Friday, November 14, 2014

အစ္စလာမစ္စစ် စစ်သွေးကြွခေါင်းဆောင်၏ မိန့်ခွန်း အွန်လိုင်းပေါ် ပျံ့နှံ့


အမေရိကန်ရဲ့ လေကြောင်းထိုးစစ်အတွင်း ဒဏ်ရာရသလိုလို သတင်းထွက်နေတဲ့ အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်စစ်သွေးကြွအဖွဲ့ရဲ့ ခေါင်းဆောင် အဘူဘာကာ အယ် ဘာဒီရဲ့ မိန့်ခွန်းတခု အွန်လိုင်း ပေါ် ရောက်နေပါတယ်။ မိန့်ခွန်းကို သီးခြား အတည်မပြုနိုင်ပေမယ့် ဇူလိုင်လက အီရတ်နိုင်ငံ မိုဆိုးလ်မြို့ ဗလီမှာ အယ်ဘာဒီ မိန့်ခွန်းပြောခဲ့တုန်းက အသံနဲ့ ထပ်တူညီပါတယ်။

နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ် ဆက်ကျင့်သုံးရန် ပြည်သူ့လွှတ်တော် အတည်ပြု


ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ရာမှာ နိုင်သူအကုန်ယူ ရွေး ကောက်ပွဲစနစ် (FPTP) ပဲ ဆက်လက်ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်က လက်ရှိ မြန်မာပြည်မှာ ကျင့် သုံးနေတဲ့  နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ် (FPTP) အပါအ၀င် စနစ် ၈ မျိုးကို  ဒီမနက်က ပြည်သူ့ လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

အိုဘားမား ခရီးစဉ်အတွင်း ရန်ကုန်၌ ကျောင်းသား ဆန္ဒပြမှု ပေါ်ပေါက်


သမ္မတ အိုဘားမား၏ ရန်ကုန်မြို့သို့ လာရောက်သည့် ခရီးစဉ်အတွင်း ကျောင်းသားများက ၎င်းတို့ အခွင့် အရေးများ ဆုံးရှုံးနေသည့် အမျိုးသားပညာရေး ဥပဒေ ပြဌာန်းချက်အား ဆန့်ကျင်ဆန္ဒပြ တောင်းဆိုမှုကို ရန်ကုန်မြို့တော် ခန်းမ ရှေ့တွင် ယနေ့ပြုလုပ်သည်။

ရွေးကောက်ပွဲတွင် NLD နည်းမှန်လမ်းမှန်နဲ့သာ နိုင်လိုဟု ဒေါ်စုပြော


အမေရိကန် သမ္မတအိုဘားမားနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၁၄ရက် မွန်းလွဲပိုင်းက တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ရာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆန္ဒကို ပြည်သူတွေက ထောက်ခံတယ်လို့ မြင်တယ်။ ကျွန်မတို့ အနေနဲ့ကတော့ ကျွန်မတို့နဲ့ သဘောမတူတဲ့လူတွေနဲ့လည်း ဒီကိစ္စကို ညှိနှိုင်းဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်။"ဟု ပြောကြားခဲ့သည်။ 

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကြေညာချက်၌ တောင်တရုတ်ပင်လယ်အရေးအတွက် စိုးရိမ်မှုရှိနေသေးကြောင်းနှင့် ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီခဲ့သည်ဆိုသော အချက်မှလွဲ၍ အခြားထူးခြားချက် မပါရှိခဲ့


(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သော ၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဠ၏ ကြေညာချက်၌ တောင်တရုတ် ပင်လယ်အရေးအတွက် စိုးရိမ်မှုရှိနေသေးကြောင်းနှင့် ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီခဲ့သည်ဆိုသော အချက်မှလွဲ၍ အခြားထူးခြားချက်များ မပါရှိခဲ့ပေ။ 

လိပ်ကျွန်းလူသတ်မှု မြန်မာအလုပ်သမား ၄ ဦး တရားရုံးတွင်သက်သေ ထွက်ဆိုပေးမည်

  
ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ အမှုမှာ တရားခံအဖြစ်စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ ဦးက တရားရုံးမှာ သက်သေထွက်ဆိုပေးမယ်လို့ ဒီအမှုကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူး အဖွဲ့က ပြောပါတယ်။

IS ခေါင်းဆောင် မသေသေးဘူးလို့ ယူဆရ


IS ​အစ္စလာမ်မစ် ​စစ်သွေးကြွ ​ခေါင်းဆောင် ​စကားပြောတဲ့ ​အသံဖိုင် ​တစ်ခု ​ထွက်ပေါ်လာတဲ့အတွက် ​IS ​ခေါင်းဆောင် ​သေဆုံးသွားပြီ ​ဆိုတဲ့ ​သတင်းဟာ ​မဖြစ်နိုင်ဘူးလို့ ​ပြောဆိုနေကြပါတယ်။ အမေရိကန်နိုင်ငံ ကနေ ​ပြုလုပ်တဲ့ ​ဝေဟင်တိုက်ခိုက်မှု ​တစ်ခုအတွင်း ​IS ​ခေါင်းဆောင် ​Abu ​Bakr ​al ​Baghdadi ​ဒဏ်ရာရ တယ် ​ဒါမှမဟုတ် ​သေဆုံးသွားတယ်ဆိုတဲ့ ​သတင်းတွေထွက်ပေါ်ပြီးနောက် ​အခုလိုအသံဖိုင်တွေ ​ထွက်ပေါ် လာတာပါ။

ဒေသတွင်း ဘာသာရေး အစွန်းရောက်သူများကို နှိမ်နင်းရမည်ဟု စင်ကာပူ ဝန်ကြီးချုပ် သတိပေး


ဘာသာရေး အစွန်းရောက်ခြင်းကို စစ်ရေးနှင့် နှိမ်နင်းနေ၍ မပြီးဘဲ အဆိုပါ အုပ်စုများ၏ အတွေးအခေါ်များ ခေါင်းထောင်မလာနိုင်စေရန် ကာကွယ်ဖို့ အရေးကြီးကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နေပြည်တော်တွင် ပြုလုပ်သော အရှေ့အာရှညီလာခံတွင် သတိပေး ပြောကြားခဲ့သည်။

အာဆီယံ ဖွံ့ဖြိုးရေး အတိုး နည်းနည်းနဲ့ တရုတ် ငွေချေးမည်


တရုတ်နိုင်ငံအနေနဲ့ -အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ချစ်ကြည်ရေး သဘောတူမှုတရပ် ရရှိရေး အလေး ထားပြီး အာဆီယံနိုင်ငံတွေကို အတိုး နည်းနည်းနဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ချေးမယ်လို့ ကမ်းလှမ်း လိုက်ပါတယ်။ ဒါဟာ ရေပိုင်နက် အငြင်းပွားမှုတွေကြောင့် တရုတ်နဲ့အာဆီယံ နိုင်ငံတွေကြား ဒီနှစ်အတွင်း အခြေအနေ တင်းမာနေခဲ့တာကို ထိန်းသိမ်းလိုတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတဘားရက်အိုဘားမား မြန်မာနိုင်ငံဟု တရားဝင်ခေါ်ဝေါ်


နေပြည် တော် အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်းစင်တာ(၁)တွင် ပြုလုပ် သည့် 2nd ASEAN-U.S Summit ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အဖွင့်မိန့် ခွန်းပြောကြားရာ၌ မြန်မာဟု ခေါ် ဝေါ်သုံးစွဲသွားကြောင်း သိရသည်။

စုဖုရားလတ်ဝတ်စုံနဲ့ အထာမကျခဲ့တဲ့ မေဘရဏီသော်


ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် Miss International အလှမယ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခဲ့သော မေဘရဏီသော်သည် အမျိုးသားဝတ်စုံအဖြစ် စုဖုရားလတ် ဘိသိက်သွန်းစဉ်က ၀တ်စုံကို ရွေးချယ်ဝတ်ဆင်ခဲ့ရာ အဆင်မပြေမှုများရှိခဲ့ပြီး ပရိသတ်အချို့ကလည်း ၎င်းနှင့် လိုက်ဖက်ခြင်းမရှိကြောင်း ဝေဖန် ခဲ့ကြသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရေး ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး



ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးတို့နှင့် ပတ်သက် ၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရန် ပါကစ္စတန် အာဏာပိုင်များ Facebook ကို အသုံးပြု


ပါကစ္စတန် ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီ (FIA) သည် ပြစ်မှုကျူးလွန် နိုင်သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးနိုင်ရန် လူမှုကွန်ရက် ၀က်ဘ်ဆိုက် ဖေ့စ်ဘွတ်ကို စတင် အသုံးပြု နေပြီ ဖြစ်သည်။ ဗီဇာ အတိုင်ပင်ခံ ကုမ္ပဏီ Future Concern ၏ အမှုသည် အလားတူအမှု များထဲတွင်ပထမဆုံးဖြစ်ပြီး ယင်း အမှုတွင် FIA သည် ကြံရာပါ၏ အကောင့်အကူအညီဖြင့် ကျူးလွန်သူ ခုနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ သည်။ 

လယ်သမားများက အမျိုးသား မြေအသုံးချမှု မူကြမ်းကို လက်မခံ


အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) ထုတ်ပြန်လိုက်ခြင်းနှင့်ပတ်သက်၍ မြန်မာပြည်အထက်ပိုင်းရှိ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့မှ တောင်သူလယ်သမားများက နိုဝင်ဘာ ၁၂ ရက် တွင် ၅၅ လမ်းရှိ မစိုးရိမ်ကံတက်ကုန်း ကျောင်းတိုက်၌ ဆွေးနွေးပွဲပြုလုပ်သည်။

သုံးပုံနှစ်ပုံထောက် ခံမှုဖြင့် ၄၃၆ ပြင်သင့်ဟု ပြော


ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်အားလုံး (တပ်မတော် သားကိုယ် စားလှယ် မပါ)၏ သုံးပုံနှစ်ပုံသို့မဟုက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန် သဘောတူလျှင် ပုဒ်မ ၄၃၆ ကို ပြင်ဆင် သင့် သည်ဟု လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမြင့်က ဆွေးနွေးလိုက်သည်။

အမေရိကန် ငြိမ်းချမ်းရေးတပ် မြန်မာကို စေလွှတ်မည်


အမေရိကန် စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေးတပ်ဖွဲ့တဖွဲ့ကို လာမယ့်နှစ် မြန်မာနို်င်ငံကို စေလွှတ်မယ်လို့ သမ္မတ အိုဘားမားက မြန်မာနိုင်ငံခရီးစဉ် အတွင်းမှာ ပြောကြားလိုက်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ မြန်မာစကား ဓလေ့ထုံးစံနဲ့ နည်းပြညာပိုင်းရာ လိုအပ်ချက်တွေကို ၃ လကြာ သင်ယူ မှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကြိုး ပမ်းမှုတွေမှာ ၂ နှစ်ကြာ ကူညီဆောင်ရွက်မှာ ဖြစ်ပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေး နှောင့်နှေးမှုကို အိုဘားမား အသိအမှတ်ပြု


အမေရိကန်သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှုမှာ အိုဘားမားက မြန်မာ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် နှောင့်နှေး
နေတာကို အသိအမှတ်ပြုသွားပြီး နည်းလမ်းရှာမယ်လို့ ပြောဆိုသွားခဲ့ကြောင်း တွေ့ဆုံပွဲတက်ခဲ့တဲ့ မိတ္ထီလာ အမတ် ဦးဝင်းထိန်က ပြောပါတယ်။

လူထုအခြေပြု အဖွဲ့အစည်း ၁၅ ဖွဲ့နှင့် အိုးဘားမားတွေ့မည်


အမေရိကန်သမ္မတအိုးဘားမားဟာ ကဏ္ဍအသီးသီးက လူထုအခြေပြု အဖွဲ့အစည်း ၁၅ ဖွဲ့က ကိုယ်စားလှယ်
တွေနဲ့ ရန်ကုန်မြို့ အမေရိကန်ပြည်ထောင်စုသံရုံးမှာ နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာ တွေ့ဆုံသွားမယ် လို့ ညီမျှခြင်း (မြန်မာ) က ပြောပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး မြန်မာက မလေးရှားနိုင်ငံကိုလွှဲပြောင်းပေးအပ်


အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက မလေးရှားနိုင်ငံကို တရားဝင်လွှဲပြောင်း ပေးလိုက်ပါတယ်။ ဒီကနေ့ ညနေပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပိတ်ပွဲမှာ သမ္မတ ဦးသိန်းစိန်က မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ထံ အခမ်းအနားနဲ့ တာဝန်လွှဲပြောင်းပေးအပ်ခဲ့တာပါ။

အမျိုးသားပညာရေးဥပဒေကို ကျောင်းသားထု သပိတ်မှောက်


ရန်ကုန်မြို့မှာ ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်း အဝေးကြီးကနေ အစိုးရက ပြဋ္ဌာန်းထားတဲ့ အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ကြောင်း ကြေညာ လိုက်ပါတယ်။နိုင်ငံတ၀န်း က ကျောင်းသား ၅၀၀ ကျော် ၂ ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီကို ဖွဲ့စည်းကာ သပိတ်မှောက်လိုက်တာ ဖြစ်ပါ တယ်။

သမ္မတ အိုဘားမား မြန်မာလွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ



အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့ နေပြည်တော်က နန်းဝတီဟိုတယ်မှာ ပြည်ထောင်စု လွှတ်တော်နာယက သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တခြားလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး နဲ့ ဒီနေ့ တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။

တိုင်းရင်းသားအရေးလှည့်ကြည့်ပေးဖို့ အမေရိကန်သမ္မတအိုဘားမားထံ သျှမ်းလူမှုအဖွဲ့တောင်းဆို


သျှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအတွင်း တိုက်ပွဲများရပ်တန့်ပြီး အစိုးရတပ်များ တိုင်းရင်းသား
ဒေသအတွင်းမှ ထွက်ခွာပေးပါရန် မြန်မာအစိုးရအား အမေရိကန် သမ္မတ အိုဘားမားမှ တွန်းအားပေးဖို့ သျှမ်းလူမှုအသိုင်း အဝိုင်းအဖွဲ့ကကြေငြာချက် ဖြင့်ထုတ် ပြန်ကြေငြာ သည်။

အကြမ်းဖက်မှုအန္တရာယ်နှင့် ပတ်သက်၍ ထိပ်သီးဆွေးနွေးပွဲတွင် ကြေညာချက်ထုတ်ပြန်



(၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးမှတစ်ဆင့် အိုင်အက်စ်များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက် ၍ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့ကြောင်း အာဆီယံဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ အရှေ့အာရှ ထိပ်သီး အစည်းအဝေးမှ တောရိုင်း တိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်မှုကို တိုက်ဖျက်ခြင်းဆိုင်ရာ ကြေညာစာတမ်းနှင့် အီဘိုလာရောဂါဖြစ်ပွားမှုကို တုံ့ပြန်သော ကြေညာချက်များကို အတည်ပြုခဲ့သည်။ 

ထိပ်သီးအစည်းအဝေးများ အောင်မြင်စွာကျင်းပပြီး နိုင်ငံတကာစင်မြင့် ပြန်လည်တက်လှမ်းလာသော မြန်မာ



တိုက်ပုံအဖြူ၊ နံ့သာရောင် ပိုးတွဲပုဆိုးတို့ဖြင့် သမ္မတ ဦးသိန်းစိန် ပထမဆုံးကြိုဆိုနှုတ်ဆက်ရသူမှာ အသစ်စက်စက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဖြစ် သည်။ အိမ်ရှင်ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန် မရောက် မီကပင် ရောက်ရှိနေခြင်းဖြစ်သည်။ဂျိုကိုဝီဒိုဒိုရောက်ပြီး ငါးမိနစ်ခန့်ကြာမှသာ သမ္မတဦးသိန်းစိန်ရောက်ရှိလာကာ အရှေ့အာရှ အစည်းအဝေးတက်ရောက် မည့်သူများတဖွဲဖွဲ ရောက်လာကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီသင်္ကေတတစ်ရပ်ဟု အိန္ဒိယ၀န်ကြီးချုပ် ညွှန်းဆို



အိန္ဒိယ၀န်ကြီးချုပ် နာ ရန်ဒရာမိုဒီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီ၏ သင်္ကေတတစ်ရပ်ဟု ညွှန်းဆိုပြောကြားခဲ့ကြောင်း သိရသည်။ မိုဒီ သည် နိုဝင်ဘာ ၁၂ ရက် က နေပြည်တော်တွင် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံစကား ပြောဖြစ်ခဲ့သည်။ ယင်းသည် မိုဒီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်သည်။

Thursday, November 13, 2014

မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု အခမ်းအနားသို့ ဂျပန်မင်းသားကြီး ဆန်နီချီးဘား လာရောက်ဖျော်ဖြေမည်


မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု နှစ်(၆၀)ပြည့် အခမ်းအနားတွင် ဂျပန် နာမည်ကြီး ရှိုးဂန်းမင်းသားကြီး ဆန်နီ ချီးဘား မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း  သိရသည်။ အဆိုပါ မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု နှစ်(၆၀)ပြည့် အခမ်းအနားအား ဒဂုံမြို့နယ်ရှိ မြို့မကွင်း (မိုင်ဒါကွင်း) တွင် နိုဝင်ဘာ(၁၆)ရက်နံနက်(၁၀း၀၀)နာရီမှ ည(၁၀း၀၀)နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

အမေရိကန်ရဲ့ ချဉ်းကပ်ဆက်ဆံရေးမူဝါဒ ဘာကြောင့် ရလဒ်ပြောင်းပြန် ထွက်ခဲ့သလဲ



မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန် သမ္မတ အိုဘားမား အပါအဝင် ဒေသအတွင်းမှ ခေါင်းဆောင် များ ရောက်လာကြပြီဖြစ်သည်။ သမ္မတအိုဘားမား၏ ယခုခရီးစဉ်သည် ကြမ်းတမ်းဖိနှိပ်တတ်သော၊နိုင်ငံခြားသားများကို မနှစ်သက်သော စစ်အစိုးရက အုပ်ချုပ်ခဲ့သည့် နိုင်ငံ၊ လမ်းပေါ်တက် ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားခဲ့ခြင်း များကြောင့် အမေရိကန်အစိုးရက အဖက်မလုပ်ဘဲထားခဲ့သည့် နိုင်ငံသို့ ဒုတိယ အကြိမ်မြောက်သွားရောက်ခြင်းလည်း ဖြစ်သည်။

အာဆီယံ CLMV နိုင်ငံများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြန်မာ ဒုတိယ


အာဆီယံဒေသတွင်း နိုင်ငံများအတွင်းရှိဖွံ့ဖြိုးမှုနှုန်းနောက်ကျသည့် ကမ္ဘောဒီးယား၊လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) နိုင်ငံများ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုနှုန်းတွင် မြန်မာနိုင်ငံက ဒုတိယ နေရာလိုက်လျက် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် ထိုးစစ် ရပ်တန့်ရေး သမ္မတအိုဘားမားထံ ရှမ်း ၁၂ ဖွဲ့ တောင်းဆို


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ မြန်မာအစိုးရနဲ့ တွေ့တဲ့အခါမှာ ရှမ်းပြည်နယ်ထဲမှာ ထိုးစစ်ဆင်ရတဲ့ အကြောင်းရင်းကို မေးမြန်းပြီး ပစ် ခတ်မှုတွေ ရပ်စဲအောင် တိုက်တွန်း ပေးဖို့ ရှမ်းလူမှုအခြေပြု အဖွဲ့အစည်းက တောင်းဆို လိုက်ပါတယ်။

ရှမ်းပြည်နယ်တွင်း စစ်အင်အားတိုးချဲ့မှုရပ်ရန် အိုဘားမားထံ ရှမ်းအဖွဲ့များ တောင်းဆို


ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလတွင် ရှမ်းပြည်နယ်အလယ်ပိုင်း အတွင်း အစိုးရ စစ်တပ်၏ တိုးချဲ့မှုနှင့် ထိုးစစ်ဆင်မှုကို ရပ်ဆိုင်းပေးရန် စသည့် အချက်ငါးချက်ပါဝင်သည့် ထုတ်ပြန်ချက်တစ်ဆောင် ထုတ်ကာ အမေရိကန် သမ္မတ အိုဘားမားအား ရှမ်းလူထု အခြေပြု အဖွဲ့အစည်း ၁၂ ဖွဲ့က နိုဝင်ဘာ ၁၃ရက်က တောင်းဆိုလိုက်သည်။

နိုင်ငံတော်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့တွေ့ဆုံပြီး အချက်ရှစ်ချက်ကို ဆွေးနွေးခဲ့ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဂျပန်ဝန်ကြီးချုပ်ထောက်ခံ


မြန်မာနိုင်ငံ တော်သမ္မတဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် တို့ နိုဝင်ဘာ ၁၂ရက်က နေပြည်တော် ကွန်ဗင်းရှင်း ဗဟိုခန်းမရှိ အခန်းနံပါတ်(၂ဝ၁၆)၌ တွေ့ဆုံပြီး အချက်ရှစ်ချက်ကို ဆွေးနွေးခဲ့ ကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် အင်ဒိုနီးရှားသမ္မတတို့ တွေ့ဆုံပြီး မြန်မာ-အင်ဒိုနီးရှား ကုန်သွယ်မှုကို ၂ဝ၁၆ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်နိုင်ရေး ဆွေးနွေး


မြန်မာနိုင်ငံ တော် သမ္မတဦးသိန်းစိန်နှင့် အင်ဒို နီးရှားနိုင်ငံ သမ္မတတို့ နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ MICC-1 ခန်းမတွင်တွေ့ဆုံပြီး မြန်မာ-အင်ဒို နီးရှား ကုန်သွယ်မှုကို ၂ဝ၁၆ ခုနှစ် တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ ကြောင်း ယင်းခန်းမမှ စုံစမ်းသိရသည်။

ခိုတောင်လူသတ်မှု ထိုင်းရဲ၏ စုံစမ်းစစ်ဆေးမှုကို လေ့လာပြီးသော ဗြိတိန်ရဲအဖွဲ့ ဌာနေသို့ ပြန်ပြီ


ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခို တောင်ကျွန်းတွင် ဗြိတိသျှခရီးသည် နှစ်ဦးတို့အသတ် ခံရမှုအတွက် ထိုင်းရဲ တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို သုံးသပ်ပြီးနောက် ဗြိတိသျှရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံမှ ထွက်ခွာသွားပြီဖြစ် ကြောင်း၊ ယခုအခါ သူတို့၏လေ့လာ တွေ့ရှိချက်ကို အစီရင်ခံစာရေးတော့မည်ဖြစ်ကြောင်း စကော့တလန် ယာ့ဒ် က နိုဝင်ဘာ ၁၁ရက် ၌ ဆိုသည်။

ဧရာဝတီမြစ်အတွင်း သင်္ဘောတစ်စင်း မီးလောင် သုံးဦး ဒဏ်ရာပြင်းထန်


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ နယ်တွင် နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ဧရာဝတီမြစ်အတွင်း ကျောက် စုပ်လုပ်ငန်း လုပ်ဆောင်နေသာ သင်္ဘောတစ်စင်း အင်ဂျင်အပူချိန် မြင့်တက်ပြီး မီးလောင်ကျွမ်းခဲ့ရာ အလုပ် သမား သုံးဦး မီးလောင်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု ဆိုသည်။

ရေကြောင်းအငြင်းပွားမှု ဖြေရှင်းရေး သံတမန်နည်းသာ အသုံးပြုရန် တရုတ်ကို အာဆီယံ ဖိအားပေးမည်


တောင်တရုတ် ပင်လယ်တွင်းရှိ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှု ဖြေရှင်းရာတွင် သံတမန်နည်းလမ်းသာ အသုံးပြုသွားရန် အင်အားကြီး တရုတ်နိုင်ငံကို အိမ်နီးချင်း အာဆီယံနိုင်ငံ ခေါင်းဆောင်များက ဖိအားပေး သွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဘန်ကီမွန်းရဲ့ အသုံးအနုန်းကြောင့် ရခိုင်ပြသနာ ပိုမိုကြီးထွားနိုင်ဟု ရခိုင်ခေါင်းဆောင်များ ပြောဆို



မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပနေတဲ့ အာစီယံ ထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော် MICT (၁) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူမျိုးတွေကို ရိုဟင်ဂျာ လူမျိုး အဖြစ် သုံးနုန်းခေါ်ဆိုသွားပြီး သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူတွေ ဖြစ်ကြောင်း၊ သူတို့ကို လူ့အခွင့်အရေး စံချိန်စံညွန်းများနှင့် အကာအကွယ်ပေးရန်တောင်း ဆိုကြောင်း ပြောဆိုခဲ့ပါတယ်။

ငပလီပင်လယ်ကမ်းခြေတွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏သမီး အဆောက်အဦ ဆောက်လုပ်မှု ဒေသခံအချို့ကန့်ကွက်


သတွဲ ငပလီ ပင်လယ်ကမ်းခြေတွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ သမီးက အဆောက်အဦ တစ်ခု ဆောက်လုပ်ရန် ပြင်ဆင်နေမှုကို နိုဝင်ဘာ ၁၂ ရက်နေ့က ဒေသခံအချို့ သွားရောက် ကန့်ကွက် ခဲ့ကြသည်။

ဂျပန်က မြန်မာကို အမေရိကန် ဒေါ်လာ သန်း ၂၅၀ ထုတ်ချေးမည်


မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅၈ သန်းနဲ့ ညီမျှတဲ့ ဂျပန် ယန်းငွေ ၂၅ ဒသမ ၈ ဘီလျံ ချေးငွေကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောတဲ့ အကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ဖက်ဒရယ်စနစ် အာမခံသည့် ဖွဲ့စည်းပုံ ရေးဆွဲရေး ‘ကန်’ အစိုးရမှ မြန်မာအား ဖိအားပေးရန် ကချင် အဖွဲ့များ အိုဘားမားထံ အိတ်ဖွင့် ပေးစာပို့



မြန်မာ နိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟောင်း အစား ဖက်ဒရယ် စနစ်အား အာမခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ရပ် ပြန်လည် ရေးဆွဲ နိုင်ရန် အမေရိကန် အစိုးရမှ မြန်မာအစိုးရအား ဖိအားပေး တောင်းဆို နိုင်ရေးအတွက် နိုဝင်ဘာလ (၁၁) ရက်နေ့ ရက်စွဲဖြင့် ကချင်အဖွဲ့ အစည်းများမှ အမေရိကန် သမ္မတ အိုဘားမားအားထံ အိတ်ဖွင့် ပေးစာ ရေးသား ပေးပို့ ခဲ့သည်။

ဂျပန်အစိုးရက ရွေးကောက်ပွဲကို ဒီဇင်ဘာတွင် ကျင်းပဖွယ်ရှိ



ဂျပန်နိုင်ငံ၏ ရွေးကောက်ပွဲကို ပုံမှန်ကျင်းပရမည့် အချိန်ထက် နှစ်နှစ်စော၍ ကျင်းပရန် စဉ်းစားနေကြောင်း ဂျပန် သတင်း မီဒီယာများက နိုဝင်ဘာ ၁၂ ရက်တွင် ဖော်ပြခဲ့သည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့မှုတွင် နှေးကွေးနေပြီး ရှင်ဇိုအာဘေး အနေဖြင့် ပြည်သူများ၏ ထောက်ခံမှုကိုရရှိရန် အခွန်တိုးမြှင့်မည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပါက ရွေးကောက်ပွဲကို ကျင်းပသွားနိုင်ကြောင်း မီဒီယာများက သုံးသပ် ခဲ့သည်။

ပျောက်ဆုံး ကျောင်းသားများ အသတ်ခံခဲ့ရသည်ဟူသည့် သတင်းထုတ်ပြန်ချက်ကြောင့် ဆန္ဒပြသူများက ပါတီ အဆောက်အအုံကို မီးရှို့



မက္ကဆီကို ပျောက်ဆုံးကျောင်းသား ၄၃ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံ ခဲ့ရသည်ဟူသည့် သတင်းများကြောင့် ဒေါသထွက်နေသော လူစုသည် နိုဝင်ဘာ ၁၁ ရက်က ဂရယ်ရို ပြည်နယ်ရှိ အစိုးရ အာဏာရ ပါတီ၏ ဂရယ်ရို အဆောက်အအုံ ဌာနများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အစိုးရ ရဲအရာကြီးတစ်ဦးကို လည်း ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး စံချိန်တင် ဆွေးနွေးပွဲကြီး စပြီ


ပြည်ထောင်စု လွှတ်တော်သက်တမ်း လေးနှစ်ဝန်းကျင်အတွင်း ပါဝင်သူဦးရေ စံချိန်တင်မည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုများ နိုဝင်ဘာ ၁၃ ရက်တွင် စတင်ပြီဖြစ်သည်။ ၎င်းတို့က မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ကမ္ဘာ့ခေါင်းဆောင်များကို ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော်တို့ကို ဖိအားပေးရန် တောင်းဆိုကြသည်။

(၉) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး ကျင်းပ



ပညာရေးဟာ နိုင်ငံတော်ရဲ့ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍ ဖြစ်တယ် – ကိုကိုကြီး


သမ္မတက လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်မှုရဲ့ အမြင့်မားဆုံး တုံ့ပြန်မှုအဖြစ် နိုင်ငံတ၀န်းက ကျောင်းသား ၅၀၀ ကျော်ပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ် အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မှာ စတင်လိုက်ကြပါတယ်။

ဂျပန်နှင့် အိန္ဒိယ ၀န်ကြီးချုပ်တို့ ဒေသတွင်းလုံခြုံရေးနှင့် ရေပိုင်နက် အငြင်းပွားမှုများ ဆွေးနွေးမည်


မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံအစည်းအဝေးကို တက်ရောက်လာတဲ့  ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်းဒရာ မိုဒီတို့ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။ အာဆီယံအစည်းအဝေးအတွင်း အာဆီယံနိုင်ငံတွေနဲ့ ဒေသတွင်း လုံခြုံရေးတွေ ပိုင်နက် အငြင်းပွားမှုတွေအရေး ဆွေးနွေးဖို့ တက်ရောက် လာတာပါ။

ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်တွေ ရဲလက်ထဲအပ်ဖို့ ပြင်ဆင်


Hong Kong Occupy Central လှုပ်ရှားမှု ဆန္ဒပြအဖွဲ့ကြီးကို တည်ထောင်သူ ၃ ဦးဟာ မကြာခင်မှာ ဥပဒေ ကို လေးစားကြောင်း ပြသတဲ့အနေနဲ့ ရဲတပ်ဖွဲ့ထံ သွားရောက်ပြီးတော့ အဖမ်းခံဖို့ စီစဉ်ထားတယ်လို့ ဆိုပါ တယ်။

နိုင်ငံရေး ဆွေးနွေးပွဲများပြီးမှ လက်နက်ဖြုတ်သိမ်းရန် သမ္မတ သဘောတူ


အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ အပစ်အခတ် ရပ်စဲရေးပြုလုပ်ရာတွင် ပါဝင်သည့် လက်နက် ဖြုတ်သိမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ များကို နိုင်ငံရေး ဆွေးနွေးပွဲများပြီးမှ ပြုလုပ်ရန်အတွက် သမ္မတ ဦးသိန်းစိန်က သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ပြုပြင်ပြောင်းလဲရေးနှင့် တည်ငြိမ်ရေးသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအတွက် အရေးကြီးဟုဆို


မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် တည်ငြိမ်ရေးသည် အိန္ဒိယနိုင်ငံအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ဆက်လက်ရပ်တည်နေကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Syed Akbaruddin က နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီက နေပြည်တော်ရှိ Golden Myanmar ဟိုတယ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

My Blog List