စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အခြေခံပညာရေးစာသင်ကာလနှင့် စာမေးပွဲစစ်ဆေးခြင်းကို မတ်လ နောက်ဆုံးပတ်အထိ တိုးမြှင့်လိုက်ခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် မုံရွာပညာရေးကောလိပ်ကျောင်းသား ကျောင်းသူများ ၃၀၀ ကျော် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဆန္ဒပြခဲ့ကြသည်။
အဆိုပါဆန္ဒပြပွဲကို မုံရွာပညာရေးကောလိပ်ကျောင်းသားကျောင်းသူများသည် အဆိုပါကောလိပ်အတွင်းက ဘောလုံးကွင်းကို ၂ ပတ်ပတ်ခဲ့ပြီးနောက် ၎င်းနေရာမှ မုံရွာမြို့ကန်သာယာအထိ လမ်းလျှောက်ပြသခဲ့ခြင်း ဖြစ်သည်။
"ပညာရေးဝန်ကြီးဌာနကနေ ချမှတ်လိုက်တဲ့မတ်လနောက်ဆုံးပတ်မှာ အတန်းငယ်တွေစာမေးပွဲဖြေဆိုမယ့်ကိစ္စ ကို ကန့်ကွက်တာပါ။ ပညာရေးဝန်ကြီးဌာနက အခြေခံပညာတိုးမြှင့်ရခြင်းရဲ့ ရည်ရွယ်ချက်က ပညာရေးဝန်ကြီး ပြောခဲ့သလို မိဘတွေအလုပ်ကောင်းကောင်းလုပ်နိုင်ဖို့နဲ့ ကျောင်းသားတွေ ကျောင်းမှာပို့ထားဖို့ လိုတယ်ပေါ့။ မိဘတွေအလုပ်ကောင်းကောင်းလုပ်နိုင်မှ မြန်မာနိုင်ငံစီးပွားရေးစနစ်ဦးမော်လာမယ်ပေါ့။ ဒါဆို ကျွန်တော်တို့က ပြန်မေးချင်တာက ကျွန်တော်တို့ကျောင်းတစ်လတည်းတိုးဖွင့်ပေးရုံနဲ့ ကျောင်းပို့ထားပေးရုံနဲ့ ပညာရေးစနစ်ကြီး ဦးမော်လာမယ်ဆိုရင် တစ်လမကကို အမြဲတမ်းကလေးတွေကို ကျောင်းမှာထားပေးလိုက်ပါ "ဟု ဦးဆောင်သူ ကိုညီညီမင်းထက်ဝေက ပြောသည်။
အဆိုပါဆန္ဒပြပွဲတွင် အခြေခံပညာစာသင်ကာလတိုးမြှင့်ခြင်း ပြန်လည်ဖျက်သိမ်းပေးရေး ဒို့အရေး၊ ဒီမိုကရေစီ စနစ်နှင့်အညီ ကောင်းမွန်သော ပညာရေးစနစ်ဖော်ဆောင်ရေး ဒို့အရေး၊ သုတေသနကို အခြေမခံသော ပညာ ရေး ပြုပြင်ပြောင်းလဲမှု အလိုမရှိ၊ အာဏာရှင်ဆန်သော ပညာရေးပြုပြင်ပြောင်းလဲမှု အလိုမရှိ၊ အောက်ခြေ အသံကို လျစ်လျူရှုသည့်ပညာရေးအကြီးအကဲများ အလိုမရှိ၊ ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်များ အယုံအကြည်မရှိ စသည့်အချက်အလက်များကို ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့သည်။
အဆိုပါဆန္ဒပြပွဲကို မုံရွာပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ကျောင်းသားကျောင်းသူ ၃၅၀ ကျော်ပါဝင်ခဲ့ခြင်းဖြစ်သည်။
(Unicode)
အာဏာရှင်ဆန်သော ပညာရေး ပြုပြင်ပြောင်းလဲမှု အလိုမရှိကြောင်း မုံရွာမြို့ပညာရေးကောလိပ် ကျောင်းသား/သူများ ဆန္ဒထုတ်ဖော်

#PeopleMedia
No comments:
Post a Comment