Friday, December 28, 2012

အမေရိကန်တွေကို ခြေဖျား လက်ဖျား အေးစေခဲ့တဲ့ လှည့်စားမှု

Photo: အမေရိကန်တွေကို ခြေဖျား လက်ဖျား အေးစေခဲ့တဲ့ လှည့်စားမှု
Friday, December 28, 2012

ဒီဇင်ဘာ ၁၂ရက်နေ့တုန်းက မြောက်ကိုရီးယားစစ်တပ်ရဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်နိုင်ငံတွေကို အငိုက်မိ သွားစေခဲ့ပါတယ်။

ဒီလို ဒုံးကျည်မပစ်လွှတ်ခင် ရက်ပိုင်းက မြောက်ကိုရီးယားက သူတို့မှာရှိတဲ့ ဒုံးကျဉ်စနစ်မှာ ချို့ယွင်းမှုတွေရှိနေတယ်လို့ ပြောခဲ့တာဟာ အမေရိကန် ဂျပန်စတဲ့ ရန်ဖက် နိုင်ငံတွေကို လှည့်ဖျားနိုင်ဖို့ နှစ်သိမ့် အယုံသွင်းထား ခဲ့တာမျိုးဖြစ်ကြာင်း အမေရိကန် စစ်တပ်နဲ့ စီအိုင်အေတို့က သုံးသပ်ပါတယ်။

ဒီဇင်ဘာ ၁၂ရက်တုန်းကဆိုရင် အမေရိကန်နဲ့ ဂျပန် စစ်သင်္ဘောတွေဟာ ပုံမှန်အတိုင်း သမုဒ္ဒရာ မြေ လေ ပိုင်နက်တွေကို အပြည့်အ၀ကာကွယ်ဖို့ တာဝေးထိန်း ဒုံးစနစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ ကင်းလှည့်တာတွေ လုပ်ခဲ့ ပေမယ့် တကယ်တမ်း မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည်
ပစ်လွှတ်လိုက်ချိန်မှာတော့ အငိုက်မိသွားခဲ့ကြောင်း အမေရိကန်တာဝန်ရှိ သူတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံပေါ်ကို ကင်းထောက်နေတဲ့ အမေရိကန် အာကာသ ဂြိုလ်တု ဖြတ်သန်းသွားချိန် အပြီးမှာမှ မြောက်ကိုရီးယားက သူ့ တာဝေးပစ် ဒုံးကျည်ကို လွှတ်ထုတ်လိုက်တာကို ပြန်လည် စစ်ဆေးတွေ့ရှိရကြောင်း အမေရိကန်ဖက်က ပြောပါတယ်။

ဒါဟာ အမေရိကန်က ဘယ်လိုစနစ်နဲ့ ဘယ်အချိန်မှာ အချက်အလက်တွေ ရအောင် မြောက်ကိုရီးယားပေါ် ထောက်လှမ်းနေတယ်ဆိုတာကို မြောက်ကိုရီးယားတို့ကလည်း သိနေပါတယ်ဆိုတဲ့အကြောင်း ပြန်ပြလိုက်တာပဲလို့ အမေရိကန် တာဝန်ရှိသူတဦးက ဆိုပါတယ်။

အမေရိကန် ထောက်လှမ်းရေးရဲ့တွေ့ရှိချက်အရ -

(၁)မြောက်ကိုရီးယားဆီမှာ ၃ဆင့်ပစ် တာဝေးဒုံးကျည်ရှိနေပြီး အဲဒီပစ်စင်ဟာ အစားထိုး သုံးနိုင်မယ့် အမျိုးအစားဖြစ်ကြောင်း ။

(၂)ပြန်တွေးကြည့်တော့ အခုပစ်လွှတ်တဲ့ ဒုံးကျည်ဟာ အရင်က မသုံးပဲ သိမ်းထားခဲ့တဲ့ တာဝေးဒုံးကျည်ဟောင်းထဲက အမျိုးအစားတခုဖြစ်ပုံ
ရကြောင်း။

(၃) အခုတခေါက် ဒုံးကျည်ပစ်လွှတ်လိုက်တဲ့နေရာဟာလဲ အမေရိကန်က အရင် တခါဖူးမျှ မသိထားတဲ့ နေရာဖြစ်နေပြီး ဒုံးကျည်အစိတ်အပိုင်းတွေကို ကမန်းကတမ်း ပြန်ဆင်ပြီး ရုတ်တရက် ပစ်လွှတ်တာဖြစ်ကြောင်း။

(၄) နောက်တချက်ကတော့ အမေရိကန်ရဲ့ တွက်ချက်မှု လွဲသွားခဲ့တာလည်း ဖြစ်နိုင်ကြောင်း။ မြောက်ကိုရီးယားမှာ မိုင် ၆၀၀၀ အထိ ရောက်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်ရှိနေပြီလို့ တောင်ကိုရီးယားကာကွယ်ရေး တာဝန်ရှိ သူတွေက အဲဒီတပတ် မတိုင်ခင်မှာ နောက်ဆုံးရသတင်းနဲ့ သတိပေးခဲ့တာ ရှိကြောင်း။ အဲဒီလို ဒုံးကျည်မျိုးဟာ အမေရိကားကို ထိမှန်အောင် ပစ်နိုင်တဲ့ လက်နက်မျိုးဖြစ်ကြောင်း။ ဒါပေမယ့် စစ်လက်နက် ကျွမ်းကျင်သူတွေက
မြောက်ကိုရိးယားမှာ ဒီလောက်ထိ မရှိနိုင်သေးဘူးလို့ တွက်ဆခဲ့ကြကြောင်း အမေရိကန် တာဝန်ရှိသူတွေက ၀န်ခံပြောဆိုပါတယ်။

မြောက်ကိုရီးယားကတော့ သူတို့ဒုံးကျည်ကို ကမ္ဘာပတ်လမ်းကြောင်းထဲက ဂြိုလ်တုနဲ့ ချိတ်ဆက်ဖို့ ပစ်လွှတ်ခြင်းသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

A
Ref: CNN
Burma-Newselite
ဒီဇင်ဘာ ၁၂ရက်နေ့တုန်းက မြောက်ကိုရီးယားစစ်တပ်ရဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်နိုင်ငံတွေကို အငိုက်မိ သွားစေခဲ့ပါတယ်။ ဒီလို ဒုံးကျည်မပစ်လွှတ်ခင် ရက်ပိုင်းက မြောက်ကိုရီးယားက သူတို့မှာရှိတဲ့ ဒုံးကျဉ်စနစ်မှာ ချို့ယွင်းမှုတွေရှိနေတယ်လို့ ပြောခဲ့တာဟာ အမေရိကန် ဂျပန်စတဲ့ ရန်ဖက် နိုင်ငံတွေကို လှည့်ဖျားနိုင်ဖို့ နှစ်သိမ့် အယုံသွင်းထား ခဲ့တာမျိုးဖြစ်ကြာင်း အမေရိကန် စစ်တပ်နဲ့ စီအိုင်အေတို့က သုံးသပ်ပါတယ်။

ဒီဇင်ဘာ ၁၂ရက်တုန်းကဆိုရင် အမေရိကန်နဲ့ ဂျပန် စစ်သင်္ဘောတွေဟာ ပုံမှန်အတိုင်း သမုဒ္ဒရာ မြေ လေ ပိုင်နက်တွေကို အပြည့်အ၀ကာကွယ်ဖို့ တာဝေးထိန်း ဒုံးစနစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ ကင်းလှည့် တာတွေ လုပ်ခဲ့ ပေမယ့် တကယ်တမ်း မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်လိုက် ချိန်မှာတော့ အငိုက်မိသွားခဲ့ကြောင်း အမေရိကန်တာဝန်ရှိ သူတွေက ပြောပါတယ်။

မြန်မာ အားကစားသမား ၁၇၀ တရုတ်နိုင်ငံတွင် လေ့ကျင့်မည်

Photo: မြန်မာ အားကစားသမား ၁၇၀ တရုတ်နိုင်ငံတွင် လေ့ကျင့်မည်
Friday, December 28, 2012

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မြန်မာ့ အားကစားကဏ္ဍ အကူအညီ ပေးရေး အစီအစဉ် အဖြစ် မြန်မာ အားကစားသမား ၁၇၀ ကို ခေါ်ယူ လေ့ကျင့်
ပေးမည်ဖြစ်ကြောင်း တရုတ် သံရုံးမှ သံရုံး အရာရှိ တစ်ဦးက ပြောကြားသည်။

တရုတ် နိုင်ငံက မြန်မာနိုင်ငံသို့ အားကစား နည်းပြများ စေလွှတ်ရန်၊ မြန်မာ ကစား သမားများ အတွက် လေ့ကျင့်ရေး ကိရိယာ များနှင့် ပြိုင်ပွဲဝင် ပစ္စည်းများ အထောက်အပံ့ ပေးရန်၊ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ အုပ်ချုပ်ရေး စနစ်များ ရေးဆွဲ ရာတွင် အကူအညီ ပေးရန်နှင့် ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနား ကျင်းပရေးတို့ တွင် အကူအညီ ပေးရေး အစီအစဉ် များလည်း ပါဝင်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည့် အားကစား နည်းပြ အဖွဲ့များမှာ တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံကြား အားကစားနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အကူအညီ ပေးရေး အစီအစဉ် များထဲမှ တစ်ခုဖြစ်ကြောင်း အားကစား ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်ကြာအောင်က ပြောဆိုသည်။

ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမားများ အောင်မြင်မှု ရရှိနိုင်ရန် အတွက် တရုတ် နိုင်ငံက အကူအညီ ပေးသည့် အဆင့်မြင့် အားကစား အဖွဲ့မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃နာရီကျော်က ရန်ကုန်မြို့တော် သို့ ရောက်ရှိလာပြီး ယင်းနည်းပြ အဖွဲ့တွင် အားကစားနည်း ၁၃ မျိုး အတွက် နည်းပြ ၂၆ ဦး ပါဝင်ကာ မစ္စတာ ကျန်းကျင်စန်းမှာ အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။

The Voice Weekly
ဓာတ်ပုံ - Aung Aung Tun

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မြန်မာ့ အားကစားကဏ္ဍ အကူအညီ ပေးရေး အစီအစဉ် အဖြစ် မြန်မာ အားကစားသမား ၁၇၀ ကို ခေါ်ယူ လေ့ကျင့် ပေးမည်ဖြစ်ကြောင်း တရုတ် သံရုံးမှ သံရုံး အရာရှိ တစ်ဦးက ပြောကြားသည်။ တရုတ် နိုင်ငံက မြန်မာနိုင်ငံသို့ အားကစား နည်းပြများ စေလွှတ်ရန်၊ မြန်မာ ကစား သမားများ အတွက် လေ့ကျင့်ရေး ကိရိယာ များနှင့် ပြိုင်ပွဲဝင် ပစ္စည်းများ အထောက်အပံ့ ပေးရန်၊ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ အုပ်ချုပ်ရေး စနစ်များ ရေးဆွဲ ရာတွင် အကူအညီ ပေးရန်နှင့် ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနား ကျင်းပရေးတို့ တွင် အကူအညီ ပေးရေး အစီအစဉ် များလည်း ပါဝင်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ

Photo: ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ 
Friday, December 28, 2012

ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ ဆိပ်ကမ်းမြို့နယ် လှိုင်မြစ်ရေပြင်၌ တပ်မတော် ဗိုလ်ကြီး တစ်ဦး၏ အလောင်းအား ယခုလ ၂၀ရက် က တွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သေဆုံးသူ အသက် ၂၈ နှစ်အရွယ် ဗိုလ်ကြီးတစ်ဦး သည်ယခုလ၁၄ရက်က ၄င်းတည်းခိုသည့်ရွှေပြည်သာ မြို့နယ်ရှိ တည်းခိုခန်းမှ ဆိုင်ကယ်ကယ်ရီ အား ရွှေပြည်သာ တံတားသို့ ငှားရမ်းခဲ့ပြီး တံတားသို့အရောက်တွင် ကယ်ရီသမားအား ကွမ်းယာဝယ်ခိုင်းကာ ၄င်းသည် ရွှေပြည်သာတံတားပေါ် မှ ခုန်ချခဲ့ခြင်းဖြစ်သည်။

ခုန်ချပြီး ခြောက်ရက်အကြာတွင် ဆိပ်ကမ်းမြို့နယ် ကုန်စိမ်းတန်းရှေ့ လှိုင်မြစ်တွင်း၌အလောင်း အားရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သေဆုံးသူသည် ပဲခူးတိုင်း သံတောင်ကြီးတွင် ခြေလျင် တပ်ခွဲမှူး သင်တန်း တက်ရောက်ရန် ကျိုင်းတုံမြို့နယ်မှ ရန်ကုန်မြို့သို့ ယခုလ ၁၃ရက် တွင် ရောက်ရှိခဲ့သည်။ သေ ဆုံးသူ ဗိုလ်ကြီးသည် အမှတ်(၁၁)လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာတပ်ရင်းတွင် တာဝန်ထမ်းဆောင်သူတစ်ဦး ဖြစ်သည်။

သေဆုံးသူ ဗိုလ်ကြီးအား ဆိပ်ကမ်းရဲစခန်းမှ သေမှု သေခင်းဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အေးမြတ်သူ
7Day News
ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ ဆိပ်ကမ်းမြို့နယ် လှိုင်မြစ်ရေပြင်၌ တပ်မတော် ဗိုလ်ကြီး တစ်ဦး၏ အလောင်းအား ယခုလ ၂၀ရက် က တွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ သေဆုံးသူ အသက် ၂၈ နှစ်အရွယ် ဗိုလ်ကြီးတစ်ဦး သည်ယခုလ၁၄ရက်က ၄င်းတည်းခိုသည့်ရွှေပြည်သာ မြို့နယ်ရှိ တည်းခိုခန်းမှ ဆိုင်ကယ်ကယ်ရီ အား ရွှေပြည်သာ တံတားသို့ ငှားရမ်းခဲ့ပြီး တံတားသို့အရောက်တွင် ကယ်ရီသမားအား ကွမ်းယာဝယ်ခိုင်းကာ ၄င်းသည် ရွှေပြည်သာတံတားပေါ် မှ ခုန်ချခဲ့ခြင်းဖြစ်သည်။

CDMA ဖုန်းတွေကို Internet Setting ချိန်နည်း


Photo: CDMA ဖုန်းတွေကို Internet Setting ချိန်နည်း
Thursday, 27 December 2012

CDMA ဖုန်းတွေကို Internet Setting ချိန်နည်းလေးပေါ့ဗျာ......

ကျွန်တော်လည်း သူများဆီကနေ သိလာတာပါ......

မသိသေးတဲ့လူတွေ အတွက်ပါခင်ဗျာ......

Menu Key နှိပ်ပြီး Setting ထဲ ၀င်ပါ။

Wireless Network ထဲဝင်ပါ။

ICS မှာ More ထဲဝင်ပါ။

Mobile Network ထဲဝင်လိုက်ပါ။

Access Point Names ထဲဝင်လိုက်ပါ။

CTNET နဲ့ CTWAP ကိုတွေပါလိမ့်မယ်။

CTNET ထဲဝင်လိုက်ပါ။

Name
CTNET

APN
#777

Proxy
Not Set

Port
Notset

Username
ူlinhtetmaw@c800.mm (linhtetmaw နေရာမှာ ကြိုက်တာရိုက်ပါ။)

Password
ကြိုက်တာပေးပါ။

Server
Notset

Authentication type
PAP or CHAP

APN type
default

APN protocol
IPv4

APN Roaming protocol
IPv4

Bearer
Unspecified

Data Bearer
Package Data

Prompt password
#777
___________________________________________________
light@LHM
ITgroup
CDMA ဖုန်းတွေကို Internet Setting ချိန်နည်းလေးပေါ့ဗျာ......
ကျွန်တော်လည်း သူများဆီကနေ သိလာတာပါ......
မသိသေးတဲ့လူတွေ အတွက်ပါခင်ဗျာ......
Menu Key နှိပ်ပြီး Setting ထဲ ၀င်ပါ။
Wireless Network ထဲဝင်ပါ။

ဟဲဟိုးတွင် အဲပုဂံ လေယာဉ် မတော်တဆ ဖြစ်မှုနှင့် စပ်လျဉ်း၍ လေယာဉ်မယ် မမို့မို့ကျော်စွာနှင့် တွေ့ဆုံခြင်း

Photo: ဟဲဟိုးတွင် အဲပုဂံ လေယာဉ် မတော်တဆ ဖြစ်မှုနှင့် စပ်လျဉ်း၍ လေယာဉ်မယ် မမို့မို့ကျော်စွာနှင့် တွေ့ဆုံခြင်း 
Thursday, 27 December 2012

အဲပုဂံ လေကြောင်း လိုင်းမှ ခရီးစဉ် အမှတ် W9-011 လေယာဉ် အမှတ် XY-AGC လေယာဉ် အမျိုးအစား F-100 ဖြင့် ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ် ပျံသန်း လာသော လေယာဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ၂၅ ရက် နံနက် ၈ နာရီ ၅၁ မိနစ်ခန့်က ဟဲဟိုး လေဆိပ်သို့ အဆင်းတွင် လေယာဉ် မတော်တဆမှု တစ်ခု ဖြစ်ပွား ခဲ့သည်။

ယင်းဖြစ်စဉ်တွင် အဆိုပါ လေယာဉ်နှင့် အတူ လိုက်ပါ တာဝန် ထမ်းဆောင်ခဲ့သူ အဲပုဂံမှ ဝန်ထမ်းတစ်ဦး ဖြစ်သူ မမို့မို့ကျော်စွာ အကြီးတန်း လေယာဉ်မယ်နှင့် မြဝတီ သတင်းစာ အဖွဲ့က သွားရောက်
တွေ့ဆုံ မေးမြန်းခဲ့ သည်များ ကို ပြန်လည် တင်ပြလိုက်ပါသည်။

မေး။ အဲဒီနေ့က ကြုံတွေ့ ခဲ့ရတာလေးကို ပြန်ပြော ပေးပါဦး။

ဖြေ။ အဲဒီနေ့က ခရီးစဉ် ကတော့ ပထမပိုင်းမှာ ပုံမှန် အနေအထား လေးပါပဲ။ ဟဲဟိုး လေဆိပ်ကို စဆင်း နေတဲ့အထိ ထူးခြားတဲ့ အရိပ်အယောင် မတွေ့ရ သေးပါဘူး။ လေယာဉ်ဟာ ချောချော မွေ့မွေ့ပဲ ဆင်းနေပါတယ်။ အဲဒီလို ဆင်းနေတုန်း မှာပဲ ဝုန်းဆိုတဲ့ အသံကြီး စကြားရတဲ့ အတွက် ပုံမှန် အခြေအနေတော့ မဟုတ်တော့ဘူး။ ထူးခြားမှု တွေရှိလာပြီ ဆိုတာ ကျွန်မ အပါအဝင် ခရီးသည်တွေ အားလုံး သိလိုက် ကြပါတယ်။ ဆက်တိုက် ဆိုသလို တုန်ခါမှု လှုပ်ရှားမှုတွေ ဖြစ်လာတဲ့ အတွက် ခရီးသည်တွေနဲ့ အတူ ကျွန်မတို့ လေယာဉ် ဝန်ထမ်းတွေလည်း စိုးရိမ်မှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။ ကျွန်မတို့ လေယာဉ် အမှုထမ်းတွေ အနေနဲ့ ကတော့ လေယာဉ်ပေါ်မှာ မတော်တဆ မှုတွေ ဖြစ်လာရင် ဘာတွေ လုပ်ကိုင် ဆောင်ရွက်ရမယ် ဆိုတာ သင်ကြား လေ့ကျင့်ထားတဲ့ အတွက် စိတ်အေးအေး ထားပြီးတော့ အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ စိတ်ထဲမှာ ထားလိုက်ပါတယ်။ ခရီးသည် တွေကို စိုးရိမ်စိတ် မကြီးကြဖို့နဲ့ လှုပ်လှုပ်ရှားရှား မဖြစ်အောင် နေဖို့ ပြောပါတယ်။ အဲဒီအချိန်မှာ လေယာဉ် ပြတင်းပေါက် အချို့  ပွင့်ထွက်သွားပြီး မီးခိုးတွေ ဝင်လာတဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက် မမြင်ရတဲ့ အပြင် အသက် ရှူရခက်တဲ့ အနေအထားကို
ရောက်သွား ပါတယ်။ ကျွန်မတို့ အနေနဲ့ အရေးပေါ် အခြေအနေမှာ ခရီးသည်တွေကို ဘယ်လို ဝန်ဆောင်မှု ပေးရမယ်ဆိုတာ သင်ကြားထား တဲ့အတွက် အဲဒီအတိုင်း ဆောင်ရွက်ဖို့ စတင် လုပ်ဆောင် နေကြပါတယ်။ ဒါပေမဲ့ လေယာဉ်ဟာ ရပ်တန့်မှု မရှိသေး တဲ့ အပြင် အပြင်ဘက်က မီးခိုးတွေ၊ မီးတောက် မီးလျှံတွေ မြင်နေရပြီး လေယာဉ်ရဲ့ အနောက်နဲ့ အလယ်က အရေးပေါ် အပေါက်တွေ မဖွင့်နိုင်တဲ့ အတွက် လေယာဉ်ရဲ့ အရှေ့ပိုင်းကို တွားသွား ကြဖို့ ခရီးသည်တွေကို သတိပေးတဲ့ အပြင် ကျွန်မ ကိုယ်တိုင်လည်း လေယာဉ်ရဲ့ အရှေ့ပိုင်းကို သွားပါတယ်။

မေး။  ဒီနေရာမှာ တစ်ခုလောက် ဖြတ်မေးချင်ပါတယ်။ လေယာဉ်ရဲ့ ဘယ်နေရာမှာ တာဝန် ထမ်းဆောင် နေတယ် ဆိုတာလေး သိချင်ပါတယ်။
နောက်တစ်ခုက ဘာကြောင့် လေယာဉ်ရဲ့ အရှေ့ပိုင်းကို တွားသွား ခိုင်းတယ် ဆိုတာလေး သိချင်ပါတယ်။

ဖြေ။ ကျွန်မတို့ လေယာဉ် အမှုထမ်း စုစုပေါင်း လေးယောက် ဖြစ်ပါတယ်။ ကျွန်မက လေယာဉ်ရဲ့ အနောက်ပိုင်းမှာ တာဝန်ကျပါတယ်။
လေယာဉ်အနောက် ပိုင်းက ခရီးသည် တွေနဲ့ အနီးဆုံး နေရာမှာ ကျွန်မ ထိုင်ပါတယ်။ လေယာဉ် ထဲမှာ စောစောက ပြောသလို မီးခိုးတွေ ဝင်လာတဲ့ အတွက် မမြင်ရတဲ့ အပြင် အသက်ရှူရ ခက်နေပါတယ်။ ဒါပေမဲ့ မီးခိုး ထုဟာ အောက်ခြေမှာ ပါးတဲ့အတွက် လေးဘက်ထောက် တွားသွားခိုင်း ရတာ ဖြစ်ပါ တယ်။ အဲဒီအချိန် မှာ လေယာဉ်ရဲ့ အရေးပေါ် ထွက်ပေါက် အချို့ဟာ ခရီးသည် အချို့က ဖွင့် လိုက်တဲ့ အတွက် ပွင့်သွားပြီး
ဘေးကင်းစွာ မြေပြင်ကို ဆင်းနိုင်မယ့် လေယာဉ် အရှေ့ပိုင်းကို သွားခိုင်းရတာ ဖြစ်ပါ တယ်။ လေယာဉ်ရပ် သွားတဲ့ အခါ မှာ လေယာဉ်ရဲ့ အရှေ့ပိုင်း ထွက်ပေါက် ကနေ ခရီးသည် အားလုံးနီးပါး ဘေးကင်းစွာ ဆင်းသွားနိုင်ပါတယ်။ ကျွန်မလည်း လိုက်ဆင်း ခဲ့ပါတယ်။

မေး။  မြေပြင်ကို နောက်ဆုံးမှ ဆင်းခဲ့တယ်လို့ သိရပါတယ်။
အောက်ရောက်တဲ့ အခါ တွေ့ရတဲ့ မြင်ကွင်းနဲ့ ရာသီဥတု အခြေအနေ ကိုရော ပြောပြပေး နိုင်မလား။

ဖြေ။    ဟုတ်ပါတယ်။ ကျွန်မက လေယာဉ်ရဲ့နောက်ဆုံးပိုင်းမှာ တာဝန်ထမ်းတဲ့ အတွက် ခရီးသည်တွေ အားလုံး ဆင်းသွားပြီးတဲ့ အခါကျမှ လိုက်ဆင်းတာ ဖြစ်ပါတယ်။ မြေပြင် ရောက်ပြီး မကြာမီ မှာတော့ ခရီးသည် တွေရော၊ အနီးအနားက ကူညီဖို့ ရောက်လာကြတဲ့
ဒေသခံ တွေရော၊ ကျွန်မတို့ရဲ့ အဲပုဂံက လေဆိပ် ဝန်ထမ်းတွေရော၊ တပ်မတော် သားတွေ ရော၊ အခြားအဖွဲ့ အစည်းပေါင်းစုံက လူတွေ အများအပြားပဲ တွေ့ရပါတယ်။ ရာသီဥတုက လည်း ပုံမှန်လို့ပဲ ကျွန်မ ထင်မိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ ကိုယ်တိုင်က မတော်တဆ မှုကြီးကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရပြီးတော့ ကျွန်မတို့ရဲ့ ခရီးသည်တွေ အတွက်ပဲ စိတ်ပူပန် နေတဲ့အတွက် မြေပြင်မှာ ကျွန်မသတိ မထားမိတာတွေ ရှိကောင်း ရှိနိုင် ပါတယ်။

မေး။  အခုဖြစ်ပျက် ခဲ့ရတဲ့ မတော် တဆမှုနဲ့ ပတ်သက်ပြီးတော့ အဲပုဂံ ဝန်ထမ်း တစ်ယောက် အနေနဲ့ မိဘပြည်သူ များကို ဘာများ ပြောချင်ပါသလဲ။

ဖြေ။    ဒါဟာ ဖြစ်ခေါင့်ဖြစ်ခဲ မတော်တဆ မှုကြီး တစ်ခုပါ။ အလွန်ပဲ ဝမ်းနည်းကြေ ကွဲမှုတွေ ဖြစ်ရပါတယ်။ ကျွန်မတို့ အနေနဲ့လည်း ကျွန်မတို့ရဲ့ ခရီးသည်တွေ အတွက် အကောင်းဆုံးလို့ မဟုတ်တောင် အတတ်နိုင်ဆုံး အစွမ်းကုန် ဝန်ဆောင်မှုတွေ ပေးခဲ့ကြပါတယ်။ ကျွန်မတို့နဲ့ အတူ ကျွန်မတို့ရဲ့ ခရီးသည်တွေကို ကူညီ ပေးကြတဲ့ ဒေသခံတွေ၊ တပ်မတော် သားတွေ၊
နိုင်ငံ့ဝန်ထမ်း တွေကို အများကြီးပဲ ကျေးဇူးတင်ပါတယ်။ အထူး သဖြင့်တော့ အခုလို အရေးပေါ် အခြေအနေ ဖြစ်လာချိန်မှာ တည်တည် ငြိမ်ငြိမ်နဲ့ ကျွန်မတို့ရဲ့ ခရီးသည်တွေကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်အောင် သင်ကြားပေးခဲ့တဲ့ ကျွန်မတို့ရဲ့ လူကြီးတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ အနေနဲ့တော့ အဲပုဂံမှာ ဆက်လက် တာဝန်ထမ်းဆောင် ပြီးတော့ ကျွန်မတို့ရဲ့ ခရီးသည်တွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ  ဆက်လက် ပေးသွားဦးမှာ ဖြစ်ပါတယ်။

မြဝတီ
အဲပုဂံ လေကြောင်း လိုင်းမှ ခရီးစဉ် အမှတ် W9-011 လေယာဉ် အမှတ် XY-AGC လေယာဉ် အမျိုးအစား F-100 ဖြင့် ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ် ပျံသန်း လာသော လေယာဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ၂၅ ရက် နံနက် ၈ နာရီ ၅၁ မိနစ်ခန့်က ဟဲဟိုး လေဆိပ်သို့ အဆင်းတွင် လေယာဉ် မတော်တဆမှု တစ်ခု ဖြစ်ပွား ခဲ့သည်။

ယင်းဖြစ်စဉ်တွင် အဆိုပါ လေယာဉ်နှင့် အတူ လိုက်ပါ တာဝန် ထမ်းဆောင်ခဲ့သူ အဲပုဂံမှ ဝန်ထမ်းတစ်ဦး ဖြစ်သူ မမို့မို့ကျော်စွာ အကြီးတန်း လေယာဉ်မယ်နှင့် မြဝတီ သတင်းစာ အဖွဲ့က သွားရောက်
တွေ့ဆုံ မေးမြန်းခဲ့ သည်များ ကို ပြန်လည် တင်ပြလိုက်ပါသည်။

မေး။ အဲဒီနေ့က ကြုံတွေ့ ခဲ့ရတာလေးကို ပြန်ပြော ပေးပါဦး။

အစ္စရေး နိုင်ငံက နေတိုး အဖွဲ့နှင့် စစ်ဘက် မဟုတ်သော ပူးပေါင်း ဆောင်ရွက်မှုအား တူရကီ ထောက်ခံ

Photo: အစ္စရေး နိုင်ငံက နေတိုး အဖွဲ့နှင့် စစ်ဘက် မဟုတ်သော ပူးပေါင်း ဆောင်ရွက်မှုအား တူရကီ ထောက်ခံ
Thursday, 27 December 2012

တူရကီ နိုင်ငံက ဒေသဆိုင်ရာ မဟာမိတ် အစ္စရေး နိုင်ငံနှင့် အငြင်းပွားမှုများ
ဖြစ်နေသောကြောင့် အစော ပိုင်းက ချမှတ်ခဲ့သည့် ၎င်းတို့၏ ကန့်ကွက် ချက်ကို ရုပ်သိမ်းကာ ၂ဝ၁၃ ခုနှစ်တွင် နေတိုးအဖွဲ့၏ စစ်ဘက် ဆိုင်ရာ 
မဟုတ်သော ပူးပေါင်း ဆောင်ရွက်မှု များတွင် အစ္စရေး နိုင်ငံ ပါဝင် ဆောင် ရွက်ရေးကို ထောက်ခံ ချက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

တစ်ချိန်က တူရကီနှင့် အစ္စရေး နိုင်ငံတို့သည် မဟာမိတ် နိုင်ငံများ
ဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ဂါဇာကမ်း မြောင်ရှိ ပါလက်စတိုင်း တို့အား အကူအညီ ပေးရန် သွားရောက်သည့် မာဗွီမာမရာ အကူ အညီပေးရေး သင်္ဘောအား အစ္စရေးက စီးနင်း တိုက်ခိုက်ရာတွင် တူရကီ နိုင်ငံသား ကိုးဦး သေဆုံး ခဲ့ရသည်။

ယင်းကိစ္စ နှင့် ပတ်သက်၍ အစ္စရေး နိုင်ငံက တောင်းပန်ခြင်း မရှိခဲ့ သောကြောင့် မေလတွင် နောက်ဆုံး ကျင်းပခဲ့သည့် နေတိုး မဟာမိတ် နိုင်ငံများ ထိပ်သီး ညီလာခံသို့ နေတိုး တပ်ဖွဲ့ဝင် မဟုတ်သည့် အစ္စရေး နိုင်ငံ ပါဝင် တက်ရောက်ခွင့် ပြုရေးကို တူရကီ နိုင်ငံက ကန့်ကွက် ခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် အစ္စရေးနှင့် တူရကီ မဟာမိတ် နှစ်နိုင်ငံ တို့၏ ပြန်လည် သင့်မြတ်မှု အတွက် ကြိုးပမ်း ခဲ့သော်လည်း စိတ်ဝမ်း ကွဲမှုများ ဆက် လက် ဖြစ်ပွားလျက် ရှိသည်။

နေတိုး တပ်ဖွဲ့ဝင် နိုင်ငံ မဟုတ်သည့် အခြား ခြောက်နိုင်ငံ နှင့်အတူ အစ္စရေး နိုင်ငံက မြေထဲပင်လယ် အရေး ကိစ္စ ဆွေးနွေးပွဲတွင် ပါဝင်မည် ဖြစ်ပြီး ယခင် ကလည်း အစည်းအဝေး ပွဲများနှင့် လေ့ကျင့်မှု များတွင် ပါဝင် ဆောင်ရွက် ခဲ့သည်ဟု သတင်း ရရှိသည်။

တူရကီ နိုင်ငံသည် ၂ဝ၁၃ ခုနှစ်တွင် နေတိုး တပ်ဖွဲ့၏ လုပ်ဆောင်မှု များ၌ အစ္စရေး ပါဝင် လှုပ်ရှားမှုအား ထောက်ခံ အတည်ပြု သွားမည် ဖြစ်သော် လည်း ပူးပေါင်း စစ်ရေး လေ့ကျင့်မှု များကို ဆက်လက် ကန့်ကွက် သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

မြ၀တီ
တူရကီ နိုင်ငံက ဒေသဆိုင်ရာ မဟာမိတ် အစ္စရေး နိုင်ငံနှင့် အငြင်းပွားမှုများ ဖြစ်နေသောကြောင့် အစော ပိုင်းက ချမှတ်ခဲ့သည့် ၎င်းတို့၏ ကန့်ကွက် ချက်ကို ရုပ်သိမ်းကာ ၂ဝ၁၃ ခုနှစ်တွင် နေတိုးအဖွဲ့၏ စစ်ဘက် ဆိုင်ရာ မဟုတ်သော ပူးပေါင်း ဆောင်ရွက်မှု များတွင် အစ္စရေး နိုင်ငံ ပါဝင် ဆောင် ရွက်ရေးကို ထောက်ခံ ချက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Hitachi ကုမ္ပဏီ မြန်မာပြည်ရုံးခွဲ ဖွင့်လှစ်ရန် ပြင်ဆင်

Photo: Hitachi ကုမ္ပဏီ မြန်မာပြည်ရုံးခွဲ ဖွင့်လှစ်ရန် ပြင်ဆင်
Thursday, 27 December 2012

မြန်မာနိုင်ငံရှိ လျှပ်စစ်ပစ္စည်း ဈေးကွက်တွင် အရည်အသွေး
ကောင်းမွန်မှုကြောင့် နာမည်ရရှိပြီးဖြစ်နေသည့် ဂျပန်နိုင်ငံမှ Hitachi 
ကုမ္ပဏီက ရန်ကုန်ရုံးခွဲတခု ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ယင်းအတွက် Hitachi Plant Technologies Ltd ဥက္ကဋ္ဌ Mr.Masa haru sumikawa နှင့် အဖွဲ့သည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့အား ဒီဇင်ဘာလ ၁၈ ရက်က တွေ့ဆုံခဲ့သည်။

“ပြည်တွင်း စီးပွားရေး လုပ်ငန်းကဏ္ဍတွေမှာ ဂျပန် ကုမ္ပဏီတွေဟာ တရုတ်ကုမ္ပဏီတွေနဲ့ အားပြိုင်လုပ်ကိုင်လာဖွယ် ရှိပါတယ်။ ဒီနှစ်နိုင်ငံက အာရှအင်အားကြီးနိုင်ငံတွေ ဆိုရင်လည်း မမှားပါဘူး” ဟု စီးပွားရေးပညာရှင် တဦးက သုံးသပ်သည်။

၎င်းကုမ္ပဏီအနေဖြင့် ရေနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း၊
သောက်ရေ ပြုပြင်ထိန်းသိမ်းရေး၊ စွန့်ပစ် ပစ္စည်း ထိန်းသိမ်းရေး၊ စက်မှုဆိုင်ရာ စွန့်ပစ်ပစ္စည်း ထိန်းသိမ်းရေး စနစ်၊ စက်မှုလုပ်ငန်းဆိုင်ရာ စက်ယန္တယားစနစ်၊ရေစုပ်တင်ခြင်းစနစ်၊ လေဓါတ်ငွေ့ဖိသိပ်စက်၊ 
ပန်ကာနှင့် လေမှုတ်စက်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ဝန်ချီစက် 
စနစ်၊ အလိုအလျောက် ကရိန်းစနစ်၊ စက်မှုထုတ်ကုန်ဆိုင်ရာကရိန်းများ၊ ဓါတုဗေဒ ထုတ်ကုန်ပစ္စည်းများ စသည့် လုပ်ငန်းများကို ကမ္ဘာအနှံ့ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံအနေဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် သီလဝါ အထူးစီးပွါးရေးဇုန် စီမံကိန်းတို့တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။

ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်သော KDDI ကလည်း ၂ဝ၁၃ ခုနှစ်၊ဇန်နဝါရီလအတွင်း ရန်ကုန်မြို့တွင် ရုံးခန်း ဖွင့်လှစ်ကာ IT အခြေခံနှင့် အဆောက်အအုံနှင့် ထိန်းသိမ်းခြင်း နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတွင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးသွယ် 
မဇ္ဈိမ
မြန်မာနိုင်ငံရှိ လျှပ်စစ်ပစ္စည်း ဈေးကွက်တွင် အရည်အသွေး ကောင်းမွန်မှုကြောင့် နာမည်ရရှိပြီးဖြစ်နေသည့် ဂျပန်နိုင်ငံမှ Hitachi ကုမ္ပဏီက ရန်ကုန်ရုံးခွဲတခု ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ယင်းအတွက် Hitachi Plant Technologies Ltd ဥက္ကဋ္ဌ Mr.Masa haru sumikawa နှင့် အဖွဲ့သည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့အား ဒီဇင်ဘာလ ၁၈ ရက်က တွေ့ဆုံခဲ့သည်။

ဝယ်လိုအား ရှိနေ၍ ဒေါ်လာ ဈေးမြင့်တက်လာ

Photo: ဝယ်လိုအား ရှိနေ၍ ဒေါ်လာ ဈေးမြင့်တက်လာ
Thursday, 27 December 2012

ဝယ်လိုအား ရှိနေသဖြင့် ရန်ကုန် ဒေါ်လာ ဈေးကွက်အတွင်း ဈေး ပြန်လည်
မြှင့်တက်လာကြောင်း စုံစမ်း သိရှိရသည်။

“ငွေကြေး လဲလှယ်ခွင့်ရ စင်တာတွေမှာ ဒီဇင်ဘာ တတိယပတ်ရဲ့ ၁၇ ရက်နေ့က ၁ ဒေါ်လာကို ဝယ်ဈေး ၈၄၇ ကျပ်၊ ရောင်းဈေး ၈၅၄ ကျပ်။ ဒီဇင်ဘာ ၂၁ မှာ ၁ ဒေါ်လာကို ဝယ်ဈေး ၈၅၂၊ ရောင်းဈေး ၈၅၈ ကျပ်အထိ မြှင့်လာတာ တွေ့ရတယ်” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဦးရဲနိုင်ဝင်း က ဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁ ဒေါ်လာလျှင် ဝယ်ဈေး ၈၅၂ ကျပ်၊ ရောင်းဈေး ၈၅၈ ကျပ်ဖြင့် လေးရက် ဆက်တိုက် ဈေးဆက်လက်
မြင့်နေရှိသည်။

“ငွေလဲလှယ်ခွင့်ရ ဘဏ်တွေအနေနဲ့ ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့
နှုန်းထားရဲ့ +၀.၈% သို့မဟုတ် -၀.၈% အတွင်း ရောင်းဝယ်နိုင်တယ်။ အဓိက က ဗဟိုဘဏ်ရဲ့ထုတ်ပြန်တဲ့ နှုန်းထား မြှင့်လို့ပါ။ ဗဟိုဘဏ်ကလည်း ဝယ်လိုအား ရှိနေလို့၊ ဝယ်လိုအား ရှိနေတာကြောင့် ထုတ်ပြန်တဲ့
နှုန်းထား မြှင့်တာ ဖြစ်နိုင်ပါတယ်” ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှ 
ဒုတိယ ဒါရိုက်တာ ဦးသက်လွင်ရွှေ က သုံးသပ်သည်။

ငွေကြေးဈေးကွက်တွင် ဝယ်ဈေး ၈၄၇ ကျပ်မှ ၈၅၂ ကျပ် အထိ၊ ရောင်းဈေး ၈၅၄ ကျပ်မှ ၈၅၈ ကျပ်အထိ ဈေးမြှင့်လာခဲ့ခြင်း ဖြစ်သည်။

ပြင်ပ ဈေးကွက်အနေဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဝယ်ဈေး ၈၅၄ ကျပ်နှင့် ရောင်းဈေး ၈၅၅ ကျပ်၊ ၂၄ ရက်နေ့တွင် ဝယ်ဈေး ၈၅၂ ကျပ်နှင့် ရောင်းဈေး ၈၅၄ ကျပ်၊ ၂၆ ရက်တွင် ဝယ်ဈေး ၈၅၂ ကျပ်နှင့် ရောင်းဈေး ၈၅၄ ကျပ်ဖြစ်ပြီး ၂၇ ရက်နေ့တွင် ဝယ်ဈေး ၈၅၄ ကျပ်နှင့် ရောင်းဈေး ၈၅၆ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြသည်။

ခင်မျိုးသွယ်
မဇ္ဈိမ
ဝယ်လိုအား ရှိနေသဖြင့် ရန်ကုန် ဒေါ်လာ ဈေးကွက်အတွင်း ဈေး ပြန်လည် မြှင့်တက်လာကြောင်း စုံစမ်း သိရှိရသည်။ “ငွေကြေး လဲလှယ်ခွင့်ရ စင်တာတွေမှာ ဒီဇင်ဘာ တတိယပတ်ရဲ့ ၁၇ ရက်နေ့က ၁ ဒေါ်လာကို ဝယ်ဈေး ၈၄၇ ကျပ်၊ ရောင်းဈေး ၈၅၄ ကျပ်။ ဒီဇင်ဘာ ၂၁ မှာ ၁ ဒေါ်လာကို ဝယ်ဈေး ၈၅၂၊ ရောင်းဈေး ၈၅၈ ကျပ်အထိ မြှင့်လာတာ တွေ့ရတယ်” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဦးရဲနိုင်ဝင်း က ဆိုသည်။

လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box Written by ကိုအောင်ချမ်းမြေ့ black-box ဆိုတာ ဘာလဲ?

Photo: လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box Written by ကိုအောင်ချမ်းမြေ့

black-box ဆိုတာ ဘာလဲ?

လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့…

Black-box = FDR + CVR

ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ

သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ခံနိုင်ရည် သိပ်မရှိပဲပျက်စီးလွယ်ပါတယ်… solid-statedevice ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကိုသိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box ကသိမ်းပေးမယ့် အချက်အလက်အချို့ကအောက်ပါအတိုင်းဖြစ်ပါတယ်…


ပျံသန်းမှုအရှိန်နှုန်း(Acceleration) ပျံသန်းမှုအမြန်နှုန်း(AirSpeed) ပင်လယ်ပြင်မျက်နှာပြင်အမြင့် (Altitude) လေယာဉ်တောင်ပံအနေအထား(Flap Setting) ပြင်ပအပူချိန် (External Temperature) လေယာဉ်တွင်းအပူချိန် (Cabin Temperature) ဖိအား(Pressure) အင်ဂျင် စွမ်းဆောင်မှုအနေအထား(Engine Performance)

ဒါတွေကတော့black-box ကသိမ်းမယ့် ဒေတာအချက်အလက်အချို့ပါ.. ကြီးမားတဲ့ လေယာဉ်ကြီးတွေမှာ ဒီလိုမျိုးအချက်အလက်ပေါင်း ၇၀၀ကျော်ကိုblack-box ကမှတ်သားမှာပါ… black-box မှာ on-board generatorပါပါတယ်.. အဲဒါနဲ့ ပါဝါပေးမှာဖြစ်ပြီးDCပေးရင် 28V နဲ့ AC ပေးရင်115V

Black-box ကိုတီထွင်ခဲ့သူAustralia နိုင်ငံသားDavid

CVR (cockpit voice recorder) ဒီrecorderလေးကတော့အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ လေယာဉ်အမှုထမ်းတွေရဲ့ စကားပြောဆိုဆက်သွယ်မှုကိုမှတ်သားပေးမယ့်အပြင် လေယာဉ်တွင်းမှာရှိတဲ့အခြားအသံတွေကိုလဲ မှတ်တမ်းတင်မှာပါ… ဒီdevice လေးထဲမှာ မိုက်ခရိုဖုန်းများပါဝင်ပြီး သိမ်းရင်digital format နဲ့ သိမ်းပါတယ်… တစ်ခါတစ်လေ အသံကတိုးနေနိုင်တဲ့အတွက်ထပ်ချဲ့ (amplify) လုပ်ပြီးမှသိမ်းမှာပါ…storage device က magnetic tape ဆိုရင် မိနစ် ၃၀ သာ သိမ်းနိုင်မှာဖြစ်ပြီး solid-state ဆိုရင်တော့၂နာရီစာ သိမ်းမှာပါ… သိမ်းနိုင်တဲ့ ဒေတာပြည့်ပြီးတိုင်း နောက်ထပ်အသစ်သိမ်းမယ့် ဒေတာများကို overwrite(ဖျက်ပြီးအသစ်တွေကို ထပ်သိမ်း)နည်းကိုသုံးမှာပါ…

Flight Data Recorder (FDR) ဒီဟာကတော့ပျံသန်းမှုစနစ်တစ်ခုလုံးရဲ့မှတ်တမ်း အချက်အလက်တွေကိုသိမ်းမှာပါ… ခလုပ်လေး(switch လေး) တစ်ခုရဲ့အဖွင့်အပိတ်ကအစ မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်… လေကြောင်းဥပဒေအရ မှတ်တမ်းတင်သိမ်းမယ့် ဒေတာအမျိုးအစား(parameter)က အနည်းဆုံး ၈၈ခု အထိရှိရမယ်လို့သိရပါတယ်…FDR device မှာတော့ solid-statedevice သုံးမယ်ဆိုရင်dataသိမ်းတာ ပိုမြန်မယ့်အပြင်၂၅နာရီကြာတဲ့ အတိုင်းအတာ ထိ သိမ်းဆည်းမှတ်တမ်းတင်နိုင်မှာပါ…

black-box ရဲ့ကြံ့ခိုင်မှု လေယာဉ်တစ်စီးရဲ့ အရေးပေါ် အခြေအနေ (သို့) ပျက်ကျတဲ့ အခြေအနေတွေမှတ်တမ်းတင်တဲ့ တစ်ခုတည်းသော အရာကblack-box ပါ… လေယာဉ်ပျက်စီးခဲ့လို့ အခြားအစိတ်အပိုင်းတွေ ဘယ်လိုပဲ သဲလွန်စ ရှာမရအောင် ပျောက်ပျက်သွားပါစေ… black-box ကတော့ မှတ်တမ်းတင်ပြသနိုင်တဲ့ တစ်ခုထဲသော ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့ရပါမယ်…ဒါကြောင့်FDR နဲ့CVR တို့ကို crash-survivable memory units (CSMUs)လို့ ခေါ်ကြပါတယ်…

black-box တွေကိုလေယာဉ်ထုတ်လုပ်ပေးတဲ့ စက်ရုံတွေကပဲ တစ်ခါတည်းတပ်ဆင်ပေးလိုက်တာပါ… အများသောအားဖြင့်လေယာဉ်ရဲ့အမြီးပိုင်းမှာ ထားလေ့ရှိပါတယ်… ကျွမ်းကျင်သူများ အဆိုအရ လေယာဉ်အမြီးပိုင်းကအပျက်အစ်ီးအနည်းဆုံး အပိုင်းဖြစ်တယ်လို့သိရပါတယ်… ဒါပေမယ့် လေယာဉ်အမျိုးအစာပေါ် လိုက်ပြီး blak-box ထားတဲ့ နေရာအနည်းငယ်ကွဲလေ့ရှိပါတယ်… အထိအခိုက်အနည်းဆုံးဖြစ်နိုင်တဲ့နေရာတွေမှာပဲ တပ်ဆင်ကြတာပါ…

ဒါကြောင့်black-box ဟာ လေယာဉ်မတော်တဆမှုတွေ ဖြစ်ပြီးတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း(root cause) ကိုစုံစမ်းစစ်ဆေးနိုင်ဖို့အတွက် တစ်ခုထဲသော အရာအဖြစ် လေယာဉ်တိုင်းမှာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်…

လေယာဉ်ပျက်စီးမှုတစ်ခုအပြီးတွင်တွေ့ရသော black-box (အဆိုပါ black-box ကို ကျွမ်းကျင်သူများက စစ်ဆေးမှာ ဖြစ်ပါတယ်)

အောင်ချမ်းမြေ့ (ကို Osaung) ဗဟုသုတ ရနိုင်စေရန်အတွက်သာ ရည်ရွယ်ပါတယ်...


 Zaw Mintun Zawmintun  facebook
လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့… Black-box = FDR + CVR

ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ

သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ခံနိုင်ရည် သိပ်မရှိပဲပျက်စီးလွယ်ပါတယ်… solid-statedevice ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကိုသိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box ကသိမ်းပေးမယ့် အချက်အလက်အချို့ကအောက်ပါအတိုင်းဖြစ်ပါတယ်…

အာဖဂန် ရဲတပ်ဖွဲ့ တာလီဘန် စစ်သွေးကြွ ၂၄ ဦးခန့်အား ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့

Photo: အာဖဂန် ရဲတပ်ဖွဲ့ တာလီဘန် စစ်သွေးကြွ ၂၄ ဦးခန့်အား ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့
Thursday, 27 December 2012

အာဖဂန် ရဲတပ်ဖွဲ့များ အနေဖြင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း တာလီဘန် စစ်သွေးကြွ ၂၄ ဦးခန့် အား ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန် သော ကြေညာချက် တစ်စောင်၌ ဖော်ပြခဲ့ပါသည်။

လွန်ခဲ့သည့် ၂၄ နာရီကာလ အတွင်း အာဖဂန် ကြည်း တပ်ဖွဲ့များ ပါဝင်သော အာဖဂန်အမျိုးသား ရဲတပ်ဖွဲ့ဝင်များသည် Nangarhar ပြည်နယ်၊ Laghman ပြည်နယ်၊ Kapisa ပြည်နယ်၊ Kandahar ပြည်နယ်၊ Logar ပြည်နယ်၊ Ghazni ပြည်နယ်၊ Paktiya ပြည်နယ်၊ Helmand
ပြည်နယ်နှင့် Nimroz ပြည်နယ်များ ၌ စစ်ဆင်ရေး ၁၁ ခုအား ဆင်နွှဲခဲ့ပြီး တာလီဘန် စစ်သွေးကြွ ၂၃ ဦးအား ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ကြောင်း အဆိုပါ ကြေညာချက်၌ ဖော်ပြခဲ့ပါသည်။

၎င်းထုတ်ပြန် ချက်နှင့် ပတ်သက်၍ တာလီဘန် စစ်သွေးကြွများမှ ယခုအချိန်ထိ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရ ပါသည်။

မြ၀တီ
အာဖဂန် ရဲတပ်ဖွဲ့များ အနေဖြင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း တာလီဘန် စစ်သွေးကြွ ၂၄ ဦးခန့် အား ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန် သော ကြေညာချက် တစ်စောင်၌ ဖော်ပြခဲ့ပါသည်။

အမျိုးသမီးများ စစ်မှုထမ်းဆောင်မည့် ဥပဒေ မူကြမ်းသစ်အား ရုရှားပါလီမန် အောက်လွှတ်တော်သို့ တင်သွင်း သွားမည်

Photo: အမျိုးသမီးများ စစ်မှုထမ်းဆောင်မည့် ဥပဒေ မူကြမ်းသစ်အား ရုရှားပါလီမန် အောက်လွှတ်တော်သို့ တင်သွင်း သွားမည်
Thursday, 27 December 2012

အမျိုးသမီးများ အတွက် စစ်မှုထမ်းဆောင်မည့် ဥပဒေ မူကြမ်းသစ် တစ်ရပ် အား ရုရှားပါလီမန် အောက် လွှတ်တော်သို့ ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် တင်သွင်း သွားမည်ဖြစ်ကြောင်း ရုရှား လွှတ်တော် အမတ် Tatyana Moskalkova က ပြောကြား ခဲ့ပါသည်။

မိမိတို့ အနေဖြင့် အဆိုပါ ဥပဒေမူကြမ်း အပေါ် ပြည်သူတို့၏ ထင်မြင် ယူဆချက်အား ဇန်နဝါရီလ ၁၅ ရက်နေ့ထိ တိုင်အောင် လေ့လာ ဆန်းစစ် သွား မည် ဖြစ်ကြောင်း၊ ဇန်နဝါရီလ ကုန်ဆုံးပါက ဥပဒေမူကြမ်းနှင့် ပတ်သက် ၍ လုပ်ဖော် ကိုင်ဖက်များနှင့် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ရုရှား အောက် လွှတ်တော်မှ Moskalkovaက သတင်းထောက် များအား ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

အမျိုးသမီးများ အတွက် စစ်မှုထမ်း ဆောင်မည့် ဥပဒေ မူကြမ်းသစ်သည် ရုရှားစစ်ဘက်တွင် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသည်ဟု ဖော်ပြခဲ့သော အမျိုးသမီး ငယ်များမှ ပေးပို့လာသည့် စာတစ်စောင်ကြောင့် ဖြစ်ပေါ်
လာခဲ့ရ ခြင်းဖြစ်ကြောင်း Moskalkova က ပြောကြား ခဲ့ပါသည်။

မြ၀တီ
အမျိုးသမီးများ အတွက် စစ်မှုထမ်းဆောင်မည့် ဥပဒေ မူကြမ်းသစ် တစ်ရပ် အား ရုရှားပါလီမန် အောက် လွှတ်တော်သို့ ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် တင်သွင်း သွားမည်ဖြစ်ကြောင်း ရုရှား လွှတ်တော် အမတ် Tatyana Moskalkova က ပြောကြား ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးများနှင့် လူထုအကြား စကား အခြေအတင်ဖြစ်ပွား

Photo: ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးများနှင့် လူထုအကြား စကား
အခြေအတင်ဖြစ်ပွား
Thursday, 27 December 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေ ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ယနေ့ မွန်းလွဲ ၁ နာရီခန့်၌ ဒေါ်အောင်
ဆန်းစုကြည်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရပြီး ၎င်း၏ မိန့်ခွန်းပြောကြား အပြီးတွင် တာဝန်ကျလုံ ခြုံရေးများနှင့် လာရောက်နားထောင်သော လူထုတို့အကြား စကားအခြေအတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာဝန်ကျလုံခြုံရေးများက ပြည်သူလူထုထွက်ပေါက်များအား ပိတ်ဆို့ထား
ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရပြီး ထိုကဲ့သို့ ထွက်ပေါက်များ ပိတ်ဆို့ထားခြင်းကြောင့် လာရောက်နားထောင်သော သက်ကြီးရွယ်အို များနှင့် ကလေးသူငယ်များ အခက်အခဲများဖြစ်ခဲ့ကြောင်းသိရသည်။

“လူတွေ အကုန်လုံးတန်းစီပြီးတော့ အပေါက်ဖွင့်ပေးပါလို့ အော်ကြဗျာ၊ ဒီမှာကလေးငယ်တွေရော၊ လူကြီးတွေရော မွန်းကုန်ကြပြီ၊ ချွေးတွေပြန်
ကုန်ပြီ၊ ဒါလား ဒီမိုကရေစီဆိုတာ ဖွင့်ဗျာ” ဟု လာရောက်နားထောင်သော အသက် ၄၀ အရွယ်လူရွယ်တစ်ဦးက ဖြစ်ပွားရာတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးစဉ်များနှင့် အခြားမိန့်ခွန်း
ပြောကြားသည့်နေရာများတွင် လုံခြုံရေးအဖြစ်တာဝန်ကျသူများနှင့် 
လူထုအပါအ၀င်၊ သတင်းမီဒီယာများနှင့်ပါ ရန်ဖန်ရန်ခါ စကားအခြေ 
အတင် ဖြစ်ပွားလေ့ရှိကြောင်း သတင်းဌာနများ၏ဲပြောကြားချက်အရ သိရသည်။

အိအိ
The Myanma Age
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေ ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ယနေ့ မွန်းလွဲ ၁ နာရီခန့်၌ ဒေါ်အောင် ဆန်းစုကြည်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရပြီး ၎င်း၏ မိန့်ခွန်းပြောကြား အပြီးတွင် တာဝန်ကျလုံ ခြုံရေးများနှင့် လာရောက်နားထောင်သော လူထုတို့အကြား စကားအခြေအတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အိန္ဒိယတွင် Samsung Galaxy ပစ္စည်းပေါင်း အလုံး ၁၀ သန်းကျော် ရောင်းချပြီး

Photo: အိန္ဒိယတွင် Samsung Galaxy ပစ္စည်းပေါင်း အလုံး ၁၀ သန်းကျော်
ရောင်းချပြီး
Thursday, 27 December 2012

၂၀၁၀ ခုနှစ် ဇွန်လက စလို့ အိန္ဒိယနိုင်ငံမှာ Samsung Galaxy S ကို စဖြန့် ပါတယ်။ ယင်းနောက် Galaxy ကုန်ပစ္စည်းများ ဆက် တိုက် ရောက်ပြီး ရောင်းအား အရှိန်အဟုန်နဲ့ တက်ခဲ့ပါတယ်။

စစ်တမ်းအရ ၂၀၁၃ ခုနှစ် ပထမ ၆လ အတွင်း အိန္ဒိယမှာ စမတ်ဖုန်း စုစုပေါင်း အလုံးရေ သန်း ၁၀၂.၄၃ သန်း မက ရောင်းချပြီး ဖြစ်ပါတယ်။ ယင်းထဲမှာ Samsung ရဲ့  ဖုန်း ၅.၅ သန်း ပါရှိပြီး ဈေးကွက်ရဲ့  ၄၁.၆ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ နိုကီယာတောင် ၁၉.၂ ရာခိုင်နှုန်းပဲ ရှိပြီး Blackberry ထုတ်တဲ့ RIM က ၁၂.၁ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပါတယ်။

Galaxy Y, Galaxy SII Galaxy Tab , Galaxy Tab 2, Galaxy SIII အစရှိ တဲ့ ကုန်ပစ္စည်းများက ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ် ကာလအတွင်း အိန္ဒိယ မှ ဖြန့် ချိခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လူလတ်တန်းစားတွေ ပိုများ အတွက် Apple ကုန်ပစ္စည်းထက် Samsung ကိုပဲ ပိုမို အားပေးကြခြင်း ဖြစ် ပါတယ်။ Apple ရဲ့  ဈေးကွက် ပိုင်ဆိုင်မှုကတော့ အတော်လေးကို နည်းနေပါ သေး တယ်။

အနာဂတ်မှာ အိန္ဒိယဟာလည်း Samsung ရဲ့  ကြီးမားတဲ့ အီလက်ထရောနစ် ကုန်ပစ္စည်း ဈေးကွက် တစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
--
Ref: slashgear
Aung Kham (TSJ team)
TechSpace Journal
၂၀၁၀ ခုနှစ် ဇွန်လက စလို့ အိန္ဒိယနိုင်ငံမှာ Samsung Galaxy S ကို စဖြန့် ပါတယ်။ ယင်းနောက် Galaxy ကုန်ပစ္စည်းများ ဆက် တိုက် ရောက်ပြီး ရောင်းအား အရှိန်အဟုန်နဲ့ တက်ခဲ့ပါတယ်။ စစ်တမ်းအရ ၂၀၁၃ ခုနှစ် ပထမ ၆လ အတွင်း အိန္ဒိယမှာ စမတ်ဖုန်း စုစုပေါင်း အလုံးရေ သန်း ၁၀၂.၄၃ သန်း မက ရောင်းချပြီး ဖြစ်ပါတယ်။ ယင်းထဲမှာ Samsung ရဲ့  ဖုန်း ၅.၅ သန်း ပါရှိပြီး ဈေးကွက်ရဲ့  ၄၁.၆ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ နိုကီယာတောင် ၁၉.၂ ရာခိုင်နှုန်းပဲ ရှိပြီး Blackberry ထုတ်တဲ့ RIM က ၁၂.၁ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပါတယ်။

မြ၀တီမြို့တွင် DKBA အမည်ကို အလွဲသုံးစားလုပ်နေ

Photo: မြ၀တီမြို့တွင် DKBA အမည်ကို အလွဲသုံးစားလုပ်နေ
Thursday, 27 December 2012

မြ၀တီမြို့တွင်DKBAမည်နှင့်တံဆိပ်ကို အလွဲသုံးစား လုပ်သူများ
ရှိနေကြောင်းစုံစမ်းသိ ရှိရသည်။ “DKBA၀တ်စုံဝတ်ထားပြီး DKBA 
မဟုတ်သူတွေလည်းရှိ ပါတယ်။ DKBA ၀တ်စုံဝတ်ရင် Without (လိုင်စင်မဲ့)ကားတွေစီး လို့ရတယ်။ စစ်ဆေးရေးဂိတ်တွေ လည်း စည်းကမ်းမဲ့ဖြတ်လို့ရတယ်။  ဒါကို အလွဲသုံးစားလုပ်နေသူတွေ 
ရှိတယ်။အဲလို အခက်ခဲလေးတွေ ကို ကျွန်တော်တို့လည်း ဖြေရှင်း ဖို့လုပ်နေပါတယ်””ဟု မြ၀တီဆက်ဆံရေးရုံးDKBAမှဗိုလ်မှူးဦးစန်းမြင့်က ယခုလ ၂၁ရက်တွင် ပြောကြားသည်။

DKBA စစ်ဝတ်စုံနှင့် ဘတ်ခ်ျ တံဆိပ်ကို ထိုင်းနိုင်ငံ မဲဆောက် မြို့တွင် အလွယ်တကူဝယ်ယူနိုင်ခြင်းက ယခုလိုပြဿနာများဖြစ်ပေါ်နေခြင်း
ဖြစ်သည်ဟု ၎င်းက ထပ်မံပြောပြသည်။

ရာဇာဦး၊တူးတူး
ွှThe Hot News
မြ၀တီမြို့တွင်DKBAမည်နှင့်တံဆိပ်ကို အလွဲသုံးစား လုပ်သူများ ရှိနေကြောင်းစုံစမ်းသိ ရှိရသည်။ “DKBA၀တ်စုံဝတ်ထားပြီး DKBA မဟုတ်သူတွေလည်းရှိ ပါတယ်။ DKBA ၀တ်စုံဝတ်ရင် Without (လိုင်စင်မဲ့)ကားတွေစီး လို့ရတယ်။ စစ်ဆေးရေးဂိတ်တွေ လည်း စည်းကမ်းမဲ့ဖြတ်လို့ရတယ်။ ဒါကို အလွဲသုံးစားလုပ်နေသူတွေ ရှိတယ်။အဲလို အခက်ခဲလေးတွေ ကို ကျွန်တော်တို့လည်း ဖြေရှင်း ဖို့လုပ်နေပါတယ်””ဟု မြ၀တီဆက်ဆံရေးရုံးDKBAမှဗိုလ်မှူးဦးစန်းမြင့်က ယခုလ ၂၁ရက်တွင် ပြောကြား သည်။ DKBA စစ်ဝတ်စုံနှင့် ဘတ်ခ်ျ တံဆိပ်ကို ထိုင်းနိုင်ငံ မဲဆောက် မြို့တွင် အလွယ်တကူဝယ်ယူနိုင်ခြင်းက ယခုလိုပြဿနာများဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ၎င်းက ထပ်မံပြောပြသည်။


လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်

Photo: လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
Friday, December 28, 2012

မကြာခင် ပြည်တွင်းခရီးသည်တင် လေယာဉ်တစင်းပျက်ကျခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အပေါ် အများကြီး ထိခိုက်သွားလိမ့်မယ်လို့ မထင်တဲ့အကြောင်း မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေး
ကော်မတီဥက္ကဌက ပြောလိုက်ပါတယ်၊ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားခရီးသည်ပေါင်း ၆ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းထားချိန်မှာ ဒီအရေအတွက် ကျ မသွားဖို့ လေကြောင်း
လိုင်းတွေအပါအဝင် ခရီသွားလုပ်ငန်းမှာ ဘာတွေလုပ်ပြဖို့ လိုအပ်
ပါသလဲ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန် တင်ပြပါမယ်။

မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာလေဆိပ်တွေ အပါအဝင် နယ်စပ်ဂိတ်
တွေကနေ ဝင်ရောက်လာတဲ့ နိုင်ငံခြား ခရီးသည်အရေအတွက်ဟာ ၂၀၁၂ ခုနှစ်အတွက် ၆ သိန်းလောက်ဖြစ်မယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းက ခန့်မှန်းထားပါတယ်။ လောလောဆယ် ရရှိထားတဲ့ အရေးအတွက်က ၅ သိန်း နီးပါး ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဌ ကိုဖြိုးဝေရာဇာက ပြောပါတယ်။

“ ဒီဇင်ဘာ ၁၇အထိကို ကောက်ထားတဲ့၊ ဒေတာပေါ့ ငါးသိန်းလောက်
နီးပါး ဖြစ်နေပါပြီ။ ဒီဇင်ဘာလကုန်အထိ ဆိုရင်တော့ ခြောက်သိန်း
နီးပါးလောက် ဖြစ်သွားမှာပါ။ နယ်စပ်ကနေ ဝင်တာတွေပါ ထည့်ပေါင်းပါတယ်ခင်ဗျာ။ တရုတ်နဲ့ မြန်မာနယ်စပ်၊ နောက်တခါ ယိုးဒယားနဲ့ မြန်မာနယ်စပ်၊ နယ်စပ်က ဝင်တဲ့ဂဏန်းတွေပါ အားလုံးပေါင်းပါတယ်။ နယ်စပ်ကအဝင်ကလည်း အရင်နှစ်တွေကထက် ပိုများလာပါတယ်။”

မနှစ်ကထက်စာရင် ခရီးသည် ၄၀ ရာခိုင်နှုန်းကျော် တိုးလာတယ်လို့
ပြောပါတယ်။ ဒီခရီးသည်တွေထဲမှာ အလုပ်ကိစ္စနဲ့ လာရောက်ကြတဲ့ ခရီးသည်တွေပါသလို၊ ကမ္ဘာလှည့်ခရီးသည်တွေလဲပါကြပါတယ်၊ ဒီလို အခြေအနေမျိုးမှာ ကမ္ဘာလှည့်ခရီးသည်တွေပါတဲ့ Air Bagan
လေကြောင်းလိုင်းက လေယဉ်တစင်းပျက်ကျသွားခဲ့တဲ့အတွက် မြန်မာနိုင်ငံကိုနိုင်ငံတကာ ခရီးသည်တွေ လာရောက်မှု ဘယ်လောက် ထိခိုက်သွားနိုင်ပါသလဲ။

“ကျနော်အထင်ကတော့ အများကြီး ထိုးကျသွားဖို့တော့ မရှိဘူးလို့  ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လေယာဉ်ပျံ
တစ်စီးပျက်ကျတယ်ဆိုတာဟာ ဖြစ်ပြီးတဲ့ဟာကို ဘာမှ ပြန်ပြီးတော့ ဘာမှလုပ်လို့မရဘူး။ လေယာဉ်လိုင်းက ဘယ်လိုကောင်းမွန်အောင် လုပ်ထားနိုင်တယ်ဆိုတာ သက်သေပြနိုင်ရင်တော့ အချိန်အတိုင်းအတာ
အတွင်းမှာ ပြန်လည်ပြီး Image ကောင်းမွန်လာအောင် ကျနော်ထင်ပါတယ်။ အဲ့ပေါ်မှာမူတည်ပြီးတော့ ခရီးသွားတွေက သူတို့စိတ်ထဲမှာ ယုံကြည်စိတ်ချ
တယ်ဆိုလို့ရှိရင် စီးကြမှာပါပဲ။”

ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက် အတွင်းမှာ လေယာဉ်ပျက်ကျမှုတွေ ရှိခဲ့တဲ့ မြန်မာ့လေကြောင်းလိုင်း က လေယာဉ်တွေအပေါ် ခုချိန်ထိ ခရီးသည်တွေက စိတ်ချကြပုံ မရကြသေးပါဘူး။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခုလောလောဆယ်မှာ ကျနော်တို့
ပြည်တွင်း လေကြောင်းလိုင်းတွေထဲမှာ မြန်မာ့အဲဝေးပေါ့နော်။ အစိုးရေပိုင်လေကြောင်းလိုင်းကို စီးဖို့ ဧည့်သည်တွေကို တိုက်တွန်းလို့ရှိရင် သူတို့အမြဲတမ်းငြင်းပယ်ခြင်းကို ခံရပါတယ်။ ဆိုလိုတာက အာမခံချက်နဲ့
ပတ်သက်ရင် ဘယ်လောက်လုပ်ထားတယ်ဆိုတာမျိုး ဈေးကွက်မှာ 
သတင်းအချက်အလက်မပေးနိုင်သေးရင်တော့ ဒီလိုမျိုးလေးတွေတော့ ကြုံနေရမှာပါပဲ။”

အဲဒီတော့ မြန်မာနိုင်ငံထဲမှာ လက်ရှိ ပျံသန်းပြေးဆွဲနေတဲ့
လေကြောင်းလိုင်းတွေ အနေနဲ့ လေယာဉ်စီးခရီးသည်တွေရဲ့ ယုံကြည်မှုရရှိအောင် ဘာလုပ်သင့်ပါသလဲ။

“လေကြောင်းလိုင်းတခုရဲ့ အဓိက Image ကတော့ Safety ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လေယာဉ်ဆိုတာ ပျက်လို့ရှိရင် လေထဲမှာ ရပ်ပြီး ပြင်လို့မရဘူး။ အဲ့ဟာတခုချို့ယွင်းတယ်ဆိုရင်တော့ လေကြောင်းလိုင်း
တခုအနေနဲ့ကတော့ ဒီ Image ကို ပြန်ပြီးတော့ ကောင်းအောင်
လုပ်ဖို့အတွက် ပြနိုင်မှ ဖြစ်ခဲ့တာကို အဖတ်ဆယ်နိုင်မှာပါ။ အဲ့တာကို မူတည်ပြီးတော့မှ ဧည့်သည်တွေရဲ့ စိုးရိမ်စိတ်တွေကို ပျောက်သွားအောင် ဘယ်လိုလုပ်မလည်းဆိုတာကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။”

လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသွားလမ်းညွှန်တယောက်နဲ့ အရေးပေါ်ဆင်းသက်စဉ် မြေပြင်မှာ တိုက်မိသူ တယောက်
သေဆုံးခဲ့မှုအပါအဝင် လေယာဉ်ပျက်မှုအပေါ် Air Bagan ကတော့ တာဝန်ယူ ဖြေရှင်းမှုတွေ၊ သတင်းထုတ်ပြန်မှုတွေ လုပ်နေပါတယ်။
အစိုးရ အပြောင်းအလဲ ဖြစ်သွားပြီးတဲ့နောက် မြန်မာနိုင်ငံကို လာရောက်လည်ပါတ်တဲ့သူ အလုပ်ကိစ္စကြောင့် လာရောက်သူတွေ ပိုပို များလာချိန်မှာ ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို ဘယ်လောက် အတိုင်းအတာအထိ ဖြည့်ဆည်းပေးနိုင်ပြီလို့ ပြောနိုင်ပါသလဲ။

“အရင်နှစ်တွေကထက် စာရင်တော့ အခက်အခဲက လျော့နည်းသွားပြီလို့
ပြောလို့ရပါတယ်။ အထူးသဖြင့်တော့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာပေါ့နော်။ သယ်ယူပို့ဆောင်ရေး၊ ကုန်းလမ်းနဲ့ သွားရတဲ့ ခရီးစဉ်တွေပေါ့နော်။ လေကြောင်းလိုင်းမှာတော့ ကျနော်တို့ လေကြောင်း
လိုင်းအသစ်တွေ မြန်မာနိုင်ငံကို တိုးတက်ပြီး ဝင်ရောက်လာတော့ ဧည့်သည်တွေ ဝင်လာဖို့ အရေအတွက်က များလာတာလည်း အဲ့အပေါ် မူတည်ပါတယ်။ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ရန်ကုန်ကို ပိုဆင်းလာတဲ့အတွက် ခရီးသည်အရေအတွက် ပိုများလာနိုင်ပါတယ်။
နောက်တခါ ပြည်တွင်းလေကြောင်းလိုင်း နဲ့ ပတ်သက်ရင်တော့ အခုလောလောဆယ် ခရီးသွားရာသီရဲ့ ပထမသုံးလမှာတော့ နည်းနည်းလေး ပြဿနာရှိပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းတချို့မှာ လေယာဉ် မလုံလောက်မှုပြဿနာလေးတွေရှိပါတယ်။ အဲ့တာတွေကတော့ အခုဇန်နဝါရီလကစပြီး အားလုံးကတော့ အဆင်ပြေသွားပါလိမ့်မယ်။ တခုပြောစရာရှိတာကတော့ ဟိုတယ်အခန်း မလုံလောက်မှုကတော့ ရှိနေဆဲပါပဲ။  ကျနော်တို့ နောက်ထပ် နှစ်နှစ်လောက်အထိ ဆက်ပြီး ကြုံတွေ့ရမယ့် ပြဿနာပါ။ အခုလောလောဆယ်မှာ နိုင်ငံတကာ
အဆင့်ဟိုတယ်တွေကတော့ အခန်းအရေအတွက် မလုံလောက်တဲ့အတွက် တိုင်းရင်းသားပိုင် ဟိုတယ်တွေမှာ ကျနော်တို့ ဧည့်သည်တွေကို ပြောင်းပြီး ထားနေကြပါတယ်။ ပြဿနာလေးက ဘာရှိလည်းဆိုတော့ နိုင်ငံတကာ အဆင့်အတန်းမှီ ဝန်ဆောင်မှုပေးဖို့ကို နည်းနည်း ကျနော်တို့ အချိန်ယူပြီးတော့ လုပ်ရပါဦးမယ်။”

မြန်မာနိုင်ငံကို အရင်က မျှော်လင့်မထားတဲ့ နိုင်ငံခြားခရီးသည် အရေအတွက်မျိုးမြန်မာနိုင်ငံမှာ ရောက်ရှိနေတာမို့ ဒါဟာ ခရီးသွား
လုပ်ငန်းအတွက် အားရစရာဖြစ်တယ်လို့လဲ မြန်မာနိုင်ငံ ခရီးသွား
ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဌ ကိုဖြိုးဝေရာဇာက VOA မြန်မာပိုင်းကို
ပြောပါတယ်။ 

ဗွီအိုအေ
မကြာခင် ပြည်တွင်းခရီးသည်တင် လေယာဉ်တစင်းပျက်ကျခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အပေါ် အများကြီး ထိခိုက်သွားလိမ့်မယ်လို့ မထင်တဲ့အကြောင်း မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေး
ကော်မတီဥက္ကဌက ပြောလိုက်ပါတယ်၊ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြား ခရီးသည်ပေါင်း ၆ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းထားချိန်မှာ ဒီအရေအတွက် ကျ မသွားဖို့ လေကြောင်း
လိုင်းတွေအပါအဝင် ခရီသွားလုပ်ငန်းမှာ ဘာတွေလုပ်ပြဖို့ လိုအပ်ပါသလဲ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန် တင်ပြပါမယ်။

မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာလေဆိပ်တွေ အပါအဝင် နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်လာတဲ့ နိုင်ငံခြား ခရီးသည်အရေအတွက်ဟာ ၂၀၁၂ ခုနှစ်အတွက် ၆ သိန်းလောက်ဖြစ်မယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းက ခန့်မှန်းထားပါတယ်။ လောလောဆယ် ရရှိထားတဲ့ အရေးအတွက်က ၅ သိန်း နီးပါး ရှိတယ် လို့ မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဌ ကိုဖြိုးဝေရာဇာက ပြောပါတယ်။

မလေးရှားမှာ မိုးကြီး ရေလျှံ

Photo: မလေးရှားမှာ မိုးကြီး ရေလျှံ
Friday, December 28, 2012

မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်
ရေလွှမ်းပြီး လူပေါင်း ၁၆၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၁၄၀၀၀ အရေးပေါ်စခန်းတွေကိုရောက်ရှိနေပါတယ်။ ဒီအထဲမှာ မိုးရေကိုမထိမ်းနိုင်ဘဲ တရင်ဂါနူေ၇လှောင်တမန်ရဲ့ တံခါးကို ဖောက်ချလိုက်ရတဲ့အတွက်
ရေပိုလျှံခဲ့ရတယ်လို့ သိရပါတယ်။ မိုးက လာမဲ့ မတ်လလောက်အထိ
ရွာသွန်းနေအုန်းမှာ ဖြစ်ပါတယ်။

ရေတက်လာတာ မြန်တဲ့အတွက်လည်း ကားတွေနဲ့ ပစ္စည်းတွေကို
ရေလွတ်ရာ အချိန်မှီ မရွှေ့နိုင်ဘဲ အပျက်အစီး ပိုများခဲ့ရတယ်လို့ ဆိုပါတယ်။

အရေးပေါ်ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွေကို အာဏာပိုင်တွေက ဖွင့်လှစ်ထားပေမဲ့ အခြေအနေဟာ ပိုပြီး ဆိုးဝါးလာနိုင်တယ်လို့ ဆိုပါတယ်။ လတ်တလောအချိန်အထိ လူ ၂ ဦးသေဆုံးကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ 

M
(Photo: AFP - Northeastern town of Kuantan in Malaysia)
Burma-Newselite
မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ရေလွှမ်းပြီး လူပေါင်း ၁၆၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၁၄၀၀၀ အရေးပေါ်စခန်းတွေကိုရောက်ရှိနေပါတယ်။ ဒီအထဲမှာ မိုးရေကိုမထိမ်းနိုင်ဘဲ တရင်ဂါနူေ၇လှောင်တမန်ရဲ့ တံခါးကို ဖောက်ချလိုက်ရတဲ့အတွက်ရေပိုလျှံခဲ့ရတယ်လို့ သိရပါတယ်။ မိုးက လာမဲ့ မတ်လလောက်အထိရွာသွန်းနေအုန်းမှာ ဖြစ်ပါတယ်။

Thursday, December 27, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေးဂီတပွဲတော် အခမ်းအနားတွင် တက်ရောက်သူအချို့စည်းကမ်းမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ ဝေဖန်ပြောကြား

Photo: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေးဂီတပွဲတော် အခမ်းအနားတွင် တက်ရောက်သူအချို့စည်းကမ်းမရှိသဖြင့်  ဒေါ်အောင်ဆန်းစုကြည်မှ
 ဝေဖန်ပြောကြား
Thursday, 27 December 2012

 ယနေ့ (၂၇-၁၂-၂၀၁၂) ရက်နေ့ နေ့လယ်တစ်နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကျင်းပသည့်  ပညာရေးကွန်ရက်ရံပုံငွေပွဲတော်အား ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ရာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထိုသို့ပြောကြားစဉ်တွင် တက်ရောက်လာသော ပရိသတ်များမှ စည်းကမ်းမရှိမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်မှ ဝေဖန်ပြောကြားသွားသည်။ ဒေါ်အောင်ဆန်းစုကြည် မှ မိန့်ခွန်းပြောကြားနေစဉ်အတွင်း ပွဲသို့တက်ရောက်လာသော ပရိသတ်များမှ စည်းကမ်းမရှိဘဲ အားပေးမှု ကြောင့် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားနေရာမှ ပထမအကြိမ် သတိပေးပြောကြားခဲ့သည်။ သို့သော် ပရိသတ်များမှထပ်မံ၍ စည်းကမ်းမရှိစွာ အားပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် မှ ပရိသတ် များအား ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသွားသည်။ "ဒေါ်အောင်ဆန်းစုကြည်က မတ်တပ်ရပ်နေတဲ့ ပရိသတ်ကိုထိုင်ဖို့ ပထမပြောပါသေးတယ်။ သူစကားပြောနေတုန်းမှာပဲ ရုံးစုရုံးစုဖြစ်နေတာနဲ့ စိတ်ဆိုးသွားပြီး ပြင်းပြင်းထန်ထန်ပြောဆိုတာပါ။ အမေစုတော်တော်လေး စိတ်ဆိုးသွားပုံရပါတယ်။ အမေစုက နယ်တွေမှာ လူတွေအများကြီးရှိတာတောင် စည်းကမ်းရှိကြတယ်။ ရန်ကုန်ကလူတွေက ပိုစည်းကမ်းရှိသင့်တယ် လို့ ပြောဆိုသွားပါတယ် "ဟု တက်ရောက်ခဲ့သူတစ်ဦးမှ ပြောကြားခဲ့ပါသည်။ ဒေါ်အောင်စုကြည် 2010 နေအိမ် အကျယ်ချုပ်လွှတ်ပြီးနောက်ပိုင်း "သူပြောတဲ့ မိန့်ခွန်းပြောတဲ့ ပွဲတိုင်းလိုလို လိုက်နားထောင်ဖူးပါတယ်....
မိန့်ခွန်းပြောရင်း စိတ်တိုသွားတာ ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်... "ဟုလူငယ်တစ်ဦးမှပြောကြားသွားသည်။ "ဒေါ်အောင်ဆန်းစုကြည် ယခုတလော စိတ်တိုနေတတ်ကြောင်း သူမနောက်လိုက်ပါသည့် သတင်းထောက်များကဆိုပါတယ်။ အလုပ်အရမ်းများတော့ စိတ်ဖိစီးနေပုံရပါတယ်။"ဟု သတင်းထောက် တစ်ဦး၏ Facebook စာမျက်နာတွင်ဖေါ်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်မှမိန့်ခွန်းပြောကြားရာတွင် "ကျွန်မတို့နိုင်ငံရဲ့ ပညာရေးကို တက္ကသိုလ်အားလုံးက လေးစားအောင်လို့ ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ စချင်ပါတယ်။ အဲ့လို စခြင်းဟာ ရန်ကုန်ကို အသားပေးချင်လို့ မဟုတ်ပါဘူး။ အခြေအနေအရ အလွယ်ဆုံး အထိရောက်ဆုံးလုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ ရွေးချယ်ထားတာပါ။ အဲဒါကြောင့်မို့လို့ ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးထွန်းပေါက်မှုရဲ့ သင်္ကေတဖြစ်အောင် ကြိုးစားတဲ့နေရာမှာ အားလုံးကနေပြီးတော့ ၀ိုင်းပြီးကြိုးစားကူညီပေးကြပါ။ အထူးသဖြင့် ကျွန်မတို့က အလှူရှင်များ လိုပါတယ်။ ပညာရှင်များ လိုပါတယ်။ စေတနာရှင်များ လိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ရန်ကုန်တက္ကသိုလ်သည် တစ်ချိန်တစ်ခါက အာရှသာမက တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခံရသည့် တက္ကသိုလ်တစ်ခုဖြစ်ခဲ့ပြီး ယခုအချိန်တွင် အာရှမှာပင် နေရာမရှိသည့် တက္ကသိုလ်တစ်ခုဖြစ်နေကြောင်း ၎င်းက ပြောသည်။ ရန်ပုံငွေ ရှာဖွေရေးဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး တစ်နာရီအတွင်းမှာပင် အလှူရှင်များထံမှ အလှူငွေ သိန်း ၇၀၀ ကျော် စတင်ရရှိနေပြီဖြစ်သည်။ ၄င်း အခမ်းအနားမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှလည်း နှုတ်ခွန်းဆက်စကားပြောကြားသွားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲဖွင့်ပွဲကို ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်းနှစ်ခုကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ (၂၇-၁၂-၂၀၁၂) ရက်နေ့ နေ့လယ်တစ်နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကျင်းပသည့် ပညာရေးကွန်ရက်ရံပုံငွေပွဲတော်အား ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ရာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထိုသို့ပြောကြားစဉ်တွင် တက်ရောက်လာသော ပရိသတ်များမှ စည်းကမ်းမရှိမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်မှ ဝေဖန်ပြောကြားသွားသည်။ ဒေါ်အောင်ဆန်းစုကြည် မှ မိန့်ခွန်းပြောကြားနေစဉ်အတွင်း ပွဲသို့တက်ရောက်လာသော ပရိသတ်များမှ စည်းကမ်းမရှိဘဲ အားပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားနေရာမှ ပထမအကြိမ် သတိပေးပြောကြား ခဲ့သည်။ 

ရှန်ဟိုင်းရှိ ရှော့ပင်းစင်တာ အလှမွေးငါးကန် ရုတ်တရက်ပေါက်ထွက်မှု

Photo: ရှန်ဟိုင်းရှိ ရှော့ပင်းစင်တာ အလှမွေးငါးကန် ရုတ်တရက်ပေါက်ထွက်မှု
Thursday, 27 December 2012

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ရှော့ပင်းစင်တာတစ်ခုရှိ အလှမွေးငါးကန်ကြီး ရုတ်တရက် ပေါက်ထွက်သွားမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အလှမွေးငါးကန်မှာ အရှည် ၇ မီတာ၊ အမြင့် ၃ မီတာရှိပြီး လီမွန်ငါးမန်း (Lemon Shark) ၃ ကောင်၊ အခြား သေးငယ်သည့် ငါး အများအပြားနှင့် လိပ်များကို ထည့်သွင်းမွေးမြူ ပြသထားခြင်းဖြစ်သည်။

ငါးကန်အတွင်း ၃၃ တန် ပမာဏရှိ ရေများရှိနေပြီး ရုတ်တရက်
ပေါက်ထွက်သွားသည့်အခါ ဖန်ကွဲစများ လွင့်စင်ထွက်လာခဲ့သည်။ အလှမွေးငါးကန် ပေါက်ထွက်သွားသည့် အချိန်တွင် ငါးများကို ကြည့်ရှုနေသူအချို့ကိုလည်း တွေ့ရသည်။

Planet Myanmar Network
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ရှော့ပင်းစင်တာတစ်ခုရှိ အလှမွေးငါးကန်ကြီး ရုတ်တရက် ပေါက်ထွက်သွားမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အလှမွေးငါးကန်မှာ အရှည် ၇ မီတာ၊ အမြင့် ၃ မီတာရှိပြီး လီမွန်ငါးမန်း (Lemon Shark) ၃ ကောင်၊ အခြား သေးငယ်သည့် ငါး အများအပြားနှင့် လိပ်များကို ထည့်သွင်းမွေးမြူ ပြသ ထားခြင်းဖြစ်သည်။

ငါးကန်အတွင်း ၃၃ တန် ပမာဏရှိ ရေများရှိနေပြီး ရုတ်တရက်ပေါက်ထွက်သွားသည့်အခါ ဖန်ကွဲစများ လွင့်စင်ထွက်လာခဲ့သည်။ အလှမွေးငါးကန် ပေါက်ထွက်သွားသည့် အချိန်တွင် ငါးများကို ကြည့်ရှုနေသူ အချို့ကိုလည်း တွေ့ရသည်။

Planet Myanmar Network

၂၀၁၃ ဇန်န၀ါရီ လဆန်းတွင်ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမည်

Photo: ၂၀၁၃ ဇန်န၀ါရီ လဆန်းတွင်ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊
(WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမည်
Thursday, 27 December 2012

လာမယ့် ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ဆက်သွယ်ရေးဟာ ဂျီအက်စ်အမ်
ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်လို့ မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

ဒီဈေးနှုန်းကို မြန်မာ့ဆက်သွယ်ရေးကနေ တရားဝင် ထုတ်ပြန်ကြေငြာတာ
တော့ မရှိသေးပါဘူး။ ရောင်းချမယ့် ရက်ကို လာမယ့် ဇန်န၀ါရီ (၈) ရက်လို့ အကြမ်းဖျဉ်းသတ်မှတ်ထားပေမယ့် ဒီထက် စောချင်လည်း စောနိုင်တယ်လို့ သူကပြောပါတယ်။ 

ဆင်းကဒ်ရောင်းချဖို့ မြန်မာ့ဆက်သွယ်ရေး အရောင်းဌာန တွေကိုပဲ
ပြင်ဆင်ထားရာကနေ အရင် ဆင်းကဒ်တွေ ရောင်းခဲ့တုန်းကလို မိုဘိုင်းဖုန်း လုပ်ငန်း ကုမ္ပဏီတွေကိုပါ ခွဲဝေ ရောင်းခိုင်းဖို့ အစီအစဉ်လည်း ရှိတယ်လို့ ဦးဌေးဝင်းက ဆိုပါတယ်။

DVB TV News
လာမယ့် ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ဆက်သွယ်ရေးဟာ ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်လို့ မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝ ပြတ်တောက်မည်မဟုတ်ဟုဆို

Photo: လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝ
ပြတ်တောက်မည်မဟုတ်ဟုဆို
Thursday, 27 December 2012

လူနေရပ်ကွက်များ လျှပ်စစ်မီးလုံး ၀ပြတ်တောက်မည်မဟုတ်တော့ ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဇင်ဘာလတွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။
“၂၀၁၂ နွေရာသီမှာ သောင်းကျန်းသူများကြောင့် လျှပ်စစ်မီးမရတာတွေဖြစ်
ခဲ့တယ်။ ဓာတ်အားပြတ်တောက်မှုတွေဖြစ် ခဲ့တော့ ပြည်သူတွေကို အပြည့် အ၀ပေးနိုင်ဖို့ စက်မှုလက်မှုလုပ်ငန်း တွေကို ဖြတ်တောက်ခဲ့ရတယ်။ လာမယ့်နှစ်မှာ ရန်ကုန်မှာတော့ မီးအပြည့်အ၀ရမယ်။ ဒါပေမဲ့ကျန်ဒေသတွေ
မှာတော့ အနည်း ငယ်ပြတ်တာတွေရှိမယ်”ဟု ဦးအောင်ခိုင်ကပြောသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ် အားရရှိမှု တိုးတက်မှုနှုန်းသည် ၁၅ ရာခိုင်နှုန်း
အထိရှိလာသဖြင့် ၂၀၁၃ ခုနှစ်တွင် ၈၅၀ မဂ္ဂါဝပ်အထိ တိုးတက်ဖြန့်ဝေပေး

နိုင်မည်ဖြစ်ပြီး ဓာတ်အားလိုအပ်မှုရှိလာပါက စက်မှုလက်မှုလုပ်ငန်း၊ 
စက်ရုံ၊ အလုပ်ရုံများအားမီးဖြတ်တောက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း
၎င်းကပြောသည်။

၂၀၁၂ ခုနှစ် နွေရာသီက ဓာတ်အားလိုအပ်ချက်သည် ၁၈၀၀ မဂ္ဂါဝပ်ရှိသော်
လည်း အမြင့်ဆုံး ထုတ်လုပ်နိုင်မှုသည် ၁၄၀၅ မဂ္ဂါ ၀ပ်သာရှိခြင်းကြောင့်
ပြည်သူများ အား လျှပ်စစ်မီးအပြည့်အ၀ရရှိရန် စက်ရုံ၊ အလုပ်ရုံများအား ၁၃ ရက်ကြာ မီးဖြတ်တောက်မှုများ ပြုလုပ်ခဲ့ပြီး အချိန်ပိုင်းမီးပေးစနစ် အသုံးပြုခဲ့ကြောင်း သိရှိသည်။ “လုပ်ငန်းရှင်တွေအနေနဲ့ ဆိုရင် မီးက ၂၄ နာရီလာဖို့အရမ်းလိုအပ် တယ်။ ရေထွက်ပစ္စည်းတွေဆိုတာ မီးမလာရင် ဒုက္ခရောက်တယ်။ ကိုယ့်နိုင်ငံက သူများနိုင်ငံနဲ့ ယှဉ် ရင်ထုတ်လုပ်မှုစရိတ်
ကြီးတယ်။

မီး ပျက်ရင် ထုတ်လုပ်မှုက လျော့ကျ တဲ့အတွက်ကြောင့် သူများနိုင်ငံနဲ့ ယှဉ်ရင်နိမ့်ကျတယ်။ စက်မှုဇုန် တွေက ပိုဆိုးတယ်”ဟု ရေထွက် ပစ္စည်းပို့
ကုန်လုပ်ငန်းရှင်ဒေါတိုး နန္ဒာတင်ကပြောသည်။ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်
တိုင်းဒေသကြီး အား မီးအပြည့်အ၀ပေးနိုင်ရန် အတွက် ဓာတ်အားပေး
မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများပါ ၀င်ကာ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ဖြစ်သော ရွှေစွမ်းအင်ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်၊ ထိုင်းနိုင်ငံ Toyo Thai ကုမ္ပဏီမှ ၁၂၀ မဂ္ဂါဝပ်၊ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ Zeya and Associated မှ ၅၀ မဂ္ဂါဝပ်၊
ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီမြန်ရွှေပြည်မှာ ၅၀ မဂ္ဂါဝပ် နှင့် ဖက်စပ်ကုမ္ပဏီ
CIC Co., Ldt မှ ၅၀ မဂ္ဂါဝပ်တို့ကို ရွှေလီ ရေအားလျှပ်စစ်ဓာတ်အားပေးစက် ရုံ၊ သောက်ရေခပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ အလုံ ဓာတ်အားပေး
စက်ရု၊ံ လှော်ကားဓာတ်အားပေးစက်ရုံ၊ ရွာမဓာတ် အားပေးစက်ရုံနှင့်သာကေ
တဓာတ် အားပေးစက်ရုံတို့တွင် ၂၀၁၃ ခုနှစ် မတ်လ (၃၁) ရက်မတိုင်မီအသီး
သီးတိုးချဲ့ထုတ်လုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

The Hot News
လူနေရပ်ကွက်များ လျှပ်စစ်မီးလုံး ၀ပြတ်တောက်မည်မဟုတ်တော့ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဇင်ဘာလတွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။“၂၀၁၂ နွေရာသီမှာ သောင်းကျန်းသူများကြောင့် လျှပ်စစ်မီးမရတာတွေဖြစ်ခဲ့တယ်။ ဓာတ်အားပြတ်တောက်မှုတွေဖြစ် ခဲ့တော့ ပြည်သူတွေကို အပြည့် အ၀ပေးနိုင်ဖို့ စက်မှုလက်မှု လုပ်ငန်း တွေကို ဖြတ်တောက်ခဲ့ရတယ်။ လာမယ့်နှစ်မှာ ရန်ကုန်မှာတော့ မီးအပြည့်အ၀ရမယ်။ ဒါပေမဲ့ကျန်ဒေသတွေမှာတော့ အနည်း ငယ်ပြတ်တာတွေရှိမယ်”ဟု ဦးအောင်ခိုင်ကပြောသည်။ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ် အားရရှိမှု တိုးတက်မှုနှုန်းသည် ၁၅ ရာခိုင်နှုန်းအထိရှိလာသဖြင့် ၂၀၁၃ ခုနှစ်တွင် ၈၅၀ မဂ္ဂါဝပ်အထိ တိုးတက်ဖြန့်ဝေပေး နိုင်မည်ဖြစ်ပြီး ဓာတ်အားလိုအပ်မှုရှိလာပါက စက်မှုလက်မှုလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံများအားမီးဖြတ်တောက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၎င်းကပြောသည်။

ပုပ်ရဟန်းမင်းကြီး စီးဖို့က မာစီဒီးက ထုတ်မည်

Photo: ပုပ်ရဟန်းမင်းကြီး စီးဖို့က မာစီဒီးက ထုတ်မည်
Thursday, 27 December 2012

ပုပ်ရဟန်းမင်းကြီး Benedict XVI စီးဖို့အဖြစ်တွက် ကားကို မာစီဒီးက တာဝန်ယူ ထုတ်လုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံမှာမြင်တွေ့ရတဲ့ အတိုင်း ဒီဇိုင်းရေးဆွဲပြီးဖြစ်ရာ မကြာမီ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ သမ္မတတွေစီးတဲ့ကားပဲ ဈေးကြီးတာ မဟုတ်ပါဘူး။ ပုပ်ရဟန်း မင်းကြီး စီးတဲ့ကားလည်း အထိုက်အလျောက်
ဈေးကြီးပါတယ်။ ခန့်မှန်း တွက်ချက်ထားမှုအရဗြိတိန်ပေါင် ၃သိန်းခွဲ
ဝန်းကျင် ရှိပါတယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ ဆီလျော်မယ့်ကား ဖြစ်ပြီး ဟိုင်းဘရစ် အမျိုးအစား ဖြစ်ပါတယ်။

ဆလင်ဒါ ၈လုံးပူး ဓာတ်ဆီ အင်ဂျင်အပြင် ၁၆ မိုင် မနားတမ်း
သွားလို့ရမယ့် ဘက်ထရီလည်း ပါရှိပါသေးတယ်။ အိတ်ဇောထွက်ရှိမှုကို အနည်းနိုင်ဆုံး ဖြစ်အောင် ဖန်တီးပေးထားပါတယ်။ နောက်ခန်းက ထိုင်တဲ့ပတ်ပတ်လည် မှန်ဘောင်တွေက ကျည်ကာမှန်တွေ ဖြစ်ပါတယ်။ လုံခြုံရေး အဆင့်မြင့်ကားပဲ ဖြစ်ပါတယ်။ ဗုံးဖောက်ခွဲလို့ မရအောင်လည်း အဆင့်မြင့် သတ္တုတွေကို အသုံးပြု ထားပါတယ်။ ပြည်သူများရှေ့ ကို တစ်နာရီ ၆ မိုင်နှုန်း အဖြေးသွား နိုင်ပြီး အမြန် တစ်နာရီ မိုင် ၁၆၀ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ကပ်သလစ်ချာ့ခ်ျရဲ့  ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ Pope Benedict XVI ဟာ ကမ္ဘာ့ခရစ်ယာန်ဘာသာ ရပ်ဝန်းမှာ သြဇာကြီးသူ ဖြစ်ပါတယ်။ ဒါကြောင့် အသက်အန္တရာယ် အထူးကာကွယ် ပေးထားရပြီး ကားပေါ်မှာ လည်း အနည်းဆုံး ကိုယ်ရံတော် တစ်ဦး လိုက်ပါမှာ ဖြစ်ကြောင်း သိရပါ တယ်။
--
Ref: telegraph
ColayOnline:Automobile
ပုပ်ရဟန်းမင်းကြီး Benedict XVI စီးဖို့အဖြစ်တွက် ကားကို မာစီဒီးက တာဝန်ယူ ထုတ်လုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပုံမှာမြင်တွေ့ရတဲ့ အတိုင်း ဒီဇိုင်းရေးဆွဲပြီးဖြစ်ရာ မကြာမီ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ သမ္မတတွေစီးတဲ့ကားပဲ ဈေးကြီးတာ မဟုတ်ပါဘူး။ ပုပ်ရဟန်း မင်းကြီး စီးတဲ့ကားလည်း အထိုက်အလျောက်
ဈေးကြီးပါတယ်။ ခန့်မှန်း တွက်ချက်ထားမှုအရဗြိတိန်ပေါင် ၃သိန်းခွဲဝန်းကျင် ရှိပါတယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ ဆီလျော်မယ့်ကား ဖြစ်ပြီး ဟိုင်းဘရစ် အမျိုးအစား ဖြစ်ပါတယ်။

ကေအိုင်အေမှ မိုးညှင်းဘူတာ၊ ရှမ်းသချိုင်္င်းအနီးတွင် မိုင်းခွဲ

Photo: ကေအိုင်အေမှ မိုးညှင်းဘူတာ၊ ရှမ်းသချိုင်္င်းအနီးတွင် မိုင်းခွဲ

Thursday, 27 December 2012

          မိုးညှင်မှ မန္တလေးသို့သွားသော မီးရထားလမ်းအား မိုးညှင်းဘူတာအထွက်နား ရှမ်းသချိင်္ုင်းအနီး မိုင်တိုင် ၆၃၂  နားတွင် ကေအိုင်အေမှ ၂၆ရက်နေ့ ည ၁၀ နာရီလောက်တွင် မိုင်းခွဲခဲ့ပါသည်။ မိုင်းကွဲမှုကြောင့် ရထားသံလမ်း ၃ပေလောက်ပျက်သွားပြီး ရထားဘီးချော်ခဲ့ပါသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မိုးညှင်းမြို့အတွင်း နေအိမ်များ တုန်ခါမှု ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်မှု မရှိကြောင်း သိရသည်။ ထို့အပြင် ရထားသံလမ်း ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် ဗုံးပေါက်ကွဲမှု မဖြစ်ပေါ်မီ အချိန်က မန္တလေးသို့ ထွက်ခွာမည့် မန္တလာ ၅၈ အစုန်ရထားသည့် လမ်းချော်မှု ဖြစ်ပွားသဖြင့် မိုးညှင်းဘူတာတွင် ရပ်နားနေခဲ့ကြောင်း သိရသည်။

kdn
မိုးညှင်မှ မန္တလေးသို့သွားသော မီးရထားလမ်းအား မိုးညှင်းဘူတာအထွက်နား ရှမ်းသချိင်္ုင်းအနီး မိုင်တိုင် ၆၃၂ နားတွင် ကေအိုင်အေမှ ၂၆ရက်နေ့ ည ၁၀ နာရီလောက်တွင် မိုင်းခွဲခဲ့ပါသည်။ မိုင်းကွဲမှုကြောင့် ရထားသံလမ်း ၃ပေလောက်ပျက်သွားပြီး ရထားဘီးချော်ခဲ့ပါသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မိုးညှင်းမြို့အတွင်း နေအိမ်များ တုန်ခါမှု ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်မှု မရှိကြောင်း သိရသည်။ ထို့အပြင် ရထားသံလမ်း ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် ဗုံးပေါက်ကွဲမှု မဖြစ်ပေါ်မီ အချိန်က မန္တလေးသို့ ထွက်ခွာမည့် မန္တလာ ၅၈ အစုန်ရထားသည့် လမ်းချော်မှု ဖြစ်ပွားသဖြင့် မိုးညှင်းဘူတာတွင် ရပ်နားနေခဲ့ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်မှနိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု ငါးသိန်းဝန်းကျင်ရှိလာ

Photo: ရန်ကုန်လေဆိပ်မှနိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု
ငါးသိန်းဝန်းကျင်ရှိလာ
Thursday, 27 December 2012

ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ဧည့်သည်များ ပြည်တွင်းသို့ ဝင်ရောက်မှု
မြင့်တက်လာခဲ့ရာ ရန်ကုန်လေဆိပ် တစ်ခုတည်းမှ ခရီးသွားများ လာရောက်မှုသည် ငါးသိန်းဝန်းကျင်သို့ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ရန်ကုန်လေဆိပ်မှ စုံစမ်းသိရှိရသည်။

ယခုနှစ်အတွင်း ပြည်ပခရီးသွား ဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာများ ထုတ်ပေးခဲ့ခြင်း၊ ကမ္ဘာသုံး ဗီဇာကတ်များ သုံးစွဲခွင့်ပြုပေးခြင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲ ပေးခဲ့ခြင်းနှင့်
နိုင်ငံခြားခရီးသွား ဧည့်သည်များ မျက်စိကျလာစေရန် ဆွဲဆောင်မှုများ
ပြုလုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခရီးသွားလာသူများ ယခင်နှစ်ကထက်
မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဦးတင်ထွန်းအောင်က ပြောကြားသည်။

" ပြည်ပကခရီးသွားတွေ ဒီနှစ်လာတာ အရင်ကထက်များတယ်၊ လာတဲ့သူတွေထဲမှာ အစုံပါတယ်၊ အလည်လာတဲ့ သူလဲပါတယ်၊ ကျွန်တော်တို့ ဆီကရေမြေ တောတောင်သဘာဝကို လာလေ့လာ မှတ်တမ်းတင်တာတွေ လဲပါတယ်၊ အသစ်တည်ဆောက်မယ့် စီးပွားရေး အထူးဇုန်တွေနဲ့ စီးပွားရေး စီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံမယ့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေလဲ လာတယ်၊ ဒါကလဲဆွဲ ဆောင်မှုရှိလို့ပါ၊ ဖွံ့ဖြိုးလာတော့မယ့် အရိပ်အယောင်ပါ" ဟု စည်တော်ဝန် ခရီးသွားလုပ်ငန်းမှ ဦးမင်းနိုင်က ရှင်းပြသည်။

ရန်ကုန်လေဆိပ်မှ လာရောက်သူ အများစုသည် စီးပွားလုပ်ငန်း လုပ်ကိုင်ရန် လာရောက်သူက ပိုများပြီး ယခင်နိုဝင်ဘာလ တစ်လတည်းတွင် တစ်သိန်းကျော်လာ ရောက်ခဲ့ကြောင်း၊ ထိုသို့ ရန်ကန်လေဆိပ်မှ ဝင်ရောက်သူ ခရီးသည်များတွင် အာရှတိုက်မှ အများဆုံးဖြစ်သည်။ ဒုတိယအများဆုံး လိုက်သောနိုင်ငံများမှာ အနောက်ဥရောပ
နိုင်ငံများဖြစ်ပြီး မြောက်အမေရိက နိုင်ငံများမှ လာရောက်သူသည် တတိယနေရာ လိုက်ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်မှ မှတ်တမ်း တင်ထားသော စာရင်းများအရ ပြီးခဲ့သည့် ၂၀၁၁ခုနှစ် နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုသည် လူဦးရေ သုံးသိန်းကျော်ရှိပြီး ယခု၂၀၁၂ ခုနှစ် ကာလတူစာရင်းများ အရ ဧည့်သည်ဝင်ရောက်မှုသည် ငါးသိန်းဝန်းကျင်သို့ တိုးတက်လာခဲ့ကြောင်း သိရှိရသည်။

အောင်ကိုကို
The Myanma Age
ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ဧည့်သည်များ ပြည်တွင်းသို့ ဝင်ရောက်မှု မြင့်တက်လာခဲ့ရာ ရန်ကုန်လေဆိပ် တစ်ခုတည်းမှ ခရီးသွားများ လာရောက်မှုသည် ငါးသိန်းဝန်းကျင်သို့ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ရန်ကုန်လေဆိပ် မှ စုံစမ်းသိရှိရသည်။

ယခုနှစ်အတွင်း ပြည်ပခရီးသွား ဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာများ ထုတ်ပေးခဲ့ခြင်း၊ ကမ္ဘာသုံး ဗီဇာကတ်များ သုံးစွဲခွင့်ပြုပေးခြင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲ ပေးခဲ့ခြင်းနှင့်
နိုင်ငံခြားခရီးသွား ဧည့်သည်များ မျက်စိကျလာစေရန် ဆွဲဆောင်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခရီးသွားလာသူများ ယခင်နှစ်ကထက်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဦးတင်ထွန်းအောင်က ပြောကြားသည်။
 

နှစ်ပေါင်း(၁၅၅) နှစ်နီးပါးရှိ မန္တလေးနန်းမြို့ရိုး အနောက်ဘက် (အာဠ၀ီတံတား) ရှေးမူမပျက်ပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းစတင်

Photo: နှစ်ပေါင်း(၁၅၅) နှစ်နီးပါးရှိ မန္တလေးနန်းမြို့ရိုး အနောက်ဘက်
(အာဠ၀ီတံတား) ရှေးမူမပျက်ပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းစတင်
Thursday, 27 December 2012

နှစ်ပေါင်း(၁၅၅) နှစ်နီးပါးရှိ မန္တလေးနန်းမြို့ရိုး အနောက်ဘက် ကျုံးရေပြင်ဖြတ်သော ကြေးမုံအ၀င် အထွက် ပေါက်တံတား (အာဠ၀ီတံတား) ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာ၂၅ ရက်နေ့မှ စတင်ကာဆောင်ရွက်လျက် ရှိသည်။

အဆိုပါတံတားပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များ ကို ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှတာဝန်ယူ ဆောင်ရွက် နေခြင်းဖြစ်သည်။

“လောလောဆယ် တံတားပြုပြင်ရေး ဆောင် ရွက်ရာမှာ အန္တရာယ်
ကင်းရှင်းဖို့အတွက် ယာဉ်အသွား အလာ ခေတ္တပိတ်ထား ပါတယ်၊ တံတားကြီးကြံ့ ခိုင်ကောင်းမွန်ရေးအတွက်ကိုတော့ မန္တလေးတိုင်း ဒေသကြီး အစိုးရရဲ့ အစီစဉ်များနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရှေးဟောင်း သုတေ သန အမျိုးသားပြတိုက် နှင့်စာကြည့်တိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ) မှတာဝန်ခံ အင်ဂျင်နီယာ တစ်ဦးကပြောသည်။

မန်းကိုကို
Yangon Media Group
နှစ်ပေါင်း(၁၅၅) နှစ်နီးပါးရှိ မန္တလေးနန်းမြို့ရိုး အနောက်ဘက် ကျုံးရေပြင်ဖြတ်သော ကြေးမုံအ၀င် အထွက် ပေါက်တံတား (အာဠ၀ီတံတား) ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာ၂၅ ရက်နေ့မှ စတင်ကာဆောင်ရွက်လျက် ရှိသည်။ အဆိုပါတံတားပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များ ကို ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှတာဝန် ယူ ဆောင်ရွက် နေခြင်း ဖြစ်သည်။

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယား တွင် အဖမ်းခံရ

Photo: နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယား
တွင် အဖမ်းခံရ
Thursday, 27 December 2012

အတုအယောင် နိုင်ငံရေးခိုလှုံရန် ကြိုးစားမှုဖြင့် တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ဖမ်းဆီးလိုက်သော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား တချို့ ပါဝင်ကြောင်း သတင်းရရှိသည်။

မြန်မာ၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားသား ၂၁ ဦးကို တောင်ကို
ရီယား တရားရေးဝန်ကြီးဌာနက အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီယား အခြေစိုက် Chosun သတင်းတပုဒ်အရ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အရေ
အတွက်၊ ၄င်းတို့၏ အမည်နာမများကိုသိရှိရန် တောင်ကိုရီယားအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှ ကိုနေထွန်းနိုင်က တရားရေးဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ သွားရောက်
စုံစမ်းခဲ့သော်လည်း ထိမ်းသိမ်းခံထားရသူများ၏ လုံခြုံရေးအတွက် လူဦးရေနှင့် ကိုယ်ရေးအချက်အလက်များ အသိပေးခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော် အတည်ပြု ပြောနိုင်တာကတော့ သူတို့ဟာ ဒီ ကိုရီယားမှာ အခြေစိုက်တဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့အဖွဲ့တွေထဲက မဟုတ်ဘူး ဆိုတာပါဘဲ။ သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါ
လိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။ ဒါကလည်း အမေရိကန်တို့ သြဇီတို့မှာလို တခြားနိုင်ငံတွေက အခြေအနေ
လိုမျိုးပေါ့” ဟု ကိုနေထွန်းနိုင်က ဆိုသည်။

တောင်ကိုရီယားနိုင်ငံတွင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများအနေဖြင့်
နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများရှိသော်လည်း အများစုမှာသက်ဆိုင်ရာ
အခြေစိုက် အဖွဲ့အစည်းများမှတဆင့် လျှောက်ထားကြကြောင်း၊ ကိုရီယား
အစိုးရကလည်း အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို နားလည်သဘောပေါက်သည့်အတွက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်
လျှင် အလွန်အကျွံ ကိုင်တွယ်မှု ပြုလေ့မရှိကြောင်း သူက ဆက်ပြောသည်။

လတ်တလော တောင်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား ၁ ထောင် ၀န်းကျင်ခန့်ရှိနိုင်ပြီး ဒုက္ခသည်အဖြစ် နေထိုင်နေ
သူပေါင်း ရာဂဏန်းမျှရှိကြောင်း ကိုနေထွန်းနိုင်က ဆိုသည်။

အတုအယောင် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးစားသော နိုင်ငံခြားသားများကို
တောင်ကိုရီယား လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့သည် ဒုက္ခသည်အဖြစ် ရရှိရေးအတွက် ပွဲစားများကို ငွေ ကြေးပေးကာ ကြိုးစား
လုပ်ဆောင်ခဲ့ကြောင်း Chosun သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့အထဲမှ တချို့သည် ပါကစ္စတန် အတိုက်အခံ နိုင်ငံရေးအဖွဲ့မှဟုဆိုပြီး တာလီဘန်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် တောင်ကို
ရီယားနိုင်ငံတွင် နေထိုင်ခွင့်ရရန် လိမ်လည် လျှောက်ထားခဲ့ကြောင်း
တောင်ကိုရီယား တရားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

သို့သော် တောင်ကိုရီယား လ၀ကမှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့
ရာတွင် ၎င်းတို့သည် တောင်ကိုရီယား နိုင်ငံတွင် ဆက်လက်နေထိုင်ခွင့်ရရန် ကြိုးစားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ခိုလှုံခွင့် တောင်းသူများကလည်း
နောက်ပိုင်းတွင် ၀န်ခံခဲ့သည်ဟု သိရသည်။

နိုင်ငံခြားသားများအနေဖြင့် ဒုက္ခသည်အဆင့် သတ်မှတ်ရေးအတွက်
တောင်ကိုရီယား အစိုးရကတင်ပြလာသူများ၏ လျှောက်လွှာများကို စိစစ်၍ ပယ်ချခြင်း၊ သို့မဟုတ် တရားရုံးတခုတွင် အသနားခံခြင်းလုပ်ဆောင်နိုင်ခွင့် ရှိသည်ဟု သိရှိရသည်။

၁၉၉၇ ခုနှစ်တွင် တောင်ကိုရီယားနိုင်ငံ၌ ဒုက္ခသည်အဆင့် သတ်မှတ်ပေး
ခဲ့သူ ၁၂ ဦးရှိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် လူဦးရေ ၁၀၀ ကျော်အထိ ရှိလာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁၀ ဆအထိ မြင့်တက်လာလာကြောင်း
တောင်ကိုရီးယား လဝကက ပြောဆိုထားသည်။

လ၀က အရာရှိများ အဆိုအရ ဒုက္ခသည်လျှောက်ထားသည့် လျှောက်လွှာ
အများစုသည် သံသယဖြစ်စရာများ တွေ့ရကြောင်း ဆိုသည်။

“နိုင်ငံခြားသာတွေ ဒုက္ခသည်အဖြစ် လျှောက်ထားကြရင်သူတို့ရဲ့ လျှောက်လွှာ
ကို လက်ခံသည်ဖြစ်စေ၊ ပယ်ချလိုက်ရင်ဖြစ်စေ သူတို့ဟာ တောင်ကိုရီယားမှာ
၁ နှစ်ကနေ ၂ နှစ်အထိ တရားဝင် ဥပဒေကြောင်းအရ ရှိနေပိုင်ခွင့် ရှိပါ
တယ်” ဟု တောင်ကိုရီယား လ၀က အရာရှိ တဦးက Chosunသတင်းဌာနသို့
ပြောထားသည်။

အဆိုပါ တောင်ကိုရီယား ဥပဒေပါ အခွင့်အရေးကြောင့် လျှောက်ထားသူများ များပြားနေခြင်းဖြစ်ကြောင်း သူက မှတ်ချက်ပေးသည်။

“ဒုက္ခသည် လျှောက်ထားသူတွေဟာ ဒီမှာ နေထိုင်ခွင့်က ဆုံးဖြတ်ချက် တစုံတရာ မကျမချင်း နေလို့ရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုရှိကြတာကြောင့် အခုလို လုပ်ကြတာပါ။ ကျနော်တို့ကလည်း သံသယဖြစ်စရာ လျှောက် ထားသူတွေကို စုံစမ်းစိစစ်မှုတွေ စလုပ်ပြီး လုပ်ထုံလုပ်နည်းအရ မလျော်ညီတာတွေ တော်တော်များများ ဖော်ထုတ်
တွေ့ရှိလာဖွယ် ရှိပါတယ်” ဟု အဆိုပါ တောင်ကိုရီယား လ၀က အရာရှိက ဆက်ပြောထားသည်။

ဧရာဝတီ
အတုအယောင် နိုင်ငံရေးခိုလှုံရန် ကြိုးစားမှုဖြင့် တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ဖမ်းဆီးလိုက်သော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား တချို့ ပါဝင်ကြောင်း သတင်းရရှိသည်။ မြန်မာ၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားသား ၂၁ ဦးကို တောင်ကိုရီယား တရားရေးဝန်ကြီးဌာနက အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီယား အခြေစိုက် Chosun သတင်းတပုဒ်အရ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အရေအတွက်၊ ၄င်းတို့၏ အမည်နာမ များကိုသိရှိရန် တောင်ကိုရီယားအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှ ကိုနေထွန်းနိုင် က တရားရေးဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ သွားရောက်စုံစမ်းခဲ့သော်လည်း ထိမ်းသိမ်းခံထားရသူများ၏ လုံခြုံရေးအတွက် လူဦးရေနှင့် ကိုယ်ရေးအချက်အလက်များ အသိပေးခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

ထိုင်းနည်းပညာသုံး မီးသင်္ဂြိုဟ်စက် ရွှေတောင်မြို့တွင် တည်ဆောက်

ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ရွှေတောင်မြို့တွင် ပရဟိတ နာရေးကူညီမှု အသင်းက ဦးဆောင်ပြီး ရွှေတောင်မြို့၏ ပထမဆုံး မီးသင်္ဂြိုဟ်စက် ကို ဒရယ်ချောင်း သုသာန်တွင် စက်ကိရိယာ မသုံးဘဲ ထိုင်း နည်းပညာ သုံးကာ ဆောက်လုပ်ပြီး ဖြစ်ကြောင်း တာဝန်ယူ ဆောက်လုပ်သူ ဦးလှကြိုင် က ပြောကြားသည်။ နည်းပညာကို မြိတ်မြို့မှ ဦးဘိုနီက လှူဒါန်း ခဲ့ပြီး ၄င်း မီးသဂြိင်္ုလ်စက်တွင်လောင်စာ အနေနှင့် ထင်းကို အသုံး ပြုရကြောင်း လောင်ကျွမ်းချိန် တစ်နာရီ သာ လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

အမေရိကန်မှ ခရစ္စမတ်ကာလ မုန်တိုင်း

Photo: အမေရိကန်မှ ခရစ္စမတ်ကာလ မုန်တိုင်း
Thursday, 27 December 2012

အမေရိကန်နိုင်ငံတွင် ခရစ္စမတ် နှစ်သစ်ကူးကာလအတွင်း မုန်တိုင်း
တိုက်ခတ်မှုနှင့် ဆီးနှင်းအများအပြား ကျရောက်မှုကြောင့် လူ ၆ ဦး
သေဆုံးပြီး ဒေသခံ တစ်သိန်းကျော်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ရကြောင်း The Wall Street Journal သတင်းက ပြောကြားသည်။

မုန်တိုင်းနှင့် ဆီးနှင်းထူထပ်မှုကြောင့် ခရစ္စမတ်ကာလ ခရီးသွား
သူများမှာ လေယာဉ်ခရီးစဉ် နှောင့်နှေးမှုများ ကြုံတွေ့ရသည်။

ကြုံတောင့်ကြုံခဲ ဆောင်းတွင်းကာလ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူဝီစီးနီးယား၊ မစ္စစ္စပီနှင့် အလာဘာမားပြည်နယ်တို့တွင် အဆောက်အအုံ ပျက်စီးများရှိခဲ့သည်။ ထို့အတူ အီလီနွိုက်စ်ပြည်နယ်နှင့် အင်ဒီယာနာ
ပြည်နယ် တောင်ပိုင်းတို့တွင်လည်း ဆီးနှင်းများ အလွန်အမင်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။

Photo: AFP ImageForum
Planet Myanmar Network
အမေရိကန်နိုင်ငံတွင် ခရစ္စမတ် နှစ်သစ်ကူးကာလအတွင်း မုန်တိုင်း တိုက်ခတ်မှုနှင့် ဆီးနှင်းအများအပြား ကျရောက်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ဒေသခံ တစ်သိန်းကျော်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ရကြောင်း The Wall Street Journal သတင်းက ပြောကြားသည်။

မုန်တိုင်းနှင့် ဆီးနှင်းထူထပ်မှုကြောင့် ခရစ္စမတ်ကာလ ခရီးသွားသူများမှာ လေယာဉ်ခရီးစဉ် နှောင့်နှေးမှုများ ကြုံတွေ့ရသည်။ ကြုံတောင့်ကြုံခဲ ဆောင်းတွင်းကာလ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူဝီစီးနီးယား၊ မစ္စစ္စပီနှင့် အလာဘာမားပြည်နယ်တို့တွင် အဆောက်အအုံ ပျက်စီးများရှိခဲ့သည်။ ထို့အတူ အီလီနွိုက်စ်ပြည်နယ်နှင့် အင်ဒီယာနာပြည်နယ် တောင်ပိုင်းတို့တွင်လည်း ဆီးနှင်းများ အလွန်အမင်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network

ရက်ပိုင်းအတွင်း ယာဉ်တိုက်မှုသုံးခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများရှိခဲ့

Photo: ရက်ပိုင်းအတွင်း ယာဉ်တိုက်မှုသုံးခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများရှိခဲ့  
Thursday, 27 December 2012 

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ယာဉ်တိုက်မှု သုံးခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်း ထောင့်တွင် တိုယိုတာ ကဒီနားယာဉ်နှင့် တက္ကစီတစ်စီးတို့တိုက်မိခဲ့ရာ တက္ကစီယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၂ နာရီအချိန်တွင် ဂွတ်တလစ်ဈေးကွေ့၌ တိုယိုတာ ကလူဂျာယာဉ်သည် လမ်းဘေးတယ်လီဖုန်း ကွန်ကရစ်တိုင်အား ၀င်တိုက်မိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲတစ်နာရီခွဲ ၀န်းကျင်ခန့်တွင် တာမွေမြို့နယ် ဗညားဒလလမ်းအနီး  တိုယိုတာမတ်တူးနှင့် အငှားယာဉ်တစ်စီး တိုက်မိခဲ့ရာ အငှားယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် လေးဦးအနက် တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ယာဉ်တိုက်မှု သုံးခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်များမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်း ထောင့်တွင် တိုယိုတာ ကဒီနားယာဉ်နှင့် တက္ကစီတစ်စီးတို့တိုက် မိခဲ့ရာ တက္ကစီယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယူနီဖောင်း ဝတ်ဆင်ထားသော အာဖဂန် အမျိုးသမီး တစ်ဦးက အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးအား ပစ်သတ်

Photo: ယူနီဖောင်း ဝတ်ဆင်ထားသော အာဖဂန် အမျိုးသမီး တစ်ဦးက အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးအား ပစ်သတ်
Thursday, 27 December 2012

ကဘူးလ်မြို့ရှိ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဌာနချုပ်၌ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသော အာဖဂန် အမျိုးသမီး တစ်ဦးက အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးအား ပစ်သတ် ခဲ့ပါသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသော အမျိုးသမီး တစ်ဦးကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပါသည်။

အမျိုးသမီးမှာ တာလီဘန် အဖွဲ့နှင့် အဆက်အသွယ် ရှိသူ ဖြစ်လိမ့်မည်ဟု သံသယ ရှိကြောင်း အရာရှိ များက ပြောကြား ခဲ့ပါသည်။ 

တိုက်ခိုက်မှု ကြောင့် အမေရိကန် စစ်ဘက် အကြံပေး တစ်ဦး သေဆုံး ခဲ့ကြောင်းနှင့် အလွန်ဝမ်းနည်းဖွယ် ကောင်းသော ဖြစ်ရပ်တစ်ခု
ဖြစ်ကြောင်း နေတိုး အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြု ပြောကြား ခဲ့ပါသည်။

မြ၀တီ
ကဘူးလ်မြို့ရှိ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဌာနချုပ်၌ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသော အာဖဂန် အမျိုးသမီး တစ်ဦးက အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးအား ပစ်သတ် ခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသော အမျိုးသမီး တစ်ဦးကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပါသည်။

အမျိုးသမီးမှာ တာလီဘန် အဖွဲ့နှင့် အဆက်အသွယ် ရှိသူ ဖြစ်လိမ့်မည်ဟု သံသယ ရှိကြောင်း အရာရှိ များက ပြောကြား ခဲ့ပါသည်။ တိုက်ခိုက်မှု ကြောင့် အမေရိကန် စစ်ဘက် အကြံပေး တစ်ဦး သေဆုံး ခဲ့ကြောင်းနှင့် အလွန်ဝမ်းနည်းဖွယ် ကောင်းသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း နေတိုး အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြု ပြောကြား ခဲ့ပါသည်။

မြ၀တီ

မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ လွှတ်တင်မှု အပေါ်တွင် ကုလသမဂ္ဂမှ ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိပြီး အရေးယူ ဆောင်ရွက်ရာတွင် နှောင့်နှေး လိမ့်မည်ဟု ယူဆခြင်း

Photo: မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ လွှတ်တင်မှု အပေါ်တွင် ကုလသမဂ္ဂမှ
ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိပြီး အရေးယူ ဆောင်ရွက်ရာတွင် နှောင့်နှေး လိမ့်မည်ဟု ယူဆခြင်း
Wednesday, 26 December 2012

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မကြာသေးမီ ကာလ၌ ပြီးဆုံးခဲ့သည့်
မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ ပစ်လွှတ်မှုအား အရေးယူ ဆောင်ရွက်ရန် အလားအလာ မရှိကြောင်းနှင့် တရုတ် နိုင်ငံမှလည်း အရေးယူ ပိတ်ဆို့မှု များအား လိုလားလျက် မရှိကြောင်း တောင်ကိုရီးယား အရာရှိများမှ ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယား နိုင်ငံမှ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဒုံးပျံ လွှတ်တင်ခဲ့ မှုအား ကုလသမဂ္ဂမှ ဝေဖန် ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ၏ တားမြစ်ချက်အား ချိုးဖောက်သည့် အတွက် အရေးယူ ဆောင်ရွက်ရန်နှင့် တာဝေးပစ် ဒုံးပျံများ ထုတ်လုပ်မှုများအား ပိတ်ပင်ရန် တောင်ကိုရီးယား နိုင်ငံမှ တောင်းဆို ခဲ့ကြောင်း သိရှိရ ပါသည်။

မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ လွှတ်တင်မှု အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိပြီးမြောက်ကိုရီးယား
နိုင်ငံအား အရေးယူ ဆောင်ရွက် ရန် တောင်ကိုရီးယားနှင့် အမေရိကန်
နိုင်ငံတို့မှ တောင်းဆို ထားကြောင်း၊ မြောက်ကိုရီးယား နိုင်ငံအား အရေးယူ ဆောင်ရွက် မှုတွင် တရုတ် နိုင်ငံသည် ၎င်းနိုင်ငံနှင့် မဟာမိတ်နိုင်ငံ ဖြစ်သည့် အတွက် ဗီတိုအာဏာ သုံး၍ ပယ်ဖျက်
နိုင်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါ သည်။

မြောက်ကိုရီးယား နိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အရေးယူ
ဆောင်ရွက်ရန် တရုတ် နိုင်ငံမှလည်း အနည်းငယ် ဆန္ဒရှိကြောင်း အခြား ဝန်ကြီးဌာန၏ အရာရှိများမှ ပြောကြား ခဲ့ပါသည်။ မြောက်ကိုရီးယား၏ ဒုံးပျံ လွှတ်တင်မှုအား ကုလသမဂ္ဂမှ အရေးယူ ဆောင်ရွက်လျှင် ဟန့်တားလိမ့်မည် မဟုတ်ကြောင်းနှင့် အရေးယူ ဆောင်ရွက်မည် ဆိုပါက စဉ်းစား သုံးသပ်ပြီးမှ ပြုလုပ်သင့်ကြောင်း တရုတ်နိုင်ငံမှ ပြောကြားခဲ့ ပါသည်။

မြောက်ကိုရီးယား နိုင်ငံသည် အလေးချိန် ကီလိုဂရမ် ၅ဝဝ နှင့် ၆ဝဝ အကြားရှိ ဒုံးကျည် ထိပ်ဖူး တပ်ဆင်ထားသော ကီလိုမီတာ ၁ဝ,ဝဝဝ ကျော် ပစ်လွှတ်နိုင်သည့် billistic ဒုံးကျည်အား တီထွင် နိုင်ခဲ့ကြောင်း တောင်ကိုရီး ယား ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၃ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။

၎င်းဒုံးကျည်သည် ဆန်ဖရန်စစ္စကို အပါအဝင် အမေရိကန် နိုင်ငံ၏ အနောက်ဘက် ကမ်းခြေအထိ ရောက်ရှိကြောင်း တောင်ကိုရီးယား နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရှိရ ပါသည်။ ယခင် မြောက်ကိုရီး ယား နိုင်ငံသည် နျူကလီးယားနှင့် ဒုံးပျံ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ၂ဝဝ၉ ခုနှစ် မှစ၍ ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများ ခံခဲ့ရကြောင်း သိရှိရ ပါသည်။

မြ၀တီ
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မကြာသေးမီ ကာလ၌ ပြီးဆုံးခဲ့သည့်မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ ပစ်လွှတ်မှုအား အရေးယူ ဆောင်ရွက်ရန် အလားအလာ မရှိကြောင်းနှင့် တရုတ် နိုင်ငံမှလည်း အရေးယူ ပိတ်ဆို့မှု များအား လိုလားလျက် မရှိကြောင်း တောင်ကိုရီးယား အရာရှိများမှ ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယား နိုင်ငံမှ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဒုံးပျံ လွှတ်တင်ခဲ့ မှုအား ကုလသမဂ္ဂမှ ဝေဖန် ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ၏ တားမြစ်ချက်အား ချိုးဖောက်သည့် အတွက် အရေးယူ ဆောင်ရွက်ရန်နှင့် တာဝေးပစ် ဒုံးပျံများ ထုတ်လုပ်မှုများအား ပိတ်ပင်ရန် တောင်ကိုရီးယား နိုင်ငံမှ တောင်းဆို ခဲ့ကြောင်း သိရှိရ ပါသည်။

Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်

Photo: Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်  
Thursday, 27 December 2012

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင်
လေယာဉ်မယ်အဖြစ် တာဝန်ယူလိုက်ပါကာ ခရီးသည်များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) မှ သူမကြုံတွေ့ခဲ့ရသည်များကို Eleven Media Group သို့ ပြောပြခဲ့သည်
များအား ဖော်ပြအပ်ပါသည်။

''ဟဲဟိုးလေဆိပ်ကို ဆင်းသက်ဖို့အတွက် ကပ္ပတိန်ရဲ့ ညွှန်ကြားချက်ရလို့ ခရီးသည်တွေထိုင်ခုံမှာ လူစုံရှိ၊ မရှိ လေယာဉ်တံခါးတွေ ဖွင့်ထားလား၊ ပြီးတော့ အိမ်သာထဲမှာ လူရှိ၊ မရှိစတဲ့ စစ်ဆေးရမယ့်အရာတွေကို
သေချာစစ်ပြီးမှ အားလုံး Clear  ဖြစ်တယ်ဆိုမှ Captain ကို အင်တာကွန်
ကနေတစ်ဆင့် သတင်းပေးပို့ခဲ့တယ်။

လေယာဉ်ဆင်းခါနီး ဂီယာချတဲ့ အချိန်ထိ အခြေအနေအားလုံး normal ပါ။ ဘီးနဲ့မြေကြီး ထိသွားချိန်မှသာ normal landed မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ကျွန်မအရေးပေါ်တံခါးကို ရအောင်ဖွင့်ပါတယ်။ ခရီးသည်တွေကို အပြင်ကို အမြန်ထွက်နိုင်အောင်
အော်ပြောပြီး တံခါးကိုပြတယ်။ ကျွန်မဘက်က တံခါးက ရုတ်တရက် ဖွင့်လို့မရလို့ တစ်ဘက်အပေါက်ကနေ ထွက်ခိုင်းခဲ့ပါတယ်။

နောက်တော့ ကျွန်မဘက်ကတံခါးက ဖွင့်လို့ရသွားပြီး ခရီးသည်တွေကို
လေယာဉ်ရဲ့ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထွက်လို့ရအောင် စီစဉ်ပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ လေးဖက်ထောက်ပြီး ထွက်လာတဲ့ ခရီးသည်တွေကို တွေ့လာရတယ်။ လေယာဉ်မောင်လည်း အတူပါလာတယ်။
လေယာဉ်မောင်ထွက်လာပြီး နောက်လေယာဉ်မယ်တစ်ဦးက လေးဖက်
ထောက်ပြီး ထွက်လာတာကို တွေ့ရတယ်။

သူက လေယာဉ်ရဲ့ နောက်ဆုံးခုံမှာ ထိုင်တာဖြစ်တဲ့အတွက် သူ့ကိုမြင်လိုက်ရတာနဲ့ ခရီးသည်ကုန်ပြီလို့ ကိုယ်တိုင်လည်း သတ်မှတ်လိုက်တယ်။ သင်ကြားခဲ့တဲ့ သင်ကြားမှုတွေမှာလည်း ဒီလိုပဲ သတ်မှတ်တယ်။ အဲဒီအချိန်မှာ လေယာဉ်ထဲမှာ မီးခိုးလုံးတွေက အရမ်းဝေ့နေပြီ။ တစ်ပေအကွာကိုတောင် မမြင်ရ တော့ဘူး။ ဒါကြောင့်မို့ အားလုံးအပြင်ကို ထွက်ကြပါလို့ ထပ်အော်ပြောခဲ့ပြီး အောက်ကို ဆင်းချလာခဲ့ပါတယ်။ နောက်ဆုံးဆင်းလာတဲ့ လေယာဉ်မယ်ကလည်း သူ့ရဲ့ခေါင်းကို မီးဟပ်ခံခဲ့ရပါတယ်။

လေယာဉ်အပြင်ဘက်ကို ရောက်တာနဲ့ ကျွန်မတို့ လေယာဉ်မောင်မယ်
တွေက ဒဏ်ရာရတဲ့ခရီးသည်တွေကို ဟဲဟိုးဆေးရုံပို့နိုင်ဖို့ စုစည်းထားပြီး ကျွန်မတို့ Air Bagan လေကြောင်းလိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေ လာတာကို စောင့်ခဲ့တယ်။

Eleven Media Group
ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေယာဉ်မယ်အဖြစ် တာဝန်ယူလိုက်ပါကာ ခရီးသည်များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) မှသူမကြုံတွေ့ခဲ့ရ သည်များကို Eleven Media Group သို့ ပြောပြခဲ့သည်များအား ဖော်ပြအပ်ပါသည်။

''ဟဲဟိုးလေဆိပ်ကို ဆင်းသက်ဖို့အတွက် ကပ္ပတိန်ရဲ့ ညွှန်ကြားချက်ရလို့ ခရီးသည်တွေထိုင်ခုံမှာ လူစုံရှိ၊ မရှိ လေယာဉ်တံခါးတွေ ဖွင့်ထားလား၊ ပြီးတော့ အိမ်သာထဲမှာ လူရှိ၊ မရှိစတဲ့ စစ်ဆေးရမယ့်အရာတွေကို
သေချာစစ်ပြီးမှ အားလုံး Clear ဖြစ်တယ်ဆိုမှ Captain ကို အင်တာကွန်ကနေတစ်ဆင့် သတင်းပေးပို့ခဲ့တယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘ၀ အကျိုးသက်ရောက်မှုကို မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ရက်အတွင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တင်ပြမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်နိုင်ရန်နှင့် လူမှုဘ၀အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ ရက်အတွင်း လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်သို့ တင်ပြမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန် ချက် ၄/၂၀၁၂ တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် သရုပ်ဆောင်၂၁ဦး ရွေးချယ်မည်

Photo: ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် သရုပ်ဆောင်၂၁ဦး ရွေးချယ်မည်
Wednesday, 26 December 2012

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်မည့် ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင်၂၁ဦးကို ယခုလအတွင်း ရွေးချယ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ကိုဇော်သက်ထွေးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ဇာတ်ကားတွင် ပါဝင်သည့် ဇာတ်ကောင် နေရာများ အတွက် လက်ရှိ ရုပ်ရှင်လောကမှ သရုပ်ဆောင်များ၊ ရုပ်ရှင် သင်တန်း များမှ သင်တန်းသား များ၊ သရုပ်ဆောင်ရန် စိတ်ဝင်စားသော နိုင်ငံသားများ အနက်မှ သင့်တော်သူ များကို ရွေးချယ် သွားမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါ သရုပ်ဆောင်၂၁ဦး နေရာ များမှာ သခင် လှဖေ (ဗိုလ်လက်ျာ) ( ၁၉၁၁ - ၁၉၇၈ )၊ သခင် လှမြိုင် (ဗိုလ်ရန်အောင်) ( ၁၉၁၇ - ၁၉၆၇)၊ သခင်ရှုမောင် (ဗိုလ်နေဝင်း ) (၁၉၁၀ - ၁၉၉၂ )၊ သခင်နု (၁၉၀၇ - ၁၉၉၅)၊ ဒေါက်တာဘမော် (၁၈၉၃ - ၁၉၇၇ )၊ ဂဠုန်ဦးစော၊ သခင်ထွန်းအုပ် (၁၉၀၇ - ၁၉၇၀ )၊ သခင်ဘစိန်၊ သခင်မြ၊ ဦးတင်ထွဋ် (၁၈၉၅ - ၁၉၄၈ )၊ သခင်စိုး (၁၉၀၆ - ၁၉၈၉ )၊ ဦးသိန်းဖေမြင့် (၁၉၁၄ -၁၉၇၈ )၊ ဦးကျော်ငြိမ်း (၁၉၁၅ -၁၉၈၆ )၊ သခင်လေးမောင်၊ ဒေါက်တာ သိန်းမောင်၊ ကိုအုံး၊ ဦးညိုမြ (၁၉၁၄ - ၁၉၈၅ )၊ ဦးရာရှစ်၊ ဦးသီဟန်၊ ကိုဗဟိန်း (၁၉၁၄ -၁၉၄၆ )၊ သခင် သန်းထွန်း တို့ ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ထံမှ သိရသည်။

ရုပ်ရှင် သရုပ်ဆောင် ရွေးချယ်ရေး အဖွဲ့ဝင်များ ဖြစ်ကြသော ဦးလူမင်း၊ ဦးမျိုးမင်း၊ ကိုဝိုင်း ၊ ဒေါ်အိအိခိုင်၊ မကြည်ဖြူသျှင်၊ မထွန်းအိန္ဒြာဗို တို့နှင့် အခြား ရုပ်ရှင်ပညာရှင် များက သရုပ်ဆောင် ပညာ များကို ပို့ချ သင်ကြား ပေးမည် ဖြစ်ပြီး အင်္ဂလိပ်စာ အရည်အသွေး မြှင့်တင်ခြင်း နှင့် အခြား ဘာသာရပ် များလည်း သင်ကြား ပို့ချမည် ဖြစ်ကြောင်း၊ ရုပ်ရှင်ဇာတ်ညွှန်း ဖြစ်မြောက်ရေး အဖွဲ့တွင် ဦးကြည်စိုးထွန်း နှင့် ဦးချစ်ဦးညို တို့ ပါဝင်ကြောင်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား၏ အဓိက နေရာများ
ဖြစ်သည့်ဗိုလ်ချုပ်အောင်ဆန်းနှင် ဒေါ်ခင်ကြည်၏ နေရာတွင် သရုပ်ဆောင် ရန် ရွေးချယ် ထားသူ များကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးခန်း၌သရုပ်ဆောင် သင်တန်းများ ပို့ချ ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားကို လာမည့် ၂နှစ် အတွင်း အပြီး ရိုက်ကူးမည် ဖြစ်သည်။

The Voice Weekly
ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်မည့် ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင်၂၁ဦးကို ယခုလအတွင်း ရွေးချယ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ကိုဇော်သက်ထွေးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ဇာတ်ကားတွင် ပါဝင်သည့် ဇာတ်ကောင် နေရာများ အတွက် လက်ရှိ ရုပ်ရှင်လောကမှ သရုပ်ဆောင်များ၊ ရုပ်ရှင် သင်တန်းများမှ သင်တန်းသားများ၊ သရုပ်ဆောင်ရန် စိတ်ဝင် စားသော နိုင်ငံသားများ အနက်မှ သင့်တော်သူ များကို ရွေးချယ် သွားမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ဧည့်လမ်းညွှန်များစာရင်းကို သတင်းစာတွင်မှားယွင်းဖော်ပြထားသည်ဟု ဧည့်လမ်းညွှန်အသင်းကပြောကြား

Air Bagan လေယာဉ် ပျက်ကျမှုတွင် လေယာဉ်ပေါ်တွင် ပါဝင်သော ဧည့်လမ်းညွှန် အရေအတွက်မှာ ၄ဦးဖြစ်ကြာင်းနှင့် နိုင်ငံပိုင် သတင်းစာများတွင် ၂ဦးဟု မှားယွင်းစွာ ဖော်ပြထားကြောင်းနှင့်သေဆုံး သွားသော မနွယ်လင်းရှိန်အား ခရီးသည်ဟုဖော်ပြထားခြင်းကိုပြင်းထန်စွာ ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကန်တော်ကြီးပဲလေစ့် ဟိုတယ်တွင် Air Bagan မှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တက်ရောက် ပြောကြားသည်။

တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း

Photo: တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း 
Wednesday, 26 December 2012

တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက် တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံ အပါအဝင် ဒေသ ကိုးခုမှ ရဲအရာရှိ များသည် ကလေးမှောင်ခို ဂိုဏ်းကို ဖြိုခွင်းရန် အတွက် ပူးပေါင်း စစ်ဆင်ရေး တစ်ခုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်လုပ်ဆောင် ခဲ့ကြ ကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန လူမှောင်ခို ဆန့်ကျင် တိုက်ဖျက်ရေး ရုံးမှ ညွှန်ကြားရေးမှူး ချန်ရှီကူ က ပြောကြား ခဲ့သည်။

လူမှောင်ခို ဂိုဏ်းမှ ကယ်တင် နိုင်ခဲ့သည့် ကလေးသူငယ် များကို
ဒေသတွင်းရှိ ပြုစု စောင့်ရှောက်ရေး ဌာန များတွင် ပြုစု စောင့်ရှောက်လျက် ရှိပြီး ၎င်းတို့၏ မိဘများကို ရဲတပ်ဖွဲ့ဝင် များက ရှာဖွေလျက် ရှိကြောင်း   ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကလေးငယ် များ၏ DNA စစ်ဆေးချက် များကို စုဆောင်း၍ ၎င်း DNA စစ်ဆေးချက် များကို အမျိုးသား DNA စစ်ဆေးရေး ဌာန၏ ကွန်ပျူတာ အချက်အလက် များအတွင်း ထည့်သွင်း၍ ကလေးများ၏ မိဘများကို ရှာဖွေ ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း ချန်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်း ဌာနက ပြောကြားခဲ့ သည်။ 

ယူနန်ကဲ့သို့ ဆင်းရဲသော ပြည်နယ်များတွင် ကျန်းမာသော နို့စို့ အရွယ်
ယောက်ျားလေး တစ်ဦးကို  ယွမ်ငွေ ၃ဝဝဝဝ (အမေ ရိကန်ဒေါ်လာ၄၈၁ဝ)
ဖြင့် ပေးဝယ်၍  ဖူကျန့်နှင့်  ဂွမ်ဒေါင်းပြည်နယ်ကဲ့သို့ ကြွယ်ဝ ချမ်းသာသော
ပြည်နယ်များသို့ ယွမ်ငွေ ၇ဝဝဝဝ မှ ၉ဝဝဝဝ ဖြင့် ရောင်းချနိုင်ကြောင်း၊ လူကုန်ကူး မှုသည် အကျိုးအမြတ် များသောကြောင့် လူကုန်ကူးမှု လုပ်ငန်း ကြီးထွားလျက် ရှိသည်ဟု ဖူကျန့်ပြည်နယ် တရား ဥပဒေ စိုးမိုးရေး အဆင့်မြင့် အရာရှိ ဝမ်ဆီဇန်က ပြောကြားထားသည်။

မြ၀တီ
တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက် တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံ အပါအဝင် ဒေသ ကိုးခုမှ ရဲအရာရှိ များသည် ကလေးမှောင်ခို ဂိုဏ်းကို ဖြိုခွင်းရန် အတွက် ပူးပေါင်း စစ်ဆင်ရေး တစ်ခုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်လုပ်ဆောင် ခဲ့ကြ ကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန လူမှောင်ခို ဆန့်ကျင် တိုက်ဖျက်ရေး ရုံးမှ ညွှန်ကြားရေးမှူး ချန်ရှီကူ က ပြောကြား ခဲ့သည်။

သီရိလင်္ကာတွင် အွန်လိုင်းမှတစ်ဆင့် ငွေလိမ်သူ တရုတ်နိုင်ငံသား ၁၀၀ ကျော် အဖမ်းခံရ

Photo: သီရိလင်္ကာတွင် အွန်လိုင်းမှတစ်ဆင့် ငွေလိမ်သူ တရုတ်နိုင်ငံသား ၁၀၀ ကျော် အဖမ်းခံရ  
Wednesday, 26 December 2012

သီရိလင်္ကာနိုင်ငံတွင် အင်တာနက်မှတစ်ဆင့် ငွေလိမ်ယူနေသော တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက
ပြောကြားခဲ့သည်။

သီရိလင်္ကာ ဗီဇာကိုင်ထားသော ယင်းတရုတ်နိုင်ငံသားတို့သည် တရုတ်နိုင်ငံတွင်းရှိ ကွန်ပျူတာများ၏ အချက်အလက်များကို ခိုးယူကာ သီရိလင်္ကာရှိ ဘဏ်စာရင်းများထံ ငွေလွှဲပေးရန် လိမ်လည်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်ရဲများက သီရိလင်္ကာရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီး မြို့တော်ကိုလံဘိုဝန်းကျင်တွင် ဒီဇင်ဘာ ၂၁ ရက်နေ့က စီးနင်းရှာဖွေရာ၌ ယင်းကဲ့သို့ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စအတွက် ကိုလံဘိုရှိ တရုတ်သံရုံးကို မေးမြန်းရာတွင်
ဖြေကြားခဲ့ခြင်း မရှိပေ။

သီရိလင်္ကာတွင် တည်ထောင်ထားသော တရုတ်တို့၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာက လာရောက်အလုပ်လုပ်နေကြသည်။ အများစုမှာ ခရီးသွားဗီဇာများဖြင့် ၀င်လာကြပြီး ၀န်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်လေ့ရှိကြသည်။

အရှေ့တောင်အာရှတွင် တရုတ်သြဇာကြီးမားလာသည်နှင့်အမျှ သီရိလင်္ကာတွင်လည်း တရုတ်နိုင်ငံသားများသည် အလုံးအရင်းနှင့်
မြှုပ်နှံလျက်ရှိကြသည်။ ပြီးခဲ့သည့် ဇွန်လကပင် အပူပိုင်းဇုန်ထဲရှိ ကျွန်းတစ်ကျွန်းဖြစ်သော သီရိလင်္ကာတွင် တရုတ်တို့၏ချေးငွေဖြင့် တည်ဆောက်ထားသော ပထမဆုံးဆိပ်ကမ်းကို ဖွင့်လှစ်နိုင်ခဲ့သည်။

Ref,Reuters, AFP
Eleven Media Group

သီရိလင်္ကာနိုင်ငံတွင် အင်တာနက်မှတစ်ဆင့် ငွေလိမ်ယူနေသော တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကပြောကြားခဲ့ သည်။ သီရိလင်္ကာ ဗီဇာကိုင်ထားသော ယင်းတရုတ်နိုင်ငံသားတို့သည် တရုတ်နိုင်ငံတွင်းရှိ ကွန်ပျူတာများ၏ အချက်အလက်များကို ခိုးယူကာ သီရိလင်္ကာရှိ ဘဏ်စာရင်းများထံ ငွေလွှဲပေးရန် လိမ်လည်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပခုက္ကူမြို့တွင် ပုဂ္ဂလိကကုမ္ပဏီခွဲများမှ ၀န်ထမ်းသစ်များ ခေါ်ယူမှု များပြားလာသော်လည်း အလုပ်လက်မဲ့ ဘွဲ့ရလူငယ် အများအပြားရှိနေသေး

Photo: ပခုက္ကူမြို့တွင် ပုဂ္ဂလိကကုမ္ပဏီခွဲများမှ ၀န်ထမ်းသစ်များ ခေါ်ယူမှု များပြားလာသော်လည်း အလုပ်လက်မဲ့ ဘွဲ့ရလူငယ် အများအပြားရှိနေသေး  
Wednesday, 26 December 2012

ပခုက္ကူမြို့တွင် ၂၀၁၂ ခုနှစ်အတွင်း လူသုံးကုန်ပစ္စည်း ကုမ္ပဏီခွဲများ လာရောက်ဖွင့်လှစ်ခြင်းနှင့် ဘဏ်ခွဲများဖွင့်လှစ်မှု များပြားလာသည့်
အတွက် ၀န်ထမ်းသစ်ခေါ်ယူမှုများကြောင့် ဒေသခံလူငယ်များကြား အလုပ်အကိုင်ရရှိရေး မျှော်လင့်လာကြောင်း သိရှိရပါသည်။

ကုမ္ပဏီများ၊ ဘဏ်ခွဲသစ်များမှ အလုပ်ခေါ်ယူမှုများအား မြို့ခံလူငယ်များသာမက အနီးနားရှိမြို့များမှ လူငယ်များပါ လာရောက်လျှောက်ထားကြသော်လည်း အလုပ်လက်မဲ့ လူငယ်ဘွဲ့ရနှင့် အလုပ်အကိုင် အခွင့်အလမ်းမှာ မျှတမှုရှိရန် လိုအပ်နေသေးကြောင်း သိရသည်။

“ရေစကြိုကနေ လာလျှောက်တာ။ ညီမတို့ဆီမှာက အလုပ်ရဖို့ မလွယ်ဘူး။ ပုဂ္ဂလိက ကုမ္ပဏီဆိုတာလည်း မရှိသလောက်ပဲ။ အခုပခုက္ကူမှာရှိတဲ့ ကုမ္ပဏီတွေ၊ ဘဏ်တွေက ၀န်ထမ်းသစ်ခေါ်တာများလို့ လာလျှောက်တာ။ အလုပ်ရရင်တောင် အဆောင်နေပြီး လုပ်ရမှာ။ အလုပ်မရှိလို့ကလည်း မဖြစ်တော့ အလုပ်လိုချင်တယ်။ လူအများကြီးကို အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ စက်ရုံတွေလာရင်တော့ ပိုကောင်းတာပေါ့။ ဘွဲ့ရပြီးအလုပ်မရှိတဲ့ လူငယ်တွေ အများကြီးရှိတယ်” ဟု ဓာတုဗေဒဖြင့် ဘွဲ့ရပြီး အလုပ်အကိုင်ရရှိရေးအတွက် ဘဏ်တွင်အလုပ်လျှောက်ထားနေသူ တစ်ဦးက ပြောသည်။

“ပခုက္ကူမှာ အရင်ထက်စာရင် ပုဂ္ဂလိကလုပ်ငန်းတွေလည်း များလာတော့ အလုပ်ခေါ်တာတွေလည်း များလာတယ်။ ဒါပေမယ့် ဘွဲ့ရအလုပ်လက်မဲ့နဲ့ အလုပ်ခေါ်တာနဲ့ မမျှတော့ မျှော်လင့်ချက် နည်းပါတယ်။ အခုပုဂ္ဂလိကဘဏ်က အငယ်တန်းစာရေး လာလျှောက်တာခေါ်မှာက ဆယ်ဂဏန်းလောက်ပဲ အစ်ကိုရ။ လျှောက်တဲ့သူက ၂၀၀ ကျော်ရှိတယ်။ အစိုးရအလုပ်ကလည်း သိပ်မခေါ်တော့ ပုဂ္ဂလိကဘက်ကိုပဲ တိုးနေရတာ။ လူအများကြီး အလုပ်ရနိုင်တဲ့ စက်ရုံတွေကလည်း မြို့ကြီးတွေမှာပဲ တည်ကြတော့ နယ်တွေမှာက အလုပ်ရဖို့ မလွယ်ဘူး” ဟု ဥပဒေဖြင့် ဘွဲ့ရပြီး အလုပ်ရရှိရေး မျှော်လင့်နေသူတစ်ဦးက ပြောသည်။

Eleven Media Group
ပခုက္ကူမြို့တွင် ၂၀၁၂ ခုနှစ်အတွင်း လူသုံးကုန်ပစ္စည်း ကုမ္ပဏီခွဲများ လာရောက်ဖွင့်လှစ်ခြင်းနှင့် ဘဏ်ခွဲများဖွင့်လှစ်မှု များပြားလာသည့်အတွက် ၀န်ထမ်းသစ်ခေါ်ယူမှုများကြောင့် ဒေသခံလူငယ်များကြား အလုပ်အကိုင်ရရှိရေး မျှော်လင့်လာကြောင်း သိရှိရပါသည်။

ကုမ္ပဏီများ၊ ဘဏ်ခွဲသစ်များမှ အလုပ်ခေါ်ယူမှုများအား မြို့ခံလူငယ်များသာမက အနီးနားရှိမြို့များမှ လူငယ်များပါ လာရောက်လျှောက်ထားကြသော်လည်း အလုပ်လက်မဲ့ လူငယ်ဘွဲ့ရနှင့် အလုပ်အကိုင် အခွင့်အလမ်းမှာ မျှတမှုရှိရန် လိုအပ်နေသေးကြောင်း သိရသည်။

My Blog List