Friday, July 25, 2014

အပစ်ရပ်မူကြမ်းအပေါ် သုံးသပ်အကြံပြုချက်များ NCCT ခေါင်းဆောင် နိုင်ဟံသာ တင်ပြမည်


တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် ၈၉ဦး တက်ရောက်သည့် တိုင်းရင်းသားခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပထမနေ့ကို ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့တွင် ဇူလိုင် ၂၅ ရက် နံနက်ကိုးနာရီတွင် စတင်ကျင်းပနေပြီဖြစ်သည်။

ဘန်ကောက် အဲဝေး ချင်းမိုင်-ရန်ကုန်-မန္တလေး တိုက်ရိုက် ပျံသန်းမည်



ထိုင်း ပုဂ္ဂလိကပိုင် ဘန်ကောက် အဲဝေး (Bangkok Airways) လေကြောင်း လိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရန်ကုန် နှင့် မန္တလေးမြို့များသို့ တိုက်ရိုက် ပျံသန်းပြေးဆွဲရန် စီစဉ်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက် အဲဝေး ၏ ချင်းမိုင်- ရန်ကုန် – မန္တလေး သို့ ပျံသန်းပြေးဆွဲမည့် ခရီးစဉ်ကို လာမည့် အောက်တိုဘာလတွင် စတင်မည် ဖြစ်ပြီး ဈေးကွက် လိုအပ်ချက်အရ စီစဉ်ပျံသန်းခြင်း ဖြစ်သည်ဟု သိရသည်။

လည်ပင်းတောင့်ပြီးနာတာသက်သာအောင် လုပ်နိုင်မယ့်နည်းတွေ



အိပ်ရာကထချိန်မှာ လည်ပင်းကြီးမာတောင့်ပြီး နေထိုင်မကောင်းတာ မျိုးကြုံဖူးကြမှာပါ။ အိပ်ပျော်နေတုန်း ပုံစံမမှန် အိပ်မိ လို့ (ဒါမှမဟုတ်) ခေါင်းအုံးအနေ အထားကြောင့်လည်းဖြစ်တတ် ပါတယ်။ ဒီလိုတွေကြုံခဲ့တယ်ဆိုရင် အမြန်သက် သာနိုင်မယ့်နည်း တချို့ကို ဖော်ပြပေးချင်ပါတယ်။

ရုပ်ရှည်လှပမှုသည့် ဘော်လီဘောမယ်လေး ပရော်ဖက်ရှင်နယ် ဘဝတွင် အကျပ်ရိုက်စရာများ ကြုံနေရ



ကာဇက်စတန် နိုင်ငံမှ လူငယ်လက်ရွေးစင် ဘော်လီဘော အားကစားမယ်လေး တစ်ဦးသည် သူမ၏ ရုပ်ရည် အလှ အပကြောင့် ပရော်ဖက်ရှင်နယ် နယ်ပယ်တွင် အကျပ်ရိုက်စရာများ ကြုံနေရကြောင်း သိရသည်။အသက်(၁၈)နှစ်သာ ရှိသေးသည့် ဆာဘီနာ အယ်လ်တင်ဘီကိုဗာသည် ထိုင်ဝမ်တွင် အသက်(၁၉)နှစ်အောက် ချန်ပီယံရှစ် ဘော်လီဘော ပြိုင်ပွဲသို့ သွားရောက်မယှဉ်ပြိုင်မီက သူမကို သိရှိသူ နည်းပါးလှသည်။ 

ရန်ကုန်နှင့်မန္တလေးနည်းပညာတက္ကသိုလ်များတွင် သုတေသနဆောင်ရွက်ရန် ဂျပန်က ဒေါ်လာ ၂၅ သန်းကူညီ



ရန်ကုန်နည်းပညာတက္က သိုလ်နှင့်မန္တလေးနည်းပညာတက္ကသိုလ်တို့တွင် သုတေသနဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက် ရန် ဂျပန် အစိုးရက အမေရိကန်ဒေါ် လာ ၂၅ သန်းတန်ဖိုးရှိထောက်ပံ့မှုပေးအပ်ရန် ဇူလိုင် ၂၃ ရက်တွင် လက်မှတ်ရေး ထိုးလိုက်သည်။

အပြောင်းအလဲများ ဆက်မလုပ်လျှင် ကျောက်မျက် တင်သွင်းခွင့် အမေရိကန် ဆက်ပိတ်မည်


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်ကို ပြင်ဆင်မှု အပါအဝင် အပြောင်းအလဲများ ဆက်မလုပ်ပါက မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြား များကိုလည်း အမေရိကန်ပြည်ထောင်စုက ဆက်လက်ပိတ် ပင်ထားမည်ဟု ထိပ်တန်း အမေရိကန် အထက် လွှတ်တော်အမတ်တဦးက ပြောကြားလိုက်သည်။

ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့မှ အဖွဲ့ဝင်အဖြစ် ဦးအောင်လွင် နုတ်ထွက်



၂၀၁၃ ခုနှစ်အကယ်ဒမီဆုရွေးချယ်ပွဲအတွက် ဖွဲ့စည်းထားသည့် ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့တွင် အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ယူထားသည့် ဦးအောင်လွင်သည် ဇူလိုင် ၁၈ ရက်က နုတ်ထွက်လိုက်သည်ဟု မဇ္ဈိမကို ပြောသည်။

“ဘကြီးအောင် ရုပ်ရှင်ဇာတ်ကားတွေကို အကဲဖြတ်ပေးခဲ့တာ ငါးကား၊ ခြောက်ကားရှိနေပြီ။ နောက်နေ့ “အမိုက်စား” ဆိုတဲ့ ဇာတ်ကားကို ကြည့်လည်းကြည့်ရော ဘကြီးအောင် ရုပ်ကြီးထွက်လာတယ်။ ဘကြီးအောင်လည်း လန့်ပြီး အပြင်ကို ထွက်ပြေးတာပေါ့”ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံတွင် ပလိပ်ရောဂါကြောင့် ပိတ်ထားသည့်မြို့ကို ပြန်ဖွင့်ပေး



တရုတ်နိုင်ငံမြို့တစ်မြို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက ပလိပ်ရောဂါ ပြန့်ပွားကာ လူတစ်ဦး သေဆုံးခဲ့ခြင်း ကြောင့် အာဏာပိုင်များက မြို့အားပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း အရာရှိများက ပြောကြား လိုက်သည်ဟု ဇူလိုင် ၂၄ ရက်က အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

MH17၏ Black Boxများတွင် မသမာသည့် ပြုပြင်ပြောင်းလဲထားမှုများ မရှိဟု ကျွမ်းကျင်သူများပြော



ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့် MH17 ခရီးသည်တင် လေယာဉ် မှ ပြန်လည် ရရှိလာသည့် Black Box များမှ အချက်အလက်အားလုံးကို Download ရယူခဲ့ပြီဖြစ်ပြီး မသမာသည့် နည်းလမ်းဖြင့် ပြောင်းလဲထားမှု အထောက် အထား မတွေ့ရကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တောင်ကိုရီးယား ကူးတို့ရေယာဉ် နစ်မြုပ်မှု ရက်(၁၀၀)ပြည့် ကြေကွဲမှု အခမ်းအနားကျင်းပ


တောင်ကိုရီးယားနိုင်ငံတွင် Sewol ကူးတို့ရေယာဉ် နစ်မြုပ်မှု ရက်ပေါင်း(၁၀၀)ပြည့် ဝမ်းနည်းကြေကွဲမှု အခမ်းအနားကို စုရုံးကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင်(၂၄)ရက်က ဆိုးလ်မြို့တော်တွင် လူပေါင်း ထောင်နှင့်ချီစုရုံးကာ Sewol ရေယာဉ် နစ်မြုပ်မှုတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ကြေကွဲမှုကို ပြသ ခဲ့သည်။ ယင်းတို့အနက်တွင် သေဆုံးသွားသူ (၃၀၀)ဝန်းကျင်၏ ကျန်ရစ်သူ မိသားစုဝင် (၆၀၀)ကျော်လည်း တက်ရောက်ခဲ့ကြသည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းနှင့် ကားလမ်း စီမံကိန်း တရုတ် ဆက်လုပ်မည်ဟု ဆို



ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့အထိ သွယ်တန်းမည့် ရထားလမ်းနှင့် ကားလမ်း စီမံကိန်းကို တရုတ်အစိုးရဘက်မှ ပယ်ချခြင်းမဟုတ်ဘဲမြန်မာအစိုးရနှင့် ပြည်သူများက ထောက်ခံမည်ဆိုပါက ဆက်လက် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ချင်းမိုင်မှာ မြန်မာ ကောင်စစ်ဝန်ရုံး ဖွင့်ဖို့ စီစဉ်နေ


ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ ကောင်စစ်ဝန်ရုံးကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်မှာ ချင်းမိုင်မြို့ကို ရောက်ရှိလာပြီး ကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေးအတွက် နေရာလာရောက် ရှာဖွေခဲ့တယ်လို့ မြန်မာသံရုံး အသိုင်းအ၀န်းကတဆင့် သိရပါတယ်။

လေယာဉ်ပစ်ဒုံးကျည်များရှိကြောင်း ယူကရိန်းသူပုန်တပ်မှူးဝန်ခံ


ရုရှားနိုင်ငံတွင် ထုတ်လုပ်ခြင်းဖြစ်နိုင်ပြီး မလေးရှား လေယာဉ် MH17 ကို ပစ်ချရာ၌ အသုံးပြုခဲ့သော ဒုံးကျည်အမျိုးအစားဟု ဝါရှင်တန်က ပြောကြားသည့် လေယာဉ်ပစ်ဒုံးကျည်များမှာ ရုရှားလိုလားသော ခွဲထွက်ရေးသမားများ ပိုင်ဆိုင်ထားကြောင်း ယူကရိန်းသူပုန်ခေါင်းဆောင်တစ်ဦးက အတည်ပြုပြော ကြားသည်။

ပီအာရ်အဆိုကို တိုင်းရင်းသားအမတ်များ သပိတ်မှောက်၊ ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်သော်လည်း မထူးခြား


ဇူလိုင် ၂၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဒေါ်စုအပါအဝင် တိုင်းရင်းသားအမတ်များက ပီအာရ် စနစ်ကျင့်သုံးရန် အဆိုကို မတ်တပ်ရပ် ကန့်ကွက်နေကြစဉ်။ ပီအာရ်စနစ်ကို ကျင့်သုံးပါက ဖြစ်ပေါ် လာနိုင်သည့်  အကျိုးဆက်များနှင့် အင်အားကြီးပါတီများ၏ ၂၀၁၅ အခြေအနေမှာ ပြောင်းလဲသွားနိုင်ပြီး တိုင်းရင်းသားပါတီများအကြား ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များမှာလည်း အငြင်းပွားဖွယ် ဖြစ်လာနိုင် သည်။ 

လိုင်ဇာညီလာခံကို အဓိကတာဝန်ခံ ဆွေးနွေးမည့် ဦးဆောင်ကော်မတီဖွဲ့


ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် တတိယအကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံတွင် အဓိကတာဝန်ခံ ဆောင်ရွက်မည့် ဦးဆောင်ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဆွေးနွေးပွဲ စတင်မည့်ရက်ကို ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်နေ့သို့ ရွှေ့ဆိုင်း သတ်မှတ်လိုက်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။

အစ္စရေး သမ္မတ Shimon Peres ရာထူးကနှုတ်ထွက်


အစ္စရေးနိုင်ငံ သမ္မတ ရှီမွန်ပရက်ဇ်ဟာ ကြာသာပတေးနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားပြီး၊ အစ္စရေးနိုင်ငံ ရဲ့ အနာဂတ် ကြီးမားမှုနဲ့ ငြိမ်းချမ်းရေးကို ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။အစ္စရေးနိုင်ငံရဲ့ အိမ်နီးချင်း တိုင်းပြည်တွေနဲ့ ငြိမ်းချမ်းရေး ပူးပေါင်းဆောင် ရွက်ရေး ကိစ္စတွေ ပြောဆိုခဲ့သူ အသက် ၉၀ အရွယ် ရှိပြီဖြစ် တဲ့ မစ္စတာ ပရက်စ် ဟာ အာရပ်နိုင်ငံတွေနဲ့ ဂါဇာမှာနေထိုင်ကြသူတွေဟာ အစ္စရေးရဲ့ ရန်သူတွေ မဟုတ် ပါဘူးလို့ ပြောကြားခဲ့သူလည်းဖြစ်ပါတယ်။

ဘာသာရေးအလွဲသုံးဟု တိုင်ကြားခံထားရသည့် ဇလွန်ပြည်ခိုင်ဖြိုးကိစ္စ ဆုံးဖြတ်တော့မည်


ဖွဲ့စည်းပုံပါ သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉(စ)မပြင်ရေး ဆန္ဒပြပွဲအပြီး ဗုဒ္ဓရုပ်ပွားတော်များမဲ ဖောက်ပေးခဲ့သည့် ဇလွန်မြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် တိုင်ကြားချက်ကို မကြာမီ ဆုံးဖြတ်ချက်ချမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများဌာန ဒုတိ ယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ဇူလိုင် ၂၄ ရက်တွင် ပြောသည်။

မန္တလေးပဋိပက္ခအတွင်း လူသတ်မှုတွင်ပါဝင်သူ ၁၄ ဦးကို ဖမ်းမမိသေး



မန္တလေးမြို့အတွင်း ယခုလဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုနှစ်ခုတွင် အဓိက ကျူးလွန်ခဲ့သူများနှင့် ပူးပေါင်း ပါဝင်ခဲ့ သူ စုစုပေါင်း ၁၄ ဦးခန့်ကို ယနေ့အချိန်ထိလိုက်လံရှာဖွေနေ ဆဲဖြစ်ကြောင်း သတင်းရရှိ သည်။

ဇူလိုင် ၂ ရက် ည ၁၂ နာရီ ခွဲခန့်က (၃၄)လမ်းနှင့် (၃၅)လမ်းကြား၊ (၈၃)လမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းသေဆုံးမှုဖြစ်စဉ်၌ ပါဝင်ခဲ့ သူစုစုပေါင်း ခြောက်ဦးရှိရာမှ လက်ရှိအချိန်တွင် နှစ်ဦးကိုသာ ဖမ်းမိပြီး စစ်ဆေး မှုများပြုလုပ် နေကြောင်း၊ ယင်းသေဆုံးမှုဖြစ် စဉ်ဖြစ်ပွားပြီး နာရီပိုင်းအကြာ ဇူလိုင် ၃ရက် နံနက် ၅ နာရီခန့်က(၈၃)လမ်း၊ (၃၀)လမ်းအနီး ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာ ဝင် ကိုစိုးမင်း သေဆုံးမှုဖြစ်စဉ် တွင်လည်း ကျူးလွန်သူအပါအ ဝင် ပူးပေါင်းပါဝင်ခဲ့သူ ၁၆ ဦးခန့်ရှိခဲ့ကြောင်း ယင်းတို့အနက် ခြောက်ဦးခန့်ကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီဖြစ်သော်လည်း ကျန် ၁၀ ဦးခန့်ကို ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်း ကပြောသည်။

တအောင်း(ပလောင်)စစ်ပြေးဒုက္ခသည်များအရေးနှင့် ပတ်သက်၍ သူရဦးရွှေမန်းနှင့် ဒေသခံအမတ်များ သီးသန့်ဆွေးနွေး



တအောင်း(ပလောင်) ဒေသများတွင် ဖြစ်ပွားနေသည့် လတ်တလောတိုက်ပွဲ များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းနှင့် တအောင်း(ပလောင်) လွှတ်တော်ကိုယ်စားလှယ်များ ဇူလိုင် ၂၃ ရက်တွင် နေပြည်တော်၌ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

ယူကရိန်း ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်



ယူကရိန်း ဝန်ကြီးချုပ် အာဆီနီ ရတ်ဆန်ယွတ်ခ်သည် ကြာသပတေးနေ့(ဇူလိုင် ၂၄ ရက်)တွင် ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်သည်။ ရတ်ဆန်ယွတ်ခ်သည် ပါတီအများအပြား ပါဝင်သည့် ညွန့်ပေါင်းပါလီမန်ကို ဖျက်သိမ်းလိုက်ခြင်းအပေါ် ကန့်ကွက်သည့် အနေဖြင့် ၎င်း၏ ရာထူးမှ အံ့အားသင့်ဖွယ် နုတ်ထွက်သွားခြင်း ဖြစ်သည်။ ရတ်ဆန်ယွန်ခ် ဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်လိုက်ခြင်းကြောင့် မတည်ငြိမ်မှုနှင့် ပဋိပက္ခတိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ယူကရိန်းတွင် နိုင်ငံရေး မသေချာ မရေရာမှုများ ပိုမို ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်။

အဆက်အသွယ် မပြတ်မီ AH5017 လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့


ရုတ်တရက် ပျောက်ဆုံးသွားသည့် အယ်လ်ဂျီးရီးယား ခရီးသည်တင် လေယာဉ်သည် အဆက်အသွယ် ပြတ်တောက်မသွားမီ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့သေးကြောင်း သတင်းရရှိသည်။

Air Algerie လေကြောင်းလိုင်းမှ AH5017 လေယာဉ်သည် ခရီးသည် (၁၁၀)၊ အမှုထမ်း (၆)ဦး လိုက်ပါ လာပြီး ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းနေစဉ် အဆက်အသွယ် ပြတ်တောက် သွားခြင်း ဖြစ်သည်။

သိမ်းဆည်းခံ လယ်ယာ၊ ဖမ်းဆီးခံ လယ်သမားများနှင့်ပတ်သက်၍ ၈၈ မျိုးဆက်အဖွဲ့ (ငြိမ်း/ပွင့်) မှ သဘောထားကြေညာချက် ထုတ်ပြန်


သိမ်းဆည်းခံ လယ်ယာ၊ ဖမ်းဆီးခံ လယ်သမားများနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းနှင့် ကာယကံရှင်လယ်သမားများ ပူးပေါင်းပြီးသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက ၈၈ မျိုးဆက်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

PR စနစ်ကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်မတက်ဘဲ ပြည်သူ့လွှတ်တော်၌ ပထမဆုံးကန့်ကွက်ဆန္ဒပြ


PR (အချိုးကျကိုယ်စားပြုစနစ်)ကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်မတက်ဘဲ ပြည်သူ့လွှတ်တော်၌ ပထမဆုံးကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ဇူလိုင် ၂၄ရက်တွင်ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်aတ်ာကိုယ်စားလှယ် ဦးအောင်ဇင်က PR နှင့်ပတ်သက်သည့် အဆိုတင်သွင်းမည်ဖြစ်သည့်အတွက် လွှတ်တော်သို့မတက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆၀၀ ကျော် အလုပ်ပြန်ရနေဟု အလုပ်သမားဒုဝန်ကြီး၏ ပြောစကား မမှန်ကန်ကြောင်း အလုပ်သမားများ ရှင်းလင်း




လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆ဝဝကျော် အလုပ်ပြန်ရပြီဟု အလုပ်သမားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၏ ပြောစကားဖြင့် သတင်းစာ တချို့တွင် ဖော်ပြခဲ့မှုမှာ မဟုတ်မှန်ကြောင်း အလုပ်သမားများက ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် Master Sport ဖိနပ်စက်ရုံရှေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းရှိ ကျောင်းများရေလျှံပါက ခေတ္တပိတ်ထားနိုင်ကြောင်း အခြေခံပညာ(၃) ညွှန်ကြား


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေကြီးရေလျှံဖြစ်ပွား နေသည့် အခြေခံပညာကျောင်း များအား ကျောင်းသူ၊ ကျောင်း သားများအတွက် အန္တရာယ်ရှိပါက ကျောင်းကို ပိတ်ထားနိုင်ပြီး အဆိုပါကျောင်းတက်ရက်များကို အစားထိုးပြန်လည်တက်ရောက်ရန် မှာကြားထားကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းဇော်က ပြောကြားသည်။

အငြိမ်းစားယူရမည့်အသက် (၆၃)နှစ် တိုးမြှင့်ခြင်းမှာ မဟုတ်ဟုဆို


နိုင်ငံဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို (၆၃)နှစ်အထိ တိုးမြှင့်လိုက်သည်ဆိုသော သတင်းများ ထွက်ပေါ် နေမှုမှာ မမှန်ကန်ကြောင်း ပြည် ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

နိုင်ငံဝန်ထမ်းများ သက် ပြည့်ပင်စင်ယူရမည့် အသက်ကို ၆၀ နှစ်မှ သုံးနှစ်တိုးပြီး ၆၃ နှစ် ပြည့်မှသာ သက်ပြည့်ပင်စင်ပေး မည်ဆိုသည့် သတင်းစကားများအနေဖြင့် မှန်ကန်မှုမရှိဟု ဇူ လိုင် ၂၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက လာရောက်ရှင်း လင်း တင်ပြခဲ့သည်။

တိုင်းရင်းသား ထိပ်သီးညီလာခံအစည်းအဝေး ဦးဆောင်ကော်မတီဖွဲ့ရန် တစ်နေကုန် တံခါးပိတ်ဆွေးနွေး၊ ညီလာခံ ယနေ့စမည်


တိုင်းရင်းသားထိပ်သီး ညီလာခံအစည်းအဝေးတွင် တိုင်ပင်ဆွေးနွေးမည့် အစီအစဉ်များ နှင့် အစည်းအဝေး ဦးဆောင် ဆွေးနွေးရန် ဦးဆောင်ကော်မတီ ဖွဲ့စည်းနေသည့်အတွက် ညီလာခံကို မူလစီစဉ်ထားသည့် ဇူလိုင် ၂၄ ရက်တွင် မစတင်ဖြစ်ဘဲ ယနေ့ (ဇူလိုင် ၂၅ ရက်) မှသာ စတင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြန်မာ့ဆက်သွယ်ရေးနှင့်ပူးပေါင်းသည့် ဂျပန်ကုမ္ပဏီများ ကြိုးဖုန်းအင်တာနက် ဝန်ဆောင်မှုပေးမည်ဟုဆို



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် KDDI, Sumitomo Corporation တို့ပူးပေါင်း၍ ပြည်သူများအား ကြိုးဖုန်းများမှ တစ်ဆင့်မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ကြိုးဖုန်း ရှိတဲ့အိမ်တိုင်းမှာ မြန်နှုန်းမြင့်တဲ့ အင်တာနက်ကို ရအောင်လုပ်ပေးသွားမယ်။ ကြိုး ဖုန်းတွေကနေ အင်တာနက်အသုံး ပြုမှုကို လုပ်ငန်းကြီးငယ်မရွေး အသုံးပြုလို့ရအောင်လုပ်ပေးသွားမှာဖြစ်ပါတယ်’’ဟု ဂျပန်ဆက် သွယ်ရေးကုမ္ပဏီနှစ်ခု ပူးပေါင်း ထားသည့် KSGM (Joint Oper ation)မန်နေဂျင်းဒါရိုက်တာ တကရှီနာဂရှီမကပြောသည်။

Thursday, July 24, 2014

မလေးရှား လေယာဉ်မှ အလောင်းများ ပထမအသုတ် နယ်သာလန်သို့ ရောက်ရှိ




လိုင်ဇာ တတိယအကြိမ် တိုင်းရင်းသား ညီလာခံ “၀” နှင့် မိုင်းလား အဖွဲ့ မတက်နိုင်



ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ၅ ရက်ကြာ ကျင်းပမည့် တတိယအကြိမ် တိုင်းရင်းသား ညီလာခံကို “ဝ” နှင့် မိုင်းလား အဖွဲ့တို့ကို ဖိတ်ကြားထားသော် လည်း တက်ရောက်နိုင်မည် မဟုတ်ကြောင်း သိရသည်။ ညီလာခံကို ဇူလိုင် ၂၄ မှ ၂၉ ရက်အထိ ကျင်းပရန်စီစဉ်ထားပြီး ဇူလိုင် ၂၄ မှ ၂၆ ရက်အထိကို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) ကိုယ်စားလှယ်များက အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ၃ ရက်ကြာဆွေးနွေးပြီး ဇူလိုင် ၂၈၊ ၂၉ ရက်တွင် NCCT အဖွဲ့တွင် မပါဝင်သေးသော တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က ပြောသည်။

တဆင့်ခံ စစ်ပွဲရဲ့ ဓားစာခံ MH17


မလေးရှားလေကြောင်းလိုင်း  MH17 ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ခွဲထွက်ရေး သမားတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဘယ်ပုံဘယ်ကြောင့် ပျက်ကျသွားသလဲ ဆိုတာကို စုံစမ်းစစ်ဆေးဆဲပါ။ သေချာတာ တခု ကတော့ လူ ၃၀ဝ နီးပါးဟာ သူတို့နဲ့မဆိုင်တဲ့ နိုင်ငံရေးဇာတ်လမ်းထဲမှာ အသက်စတေးခံသွားတယ် ဆိုတာပါပဲ။

အဏုမြူစက်ရုံ ဖြစ်ရင်တောင်မှ ငံပြာရည်စက်ရုံလို့ သတင်းထောက်တွေ ပြောသင့်လို့ဆို


မြန်မာနိုင်ငံမှာ ​အဏုမြူစက်ရုံ ​ရှိနေရင်တောင် ​ငံပြာရည်စက်ရုံပါလို့သာ ​မီဒီယာတွေဟာ ​မျိုးချစ်စိတ် ​ရှိရှိနဲ့ ​ပြောဆိုသင့်ကြောင်း ​မကွေးမြို့ ​အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ​ဦးလှဆွေက ​ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့တွင်း ရေကြီးမှုများ ထပ်မံမဖြစ်စေရေး စည်ပင်က စစ်တမ်းကောက်နေဟုဆို



ရန်ကုန်မြို့ထဲ ရေကြီးရေလျှံမှု လျော့နည်းစေရေး စစ်တမ်းကောက်ယူလျက်ရှိပြီး တွေ့ရှိချက်အတိုင်း ဆက်လက် အကောင် အထည်ဖော်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးအေးကိုက မဇ္ဈိမကို ပြောသည်။

အခြေခံဥပဒေ ပြင်နိုင်တော့မလား



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၈၀ ရာခိုင်နှုန်းကျော်ကို ပြင်ဆင်ဖို့ သင့်မသင့် ဆွေးနွေးမှု ပြီးနေပြီဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာပတ်နေသည့် လူငယ်ပိုင်းလော့ လေယာဉ်ပျက်ကျမှုကြောင့် အသက်ဆုံးရှုံး




ကမ္ဘာတစ်ပတ် လေယာဉ်မောင်းနှင်နိုင်သည့် အသက်အငယ်ဆုံး ပိုင်းလော့ အဖြစ် မှတ်တမ်းဝင်ရန် ကြိုးစားနေသည့် ပါကစ္စတန်-အမေရိကန် ဆယ်ကျော် သက် လေယာဉ်မှူး ဟားရစ်ဆူလေမန်သည် ပြီးခဲ့သည့် အင်္ဂါနေ့ညက တောင်ပစိ ဖိတ်ဒေသရှိ အမေရိကန် ဆာမိုအာကမ်းရိုးတန်းတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် အသက်ဆုံးရှုံးသွား ခဲ့ကြောင်း ဆာမိုအာကျွန်း၏ ကမ်းရိုးတန်း လုံခြုံရေး အရာရှိများနှင့် ဟားရစ်၏ မိသားစုများက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် အပြီးသတ်မည့် လိုင်ဇာညီလာခံ ယနေ့စမည်



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းနေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် အပြီးသတ် ပြင်ဆင်ညှိနှိုင်းရန် တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် ယနေ့ (ဇူလိုင် ၂၄) စတင်မည် ဖြစ်ကြောင်း KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီနှင့် တံခါးပိတ် တွေ့ဆုံ



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Miss.Yang- hee Lee နှင့် မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတို့သည် ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တစ်နာရီကြာ တံခါးပိတ် တွေ့ဆုံပြီး ကော်မတီဘက်က အချက်သုံးချက် ထုတ်ပြန်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

သံရုံးက ခွင့်ပြုမိန့်မပေး၍ မလေးရှားတွင် မြန်မာများ သဂြုင်္ိဟ်ခွင့် လချီကြန့်ကြာ


မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းက ဝင်လာစဉ် ကားမှောက် သေဆုံးသွားသည့် မြန်မာနိုင်ငံ သား လေးဦးကို သဂြုင်္ိဟ်ရန် မြန်မာသံရုံးက ခွင့်ပြုမိန့် ထုတ်ပေးရန် ကြန့်ကြာသဖြင့် အလောင်းများ ပုပ်သိုး ပြီးမှ သဂြုင်္ိဟ်ခဲ့ရကြောင်း ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြား သည်။

တပ်မတော်သား ကိုယ်စားလှယ်များ မေးခွန်းများမေးမြန်းလာ


မေးခွန်းမေးမြန်းခြင်း၊အဆိုတင်သွင်းခြင်းများပြုလုပ်မှု အနည်းဆုံးဖြစ်နေ ကြောင်း အမြဲ ဝေဖန်ခံနေရသည့် တပ်မတော် သားကိုယ်စားလှယ် ၁၇ ဦးခန့်က ကျင်းပဆဲ လွှတ်တော်အစည်း အဝေးများ၌ မေးခွန်းများစတင် မေးမြန်းလာကြောင်း သတင်းရရှိ သည်။

အရောင်းကိုယ်စားလှယ်များ စမ်းသပ်သုံးနိုင်ရန် အူရီးဒူးက ဆင်းမ်ကတ်များ ချထားပေးပြီ



ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်ရ ကာတာနိုင်ငံ အခြေစိုက် အူးရီးဒူးကုမ္ပဏီက ၎င်းတို့၏ ဆင်းမ်ကတ် ရောင်းချပေးမည့် ကိုယ်စားလှယ်များ စမ်းသပ် အသုံးပြုနိုင်ရန် ဆင်းမ်ကတ်များနှင့် ဟန်းဆက် များကို စတင် ချထားပေးလိုက်သည်ဟု ရရှိခဲ့သည့် ကိုယ်စားလှယ် အချို့က ပြောသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူငယ်အားလုံးပါဝင်ရန်လိုဟု ဦးအောင်မင်းပြော


ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူငယ်များအားလုံးပါဝင်ရန် လိုအပ်သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တောင်ကြီးမြို့၊ ဘုံကျောင်းခန်းမ တွင် ဇူလိုင်လ ၂၃ရက်က စတင်ကျင်းပသည့် လူငယ်နှင့်ငြိမ်းချမ်းရေးဖိုရမ်အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြော ကြားလိုက်သည်။

မဲဆန္ဒရှင်စာရင်း ရှေ့ပြေးကောက်ရာတွင် မဲစာရင်းများ မှားယွင်းမှုများ ဖြစ်ပေါ်နေ



၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင်စာရင်း ရှေ့ပြေးစမ်းသပ် ကောက်ယူရာတွင် မဲစာရင်းများ၌ မွေးသက္ကရာဇ် မပါဝင်ခြင်း၊ မှတ်ပုံတင် မပါရှိခြင်းနှင့် တိုင်းရင်းသားများ၏ နာမည်လွဲမှားမှုများ ရှိနေသည်ဟု မဲစာရင်း အသိပညာပေးအဖွဲ့ The Fernity Initative မှ ပြန်ကြားရေးတာဝန်ခံ ဦးသန်းဌေးက ပြောသည်။

ထိုင်းယာယီဖွဲ့စည်းပုံ ဘုရင်လက်ခံ


ထိုင်းနိုင်ငံမှာ ရွေးကောက်ခံအစိုးရကို အာဏာသိမ်း ဖြုတ်ချလိုက်တာနဲ့အတူ ဖျက်သိမ်းခဲ့တဲ့ အရင်အခြေခံ ဥပဒေကို အစားထိုးဖို့ ယာယီ အခြေခံဥပဒေ တရပ်ကို အာဏာသိမ်းပြီး နှစ်လအကြာ အင်္ဂါနေ့မှာ ပြဌာန်း လိုက်ပါပြီ။

ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွင် ယခင်ရွေးကောက်ပွဲများ၌ မကျင့်သုံး ဖူးသည့် စနစ်အများအပြား ထည့်သွင်းရေးဆွဲထား


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရေးဆွဲနေသည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် မသန်စွမ်း သူများရွေးကောက်ခံ ကိုယ်စားလှယ်အနေဖြင့် အရည်အချင်းပြည့်မီပါက အမည်စာရင်းတင်သွင်းခွင့်ကဲ့သို့ ယခင်ရွေးကောက်ပွဲများတွင် မကျင့်သုံးဖူးသည့်စနစ်အများအပြား ထည့်သွင်းရေးဆွဲထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နည်းဥပဒေပြင်ဆင်ရေးကော်မတီမှ သိရသည်။

ထိုင်း အစိုးရအဖွဲ့ဝင် စစ်ခေါင်းဆောင်များကို မဝေဖန်ရ အမိန့် ဖြေလျှော့ပေး




ထိုင်းနိုင်ငံတွင် အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ အစိုးရ (NCPO) က သတင်းမီဒီယာများ အနေဖြင့် အစိုးရအဖွဲ့ဝင် စစ်ခေါင်းဆောင်များအား အကြည်ညို ပျက်စေသည့် မည်သည့် ဝေဖန်မှုကိုမျှ မပြုရ အမိန့်ကို ဇူလိုင် ၂၂ ရက်က အမိန့်သစ်ဖြင့် ဖြေလျှော့ ပြောင်းလဲလိုက်သည်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ပြင်သစ်ကို ထွက်ခွာ


ရာထူးက နုတ်ထွက်ပေးခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် ရှင်နာဝပ်ဟာ မနေ့ညက သုဝဏ္ဏ ဘုမ္မိ နိုင်ငံတကာ လေဆိပ်ကြီးကနေ ပြင်သစ်နိုင်ငံကို သားဖြစ်သူနဲ့ အတူ ထွက်ခွာသွားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယာယီထိန်းသိမ်းခံခဲ့ရပြီး ပြည်ပ ခရီးသွားလာခွင့် ပိတ်ပင်ခံထားခဲ့ရပေမယ့် လက်ရှိ NCPO အစိုးရအဖွဲ့က မစ္စယင်လတ်ကို အေးအေးဆေးဆေး နေလို့ ပြည်ပ ထွက်ခွာခွင့် ပေးလိုက်တာပါ။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မန္တလေးမြို့၏ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့်နေရာများသို့ လိုက်လံကြည့်ရှုပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံ



မန္တလေးမြို့၌ ဆူပူအကြမ်းဖက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများသို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီမှ ဇူလိုင် ၂၃ ရက်တွင် လာရောက်လေ့လာခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

My Blog List