Thursday, January 23, 2020

ဂျီဟတ်အဖွဲ့ဝင်ရဲ့ ဇနီးကို ပြန်လည်လက်ခံခဲ့တဲ့အတွက် နော်ဝေနိုင်ငံက လူကြိုက်များတဲ့ပါတီ အစိုးရအဖွဲ့မှ နုတ်ထွက်

Image may contain: ocean, sky, cloud and outdoor
နော်ဝေနိုင်ငံမှာ လူကြိုက်များတဲ့ ပရိုဂရက်စ် ပါတီ (Progress Party) ဟာ ညွှန့်ပေါင်းအစိုးရအဖွဲ့ကနေ နုတ်ထွက်သွားပါတယ်။ နော်ဝေအစိုးရက အိုင်အက်စ်အဖွဲ့ဝင်လို့ သံသယရှိသူ အမျိုးသမီးနဲ့ ကလေးနှစ်ယောက် ကို ပြန်လည်လက်ခံတဲ့အတွက် အခုလိုနုတ်ထွက်တာဖြစ်ပါတယ်။

ပါတီခေါင်းဆောင် စိဖ် ဂျန်ဆင် က အကြမ်းအဖက်အဖွဲ့အစည်းတွေကို ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက်တဲ့ သူတွေ နဲ့ ညှိနှိုင်းစရာမလိုဘူး။ ရှင်းလင်းပြတ်သားတဲ့ ပါတီ အဖြစ် ရှေ့ဆက်သွားဖို့ လိုအပ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အသက် ၂၉ နှစ်အရွယ် ပါကစ္စတန်သွေးပါတဲ့ နော်ဝေနိုင်ငံသူ ဟာ အိုင်အက်စ်အဖွဲ့ဝင် နှစ်ဦးနဲ့ လက်ထပ်ပြီး အသက် ငါးနှစ်အရွယ် သားတစ်ဦးနဲ့ အသက်သုံးနှစ်အရွယ် သမီးငယ်တို့ ရရှိခဲ့ပါတယ်။ အသက်ငါးနှစ်အရွယ် ကလေးငယ်က ဖျားနာနေတဲ့အတွက် လူသားချင်းဆိုင်ရာအခြေခံအချက်ပေါ်မှာ မူတည်ပြီး နော်ဝေနိုင်ငံက သူတို့ကို ပြန်လည်လက်ခံခဲ့တာဖြစ်ပါတယ်။
ပရိုဂရက်စ် ပါတီ (Progress Party) က ကလေးနှစ်ဦးကို လက်ခံတာကို မဆန့်ကျင်ပေမယ့် အသက် ၂၉ နှစ် အရွယ်အမျိုးသမီးအား ပြန်လည်လက်ခံတာကို ဆန့်ကျင်ခဲ့ပါတယ်။
အဲဒီအမျိုးသမီးဟာ အိုင်အက်အဖွဲ့နဲ့ အယ်လ်နူရာ အဖွဲ့တွေမှာ ဝင်ထားတဲ့ အဖွဲ့ဝင်အမျိုးသမီးဖြစ် တယ်လို့ သံသယရှိသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက မဖမ်းဆီးမီအချိန်အထိ သူမရဲ့ ကလေးနှစ်ယောက်နဲ့ အတူနေခွင့်ရရှိခဲ့ပါတယ်။
MDN
ကိုးကား -AFP

No comments:

Post a Comment

My Blog List