Friday, August 28, 2015

သမ္မတနဲ့ တိုင်းရင်သား လက်နက် ကိုင် ခေါင်းဆောင်တွေ ရှေ့လ ၉ ရက်နေ့ တွေ့မည်


တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၆ဖွဲ့က ခေါင်းဆောင်တွေဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ လာမယ့် စက်တင်ဘာလ ၉ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။ 

ရွေးကောက်ပွဲ လွတ်လပ်မျှတ တည်ငြိမ်ရေး သူရဦးရွှေမန်း တိုက်တွန်း


လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ရွေးကောက်ပွဲ ၀င်ရတဲ့ ရည်ရွယ်ချက်ရှင်းပြ


လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တာဟာ ရခိုင်ပြည်နယ် ၀န်ကြီး ချုပ် တာဝန်ကို ထပ်မံထမ်းဆောင်ချင်လို့မဟုတ်ကြောင်း ၀န်ကြီးချုပ်အဖြစ်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက နှုတ် ထွက်ခဲ့တဲ့ ဦးမောင်မောင်အုန်းက ဒီနေ့ ပြောပါတယ်။ ဒီနေ့ စစ်တွေမြို့မှာ မြို့ခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ နဲ့ တွေ့ဆုံစဉ်မှာ ဦးမောင်မောင်အုန်းက အခုလိုပြောခဲ့တာပါ။

မတရားအသင်း ဆက်သွယ်မှုဥပဒေ မပယ်ဖျက်နိုင်သေးဘူးလို့ ၀န်ကြီး ဦးအောင်မင်း ပြော


အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ယုံကြည်မှု နည်းနေသေးတဲ့အတွက် ပုဒ်မ ၁၇ မတရား အသင်း ဆက်သွယ်မှု ဥပဒေကို မပယ်ဖျက်နိုင်သေးဘူးလို့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောလိုက် ပါတယ်။ 

ရွေးကောက်ပွဲသတင်းယူခွင့် စည်းမျဉ်းကန့်သတ်ချက် စာနယ်ဇင်းသမားတွေ ဝေဖန်


လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ သတင်းယူဖို့အတွက် သတင်းမီဒီယာသမားတွေကို ခံဝန် ချက် လက်မှတ်ရေးထိုးရမယ်လို့ ထုတ်ပြန်ထားတာအပြင် မြို့နယ်အလိုက် သတင်းသမားအရေအတွက် ကန့်သတ် တာတွေဟာ မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ပြောပါတယ်။ 

ပယ်ချခံရသူ NLD ကိုယ်စားလှယ်လောင်း ၄ ဦးထိရှိလာ


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ဖို့ ကော်မရှင်တင်ထားတဲ့သူတွေထဲက အပယ်ခံရ သူ စုစုပေါင်း ၄ ဦးရှိသွားပြီလို့ သိရပါတယ်။ ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင် ကပြဌာန်းထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ မကိုက်ညီလို့ဆိုပြီး ပယ်ချခံရတဲ့အတွက် ဥပဒေ ကြောင်းအရ ဆက်လုပ်ခွင့်မရှိတော့လို့ ပါတီအတွက်နစ်နာရတယ်လို့ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင် ရေးကော်မ တီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ ပါတီတွေကြား ပြဿနာမဖြစ်ဖို့ ရခိုင်ပြည်နယ်ရဲမှူး တိုက်တွန်း


ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးပါတီတွေ အကြား ပြဿနာမဖြစ်အောင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဥပဒေနဲ့အညီ စနစ်တကျဆောင်ရွက်ကြဖို့ ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုးက တိုက်တွန်းလိုက်ပါတယ်။

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေး ကျပ်ဘီလီယံ ၂၀ ကျော် တောင်းခံထား


ရေကြီးခြင်းနှင့် မြေပြိုခြင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည့် ချင်းပြည်နယ် ပြန်လည် ထူ ထောင်ရေး လုပ်ငန်းများအတွက် ကျပ်ဘီလီယံ ၂၀ ကျော် ထောက်ပံ့ပေးရန်  ပြည်ထောင်စုအစိုးရထံမှ ချင်းပြည်နယ် အစိုးရက တောင်းခံထားကြောင်း သိရ သည်။

တောဆင်လိုက် ဒိုင်ယာရီ


ညောင်ဦးခရိုင်အတွင်း ရောက်ရှိနေသည့် တောဆင်ရိုင်းများနောက်ကိုလိုက်နေသော သစ်တောဝန်ထမ်း များ နောက်မှ မိမိတို့ မန္တလေးက သတင်းထောက်နှစ်ဦးလည်း ကပ်လိုက်ကာ သတင်းယူနေရသည်။ညောင် နီကျဉ်း လမ်းခွဲအနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ညောင်ပင်ကြီးဆိုသည့် လမ်းခွဲတွင် ဘယ်လမ်းကြောင်း လိုက်ရင်ကောင်းမလဲဟု တိုင်ပင်နေခိုက် လူနှစ်ဦး ဆိုင်ကယ်တစီးဖြင့် ရောက်လာသည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ မြန်မာရေ ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများ မြန်မာ့ တပ်မတော်ထံ လွှဲပြောင်း ပေးအပ် လှူဒါန်း


တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) မှ မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်း အသုံးအဆောင်များ တင်ဆောင်လာသော လေယာဉ် ၂ စင်းသည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရောက်ရှိ လာခဲ့သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၇ ဘီလီယံ နီးပါးရှိလာ


လက်ရှိအစိုးရသက်တမ်းအတွင်း ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင်းနိုင်ငံခြား ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံနီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။ “၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ကုန် အထိ ၀င်ထားတာက ၁၄.၃၁၃ ဘီလီယံပါ။ ဒီနှစ်က အခု ၂.၆ ဘီလီယံ ၀င်ထားတယ် ဆိုတော့ အားလုံး ၁၆.၉ ဘီလီယံပါ”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးက သြဂုတ်လ ၂၆ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခြင်း ဖြစ်သည်။

အပစ်ရပ်စာချုပ် အမြန်ဆုံး ဖြစ်စေချင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားအပစ်အခတ် ရပ်စဲရေးစာချုပ်ကို အမြန်ဆုံး ဖြစ်စေချင်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ(RFA) အသံလွှင့် ဌာန နှင့် တွေ့ဆုံမေးမြန်းထားသည့် “ ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင် ဆန်းစုကြည်” တွင် ပြောကြားလိုက်သည်။

ကြံ့ခိုင်ရေးပါတီ၏ သန်းခေါင်ယံ ဥက္ကဋ္ဌလုပွဲ အခြေခံဥပဒေ ချိုးဖောက်ခဲ့ သလား


အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအတွင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်နာယက သူရ ဦးရွှေမန်းတို့အကြား အင်အားပြိုင်မှုရဲ့ နောက်ဆုံး တိုက်ပွဲဖြစ်တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင် ယံ ပါတီဥက္ကဋ္ဌ ရာထူးလုပွဲမှာ သမ္မတဦးသိန်းစိန်က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်လုပ်ဆောင် ခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

ထိုင်းဘုရင့်ကောင်စီ ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သားအဖြစ် မွေးစားဟု စင်ကာပူ သတင်းစာ ဖော်ပြ


အငြိမ်းစားယူပြီးနောက် သမ္မတ ရာထူးရယူလာနိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းစစ်ဦးချုပ်ဟောင်း Prem Tinsulanonda က သားအဖြစ် မွေးစား တယ်လို့ စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြပါတယ်။

ရွှေတိဂုံစေတီအနီး စီမံကိန်းများ ယခုနှစ်မကုန်ခင် မြေနေရာ အစားပြန် ပေးမည်ဟု MIC ပြော


နိုင်ငံတော် သမ္မတအမိန့်ဖြင့် ရွှေတိဂုံစေတီအနီးတွင် ဆောက်လုပ်ခွင့်များ ဖျက်သိမ်းခံခဲ့ရသည့် အဆောက် အအုံ စီမံကိန်းများအတွက် မြေနေရာအစား ပြန်ပေးခြင်းကို ယခုနှစ်မကုန်ခင် အပြီးသတ်ဆောင်ရွက်ပေး မည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သတင်းရရှိသည်။

ဂရိရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်


ဂရိနိုင်ငံရဲ့ ဗဟိုတရားရုံးတရားသူကြီးချုပ် Vassikiki Thanou ဟာ ယာယီအစိုးရရဲ့ အကြီးအကဲအဖြစ် ကြာသာပတေးနေ့မှာ ကျမ်းသစ္စာ ကျိမ်ဆိုလိုက်ပြီးနောက် သူမဟာ ဂရိနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ဆော်ဒီဘုရင် ရှေ့သီတင်း ပတ် အမေရိကန် လာမည်


အရှေ့အလယ်ပိုင်းဆိုင်ရာ အကြောင်းအရာ အများအပြားကို အမေရိကန် သမ္မတ Barack Obama နဲ့ ဆွေးနွေးဖို့အတွက် ဆော်ဒီအာရေးဘီးယားဘုရင် Salman ဟာ ရှေ့သီတင်းပတ်ထဲ ၀ါရှင်တန် ဒီစီမြို့ကို လာရောက်မှာ ဖြစ်ပါ တယ်။

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကြမ်း အတည် မပြုနိုင်


ပြည်ထောင်စု အစိုးရအဖွဲ့ အနေနဲ့ ပါတီ စည်းရုံးရေး လုပ်ငန်းတွေကို ဥပဒေကြောင်း အရ တားမြစ်ဖို့ ကြိုးစားတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကြမ်း အပေါ် လွှတ်တော် ၂ ရပ်တို့ သဘောကွဲနေတာကြောင့် အတည်မပြုနိုင် ဖြစ်နေပါတယ်။ ဥပဒေ အတည် မပြုနိုင်တာကြောင့် လာမယ့် ရွေးကောက်ပွဲ ကာလ အတွင်း လက်ရှိ အစိုးရ အဖွဲ့ဘက်က ပါတီ စည်းရုံး ရေးကို နိုင်ငံဘဏ္ဍာ သုံးပြီး လှုပ်ရှားလာမယ့် အရေး စိုးရိမ်မှုတွေလည်း ရှိနေတာပါ။ လွှတ်တော် ၂ ရပ် သဘောထားကွဲလွဲနေတာကြောင့် ဘယ်လို သက်ရောက် မှု ရှိလာနိုင်လဲ ဆိုတာကိုတော့ မသိဂီ င်္ထိုက် စုစည်းတင်ပြ ပေးမှာပါ။

တရုတ်ပေါက်ကွဲမှု သံသယရှိသူ ၁၂ဦး ဖမ်းဆီး


တရုတ်အစိုးရဟာ Tianjinမြို့ ဂိုဒေါင်ပေါက်ကွဲမှု နဲ့ ပတ်သက်လို့ သံသယရှိသူ ၁၂ယောက်ကို ဒီနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အခုလို ဖမ်းဆီးခံရသူတွေ မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဒီဂိုဒေါင်ကို လက်ရှိပိုင်ဆိုင်တဲ့ Ruihai နိုင်ငံတကာ ကုန်ပစ္စည်းထောက်ပို့ ဝန်ဆောင်မှုလုပ်ငန်းရဲ့ ထိပ်သီး အစုရှယ်ရာပါဝင် ထားသူ Yu Xueweiနဲ့ Dong Shexuanတို့ နှစ်ယောက်လည်း ပါဝင်ပါတယ်လို့ ဆင်ဟွာ သတင်းဌာနက ဒီကနေ့ ကြာသပတေးနေ့မှာ ပေးပို့ခဲ့ပါတယ်။

အကျိုးစီးပွားချင်း ကွဲပြားခြားနားမှု


စစ်အစိုးရတဖြစ်လဲ အရပ်သားတပိုင်းအစိုးရက ဦးဆောင်ပြီး ဒီမိုကရေစီ ပြုပြင်ရေး လုပ်ဖို့ ကြိုးပမ်းနေတုန်း အာဏာရပါတီဥက္ကဋ္ဌ ဦးရွှေမန်းကို ဖယ်ရှားလိုက်တာဟာ အသွင်ကူးပြောင်းရေးအတွက် အလားအလာ နည်း သွားတယ်လို့ ယူဆကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်အောင် လမ်းခင်းပေးတဲ့ ဦးသိန်းစိန် ကိုလည်း ပြုပြင်ရေးသမားအဖြစ် သတ်မှတ် ခဲ့ကြပေမယ့် ဦးသိန်းစိန်ရဲ့  ပြုပြင်ရေးဟာ အကန့် အသတ် ရှိလာတဲ့အတွက် စနစ်ဟောင်းရဲ့  လောင်းရိပ်က မထွက်နိုင် သလို ဖြစ်နေပါတယ်။ အခြေခံ အ ပြောင်းအလဲလုပ်ဖို့ ပြည်ခိုင်ဖြိုးပါတီက စိတ်မဝင် စားကြောင်း ပြသလိုက် တာလို့ သုံးသပ်ကြပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာပဲ NCA ဖြစ်ဖို့ ကြိုးစားနေ - ဦးအောင်မင်း


တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လွှတ်တော်မှာ အတည်ပြုချက် ယူကာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကပြောဆိုလိုက် ပါတယ်။ နောက် အစိုးရသစ် လက်ထက်မှာ အသစ်အနေနဲ့ စတင်လုပ်ဆောင် စရာမလိုဘဲ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ခိုင်မာအောင် လုပ်မယ်လို့လည်းသူကပြောပါတယ်။

ဆင်ရိုင်းအုပ် အိမ်ပြန်ပို့ခြင်း ထင်သလောက် မလွယ်ပါ


သြဂုတ် ၂၇ ရက် နံနက်ခင်းမှာတော့ တောဆင်ရိုင်းအုပ်ကို ကျောက်ပန်းတောင်းမြို့ တောင်ဘက်ရှစ်မိုင် ခန့်ဝေးသည့် လွန်ပင်ကုန်းရွာအနီးတွင် တွေ့နေပြီဟု သတင်းရရှိသည်။ ဆင်နောက်ကို တောက်လျှောက် လိုက်နေသည့် ပုပ္ပားတောင်ချစ်သူများအသင်း နာယကဆရာတော် ဦးယုဇနနှင့်အတူ ဆင်နောက်ကို အမြန် လိုက်ကြသည်။ ဆရာတော်က လက်ကိုင်စကားပြော စက်တစ်လုံးလှမ်းပစ်ပေးသည်။  ဆင်သတင်းနား ထောင်ရန်နှင့် လူစုမကွဲ စေရန်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်အတွက် အကျိုးရှိမည့်သူ တစ်ယောက်ဖြစ်ဟု တပ်ချုပ်မှတ်ချက်ပြု


ဒေါ်အောင်ဆန်းစုကြည် သည် အတွေ့အကြုံရှိသူဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိမည့် သူတစ်ယောက် ဖြစ်သည်ဟု ယုံ ကြည်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြား သည်။

Thursday, August 27, 2015

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များ ယခုတစ်ပတ်အတွင်း နားမည်


ကျင်းပနေဆဲ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ယခုလ ၂၈ ရက် တွင် ရပ်နားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး လျာထားချက် အစီအစဉ်များအရ သတင်း ရရှိသည်။

ဒေါ်စုဟာ တိုင်းပြည်အတွက် အကျိုးရှိသူဟု ဗိုလ်ချုပ်မှူးကြီး ပြော


ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက် အကျိုးရှိသူတယောက်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက် ပါတယ်။ သြဂုတ် ၂၅ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ကျိုဒို သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်အတွင်း သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အိမ်ဖြူတော်ထဲဝင်ရန် ကြိုးစားဖူးသူ တရားရုံးထဲ သေနတ်ဖြင့် ပစ်သတ်ခံရ


အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားတရားရုံးတခုထဲမှာ သြဂုတ် ၂၅ ရက်နေ့က လက်ထောက် တရားရေး ၀န်ထမ်းတဦးကို လူတဦးက ဓားနဲ့တိုက် ခိုက်ဖို့ ကြိုးစားခဲ့စဉ်မှာ တခြားလက်ထောက်ဝန်ထမ်းတဦးက အဲဒီ လူကို သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ သည်ဝေါစထရိဂျာနယ်မှာ ဖော်ပြပါတယ်။

ချင်းမိုင်တွင် ကမ္ဘာလှည့်ခရီးသည် ၃ ဦး စီးသည့်ဆင် ဆင်ထိန်းကိုသတ်ပြီး ထွက်ပြေး


ထိုင်းနိုင်ငံ ချင်းမိုင်က ဆင်စခန်းတခုမှာ မုန်ယိုနေတဲ့ ဆင်တကောင်က ဆင်ထိန်းကို အစွယ်နဲ့ ထိုးသတ်ပြီး တောထဲတွက်ပြေးသွားရာမှာ ကမ္ဘာလှည့်ခရီးသည် ၃ ဦးပါပါသွားတယ်လို့  ဒေးလီနယူးစ်သတင်းမှာ ဖော်ပြ ပါတယ်။

ထိုင်းမူးယစ်ရဲတပ်ဖွဲ့ နှင့် မူးယစ်ကုန်သည်များ ပစ်ခတ်



ဂွါတီမာလာ ဒု-သမ္မတကို ငွေကြေးအလွဲသုံးစားမှုဖြင့် ရုံးတင်


ပြီးခဲ့တဲ့မေလမှာ ရာထူးကနုတ်ထွက်ခဲ့တဲ့ ဂွါတီမာလာနိုင်ငံရဲ့ ဒုတိယသမ္မတကို အမေရိကန်ဒေါ်လာ သန်းနဲ့ ချီပြီး ငွေကြေးအလွဲသုံးစားမှု စွဲချက်နဲ့ သြဂုတ် ၂၄ ရက်နေ့က ရုံးတင်ခဲ့ပါတယ်။ ဒုတိယသမ္မတဟောင်း ရိုဇနာ ဘောဒယ်တီ (Roxana Baldetti) ဟာ အကောက်ခွန်ရှောင်လိုတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ လာဘ်ငွေရယူမှုနဲ့ အစိုးရရှေ့နေတွေက စွပ်စွဲ ရုံးတင်တာပါ။

တရုတ် ဘေးအန္တရာယ် ကင်းရှင်းရေးဌာနအကြီးအကဲအား ရာထူးမှ ထုတ်ပယ်


မစ္စတာ ရန်ဒေါင်လျန်းကို ဥပဒေ မလိုက်နာမှုများအတွက် ရာထူးမှထုတ်ပယ်လိုက်တယ်လို့ တရုတ်ပြည်သူ ပိုင် သတင်းဌာနမှ ဆိုပါတယ်။ စုံစမ်း စစ်ဆေးမှုတွေကို လွန်ခဲ့တဲ့ တစ်ပါတ်ခန့်က စတင်ခဲ့ပြီး၊ မစ္စတာ ရန်ဒေါင်လျန်းဟာ ကုမ္ပဏီတွေကို လိုင်စင်မဲ့ ဓါတုဗေဒ ကုန်ပစ္စည်းများ သိုလှောင်မှုကို ခွင့်ပြုခဲ့တယ်လို့ စွတ်စွဲခဲ့ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က နောက်ထပ် ကိုယ်စားလှယ်လောင်းတွေ ပယ်ချ



ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀)ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦးကို သက်ဆိုင်ရာ ကော်မရှင်က ပယ်ချလိုက်ပါတယ်။ အမျိုးသား လွှတ်တော်က ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ် တစ်ဦး ဟာ ဥပဒေအရ အသက် ၃၀ ပြည့်ရမှာ ဖြစ်ပါတယ်။ကော်မရှင်က ပယ်ချ လိုက်တဲ့ ကိုယ်စားလှယ်လောင်းဟာ အခုချိန်မှာ အသက် ၃၀ မပြည့်သေး ပေမယ့် ရွေးကောက်ပွဲကျင်းပမယ့်အချိန်မှာ အသက် ၃၀ ပြည့်မှာ ဖြစ်တဲ့အတွက် ကော်ရှင်ရဲ့ ဆုံးဖြတ်ချက် အပေါ် အယူခံ ဝင်သွားမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ပြောပါ တယ်။

စာမေးပွဲရက်မတိုင်ခင် ကျောင်းသားတွေကို ထောင်ကလွှတ်ပေး ဖို့ တောင်းဆို


မန္တလေးမြို့ အိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရတနာပုံ တက္ကသိုလ်က ကျောင်းသား ၄ ဦးဟာ စာမေး ပွဲဖြေရမယ့်ရက်နီးလာ ပြီဖြစ်တာကြောင့် သူတို့အားလုံးကို လွှတ်ပေးဖို့ နိုင်ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အပစ်ရပ်စာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး


အစိုးရနဲ့ တိုင်းရင်းသားတွေအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို အလျင်စလို လက်မှတ် မထိုးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြော ကြားလိုက်ကြောင်း AP သတင်းတစ်ရပ်မှာ ဖော်ပြ ထားပါတယ်။

ရွေးကောက်ပွဲသတင်းယူခွင့် စည်းမျဉ်းကန့်သတ်ချက်တွေ ထုတ်ပြန်


လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းသမား တွေအနေနဲ့ မိမိတို့ သတင်းယူ မယ့် မြို့နယ်အတွက် ကြိုတင်လျှောက်ထားရမှာဖြစ်ပြီး ကိုယ်တိုင်ဝန်ခံချက် ရေးသားတင်ပြရ မှာဖြစ် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာအဖွဲ့အစည်းတွေထံ ဒီနေ့ အကြောင်း ကြားလိုက်ပါတယ်။

အပစ်ရပ်စာချုပ် အမြန်ဆုံးဖြစ်စေ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အမြန်ဆုံးလက်မှတ် ရေးထိုးကြစေချင်တယ်လို့ ပြော ကြား လိုက်ပါတယ်။

ရခိုင်မှာ ဘုန်းကြီးကျောင်း ၉၀ နီး ပါးပြန်ဆောက်ဖို့ သီတဂူဆရာတော် ကျပ်သိန်း ၈၀၀ ကျော်လှူဒါန်း


ရခိုင်ပြည်နယ်အတွင်းက ရေဘေးကြောင့် ပျက်စီးခဲ့ရတဲ့ ဘုန်းတော်ကြီး ၈၆ ကျောင်း အတွက် သီတဂူ ဆရာတော် အရှင်ဉာဏိဿရက ငွေကျပ် သိန်းပေါင်း ၈၀၀ ကျော်ကို စစ်တွေမြို့မှာ ဒီနေ့ ပေးအပ်လှူဒါန်း ခဲ့ပါတယ်။

ဦးရွှေမောင်ပယ်ချခံရမှု ပြည်ပရိုဟင်ဂျာအဖွဲ့တွေ ရှုတ်ချ


မကြာခင်ကျင်းပတော့မယ် ၂၀၁၅ ရွေးကောက်ပွဲမှာ လက်ရှိ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရဲ့လျှောက်လွှာ ပယ်ချ ခံရတဲ့အပေါ် လူမျိုးရေးခွဲခြားမှုအဖြစ် ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေ က ရှုတ်ချလိုက်ကြပါတယ်။

အငြိမ်းစား စစ်အရာရှိတွေ ရွေးကောက်ပွဲဝင်ခြင်းအပေါ် စိုးရိမ်မှုတိုး


ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တွေကို တပ်မတော်က အငြိမ်းစားပေးခဲ့ပြီးနောက် ဝန်ကြီးချုပ်တာဝန်ကပါ အငြိမ်းစားယူခွင့် ပြု ကြောင်း ကြေညာချက်ကို မနေ့ထုတ်သတင်းစာတွေဖော်ပြ ပါတယ်။ သူတို့ နှစ်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ ရှိနေတာ လည်း ဖြစ်ပါတယ်။ ဒီလို တပ်မတော်အရာရှိကြီးတွေကို အငြိမ်းစား ပေးပြီး ပြည်ခိုင်ဖြိုးပါတီမှာ ရွေးကောက် ပွဲဝင်နေတဲ့အခြေအနေကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ တပ်မတော်က ကြားနေပါမလားဆိုပြီး မေးခွန်း ထုတ်တာတွေရှိနေပါတယ်။

NLD ကိုယ်စားလှယ်လောင်းတချို့ ပယ်ချခံရ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ကိုယ်စားလှယ်လောင်းအချို့ ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ချခံရမှုတွေ ရှိနေပါတယ်။ ဒီကနေ့အထိ ကိုယ်စားလှယ် ၄ ဦး ပယ်ခံရကြောင်း ဗဟိုကော်မတီဝင်တွေ ကပြောပေမယ့် လက်ရှိအချိန်ထိ ၃ ဦးနာမည်စာရင်းသာ ရပါသေးတယ်။ အခု ဆက်လက် ပယ်ခံရသူတွေ အတွက် ဗဟိုက အယူခံဝင်ဖို့လည်း လုပ်ဆောင်နေတယ်လို့သိ ရပါတယ်။

ငွေကြေးတန်ဘိုး ကျဆင်းမှု ပြသနာ ဗဟိုဘဏ် ဖြေရှင်းနိုင်မလား


လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုင်ရာ ပြသနာပေါင်းစုံနဲ့ အကြပ်အတည်း တွေ ကြုံတွေ့နေရချိန် မြွေပူရာ ကင်းမှောင့်ဆိုသလို တစ်ပြိုင်နက်တည်း ဖြစ်လာတဲ့ ပြသနာ တစ်ခုကတော့ ဘဏ်တစ်ချို့ ပြိုလဲတော့မယ် ဆိုပြီး ပြည်သူတွေက အပ်နှံငွေ ထုတ်ယူနေကြတဲ့ ကိစ္စနဲ့ မြန်မာကျပ်ငွေ တန်ဘိုး အလျင်အမြန် ကျဆင်း လာနေတဲ့ ပြသနာတွေပဲ ဖြစ်ကြပါတယ်။ 

တရုတ်သမ္မတအမေရိကန်ခရီးစဉ် Republican တွေဝေဖန်


တရုတ်နိုင်ငံက ယွမ်ငွေတန်ဖိုး ချလိုက်တဲ့ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့အစုရှယ်ဈေးတွေ တဟုန်ထိုး ကျသွားနေတဲ့ အချိန်မှာပဲ မကြာခင် အမေရိကန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင်းပင်အပေါ် အမေရိကန်နိုင်ငံက ရီပတ်ဘလီကန်ပါတီ သမ္မတ လောင်းတွေက ဝေဖန် ပြောဆိုမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။

ရုပ်သံနဲ့ အသံလွှင့်ဥပဒေ ပြည်ထောင်စုလွှတ်တော်အတည်ပြု


မြန်မာနိုင်ငံအတွက် ပထမဆုံး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီကနေ့ပြည် ထောင်စုလွှတ်တော်မှာ အတည်ပြု လိုက်ပါပြီ။ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှ့င်ခြင်းဆိုင်ရာ ဥပဒေတရပ် အတည်ပြုပြဋ္ဌာန်း နိုင်ခဲ့တဲ့အတွက် ရုပ်သံလွှင့်လုပ်ငန်းတွေကို ဥပဒေကြောင်းနဲ့အညီ လုပ် ဆောင်ခွင့်ရရှိ တော့မှာဖြစ်တဲ့အတွက် ကြိုဆိုမှုတွေရှိသလို ဒီဥပဒေအပေါ် လက်တွေ့ဆောင်ရွက်နိုင်ခြေနဲ့ ပတ်သက်လို့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဝေဖန်မှုတွေရှိပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

Koh Tao အမှု ဗြိတိန်ရဲအစီရင်ခံစာ မထုတ်ပြန်ဖို့ ဗြိတိန်တရားသူကြီး ဆုံးဖြတ်



ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ဗြိတိန်ရဲတွေရဲ့ အစီရင်ခံ စာကို ကြည့်ရှုခွင့်ပေးဖို့ တရားခံတွေဘက်က တောင်းဆိုချက်ကို ဗဟိုတရားရုံးက ငြင်းပယ်လိုက်ကြောင်း ရိုက်တာသတင်းတွေမှာ ဖော်ပြထားပါတယ်။ 

တောင်နဲ့မြောက် ကိုရီးယားစစ်ရေး တင်းမာမှု လျော့ကျ


မြောက်ကိုရီးယားက စစ်ရေးအရ အသင့်အနေအထားပြင်ထားတာကို လျှော့ချလိုက်ပြီလို့ တောင်ကိုရီးယား က ဒီကနေ့ပြောပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာနေတဲ့အခြေအနေကို လျှော့ချဖို့ နှစ်ဘက် သ ဘော တူပြီးတဲ့နောက် အခုလို လျှော့ချလိုက်တာပါ။

WDBJ သတင်းထောက်နှစ်ဦး တိုက်ရိုက်သတင်းပေးပို့စဉ် ပစ်သတ်ခံရ


ဗာဂျီးနီးယားပြည်နယ်ဒေသခံ WDBJ ရုပ်သံလွှင့်ဌာနရဲ့သတင်းထောက်နှစ်ဦး ဗုဒ္ဓဟူးနေ့ကတိုက်ရိုက်သ တင်း ပေးပို့နေစဉ် သေနတ်နဲ့ ပစ်သတ်သွား သူလို့ ယူဆရတဲ့သူဟာသူ့ကိုယ်သူပစ်တဲ့သေနတ်ဒဏ်ရာ ကြောင့် နောက်ပိုင်း သေဆုံးသွားတယ်လို့ ပြည်နယ် ရဲကပြောပါတယ်။

”၀ က NCCT ရဲ့ လုပ်ဆောင်ပုံကို မကြိုက်ကြဘူး။ ချဉ်းကပ်ဆောင်ရွက်နေ ပုံက သိပ်ပျော့ပြီး အလျှော့ပေးလွန်းတယ်" ဟု ဆို


အစိုးရအဖွဲ့ စေ့စပ်ညှိနှိုင်းရေး ဆောင်ရွက်သူ သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ရန်ကုန် တွင် ယခုလဆန်းပိုင်းက ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် (NCA)ကို လက်မှတ်ထိုးရန် ညီညွှတ်သော ၀ပြည်နယ်ပါတီ/ တပ်မတော် (UWSP/ UWSA) ကိုယ်စားလှယ်များကိုတိုက်တွန်းလိုက် သည်ဟု အစိုးရရင်းမြစ်များက ဆိုပါသည်။

AA နှင့် BGB အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှုများရှိ


ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင်၊ တန်းဆိပ်မြို့နယ်တွင် တည်ရှိသော မော်တုတ်ကြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့မှ သြဂုတ်လ ၂၆ ရက်နေ့ နံနက်က ၀င်ရောက် ပစ်ခတ်သွားခဲ့သည်ဟု သတင်း ရရှိသည်။

ဘင်္ဂလာဒေ့ရှ် တပ်ဖွဲ့ဝင်အများအပြား နယ်စပ်ကို စေလွှတ်



My Blog List