Wednesday, January 22, 2020

မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှု အား ဒုဝန်ကြီးလာရောက်တွေ့ဆုံခြင်းသည် ခရီးသွားဟန်လွဲသာ ဖြစ်ဟုဆို


Image may contain: 4 people, people smiling, people sitting, table, child and outdoor
မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှုအား ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးလာရောက်တွေ့ဆုံခြင်းသည် ခရီးသွားဟန်လွဲသာ ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားမြားသမဂ်ဂ သပိတျမှောကျ ဦးဆောငျကောျမတီ က သတငျးစာရှငျးလငျးပှဲမှာေွပွောကြားခဲ့ပါတယ်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အနေဖြင့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့် ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီလ ၉ ရက်နေ့က ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှုကို ပြန်လည်စတင်ခဲ့ကာ (၁၃) ရက်မြောက်ရှိပြီဖြစ်သည်။
"ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ကျွန်တော်တို့ဆီကို လာတွေ့တယ်ဆိုတာ ခရီးသွားဟန်လွဲသာဖြစ်ပါတယ်။ ကြှနျတောျတို့ကြောငျးမှာ ဆယျတနျးစာမေးပှဲအတှကျ မေးခှနျးထုတျတာတှေ စာမေးပှဲ ကုဒျနံပါတျတှလေုပျတာတှေ အဲ့ဒီကိစ်စတှနေဲ့ ပတျသကျပွီး ကြှနျတောျတို့ဆီကို လာခဲ့တာဖွစျပါတယျ။ တကယျကြှနျတောျတို့ သပိတျနဲ့ ပတျသကျပွီးတော့ေွေွဖွရှေငျးတာမျိုးတွေ့ဆုံညှိနှိုင်းတာမျိုးလာတာမဟုတ်ပါဘူ"း ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက် ဦးဆောင်ကော်မတီ မှ ကိုရန်စိုးပိုင်က ပြောသည်။
ပညာရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်မပေးမချင်း ၊ ဥပဒေချိုးဖောက်သည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အရေးမယူမချင်း သပိတ်ဆက်မှောက်သွားမည်ဖြစ်ကြောင်း သိရသည် ။
"အခုလိုမျိုး အစိုးရက တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေတဲ့ အခြေအနေမှာ ဝန်ကြီးဌာနကနေပြီးတော့ တကယ်ကို ဥပဒေချိုးဖောက်တဲ့သူတွေ အဂတိလိုက်စားတဲ့သူတွေကို အရေးယူမှုနှောင့်နှေးနေတာဟာ အစိုးရရဲ့ ပုံရိပ်ကိုလည်း ပညာရေးဝန်ကြီးဌာနက ချနေတယ်လို့ ကျွန်မတို့ကမြင်တယ်" ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက် ဦးဆောင်ကော်မတီ မှ မယမင်းသူက ပြောသည်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အနေဖြင့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့် ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ပြင်းထန်စွာအရေးယူပေးရေး တိုင်ကြားခဲ့ကာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့် ဒုဝန်ကြီးပါသည့် စစ်ဆေးရေးအဖွဲ့ က ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က စတင်စစ်ဆေးမှုများပြုလုပ်ခဲ့သည် ။
မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် ၁/၂၀၁၇ ကို ဖောက်ဖျက်ပြီး Food Court ဆောက်လုပ်သည့် ကိစ္စအား တင်ဒါခေါ်ယူခြင်းမရှိပဲ ဆောင်ရွက်ခဲ့သည့်အပြင် အဆိုပါ Food Court ဆောက်လုပ်မှုအား ကျောင်းသားသမဂ္ဂအနေဖြင့် ထောက်ခံသည့်ပုံစံ အတုအယောင်များ လုပ်ဆောင်ထားခြင်းများလည်းရှိကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားသည့် Food Court ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ကတည်း က ဆောက်လုပ်ခြင်းဖြစ်ပြီး ယခုအခါ ပြီးစီးနေပြီဖြစ်သည်။

Zawgyi
မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှု အား ဒုဝန်ကြီးလာရောက်တွေ့ဆုံခြင်းသည် ခရီးသွားဟန်လွဲသာ ဖြစ်ဟုဆို

မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှုအား ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးလာရောက်တွေ့ဆုံခြင်းသည် ခရီးသွားဟန်လွဲသာ ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက် ဦးဆောင်ကော်မတီ က သတင်းစာရှင်းလင်းပွဲမှာေြေြပာကြားခဲ့ပါတယ်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အနေဖြင့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့် ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီလ ၉ ရက်နေ့က ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှုကို ပြန်လည်စတင်ခဲ့ကာ (၁၃) ရက်မြောက်ရှိပြီဖြစ်သည်။
"ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ကျွန်တော်တို့ဆီကို လာတွေ့တယ်ဆိုတာ ခရီးသွားဟန်လွဲသာဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာ ဆယ်တန်းစာမေးပွဲအတွက် မေးခွန်းထုတ်တာတွေ စာမေးပွဲ ကုဒ်နံပါတ်တွေလုပ်တာတွေ အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီကို လာခဲ့တာဖြစ်ပါတယ်။ တကယ်ကျွန်တော်တို့ သပိတ်နဲ့ ပတ်သက်ပြီးတော့ေြေြဖြေရှင်းတာမျိုးတွေ့ဆုံညှိနှိုင်းတာမျိုးလာတာမဟုတ်ပါဘူ"း ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက် ဦးဆောင်ကော်မတီ မှ ကိုရန်စိုးပိုင်က ပြောသည်။
ပညာရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်မပေးမချင်း ၊ ဥပဒေချိုးဖောက်သည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အရေးမယူမချင်း သပိတ်ဆက်မှောက်သွားမည်ဖြစ်ေကြာင်း သိရသည် ။
"အခုလိုမျိုး အစိုးရက တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေတဲ့ အခြေအနေမှာ ဝန်ကြီးဌာနကနေပြီးတော့ တကယ်ကို ဥပဒေချိုးဖောက်တဲ့သူတွေ အဂတိလိုက်စားတဲ့သူတွေကို အရေးယူမှုနှောင့်နှေးနေတာဟာ အစိုးရရဲ့ ပုံရိပ်ကိုလည်း ပညာရေးဝန်ကြီးဌာနက ချနေတယ်လို့ ကျွန်မတို့ကမြင်တယ်" ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက် ဦးဆောင်ကော်မတီ မှ မယမင်းသူက ပြောသည်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အနေဖြင့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့် ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ပြင်းထန်စွာအရေးယူပေးရေး တိုင်ကြားခဲ့ကာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့် ဒုဝန်ကြီးပါသည့် စစ်ဆေးရေးအဖွဲ့ က ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က စတင်စစ်ဆေးမှုများပြုလုပ်ခဲ့သည် ။
မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် ၁/၂၀၁၇ ကို ဖောက်ဖျက်ပြီး Food Court ဆောက်လုပ်သည့် ကိစ္စအား တင်ဒါခေါ်ယူခြင်းမရှိပဲ ဆောင်ရွက်ခဲ့သည့်အပြင် အဆိုပါ Food Court ဆောက်လုပ်မှုအား ကျောင်းသားသမဂ္ဂအနေဖြင့် ထောက်ခံသည့်ပုံစံ အတုအယောင်များ လုပ်ဆောင်ထားခြင်းများလည်းရှိေကြာင်း သိရသည်။
မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားသည့် Food Court ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ကတည်း က ဆောက်လုပ်ခြင်းဖြစ်ပြီး ယခုအခါ ပြီးစီးနေပြီဖြစ်သည်။

No comments:

Post a Comment

My Blog List