Thursday, November 08, 2012

သမ္မတအိုဘားမား အနိုင်ရမှု နိုင်ငံတကာ ဂုဏ်ပြုချီးကျူး

သမ္မတဒုတိယသက်တမ်း ပြန်အနိုင်ရခဲ့တဲ့ သမ္မတအိုဘားမား၊ ဇနီး မီရှဲလ်၊ သမီး မာလီယာနဲ့ ဆာရှာ။

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သမ္မတ Barack Obama အနိုင်ရခဲ့တဲ့အပေါ် ကမ္ဘာ့ ခေါင်းဆောင်တွေက ချီးကျူးဂုဏ်ပြုလိုက်ကြပါတယ်။

သမ္မတအိုဘားမား အနိုင်ရမှု မြန်မာကြိုဆို


ဒုတိယသက်တမ်း ပြန်လည်အရွေးခံရတဲ့ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမား။
 
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Barack Obama ပြန်ပြီး အနိုင်ရတဲ့ အတွက် မြန်မာနိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေး အရှိန်ကို ပိုပြီးတိုးမြှင့်သွားမယ်လို့ ယုံကြည်ကြောင်း သမ္မတ ရုံးပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။

တာချီလိတ်မှာ မူးယစ်ဆေး၊ ဒေါ်လာနဲ့ လက်နက် ဖမ်းမိ


ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း - မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့မှာ လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာဖြစ်သူ တစ်ယောက်ရဲ့နေအိမ်ကိုမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်ရှာဖွေခဲ့ရာရာမခေါ် စိတ်ကြွ ဆေးပြားအလုံးရေ ၅ သိန်းကျော်နဲ့ သေနတ်တစ်လက် အပါအ၀င် သိန်းနဲ့ချီတဲ့ နိုင်ငံခြားငွေတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် မုန်တိုင်းတခုကို ရင်ဆိုင်နေရတဲ့ နယူးယောက်နဲ့ နယူးဂျာစီ



ဟာရီကိန်း စဲန်ဒီဒဏ် ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရတဲ့ နယူးယောက်မြို့တော်တ၀ိုက်နဲ့ နယူးဂျာစီပြည်နယ် က ပြည်သူတွေဟာ နောက်ထပ် မုန်တိုင်းတခုရဲ့ဒဏ်ကို ခံစားနေကြရပါတယ်။ အခု ကြုံရတဲ့မုန်တိုင်းဟာ ဟာရီကိန်း စဲန်ဒီလောက် မပြင်းထန်သော်လည်း မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ဒေသတွင်းနေ ပြည်သူများ အနေနဲ့ တော့ ကြီးစွာသော ဒုက္ခတခုကို ထပ်မံ ကြုံတွေ့ရဦးမှာ ဖြစ်ပါတယ်။

အမေရိကန် - မြန်မာ ကုန်သည်ကြီးများအသင်း မြန်မာပြည်ကို လာမယ်

မြန်မာနိုင်ငံဖွား အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေ စုစည်းတည်ထောင်ထားတဲ့ အမေရိကန်ပြည်ထောင် စု ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် အမေရိကန် - မြန်မာ ကုန်သည်ကြီးများအသင်းရဲ့ပထမဆုံးခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို နိုဝင်ဘာလ နောက်ဆုံးပတ် မှာသွားရောက်မယ်လို့သိရပါတယ်။

ဒု-သမ္မတဦးဉာဏ်ထွန်း ထားဝယ်စီမံကိန်းကိစ္စ ထိုင်းနဲ့ဆွေးနွေး

တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်ခန့်ခွဲဖို့ ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။

၅၇ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနား ကျင်းပ


 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နိုဝင်ဘာလ ၇ရက်နေ့(ယနေ့)တွင် ကျရောက်သည့် (၅၇)ကြိမ်မြောက် ကရင်ပြည်နယ် နေ့ဖွင့်ပွဲ အခမ်းအနားကို ယနေ့မနက် ၇နာရီမှ ၈နာရီခွဲအထိအမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ် (သီရိ)ကွင်း၌ ကျင်းပပြီးစီးခဲ့သည်။

ရှေးဟောင်းတရားရုံးနှစ်ရုံးအတွက် ရှေ့နေများကွန်ရက် သဘောထားကြေညာ

တရားရုံးရှေ့တွင်ဆန္ဒပြရန် စုဝေးနေသော ရှေ့နေများပုံ
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနဲ့ကမ်းနားလမ်းက ရှေးဟောင်းသမိုင်းအမွေအနှစ် စာရင်းဝင် တရားရုံးကြီးနှစ်ရုံး ကို တရားရုံးတွေအဖြစ်နဲ့ ဆက်လက်ထိန်းသိမ်း အသုံးပြုရေးနဲ့ ပတ်သက်ပြီး ရှေ့နေများကွန်ရက်ရဲ့ သဘော ထားကြေညာချက်တစ်ရပ် နိုဝင်ဘာလ ၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဥပဒေစိုးမိုးရေး ကော်မီတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေး ထုတ်ပြန်


တိုင်းရင်းသားကိုယ်စားလှယ်များနှင့်၊ ဥပဒေစိုးမိုးရေး ကော်မီတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေး ထုတ်ပြန်

လက်ခံရရှိသော မိတ္တူအရ နိုဝင်ဘာ ၅ ရက်နေ့က တိုင်ရင်းသားလွှတ်တော်အမတ်များနှင့် လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မီတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး သဘောတူညီချက်အရ ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်ပြီး သဘောထားတရပ် ထုတ်ပြန်လိုက်သည် ကို တွေ့ရသည်။

သမ္မတအိုဘားမား ပြန်ရွေးချယ်ခံရမယ်လို့ ခန့်မှန်းခဲ့ကြောင်း ဒေါ်စု ပြောကြား

သမ္မတအိုဘားမားကို မဲဆွယ်စည်းရုံးပွဲတွင် တွေ့ရစဉ်
ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ကကျင်းပပြီးစီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မစ္စတာအိုဘားမား အခုလို ပြန်လည်ရွေးချယ်ခံရလိမ့်မယ်လို့ မူလကပင် မိမိ ခန့်မှန်းခဲ့ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် ကူညီမယ် လို့ မျှော်လင့်ကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမေရိကန်နိုင်ငံ ဒုတိယ သမ္မတထံ ဝမ်းမြောက် သဝဏ်လွှာပေးပို့

Photo: ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အမေရိကန်နိုင်ငံ ဒုတိယ
သမ္မတထံ ဝမ်းမြောက် သဝဏ်လွှာပေးပို့
Thursday, 08 November 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ အမေရိကန် ပြည်ထောင်စု၏ ဒုတိယသမ္မတအဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခြင်းခံရသည့် မစ္စတာ ဂျိုးဘိုင်ဒင်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

http://www.president-office.gov.mm/zg/briefing-room/news/2012/11/08/id-1688Photo: ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမေရိကန်နိုင်ငံ ဒုတိယသမ္မတထံ ဝမ်းမြောက် သဝဏ်လွှာပေးပို့
Thursday, 08 November 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အမေရိကန် သမ္မတရွေးကောက်ပွဲ၌ အမေရိကန် ပြည်ထောင်စု၏ ဒုတိယသမ္မတအဖြစ် ပြန်လည် ရွေးကောက် တင်မြှောက်ခြင်းခံရသည့် မစ္စတာ ဂျိုးဘိုင်ဒင်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

http://www.president-office.gov.mm/zg/briefing-room/news/2012/11/08/id-1687
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းနှင့်
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တို့သည် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ အမေရိကန် ပြည်ထောင်စု၏ ဒုတိယသမ္မတအဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခြင်းခံရသည့် မစ္စတာ ဂျိုးဘိုင်ဒင်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

မြန်မာနိုင်ငံရှိ ရေအားလျပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့်တည်ဆောက် သောက်ရေခပ် (၂)စီမံကိန်းအပါအ၀င် စီမံကိန်း ၇ ခုအတွက် ချေးငွေရရှိထားပြီး ဖြစ်ကြောင်း ထုတ်ပြန်

Photo: မြန်မာနိုင်ငံရှိ ရေအားလျပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့်တည်ဆောက် သောက်ရေခပ်
(၂)စီမံကိန်းအပါအ၀င် စီမံကိန်း ၇ ခုအတွက် ချေးငွေရရှိထားပြီး
ဖြစ်ကြောင်း ထုတ်ပြန်  
Thursday, 08 November 2012

မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့် ဦးစားပေးတည်ဆောက်
မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

တရုတ်ချေးငွေ ဦးစားပေးအစီအစဉ်အရ တည်ဆောက်လျက်ရှိ သည့် စီမံကိန်းများ၊ ထပ်မံတည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများ
အတွက် ချေးငွေများရယူရာတွင် EXIM Bank နှင့် China Development Bank တို့မှ အဓိက ချေးယူခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စီမံကိန်း ၁၄ ခု အနက် စီမံကိန်း ၇ ခုအတွက် ချေးငွေရရှိပြီး
ဖြစ်ကြောင်း၊ စီမံကိန်း ၆ ခုမှာ ချေးငွေမရရှိသေးကြောင်း၊ ချေးငွေအတွက်
 ပြန်လည်ပြင်ဆင်တင်ပြထားသည့် စီမံကိန်းမှာတစ်ခုရှိကြောင်း သိရသည်။

ချေးငွေရရှိပြီးဖြစ်သည့် ရေအား လျှပ်စစ်စီမံကိန်းများမှာ ဘီလူးချောင်း(၃)၊ အထက်ရဲရွာ၊ အထက်ဆည်တော်ကြီး၊ သူဋ္ဌေး၊ အထက်ကျိုင်းတောင်း၊
 သောက်ရေခပ်(၂) နှင့် အထက်ဘီလူချောင်းရေအားလျှပ်စစ်စီမံကိန်း
တို့ဖြစ်ပြီး အဆိုပါ စီမံကိန်း ၇ ခုအတွက် ချေးငွေစုစုပေါင်း အမေရိကန်
ဒေါ်လာသန်းပေါင်း ၅၀၉ ကျော်ရရှိထားကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ချေးငွေမရရှိသေးသည့် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုအတွက် ရယူရန်
အဆိုပြုထားသည့် ချေးငွေပမာဏစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၂၀၀ ကျော်ရှိကြောင်းသိရသည်။

အဆိုပါ ချေးငွေရရှိပြီးဖြစ်သည့် ရေအားလျှပ်စစ်စီမံကိန်း ၇ ခု၏ စက်တပ်ဆင်အားမှာ မဂ္ဂါဝပ် ၇၀၀ ကျော်ရှိမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

မဂ္ဂါဝပ် ၁၂၀ ထွက်ရှိမည့် သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်း
အပါအ၀င် ဘီလူးချောင်း (၃)ရေအားလျှပ်စစ်စီမံကိန်းနှင့် အထက်
ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းများကို လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနကိုယ်တိုင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် နောက်ဆုံးထားအပြီးသတ်တည်ဆောက်လျက်ရှိသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့အတွက် ချေးငွေမရရှိသေးသော စီမံကိန်း ၆ ခုနှင့် ပြင်ဆင်တင်ပြ
ထားသည့် စီမံကိန်းတစ်ခု စုစုပေါင်း စီမံကိန်း ၇ ခုအား ပုဂ္ဂလိကမှ BOT စနစ်ဖြင့်လည်းကောင်း သို့မဟုတ်ဝန်ကြီးဌာနဖြင့်ပူးပေါင်းတည်ဆောက်သည့်
စနစ်ဖြင့်လည်းကောင်း တည်ဆောက်ခွင့်ရထားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၆၇ ခုနှင့်ကျောက် မီးသွေး
သုံးလျှပ်စစ်စီမံကိန်း ၈ ခု စုစုပေါင်း စီမံကိန်း ၇၅ ခုအထိ တည်ဆောက်ရန် လျာထားထားကြောင်း သတင်းရရှိသည်။

လက်ရှိတွင်လည်း ရေအားလျှပ်စစ်ဖြင့်သာ နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အားကိုအဓိကထုတ်လုပ် ဖြန့်ဖြူးပေးနေပြီး တစ်ယူနစ်လျှင် ၁၂၆ ကျပ်ကျသင့်ကာ ၀န်ကြီးဌာနမှ အရှုံးခံလုပ်ကိုင်နေရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကိုဝယ်ယူကာ ပုဂ္ဂလိကလက်သို့ အဆင့်ဆင့်ရောင်းချထုတ်လုပ် ဖြန့်ဖြူးသည့် ထိုင်းနိုင်ငံတွင်မူ တစ်ယူ
နစ်လျှင် ကျပ် ၈၀ ၀န်းကျင်သာကျသင့်ပြီး များစွာအမြတ်အစွန်းရ
လျှက်ရှိကြောင်း သိရသည်။

တရုတ်ချေးငွေ ဦးစားပေးအစီအစဉ်ဖြင့် တည်ဆောက်နေသည့် စီမံကိန်းနှင့် တည်ဆောက်ရန်အဆိုပြုထားသည့်  ရေအားလျှပ်စစ်စီမံကိန်းများ(စက်တပ်ဆင်အား(မဂ္ဂါဝပ်)၊ ငွေပမာဏ အမေရိကန်ဒေါ်လာသန်း)

စီမံကိန်း         တပ်ဆင်အား ချေးယူလိုသောငွေပမာဏ မှတ်ချက်
ဘီလူးချောင်း(၃)        ၄၈    ၄၈ .၃၁      ချေးငွေရရှိပြီးဖြစ်
အထက်ရဲရွာ      ၂၈၀  ၁၇၇ .၀၆     ချေးငွေရရှိပြီးဖြစ်
                                                               (၂၀၀၈-၂၀၀၉)
အထက်ဆည်တော်ကြီး ၆၀  ၃၈ .၉၅       ချေးငွေရရှိပြီးဖြစ်
                                             (၂၀၁၅ မှသာထုတ်ယူရန်တင်ပြထား)
သူဋ္ဌေး             ၁၁၁  ၁၁၉ .၇၀     ချေးငွေရရှိပြီးဖြစ်
                                                                 (၂၀၀၈-၂၀၀၉)
စိုင်းဒင်               ၇၆  ၅၈ .၃၁       ပြင်ဆင်တင်ပြထား
ရွှေလီ(၃)           ၁၀၅၀  ၆၇၃ .၉၀     မရရှိသေး(၂၀၁၉-၂၀၂၀)
မဏိပူ             ၃၈၀  ၂၆၇ .၄၁  မရရှိသေး(၂၀၁၇-၂၀၁၈)
အထက်ဗူး             ၁၅၀  ၇၉ .၇၅  မရရှိသေး(၂၀၂၅)
အမ်း                       ၁၀  ၂၉ .၂၀  မရရှိသေး
အထက်ကျိုင်းတောင်း ၅၁  ၃၄ .၇၂  ချေးငွေရရှိပြီးဖြစ်
                                                          (၂၀၁၈-၂၀၁၉)
သောက်ရေခပ်(၂)   ၁၂၀  ၇၂ .၈၆  ချေးငွေရရှိပြီးဖြစ်
                                                          (၂၀၁၃-၂၀၁၄)
အထက်ဘီလူးချောင်း ၃၀ .၄  ၁၇ .၄၈   EXIM ဘဏ်မှ
                                                   ချေးငွေပေးအပ်ရန်အတည်ပြုပြီး
တာပိန်(၂)           ၁၆၈  ၈ .၆၈  မရရှိသေး
လေးမြို့           ၅၀၀  ၈၅ .၂၀  မရရှိသေး
စုစုပေါင်း         ၃၀၃၄ .၄  ၁၇၁၁ .၅၅  EXIM ဘဏ်နှင့် CDB ဘဏ်တို့မှ ချေးယူသည်။

မှတ်ချက်။        ။စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်းအစားအထက်ဘီလူးချောင်း
စီမံကိန်းအတွက် ချေးငွေပြင်ဆင်ချက်တင်ထားသည်။

eleven meida group 
 မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့် ဦးစားပေးတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။တရုတ်ချေးငွေ ဦးစားပေးအစီအစဉ်အရတည်ဆောက်လျက်ရှိသည့်စီမံကိန်းများ၊ထပ်မံတည်ဆောက်မည့်
 ရေအားလျှပ်စစ်စီမံကိန်းများအတွက် ချေးငွေများရယူရာတွင် EXIM Bank နှင့် China Development Bank တို့မှ အဓိက ချေးယူခြင်းဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးသူများအား ပြန်လည်ဖြေဆိုစေမည့် အစီအစဉ်လတ်တလော မရှိသေး

Photo: တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးသူများအား ပြန်လည်ဖြေဆိုစေမည့် အစီအစဉ်လတ်တလော မရှိသေး  
Thursday, 08 November 2012

တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးသူများအား ပြန်လည်ဖြေဆိုစေမည့်အစီ
အစဉ် လောလောဆယ် မရှိသေးကြောင်းပညာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဒုတိယ၀န်ကြီး ဦးအေးကြူက နိုဝင်ဘာလ ၅ ရက် နေ့တွင် အမျိုးသား
လွှတ်တော်၌ ပြောကြားခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူရရှိသည့် အခြေခံရမှတ်သတ်မှတ်ချက်
မြှင့်တင်၍ အောင်မြင်သူအဖြစ်သတ်မှတ်ပါက ကျရှုံးသည့်ဘာသာကို အချိန်တိုအတွင်း ပြန်လည်ဖြေဆိုစေသည့် အခွင့်အရေးပေးပါက မေးခွန်း
ပြုစုခြင်း၊ ဖြန့်ဝေပေးပို့ခြင်း၊ စာမေးပွဲကျင်းပခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊
 အောင်စာရင်းထုတ်ပြန်ခြင်းများကို ကျောင်းဖွင့်ရက်ကာလတွင် ဆောင်ရွက်ရန်အခက်အခဲရှိနိုင်ကြောင်း၊ စာမေးပွဲအအောင်အရှုံးပေးသည့် လက်ရှိစနစ်ကို
 ပြန်လည်သုံးသပ်ပြီး အားနည်းချက်များကို ပြုပြင်၍ အရည်အသွေးပြည့်
မီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

လက်ရှိတွင် အခြေခံပညာအဆင့်၌ ပေးမှတ် ၁၀၀ တွင် အမှတ် ၄၀ ရရှိ
ပါက အောင်မြင်သည်ဟု သတ်မှတ်ထားပြီး အဆင့်မြင့်ပညာအဆင့် ဘွဲ့ကြိုတန်းများတွင် အမှတ် ၅၀ အထက်၊ ဘွဲ့လွန်သင်တန်းများ၌ ရမှတ် 
၆၀ အထက်ရရှိသူများကို စာမေးပွဲအောင်မြင်သူများအဖြစ် သတ်မှတ်ထား
ကြောင်း သိရသည်။

''အောင်မှတ်နဲ့ ပတ်သက်ပြီးတော့ကျွန်တော့်အမြင်ကတော့ မေဂျာ
ဘာသာကို ၅၀ မှတ် သတ်မှတ်ပြီးတော့ စိတ်ကြိုက်ကိုတော့ ၄၀မှတ် သတ်မှတ်သင့်ပါတယ်။ သင်ကြားရေးအပိုင်းမှာလည်း ပြုပြင်ပြောင်း
လဲဖို့လိုပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက ကျူရှင်သင်ရင် ထွက်ဆိုလို့ တချို့က ထွက်သင်ကြတာရှိခဲ့ဖူးပါတယ်။ ရတဲ့လစာနဲ့ မလုံလောက်တော့ ကျူရှင်သင်ကြတာပဲ။ လုံလောက်တဲ့ လစာပေးထားရင်တော့ကျူရှင်ကိုအာရုံမစိုက်တော့ဘဲ ကျောင်းမှာပဲအချိန်
ပေးသင်ကြမှာပါပဲ။ ကျရှုံးတဲ့ဘာသာကိုလည်း တစ်ဘာသာဆိုရင်ပြန်ဖြေ
ခွင့်ပေးတယ် စသည်ဖြင့် သတ်မှတ်ပေးသင့်ပါတယ်။ ခြေချော်လက်ချော်ဖြစ်
တဲ့သူတွေကို အခွင့်အရေးပေးသင့်ပါတယ်'' ဟု အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးဂျေယောဝူက ဆွေးနွေးပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီကလည်း ''စာ မေးပွဲကျရှုံး
တာကို ပြန်ဖြေခိုင်းတယ်ဆိုရင် ကျလည်းပြန်ဖြေလို့ရတယ်ဆိုပြီး စာမကြိုးစား
ချင်ကြဘူး။ ပြန်ဖြေခိုင်းတယ်ဆိုရင် ဘယ်နှစ်ဘာသာကျရင် ပြန်ဖြေခိုင်းမယ်။ အမှတ်ဘယ်လောက်ရရင် ပြန်ဖြေခိုင်းမယ်ဆိုပြီး ပြန်သတ်မှတ်ရမယ်။ အောင်ချက် နည်းလို့ဆိုရင်လည်းဟိုအရင်တုန်းကဆိုရင် အောင်ချက်က နှစ်ရာ
ခိုင်နှုန်း၊  သုံးရာခိုင်နှုန်းလောက်ပဲရှိခဲ့တာပါ'' ဟု ဆွေးနွေးပြောကြားခဲ့ပါသည်။

eleven media group
တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးသူများအား ပြန်လည်ဖြေဆိုစေမည့်အစီ
အစဉ် လောလောဆယ် မရှိသေးကြောင်းပညာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဒုတိယ၀န် ကြီး ဦးအေးကြူက နိုဝင်ဘာလ ၅ ရက် နေ့တွင် အမျိုးသား
လွှတ်တော်၌ ပြောကြားခဲ့သည်။

ဒု-သမ္မတဦးဉာဏ်ထွန်း ထားဝယ်စီမံကိန်းကိစ္စ ထိုင်းနဲ့ဆွေးနွေး

Photo: ဒု-သမ္မတဦးဉာဏ်ထွန်း ထားဝယ်စီမံကိန်းကိစ္စ ထိုင်းနဲ့ဆွေးနွေး
Thursday, November 08, 2012

တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်ခန့်ခွဲဖို့ ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းထဲမှာရှိတဲ့ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်စီမံ ခန့်ခွဲ သွားမယ့် ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်
သွားမဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွေ ကိစ္စကို မြန်မာ ဒုတိယ
သမ္မတ ဦးဉာဏ်ထွန်းနဲ့ ထိုင်းဝန်ကြီးချုပ် Yinluck Shinawatra တို့
ဆွေးနွေးခဲ့ကြပြီးနောက်မှာ ပူးတွဲကော်မတီကို တရားဝင်ဖွဲ့စည်းခဲ့တာ ဖြစ်
ပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေး
ထားပါတယ်။

မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ပူးတွဲအကောင်အထည်ဆက်ဖော်သွားမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းပါဝင်တဲ့ ထားဝယ်အထူးစီးပွားရေးစီမံကိန်းတွေ
ကိစ္စကို ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ မြန်မာဒုတိယသမ္မတ ဦးဉာဏ်ထွန်းဟာ အင်္ဂါနေ့ ညနေပိုင်းကတည်းက ထိုင်းနိုင်ငံမှာ ရောက်ရှိ
နေတာ ဖြစ်ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ တွေ့ ဆုံ ဆွေးနွေးခဲ့ပါတယ်။ မနေ့ညကလည်း  ထိုင်းဒုတိယ
ဝန်ကြီးချုပ် ကီတီရတ် နာရနောင်း (Kittiratt Na Ranong)နဲ့ တွေ့ဆုံဆွေး
ခဲ့တဲ့အကြောင်း ထားဝယ်စီမံကိန်းတွေအတွက် ဆောက်လုပ်ရေးလုပ်ငန်း ကံထရိုက်ရထားတဲ့ Italian Thai အများပိုင် လုပ်ငန်းကြီးရဲ့ တာဝန်ရှိသူ
တယောက်က VOA မြန်မာပိုင်းကို ခုလိုပြောပါတယ်။

“အဓိက ကတော့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို အကောင်
အထည်ဖော်ဖို့ရာကိစ္စပါပဲ။ အဲဒီမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရပြီးတော့ မနေ့ကတော့ ကော်မတီလေးတွေ ဖွဲ့ပြီးတော့ နှစ်နိုင်ငံဆောင်ရွက်ကြဖို့ အစီအစဉ်လုပ်ကြပါတယ်။ ကနေ့ မနက်ပိုင်းတော့ ဒု-သမ္မတနဲ့အဖွဲ့ဟာ ယိုးဒယားနိုင်ငံ၊ Government House ကိုသွားပြီးတော့ ဝန်ကြီးချုပ် မစ္စ် ယင်းလပ်၊ ရှင်နာဝပ်နဲ့ သွားတွေ့ပါတယ်။ သွားတွေ့ပြီးတော့ ဒီကိစ္စကိုပဲ ထပ်မံရှင်းလင်းပြခဲ့ပါတယ်။ ဒု-သမ္မတနဲ့အဖွဲ့ဟာ ဒီနေ့ ညနေပဲ ပြန်လည် ထွက်ခွာပါလိမ့်မယ်ခင်ဗျာ။”

ဒု-သမ္မတဦးဉာဏ်ထွန်းနဲ့ ထိုင်းဝန်ကြီးချုပ် Yinluck Shinawatra တို့ရှေ့မှာပဲ ထားဝယ် အထူး စီးပွားရေး စီမံကိန်းကို အုပ်ချုပ်စီမံခန့်ခွဲ သွားမယ့် ပူးတွဲကော်မတီ ဖွဲ့စည်းမှု သဘောတူစာချုပ်ကို နှစ်ဖက် သက်ဆိုင်သူတွေ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။ ထားဝယ် အထူး စီးပွားရေးဇုန် တည်ဆောက်ရေးအတွက် ထိုင်းနိုင်ငံက အကြီးဆုံး
 ဆောက်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ Italian Thai လုပ်ငန်းကြီးက တာဝန်ယူထားပေမယ့် ထားဝယ်စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက် ငွေကြေး အခက်အခဲရှိနေပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရက Italian Thai ကုမ္ပဏီကို ထောက်ခံ မှု ပေးထားပြီး လောလောဆယ် ထားဝယ်
စီမံကိန်းတွေအတွက် ထိုင်းနဲ့မြန်မာအစိုးရနှစ်ရပ် ပူးပေါင်း ဆောင်ရွက်သွား
မှာဖြစ်တယ်လို့ Italian Thai ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။

“နှစ်ဦးနှစ်ဖက် ဒီစီမံကိန်းကြီးကို အကောင်အထည်ဖော်ကြမယ်။ တခြား
နိုင်ငံတွေက ငွေကြေး အကူအညီယူပြီးတော့ နှစ်နိုင်ငံ benefit ပထမ
စပါမယ်။ Mechanism ပေါ့လေ။ အဲဒါနဲ့ အပေါ်ကနေ အုပ်ချုပ်သွားပြီးတော့ အီတာလီယံ-ထိုင်းကို ကံထရိုက်တာအဖြစ်ထားပြီးဆက်လက် ဆောင်ရွက်ကြ
ပါ လိမ့်မယ်။ အကယ်၍များ တခြားတနိုင်ငံက ငွေအရင်းအနှီးထုတ်ပြီး လာမယ်ဆိုရင်တော့ Tri-lateral mechanism နဲ့ ကျနော်တို့ ဆက်လုပ်ကြ
ပါမယ်။”

အရှေ့တောင်အာရှမှာ အဓိက ကုန်သွယ်ရေးပေါင်းကူးနေရာတခုဖြစ်လာနိုင်
တယ်လို့ ဆိုနေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဆောက်လုပ်မှု အခြေအနေကရော လက်ရှိမှာ ဘယ်လောက် ခရီးရောက်နေပြီလို့ ပြောနိုင်
ပါသလဲ။

“လမ်းတွေကတော့ အကြမ်းအားဖြင့် ဖောက်လို့ ပြီးသွားပါပြီ။ Port တွေ
ကလည်း စပြီး တူးဖော်နေ ပါပြီ။ အဲဒီအရင် ပစ္စည်းတွေ တင်ဖို့ ချဖို့အတွက် small port တွေက ဒီလကုန်လောက်၊ နောက် လဆန်းဆို ပြီးပါပြီခင်ဗျ။ ဇန်နဝါရီကို ကျနော်တို့က စတင် ဆောင်ရွက်နိုင်ပါပြီ။ အဲဒီ small port လေး ကလည်း တန်ချိန် တသောင်းနှစ်ထောင်လောက်ထိအောင် ကုန်တင်ကုန်ချ လုပ်နိုင်ပါတယ်။”

ထားဝယ်အထူးစီးပွားရေးစီမံကိန်းတွေအတွက် စုစုပေါင်း အမေရိကန်
ဒေါ်လာ ဘီလျံ ၅၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး ရေနက် ဆိပ်ကမ်းအပါအဝင် သံမဏိစက်ရုံ၊ ရေနံချက်စက်ရုံ၊လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေလည်း တည်ဆောက်ဖို့ အစီအစဉ်တွေရှိပါတယ်။ ဒီလိုဆောက်
လုပ်မှုတွေကြောင့် ဒေသခံပြည်သူတွေ နေအိမ်တွေကနေဖယ်ရှားပေးခဲ့ရတာ 
ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့သလို သဘာဝပတ်ဝန်း
ကျင်ဆိုင်ရာ ထိခိုက်မှုတွေ ရှိနိုင်တဲ့အတွက် ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်ရှင်။

VOA 

တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်ခန့်ခွဲဖို့ ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းထဲမှာရှိတဲ့ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်စီမံ ခန့်ခွဲ သွားမယ့် ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။

အသုံးစရိတ်ဖြတ်တောက်ရေး ဂရိပါလီမန်အတည်ပြု

Photo: အသုံးစရိတ်ဖြတ်တောက်ရေး ဂရိပါလီမန်အတည်ပြု
Thursday, November 08, 2012

ဂရိအစိုးရက ဥရောပသမဂ္ဂဆီက နောက်ထပ် အထောက်အပံ့တွေ ယူမယ်ဆိုရင် အသုံးစရိတ်တွေ ဖြတ်တောက်ရလိမ့်မယ်ဆိုတဲ့ အယူအဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြပါတယ်။

ဂရိနိုင်ငံမှာ အသုံးစရိတ် အကြီးအကျယ်လျှော့ပေါ့ရေးနဲ့ အကောက်ခွန် တိုးမြှင့်ရေးကိစ္စကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ အခုလို အသုံးစရိတ် လျှော့ချတဲ့အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ထောင်သောင်း ချီတဲ့ ဂရိနိုင်ငံသားတွေ မြို့တော် အေသင်ရဲ့ လမ်းမတွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီအသုံးစရိတ် လျှော့ချရေးအစီအစဉ်ကို လွှတ်တော်အမတ်တွေက ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကျော်၊ ကြာသပတေးနေ့ မနက်အစောကြီးမှာ အတည်ပြုလိုက်ကြတာပါ။ ဒီ အစီအစဉ်သစ်မှာ အခွန်တချို့ တိုးမြှင့် ကောက်ခံရေး၊ ပင်စင်လစာနဲ့ အစိုးရထောက်ပံ့ကြေးတွေ အပါအ၀င် အသုံးစရိတ် ကို နောက် ထပ် ဒေါ်လာသန်းပေါင်း ၁၇,၀၀၀ ဖြတ်ရေးတို့ ပါဝင်ပါတယ်။

ဂရိအစိုးရအနေနဲ့ ဥရောပသမဂ္ဂထံက ဒေါ်လာ သန်းထောင်ပေါင်းများစွာ
 နောက်ထပ် အကူအညီ အထောက်အပံ့ရရှိဖို့နဲ့ အစိုးရအနေနဲ့ ငွေပြတ်
တောက်သွားမယ့် အခြေအနေတွေက ရှောင်လွှဲနိုင်ဖို့ ဒီအသုံးစရိတ်
လျှော့ချရေးအစီအစဉ်ဟာ မလုပ်မဖြစ်လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။

ဒီအစီအစဉ်အတွက် လွှတ်တော်အတွင်း ဆွေးနွေးနေကြတဲ့အချိန်မှာပဲ ဂရိလူမျိုး ၈၀,၀၀၀ ကျော်က လွှတ်တော်အပြင်မှာ လုံထိန်းရဲတပ်ဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသမားတွေက မီးလောင် ဗုံးတွေနဲ့ ပစ်ခတ်ပြီး ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ အစိုးရအနေနဲ့ ဥရောပသမဂ္ဂထံကနေ နောက်ထပ် အထောက်အပံ့တွေ ရယူမယ်ဆိုရင် အသုံးစရိတ်တွေ ဖြတ်တောက်ရလိမ့်မယ်ဆိုတဲ့ အယူ
အဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြတာပါ။

VOA 
 ဂရိအစိုးရက ဥရောပသမဂ္ဂဆီက နောက်ထပ် အထောက်အပံ့တွေ ယူမယ်ဆိုရင် အသုံးစရိတ်တွေ ဖြတ်တောက်ရလိမ့်မယ်ဆိုတဲ့ အယူအဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြပါတယ်။
ဂရိနိုင်ငံမှာ အသုံးစရိတ် အကြီးအကျယ်လျှော့ပေါ့ရေးနဲ့ အကောက်ခွန် တိုးမြှင့်ရေးကိစ္စကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ အခုလို အသုံးစရိတ် လျှော့ချတဲ့အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ထောင်သောင်း ချီတဲ့ ဂရိနိုင်ငံသားတွေ မြို့တော် အေသင်ရဲ့ လမ်းမတွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခအရေး သဘေားထား ကြေညာချက်ထုတ်


 ကောမှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် လူထုနှင့်တွေ့ဆုံနေစဉ်၊

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူသေဆုံးမှုများနဲ့ ရခိုင် ပဋိပက္ခများကို အမြန်ဆုံး လက်တွေ့ကျကျ ထိရောက်စွာ ဖြေရှင်းကြဖို့ တောင်းဆို လိုက်ပါတယ်။

မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်

Photo: မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့
ပြန်လွှတ်လိုက်
Thursday, November 08, 2012

မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင်
ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာရေတပ်က
ဖမ်းဆီးခဲ့ပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေးခဲ့ကြောင်း
ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိတဦးက ပြောသည်။

ကမ္ဘာ့ရေပိုင်နက်မှ မြန်မာ့ရေပိုင်နက် (ကော့သောင်း) သို့ ဝင်ရောက်လာ
သည့် ထိုစက်လှေကို မြန်မာ့ရေတပ် စစ်ရေယာဉ် အမှတ် (၁၁၅) မှ ခွဲထွက်စက်လှေက လိုက်လံဖမ်းဆီးပြီး လှေစီးခရီးသည်များ ဖမ်းဆီးခံရခြင်း
ဖြစ်သည်။

“လိုက်ဖမ်းတော့ စက်ဆရာနဲ့ ပဲ့နင်းက ရေထဲ ဆင်းပြေးသွားတယ်ပေါ့ဗျာ။ အဲဒါ လှေက မျောပြီး ဝင်လာတော့ကော့သောင်းဘက်ကိုဝင်လာ
တယ်။ ကမ်းပေါ်ထိ တက်ပြေးတယ်။ ရေတပ်က နောက်က လိုက်တော့ ဖမ်းမိတာပေါ့ ဗျာ” ဟု အမည် မဖော်လိုသည့် ကော့သောင်း လဝက မှ အရာရှိတဦးက ပြောသည်။

အဖမ်းခံရသူများမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပင်လယ်ကမ်းစပ်
ရွာများနှင့် ဘင်္ဂလားဒေ့ရှ်မှ အစ္စလာမ် ဘာသာဝင် ၉၅ ဦး ဖြစ်ပြီး ၎င်းတွင် ဓမ္မဆရာ ၆ ဦး ပါဝင်ကာ အမျိုးသားများချည်းသာ ဖြစ်သည်ဟုလည်း အဆိုပါ လဝက အရာရှိက ပြောသည်။

၎င်းတို့မှာ ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်းသို့ ဦးတည်
သွားကြမည် ဖြစ်ပြီး မြန်မာကျပ်ငွေ ၅ သိန်းနှင့် ညီမျှသည့် မလေးရှားငွေကို လူပွဲစားများအား ပေးဆောင်ရမည် ဖြစ်သည်ဟု စစ်ဆေးမေးမြန်းချက်အရ သိရှိရသည်ဟုလည်း အဆိုပါ လဝက အရာရှိက ပြောသည်။

“ဦးတည်ချက်က ထိုင်းကို ဝင်မယ်။ အဲဒီမှာ အလုပ်လုပ်မယ်။ နောက်ပြီးရင် မလေးနယ်စပ်မှာ ရှိတဲ့ သူတို့ ဒုက္ခသည် စခန်းကို သွားမယ်။ အဲဒီကနေ တတိယနိုင်ငံကို သွားမယ် ပြောတာပဲ” ဟု သူက ပြောသည်။

ယခုကိစ္စသည် နိုင်ငံရေး ဒုက္ခသည်ကိစ္စ မဟုတ်ကြောင်းနှင့် လူကုန်ကူးမှု ကိစ္စသာ ဖြစ်ကြောင်းလည်း သူက ဆိုသည်။

စစ်ဆေးမေးမြန်းပြီးနောက် အင်္ဂါနေ့ ညနေပိုင်းတွင်ပင် ကမ္ဘာ့ရေပိုင်နက်သို့ ပို့ကာ ပြန်လွှတ်လိုက်သည်ဟုကော့သောင်းရဲစခန်းနှင့် နီးစပ်သူ
တဦးက ပြောသည်။

“သူတို့က တိုင်းရင်းသား ဘာသာစကား၊ ရခိုင်စကားလည်း မပြောနိုင်ကြဘူး။ ဗမာစကားလည်း မတတ်ကြဘူး။ အဲဒါကြောင့် မရှုပ်ချင်လို့ လိုအပ်တဲ့ ရိက္ခာတွေ ကူညီထည့်ပြီး ပြန်လွှတ်လိုက်တာ” ဟု ရဲစခန်းနှင့် နီးစပ်သူက
ပြောသည်။

ထို့ပြင် မလေးရှားနိုင်ငံသို့ ဦးတည်သည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရိုဟင်ဂျာ မွတ်ဆလင် ၁၁ဝ ဦးခန့်ကို တင်ဆောင်လာ သည့် စက်လှေတစီး ဗုဒ္ဓဟူးနေ့တွင် ဘင်္ဂလားပင်လင်ပြင်၌ နစ်မြုပ်ခဲ့ပြီး ၎င်းတို့အနက် ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ကာ ၁ဝဝ ခန့်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒု-ဗိုလ်မှူးကြီး Lieutenant-Colonel Mohammad Jahid ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ သတင်း
တရပ်တွင် ဖော်ပြသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင်လည်း ဘင်္ဂါလီ ရိုဟင်ဂျာ မွတ်ဆလင် ၁၃ဝ ဦး ပါဝင်သည့် ခရီးသည်တင် စက်လှေတစီး နစ်မြုပ်ခဲ့ပြီး ထက်ဝက်
ခန့်ကိုသာ ကယ်တင်နိုင်ခဲ့ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က
ပြောသည်။

ကွန်းချမ်း
မဇ္ဈိမ 
ကပ်လာရာမှ မြန်မာရေတပ်က မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင်ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်
ဖမ်းဆီးခဲ့ပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေးခဲ့ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိတဦးက ပြောသည်။ကမ္ဘာ့ရေပိုင်နက်မှ မြန်မာ့ရေပိုင်နက် (ကော့သောင်း) သို့ ဝင်ရောက်လာ
သည့် ထိုစက်လှေကို မြန်မာ့ရေတပ် စစ်ရေယာဉ် အမှတ် (၁၁၅) မှ ခွဲထွက်စက်လှေက လိုက်လံဖမ်းဆီးပြီး လှေစီးခရီးသည်များ ဖမ်းဆီးခံရခြင်း
ဖြစ်သည်။

အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သည် ရုရှားနိုင်ငံလုပ် တင့်ဖျက် ဒုံးပျံများ ရောင်းချရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သည်ဟုဆို


Photo: အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သည် ရုရှားနိုင်ငံလုပ် တင့်ဖျက် ဒုံးပျံများ ရောင်းချရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သည်ဟုဆို
Thursday, November 08, 2012

အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သည် ရုရှားနိုင်ငံလုပ် တင့်ဖျက် ဒုံးပျံများ
ရောင်းချ ပေးရေး ဆိုင်ရာ ကန်ထရိုက် စာချုပ် ၂ ရပ်အား လက်မှတ်
ရေးထိုးခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက နိုဝင်ဘာလ ၆ ရက်နေ့တွင် ရုရှားနိုင်ငံပိုင် RIA Novosti သတင်းဌာနကို ပြောကြား ခဲ့ပါသည်။

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အဆိုပါ ကန်ထရိုက် စာချုပ် များကို လက်မှတ်ရေး ထိုးခဲ့ကြောင်း အတည်ပြု ပြောကြား ခဲ့သော်လည်း အသေးစိတ် ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

ရုရှား နိုင်ငံသည် အိန္ဒိယ နိုင်ငံ၏ T-90 တင့်ကားများ အတွက် ခန့်မှန်း အမေရိကန် ဒေါ်လာ သန်း ၂၄ဝ တန်ဖိုးရှိ Invar ဒုံးပျံ ၂၅,ဝဝဝ စင်းနှင့် Konkurs တင့်ဖျက် ဒုံးပျံ ၁ဝ,ဝဝဝ စင်းတို့အား ရောင်းချပေး သွားမည်
ဖြစ်ကြောင်း အိန္ဒိယ ပြည်တွင်း သတင်းများ အရ သိရှိရပါသည်။ အစောပိုင်း သတင်းများ အရ အိန္ဒိယ နိုင်ငံသည် ရုရှား ကုမ္ပဏီများ ထံမှ Invar ဒုံးပျံ ၁ဝ,ဝဝဝ စင်း ဝယ်ယူသွားမည် ဖြစ်ကြောင်းနှင့် နောက်ထပ် ဒုံးပျံ ၁၅,ဝဝဝ စင်းကို လည်း အိန္ဒိယ နိုင်ငံတွင် လိုင်စင် ခွင့်ပြုချက်ဖြင့် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

မြ၀တီ 

ရာ ကန်ထရိုက် စာချုပ် ၂ ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက နိုဝင်ဘာလ ၆ ရက်နေ့တွင် ရုရှားနိုင်ငံပိုင် RIA Novosti သတင်းဌာနကို ပြောကြား ခဲ့ပါသည်။ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သည် ရုရှားနိုင်ငံလုပ် တင့်ဖျက် ဒုံးပျံများရောင်းချ ပေးရေး ဆိုင်
အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အဆိုပါ ကန်ထရိုက် စာချုပ် များကို လက်မှတ်ရေး

Monday, November 05, 2012

ရခိုင်ပဋိပက္ခ ဖြေရှင်းရေး ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်

၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ပျက်စီးနေသည့် အိုးအိမ်များကိုတွေ့ရပုံ။
ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ပထမဆုံး အဆင့်အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း စတင်အကောင်အထည်ဖော် ဆောင်ရွက် သွားတော့မှာဖြစ်တယ်လို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ အမေရိကန် သမ္မတရွေးပွဲအတွက် အကြိတ်အနယ် စည်းရုံး

အိုဟိုင်းအိုးပြည်နယ်မှာ မဲဆွယ်စည်းရုံးနေတဲ့ အမေရိကန် သမ္မတ ဘရက်အိုဘားမား။ (အောက်တိုဘာလ ၂ ရက်၊ ၂၀၁၂)။

အမေရိကန် ပြည်ထောင်စုမှာ အင်္ဂါနေ့ သမ္မတရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးနေ့တွေ အဖြစ်နဲ့ မဲဆွယ် စည်းရုံး နေကြတဲ့ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားနဲ့ ပြိုင်ဘက် ရီပက်ဘလစ်ကန် ပါတီ သမ္မတလောင်း မစ်ရွန်မနီ (Mitt Romney)တို့ဟာ ရွေးကောက်ပွဲအတွက် အဓိကအဆုံးအဖြတ် ပေးလိမ့်မယ်လို့ ယူဆထားကြတဲ့ ပြည်နယ်တွေမှာ အပြန်အလှန် မဲဆွယ်စည်းရုံး လှုပ်ရှားနေကြပါတယ်။

အစမ်းသပ်ခံကာလမို့လို့ပါ



ပန်းချီမောင်ညိုဝင်း ဆွဲတဲ့ ဗိုလ်ချုပ်ကျော်ဇော ပုံတူပန်းချီ



ပန်းချီမောင်ညိုဝင်း ဆွဲတဲ့ ဗိုလ်ချုပ်ကျော်ဇော ပုံတူပန်းချီ

ဆွစ်ဇာလန်သံရုံးသစ် ရန်ကုန်မှာ ဖွင့်လှစ်

မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးသစ်ကို မြန်မာနိုင်ငံကိုရောက်နေရှိတဲ့ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီး က မနေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။

ပြဿနာဖြစ်ပွားခဲ့တဲ့ လူကြီးမင်းဖုန်းဆိုင် သတင်းစာရှင်းလင်းပွဲလုပ်

လူကြီးမင်းဖုန်းဆိုင်က ကံစမ်းမဲပြုလုပ်မယ့်အစီအစဉ် လက်ကမ်းကြော်ငြာကို လသာမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြသနေစဉ်
လူကြီးမင်းဖုန်းဆိုင်ရဲ့ ဆိုင်ခွဲ ၁၁ ဆိုင်မှာ မနေ့ကပုလုပ်ခဲ့တဲ့ ကံစမ်းမဲအစီအစဉ်ကို ဖျက်သိမ်းလိုက် တာကြောင့် အချို့နေရာတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး Parkroyal ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော် စီမံကိန်းအနီးက ကျူးကျော်ဈေးကို အမြန်ဖယ်ရှားခိုင်း

နေပြည်တော် ဥတ္တသီရိမြို့နယ်က အစိုးရဝန်ထမ်းအိမ်ရာတစ်ခုကို တွေ့ရစဉ်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ တည်ဆောက်နေတဲ့ နိုင်ငံတော်ဧည့်ဂေဟာ သံတမန်အိမ်ယာဆောက် လုပ်ရေး စီမံကိန်းတွေနားက တောင်ကြားဈေးဟာ ကျုးကျော်ဈေးဖြစ်တာကြောင့် လာမယ့် နိုဝင်ဘာ ၇ ရက် နောက်ဆုံးထား ဖယ်ရှားပေးရမယ်လို့ သိရပါတယ်။

၁၉၉၁က မတရားအလုပ်ဖြုတ်ခံရသူ တစ်ကိုယ်တော် ဆန္ဒပြမည်

၁၉၉၁ ခုနှစ်တုန်းက မတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့ သကြားစက်ရုံ ဝန်ထမ်းဟောင်းတစ်ဦးက အလုပ်ဖြုတ် ခံရတာကို မကျေနပ်တဲ့အတွက်လာမယ့် နိုဝင်ဘာ ၁၁ရက်နေ့မှာ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြမယ်လို့သိရှိရပါတယ်။

အနောက်နိုင်ငံ သံတမန်များနှင့် ရခိုင် နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ

နိုဝင်္ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် အနောက်
နိုင်ငံ သံအမတ်များ ရခိုင်အရေးကို စစ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

တော်ဝင်စက်ရုံက အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားများ ဆေးရုံတင်ကုသနေရ

၂ဝ၁၂ အောက်တိုဘာလ ၅ ရက်နေ့က ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တော်ဝင်မိသားစု ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံ အလုပ်သမားများ စက်ရုံဝင်းအတွင်း ဆန္ဒပြနေစဉ်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုံမှာရှိတဲ့ တော်ဝင်သစ်အချောထည် စက်ရုံရှေ့မှာ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် အစာငတ်ခံ ဆန္ဒပြနေကြတဲ့ အလုပ်သမား နှစ်ရာ ကျော်ထဲက ၂၅ ဦးဟာ အာဟာရ ပြတ်လပ်ပြီး သတိလစ်မေ့မျော သွားတာကြောင့် မနေ့ညကစလို့ ရွှေပြည်သာ ဆေးရုံနဲ့ အင်းစိန်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

My Blog List