Thursday, January 23, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Facebook ပြန်လည်အသုံးပြုတော့မည်

Image may contain: one or more peopleImage may contain: 1 person, sitting, table and indoor
သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများပြန့်ပွားချင်းကို ထိန်းသိမ်းနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က Facebook ပြန်လည်အသုံးပြုတော့မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ မင်္ဂလာသီရိဟော်တယ်တွင်ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိကျင်းပမည့် အမုန်းစကားနှင့် သတင်းတု၊ သတင်းမှားများ တားဆီးကာကွယ်ရေး စီမံခန့်ခွဲခွင့်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှ သိရခြင်းဖြစ်သည်။
“ဆိုရှယ်မီဒီယာရဲ့အကျိုးသက်ရောက်မှုက ကောင်းတာနဲ့ဆိုးတာရှိပါတယ်။ ကျွန်တော်တို့ ယခင်ကာလကတော့ ဆိုရှယ်မီဒီယာဆိုတာ ရုပ်မြင်သံကြားရယ်၊ ရေဒီယို၊ သတင်းစာဒီသုံးခုပဲရှိခဲ့တာပါ။ ဒီဥစ္စာကလည်း သူ့အချိန်နဲ့သူ ထုတ်ပြန်နေတဲ့အတွက် ဒါတွေပြည်သူတွေဆီရောက်ရှိဖို့က ကျယ်ကျယ်ပြန့်ပြန့်မရောက်ရှိဘူး။ အချိန်နဲ့တပြေးညီလည်း မရှိဘူး။ facebook ကို ပြန်သုံးမယ်။သုံးဖို့စည်းမျဉ်းစည်းကမ်းတွေ၊ ကြီးကြပ်မှုအဖွဲ့တွေ လုပ်နေပါတယ်။ ဒီက Facebook Team နဲ့လည်း ကုမ္ပဏီတွေနဲ့လည်းခေါ်ပြီးဆွေးနွေးပြီးတော့ သတင်းအမှားတွေ၊ သတင်းအတုတွေ၊ အမုန်းစကားတွေဘယ်လိုကာကွယ်မလဲဆိုတာ ဆွေးနွေးထားပါတယ်။ ကျွန်တော်တို့ အခုလုပ်နေတာက UEC ကအရင်တော့ TV တွေ၊ ရေဒီယိုတွေ၊ website တွေလုပ်တယ်။ အခု facebook သုံးတော့မယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်မှု ၊တရားမျှတမှု၊ အများယုံကြည်သည့် ရွေးကောက်ပွဲဖြစ်မှု၊ ပွင့်လင်းမြင်သာမှု၊ ပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်းကျမှုတို့နှင့်အညီလုပ်ဆောင်မည်ဟု ကတိပေးထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လက်ရှိတွင် ဝက်ဆိုဒ်ကိုသာပုံမှန်အသုံးပြုနေပြီး Facebook ကို ၂၀၁၇ ခုနှစ်ကုန်ပိုင်းခန့်မှစပြီး အသုံးမပြုတော့ခြင်းဖြစ်သည်။
အံ့ညီညီ-နေပြည်တော်(အကုန်သိသတင်းဌာန)

<<< Unicode Version >>>
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Facebook ပြန်လည်အသုံးပြုတော့မည်
------- အံ့ညီညီ-နေပြည်တော်(အကုန်သိသတင်းဌာန) -------
သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများပြန့်ပွားချင်းကို ထိန်းသိမ်းနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က Facebook ပြန်လည်အသုံးပြုတော့မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ မင်္ဂလာသီရိဟော်တယ်တွင်ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိကျင်းပမည့် အမုန်းစကားနှင့် သတင်းတု၊ သတင်းမှားများ တားဆီးကာကွယ်ရေး စီမံခန့်ခွဲခွင့်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှ သိရခြင်းဖြစ်သည်။
“ဆိုရှယ်မီဒီယာရဲ့အကျိုးသက်ရောက်မှုက ကောင်းတာနဲ့ဆိုးတာရှိပါတယ်။ ကျွန်တော်တို့ ယခင်ကာလကတော့ ဆိုရှယ်မီဒီယာဆိုတာ ရုပ်မြင်သံကြားရယ်၊ ရေဒီယို၊ သတင်းစာဒီသုံးခုပဲရှိခဲ့တာပါ။ ဒီဥစ္စာကလည်း သူ့အချိန်နဲ့သူ ထုတ်ပြန်နေတဲ့အတွက် ဒါတွေပြည်သူတွေဆီရောက်ရှိဖို့က ကျယ်ကျယ်ပြန့်ပြန့်မရောက်ရှိဘူး။ အချိန်နဲ့တပြေးညီလည်း မရှိဘူး။ facebook ကို ပြန်သုံးမယ်။သုံးဖို့စည်းမျဉ်းစည်းကမ်းတွေ၊ ကြီးကြပ်မှုအဖွဲ့တွေ လုပ်နေပါတယ်။ ဒီက Facebook Team နဲ့လည်း ကုမ္ပဏီတွေနဲ့လည်းခေါ်ပြီးဆွေးနွေးပြီးတော့ သတင်းအမှားတွေ၊ သတင်းအတုတွေ၊ အမုန်းစကားတွေဘယ်လိုကာကွယ်မလဲဆိုတာ ဆွေးနွေးထားပါတယ်။ ကျွန်တော်တို့ အခုလုပ်နေတာက UEC ကအရင်တော့ TV တွေ၊ ရေဒီယိုတွေ၊ website တွေလုပ်တယ်။ အခု facebook သုံးတော့မယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်မှု ၊တရားမျှတမှု၊ အများယုံကြည်သည့် ရွေးကောက်ပွဲဖြစ်မှု၊ ပွင့်လင်းမြင်သာမှု၊ ပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်းကျမှုတို့နှင့်အညီလုပ်ဆောင်မည်ဟု ကတိပေးထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လက်ရှိတွင် ဝက်ဆိုဒ်ကိုသာပုံမှန်အသုံးပြုနေပြီး Facebook ကို ၂၀၁၇ ခုနှစ်ကုန်ပိုင်းခန့်မှစပြီး အသုံးမပြုတော့ခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List