Wednesday, January 22, 2020

ပြည်သူလူထုသည် လှည့်စားချင်သလိုလှည့်စားပြီး အကျိုးစီးပွားအတွက် အသုံးချခံရမည့် သူများမဟုတ်ဟုဆို

Image may contain: 2 people, text
ပြည်သူလူထုသည် လှည့်စားချင်သလိုလှည့်စားပြီး အကျိုးစီးပွားအတွက် အသုံးချခံရမည့်သူများ မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်ကပြောကြားလိုက်သည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပါတီရုံးမှာ ကျင်းပတဲ့ ၂၀၂၀ ပြည့်နှစ် နှစ်သစ် တွေ့ဆုံပွဲတွင် ဦးဝဏ္ဏမောင်လွင်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“လူထုအပေါ်မှာ မှန်ကန်မှုရှိရပါလိမ့်မယ် သစ္စာတရား ရှိရပါလိမ့်မယ် ပြည်သူလူထုသည် ကိုယ်လှည့်စားစရာ ကိုယ်လှည့်စားချင်သမျှလှည့်စားလို့ ပြီးမှ ကိုယ့်ရဲ့အကျိုးစီးပွားအတွက်အသုံးချခံရမယ့် သူတွေမဟုတ်ပါဘူး။ ကျွန်တော်တို့က ပြည်သူလူထုအတွက် အကျိုးကို ဆောင်ရွက်ပေးပါ့မယ်လို့ ကတိကဝတ်ပေးထား တဲ့သူတွေဖြစ်ရင် ဒီပြည်သူလူထု အကျိုးယုတ်ရာ ယုတ်ကြောင်းကို တိုက်ရိုက်လည်း မလုပ်ရဘူး သွယ်ဝိုက်လဲမလုပ်ရဘူး လက်တစ်လုံးခြားလည်း မလုပ်ရဘူး။ ဒါအရေးကြီး ပါတယ်”ဟု ဦးဝဏ္ဏမောင်လွင်ကပြောသည်။
ထို့အတူ နိုင်ငံရေး လုပ်သည်ဆိုသည့်အခါတွင် သစ္စာတရားသည် လိုအပ်ကြောင်း လက်တစ်လုံးခြားဖြင့် ခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ ကွယ်ရာတစ်မျိုး ပြောသည်မျိုး မဖြစ်စေချင်ကြောင်း၊ နိုင်ငံရေးသည်သစ္စာတရား ရှိရန်လိုအပ်သကဲ့သို့ သမာသမတ် ကျရန်လိုကြောင်း၊ နိုင်ငံရေးသမားဆိုသည်မှာလည်း ဂုဏ်သိက္ခာမြင့်မားရန် လိုအပ်သည်ဟု ဦးဝဏ္ဏမောင်လွင်က ဆက်လက်ပြောကြားခဲ့သည်။
The Ladies News
ပြည်သူလူထုသည် လှည့်စားချင်သလိုလှည့်စားပြီး အကျိုးစီးပွားအတွက် အသုံးချခံရမည့် သူများမဟုတ်ဟုဆို
--- --- ---
ပြည်သူလူထုသည် လှည့်စားချင်သလိုလှည့်စားပြီး အကျိုးစီးပွားအတွက် အသုံးချ ခံရမည့်သူများ မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်ကပြောကြားလိုက်သည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပါတီရုံးမှာ ကျင်းပတဲ့ ၂၀၂၀ ပြည့်နှစ် နှစ်သစ် တွေ့ဆုံပွဲတွင် ဦးဝဏ္ဏမောင်လွင်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“လူထုအပေါ်မှာ မှန်ကန်မှုရှိရပါလိမ့်မယ် သစ္စာတရား ရှိရပါလိမ့်မယ် ပြည်သူ လူထုသည် ကိုယ်လှည့်စားစရာ ကိုယ်လှည့်စားချင်သမျှလှည့်စားလို့ ပြီးမှ ကိုယ့်ရဲ့ အကျိုး စီးပွားအတွက်အသုံးချခံရမယ့် သူတွေမဟုတ်ပါဘူး။ ကျွန်တော်တို့က ပြည်သူလူထုအတွက် အကျိုးကို ဆောင်ရွက်ပေးပါ့မယ်လို့ ကတိကဝတ်ပေးထား တဲ့သူတွေဖြစ်ရင် ဒီပြည်သူလူထု အကျိုးယုတ်ရာ ယုတ်ကြောင်းကို တိုက်ရိုက်လည်း မလုပ်ရဘူး သွယ်ဝိုက်လဲမလုပ်ရဘူး လက်တစ်လုံးခြားလည်း မလုပ်ရဘူး။ ဒါအရေးကြီး ပါတယ်”ဟု ဦးဝဏ္ဏမောင်လွင်ကပြောသည်။
ထို့အတူ နိုင်ငံရေး လုပ်သည်ဆိုသည့်အခါတွင် သစ္စာတရားသည် လိုအပ်ကြောင်း လက်တစ်လုံးခြားဖြင့် ခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ ကွယ်ရာတစ်မျိုး ပြောသည်မျိုး မဖြစ်စေချင်ကြောင်း၊ နိုင်ငံရေးသည်သစ္စာတရား ရှိရန်လိုအပ်သကဲ့သို့ သမာသမတ် ကျရန်လိုကြောင်း၊ နိုင်ငံရေးသမားဆိုသည်မှာလည်း ဂုဏ်သိက္ခာမြင့်မားရန် လိုအပ်သည်ဟု ဦးဝဏ္ဏမောင်လွင်က ဆက်လက်ပြောကြားခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List