝါးတက္ကသိုလ်)
ကျန်းမာရေးစာတိုများစုစည်းမှု 

ပြိုင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီး တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရ

Saturday, October 5, 2013
ကုန်သည်ကြီးများ ဟိုတယ်အနီး မီးပွိုင့်တွင် ပြိုင်ကားတစ်စီးနှင့် ဘီဘီခွေးဘီလူး အမျိုးစားယာဉ် တစ်စီးတို့ အရှိန်ပြင်းထန်စွာတိုက်မိမှုကြောင့် လူခုနစ်ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနတွင် ဆေးကုသ နေရကြောင်း သိရသည်။

Photo: ပြိုင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီး တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရ
Saturday, October 5, 2013

ကုန်သည်ကြီးများ ဟိုတယ်အနီး မီးပွိုင့်တွင် ပြိုင်ကားတစ်စီးနှင့် ဘီဘီခွေးဘီလူး အမျိုးစားယာဉ် တစ်စီးတို့ အရှိန်ပြင်းထန်စွာ တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနတွင် ဆေးကုသ နေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နံနက် ၄ နာရီ ခွဲခန့်တွင် ဗိုလ်ချုပ်လမ်းမှ လာသော မာဇဒါပြိုင်ကား အမျိုးအစားနှင့် အလံပြ ဘုရားလမ်းမှလာသော ဘီဘီခွေးဘီလူး အမျိုးအစား ယာဉ်တစ်စီးတို့မှာ ကုန်သည်ကြီးများ ဟိုတယ်ထောင့်ရှိ မီးပွိုင့်တွင် ယာဉ်တိုက် တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ကားနှစ်စီးပေါ်ရှိ လူခုနစ်ဦးတို့မှာ ခေါင်းကွဲခြင်း၊ လက်ကျိုး၊ ခြေကျိုးသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် လူသေဆုံးမှု မရှိကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

''စဖြစ်တဲ့ အချိန်က နံနက်အစောပိုင်း ဆိုတော့ ဖြစ်စဉ်အစအဆုံးကို မျက်မြင်ကိုယ်တွေ့ ရှိတဲ့သူ မရှိပါဘူး။ ကျွန်တော်လည်း ''အုန်း''ဆိုပြီး အသံကျယ်ကြီးကြားတော့ ထွက်ကြည့်တဲ့အခါ အခုလိုပဲ မြင်တွေ့ရတာပါ'' ဟု အနီးရှိ တိုက်တစ်ခု၏ လုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောပြခဲ့သည်။

ယင်းသို့ အရှိန်ပြင်းစွာ တိုက်မိမှုကြောင့် လူလေးယောက် စီးနင်းလာသော ဘီဘီခွေးဘီလူး အမျိုးအစားယာဉ်မှာ အနီးရှိ ဓာတ်တိုင်ကို တိုက်မိပြီး ပက်လက်လန်ကာ ကားတစ်စီးလုံး ကြေမွသွားခဲ့ကြောင်း သိရသည်။

အလားတူ လူသုံးယောက် စီးနင်းလာသော မာဇဒါပြိုင်ကား အမျိုးအစားမှာလည်း အင်ဂျင်ဘယ်ဘက်အခြမ်း ပျက်စီးသွားကာ ဘက်အခြမ်းရှိ ကားတာယာမှာ ဆာကူရာတာဝါဘက်သို့ ကျွတ်ထွက်သွားခဲ့ပြီး ယာဉ်မှာ ကုန်သည်ကြီးများ ဟိုတယ်ရှေ့တွင် ရပ်သွားခဲ့ကြောင်း သိရသည်။

''ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ဒဏ်ရာရတဲ့သူ ခုနစ်ဦးက ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိပေမယ့် လူသေဆုံးမှုတွေတော့ မရှိပါဘူး။ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ယာဉ်မောင်းနှစ်ဦး စလုံးကို အမှုဖွင့် စစ်ဆေးနေပါတယ်'' ဟု အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းတွင် ယာဉ်အမှုစစ် ဒုရဲအုပ်အောင်လှိုင်စိုးကThe Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယင်းယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ယာဉ်မောင်းနှစ်ဦးအား ကျောက်တံတား ရဲစခန်းတွင် ယာဉ်အမှုစစ် ဒုရဲအုပ်အောင်လှိုင်စိုးက တရားလို ပြုလုပ်၍ (ပ)၂၉/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Eleven Media Group 

Friday, October 04, 2013

အငှားကား ယာဉ်မောင်းအား ချွန်ထက် ပစ္စည်းဖြင့် ထောက်ကာ ငွေလု ထွက်ပြေး သူလေးဦးအား ညတွင်း ဖမ်းဆီးခဲ့

Friday, October 4, 2013
ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် တွင် ယမန်နေ့ နံနက် ၁ နာရီခွဲခန့် တွင် တက္ကစီ ယာဉ်မောင်းထံမှ ကားငှားစီးသူ လူလေးဦးက ချွန်ထက်သည့် ပစ္စည်းဖြင့် ထောက်ကာ ငွေလု ထွက်ပြေးခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁ နာရီခွဲချိန် ခန့်တွင် ဦးအောင်ဇော်ဦး (၄၅) နှစ် အငှားယာဉ်မောင်း ( တောင်ဥက္ကလာ မြို့နယ် နေသူ ) သည် ၄င်းပိုင် AA- 3787 တိုယိုတာ အဝါရောင် အငှားယာဉ်အား မောင်းနှင်လာစဉ် သင်္ဃန်းကျွန်း မြို့နယ် ၊ ဘီအိုစီ မှတ်တိုင် အနီးအရောက် လူငယ်လေးဦးမှ ကားအားတား၍ ဗဟန်းမြို့နယ် ၊ ဖိုးစိန်လမ်း သို့ ငွေနှစ်ထောင် ကျပ်ဖြင့် ငှားရမ်း သဖြင့် လိုက်လံ ပို့ဆောင် ပေးခဲ့ရာ ဖိုးစိန်လမ်း သို့ရောက်ရှိစဉ် နတ်မောက် လမ်းသွယ် (၁)သို့ လိုက်ပို့ရန် ပြော ဆို သောကြောင့် ဆက်လက် ပို့ပေး ခဲ့ပြီးနောက် နတ်မောက်လမ်းသွယ် (၁)သို့ ရောက်ရှိခဲ့ရာ ကားအား ရပ် ခိုင်းပြီး ကားနောက်ခန်း တွင် ထိုင်နေသော လူငယ်သုံးဦး အနက်တစ်ဦး မှ ယာဉ်မောင်း ဦးအောင်ဇော်ဦး ၏ ပါးစပ်အားလက်ဖြင့် ပိတ်၍ တစ်ဦးမှ ချွန်ထက်သော အရာဖြင့် လည်ပင်း ထောက်ကာ ကျန်တစ်ဦးမှ လက်သီးဖြင့် ထိုးပြီး '' မအော်နဲ့ အော်ရင် သတ်ပစ်မယ် '' ဟု ပြောဆို၍ ကားအား မီးပိတ် စက်ရပ် ခိုင်းပြီး ရှေ့ခန်းတွင် ထိုင်နေသူမှ ဦးအောင်ဇော်ဦး ၏ အင်္ကျီအိတ်ကပ် အတွင်းမှ ငွေနှစ်သောင်း အား ယူဆောင်၍ ကားပေါ်မှ ဆင်းပြေး သွားခဲ့ ကြကြောင်း သိရသည်။

လမ်းကျပ်မှုနှင့် အခြားအခြေခံလိုအပ်ချက်များကြောင့် ကပရနှင့် အကျိုးတူဆောင်ရွက်မည့်ကိုရီးယားကုမ္ပဏီ မှစီမံ ကိန်းပယ်ဖျက်

Friday, October 4, 2013
မြို့တွင်း ယာဉ်လမ်းကြောင်းကျပ်တည်းမှုနှင့် အခြားအခြေခံအချက်လိုအပ်ချက်များကြောင့် ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာန(ကပရ)နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းအား တင်ဒါအောင်မြင်ထား သည့် ကိုရီးယားကားကုမ္ပဏီ Busan Bus မှပယ်ဖျက်လိုက်ကြောင်း ‘ကပရ’ မှသတင်းရရှိ သည်။ ပြည်တွင်း မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြှင့်တင်ရန်အတွက် ပြည် တွင်း၊ ပြည်ပ ကုမ္ပဏီများ တင်ဒါခေါ်ယူမှုတွင်ရန်ကုန်အခြေစိုက် Forever Green Light Co.,Ltd ၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်အခြေစိုက် Busan Bus Co.,Ltd နှင့် မန္တလေးအခြေစိုက်မိုးသောက်နှင်းကုမ္ပဏီလီမိတက်တို့မှ တင်ဒါ အောင်မြင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယင်းကုမ္ပဏီများအနေဖြင့် မော်တော်ယာဉ်ကဏ္ဍ တွင်ရင်းနှီးမြှုပ်နှံ မှု ငွေပမာဏနှင့် အချက်အလက်တင်ပြဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း၊လက်ရှိတွင် ကုမ္ပဏီသုံးခု အနက် တောင်ကိုရီး ယားကုမ္ပဏီ Busan Bus Co.,Ltd မှာ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်း မှုနှင့်အခြားအခြေခံလိုအပ်ချက်အမျိုးမျိုးကြောင့် နုတ်ထွက်မည် ဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ်ပုံများကို ဂုဏ်သိက္ခာမဲ့စေသည့် လုပ်ရပ်များတွင် အသုံးပြုလျှင် ထောင်ဒဏ်တစ်နှစ် ကျခံရမည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြု

Friday, October 4, 2013
အ မျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ပုံကို ဂုဏ်သိက္ခာမဲ့သည့် လုပ်ရပ်များတွင် အသုံး ပြုလျှင် ထောင်ဒဏ်၊ ငွေဒဏ် များချမှတ်နိုင်သည့် ပုဒ်မအား ၁၉၅၄ ခုနှစ် နိုင်ငံတော်အထိမ်း အမှတ်များ (ဆင်ယင်ပြ သမှု ကန့် သတ်ရေး)အက်ဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းတွင် ပြည် သူ့လွှတ်တော် ဥပဒေကြမ်းကော် မတီက အစားထိုးပြင်ဆင်ချက်အ တည်ပြုလိုက်ကြောင်းသိရသည်။
ထိုသို့ အစားထိုးပြင်ဆင် ချက်အား အတည်ပြု လိုက်သည့် ပုဒ်မသည် မူလဥပဒေဖြစ်သည့် ပြစ်ဒဏ်ကျခံခြင်းအခန်း၏ ပုဒ်မ- ၇ ၏ ပုဒ်မခွဲငယ်(ကက)နှင့် (ခခ) တို့ကိုပယ်ဖျက်ခဲ့ပြီး ပုဒ်မခွဲ(ကက) တွင် 'တရားဝင်အသင်းများမှတစ် ပါး အခြား သူများ ဆိုလျှင် ထောင် ဒဏ်တစ်နှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် ၅၀၀၀၀ ထက်မပိုစေရ၊ ထို့ အပြင် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရမည်' ဟုလည်းကောင်း၊ ပုဒ်မခွဲငယ် (ခခ)တွင် 'တရားဝင်အသင်း အ ဖွဲ့ဖြစ်လျှင် ဒဏ်ငွေ ကျပ် တစ်သိန်းထက်မပိုစေရ'ဟုလည်းကောင်း ထောင်ဒဏ် ပါဝင်ခြင်းမရှိဘဲ ဥပ ဒေကြမ်းကော်မတီမှ အစားထိုး ပြင်ဆင်လိုက်ကြောင်းသိရသည်။

ဈေးကောင်းရလျှင် ဆွာရက်ဇ်ကို ရီးယဲလ်ထံ ရောင်းထုတ်ရန် လီဗာပူးလ် စဉ်းစားနေ

Friday, October 4, 2013
လီဗာပူးလ် အနေဖြင့် ဆောင်းရာသီ ဈေးကွက်ဖွင့်ချိန်တွင် လူးဝစ်ဆွာရက်ဇ်ကို ရီးယဲလ်မက်ဒရစ်က ထပ်မံ ချဉ်းကပ်ပါက ရောင်းထုတ်ရန် အသင့်ရှိနေပြီဟု သတင်းများ ထွက်ပေါ်လာသည်။
ရီးယဲလ်သည် နွေရာသီကတည်းက ဥရုဂွေးလက်ရွေးစင်ကို ချိတ်ဆက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂါရတ် သ်ဘေးလ်အား ခေါ်ယူရန်သာ အဓိကလုပ်ဆောင်သွားခဲ့သည်။ အစောပိုင်းက လီဗာပူးလ်အနေဖြင့် ဆွာရက်ဇ်ကိုထိန်းသိမ်းရန်အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့သော်လည်းဒန်နီရယ်လ်စတားရစ်ဂ်ျ ခြေစွမ်းပြနြေ ခင်းကြောင့် အပြောင်းအလဲကို စဉ်းစားနေပြီဟု ဆိုသည်။
Photo: ဈေးကောင်းရလျှင် ဆွာရက်ဇ်ကို ရီးယဲလ်ထံ ရောင်းထုတ်ရန် လီဗာပူးလ် စဉ်းစားနေ
Friday, October 4, 2013

လီဗာပူးလ် အနေဖြင့် ဆောင်းရာသီ ဈေးကွက်ဖွင့်ချိန်တွင် လူးဝစ်ဆွာရက်ဇ်ကို ရီးယဲလ်မက်ဒရစ်က ထပ်မံချဉ်းကပ်ပါက ရောင်းထုတ်ရန် အသင့်ရှိနေပြီဟု သတင်းများ ထွက်ပေါ်လာသည်။

ရီးယဲလ်သည် နွေရာသီ ကတည်းက ဥရုဂွေး လက်ရွေးစင်ကို ချိတ်ဆက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂါရတ်သ်ဘေးလ် အား ခေါ်ယူရန်သာ အဓိက လုပ်ဆောင်သွားခဲ့သည်။ အစောပိုင်းက လီဗာပူးလ် အနေဖြင့် ဆွာရက်ဇ်ကို ထိန်းသိမ်းရန် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သော်လည်း ဒန်နီရယ်လ် စတားရစ်ဂ်ျ ခြေစွမ်းပြနေခြင်းကြောင့် အပြောင်းအလဲကို စဉ်းစားနေပြီဟု ဆိုသည်။ 

ဆွာရက်ဇ်သည် စည်းကမ်းပိုင်းတွင်လည်း ပြဿနာ အများအပြား ရှိခဲ့ဖူးပြီး ၎င်းကြောင့် လီဗာပူးလ်၏ ဂုဏ်သိက္ခာ ညစ်နွမ်းရကြောင်း ဝေဖန်မှုများပါ ကြုံခဲ့ရဖူးသည်။ ယခုအခါ အင်္ဂလန် ကလပ်သည် ဆွာရက်ဇ်အ တွက် ပေါင်စတာလင် (၅၅)သန်းမျှထိ ဈေးပေးပါက ရီးယဲလ်၏ ကမ်းလှမ်းမှုကို လိုက်လျောဖွယ် ရှိနေကြောင်း သိရသည်။ ရီးယဲလ်နည်းပြ ကာလိုအန်ဆလော့တီသည် နွေရာသီ ဈေးကွက်တွင် တိုက်စစ်မြားဦး ကစားသမားတစ်ဦး ခေါ်ယူရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ချေ။ အသင်း၏ အဓိက တိုက်စစ်မှူး ကီရင်ဘန်ဇီးမားသည်လည်း လာလီဂါတွင် (၅)ပွဲဆက် ဂိုးပေါက်ပျောက်နေရာ ဆွာရက်ဇ်ကို ရီးယဲလ်က တစ်ကျော့ပြန် စိတ်ဝင်စားလာမည့် အလားအလာများ ရှိနေဆဲဖြစ်သည်။

Soccer Myanmar 

ဗိုလ်ချုပ်ပုံများကို ဂုဏ်သိက္ခာမဲ့စေသည့် လုပ်ရပ်များတွင် အသုံးပြုလျှင် ထောင်ဒဏ်တစ်နှစ် ကျခံရမည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြု

Friday, October 4, 2013
အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏ပုံကိုဂုဏ်သိက္ခာမဲ့သည့်လုပ်ရပ်များတွင်အသုံး ပြုလျှင် ထောင် ဒဏ်၊ ငွေဒဏ် များချမှတ်နိုင်သည့် ပုဒ်မအား ၁၉၅၄ ခုနှစ် နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြ သမှု ကန့်သတ်ရေး)အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစားထိုးပြင်ဆင်ချက်အ တည်ပြုလိုက်ကြောင်းသိရသည်။ 
ထိုသို့ အစားထိုးပြင်ဆင်ချက်အား အတည်ပြုလိုက်သည့်ပုဒ်မသည် မူလဥပဒေဖြစ် သည့် ပြစ်ဒဏ်ကျခံခြင်း အခန်း၏ ပုဒ်မ- ၇ ၏ ပုဒ်မခွဲငယ်(ကက)နှင့် (ခခ) တို့ကိုပယ်ဖျက်ခဲ့ပြီး ပုဒ်မခွဲ(ကက) တွင် 'တရားဝင် အသင်းများမှတစ်ပါး အခြားသူများဆိုလျှင် ထောင်ဒဏ်တစ်နှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် ၅၀၀၀၀ ထက် မပိုစေရ၊ ထို့ အပြင် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရမည်' ဟုလည်းကောင်း၊ ပုဒ်မခွဲငယ် (ခခ)တွင်'တရားဝင်အသင်းအဖွဲ့ဖြစ်လျှင်ဒဏ်ငွေကျပ်တစ်သိန်းထက်မပိုစေရ'ဟုလည်းကောင်း ထောင်ဒဏ် ပါဝင်ခြင်း မရှိဘဲ ဥပ ဒေကြမ်းကော်မတီမှ အစားထိုး ပြင်ဆင်လိုက်ကြောင်းသိရသည်။

ယခုဘဏ္ဍာ နှစ် ခြောက်လ အတွင်း လေဆိပ် ၊ ရေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များမှ တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးရမိမှု ကျပ်သိန်း ၂၂၁၈၂ ဒသမ ၄ သိန်းဖိုး ခန့်အထိရှိ

Friday, October 4, 2013
၂၀၁၃- ၂၀၁၄ ယခုဘဏ္ဍာနှစ် ခြောက် လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များမှ တရား မဝင်ကုန်ပစ္စည်းဖမ်းဆီးရမိမှု စုစု ပေါင်းတန်ဖိုးကျပ်သိန်း ၂၂၁၈၂ ဒသမ ၄သိန်းဖိုးခန့် ဖမ်းဆီးရမိ ခဲ့ ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သတင်းရရှိသည်။
ယင်းဖမ်းဆီးရမိမှုများမှာ ဧပြီ ၁ရက်မှ စက်တင်ဘာ ၃၀ ရက်အထိဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၊ ရေဆိပ် များမှ တရားမဝင်ကုန် သွယ်မှု ကြောင့် အမှုတွဲ ၁၆၈ မှု တန်ဖိုး ငွေကျပ်သိန်း ၈၇၅၃ ဒသမ ရ သိန်းခန့်နှင့် နယ်စပ်ဝင်ပေါက် များမှ တရားမဝင်ကုန်သွယ်မှု ကြောင့် အမှုတွဲ ၂၁၆ မှုတန်ဖိုး ငွေကျပ်သိန်း ၁၃၄၂၈ ဒသမ ရ သိန်းခန့်ဖမ်းဆီးရမိခဲ့ကြောင်းအကောက်ခွန်ဦးစီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံကို စစ်ရေးကူညီမှု ရပ်ဆိုင်း

Friday, October 4, 2013
မြန်မာနိုင်ငံအပါအဝင် ကလေးစစ်သားအသုံးပြုတဲ့ ငါးနိုင်ငံကို အမေရိကန်ပြည်ထောင်စုက စစ်ရေးအကူ အညီတွေ ပိတ်ပင်လိုက်တယ်လို့ အမေရိကန်အရာရှိတွေက ကြာသပတေးနေ့ မနေ့က ပြောကြားလိုက်ပါ တယ်။ လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးစစ်သားတွေအသုံးပြုနေတဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ မြန်မာနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတွေကို အခုလိုအရေးယူပိတ်ဆို့ လိုက်တာဖြစ်ေ ကြာင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့တာပါ။ တဆက်တည်းမှာပဲ မြန်မာနိုင်ငံဟာ အမေရိ ကန်ပြည်ထောင်စုထံကနေ စစ်ရေးအကူအညီတွေ ရယူနေခြင်းရှိမရှိကိုတော့ မိမိအနေနဲ့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ဒ် Linda Thomas-Greenfield က ပြောပါတယ်။
Photo: မြန်မာနိုင်ငံကို စစ်ရေးကူညီမှု ရပ်ဆိုင်း
Friday, October 4, 2013

မြန်မာနိုင်ငံအပါအဝင် ကလေးစစ်သားအသုံးပြုတဲ့ ငါးနိုင်ငံကို အမေရိကန်ပြည်ထောင်စုက စစ်ရေးအကူအညီတွေ ပိတ်ပင်လိုက်တယ်လို့ အမေရိကန်အရာရှိတွေက ကြာသပတေးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးစစ်သားတွေအသုံးပြုနေတဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ မြန်မာနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတွေကို အခုလို အရေးယူပိတ်ဆို့လိုက်တာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့တာပါ။ တဆက်တည်းမှာပဲ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုထံကနေ စစ်ရေးအကူအညီတွေ ရယူနေခြင်းရှိမရှိကိုတော့ မိမိအနေနဲ့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ဒ် Linda Thomas-Greenfield က ပြောပါတယ်။

အခု အရေးယူလိုက်တဲ့နိုင်ငံတွေမှာ ကလေးစစ်သားစုဆောင်း အသုံးပြုမှုတွေ ရပ်ဆိုင်းသွားအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ရည်မှန်းချက်ထားရှိပါတယ်လို့လည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။

RFA Burmese

ဒေသခံပြည်သူများနှင့် သဘောတူညီမှု ရရှိခဲ့သည့် သီလ၀ါ အထူးစီးပွားရေးဇုန်

Friday, October 4, 2013
သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းပြုလုပ်ရာမှာ ဒေသခံပြည်သူများနဲ့ သဘောတူညီမှုရရှိ ခဲ့ပြီ ဖြစ်တယ် လို့ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ သီလ၀ါ အထူး စီးပွားရေး ဇုန်ဆွေးနွေးပွဲမှ သိရပါ တယ်။ သဘောတူညီမှုရရှိခဲ့တာဟာဆိုရင် သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်း ပထမအဆင့်ဧရိယာဖြစ်တဲ့ ဟက်တာ ၃၉၆ မှာရှိတဲ့ ဒေသခံ ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ပြောင်းရွှေ့ နေထိုင်ရမယ့် နေရာ မှာ ပေနှစ်ထောင်ကျော် ကွန်ကရစ် လမ်းခင်း ပေးမှာဖြစ်ပြီး အိမ်ဆောက်လုပ် ပေးမယ့် မြေကွက် အကျယ် ကို ပေ ၂၀/ ၄၀ မှ ၂၅ ပေ/ပေ ၅၀ အထိ ပြောင်းလဲ သတ်မှတ်ပေး လိုက်တာ ဖြစ်ပါတယ်။
 Photo: ဒေသခံပြည်သူများနှင့် သဘောတူညီမှု ရရှိခဲ့သည့် သီလ၀ါ အထူးစီးပွားရေးဇုန်
Friday, October 4, 2013

သီလ၀ါ အထူး စီးပွားရေးဇုန် စီမံကိန်း ပြုလုပ်ရာမှာ ဒေသခံ ပြည်သူများနဲ့  သဘော တူညီမှုရရှိ ခဲ့ပြီ ဖြစ်တယ်လို့ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပ
ပြုလုပ်ခဲ့တဲ့ သီလ၀ါ အထူး စီးပွားရေး ဇုန်ဆွေးနွေးပွဲမှ သိရပါတယ်။ သဘော တူညီမှုရရှိခဲ့တာ ဟာဆိုရင် သီလ၀ါ အထူး စီးပွားရေးဇုန် စီမံကိန်း ပထမ အဆင့် ဧရိယာ ဖြစ်တဲ့ ဟက်တာ ၃၉၆ မှာရှိတဲ့ ဒေသခံ ပြည်သူတွေ ရဲ့ တောင်းဆိုချက်အရ ပြောင်းရွှေ့ နေထိုင်ရမယ့် နေရာမှာ ပေနှစ်ထောင်ကျော် ကွန်ကရစ် လမ်းခင်း ပေးမှာဖြစ်ပြီး အိမ်ဆောက်လုပ် ပေးမယ့် မြေကွက် အကျယ်ကို ပေ ၂၀/ ၄၀ မှ ၂၅ ပေ/ပေ ၅၀ အထိ ပြောင်းလဲ သတ်မှတ်ပေး လိုက်တာ ဖြစ်ပါတယ်။
 
သီးနှံစိုက်တဲ့ တောင်သူတွေ အတွက် ယခင်က သီးနှံဆုံးရှုံးမှု တန်ဖိုး ၅ နှစ်စာပေးဖို့ သတ်မှတ်ထား ပေမယ့် လက်ရှိမှာ ၆ နှစ်အထိ တိုးပေး လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုံသေပိုင် ပစ္စည်းများဖြစ်တဲ့ အိမ်နဲ့အခြား အဆောက်အဦးများဖြစ်တဲ့ ကျွဲတဲ၊ နွားတဲများ၊ ရွှေ့ပြောင်းနိုင်တဲ့ လယ်ယာသုံး ယာဉ်၊ အသက် ၆၁ နှစ်အထက် သက်ကြီးရွယ်အိုများ၊ နာတာရှည် မကျန်းမာသူများ၊ အမျိုးသမီး အိမ်ထောင် ဦးစီးများ၊ အိမ်ပြောင်းရွှေ့ စရိတ်တို့ကို အိမ်ထောင်စုများရဲ့ လူမှုစီးပွားရေး အတွက် သတ်မှတ်ပြီး လျော်ကြေး ပေးအပ်သွားမှာ ဖြစ်ပါတယ်။
 
ဒီလို ညှိနှိုင်းမှုတွေကို ဒေသခံ ပြည်သူ ၉၄ ရာခိုင်နှုန်းရဲ့ သဘောတူညီမှု အရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဆိုပါ ဒေသခံ ပြည်သူတွေ ကို ရွှေ့ပြောင်းပေးရာမှာ ပထမအဆင့် အနေနဲ့ ကွန်ကရစ်လမ်း အရင်ဖောက်လုပ် ပေးမှာဖြစ်ပြီး ဒုတိယအဆင့် အနေနဲ့ အိမ်မြေကွက် ဖော်မှုများကို ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။
 
အိမ်ဆောက်ပေးရာမှာ အိမ်တစ်လုံးကို ၁၂ ပေ၊ ၁၆ ပေ ဆောက် လုပ် ပေးမှာဖြစ်ပြီး ကိုယ်တိုင် တည်ဆောက်ချင်သူ တွေအနေနဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဆောက်လုပ် ပေးတဲ့ အိမ်ထက် သတ်မှတ်ချက် အဆင့်မနိမ့်မှသာ ဆောက်လုပ်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာ လကုန်မှာ အိမ်ထောင်စုများ ပြန်လည် နေရာ ချထား ပေးမယ့် နေရာများကို စတင် ရွှေ့ပြောင်းဖို့ အမြန်ဆုံး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4

မိဘမဲ့ကလေးတွေကိုစာနာတယ်လို့ဆိုတဲ့ Miss Universe Myanmar 2013 ဆုပိုင်ရှင် မိုးစက်ဝိုင်

Friday, October 4, 2013
နိုဝင်ဘာ(၉)ရက် ရုရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် Miss Universe 2013 တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မိုးစက်ဝိုင်မှ ရရှိခဲ့သောဆုကြေးများအား မိဘမဲ့ကလေးများအတွက် ပဒေသာပင်ထူထောင်သွားလိုသည်ဟု ဆိုသည်။Miss Universe Myanmar 2013 မိုးစက်ဝိုင်သည် ဆန်ခါတင်ငါးဦး အဆင့်မေးခွန်းတစ်ခုစီ ဖြေကြားခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဆုရရှိခဲ့မယ်ဆိုရင် ပဒေသာပင်လေးတစ်ခုထူထောင်ချင်ပါတယ်။ ဘယ်လိုပဒေသာပင်မျိုးလဲဆိုတော့ မိဘမဲ့ကလေးလေးတွေအတွက် ပဒေသာပင်လေး ထူထောင်ချင်ပါတယ်"ဟုမိုးစက်ဝိုင်က ပြောကြားခဲ့သည်။

ပြည်တွင်းအခွန်မှသက်တမ်းလွန် မော်တော်ယာဉ်များအတွက် ကာလတန်ဖိုးသတ်မှတ်ချက်ထုတ်ပြန်

Friday, October 4, 2013 
ပြည်တွင်းအခွန်ဦးစီးဌာနမှအရည်ကျိုအပ်နှံရန်ဖျက်သိမ်းမည့်သက်တမ်းလွန် မော်တော်ယာဉ်များအတွက် ကာလတန်ဖိုးသတ်မှတ်ချက်ကို အောက်တိုဘာ၁ရက်ကထုတ်ပြန်ခဲ့ကြောင်းသိရသည်။ သက်တမ်းလွန် ယာဉ်များအတွက်အခွန်သတ်မှတ်ရာ၌ ‘စ’ အက္ခရာမှ နောက်ဆုံးအက္ခရာအထိ လေလံယာဉ်များနှင့် အငှားယာဉ်များအပါအ၀င်ဆလွန်း၊ ပစ်ကပ်၊ ၀က်ဂန်၊ ထရပ်၊ ဘတ်စ်၊ ဂျစ်စသည့် ယာဉ်အမျိုးအစားများကို သတ်မှတ်တန်ဖိုးအပြည့်ဖြင့် ကျပ်သိန်းလေးဆယ်သတ်မှတ်ပြီး CNG ယာဉ်များကို ကျပ်သိန်းငါးဆယ် သတ် မှတ်ခဲ့သည်။ ထိုသတ်မှတ်တန်ဖိုးအပြည့်အပေါ်တွင် ၁၅ရာခိုင်နှုန်းဖြင့် အခွန်ကျသင့်မည်မဟုတ်ဘဲ သတ် မှတ်တန်ဖိုးအပြည့်၏ ၅၀ရာခိုင်နှုန်းအ ပေါ်၁၅ရာခိုင်နှုန်းဖြင့် အခွန်ကျသင့်မည် ဖြစ်ကြောင်းသိရသည်။ သို့ဖြစ်၍ CNG မဟုတ်သောယာဉ်များအတွက် သတ်မှတ်တန်ဖိုး၏ ထက်ဝက်တန်ဖိုး ကျပ်သိန်းနှစ်ဆယ် ကို၁၅ရာခိုင်နှုန်းဖြင့် တွက်ချက်ပြီး ကျသင့်ငွေအခွန် ကျပ်သုံးသိန်းသတ်မှတ်ခဲ့သည်။ CNG ယာဉ်များအတွက် တန်ဖိုးအပြည့်၏ ထက်ဝက်တန်ဖိုးကျပ်၂၅သိန်းကို ၁၅ရာခိုင်နှုန်းဖြင့်တွက်ချက်ပြီး ကျသင့်အခွန်ကျပ် ၃၇၅,၀၀၀ သတ်မှတ်ခဲ့ကြောင်းသိရသည်။

ကွမ်းသီးများတွင် ကန့်အသုံးပြုခြင်းကြောင့် ကင်ဆာဖြစ်နိုင်

Friday, October 4, 2013
ကွမ်းသီးများကို အဖန်ဓာတ်နှင့် အခါးဓာတ်များ လျော့နည်းစေရန် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ကန့်များဖြင့် စိမ်ခြင်း၊ ပေါင်းခြင်းများပြုလုပ်သောကြောင့်ကင်ဆာရောဂါ ဖြစ်နိုင်ကြောင်း အောက်တိုဘာ ၁ ရက်တွင် မြန် မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထိုကဲ့သို့ ကွမ်းသီးများအား ကန့်ဖြင့် စိမ်ခြင်း၊ ပေါင်းခြင်းများ ပြုလုပ်၍ ရေပြန်ဆေးခြင်း၊ ရေနွေးဖြင့် ဆေးခြင်း များပြုလုပ်သော်လည်းဓာတ်ကြွင်းကျန်များကြောင့်ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါများ ဖြစ်စေနိုင်ကြောင်း၊ ကွမ်းသီးများကို ကန့်ဖြင့်စိမ်ရုံသာမက မှိုမတက်စေရန် မှိုသတ်ဆေးများ အသုံးပြုခြင်းများ တွေ့ရှိ ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
Photo: ကွမ်းသီးများတွင် ကန့်အသုံးပြုခြင်းကြောင့် ကင်ဆာဖြစ်နိုင်
Friday, October 4, 2013

ကွမ်းသီးများကို အဖန်ဓာတ်နှင့် အခါးဓာတ်များ လျော့နည်းစေရန် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ကန့်များဖြင့် စိမ်ခြင်း၊ ပေါင်းခြင်းများ ပြုလုပ်သောကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ကြောင်း အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထိုကဲ့သို့ ကွမ်းသီးများအား ကန့်ဖြင့် စိမ်ခြင်း၊ ပေါင်းခြင်းများ ပြုလုပ်၍ ရေပြန်ဆေးခြင်း၊ ရေနွေးဖြင့် ဆေးခြင်းများ ပြုလုပ်သော်လည်း ဓာတ်ကြွင်းကျန်များကြောင့် ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါများ ဖြစ်စေနိုင်ကြောင်း၊ ကွမ်းသီးများကို ကန့်ဖြင့်စိမ်ရုံသာမက မှိုမတက်စေရန် မှိုသတ်ဆေးများ အသုံးပြုခြင်းများ တွေ့ရှိ ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကွမ်းသီးကို ကန့်စိမ်ရုံတင် မဟုတ်ဘဲ မှိုမတက်အောင် မှိုသတ်ဆေးတွေနဲ့လည်း စိမ်တယ်။ ကွမ်းသီးများ ကိုပါမက ကွမ်းရွက်တွေကိုလည်း ပိုးသတ်ဆေးတွေ နဲ့ ဖြန်းတယ်၊ ဆေးဖျန်းပြီး နှစ်ရက်လောက်နဲ့ ဈေးကွက်ထဲကို ပို့တယ်။… နောက် ကွမ်းစားဆေးတွေကလည်း တရားဝင်သွင်းတာ မဟုတ်ဘူး။ အဲ့ဒါတွေကို ကြာကြာစားရင် ကင်ဆာဖြစ်စေနိုင်တယ်”ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကွမ်းစားမှု အများဆုံးဖြစ်ပြီး အိနိ္ဒယနိုင်ငံသည် ဒုတိယ အများဆုံး ဖြစ်သည်။ မြန်မာနိုင်ငံ၌ လူဦးရေသန်း ၃၀ ကျော်သည် ကွမ်းစား သူများဖြစ်ပြီး အဖြစ်များသော ရောဂါသည် ခံတွင်းကင်ဆာ ဖြစ်သည်။

ဂေါ်ဖီထုပ်တွင် ပင်လုံးပျံ့ ပိုးသတ်ဆေး၊ ငရုတ်သီးတွင် ဆိုးဆေး၊ မှိုသတ်ဆေး၊ မျှစ်တွင် ဆိုးဆေး၊ အရောင်ချွတ်ဆေးနှင့် အချိုမှုန့်နှင့် ကြက်သားမှုန့်များတွင် ဆိုဒီယမ်ကလိုရိုက် ပါဝင်ကြောင်းကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ သြဂုတ် ၂၈ ရက်တွင် ရေချိုငါးပိများ စစ်ဆေးရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) သို့ ပေးပို့ထားပြီး စက်တင်ဘာ ၂၆ ရက်တွင် ရလဒ်အဖြေများ ပြန်လည်ပေးပို့ခဲ့ရာ ငါးပိတွင် ယူရီးယားဓာတ် ပါဝင်သော်လည်း  နို့တိုက်သတ္တ၀ါများ၏ အညစ်အကြေးတွင် ပါဝင်သည့် သဘာဝ ယူရီးယားဓာတ်နှင့် ယူရီးယား ဓာတ်မြေသြဇာတို့တွင် မည်သည့် ယူရီးယားဓာတ် ပါဝင်ကြောင်းကို တိကျစွာ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ချမ်းမြေ့ခိုင်

မြန်မာသံတော်ဆင့်

အိမ်ဖြူတော်အတားအဆီး ကားနဲ့ဖြတ်ကျော်ဖို့ ကြိုးပမ်းသူကို ပစ်ခတ်ဖမ်းဆီး

Friday, October 4, 2013
အမေရိကန်သမ္မတ အိမ်ဖြူတော်အနီးက အတားအဆီးကို ကားနဲ့ ဖြတ်ကျော်မောင်းနှင်ဖို့ ကြိုးစားတဲ့ အမျိုးသမီးတဦးကို လုံခြုံရေးရဲတွေက ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ တားထားတဲ့နေရာကနေ နှစ်မိုင်လောက်ဝေးတဲ့ အမေရိကန် လွှတ်တော်အထိ မောင်းနှင်ထွက်ပြေးသွားတာကြောင့် ရဲက နောက်ကနေ လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။ အမျိုးသမီးကတော့ သေဆုံးသွားပြီလို့ ရဲက ပြောပါတယ်။
အမျိုးသမီးဟာ ကားနဲ့ မောင်းနှင်ထွက်ပြေးနေစဉ် ရဲကားတစင်းကိုလည်း တိုက်လိုက်တာကြောင့် ရဲအရာရှိတဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ လွှတ်တော်လုံခြုံရေးရဲက ပြောပါတယ်။ အဲဒီ ရဲအရာရှိကိုတော့ အရေးပေါ်ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားပါတယ်။ ဒီအခြေအနေကြောင့် အမေရိကန်လွှတ်တော်ကို ယာယီခဏ လုံခြုံရေးအတွက် ပိတ်ပင်ထားခဲ့ရပါတယ်။

အစိုးရ ချေးနိုင်တဲ့ ငွေပမာဏ တိုးမပေးရင် ကမ္ဘာ့ စီးပွားရေး ထိခိုက်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန စိုးရိမ်

Friday, October 4, 2013
အမေရိကန်ကွန်ကရက်လွှတ်တော်အနေနဲ့ ပြည်ထောင်စုအစိုးရကချေးယူနိုင်တဲ့ ငွေပမာဏ ကန့်သတ်ချက် ကို တိုးပေးဖို့ပျက်ကွက်ခဲ့မယ်ဆိုရင် ကမ္ဘာတ၀ှမ်းစီးပွားရေးကပ်ဆိုက်နိုင်တဲ့အထိ အကျိုးသက်ရောက်နိုင် တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သတိပေး လိုက်ပါတယ်။ လာမယ့်ရက်တွေ အတွင်း အစိုးရ ကပေးရန်ရှိတဲ့ တာဝန်တွေမပျက်ကွက်ရအောင် အခုလိုသတိပေး လိုက်တာလို့ ဆိုပါ တယ်။ ပြည်ထောင် စုအစိုးရအသုံးစရိတ်အတွက်ချေးယူနိုင်တဲ့ ဒေါ်လာ ၁၆.၇ ထရီလီယံ ကန့်သတ်ချက် ငွေပမာဏကို ကုန်လု နီးပါးအခြေဆိုက်လာတာနဲ့အမျှ နိုင်ငံရပ်ခြားကချေးထားတဲ့ အကြွေးတွေအပါအ၀င် ပေးဆပ် ရန်ကြွေးမြီတွေ မပေးနိုင်ဘဲ ပြဿနာ တက်နိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေး ၀န်ကြီးဌာနက ကြာသပတေးနေ့က အစီရင်ခံ စာထုတ်ပြန်လိုက်တာပါ။
အကြွေးမဆပ်နိုင်ဘူးဆိုရင်တော့ အရင်ကမကြုံဘူးတဲ့အဖြစ်နဲ့ ရင်ဆိုင်ရရမှာဖြစ်သလို၊ ငွေချေးတဲ့ Credit ဈေးကွက်တွေရပ်ဆိုင်းမယ်၊ ဒေါ်လာဈေးထိုးကျမယ်၊ အတိုးနှုံးတွေထိုးတက်မယ်၊ ဒီအကျိုး ဆက်တွေ က ကမ္ဘာတ၀ှမ်းကိုရိုက်ခတ်မယ်၊ ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ကြရမယ်၊ ၂၀၀၈ ခုနှစ်ကကြုံခဲ့ရ တဲ့အဖြစ်မျိုး ပဲ့တင်ရိုက်နိုင်သလို ဒီထက်လည်းပိုဆိုးနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက သတိပေး ထား တာပါ။

နိုင်ငံခြားသား ကျွမ်းကျင်သူ ပညာရှင်များနှင့် နိုင်ငံခြားသား လုပ်ငန်းရှင်များ အတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် ကာလရှည် နေထိုင်ခွင့် ထောက်ခံချက်များအား မြန်ဆန်စွာ ဆောင်ရွက်ပေးမည်ဟုဆို

Friday, October 4, 2013
နိုင်ငံခြားသား ကျွမ်းကျင်သူ ပညာရှင်များနှင့် နိုင်ငံခြားသား လုပ်ငန်းရှင်များ အတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် ကာလရှည် နေထိုင်ခွင့် ထောက်ခံချက်များအား လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေး ဆပ်ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံသားများ၏ စီးပွားရေးလုပ်ငန်းများတွင် ကျွမ်းကျင်ပညာရှင်များအဖြစ် ခန့်ထား တာဝန်ပေးအပ်သည့်နိုင်ငံခြားသားများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက် သည့်နိုင်ငံခြား သားများအနေဖြင့် ပြည်ဝင်ခွင့်ဗီဇာနှင့် နေထိုင်ခွင့်ရရှိရေးအတွက်လွယ်ကူချောမွေ့အောင် ဆောင် ရွက်ပေး ရန်အသင်းအဖွဲ့များ၊လုပ်ငန်းရှင်များကပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီနှင့် တွေ့ဆုံ ရာတွင် ဆွေးနွေးမေတ္တာရပ်ခံ ခဲ့သောကြောင့် ယခုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Photo: နိုင်ငံခြားသား ကျွမ်းကျင်သူ ပညာရှင်များနှင့် နိုင်ငံခြားသား လုပ်ငန်းရှင်များ အတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် ကာလရှည် နေထိုင်ခွင့် ထောက်ခံချက်များအား မြန်ဆန်စွာ ဆောင်ရွက်ပေးမည်ဟုဆို
Friday, October 4, 2013

နိုင်ငံခြားသား ကျွမ်းကျင်သူ ပညာရှင်များနှင့် နိုင်ငံခြားသား လုပ်ငန်းရှင်များ အတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် ကာလရှည် နေထိုင်ခွင့် ထောက်ခံချက်များအား လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေး ဆပ်ကော်မတီ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံသားများ၏ စီးပွားရေး လုပ်ငန်းများတွင် ကျွမ်းကျင်ပညာရှင်များအဖြစ် ခန့်ထားတာဝန် ပေးအပ်သည့် နိုင်ငံခြားသားများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်သည့် နိုင်ငံခြားသားများ အနေဖြင့် ပြည်ဝင်ခွင့် ဗီဇာနှင့် နေထိုင်ခွင့် ရရှိရေးအတွက် လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးရန် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များက ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီနှင့် တွေ့ဆုံရာတွင် ဆွေးနွေးမေတ္တာရပ်ခံ ခဲ့သောကြောင့် ယခုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်နေထွန်းက ''လိုအပ်တဲ့ စာရွက်စာတမ်းပိုင်း ဆိုင်ရာကို လူဝင်မှုကြီးကြပ်ရေး အဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အကြိမ်ကြိမ် ပြည်နေခွင့်ကို ကျွန်တော်တို့ ၀န်ကြီးဌာနနဲ့ ကုန်သွယ်မှု လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ကုမ္ပဏီလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ် ဆိုပြီး ထောက်ခံပြီးတော့ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနကို ပို့ပေးတယ်။ ရုံးလုပ်ငန်းတွေ ပိုမိုမြန်ဆန်အောင် ဆောင်ရွက်မှာပါ'' ဟု ပြောကြားသည်။

နိုင်ငံခြားသား ကျွမ်းကျင်သူ ပညာရှင်များနှင့် နိုင်ငံခြားသား လုပ်ငန်းရှင်များ အတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် ကာလရှည် နေထိုင်ခွင့် ထောက်ခံချက်များ လွယ်ကူစွာ ထုတ်ပေးနိုင်ရေး ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်သည့် အဖွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လုပ်ကိုင်ဆောင်ရွက် ပေးမည်ဖြစ်ပြီး ကုမ္ပဏီလုပ်ငန်းများ လုပ်ကိုင်သည့် အဖွဲ့များကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ပိုမိုမြန်ဆန်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

''အခုဟာက လိုင်စင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပြည်နေခွင့်တင် မဟုတ်ဘူး ဘယ်ဟာမဆို သွင်းကုန်ပို့ကုန် အားလုံးကို ဘယ်နေရာမှာမဆို မလိုလားအပ်ဘဲ ကြန့်ကြာတာ မဖြစ်အောင် လုပ်ပေးနေပါတယ်။ အရင်က နောက်ကျနေတာလေးတွေ ရှိတယ်။ ဒါတွေကို ပိုပြီးတော့ လုပ်ပေးမယ်ဆိုတဲ့ ဟာမျိုးကို ပြည်သူကို ချပြတဲ့သဘောပါပဲ'' ဟု ဦးအောင်နေထွန်းက ဆက်လက် ပြောကြားသည်။

Eleven Media Group

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ကောင်တာရှေ့တွင် တန်းစီနေသော နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်

http://www.myanmaronlinenews.net/2013/10/blog-post_7482.html

GMG ကုမ္ပဏီတွင် နိုင်ငံခြားဖြစ် အရက်ပုလင်း ၉၀၀၀၀ စစ်ဆေး တွေ့ရှိခဲ့မှုကို အစီရင်ခံရာတွင် အထောက်အထား အပြည့်အစုံ လိုအပ်နေသည်ဟု ပြန်လည်ညွှန်ကြား

Friday, October 4, 2013
ဒေါပုံမြို့နယ်ရှိ GMG ကုမ္ပဏီတွင် နိုင်ငံခြားဖြစ် အရက်ပုလင်း ၉၀၀၀၀ စစ်ဆေး တွေ့ရှိခဲ့မှုကို အစီရင်ခံရာတွင် နေပြည်တော် ရုံးချုပ်မှ အထောက်အထား အပြည့်အစုံ လိုအပ်နေသည်ဟု ပြန်လည် ညွှန်ကြားထားကြောင်း Mobile Team ရန်ကုန်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
''အခု နေပြည်တော်ရုံးချုပ်က ဘာကို ပြန်ညွှန်ကြားသလဲ ဆိုတော့ အခုတွေ့ရှိတဲ့ အရက်ပုလင်း ၉၀၀၀၀ ကျော်ကို ဘယ်အချိန် ဘယ်ကာလ ကတည်းက ၀င်လာတာလဲ။ အကြောင်းအမျိုးမျိုးပေါ့။ အဲဒါကိုလည်း GMG ကုမ္ပဏီကို တောင်းခံထားပါတယ်'' ဟု Mobile Team ရန်ကုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ယင်းသို့ ရှာဖွေစစ်ဆေး ခဲ့ရခြင်းမှာ အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်းနှင့် ပိုက်များအား အဓိကထား တင်သွင်း ဖြန့်ဖြူးနေသည်ဟု ဆိုထားသော GMG ကုမ္ပဏီမှာ အရက်နှင့်ဘီယာများ တင်သွင်းဖြန့်ဖြူး နေသည်ဟု စက်တင်ဘာ ၁၇ ရက်က သတင်းပေးပို့မှု တစ်ခုရရှိပြီးနောက်တွင် Mobile Team အဖွဲ့မှ စက်တင်ဘာ ၁၈ ရက်က သွားရောက် စစ်ဆေးခဲ့ကြောင်း Mobile Team အဖွဲ့မှ သိရသည်။

ကလေးမြို့ ရေဘေး လူ ၁၀ ကျော် ပျောက်ဆုံး

Friday, October 4, 2013
စက်တင်ဘာလကုန်က မိုးသည်းထန်ခဲ့တာကြောင့် ကလေးမြို့နယ် အတွင်းမှာ ရေကြီးရေ လွှမ်းမိုးမှုဖြစ်ခဲ့ ပြီး ထောင်နဲ့ချီတဲ့ ရေဘေး သင့်သူတွေဟာ ကယ်ဆယ်ရေး စခန်း၆ခုမှာ ခိုလှုံနေရသလို မိုးစပါး စိုက်ဧက ၆ထောင်ကျော်လောက် ရေလွှမ်းမိုး ခဲ့ပါတယ်။ လောလောဆယ် မှာ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ပျက်ဆီးဆုံးရှုံးမှု စာရင်းကို ကောက်ယူနေ ဆဲဖြစ်ပါ တယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
စက်တင်ဘာလ ၂၉ရက်နေ့က မိုးရေချိန်၇ လက်မကျော်နဲ့ ၃၀ရက်နေ့က ၃လက်မကျော်ရွာသွန်းပြီး တဲ့နောက်မြစ်ချောင်းတွေ ရေလျှံပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းမှာ ရေကြီး ရေလွှမ်းမိုးခဲ့ တာဖြစ်ပါတယ်။ ရေလွှမ်းမိုးတာကြောင့် ထိခိုက်ပျက်ဆီးရတဲ့အခြေအနေကို ကူညီကယ်ဆယ်ရေးဆောင် ရွက်နေသူတဦးက အခုလို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလလယ်၌ ရှမ်းတိုင်းရင်းသားစာရင်း ကောက်ယူမည်

Friday, October 4, 2013
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှမ်းလူဦးရေစာရင်း ကောက်ယူမှုကို အောက်တိုဘာလလယ်ပိုင်းမှ စတင်ေ ကာက်ယူသွားမည် ဖြစ်သည်ဟု ရှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော်မတီမှ သိရသည်။
“အခုက ကျွန်တော်တို့ နှိုးဆော်ထားတာပဲရှိသေးတယ်၊ ကလေးတွေကို Training ပေးနေတာပဲရှိသေးတယ်၊ ဒီလလယ်လောက်မှပဲ လုပ်ငန်းတွေ စနိုင်မယ်” ဟု ရှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော်မတီဥက္ကဌ ဦးစိုင်းကျောက်တစ်က ပြောသည်။ အဆိုပါကော်မတီအနေဖြင့် ရှမ်းလူဦးရေစာရင်းကို ကောက်ယူ ရခြင်းမှာ ၂၀၁၄ ခုနှစ်၌နိုင်ငံတော်မှ ကောက်ခံမည့် သန်းခေါင်စာရင်းကို အထောက်အကူပြုနိုင်ရန် အတွက် ကောက်ယူထားခြင်းဖြစ်သည်ဟု သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁)၊ ပုဒ်မ(၁၅)၌လည်း လျော်ကန်သင့်မြတ်သော် လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက်သက်ဆိုင်ရာတိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဥပဒေပြုရေးတွင်ထိုတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များပါဝင်ခွင့်ရှိသည်ဟုပါရှိသည့်အတွက် ရှမ်း လူမျိုးများ အနေဖြင့် အခွင့်အရေးတစ်ရပ်ရရှိနိုင်ကြောင်း ဦးစိုင်းကျောက်တစ်က ဆိုသည်။

၇၇ စီးသာထုတ်လုပ်ထားတဲ့ Aston Martin One-77

Friday, October 4, 2013
2008 Paris Motor Show မှာ Concept အဖြစ်မိတ်ဆက်ပြသခဲ့ပြီး နောက်တစ်ကြိမ်ကျင်းပတဲ့ 2009 Geneva Motor Show မှာတရားဝင် ထွက်ရှိဖို့မိတ်ဆက်ပြသခဲ့တဲ့ ဒီကားဟာ ၂၀၁၁ ခုနှစ်မှာတော့ အစီးရေ ၇၇ စီးနဲ့ထွက်ရှိလို့လာခဲ့ပါတယ်။
Concept အဆင့်နဲ့ပြသခဲ့တဲ့ဒီကားဟာ၊ ထွက်ရှိအပြီးမှာ လည်းနိုင်ငံတကာ ကချီးမြှင့်ခဲ့တဲ့ဆုတွေများစွာ ရရှိခဲ့သလို နိုင်ငံတကာကပေးအပ်တဲ့ Concorso d’Eleganza Design Award နှင့် Concept Cars and Prototypes, Chicago Athenauem ကချီးမြှင့်တဲ့ GOOD DESIGN award တို့အပြင် UK motoring magazine Auto Express ကချီးမြှင့်တဲ့ "Best Design" award စတဲ့ဆုတွေအသီးသီးနဲ့ မျက်နှာပန်းလှခဲ့တဲ့ကားပါ။ ၇.၃ လီတာ(၇၃၁၂ စီစီ)၊ဆလင်ဒါ ၁၂ လုံး၊ V အင်ဂျင်နဲ့ထွက်ရှိထားတဲ့ ဒီကား ဟာ ထုတ်လုပ်ပေးနိုင်တဲ့ မြင်းကောင်ရေကတော့ ၇၅၀ ရှိပါတယ်။ ဂီယာ ခြောက်ချက် Auto, Munual နှစ်မျိုးအသုံးပြုလို့ရတဲ့ ဒီကားဟာ ၃.၅ စက္ကန့် အတွင်းကို မိုင် ၆၀ နှုန်းအထိအရှိန်မြှင့်တင်နိုင်ပြီး တစ်နာရီ မိုင် ၂၂၀.၀၀၇ မိုင်နှုန်းအထိ အမြန်ဆုံးမောင်းနှင်နိုင်ပါတယ်။

သမ္မတနဲ့ ဝန်ကြီးတွေ ပါတီနဲ့ ကင်းရှင်းကြောင်း လွှတ်တော်မှာ ရှင်းလင်း

Friday, October 4, 2013
နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပါတီနိုင်ငံရေးလုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်မှု မရှိဘူးလို့ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ ဖြေကြားခဲ့ ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပြဌာန်းချက်တွေ အတိုင်း ပါတီတာဝန်တွေကို တရားဝင်ဆောင်ရွက်ခြင်း ရှိ၊ မရှိ မေးမြန်းရာမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က အခုလို ရှင်းလင်းတင်ပြခဲ့ တာပါ။"ပြည်ထောင်စု ဝန်ကြီးများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်ဆိုင်ရာပုဒ်မများနဲ့အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသဖြင့် တရားဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖြေကြားအပ်ပါသည်၊ ပါတီလုပ်ငန်းဆောင်ရွက်ခြင်းမရှိကြောင်း တင်ပြအပ်ပါသည်"

လက်ပံတောင်းတောင် စီမံကိန်း ပြန်လည်စတင်ရန် အစိုးရ အပေါ်တွင်သာ မူတည်နေကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီ ပြောကြား

လက်ပံတောင်းတောင် စီမံကိန်းပြန်လည် စတင်နိုင်ရန်မှာ အစိုးရအပေါ်တွင်သာ မူတည်နေကြောင်း မြန်မာ ၀မ်ပေါင် ကုမ္ပဏီမှ မြန်မာ-၀မ်ပေါင် ကုမ္ပဏီ သတ္တုတွင်းဌာန မန်နေဂျာ မစ္စတာကျိုးပင်းက ဆိုသည်။


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အစီရင်ခံ စာထွက်လာပြီးနောက် မြေယာလျော်ကြေး ပြဿနာများ လယ်တီဆရာတော် သီတင်းသုံးခဲ့သည့် သိမ်တော်နှင့် စေတီအပါအ၀င်သာသနိကအဆောက်အအုံများမရွှေ့ပြောင်းလိုသည့် ဒေသခံများ၏ ဆန္ဒ များ စသည့် အငြင်းပွားမှု များကြောင့် စီမံကိန်းအား ပြန်လည်စတင်နိုင်ရန် နှောင့်နှေးနေကြောင်း သိရ သည်။''စီမံကိန်း ပြန်စတင်နိုင်ဖို့က အစိုးရအပေါ်မှာ မူတည်နေပါတယ်'' ဟု မစ္စတာကျိုးပင်းက ဆိုသည်။

သမ္မတဦးသိန်းစိန် ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖများ၊ စည်ပင်တာဝန်ရှိသူ ၁၀ ဦး၊ ကမန်တိုင်းရင်းသား ခုနစ်ဦးတို့ သံတွဲမြို့တွင် တွေ့ဆုံ

Friday, October 4, 2013
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားနေစဉ် ကာလအတွင်း သံတွဲမြို့သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် သံတွဲမြို့ရှိ အဏ္ဏ၀ါ ဧည့်ရိပ်သာတွင် ရခိုင်တိုင်းရင်း သား မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်မှ ၁၀ ဦး၊ ကမန်တိုင်းရင်းသား ခုနစ်ဦးတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Photo: သမ္မတဦးသိန်းစိန် ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖများ၊ စည်ပင်တာဝန်ရှိသူ ၁၀ ဦး၊ ကမန်တိုင်းရင်းသား ခုနစ်ဦးတို့ သံတွဲမြို့တွင် တွေ့ဆုံ
Friday, October 4, 2013

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားနေစဉ် ကာလအတွင်း သံတွဲမြို့သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် သံတွဲမြို့ရှိ အဏ္ဏ၀ါ ဧည့်ရိပ်သာတွင် ရခိုင်တိုင်းရင်း သား မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်မှ ၁၀ ဦး၊ ကမန်တိုင်းရင်းသား ခုနစ်ဦးတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် တွေ့ဆုံချိန် ၁၅ မိနစ်ဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံအတွင်း ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားပြီး နေအိမ်များ ဆုံးရှုံးခဲ့ရသည့်အတွက် နိုင်ငံတော်အနေဖြင့် မြန်မာကျပ်ငွေ ရှစ်ဘီလျံခန့် ထောက်ပံ့ခဲ့ရကြောင်း၊ ထိုသို့ ပဋိပက္ခများသာ မဖြစ်ခဲ့လျှင် အဆိုပါ ငွေကြေးများကို နိုင်ငံတော်၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် သုံးစွဲ၍ ရနိုင်မည် ဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်စဉ် များကြောင့် ယင်းဒေသ၏ စီးပွားရေးအပြင် နိုင်ငံ၏ စီးပွားရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ ထို့ပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများလည်း နည်းပါးနိုင်ပြီး တိုင်းပြည်၏ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်ကြောင်း စသဖြင့် ပြောကြားခဲ့ကြောင်း သမ္မတနှင့် တွေ့ဆုံခွင့်ရခဲ့သည့် ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးမြင့်အောင်က အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီတွင် ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောသို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် နှစ်ဖက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မြို့ကို ကားဖြင့် လှည့်လည်ကြည့်ရှုပြီး ညနေ ၃ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။ နှစ်ဖက်လူမှု အဖွဲ့အစည်းများ အနေဖြင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲ နေထိုင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မောင်တောမြို့သို့ ရောက်ရှိပြီး နှစ်ဖက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မြန်မာ့လေကြောင်းဖြင့် ရောက်ရှိခဲ့ပြီး ၉ နာရီ မိနစ် ၄၀ တွင် ရဟတ်ယာဉ်ဖြင့် မြောက်ဦးမြို့သို့ ထွက်ခွာခဲ့သည်။ မြောက်ဦးမြို့သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကာ န၀ရတ်ဟိုတယ်တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းနောက် မြောက်ဦးမြို့မှ တစ်ဆင့် မဟာမြတ်မုနိဘုရားကို သွားရောက် ဖူးမြော်ခဲ့ပြီး ကျောက်တော်မြို့သို့ ရောက်ရှိကာ ကျောက်တော်ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထို့နောက် မောင်တောမှ စစ်တွေသို့ ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ပြန်လည်ရောက်ရှိပြီး အောက်တို ဘာ ၂ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့၊ အစိုးရအဖွဲ့ရုံးတွင် ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Eleven Media Group

အောက်တိုဘာ ၃ ရက်တွင် သံတွဲမြို့၌ သမ္မတဦးသိန်းစိန်နှင့် ဒေသခံများ တွေ့ဆုံစဉ် (Photo: AFP)

http://www.myanmaronlinenews.net/2013/10/blog-post_9860.html
အောက်တိုဘာ ၃ ရက်တွင် သံတွဲမြို့၌ သမ္မတဦးသိန်းစိန်နှင့် ဒေသခံများ တွေ့ဆုံစဉ် (Photo: AFP)

Thursday, October 03, 2013

မလေးရှားမှ မြန်မာလုပ်သား ၁၇၀ ကျော် MAI ၏ အခမဲ့ လေကြောင်းဖြင့် ထပ်မံ ပြန်လာရန်ရှိ



Thursday, October 03, 2013


မလေးရှားမှ ပြန်လာလိုသော မြန်မာလုပ်သားများကို လေယာဉ်လက်မှတ်အခမဲ့ဖြင့် ပြန်လည်ခေါ်ဆောင်ရန် MAI လေကြောင်းလိုင်းက စီစဉ်ထားရာ အောက်တိုဘာ ၈ ရက် အပြန်ခရီးအတွက် စာရင်းပေးထားသူ လုပ် သား ၁၇၀ ကျော်ရှိကြောင်း ထိုလေကြောင်းလိုင်း၏ ဈေးကွက်နှ င့် ပြင်ပဆက်ဆံရေး အရာရှိ ဒေါ်အေး မရ သာ က အောက်တိုဘာ ၂ ရက်တွင် ပြောသည်။

Unbroken ရုပ်ရှင်ကို သြစတြေးလျမှာ သွားရိုက်မယ့် ဂျိုလီ


Thursday, October 03, 2013

 ဟောလီးဝုဒ် A စာရင်းဝင် မင်းသမီး အိန်ဂျလီနာဂျိုလီသည် ”Unbroken” ရုပ်ရှင် ဇာတ်ကားအား သြ စေ တြးလျနိုင်ငံ ဆစ်ဒနီမြို့နှင့် နယူးဆောက်သ် ဝေးပြည်နယ် ရှိ ကျေးလက်ဒေသ များ၌ ရိုက်ကူး သွားမ ည်ြ ဖစ်ကြောင်း အောက်တိုဘာ ၁ ရက်က ပြောကြားခဲ့သည်။

ရခိုင်ပဋိပက္ခနှင့် ဆက်စပ်လျက် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ #RNDP ၏ သံတွဲမြို့နယ်ဥက္ကဋ္ဌကို ထိမ်းသိမ်းစစ်ဆေးနေ


Thursday, October 03, 2013


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိနေသည့် ပဋိပက္ခများနှင့် ဆက်စပ်ကာ သံတွဲမြို့နယ်၏ ရခိုင်တိုင်းရင်း သားတိုးတက်ရေးပါတီ RNDP ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်ပုအပါအဝင် အခြားသူ ငါးဦးကို သံတွဲခရိုင် ရဲတပ်ဖွဲ့ မှ ဖမ်းဆီးစစ်ဆေးလျက်ရှိနေသည်ဟု RNDP ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးလှစောက ပြောသည်။

အချုပ်သားများ၏ ကျွေးမွေးစရိတ် တိုးမြှင့်ပေးရန် လွှတ်တော်တွင် တောင်းဆို


Thursday, October 3, 2013


အ ချုပ်သားများအတွက် တစ်ရက် ကျွေးမွေးစရိတ် ကျပ် ၄၈ဝကျော် သာရှိသည့်အတွက် တိုးမြှင့်ပေးရန် သာကေတမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် က တောင်းဆိုလိုက်ကြောင်း သိရသည်။

ကလေးမြို့ရေဘေး တစ်ဦးသေ၊ သုံးဦးပျောက်

Thursday, October 03, 2013

မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် စက်တင်ဘာ လကုန်ပိုင်းခန့်က တောင်ကျချောင်းရေများမှ တစ် ဆင့်မြစ်သာမြစ်၊ နေရဉ္စရာ မြစ်အတွင်း စီးဝင်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နယ်အ တွ င်း ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ကာ လူသုံးဦး ပျောက်ဆုံးပြီး တစ်ဦးသေဆုံး စာရင်းဖွင့် ထားကြောင်း ကေ လးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က The Voice သို့ အတည်ပြု ပြောကြားသည်။ “စန်းမြို့ရပ်ကွက်က လင်မယား နှစ်ယောက်က ကျီကုန်းဘက်မှာ ဆိုင်ကယ်နဲ့ လာရင်း မျောသွားတာ။ အခုထိ ပြန်မတွေ့သေး ဘူး။ နောက်စခန်းကြီးရွာက အမျိုးသမီးတစ်ဦးလည်း ဖောင်ကူးဘက်မှာ မျောသွားတာ ပြန် မတွေ့သေး ဘူး။ သူတို့ကို ပျောက်ဆုံးဖွင့်ထားတယ်။ ဆင်ရွာဘက်က တစ်ဦးကတော့ ဆည်ကြီးချောင်းမှာ ရေဆင်းကူး ရင်း သေသွားတယ်” ဟု ဦးအေးနိုင်က ဆိုသည်။ 

မြို့တော်ခန်းမရှေ့ မိကျောင်းကန်အရေးဆန္ဒပြသူများကိုရေရှည်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဥ ပဒေနှင့်အ ညီ ဆန္ဒဖော်ထုတ်ကြရန် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးပြော


Thursday, October 3, 2013
မြို့တော်ခန်းမရှေ့ မိကျောင်းကန်အရေးဆန္ဒပြသူများနှင့်ပတ်သက်၍ရန်ကုန် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးက ရေရှည်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ကြရန် ယနေ့ညနေ ကပြော သည်။

မြန်မာအပေါ် OIC အထင်အမြင် လွဲမှားမှု ဖြေရှင်းပြီးဟုဆို

Thursday, October 3, 2013
မွတ်ဆလင်လူနည်းစုကိုအကြမ်းဖက်ခံနေရသည်ဟုပြောဆိုလေ့ရှိသည့်အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(OIC)၏မြန်မာနိုင်ငံအပေါ်အထင်အမြင်လွဲမှားနေမှုများကို ဖြေရှင်းခဲ့ကြောင်းလူဝင်မူကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ကုလသမဂ္ဂက ဖိတ်ခေါ်မှုဖြင့် Group of Friends of the Secretary-General’s on Myanmar အစည်းအဝေးတက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိစဉ် စက်တင်ဘာလ ၂၆ ရက်နေ့က OIC (Organisation of Islamic Cooperation)၊ ကုလသမဂ္ဂ၊ အမေရိကန် အစိုးရတို့နှင့် တွေ့ဆုံရာ ယင်းသို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ OIC အထွေထွေ အတွင်းရေးမှူးချုပ်နှင့် နယူးယောက်မြို့ရှိ OIC သံအမတ်တို့နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဘင်္ဂါလီများ ယာယီအဆောက်အအုံ များဆောက်လုပ်ထားမှု၊ ဘင်္ဂါလီ ကျောင်းသား ၇၀၀၀ ကျော်နှင့် ရခိုင်ကျောင်းသား ၇၀၀ ကို ပြန်လည် စာသင်ကြားခွင့်ရအောင်လုပ်ဆောင်ထားမှု၊ ကျောင်းများ ဆောက်လုပ်ထားသည့် အခြေအနေ အပါအ ဝင် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အထောက်အထားများနှင့် ရှင်းပြခဲ့ကြောင်း ဦးခင်ရီ က ပြောကြားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစိုးရနှင့် KIO တို့ အကြိုညှိနှိုင်း

Thursday, October 3, 2013
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် နည်းပညာအထောက်အကူပြုအဖွဲ့များဖြစ်သည့် အစိုးရနှင့် ကချင်ပြည် နယ် လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာ ၂ ရက်က ပြုလုပ်သည်။
မြစ်ကြီးနားမြို့ KIO ဆက်ဆံရေးရုံးတွင် ပြုလုပ်သည့် ဆွေးနွေးမှုအတွင်း စစ်ပြေးဒုက္ခသည်များအရေး၊ တပ်ပိုင်းဆိုင်ရာကိစ္စများ၊နိုင်ငံရေးဆွေးနွေးမှုများတွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးေ ဆွးနွေးပွဲကိစ္စဟူ၍ အပိုင်းနှစ်ပိုင်း ဆွေးနွေးရန်နှင့် အထွေထွေကိစ္စများ ဆွေးနွေးရန် စသည့်အချက် ငါး ချက် ဆွေးနွေးခဲ့ကြသည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။ KIO မှ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက “နှစ်ဖက် တိုးတက်မှု အခြေအနေ၊ IDP ကိစ္စကို မူတခုကျအောင် လုပ်မယ်။ တပ်ပိုင်း ဆိုင်ရာကိစ်္စမှာ Join Minitoring Committee ပါမယ်။ ဖွဲ့စည်းပုံပါမယ်။ တပ်နေရာ ဆွေးနွေး မယ်။နိုင် ငံရေး ဆွေးနွေးပွဲကို လုပ်သွားမယ် ဆိုတဲ့ထဲမှာ တစ်နိုင်လုံး အပစ်အခတ်ရပ်စဲ လက်မှတ်ထိုးမယ်ဆိုတာနဲ့ အခြား ကိစ္စတွေ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသို့ပထမဆုံးအကြိမ် ဂျပန်စစ်သင်္ဘောများလာရောက်ခြင်းသည် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေး ထိခိုက်စေမည်မဟုတ်ကြောင်း မြန်မာရေတပ်ဗိုလ်ချုပ်ပြော

Thursday, October 3, 2013
ဒုတိ ယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ဂျပန်စစ်သင်္ဘော များလာရောက်ခြင်းသည် အိမ် နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးထိခိုက်စေမည်မဟုတ်ကြောင်း စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်းက ပြောသည်။ အောက်တိုဘာ၁ရက်ညက သီလဝါဆိပ်ကမ်း MITT တွင် ရောက်ရှိနေသော ဂျပန်စစ်သင်္ဘော ပေါ်၌ပြုလုပ်သည့် ညစာစားပွဲ တွင် သတင်းထောက်များ၏မေး မြန်းမှုအား ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
''ဒီလိုပဲ မိတ်ဆွေနိုင်ငံ တွေ က စစ်ရေယာဉ်တွေ မကြာခဏ မြန်မာနိုင်ငံဆီကို လာရောက်လည် ပတ်ကြပါ တယ်။ အခုလို ဂျပန် စစ်သင်္ဘောတွေ ချစ်ကြည်ရေး ခရီးလာရောက်လို့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်တို့ထိုင်းတို့နဲ့ ဆက်ဆံရေးကို ပူပန်စရာမရှိပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေပါတယ်။ မကြာသေးမီကပဲ တရုတ်နိုင်ငံက သင်္ဘောလာခဲ့ပါသေးတယ်။ ဒီလိုပဲ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား တို့လဲ လာခဲ့ပါသေးတယ်။ ဒီပလို မေစီရိုလ်းတစ်ခုအနေနဲ့ နိုင်ငံအား လုံးနဲ့ ချစ်ကြည်ရေးအတွက် ဒီ လိုပဲ အမြဲဆက်ဆံနေပါတယ်'' ဟု ဗိုလ်ချုပ်တင်အောင်စန်းက ပြောသည်။

ဘတ်ဂျက်တွင် မပါသည့် အရေးကြီး စီမံကိန်းများ ငြိမ်းချမ်းရေး ရန်ပုံငွေမှ ရယူဆောင်ရွက်မည်ဟုဆို

Thursday, October 3, 2013
နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးရမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မဖြစ် မနေဆောင်ရွက်ရမည့်စီမံကိန်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးအသုံးစရိတ်(ဘတ်ဂျက်)တွင် မပါဝင်သော် လည်း ငြိမ်းချမ်းရေးတည်ဆောက်ရေး ရန်ပုံငွေမှရယူ အသုံးပြုသွားမည် ဖြစ်ကြောင်းနယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းကပြောကြားသည်။
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ်နှင့် ကချင် ပြည်နယ်အတွင်းရှိ လမ်းတံတားစီမံကိန်းအချို့ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိလွှတ်တော်ကိုယ်စားလှယ်များ ၏ မေးမြန်းချက် အပေါ် ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ဘတ်ဂျက်မှာ မပါလည်း ကျွန်တော်တို့ဆီမှာ ငြိမ်းချမ်းရေးတည်ဆောက်မှုရန်ပုံငွေဆိုတာရှိတယ်။သက်ဆိုင်ရာဒေသအစိုးရတွေရဲ့ ထောက်ခံချက်နဲ့ ဆောင် ရွက်ပေးမယ်” ဟု ဗိုလ်ချုပ် မောင်မောင်အုန်းက ဆိုသည်။

ဖောက်ထွက်မှုကို မြင်ချင်ရင် ဗီဒီယိုထက် ရုပ်ရှင်ကို ကြည့်ပါဆိုတဲ့ ဒါရိုက်တာဝိုင်း

Thursday, October 3, 2013
ဒါရိုက်တာဝိုင်း က ဗိုလ်ချုပ် ရုပ်ရှင် အတွက် နယ်တွေကို သွားဖြစ် နေသလို ၂ဝ၁၅ မှာ ရုံတင်နိုင်ဖို့ အတွက် လည်း အားစိုက် လုပ်ဖြစ်နေ တယ် လို့ပြောပြပါတယ်။
“ဗိုလ်ချုပ် ရုပ်ရှင်ကို အစ်ကို့ တစ်ယောက်တည်း အနေနဲ့ ပြောနိုင် တာ တစ်ခုက ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ကို ၂ဝ၁၅ မှာ ရုံတင်ကို တင် နိုင်ရပါမယ်။ လတ်တလောမှာ ဒါကို ပိုပြီး အားစိုက် လုပ်ဖြစ်နေပါတယ်။ ဒါက မြန်မာ့သမိုင်း ရဲ့ အဓိကအကျ ဆုံးအရာပဲ” လို့ပြောပြပါတယ်။ လတ်တလော မှာတော့Vampire ဆို တဲ့ ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး တို့နဲ့ ရိုက်ကူးနေပါတယ်။ ရိုက်ကူးရင်း စိုင်းစိုင်းခမ်းလှိုင် က မန္တလေးမှာ ရှိုးသွား ဆိုတဲ့အတွက် ခဏတာ ရပ်ထားပြီး စက်တင်ဘာလ ကုန် မှာ ပြန်လည် ရိုက်ကူးမယ် လို့ သိရပါတယ်။ ဇာတ်ကား အတွက်နဲ့ ပတ်သက်ပြီး ဒါရိုက်တာဝိုင်း က..

အစိုးရနှင့် အပစ်ရပ် သဘောတူညီချက်များ ပြန်သုံးသပ်ရန် လက်နက်ကိုင် ငါးဖွဲ့ ဆွေးနွေး

Thursday, October 3, 2013
အစိုးရသစ် လက်ထက်တွင် လက်မှတ် ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အချို့ကို ပြန်လည် သုံးသပ်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့တွင် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တွေ့ဆုံနိုင်ရန် စီစဉ်ပေးသူ ဦးစောချစ်သက်ထွန်းက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ အာရကန် လွတ်မြောက်ရေး တပ်မတော် (ALP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ်မှစ၍ ဘယ်မောင်း ယာဉ်များသာ တင်သွင်းခွင့် ပြုတော့မည်

Thursday, October 3, 2013
လာမည့် ၂၀၁၄ ခုနှစ်မှစ၍ Free Permit ဖြင့် ကားအသစ်များကိုတင်သွင်းမည်ဆိုပါက ဘယ်မောင်း ကားများကိုသာခွင့်ပြုတော့မည်ဖြစ်သည်ဟုကုန်းလမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။ 
   Photo: ၂၀၁၄ ခုနှစ်မှစ၍ ဘယ်မောင်း ယာဉ်များသာ တင်သွင်းခွင့် ပြုတော့မည်
Thursday, October 3, 2013

လာမည့် ၂၀၁၄ ခုနှစ်မှ စ၍ Free Permit ဖြင့် ကားအသစ်များ ကို တင်သွင်းမည် ဆိုပါက ဘယ်မောင်း ကားများကိုသာ ခွင့်ပြု တော့မည် ဖြစ်သည်ဟု ကုန်းလမ်း ပို့ဆောင်ရေး နှင့် ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။


လက်ရှိတွင် Brand New Show Room များ အနေဖြင့် ကားများ တင်သွင်း ရောင်းချ ရာတွင် ဘယ်မောင်း ၊ ညာမောင်း ခွဲခြားမှု မရှိဘဲ Free Permit ဖြင့် တင်သွင်း ခွင့်ပြု ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကားတင်သွင်း ခွင့်နှင့် ပတ်သက်၍ အချိန်တိုင်း ပြောင်းလဲ နေမှုများထက် ပြည်သူများ အဆင်ပြေ စေမည့် ဥပဒေများ ချမှတ်ကာ ပုံသေ ဆောင်ရွက်သင့် သည်ဟု ကားဈေးကွက် ကျွမ်းကျင်သူ တချို့က သုံးသပ် ပြောကြား သည်။


လာမည့် နှစ်တွင် CIF တန်ဖိုးများ ၊ မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ မူဝါဒများ ၊ ကားအမျိုးအစား မော်ဒယ်လ် သတ်မှတ်ချက် များကို အောက်တိုဘာလ တွင် စတင် ရေးဆွဲ သွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး နှင့် ညွှန်ကြားမှု ဦးစီးဌာန မှ သိရှိရသည်။

မြ၀တီ
လက်ရှိတွင် Brand New Show Room များ အနေဖြင့် ကားများတင်သွင်းရောင်းချရာတွင် ဘယ်မောင်း၊ ညာမောင်းခွဲခြားမှုမရှိဘဲ Free Permit ဖြင့် တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကားတင်သွင်းခွင့်နှင့် ပတ်သက်၍အချိန်တိုင်း ပြောင်းလဲနေမှုများထက် ပြည်သူများအဆင်ပြေစေမည့်ဥပဒေများချမှတ်ကာပုံသေ ဆောင် ရွက်သင့်သည်ဟု ကားဈေးကွက်ကျွမ်းကျင်သူတချို့ကသုံးသပ် ပြောကြား သည်။ လာမည့် နှစ်တွင် CIF တန်ဖိုး များ ၊ မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ မူဝါဒများ ၊ ကားအမျိုးအစား မော်ဒယ်လ် သတ်မှတ်ချက် များကို အောက်တိုဘာလတွင် စတင်ရေးဆွဲသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး နှင့် ညွှန်ကြားမှု ဦးစီးဌာန မှ သိရှိရသည်။
မြ၀တီ

Albania နိုင်ငံတွင် နေထိုင်သော အမျိုးသမီးများ အမျိုးသားများရသည့်အခွင့်အရေးကိုရနိုင်

Thursday, October 3, 2013
Albania နိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုမျိုး အခွင့်အရေးကို ရနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီလို အခွင့်အရေး ရရှိဖို့အတွက်ကိုတော့ ထိုအမျိုးသမီးအနေနဲ့ တစ်သတ်တာလုံး အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှုပြုရမှာမဟုတ်ဘဲနဲ့ အပျိုစင်စစ်စစ်ဖြစ်ရမယ်လို့ ဆိုထားပါတယ်။
ဥရောပအရှေ့တောင်ပိုင်းမှာတည်ရှိတဲ့ Albania နိုင်ငံရဲ့ ဒီရိုးရာယဉ်ကျေးမှုဟာ 15 ရာစုခန့်ကတည်းက စတင်ခဲ့တယ်လို့ သိရပါတယ်။ Kanun လို့ အမည်ရတဲ့ ဒီရိုးရာယဉ်ကျေးမှုမှာတော့ အမျိုးသမီးများအတွက် အခြေခံအခွင့်အရေးကို ထည့်သွင်းစဉ်းစားထားခြင်းမရှိပါဘူး။ Kanun ဥပဒေအရ အမျိုးသမီးတစ်ယောက်က လက်ထပ်ထားသည်ဆိုလျှင်မဲမပေးနိုင်ပါဘူး,နာရီမ၀တ်နိုင်ပါဘူး, ဆေးလိပ်သောက်လို့မရပါဘူး, မြေယာဝယ် လို့မရပါဘူး,တချို့သောအဆောက်အအုံတွေထဲဝင်လို့မရပါဘူး။စည်းမျဉ်းကိုချိုးဖေါက်ပါက သေဒဏ်အထိပေးခံ ရနိုင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ထရပ်ကားကြီး 75710

Thursday, October 3, 2013
ကုဒ်နံပါတ် 75710 အမည်နဲ့ ကမ္ဘာ့အကြီးဆုံးထရပ်ကားကို ဥရောပဘီလာရုဇ်နိုင်ငံအခြေဆိုက် Belaz ကုမ္မဏီ က ထုတ်ဖောက်ပြသလိုက်ပြီ ဖြစ် ပါတယ်။
Photo: ကမ္ဘာ့အကြီးဆုံး ထရပ်ကားကြီး 75710
Thursday, October 3, 2013

ကုဒ်နံပါတ် 75710 အမည်နဲ့ ကမ္ဘာ့အကြီးဆုံး ထရပ်ကားကို ဥရောပ ဘီလာရုဇ်နိုင်ငံ အခြေဆိုက် Belaz ကုမ္မဏီက ထုတ်ဖောက်ပြသလိုက်ပြီ ဖြစ် ပါတယ်။ 

ပုံမှာ မြင်တွေ့နေရတဲ့ကားပါပဲ။ ၁၆ လုံး ပစ်စတင် ပူး ဆလင်ဒါ အင်ဂျင် ၂ စုံတပ်ဆင်ထားပြီး တာဘိုချာဂျာလည်း ၂ စုံပါရှိ ပါတယ်။ အင်ဂျင် တစ်လုံးစီက ထုတ်ပေးနိုင်တဲ့ မြင်းကောင်ရေ အား ကတော့ ၂၃၀၀ ကိုယ်စီ ဖြစ်ပြီး စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်နိုင်စွမ်းက ၄၆၀၀ hp ရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Electromechanical Transmission စနစ် အသုံးပြုထားပြီး လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုလည်း ပါဝင် အုံးမှာပါ။ ထရပ်ကားရဲ့  သယ်ယူနိုင်တဲ့ တန်ချိန်ပေါင်းကတော့ Payload - ၄၉၆ တန် ဖြစ်ပါတယ်။ 

ဒါကြေင့်မို့ ကမ္ဘာ့ပထမဆုံး ၄၉၆ တန် တင်ဆောင်နိုင်သော ကားအဖြစ်လည်း စံချိန်တင်ပါတယ်။ အရွယ်အစား ထုထည်အရကော၊ သယ်ဆောင်နိုင်တဲ့ အလေးချိန်အရကော အကြီးဆုံး ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၄၀ အထိပဲ အမြန်ဆုံးသွားနိုင်ပါတယ်။ သတ္တုတွင်းတွေမှာ အသုံးပြုနိုင်ရန် အတွက်ပါ။ Belaz ဆိုတာ ယင်းကဲ့သို့ အရွယ်ကြီး ထရပ်ကား၊ သတ္တုတွင်းကားများကို ထတ်လုပ်နေတဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ကုဒ်နံပါတ် 75710 လို့ အမည် ပေးထားတဲ့ ယင်းကားကိုလည်း ဂင်းနစ်စံချိန်တင်နိုင်ရန် အတွက်ပါ ရည်ရွယ်၍ ထုတ်လုပ်ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
.
ကားဗီဒီယို ကြည့်ရှုရန် - 
http://youtu.be/FYkzkzHDWp0

Aung Kham (ColayAutomobile) 
 ပုံမှာ မြင်တွေ့နေရတဲ့ကားပါပဲ။ ၁၆ လုံး ပစ်စတင်ပူးဆလင်ဒါ အင်ဂျင် ၂ စုံတပ်ဆင်ထားပြီး တာဘိုချာဂျာ လည်း ၂ စုံပါရှိ ပါတယ်။ အင်ဂျင်တစ်လုံးစီက ထုတ်ပေးနိုင်တဲ့ မြင်းကောင်ရေအားကတော့ ၂၃၀၀ ကိုယ် စီ ဖြစ်ပြီး စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်နိုင်စွမ်းက ၄၆၀၀ hp ရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Electromechanical Transmission စနစ် အသုံးပြုထားပြီး လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုလည်း ပါဝင် အုံး မှာပါ။ ထရပ်ကားရဲ့  သယ်ယူနိုင်တဲ့ တန်ချိန်ပေါင်းကတော့ Payload - ၄၉၆ တန် ဖြစ်ပါတယ်။

မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန် လည်ဖွဲ့စည်းဖွယ်ရှိ

Thursday, October 3, 2013
ယခုရာသီအသင်းကိုစတင်တာဝန်ယူသည့်မိုယက်စ်၏သမီးတစ်ဦးက အမျိုးသမီးဘောလုံးသမားများဖြစ်နြေ ခင်းနှင့်အတူ ယူနိုက်တက်က အမျိုးသမီးအသင်းကို တစ်ကျော့ပြန် တည်ထောင်ပေးရန် စဉ်းစားနေခြင်းဟု ဆိုသည်။ မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန်လည် ဖွဲ့စည်းဖွယ်ရှိမန်ချက်စတာ ယူနိုက်တက်အနေဖြင့် မန်နေဂျာဒေးဗစ်မိုယက်စ်ကြောင့်အမျိုးသမီးဘောလုံးအသင်းကိုပြန်လည် ဖွဲ့စည်းဖြစ် ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
 Photo: မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန် လည်ဖွဲ့စည်းဖွယ်ရှိ
Thursday, October 3, 2013

ယခုရာသီ အသင်းကို စတင်တာဝန်ယူသည့် မိုယက်စ်၏ သမီးတစ်ဦးက အမျိုးသမီး ဘောလုံးသမားများ ဖြစ်နေခြင်းနှင့်အတူ ယူနိုက်တက်က အမျိုးသမီး အသင်းကို တစ်ကျော့ပြန် တည်ထောင်ပေးရန် စဉ်းစားနေခြင်းဟု ဆိုသည်။

မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန်လည် ဖွဲ့စည်းဖွယ်ရှိမန်ချက်စတာ ယူနိုက်တက် အနေဖြင့် မန်နေဂျာ ဒေး ဗစ်မို ယက်စ်ကြောင့် အမျိုးသမီး ဘောလုံးအသင်းကို ပြန်လည် ဖွဲ့စည်းဖြစ်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အင်္ဂလန် ချန်ပီယံ အသင်းအနေဖြင့် (၂၀၀၅)ခုနှစ် ကတည်းက အမျိုးသမီး အသင်းကို ဖျက်သိမ်းထားပြီး ဖြစ်သည်။ သို့သော်လည်း ယခုရာသီ အသင်းကို စတင်တာဝန်ယူသည့် မိုယက်စ်၏ သမီးတစ်ဦးက အမျိုးသမီး ဘောလုံး သမားများ ဖြစ်နေခြင်းနှင့်အတူ ယူနိုက်တက်က အမျိုးသမီး အသင်းကို တစ်ကျော့ပြန် တည်ထောင်ပေးရန် စဉ်းစားနေခြင်းဟု ဆိုသည်။ အင်္ဂလန် ဘောလုံးလောက၏ ဟဲဗီးဝိတ် အသင်းများဖြစ်သည့် မန်ချက်စတာစီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့တွင် အမျိုးသမီး အသင်းများ ရှိသလို မိုယက်စ်ကိုင်တွယ်ခဲ့သည့် အသင်းဟောင်း အဲဗာတန်ကလည်း အလားတူ ဖွဲ့စည်းပေးထားသည်။

ယူနိုက်တက်သည် ယခင်က အမျိုးသမီး အသင်းကို ဖွဲ့စည်းဖူးသော်လည်း (၂၀၀၅)ခုနှစ်တွင် အသင်းတာဝန်ရှိသူများက ယင်းကုန်ကျစရိတ်ကို အသင်း၏ လူငယ်ပျိုးထောင်မှု ကဏ္ဍတွင် အဓိက အသုံးပြုရန် ဆုံးဖြတ်ကာ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ယူနိုက်တက်သည် မိန်းကလေးများအတွက် ဘောလုံးနည်းစနစ် သင်ကြားပို့ချပေးသော်လည်း အသက်(၁၈)နှစ်ထိသာ လက်ခံပေးထားသည်။ မိုယက်စ်၏ (၁၉)နှစ်အရွယ် သမီးဖြစ်သူ လော်ရန်မိုယက်စ်သည် လတ်တလောတွင် ပရက်စ်တန် နော့သ်အန်း အမျိုးသမီး အသင်းအတွက် ကစားပေးလျှက် ရှိသည်။

မိုယက်စ်သည် မေလက ကင်းဘရစ်ဂ်ျ ယူနီယံသို့ သွားရောက် လည်ပတ်စဉ်က အမျိုးသမီး အသင်းများကို အားပေးကူညီသင့်ကြောင်း အလေးအနက် ပြောဆိုဖူးသည်။ ၎င်းက "အမျိုးသမီး ဘောလုံးပွဲတွေဟာ အချိန်နဲ့အမျှ ပိုအဆင့်မြင့်လာ၊ ပိုအားကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ကျွန်တော့်သမီးဟာ ပရက်စ်တန်မှာ ကစားနေတယ်။ ကျွန်တော် ဒီအတွက် အရမ်း အားပေးမိပါတယ်။ အာဆင်နယ်မှာဆိုရင် သိပ်ကို ကောင်းမွန်တဲ့ အမျိုးသမီးအသင်း ရှိနေသလို အဲဗာတန် အမျိုးသမီး အသင်းကလည်း ဘောလုံးကစားတာ အပျံစားပါပဲ"ဟုလည်း ပြောကြားခဲ့သည်။

Guardian သတင်းစာက ယူနိုက်တက်တွင် အမျိုးသမီးအသင်း ဖွဲ့စည်းရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ကလပ်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက "ဒီလိုကိစ္စဆိုတာ အချိန်နဲ့အမျှ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ကလပ်အသင်း အနေနဲ့ လိုအပ်ရင် ပြန်ပြီး သုံးသပ်လေ့လာမှုတွေ လုပ်ဆောင်တာမျိုး ရှိမှာပါ။ အမှန်တကယ် သုံးသပ်မှုတွေ ပြည့်ပြည့်ဝဝ ရှိခဲ့ပြီ ဆိုရင်တော့ အသင်းက လိုအပ်တဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်ပါလိမ့်မယ်"ဟု ဖြေဆိုသွားသည်။

Planet Myanmar Network

လက်တွေ့ပျောက် ဆေးမီးတို

Thursday, October 3, 2013
လက်တွေ့ပျောက်ကင်းခဲ့တဲ့ ဆေးမြီးတိုလေးတွေ အကြောင်းပြောချင်ပါတယ်။
ကြွက်နို့
ကြွက်နို့ကို သွေးအနည်းငယ်စို့်အောင် သန့်ရှင်းတဲ့ပစ္စည်းတစ်ခုခုနဲ့လုပ်ပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးနဲ့လှီးပြီးအစေးထွက်အောင်လုပ်ပါ။ အဲဒီ အစေးနဲ့ သွေးစို့နေတဲ့ ကြွက်နို့ကိုပွတ်တိုက်ပါ။
ဒီနေ့လုပ် မနက်ဖန် ချက်ချင်းပျောက်ပေါ့။
ဆီးရောဂါ
၁၈နှစ်လောက်ဖြစ်ခဲ့တဲ့ ဆီးရောဂါကို တစ်ရက်နဲ့ပျောက်ကင်းပြီးပြန်မဖြစ်တော့တဲ့နည်းပါ။ ကျောက်ဖရုံသီး အူနဲ့ ကန်ဇွန်းရွက်ကိုနုတ်နုတ်စင်းပြီး ဆီးစပ်မှာအုံထားပါ။
နားထဲပိုးကောင်ဝင်ရင်
ဘယ်လောက်ဆိုးတယ်ဆိုတာကြုံးဘူးမှသိပါမယ်။ ဆွေ့ဆွေ့ခုန်အော်ဟစ်နေရတာမျိုးပါ။ ပိုးကောင်ဝင်နေ တဲ့ နားထဲကို အုန်းဆီလောင်းထည့်ပါ။ ခဏနေရင်အုန်းဆီတွေပြန်ထွက်အောင် ခေါင်းဆောင်းလိုက်ပါ။ ပိုးကောင်ထွက်သွားပါလိမ့်မယ်။
ပုဂံအွန်လိုင်းမီဒီယာ

ပျောက်ဆုံးနေသော ကမ္ဘာငယ် (သို့မဟုတ်) ဆိုကိုထရာကျွန်း

Thursday, October 3, 2013
အိန္ဒိယသမုဒ္ဒရာအတွင်းရှိကျွန်းငယ်လေးပေါ်တွင်ကမ္ဘာပေါ်၌ရှေးနှစ်သန်းပေါင်းများစွာကရှင်သန်ပေါက်ရောက်ခဲ့ သည့်အပင်မျိုးစိတ်များတည်ရှိနေဆဲ ဖြစ်သည်။ အချို့သောအပင်များကို ကမ္ဘာပေါ်ရှိ အခြားမည်သည့် နေရာ တွင်မျှရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ချေ။ပျာက်ဆုံးနေသောကမ္ဘာငယ်(သို့မဟုတ်) ဆိုကိုထရာကျွန်းမြင်ကွင်း က အချိန်ကာလယန္တရားဖြင့် အတိတ်ဆီသို့ နောက်ပြန်သွားသည့် စိတ်ကူးယဉ် သိပ္ပံဇာတ်ကား တစ်ခု ၏ နောက်ခံမျိုးဖြစ်သည်။ သို့သော်လည်း ပျောက်ဆုံးနေသော ကမ္ဘာဟု တင်စားခံရမည့် ဆိုကိုထရာ ကျွန်းလေးသည် ကမ္ဘာပေါ်တွင်အမှန်တကယ် တည်ရှိနေဆဲ ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်း ငယ်လေးပေါ်တွင် ကမ္ဘာပေါ်၌ ရှေးနှစ်သန်းပေါင်း များစွာက ရှင်သန်ပေါက်ရောက်ခဲ့သည့် အပင်မျိုးစိတ်များ တည်ရှိနေဆဲ ဖြစ်သည်။ အချို့သော အပင်များကို ကမ္ဘာပေါ်ရှိ အခြားမည်သည့် နေရာတွင်မျှ ရှာဖွေတွေ့ ရှိနိုင်မည် မဟုတ်ချေ။ လူသူအရောက်အပေါက်အလွန်နည်းပြီး ဝေးလံသီခေါင်လှသည့် ဆိုကိုထရာ ကျွန်းငယ်လေးပေါ်တွင် ကမ္ဘာ့အရှားပါးဆုံး အပင်မျိုးစိတ် (၈၀၀)ကျော် သဘာဝအတိုင်း ပေါက်ရောက် ရှင်သန်လျှက်ရှိသည်။

ထိုင်ဝမ်သားကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အမှုဖွင့်

Thursday, October 3, 2013
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရွှေတိဂုံဘုရားလမ်း (၇) ရပ်ကွက်တွင် အမြဲတမ်း နေထိုင်ခွင့်ဖြင့်နေ သူ အသက် ၅၃ နှစ်အရွယ်ရှိ ထိုင်ဝမ်အမျိုးသားတစ်ဦးကို မူးယစ်ဆေးသုံးစွဲမှုဖြင့် တရားရင်ဆိုင်နေရစဉ် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အောက်တိုဘာ ၁ ရက်နေ့က ထပ်မံအမှုဖွင့်ထားကြောင်း လသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းက The Voice သို့ ပြောကြားသည်။
ထိုင်ဝမ်တွင် နေထိုင်သူ ဦးကျော်ခင် (ခ) ရန်ကျုံချင်းကို စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ၎င်းနေထိုင်ရာ နေအိမ်တွင် WY စိတ်ကြွဆေးပြား ၅၂ ပြား၊ ဒိုင်ယာစီပင် ထိုးဆေး ၁၁ လုံး၊ ဗျူဖရီနော်မင်း ထိုးဆေး ၂၁ လုံးတို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း၊ ယင်းအမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်နေ့တွင် တရားရုံးတွင်စစ်ဆေးလျက်ရှိရာဗီဇာပါစည်းကမ်းချက်ဖောက်ဖျက်မှုကြောင့်ထပ်မံအမှုဖွင့် ရခြင်း ဖြစ်ကြောင်း အဆိုပါ အမှုကို စစ်ဆေးသည့် ရဲအုပ်တိုးမြို့က ပြောကြားသည်။

Tigerair လေကြောင်းလိုင်းမှ ရန်ကုန်နှင့် စင်္ကာပူကြား တိုက်ရိုက် ပြေးဆွဲမည်

Thursday, October 3, 2013
စင်္ကာပူနိုင်ငံ အခြေစိုက် Tigerair လေကြောင်းလိုင်းမှ ရန်ကုန်နဲ့ စင်္ကာပူ နိုင်ငံကြား တိုက်ရိုက် ပျံသန်းမှု ခရီးစဉ်ကို အောက်တိုဘာလ ၁ ရက်နေ့မှာစတင် ပျံသန်းနေပြီ ဖြစ်တယ်လို့ အောက်တိုဘာလ ၁ ရက်နေ့မှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ လေကြောင်းလိုင်းသစ် ဖွင့်ပွဲ အခမ်းအနားမှ သိရပါတယ်။ အဆိုပါ Tigerair လေကြောင်းလိုင်း အနေနဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပထမဆုံး အကြိမ် ပျံသန်း ပြေးဆွဲတာ ဖြစ်ပြီး စင်္ကာပူမှ တစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်၊ သြစတြေးလျ အပါအ၀င် အာရှပစိဖိတ် ဒေသများရှိ နိုင်ငံပေါင်း ၅၀ ကျော်သို့ Air Bus လေယာဉ် အစင်းရေ စုစုပေါင်း ၄၅ စင်းနဲ့ တိုက်ရိုက် ပျံသန်း ပြေးဆွဲ လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း မန္တလေးနဲ့ နေပြည်တော် တို့မှာပါ တိုးချဲ့ပြေးဆွဲ သွားမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီတာခဈေးနှုန်းချိုသာရန် ဆောင်ရွက်ပေးမည်ဟု သမ္မတ ကတိပြု

Thursday, October 3, 2013
ကျောက်ဖြူမှထွက်သော သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ ရခိုင်ပြည်နယ် ၁၇ မြို့နယ်စလုံးကို ဈေးနှုန်းချိုသာ စွာဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးမည်ဟု ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော သမ်္မတ ဦးသိန်းစိန်က ကတိပြု ခဲ့ကြောင်း အောက်တိုဘာ ၂ ရက်က သမ္မတနှင့် တွေ့ဆုံခဲ့ သူ မြို့မိမြို့ဖတစ်ဦးဖြစ် သည့် စစ်တွမြို့မှ ဦးသန်းထွန်းက မဇ်္ဈိမကို ပြောသည်။ သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၂ ရက်က စစ်တွေ့မြို့မိ မြို့ဖများနှင့်တစ်ကြိမ်၊ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တစ်ကြိမ် စစ်တွေမြို့တွင် တွေ့ဆုံခဲ့ သည်။“ရခိုင်တစ်ပြည်နယ် ၁၇မြို့နယ်လုံး မီးရရှိဖို့ ၅၀ မဂ္ဂါဝပ်ရှိတဲ့ ဂက်စ်တာဘိုင် တည်ဆောက်ပြီး ပေးဝေ သွားမယ်လို့ပြောသွားပါတယ်။ ရခိုင်ပြည်နယ်၁၇ မြို့နယ်အတွက် ၁၅ မဂ္ဂါဝပ်နဲ့ ၂၀ မဂ္ဂါဝပ်ဆို လုံလောက်နိုင်တဲ့အတွက်ပိုတဲ့ဟာကို ပြည်မထဲကို ပြန်သွယ်တန်းမယ်လို့လဲ ပြောသွားပါတယ်။ ဒီအချက် ကတော့ ကျွန်တော် တို့ တစ်ပြည်နယ်လုံးကျေနပ်အားရတဲ့အချက်ပါ” ဟု ဦးသန်းထွန်းက ပြောသည်။

ဇနီးမောင်နှံနှစ်ဦး မီးမွှေးစဉ် ဓာတ်ဆီဘူးမီးလောင်ရာမှ မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသမီးသေဆုံး

Thursday, October 3, 2013
တရုတ်နိုင်ငံ၊ ရွှေလီမြို့ ၌ အလုပ်သွားလုပ်သော ပလောင်လူမျိုး ဇနီးမောင်နှံနှစ်ဦး မီးမွှေးစဉ် ဓာတ်ဆီဘူး မီးလောင်ရာမှ ကိုယ်ခန္ဓာအနှံ့ လောင်ကျွမ်းခဲ့ပြီး အမျိုးသမီးသေဆုံးသွားကြောင်း မူဆယ်မြို့နယ်ဆေးရုံကြီးမှ သတင်းရရှိသည်။““နှစ်ယောက်စလုံး မီးလောင်ဒဏ်ရာတွေ နဲ့ ဆေးရုံမှာလာတက်ခဲ့ပြီး အမျိုးသမီး က အောက်တို ဘာ ၁ ရက် ညက သေဆုံးသွားပါတယ်။ အမျိုးသားရဲ့ ဒဏ်ရာအခြေအနေကတော့ သက် သာနေပါပြီ””ဟု မူဆယ်မြို့နယ်ဆေးရုံကြီးမှ တာဝန်ကျဆရာမတစ်ဦးကပြောသည်။ မီးလောင်ဒဏ်ရာ ရရှိခဲ့သူ နှစ်ဦးမှာ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ နယ်၊ လွယ်လမ်ရွာနေ ဦးမိုင်းလုမ် အောင် ကျိုးနှင့် ဒေါ်ယေကမ် ဆိုသူတို့ဖြစ်ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နေ့စားဖြင့် ခြံရှင်းအလုပ် လုပ်ကိုင်နေခြင်းဖြစ်သည်။

မြုံနေသည့် အမျိုးသမီးများ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေသည့် နည်းပညာ တွေ့ရှိ

Thursday, October 3, 2013
မြုံနေသော အမျိုးသမီး ၏ သား အိမ်အတွင်း၌ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေ သည့် နည်းပညာသစ် တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့ပြီး ၄င်း နည်းပညာ သုံး၍ ဂျပန် အမျိုးသမီး အား ကလေး မီးဖွား စေခဲ့ကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင် များက စက်တင်ဘာ ၃ဝ ရက် တွင် ပြော ကြားခဲ့သည်။စတန်းဖို့ဒ် တက္ကသိုလ်ရှိ သားဖွား နှင့် မီးယပ်ရောဂါ ဌာနမှ ပါမောက္ခ အာရွန်ဆန် သည် မြုံနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ် အတွင်း၌ မျိုးဥဖြစ် ထွန်းစေသည့် နည်းသစ် တစ်ခု အား ရှာ ဖွေတွေ့ရှိခဲ့သည်။အဆိုပါ နည်းပညာသစ် မှာ ကနဦး အဆင့်၌သာ ရှိသေးသော်လည်း မျိုးဥ မထုတ် လွှတ်နိုင်တော့သည့် သားအိမ် ရှိသော အမျိုးသမီးငယ် များ အတွက် မျှော်လင့်ချက် တစ်ခု ပင် ဖြစ်သည်။ ၄င်း အမျိုးသမီး များသည် ငယ်ငယ်ရွယ်ရွယ်နှင့် သွေးဆုံးကြပြီး ကိုယ်ဝန် ဆောင်လိုပါက မျိုးဥ လှူဒါန်းခြင်း တစ်ခု သာ ရွေးချယ်စရာ ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ခြင်းမှာ သားအိမ် အလုပ် မလုပ်ခြင်း ဖြစ်ပြီး အသက် ၄ဝ မတိုင်ခင် အရွယ် ၌ပင် သားအိမ် အလုပ်လုပ်ခြင်း မရှိပေ။

Wednesday, October 02, 2013

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်

Wednesday, October 2, 2013
Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အမှုဖြစ်ပွားပုံမှာ ယနေ့မနက် ၆နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ အကွက်(တ-၇)၊ ၆၉လမ်း-နှင်းဆီလမ်းထောင့်၊ အမှတ်(ဏ/၁၆)၊ရှိ Panasonec Co.,Ltd မန္တလေးရုံးခွဲ(ရုံးခန်းနှင့်ဂိုထောင် တွဲ လျှက်)သို့ သက်ပိုင်စိုး ၂၇နှစ်(ဘ)ဦးစိုးတင့်၊ အရောင်းဝန်ထမ်းသည် ပစ္စည်းများထုတ်ယူရန် လာရောက်ခဲ့ သည်။ ရောက်ရှိချိန်တွင် ခြံဝန်းတံခါးမကြီးပွင့်နေသည်ကို တွေ့ရပြီး ခြံဝန်းအတွင်း လူသုံးဦးလဲကျနေသည် ကို တွေ့ရှိသဖြင့် ဒါရိုက်တာ ဦးလှဖုန်းကျော်သို့အကြောင်း ကြားခဲ့သည်။

တောင်သူလယ်သမားအသင်း တရားဝင်မှတ်ပုံတင် ကျပြီး တစ်ရက်အကြာ ဖျက်သိမ်းခံရ

Wednesday, October 2, 2013
မြန်မာ နိုင်ငံ တောင်သူလယ်သမား အသင်းမှာမှတ်ပုံတင်ကျပြီး တစ်ရက် အကြာတွင် ဖျက်သိမ်းခံရကြောင်း သိရသည်။ အဆိုပါအသင်း တရားဝင် ဖွဲ့စည်းခွင့်မှတ်ပုံတင်ကို ဇွန်လ ၇ ရက်ကရရှိခဲ့ပြီး ဇွန်လ ၈ရက် တွင် အကြောင်းပြချက် တစ်စုံတစ်ရာ မှမရှိဘဲ အသင်းဖွဲ့စည်းခွင့်မှတ် ပုံတင်အား ပြန်လည်ဖျက်သိမ်း ခြင်းခံခဲ့ရကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။ ဒေါက်တာ စိုးထွန်းက ''အသင်း မှတ်ပုံ တင်တင်ပြီး မှတ်ပုံတင် မရရင် ကျွန်တော်တို့က ဘာလုပ် ရမှာလဲ။ မှတ်ပုံမတင်ရင်တော့ အရေးယူတာခံရမယ်။ မှတ်ပုံတင် ရက်သားနဲ့ တင်ခွင့်မပေးဘူး။ ပြန် လည်ပယ်ဖျက်တယ်ဆိုတော့ ကျွန် တော်တို့ အတွက် ဘာအခွင့် ရေး ရှိလဲ''ဟု ပြောသည်။

နိုင်ငံရေးနည်းလမ်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ သမ္မတ တိုက်တွန်း

Wednesday, October 2, 2013
ခိုင်မာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုတည်းနဲ့မလုံလောက်ဘဲ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ပြောလိုက် ပါတယ်။ ဒီနေ့ မနက်က သမ္မတဦးသိန်းစိန် ရဲ့ ပြည်သူတွေကို လစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ ခုလိုထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ သဘောတူပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ကို လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

မန္တလေးယာဉ်ထိန်းရဲတစ်ဦး အပြုံးရှင်ဆုရ


Wednesday, October 2, 2013
မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေးမြို့ အခြေစိုက် လူမှုကူညီရေးအသင်း တစ်သင်းဖြစ်သည့် လောကပါလ အသင်းက အမြဲတမ်းပြုံးနေသူ အဖြစ် အမည်ရသော (Eversmile) အပြုံးရှင်ဆု ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း အဆိုပါဆု ချီးမြှင့်ခြင်း အခမ်းအနားအရ သိရသည်။ အဆိုပါ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းသည် တာဝန်ကျ လမ်းပိုင်း၌ တာဝန်ထမ်းဆောင် နေချိန်တွင် မျက်နှာအမြဲတမ်း ပြုံးရွှင်နေသည်ကို ထူးထူးခြားခြား တွေ့မြင်ရပြီး ကျန်ဝန်ထမ်း များ အားကျအတုယူစေရန် အတွက် ယင်းကဲ့သို့ ဆုချီးမြှင့်ရခြင်း ဖြစ်ကြောင်း လောကပါလ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောကြားသည်။
Photo: မန္တလေးယာဉ်ထိန်းရဲတစ်ဦး အပြုံးရှင်ဆုရ
 Wednesday, October 2, 2013

မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေးမြို့ အခြေစိုက် လူမှုကူညီရေးအသင်း တစ်သင်းဖြစ်သည့် လောကပါလ အသင်းက အမြဲတမ်းပြုံးနေသူ အဖြစ် အမည်ရသော (Eversmile) အပြုံးရှင်ဆု ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း အဆိုပါဆု ချီးမြှင့်ခြင်း အခမ်းအနားအရ သိရသည်။

အဆိုပါ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းသည် တာဝန်ကျ လမ်းပိုင်း၌ တာဝန်ထမ်းဆောင် နေချိန်တွင် မျက်နှာအမြဲတမ်း ပြုံးရွှင်နေသည်ကို ထူးထူးခြားခြား တွေ့မြင်ရပြီး ကျန်ဝန်ထမ်း များ အားကျအတုယူစေရန် အတွက် ယင်းကဲ့သို့ ဆုချီးမြှင့်ရခြင်း ဖြစ်ကြောင်း လောကပါလ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောကြားသည်။

အဆိုပါ အမြဲတမ်းပြုံးရွှင်စွာ တာဝန်ထမ်းဆောင်နေသည် ဟုဆိုသော ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဝင်များ နှင့် UD Group မှ ဒါရိုက်တာ ဦးခင်မောင်ဝင်း၊ မန္တလေး သတင်းပုံရိပ်များအဖွဲ့ တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာ ဆုကြေး ငွေစုစုပေါင်း လေးသိန်းရှစ်သောင်းကျပ် ရရှိသည်။

ယင်းကဲ့သို့ ပြည်သူများကိုယ်စား ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များကို ဆုချီးမြှင့်ခြင်းသည် ထူးခြားမှုတစ်ခု ဖြစ်ပြီး ယခင်က ပြည်သူများက ယာဉ်ထိန်းရဲများ အပေါ်တွင် အထင်လွဲခဲ့ခြင်းများ ရှိခဲ့သော်လည်း ယခုအခါ ယင်းအထင်အမြင် လွဲခြင်းများ တဖြည်းဖြည်း လျော့ကျလာကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းကိုကိုက ပြောကြားသည်။

"ပြည်သူတွေက ဒါမျိုးဆု (Eversmile) ကိုပေးတာ အရမ်းဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်လည်း ဒါမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ လမ်းတွေပေါ်မှာ ဆက်လက် တာဝန်ထမ်းဆောင် သွားမှာပါ" ဟု Eversmile ဆု ချီးမြှင့်ခြင်းခံရသူ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းက ဆိုသည်။

"အထူးသဖြင့် စည်ပင်သာယာ ဝန်ထမ်းတွေ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တွေ၊ အဲဒါတွေဆိုရင် အရင်က အများပြည်သူကို မောက်မောက် မာမာနဲ့ ဆက်ဆံခဲ့တာလေ။ ပြည်သူတွေပေးတဲ့ လစာကို စားနေမှတော့ ပြည်သူတွေကို ဒီလိုမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံတယ် ဆိုတာ ကောင်းပါတယ်။ ပေးလည်းပေးသင့်ပါတယ်" ဟု မန္တလေးမြို့ခံ စာရေးဆရာ တစ်ဦးက သုံးသပ်ပြောဆိုသည်။

(၄၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု သောအားဖြင့် အမှတ်(၃) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး အောင်ကိုဦးကို ဂါရဝဆု၊ အမှတ် (၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူး ရဲမှူးသိန်းကိုကိုကို မန္တလာမြေမှ ဝန်ထမ်းကောင်းဆုံးဆု ချီးမြှင့် ခဲ့ကြသည်။

The Voice Weekly

My Blog List