အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဒေါ်အောင်ဆန်းစုကြည်အနေနဲ့မတ်လ၃၁ရက်နေ့မှာကော့မှူးမြို့၊၀ါးသင်္ခကျေးရွာကိုညအိပ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ဧပြီလ၁ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲမှာတရားမျှတမှုရှိစေဖို့နဲ့မဲပေးတဲ့နေရာမှာမသမာမှုတွေမရှိစေဖို့အခုလိုညအိပ်သွားရောက်ပြီးပြည်သူလူထုရဲ့မဲပေးမှုတွေကိုကြည့်ရှုမှာဖြစ်ပါတယ်။
Friday, March 30, 2012
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် ရေအားလျှပ်စစ် ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ရောင်းချမည်
သံလွင်မြစ်ကြောင်းတနေရာ
ကရင်ပြည်နယ်အတွင်းသံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့်ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းမှထွက်ရှိမည့်လျပ်စစ်များ၏၉၀ရာခိုင်နှုန်းအားထိုင်းနိုင်ငံသို့ရောင်းချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းပြုလုပ်ရန်အတွက်အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရေအားလျှပ်စစ်စီမံရေးဦးစီးဌာနနှင့်ထိုင်းနိုင်ငံမှEGATInternationalCo.,Ltdတို့သည်၂၀၀၅ခုနှစ်သြဂုတ်လ(၉)ရက်နေ့၌ပဏာမသဘောတူညီမှုပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းပြုလုပ်ရန်အတွက်အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရေအားလျှပ်စစ်စီမံရေးဦးစီးဌာနနှင့်ထိုင်းနိုင်ငံမှEGATInternationalCo.,Ltdတို့သည်၂၀၀၅ခုနှစ်သြဂုတ်လ(၉)ရက်နေ့၌ပဏာမသဘောတူညီမှုပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အနုပညာရှင်များ NLD ပါတီအောင်နိုင်ရေး ခရီးမှတ်တမ်း
နာမည်ကြီးအနုပညာရှင်များကNLDပါတီအေံနနဲ့လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှာအောင်နိုင်ရေးအတွက်မတ်လ၂၆ရက်က စပြီးမဲဆွယ်ခရီးထွက်ခဲ့ကြပါတယ်။
သတင်းထောက်ပါးရိုက်ခဲ့တဲ့ ထက်ထက်မိုးဦးကို တရားရုံးမှ ငွေဒဏ်တစ်ထောင်ချမှတ်
ထက်ထက်မိုးဦးနဲ့7Dayသတင်းဂျာနယ်သတင်းထောက်အမှုကိုတရားရုံးကဒီကနေ့စီရင်ချက်ချတယ်လို့သိရပါတယ်။မင်းသမီးကသတင်းထောက်ကိုကိုယ်ထိလက်ရောက်ပြုမူတဲ့အတွက်အပြစ်ရှိတယ်-ငွေဒဏ်ကျပ်တထောင်ပေးဖို့စီရင်ချက်ချတယ်၊ ငွေမပေးရင် ထောင်ဒဏ် ၁လကျခံပါတဲ့။
ဗိုလ်ချုပ်ရုပ်ရှင်အတွက် ရှားပါးမှတ်တမ်းမှတ်ရာအများအပြားကို ပြည်သူတွေ လှူဒါန်းကြ
လာမယ့်၂၀၁၃ခုနှစ်မှာရိုက်ကူးမယ့်ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားမှာခိုင်မာတဲ့မှတ်တမ်းအချက် အလက်တွေထည့်သွင်းနိုင်ဖို့အတွက်ဗိုလ်ချုပ်နဲ့ပတ်သက်ဆက်နွှယ်သမျှ
မနက်ဖြန်မနက်(၉)နာရီမှာအမျိုးသားဒီမိုကရေစီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများအား သတင်းစာရှင်လင်းပွဲ ပြုလုပ်မည်..
ဒီနေ့၃၀ရက်နေ့မနက်(၉)နာရီမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှပြည်တွင်းပြည်ပသတင်းမီဒီယာများအားယနေ့ဖြစ်ပေါ်နေတဲ့ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာအခြေအနေများနဲ့ပတ်သက်ပြီးတက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ခြံဝင်းအတွင်းသတင်းစာရှင်းလင်းပွဲပြုလုပ်မှာဖြစ်ကြောင်းအဖွဲ့ချုပ်ရွေးကောက်ပွဲအောင်နိုင်ရေးမန်နေဂျာဦးဥာဏ်ဝင်းမှ ပြောကြားပါသည်..။
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအခြေအနေနောက်ဆုံးရသတင်း
NLDပါတီရဲ့ဥက္ကဌဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာကျန်းမာရေးအခြေအနေကြောင့်နေအိမ်မှာပဲဆေးကုသမှုခံယူနေပါတယ်။မိသားစုဆရာဝန်တွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းနဲ့ဒေါက်တာပြုံမိုအိတို့ကတာဝန်ယူစောင့်ရှောက်ပေးနေတာဖြစ်ပြီးနေ့တိုင်းကျန်းမာရေးစောင့်ရှောက်မှုခံယူနေရတယ်လို့NLDပါတီကCECအဖွဲ့ဝင်တစ်ဦးရဲ့ပြောကြားချက်အရသိရှိရပါတယ်။
မုံရွာမြို့တွင်ပျံ့နှံ့နေသောမေးခွန်းCDခွေနှင့်အဖြေများ
စစ်ကိုင်းတိုင်းမုံရွာမြို့မှာအမေစုဖြေစေချင်သောမေးခွန်းများဆိုတဲ့ခေါင်းစဉ်ပါတဲ့CDအခွေများပျံ့နှံ့နေတယ်လို့သိရပါတယ်။အဲ့ဒီအခွေတွေကိုNLDပါတီရဲ့ပြိုင်ဘက်ပါတီဖြစ်တဲ့ကြံ့ဖွံ့ကဖြန့်ဝေနေတယ်လို့သိရပါတယ်။အခွေတွေတင်မကပဲမေးခွန်းများကိုလည်းသရော်ပြီးဖြေထားတဲ့အဖြေများပါပျံ့နှံ့နေတယ်လို့သိရပါတယ်။မေးခွန်းများကိုဖြေထားတဲ့နေရာမှာအမေစုကိုသိက္ခာကျစေမယ့်အဖြေမျိုးတွေပါဝင်နေတယ်လို့ဒေသခံတွေဆီကတဆင့်သိရပါတယ်။တစ်ချို့မေးခွန်းတွေကိုပြည်သူတွေကစိတ်ဝင်စားနေကြတယ်လို့လည်းသိရပါတယ်။
Thursday, March 29, 2012
ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းသမားတွေ လိုက်နာရမယ့် စည်းကမ်းချက်များ
ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စည်းကမ်းချက်တွေဖြစ်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲကာလမှာ သတင်းသမားများလိုက်နာဖို့ပါတဲ့။
မီဒီယာသမားများသည်အောက်ပါဥပဒေပုဒ်မများကိုလည်းကြိုတင်လေ့လာသိရှိထားပြီးတိကျစွာသတိပြုလိုက်နာကြရန်လိုအပ်သည်။
(ဗိုလ်ချုပ်ကြီးဟောင်း)ဦးခင်ညွှန့်က ဦးအောင်ဆန်းဦးကိုထမင်းစားဖိတ်
(ဗိုလ်ချုပ်ကြီးဟောင်း)ဦးခင်ညွှန့်ဟာမတ်လ၂၇ရက်နေ့မှာရန်ကုန်ကနေဇလွန်မြို့ပြည်တော်ပြန်ဘုရားကိုမိသားစုများနဲ့အတူနေ့ချင်းပြန်ခရီးထွက်ခွာသွားခဲ့ပါတယ်..နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီးတဲ့နောက်ပိုင်းမှာ(ဗိုလ်ချုပ်ကြီးဟောင်း)ခင်ညွှန့်အနေနဲ့မိသားစုနဲ့အတူပထမဆုံးဘုရားဖူးခရီးထွက်ခွာခြင်းဖြစ်တယ်လို့သိရပါတယ်…
NLD ပါတီဗဟိုအောင်နိုင်ရေးအဖွဲ့မှ မဲရုံစောင့်များအတွက် "ဘာကိုစောင့်ကြည့်ရမှာလဲ"ညွှန်ကြားချက်အားထုတ်ပြန်
မတ်လ၂၈ရက်နေ့တွင်NLDပါတီဗဟိုအောင်နိုင်ရေးအဖွဲ့မှ၁.၄.၂၀၁၂ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲမှာ မဲရုံစောင့်များအတွက်"ဘာကိုစောင့်ကြည့်ရမှာလဲ"ညွှန်ကြားချက်အားမဲဆန္ဒနယ်ရှိအောင်နိုင်ရေးအဖွဲ့ထံသို့အောက်ပါအတိုင်းထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်။
နိုင်ငံ ၅၃ နိုင်ငံမှ ခေါင်းဆောင်များနှင့် အကြီးတန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သော နျူကလီးယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို ဆိုးလ်မြို့တွင် ကျင်းပ
နိုင်ငံ၅၃နိုင်ငံမှ ခေါင်းဆောင်များနှင့်အကြီးတန်းတာဝန်ရှိသူများတက်ရောက်ခဲ့သော နျူကလီးယားလုံခြုံရေးထိပ်သီးဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံမြို့တော်ဆိုးလ်တွင်မတ်လ၂၆ရက်ကစတင်ခဲ့ပြီး နှစ်ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြားဖြတ်တွင် ဓာတ်ပုံနှင့်သတင်း ကိုက်ငါးရာအကွာမှသာ ယူခွင့်ရမည်
ဧပြီ၁ရက်နေ့ကြားဖြတ်ရွေး ကောက်ပွဲကာလတိုအတွင်းမဲရုံမှကိုက်ငါးရာအကွာ၏ ပြင်ပကသာဓာတ်ပုံရိုက်ယူခွင့်နှင့်သတင်းမေး မြန်းရရှိမှာဖြစ်ကြောင်းယခုလ၂၈ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။''ခင်ဗျားတို့ကို ဓာတ်ပုံဝင်ရိုက်ပါ၊ မရိုက်ပါနဲ့လို့တော့ ဘာမှမပြောချင်ပါဘူး။
နေပြည်တော်မဲဆွယ်ပွဲတွင် ဇမ္ဗူသီရိ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း မစန္ဒာမင်း ခြိမ်းခြောက်ခံရမှုများရှိနေ
နေပြည်တော်ဇမ္ဗူသီရိမဲဆန္ဒနယ်အတွင်းအဏာပိုင်များဇ။်အနှောင့်အယှက်အဟန့်အတားအမျိုးမျိုးကြားမှမဲဆွယ်စည်းရုံးရေးပြုလုပ်နေရသည်ဟုဇမ္ဗူသီရိမဲဆန္ဒနယ်အမျိုးသားဒီမိုကရေစီကိုယ်စားလှယ်လောင်းမစန္ဒာမင်းကပြောသည်။
ကော့မှူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းပြောင်းရွှေ့မည်မဟုတ်
ကော့မှူးမြို့နယ်တွင်ပည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်အရွေးချယ်ခံမည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည်ကော့မှူးမြို့နယ်သို့သန်းခေါင်စာရင်းပြောင်းရွှေ့ဝင်ရောက်မည်မဟုတ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူ
ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာရေး အဖွဲ့တွေ ရောက်ရှိ
မြန်မာနိုင်ငံမှာဧပြီလတစ်ရက်နေ့ကျရင်ကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲကိုလေ့လာစောင့်ကြည့်ဖို့အတွက် အခုဆိုရင်နိုင်ငံတကာအဖွဲ့တွေရန်ကုန်မြို့မှာရောက်နေကြပါပြီ။ဖိတ်ကြားထားတဲ့အတိုင်းပဲနိုင်ငံတကာသံတမန်တွေနဲ့အတူသက်ဆိုင်ရာသတင်းမီဒီယာတွေလည်းပါဝင်လာကြပါတယ်။
Wednesday, March 28, 2012
၈၈ လည်း ရွေးကောက်ပွဲ စောင့်ကြည့်

ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်သူများထဲမှာ၈၈မျိုးဆက်တွေရဲ့ ကွန်ရက်တခုလည်း အပါအ၀င်ပါ။Facebook လိပ်စာက http://www.facebook.com/monitoring88 ဖြစ်ပါတယ်။
ကချင်ပြည်နယ်တွင်လွတ်လပ်တရားမျှသောရွေးကောက်ပွဲကျင်းပနိုင်ရန် KIOမှ NLD ကိုကူညီမည်
NLDဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီမှမတ်လ(၂၆)ရက်၊၂၀၁၂ရက်စွဲဖြင့်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် NLD သည် KIO အဖွဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း
(၆၇)နှစ်မြောက် တော်လှန်ရေးနေ့(တပ်မတော်နေ့) အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားများ သ၀ဏ်လွှာပေးပို့
(၆၇)နှစ်မြောက်တ်ာလှန်ရေးနေ့(တပ်မတော်နေ့)အခမ်းအနားသို့၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှဝါရင့်နိုင်ငံရေးသမားများ သည်တော်လှန်ရေးနှင့်မိတ်ဆုံစားပွဲသို့သ၀ဏ်လွှာပေးပို့ခဲ့ကြောင်းသိရှိရပါသည်။
အဆိုတော် ရသ Facebook မှာ မဲဆွယ်နေ
ရက်(ပ်)အဆိုတော်ရသ...အခုလာမည့်၂၀၁၂ဧပြီလ(၁)ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲတွင်မရမ်းကုန်းမြို့နယ်မှ နေ ပြီး * ဦးရဲမင်းသိန်း * အမည်ဖြင့် ၀င်ရောက် ယှဉ်ပြိုင် အရွေးခြယ်ခံ မည် ... တဲ့၊ ရသ က သူ့ Facebook မှာ ရေးထားပါတယ်။
ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပုံတချို့ကိုလည်း သူ့ Facebook ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။
ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပုံတချို့ကိုလည်း သူ့ Facebook ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။
ကချင် ၃ မြို့ ရွေးကောက်ပွဲ နဲ့ KIO ကြေညာချက်
ကချင်ဒေသမဲဆန္ဒနယ်၃ခုဟာလုံခြုံရေးမကောင်းဘူးဆိုပြီးက်ာမရှင်ကအဲဒီဒေသတွေမှာရွေးကောက်ပွဲ ဆိုင်းငံ့ကြောင်းကြေညာခဲ့ပါတယ်။ "သင့်လျော်"တဲ့ အချိန်မှာ ကျင်းပမယ် တဲ့။ (မတ် ၂၃)
အချိန်လွန်မှရောက်လာသောကြိုတင်ဆန္ဒမဲများနှင့်ကြိုတင်ဆန္ဒမဲကိုမသမာသောနည်းဖြင့်အခြားသူအားပေးပါကထောင်ဒဏ်ပါချမှတ်ခံရမည်
အချိန်လွန်မှရောက်လာသောကြိုတင်ဆန္ဒမဲများဖြင့်ရွေးကောက်ပွဲကိုအနိုင်ယူ၍ရနိုင်မည်မဟုတ်ကြောင်းနှင့်ကြိုတင်ဆန္ဒမဲကိုမသမာသောနည်းဖြင့်အခြားသူအားပေးပါကထောင်ဒဏ်ပါချမှတ်ခံရမည်ဖြစ်ကြောင်းတရားဝင်ပြဋ္ဌာန်းထားချက်များအရသိရသည်။
ပညာရေးဂျာနယ် နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံများ
ဒီတပတ်ထုတ်EducationDigestဂျာနယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပညာရေးဆိုင်ရာပြောကြားချက်များကို ဓာတ်ပုံကြီးများနဲ့ ဝေေ၀ဆာဆာ ထုတ်ဝေလိုက်တာကို Facebook မှာ တွေ့ရပါတယ်။
မန္တလေး သင်္ကြန်မဏ္ဍပ် စည်းကမ်းချက်
သင်္ကြန်ကလည်းနီးလာပြီမို့မန်းသူ၊မန်းသားများကတော့သင်္ကြန်ရင်ခုန်သံတွေနဲ့အတူသင်္ကြန်မဏ္ဍပ်တွေအတွက်လျှောက်လွှာတွေတင်နေကြတာ၂၃ခုရှိပါပြီတဲ့။ဒီနှစ်အတွက်မန္တလေးကျုံးပတ်လည်မှာမဏ္ဍပ်ပေါင်း၄၀ခုရာထားသတ်မှတ်ထားတယ်လို့လည်းပေါ်ပြူလာဂျာနယ်မှာဆိုထားပါတယ်။
ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်မြစ်ဆုံအရေးကိစ္စများအတွက်ဘာသာပေါင်းစုံ၊တိုင်းရင်းသားပေါင်းစုံပါဝင်သောဆုတောင်းပွဲ
ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်မြစ်ဆုံအရေးကိစ္စများအတွက်ဘာသာပေါင်းစုံ၊တိုင်းရင်းသားပေါင်းစုံပါဝင်သောဆုတောင်းပွဲတစ်ရပ်ကို၂၀၁၂ခုနှစ်မတ်လ၂၇ရက်နေ့ကရန်ကုန်မြို့ပြည်လမ်းရှိယုဒဿန်ဗိမာန်တော်တွင်ပြုလုပ်ခဲ့ပါသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-















































