Wednesday, January 22, 2020

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)၏ အပြီးသတ်အစီရင်ခံစာနှင့် ပတ်သက်ပြီး တပ်မတော် သဘောထား ထုတ်ပြန်

No photo description available.

နယ်မြေတည်ငြိမ်မှု စစ်ဆင်ရေး နောက်ဆက်တွဲ ဖြစ်စဉ်တွေအတွက် စုံစမ်းစစ်ဆေးဖို့ နိုင်ငံတော်သမ္မတရုံးက လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry-ICOE) ကို ဖွဲ့စည်းခဲ့ပြီး အပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီလ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက် တစ်ရပ်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဇန်နဝါရီ ၂၂ ရက် မှာ ထုတ်ပြန်ခဲ့ပါတယ် ။
တပ်မတော် အနေနဲ့ ICOE ရဲ့ အစီရင်ခံစာပါ အကြုံပြုချက်တွေကို လေ့လာသွားမယ့်အပြင် စစ်ဥပဒေချုပ်ရုံးကလည်း အစီရင်ခံစာ တစ်ခုလုံးကို အသေးစိတ်လေ့လာသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
------------------

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)၏ အပြီးသတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ တပ်မတော်၏သဘောထား ထုတ်ပြန်ချက်
----------------------------------

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးရဲကင်းများနှင့် တပ်ဌာနချုပ်တစ်ခုတို့ကို ဝင်ရောက်တိုက်ခိုက်မူများ ပေါ် ပေါက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေတည်ငြိမ်မှု စစ်ဆင်ရေး ဆောင်ရွက် ခဲ့ရပါသည်။ နယ်မြေတည်ငြိမ်မှု စစ်ဆင်ရေး၏ နောက်ဆက်တွဲ ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန်အတွက် နိုင်ငံတော်သမ္မတရုံးက လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry-ICOE) ကို ဖွဲ့စည်းခဲ့ပါသည်။
ICOE ၏ အပြီးသတ် အစီရင်ခံစာအား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက် နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ICOE က သက်သေခံ အချက်အလက်များ စုဆောင်းရာ တွင် တပ်မတော်သားများက လိုအပ်သော ထွက်ဆိုချက်များကို ပေးခဲ့ပါသည်။
ICOE ၏ အစီရင်ခံစာ မထုတ်ပြန်မီ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ နှောင်းပိုင်း ကာလမှ စတင်၍ ဂူတာပြင်ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရာရုံးကို ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ နယ်မြေခံတပ်၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ စစ်တရားရုံး စစ်ဆေးစီရင်ခြင်းအား စုံစမ်းစစ်ဆေးရေးခုံရုံး၏ အစီရင်ခံတင်ပြမှုအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် ICOE ၏ အစီရင်ခံစာပါ တပ်မတော်နှင့် စပ်လျဉ်းသည့် အကြုံပြုချက်များကို လေ့လာသွားမည့်အပြင် စစ်ဥပဒေချုပ်ရုံးကလည်း အစီရင်ခံစာ တစ်ခုလုံးကို အသေးစိတ်လေ့လာသွားမည် ဖြစ်ပါသည်။ တပ်မတော်အနေဖြင့် ကြိုတင်ကြံရွယ်ချက် မရှိဘဲ ARSA အဖွဲ့များနှင့် ဒေသရှိသူများ၏ အကြမ်းဖက် တိုက်ခိုက်မူများကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာ နှင့် ဒေသခံတိုင်းရင်းသား များ၏ အသက်အိုးအိမ်စည်းစိမ် နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ကွပ်ကဲမှုအဆင့်ဆင့်တွင် မှားယွင်းစွာ လုပ်ဆောင်သူများကို စုံးစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ပါသည်။ စုံစမ်းစစ်ဆေးရေးခုံးရုံး၏ တွေ့ရှိချက်အရ ပြစ်မူတစ်စုံတစ်ရာ ကျူးလွန်ကြောင်း ခိုင်လုံသည့် သက်သေအထောက် အထားတွေ့ရှိခဲ့ပါက စစ်ဘက် တရားစီရင်ရေး၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment

My Blog List