Friday, June 20, 2014

နိုင်ငံတစ်ဝန်းလုံး သန်းခေါင် စာရင်းမြေပြင်ကွင်းဆင်းကောက်ယူမှုလုပ်ငန်းစဉ် ပြီးဆုံးကြောင်းအသိပေးကြေငြာချက်ထုတ်ပြန်


နိုင်ငံတစ်ဝန်းလုံး သန်းခေါင် စာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှုလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်ပါကြောင်းပြည် သူ လူထုသို့ အသိပေးကြေငြာချက်ကိုဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ယနေ့ထုတ်ပြန်သည်။

PR စနစ်ကို တိုင်းရင်းသားပါတီတွေ ကန့်ကွက်ဆန္ဒပြမည်


PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းရင်းသားနိုင်ငံရေး ပါတီ ၂၀ နဲ့ စုဖွဲ့ထားတဲ့ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း NBF က ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ NBF ခေါင်းဆောင်တွေက ဒီကနေ့ ပြောပါတယ်။

ကိုမင်းကိုနိုင်နဲ့အဖွဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့


သြစတြေးလျနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေနဲ့ သြစတြေးလျအစိုးရက ပါဝင်ကူညီနိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ်များကို အိမ်တွင်သာကြည့်ရန် ကင်ညာအစိုးရ ကြေညာချက် ထုတ်ပြန်ထား


ကင်ညာအစိုးရသည် လုံခြုံရေးအခြေအနေကြောင့် ကမ္ဘာ့ဖလားပွဲစဉ်များကိုလူစည်ကားရာနေရာတွင်ကြည့် ရှုခြင်းမပြုဘဲ မိမိနေအိမ်တွင်သာကြည့်ရှုရန် အများပြည်သူများထံ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်အား ဖေ့စ်ဘွခ်ကိစ္စနှင့်ပတ်သက်၍ ဦးရဲထွဋ်လူချင်းတွေ့ဆုံ တောင်းပန်



သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ၎င်း၏ဇနီးသည်မှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် ဓါတ်ပုံ ပညာဖြင့် ပြုပြင်ထားသော ပုံတပုံ ဖေ့စ်ဘွခ်ပေါ်၌ ရှယ်ခဲ့ခြင်းကို ပြည်ထောင်စုလွှတ်တော်၌ တွေ့ဆုံစဉ် ကာယကံမြောက် တောင်းပန်ခဲ့သည်။


လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် ‘ဒါဒို့မြေ’ ဇာတ်ကား ဆုနှစ်ဆု ရရှိ


မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် မြန်မာဒါရိုက်တာ စိုင်းကောင်ခမ်း ရိုက်ကူးတဲ့ This Land is Our Land (ဒါဒို့မြေ) အမည်ရှိ ဇာတ်ကားက ဆု ၂ ဆု ရရှိသွားခဲ့ပါတယ်။

ဦးဆန်းဆင့်ကို တာဝန်ကရပ်စဲပြီး အမှုဖွင့်အရေးယူထားတာ ဘာကြောင့်လဲ



ဇွန်လ ၁၉ရက်မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ တာဝန်ကရပ်စဲပြီး တပြိုင်တည်း နေပြည်တော်၊ ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄၀၉/ ၁၀၉ နဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်က အရေးယူထားတာ မှန်ကန်ကြောင်း ပြောပါတယ်။

ဖမ်းဆီးခံ သံဃာ ၅ ပါးကို အာမခံဖြင့် ပြန်လွှတ်



ဝတ်ဆင်ထားတဲ့ သံဃာ ၅ ပါးကို ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီးနောက် ညနေ ၄ နာရီကျော် က အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဇွန်လ ၁၁ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲပြီး တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့တာပါ။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် ကို အရေးယူလိုက်တဲ့ကိစ္စ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ရှင်းလင်းပြောကြား


သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အရေးယူလိုက်တဲ့ကိစ္စ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် ရှင်းလင်းပြောကြား

RFA Burmese

မြန်မာ အလုပ်သမားတွေ အဆင်ပြေရေး ဆောင်ရွက်နေတယ် ဆိုတဲ့ သံအမတ်ကြီး ဦးဝင်းမောင်


မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးတို့ဟာ ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေ အရေးနဲ့ပတ်သက်ပြီး လျစ်လျူရှုမှုတွေ ရှိနေတယ်၊ မကြာသေးခင်က မြန်မာ အလုပ်သမားတွေ ဖမ်းဆီး ပြန်ပို့ မှုတွေနဲ့ ပတ်သက်ပြီး တော့လည်း မြန်မာသံရုံးက နှုတ်ဆိတ် နေတယ်ဆိုပြီး မြန်မာအလုပ် သမား အရေး ကူညီနေသူတွေက ဝေဖန်ပြစ်တင်မှုတွေ ရှိနေပါတယ်။

ဆရာတော်ဦးဥတ္တရနှင့် လူဝတ်လဲဖမ်းဆီးထားသည့် သံဃာတော်ငါးပါးကို ရုံးထုတ်




ဦးဆန်းဆင့် ပြည်သူပိုင်ငွေအလွဲသုံးစား အမှုအပြင် အခြားပြစ်ချက်များရှိနေသေးဟု ဦးရဲထွဋ်ပြောဆို


သာသနာရေးရာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ပြည်သူငွေအလွဲသုံးစားလုပ်သည့် ကိစ္စအပြင် တခြားသော အကြောင်းအရာများလည်းရှိနေခြင်းကြောင့် ပြည်ထောင်စုဝန်ကြီးတာဝန်ကနေ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင် အား ရာထူးမှ နုတ်ထွက်ခွင့်ပြု


ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် တာဝန်မှရပ်စဲ



၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရေး ဆွေးနွေး


၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲစတင်နိုင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် မှုကော်မတီနဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့တို့ ဆွေးနွေးခဲ့ပါတယ်။ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့တို့ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မဟာသန္တိသုခကျောင်းတိုက်ဆရာတော်များအရေး တရားရုံးမှာ စစ်ဆေးမည်


အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်းတိုက်က ဗြိတိသျှ နိုင်ငံသား ဆရာတော် ဦးဥတ္တရ နဲ့ သံဃာ ၄ပါးအမှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့သံဃာ့မဟာနာယက အဖွဲ့ရုံးမှာ ရန်ကုန်တိုင်းအစိုးရ၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့နဲ့ ရန်ကုန်တိုင်း သံဃာ့နာယက ဆရာတော်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးရာမှာ တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့် ငွေအလွဲသုံးစားမှုဖြင့် အမှုဖွင့်



သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို ငွေကျပ် သိန်း ၁၀၀ အလွဲသုံးစားမှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနက ဖမ်းဆီးအမှုဖွင့်ထားကြောင်း Eleven Media Group ၏ လူမှုကွန်ရက် စာမျက်နှာတွင် သတင်း ဖော်ပြ ခဲ့သည်။ 

ဒုက္ခသည်များ ပြန်ပို့ရေး ထိုင်းအာဏာပိုင်များ စီစဉ်နေ


ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ထိုင်း အာဏာပိုင်များက စီစဉ်နေကြောင်း သိရသည်။ ဒုက္ခသည်များအား ပြန်ပို့ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တခုကို ထိုင်းနိုင်ငံ ပြည်ထဲရေးဌာနမှ တာဝန်ရှိသူများ ဦးဆောင်ပြီး ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ဒုက္ခသည် အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ကရင် ဒုက္ခသည် အဖွဲ့အစည်းတချို့ ပါဝင်တက်ရောက်ခဲ့ကြပြီး မဲဆောက်မြို့၌ ဇွန်လ ၁၇ ရက် မှ ၁၉ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီခရီး အတူလျှောက်လှမ်းရန် မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက်မွေးနေ့ပွဲများကို ရန်ကုန်၊ နေပြည်တော် အပါအ၀င် နိုင်ငံတ၀န်းကျင်းပခဲ့ပြီး  ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ဆုတောင်းအဖြစ် ပြည်သူများကို တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးတွင် သူနှင့်အတူ ရပ်တည်ပေးကြရန် တောင်း ဆိုလိုက်သည်။

ထိုင်းသို့ ခိုးဝင်သော မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး


မြဝတီဘက်မှတစ်ဆင့် နယ်ခြားသောင်ရင်းမြစ်ကိုဖြတ် ကူးကာထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ လူတစ်ဦးလျှင် ထိုင်းဘတ် ငွေ တစ်သောင်းခွဲ အကုန်အကျခံ ခိုးဝင်လာသောမြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းနိုင်ငံ စစ်တပ်က ဇွန်လ ၁၈ ရက်က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။ ခိုးဝင်လာသော မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ် က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ပုဒ်မ ၄၃၆ ပြင်ရေးဟာ တရားအလုပ်တစ်ရပ်ဖြစ်ကြောင်း ရွှေပါရမီတောရ ဆရာတော်မိန့်ကြား


ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက က ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်မြို့ ဗဟန်းမြို့ နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ပုဒ်မ ၄၃၆ ပြင်ဆင်ပေး ဖို့ လက်မှတ်ရေးထိုးတာဟာ ရဟန်းအလုပ် ရဟန်းလုပ်တာဖြစ်တယ်လို့ ဆရာတော် အရှင်ဆန္ဒာဓိကက အခုလို မိန့်ကြားပါတယ်။

Thursday, June 19, 2014

ထိုင်းရှိ မြန်မာ အလုပ်သမားအရေး အတွက် ကျောင်းဆရာတဦး ဆန္ဒပြ


ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး ကျောင်းဆရာ တဦးက ဘန်ကောက်မြို့ရှိ မြန်မာ သံရုံး ရှေ့မှာ ဇွန်လ ၁၇ ရက်က ဆန္ဒပြခဲ့ပါတယ်။ထိုင်းအစိုးရက တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးမှုတွေပြုလုပ်နေရာမှာ မြန်မာ အလုပ်သမားတွေလည်း အဖမ်း ခံနေရတဲ့အတွက် မြန်မာအအစိုးရ တာဝန်ရှိသူတွေအနေနဲ့ နှုတ်ဆိတ်မနေဘဲ ကူညီပေးဖို့ ရွှေ့ပြောင်း အလုပ်သမားတွေကို စာသင် ပေးနေတဲ့ ကျောင်းဆရာ ကိုစောမောင် ဆိုသူက တကိုယ်တော် ဆန္ဒပြတာပါ။

Facebook ယာယီရပ်ဆိုင်းမှုဖြစ်


လူမှုကွန်ရက် Website တစ်ခုဖြစ်တဲ့ Facebook ဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ မမျှော်လင့်ပဲ ဖွင့်မရတော့ တာကြောင့် ကမ္ဘာတလွှားက Facebook အသုံးပြုသူတွေအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရတယ်လို့ နိုင်ငံတကာ သတင်းတွေက ဆိုပါတယ်။

ဖခင်၏ အရိုက်အရာကို ဆက်ခံပြီး စပိန်ဘုရင်အဖြစ် နန်းတက်ခဲ့သည့် ဖိလစ်ပီ


စပိန်အိမ်ရှေ့စံမင်းသား(သတ္တမမြောက်) ဖိလစ်ပီသည် ဇွန်လ(၁၉)ရက်နေ့မှ စတင်ကာ စပိန်နိုင်ငံ၏ ထီးနန်းကို ဆက်ခံခဲ့ပြီ ဖြစ်သည်။ အသက်(၄၆)နှစ်အရွယ်ရှိ အိုလံပစ် ရွက်လှေအားကစားသမား ဟောင်းသည် မက်ဒရစ်မြို့တော်တွင် ကျင်းပသည့် ထီးမွေနန်းလျာ လွှဲအပ်မှု အခမ်းအနားတွင် ဖခင်ဖြစ်သူ ထံမှ အရိုက်အရာကို ဆက်ခံခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံး မားစ်ဗိုင်းရပ်စ်ရောဂါ တွေ့ရှိဟု အစိုးရပြော


အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါ မားစ် ဗိုင်းရပ်စ် နိုင်ငံ တွင်း ပထမဆုံးတွေ့ရှိမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က အစီရင်ခံပါတယ်။ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ မွေးပြီး အမေရိကန်မှာ နေထိုင်သူတယောက်ဟာ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ကနေ ဇာတိမြေကို ပြန်လာအပြီး ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။

ဆူနီတွေကို ဝေဟင်ကနေ တိုက်ခိုက်ဖို့ အီရတ်က ကန်ကို တရားဝင် တောင်းဆို


အီရတ်နိုင်ငံက ​နေရာအတော်များများကို ​သိမ်းပိုက်ထားတဲ့ ​ဆူနီ ​လက်နက်ကိုင်အဖွဲ့ ​တွေကို ​ဝေဟင်ကနေ တိုက်ခိုက်ပေးဖို့အတွက် ​အီရတ်အစိုးရက ​အမေရိကန်ကို ​တရားဝင်တောင်းဆိုလိုက်ပြီ ​ဖြစ်ပါတယ်။ အခု ​တရားဝင် ​တောင်းဆိုလိုက်တဲ့ ​ဝေဟင်တိုက်ခိုက်မှုကိစ္စဟာ ​နှစ်​နိုင်ငံကြားထားရှိတဲ့ ​လုံခြုံရေးဆိုင်ရာ ​သဘောတူညီမှုကနေ ​တောင်းဆိုတာ​ဖြစ်တယ်လို့ ​အီရတ် ​နိုင်ငံခြားရေး ​၀န်ကြီး ​Hoshyar ​Zebari ​က ​ပြောပါတယ်။

အာဖဂန် မဲရေတွက်မှုကို ရပ်တန့်ဖို့ သမ္မတလောင်း Abdullah ပြော


အာဖဂန်နစ္စတန် ​ရွေးကောက်ပွဲမှာ ​မဲမသာမာမှုတွေ ​ရှိနေတယ်ဆိုတဲ့ ​ပြောဆိုသံတွေ ​ကျယ်ကျယ်လောင် လောင် ​ထွက်ပေါ်လာတဲ့အတွက် ​သမ္မတလောင်း ​တစ်ဦးက ​မဲရေတွက်မှုတွေကို ​ရပ်တန့်ဖို့ ​တောင်းဆိုလိုက် ပါတယ်။

အာရပ်နဲ့ အစ္စလာမ်မစ်ကမ္ဘာ အဖွဲ့ သြစီ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံမယ်


ဂျေရုဆလင် ​အရှေ့ဘက်ပိုင်း ​နယ်မြေအခေါ်အဝေါ်နဲ့ ​ပတ်သက်ပြီးတော့ ​သြစတြေးလျအစိုးရရဲ့ ​သဘောထားကို ​ရှင်းရှင်းလင်းလင်း ​သိရဖို့အတွက် ​ပါလစ္စတိုင်းကိုထောက်ခံတဲ့ ​အာရပ်နဲ့ ​အစ္စလာမ်မစ် ​ကမ္ဘာအဖွဲ့က ​ကိုယ်စားလှယ်တွေဟာ ​သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်နဲ့ ​ဒီကနေ့မှာ ​တွေ့ဆုံကြမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ကော်မတီနဲ့ RCSS အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံမယ်ငြိမ်းချမ်းရေး ကော်မတီနဲ့ RCSS အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံမယ်


ပြည်ထောင်စု​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီ ​ဒုဥက္ကဌ ​၀န်ကြီး ​ဦးအောင်မင်း ​ခေါင်းဆောင် တဲ့အဖွဲ့ဟာ ​ရှမ်းပြည်နယ်တွင်း ​လက်ရှိဖြစ်ပေါ်နေမှုတွေနဲ့ ​တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ​စာချူပ် ချူပ်ဆိုနိုင်ဖို့အတွက်  ​ရှမ်းပြည်ပြန်လည် ​ထူထောင်ရေး ​ကောင်စီ ​RCSS ​ကခေါင်းဆောင်တွေနဲ့ ​ ဇွန်လ ​၁၉ ​ရက် ​နေ့ ​ဒီကနေ့မနက်မှာ ​တွေ့ဆုံဖို့ရှိပါတယ်။

သံဃာတွေ လူဝတ်လဲ ဖမ်းဆီးခံရမှု သာသနာ့ဥသျှောင်အဖွဲ့ ဝေဖန်


တာမွေမြို့နယ်တွင်း မဟာသန္တိသုခကျောင်းကို ၀င်ရောက်စီးနင်းပြီး၊ အဲဒီက သံဃာတော်တချို့ကို ဖမ်းဆီး အတင်းလူဝတ်လဲတာဟာ တရားဓမ္မလက်လွတ်လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး ပီနန်ဆရာတော်ကြီး ဦးစီးတဲ့ သာသနာ့ဥသျှောင်အဖွဲ့က ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ဘင်္ဂါလီများ စိစစ်မှုလက်ခံမှသာ နိုင်ငံသားစိစစ်ခြင်း ဆက်လက်ဆောင်ရွက်မည်



၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေကို ရခိုင်ပြည်နယ်အတွင်း ဆက်လက်အကောင်အ ထည်ဖော်ရာတွင် သက်ဆိုင်ရာ ဒေသများမှ ဘင်္ဂါလီလူမျိုးများ လက်ခံမှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ၁၉၈၂ ဥပဒေကို မြေပုံမြို့နယ်တွင် Pilot ဧရိယာအဖြစ်သတ်မှတ်၍ ဆောင်ရွက်ရာ၌ ဘင်္ဂါလီလူမျိုးများက လိုလားစွာ စိစစ်ရန် လက်ခံခြင်းကြောင့် သတ်မှတ်ရက်ထက်စော၍ ပြုလုပ်နိုင် ခဲ့ခြင်းဖြစ်သည်။

ထိုင်းနယ်စပ်ရှိ မြန်မာ-ဒုက္ခသည်တစ်သိန်းကျော် နေရပ်သို့ပြန်ပို့နိုင်ရေး ဆွေးနွေးမည်


လူဦးရေတစ်သိန်းကျော်ရှိသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်ခိုလှုံနေ သော စစ်ပြေး ဒုက္ခသည်များအား နေရပ်ပြန်ပို့နိုင်ရေး ထိုင်းပြည်တွင်းလုံခြုံရေးဌာနက ကြီးမှူး၍အလုပ်ရုံ ဆွေးနွေးပွဲကို မဲဆောက်မြို့၌ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက်မွေးနေ့အခမ်းအနား



သမ္မတ ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း


နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဇွန်လ ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ သမ္မတ၏ အကြံပေးအဖွဲ့အဖြစ် ယခင်က နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေ အဖွဲ့သုံးဖွဲ့ထားရှိရာမှ ယခုအမိန့်စာအရ အကြံပေးအဖွဲ့သုံးဖွဲ့ ထပ်မံတိုးချဲ့ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ငြိမ်း၊ စု၊ စီ ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု


ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့တိုင်ကြားစာများ၊ အသနားခံစာများ စိစစ် ဆောင်ရွက် ရေးကော်မတီက ရေးဆွဲတင်သွင်းခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။

တက္ကသိုလ်ဆရာ၊ ဆရာမများ အပြောင်းအရွှေ့ ပါရဂူတန်း စတုတ္ထနှစ်များ ပါနေ၍ အခက်တွေ့


တက္ကသိုလ်၊ ဒီဂရီကော လိပ်နှင့် ကောလိပ်များရှိ ဆရာ၊ ဆရာမများ၏ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးကြေ ညာချက်များကို ဇွန်လ ၁၇ ရက် ညနေပိုင်းတွင် သက်ဆိုင်ရာ ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးခဲ့ပြီး နယ် ပြောင်းရွှေ့ခံရသည့် ဆရာများတွင် သုတေသန ပြုလုပ်ရမည့် ပါရဂူတန်း (စတုတ္တနှစ်) သို့ ရောက်ရှိ နေသည့် ဆရာများ ပါဝင်နေသောကြောင့် အခက်တွေ့နေကြောင်း သတင်းရရှိသည်။

အလုပ်သမားများ အားလုံးအတွက် ခေတ်နှင့်လျော်ညီခြင်း မရှိတော့သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေကို ပြင်ဆင်ရေးဆွဲ


နိုင်ငံပိုင်လုပ်ငန်း၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ အားလုံးအတွက် ခေတ်နှင့်လျော်ညီခြင်း မရှိတော့သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေကို ပြင်ဆင်ရေး ဆွဲနေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

နေရပ်ပြန်နိုင်ငံသားတွေကို ကမ္ဘောဒီးယား NGO တွေဝိုင်းကူ


ထိုင်းနိုင်ငံကနေ ထွက်ခွာနေကြတဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေကို အကူအညီပေးဖို့ ကမ္ဘောဒီးယား အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အရေးပေါ် ဆက်သွယ်ရေးလိုင်းတွေနဲ့ အကူအညီပေးမယ့် အစီ အစဉ်တွေ ဆောင်ရွက်နေကြပါတယ်။

ဦးဥတ္တရ လိုအပ်တဲ့အကူ ဗြိတိန်သံရုံးပေးမည်


မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဗြိတိန်နိုင်ငံသား ဘုန်းတော်ကြီး ဦးဥတ္တရအတွက် လိုအပ်တဲ့ အကူအညီ တွေကို ရန်ကုန်အခြေစိုက် ဗြိတိသျှသံရုံးက လိုက်ပါဆောင်ရွက်ပေးနေပါတယ်။ ဦးဥတ္တရကို ဖမ်းဆီးမှုဟာ နိုင်ငံတကာ တရားဥပဒေ စံနှုန်းစံထားနဲ့ ကိုက်ညီမှု ရှိ မရှိကိုတော့ ဝေဖန်ပြောကြားဖို့ ရန်ကုန်အခြေစိုက် ဗြိတိသျှသံအရာရှိ Joe Fisher က ဗွီအိုအေ မြန်မာပိုင်းကို ပြောကြားလိုက်ပါတယ်။ Joe Fisher ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူတို့ ဘာလုပ်ပေးနိုင်တယ် ဆိုတာကို အခုလို စတင်ဖြေကြား ပါတယ်။

ဒေသအစိုးရများတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက် ခွဲတမ်းစနစ် ကျင့်သုံးရန် ကြိုးစားနေ


မြန်မာအမျိုးသမီးများသည် ဒေသအစိုးရများ၏ လုပ်ငန်းတွင်ပါဝင်မှု နည်းပါးနေသဖြင့် ခွဲတမ်းစနစ် (Quoto System) ကို ကျင့်သုံးရန် The Asia Foundation နှင့် မြန်မာ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း (MDRI) တို့ ပူးပေါင်း ထုတ်ထားသည့် စာတမ်းတွင် အကြံပြုထားကြောင်းသိရသည်။

နိုင်ငံ့အရှေ့ပိုင်းပြဿနာ ယူကရိန်းသမ္မတ ရုရှားနဲ့ဆွေးနွေးလို


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှာ လအတော်ကြာဖြစ်နေခဲ့တဲ့ ပဋိပက္ခကို ဖြေရှင်းရေး ငြိမ်းချမ်းရေး အစီအစဉ်တခုရဲ့ တစိတ်တပိုင်းအဖြစ် တဘက်သတ် အပစ်အခတ်ရပ်စဲရေး လုပ်မယ်လို့ ယူကရိန်းသမ္မတ Petro Poroshenko က အဆိုပြုလိုက်ပါတယ်။

အမေရိကန် လေကြောင်းတိုက်ခိုက်မှု စစ်ကူ အီရတ်တောင်းခံ


အီရတ်နိုင်ငံ မြောက်ပိုင်းမြို့တွေကို သိမ်းပိုက်ထားပြီး ဘဂ္ဂဒတ်မြို့တော်ကိုပါ ခြိမ်းခြောက်လာနေတဲ့ ဆူနီ အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အမေရိကန် လေကြောင်းက တိုက်ကူပေးဖို့ အီရတ်က အကူအညီ တောင်းထားတယ်လို့ အမေရိကန် ထိပ်တန်း စစ်ဖက်အရာရှိတဦးက ပြောလိုက်ပါတယ်။

ပြည်တော်ပြန် ၈၈ မျိုးဆက်တွေနဲ့ ပြည်တွင်းနိုင်ငံရေး


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာဆွေးနွေးခန်းအစီအစဉ်မှာ ပြည်ပတိုင်းနိုင်ငံများမှာ နှစ်ပေါင်းများစွာ ခိုလှုံပြီး မြန်မာ့အရေး လှုပ်ရှားခဲ့ကြတဲ့ ၈၈ မျိုးဆက်များ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ပြီး နိုင်ငံရေး လှုပ်ရှားမှုများ လုပ်ကိုင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲ၊ ပြဿ  နာ အခြေအနေများကို မကြာသေးခင်က မြန်မာနိုင်ငံကို ပြန်သွားခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအဖွဲ့ဝင် ဦးဇော်မိုးကျော် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက်မွေးနေ့ နှုတ်ခွန်းဆက်လွှာ


ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်ပြည့် မွေးနေ့ပွဲ နှုတ်ခွန်းဆက်လွှာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင် Facebook စာမျက်နှာတွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးရွာများတွင် လူဦးရေ စစ်ဆေးရေးလုပ်ငန်းများ ရှောင်တခင်ဆောင်ရွက်နေရာ ဘင်္ဂါလီများ ငြင်းဆန်မှုများရှိနေ




ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးရွာများတွင် လူဦးရေစစ်ဆေးရေးလုပ်ငန်းများ ရှောင်တခင်ဆောင်ရွက်နေရာ ဘင်္ဂါလီများ ငြင်းဆန်မှုများရှိနေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ ကောင်းကျိုးများသာ လာရောက်ရှင်းလင်း



သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ ဇွန် ၁၈ ရက်တွင် လာရောက်ရှင်းလင်းခဲ့သည်။ ဇွန် ၁၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများကို အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားခဲ့သဖြင့် ယခုကဲ့သို့ လာရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ပြင်ဦးလွင်၌ သိမ်းဆည်းခံလယ်မြေများနှင့် ပတ်သက်၍ ဆန္ဒပြပွဲဦးဆောင်သူ မစုစုနွေးအား ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၁၈ ဖြင့် တရားစွဲ


ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ဧကသိန်းချီ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ကျေးရွာ ၁၀၀ ခန့် စုပေါင်းဆန္ဒပြမှု ဦးဆောင်သူ မစုစုနွေးအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း သိရှိရ သည်။

သန္တာလှိုင်နဲ့ ငယ်သူငယ်ချင်းများ




My Blog List