Saturday, October 25, 2014

လုပ်ကြံခံခဲ့ရသည့် ဘနာဇီယာဘူတို၏ သား နိုင်ငံရေးလောကသို့ ၀င်ရောက်



ပါကစ္စတန်တွင် ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို၏ သားဖြစ်သူ က နိုင်ငံရေးလောကသို့ စတင်ဝင်ရောက် မှုအဖြစ် စနေနေ့တွင် ကြီးမားသည့် လူထုချီတက်ပွဲတစ်ခုသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ဘူတို၏သား အသက် ၂၆ နှစ်ရှိ ဘီလာဝယ်က အစွန်းရောက် ဝါဒအား တွန်းလှန် ရန်နှင့် နိုင်ငံ အတွင်း အိုင်အက်စ်အဖွဲ့ ခြေချလာမှုကို တားဆီး ရန် ကတိပြုခဲ့သည်။ 

နိုင်ငံသားစိစစ်ရေး အစီအစဉ် ရခိုင်ဝန်ကြီးချုပ် ရှင်းလင်း



ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ အခြားမြို့နယ်တွေမှာ သီးသန့် ဧရိယာတွေသတ်မှတ်ပြီး ထပ်မံစိစစ်တော့မှာမဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံသားမှတ်ပုံတင် စိစစ်ရေး စီမံချက်တွေမှာ တစ်ပါတည်း ထည့်သွင်းဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောဆိုလိုက်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ခွင့်ပြုချက် ရရှိ


ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံထဲမှာ ပြန်လည်အခြေချခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ကို နိုင်ငံရေးပါတီအဖြစ် ဒီကနေ့ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဂျော်ဒန်သို့ အလုပ်သွားလုပ်မည့် အမျိုးသမီး ၁၇ ဦးနှင့် ပွဲစား သုံးဦး တရားဝင် အထောက်အထားမပါ၍ ခေတ္တထိန်းသိမ်းခံရ


ဂျော်ဒန်နိုင်ငံသို့ တရားမဝင်သွားရောက်မည့် အမျိုးသမီးအလုပ်သမား ၁၇ ဦး နှင့် ပွဲစား(၃)ဦးကို အောက်တို ဘာ ၂၅ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိန်းသိမ်းခဲ့သည်ဟု အလုပ်သမား ညွှန်ကြား ရေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်

ဝန်ကြီးဌာနများ ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှု များပြားလွန်း


၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဖြည့်စွက်ဘတ်ဂျက်ငွေ တောင်းခံတဲ့ဝန်ကြီးဌာနတွေ အများအပြားရှိပြီး သမဝါယမ ၀န်ကြီးဌာနက မူလခွင့်ပြုထားတဲ့ ဘဏ္ဍာငွေ ထက် ၆၀၀% ကျော် ထပ်မံတောင်းခံတယ်လို့ ဇမ္ဗူသီရိမြီု့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားလိုက်ပါတယ်။

ပြည်တွင်းစစ် ရပ်တန့်ဖို့ လီဆူပါတီ တိုက်တွန်း


အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်ဖို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ကချင်ပြည် နယ်၊ ဝိုင်းမော်မြို့မှာ ကျင်းပပြုလုပ်တဲ့ ပါတီရုံးခန်းဖွင့်ပွဲမှာ သဘောထားကြေညာချက်တစ်စောင်ကို ဝိုင်းမော် မြို့နယ် LNDP ပါတီဥက္ကဋ္ဌ ဦးအလေးဖါးဖါးက ဖတ်ကြားသွားခဲ့ပါတယ်။

ဟိုတယ်ဝန်ဆောင်မှု သင်တန်းကျောင်း ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်ပေး


ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းကျောင်း (Hospitality and Catering Training Academy - HCTA)ကို ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာမှာ ဒီကနေ့ ဖွင့်လှစ်ခဲ့ရာမှာ ဒေါ်အောင် ဆန်းစုကြည် တက်ရောက်ပြီး အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို အလေးအနက်ထား သင်ကြားဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။

RSO ကောလာဟလကြောင့် ရခိုင်ကမ်းရိုးတန်းတွင် စစ်ရေယာဉ်များ ကင်းလှည့်ရန် စီစဉ်ထား


ရခိုင်ပြည်နယ် ၊ နယ်စပ်မြို့များတွင် ရိုဟင်ဂျာ စစ်သွေးကြွများအဖွဲ့ (RSO) များ ဝင်ရောက်မည်ဆိုသော ကောလာ ဟလများအပေါ် လူထု၏ ထိတ်လန့်မှုများကို ထိန်းချုပ်နိုင်ရန် လက်နက်တပ်ဆင်ထားသော ကင်းလှည့်ရေယာဉ်များဖြင့် ရေကြောင်းလုံခြုံရေးကင်းလှည့်မည်ဟု မောင်တော အမှတ်(၁) ဝင်ထွက် စခန်းမှ တာဝန်ရှိသူက ပြောသည်။

အခြေခံဥပဒေအစီရင်ခံစာကို လာမည့်လအတွင်း မူသဘော အပြတ်ဆွေးနွေးမည်


ဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ ပြီးခဲ့သည့် အောက်တို ဘာလ ၂၂ ရက်က ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းသည့် အစီရင်ခံစာအား ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအနေဖြင့် မူသဘောအရ ဆွေးနွေးကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း က ပြောသည်။

ကိုပါကြီးကို ဘယ်သူသတ်သလဲ



နိုင်ငံရေးနောက်ခံရှိသော အလွတ်သတင်းထောက် တစ်ဦးဖြစ်သူ ကိုပါကြီးကို စစ်တပ်က ပစ်သတ်လိုက်ခြင်း ဖြစ်သည်။ လက်နက်လုပြီး ထွက်ပြေးသော ကြောင့် အသေပစ်သတ်ရပါသည်ဟု စစ်တပ်က မရှင်းမလင်းထုတ်ပြန်သည်။စစ်အာဏာ ရှင်အောက် နှစ်ပေါင်းများစွာ နေခဲ့ရသူ ပြည်သူများက စစ်တပ်၏ ထိုကဲ့သို့ ပြောသည်ကို လက်ခံကြပါမည်လားဟုမေးခွန်း ထုတ်ကြည့်ရန် လိုနေသည်။

တူရကီရှိ ကောင်စစ်ဝန်ရုံးများကို အ၀ါရောင်အမှုန့်ပါ စာအိတ်များ ရောက်ရှိ လာမှုကြောင့် လုံခြုံရေး တိုးမြှင့်


တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ကနေဒါ၊ အမေရိကန်၊ ဘယ်လ်ဂျီယံနဲ့ ဂျာမန် ကောင်စစ်ဝန် ရုံးတွေဆီကို အမျိုးအမည်မသိ အဝါရောင်အမှုန့်တွေပါတဲ့ စာအိတ်တွေ အောက်တိုဘာလ ၂၄ ရက်နေ့က ရောက်လာလို့ လုံခြုံရေး တပ်လှန့်ထားရပါတယ်။

ဗြိတိန်ကမ္ဘာလှည့်ခရီးသည် ဘန်ကောက်တွင် အလှအပဆိုင်ရာ ခွဲစိတ်မှုခံယူနေစဉ် သေဆုံး


ဗြိတိန်ကမ္ဘာလှည့်ခရီးသည် ဂျွိုင်း နိုအာ ဝီလျံဟာ ဘန်ကောက်မြို့ အလှပြင်ဆေးခန်းမှာ အောက်တိုဘာလ ၂၃ ရက်နေ့က အလှအပဆိုင်ရာ ခွဲစိတ်မှုခံယူနေတုံး သေဆုံးခဲ့ပါတယ်။ ဘန်ကောက်လူနေရပ်ကွက် ဖြစ်တဲ့ လဒ်ဖ ရာအို ရပ်ကွက်ထဲက SP အလှအပဆိုင်ရာ ခွဲစိတ်ဆေးခန်းမှာ အသက် ၂၄ နှစ်အရွယ် ဝီလျံရဲ့ အလောင်းကို တွေ့တယ်လို့ ရဲတွေက ပြောပါတယ်။

မဲခေါင်မြစ်တွင် တည်ဆောက်မည့် လာအို ရေအားလျှပ်စစ်စီမံကိန်းများကို အိမ်နီးချင်းနိုင်ငံများက ကန့်ကွက်


လာအိုနိုင်ငံသည် အရှေ့တောင်အာရှ၏ လျှပ်စစ်အရင်းအမြစ်နိုင်ငံအဖြစ် ပြောင်းလဲနိုင်ရန်အတွက် ရေအား လျှပ်စစ်ဆည်များစွာကို တည်ဆောက်လျက် ရှိသောကြောင့် ဒေသတွင်း ရေလုပ်ငန်းလုပ်ကိုင် သူများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၏ ဝေဖန်ကန့် ကွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း နိုဝင်ဘာတွင် စတင်နိုင်မည်



ကြန့်ကြာနေခဲ့သော ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းအစပျိုးအဆင့် စတင်တော့မည်ဟု မြန်မာနှင့် ထိုင်းနိုင်ငံတို့က နောက်လ တွင်ကြေညာမည်ဟု မျှော်လင့်ရသည်။  ထိုင်းနယ်စပ်ကို ထားဝယ်စီမံကိန်း စက်မှုနယ်မြေ နှင့် ဆက်သွယ်မည့် ကွန်ရက်လမ်းဖောက်လုပ်ရေးကို ထိုင်း ကုမ္ပဏီနှစ်ခုဖြစ်သော Italian-Thai Development PK (IID) နှင့် Rojana Indrustrial Park Plc တို့ တည်ဆောက် မည်ဟု ကမ်းလှမ်းခဲ့ ကြကြောင်း ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် Arkhom Termpitayapaisith က ပြောသည်။

အကြမ်းဖက်မှု အရေးကြီး စိန်ခေါ်ချက် ဖြစ်လာဟု သမ္မတ ဦးသိန်းစိန်ပြော


မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့ အရေးတကြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ သည်ဟုနိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ၆၉ ကြိမ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် အဖြစ်ပေး ပို့သော သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။

ငြိမ်းချမ်းရေး နီးစပ်လာပြီလို့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပြောကြား


မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ နီးစပ်လာပြီဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တစ်ရပ်ဖြစ် ပေါ်လာဖို့ ကြိုးစားနေကြောင်း နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ဒီကနေ့ကျင်းပတဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားမှာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြား ခဲ့တာပါ။

မေရီလန်း လေဆိပ်တွင် ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်တစ်စီး တိုက်မိပြီး လူသုံးဦး သေဆုံး



အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဖရက်ဒရစ်မြို့ရှိ မြို့တော်လေဆိပ်တွင် အောက်တိုဘာ ၂၃ ရက် နေ့လယ်က လေယာဉ်ငယ်တစ်စီးနှင့် ရဟတ်ယာဉ်တစ်စီး တိုက်မိပြီး လူသုံးဦးသေဆုံးကာ အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖရက်ဒရစ်ဒေသ မီးသတ်ဌာန အကြီးအကဲ ဒန်းနစ်ပိုဂတ်က ပြောကြားသည်။

အီဘိုလာ အကူးစက်ခံရသူ ကန် သူနာပြုတွေ ပျောက်ကင်းပြီ



အီဘိုလာရောဂါ ရှိတဲ့ လိုင်ဘေးရီးယား လူနာကို ပြုစုကုသပေးပြီး ရောဂါကူးခံရတဲ့ အမေရိကန် သူနာပြုနှစ်ဦးဟာ အခု ရောဂါ ကင်းသွားပါပြီ။ နယူးယောက်မြို့တွင်းနဲ့ ပတ်ဝန်းကျင် အရပ်တွေမှာတော့ နောက်ထပ် အမေရိကန်နိုင်ငံသား တဦး အီဘိုလာရောဂါ ရထားတာကြောင့် သီးခြားခွဲထားတဲ့ လုပ်ဆောင်ချက်အသစ်တွေ လုပ်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလအတွင်း ကယားပြည်နယ် သွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကယား
ပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံလူထုနဲ့ တွေ့ဆုံမယ်လို့ ပြည်နယ်အန်အယ်လ်ဒီတာဝန် ရှိသူတွေက ပြော ပါတယ်။

လက်နက်ကိုင် ပဋိပက္ခနှင့် လယ်ယာ သိမ်းဆည်းမှုကြောင့် ဘိန်းစိုက်ပျိုးမှု တိုးလာဟုဆို


ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခနှင့် လယ်ယာမြေသိမ်းဆည်းမှု များကြောင့် ဘိန်းစိုက်ပျိုးမှုများ တိုးပွားလာနေကြောင်း သိရသည်။ ဘိန်းစိုက်ပျိုးမှု ကြီးထွားလာခြင်းနှင့်ပတ်သက်ပြီး ပအို့ဝ်လူငယ် အစည်း အရုံး (PYO) နှင့် တောင်တန်းဒေသလူမှုဖွံ့ဖြိုးရေး လှုပ်ရှားဆောင်ရွက်မှုအဖွဲ့(AHLSD) တို့ ပူးပေါင်း၍ စက်တင်ဘာလအတွင်းက ပြုစုထားသည့် “ဘိန်းနွံတွင်း က ငိုရှိုက်သံ” အစီရင်ခံစာ၌ ဖော်ပြထားသည်။

လိပ်ကျွန်းလူသတ်မှု ပြန်သုံးသပ်ရန် ထိုင်းရဲကို ကော့စမွေခရိုင် ဥပဒေရုံး ညွှန်ကြားထား


မြန်မာနိုင်ငံသားနှစ်ဦးကို ဗြိတိန်စုံတွဲသတ်မှုဖြင့် တင်လာသည့်အမှု ပြန်လည် စစ်ဆေးရန် ကော့စမွေခရိုင် ဥပဒေရုံးက ထိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားလိုက်သည်ဟု မြန်မာသံရုံး စုံစမ်းရေးအထူးအဖွဲ့ဝင် တရားလွှတ် တော်ရှေ့နေ ဦးအောင်မျိုးသန့်ကအောက်တိုဘာ ၂၄ ရက်တွင် မဇိ္ဈမကို ပြောသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ စီမံကိန်းသစ်ဖြစ်သည့် ကျပ်သန်း ၆၄၀၀ ကျော်ကုန်ကျမည့် နေပြည်တော်ရှိ ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအား တင်ဒါခေါ်ယူခြင်းမရှိဘဲ ACE ကုမ္ပဏီအား ပေးအပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်


ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံကိန်းသစ်ဖြစ်သည့် ကျပ်သန်း ၆၄ဝဝ ကျော် ကုန်ကျမည့် နေပြည်တော်ရှိ ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအား တင်ဒါခေါ်ယူခြင်း မရှိဘဲ ACEကုမ္ပဏီအား ပေးအပ်ခြင်းကို လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တစ်ရက်လျှင် ကုဗပေ ၃၉၉ သန်း ထုတ်လုပ်နေ ပြီး ပြည်တွင်းသုံးအတွက် တစ်ရက်လျှင် ကုဗပေ ၁၇ သန်းခန့်သာ ရရှိကာ ကျန်ကုဗပေ ၃၇၉ သန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေ


မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့သိုက် စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များအား ၂ဝ၁၄ ခုနှစ်မှစ၍ တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း၊ ယင်းသို့တင်ပို့ရာတွင် စုစုပေါင်းထွက်ရှိမှုပမာဏ တစ်ရက် လျှင် ကုဗပေ ၃၉၉ သန်းထုတ်လုပ်နေပြီး ပြည်တွင်းသုံးအတွက် တစ်ရက်လျှင် ကုဗပေ ၁၇ သန်းသာ ရရှိထားပြီး ကျန်သည့် ကုဗပေ ၃၇၉ သန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း အောက်တိုဘာ ၂၃ ရက်တွင်ပြုလုပ်သော 2nd Myanmar Electric Power Conventionမှ ရရှိသော အချက်အလက်များအရ သိရသည်။

ISIS ကို ဆီးရီးယား အတိုက်အခံ Kurds နဲ့ ပေါင်း တိုက်မည်



ဆီးရီးယား နိုင်ငံ ကိုဘာနီမြို့ကို အစ္စလာမ္မစ် စစ်သွေးကြွတွေလက်ထဲ ကျရောက်မယ့် အန္တရာယ်ကနေ ကာကွယ်ဖို့ အတွက် ဆီးရီးယား ကာဒ့်လူမျိုးတွေနဲ့ ဆီးရီးယား လွတ်မြောက်ရေးတပ်ဖွဲ့က တပ်သားတွေ ပူးပေါင်းလိုက်တယ်လို့ တူရကီ သမ္မတ က ပြောဆိုပါတယ်။ 

မြောက်ကိုရီးယားနဲ့ နျူကလီယား အရေး ဆွေးနွေးဖို့ ကန်လိုလား



မြောက်ကိုရီးယားနဲ့ နျူကလီးယား ဖျက်သိမ်းရေး ဆိုင်ရာ ဆွေးနွေးပွဲတွေလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက ဆန္ဒရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဆွေးနွေးတယ်ဆိုတာ သက်သက်အတွက် မဟုတ်သလို ကိုရီးယားကျွန်းဆွယ်က အမေရိကန် တပ်ဖွဲ့တွေကို လျှော့ချဖို့ ကိစ္စ ပြောဖို့ကလည်း အချိန်မတန်သေးဘူးလို့ ပြောပါတယ်။

စမတ်ဖုန်းကို စွဲစွဲ လန်းလန်း သုံးနေခြင်းကြောင့် ဖြစ်လာမယ့် ထိခိုက်မှုတွေ


တကယ်တော့ စမတ်ဖုန်းတစ်လုံး မပိုင်ဆိုင်ထားရတာဟာ ကျွန်ုပ်တို့ကို ရှက်စရာတစ်ခုသဖွယ် ဖြစ်နေစေခဲ့ ပါတယ်။ ဘာကြောင့်လဲဆိုတော့ စမတ်ဖုန်းတွေဟာ ကျွန်ုပ်တို့ရဲ့ ဘ၀တွေ လွယ်ကူစေပါတယ်။ ရိုးရှင်းစွာ ဆက်သွယ်နိုင်တယ်။ အကွာအဝေးတွေ နီးစေတယ်။ ဒါပေမယ့်လည်း အမြဲတမ်း စမတ်ဖုန်းကိုပဲ စွဲစွဲလန်း လန်း သုံးနေဖို့ တော့မသင့်ပါဘူး။ သင်စမတ်ဖုန်းကို စွဲစွဲလန်းလန်း သုံးနေခြင်းကြောင့် ဖြစ်လာမယ့် ထိခိုက် မှုတွေ ရှိပါတယ်။

ကိုပါကြီးသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုမည်



ကိုပါကြီး(ခ) ကိုအောင်နိုင်သေဆုံးမှုအတွက် လုံလောက်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန် မြန်မာအစိုးရနှင့် တပ်မတော် သို့ တောင်းဆိုသွားမည်ဖြစ် ကြောင်း ၎င်း၏မိသားစုဝင်များ နှင့် လုပ်ဖော်ကိုင်ဖက်များက ပြောကြားလိုက် သည်။

ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံတည်ဆောက်ရန် ကျပ်သန်း ၆,၀၀၀ ကျော် တောင်းခံထား


နေပြည်တော်တွင် ဗိုလ်ရှုခံစင်မြင့်အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ်သန်းပေါင်း ခြောက် ထောင်ကျော် တောင်းခံထားပြီး စီမံကိန်းတွင် အသုံးပြုမည့်ပစ္စည်းအချို့ ဈေးများနေသည်ကို တွေ့ ရကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။

တက်ကြွလှုပ်ရှားသူ ဦးဝင်းချို YCDC ရွေးကောက်ပွဲဝင်မည်


လယ်သမားအရေးအပါအ၀င် အခြားအရေးကိစ္စများတွင် တက်ကြွလှုပ်ရှားသူ ဦးဝင်းချို က ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ရွေးကောက်ပွဲတွင် ပါဝင်ရွေးခံမည်ဟု သတင်းရရှိသည်။ ‘‘ကျွန်တော် လျှောက်လွှာယူ ပြီးပါပြီ။ ဘဏ်ဖွင့်ရက်မှာ ငွေသွားသွင်းမယ်။ ပြိုင်ခွင့်ရရင် ၀င်ပြိုင်ပါမယ်။ ကြိုတင်ပြင် ဆင်ထားတယ်ဆိုတာ သီးခြားကြီးတော့ မရှိပါဘူး။ ကျွန်တော်ကတော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို လုပ်နေ တဲ့သဘောပါပဲ’’ဟု ဦးဝင်းချိုက ပြောသည်။

အကြမ်းဖက် တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် ပြည်တွင်းရှိလေဆိပ်များတွင် လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် လေကြောင်းခရီးစဉ်များအားလုံး၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါ ဆောင်ရွက်မည်


အစ္စလာမ္မစ်ဂျီဟတ် IS အကြမ်းဖက်အဖွဲ့မှ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မည်ဟု တရားဝင် ကြေညာလာသည့် သတင်းများကြောင့် ပြည်တွင်းရှိ လေဆိပ်များအားလုံးတွင် လုံခြုံရေး တိုးမြှင့်ချထားသည့် အပြင် လေကြောင်းခရီးစဉ်များအားလုံး၌လည်း ရဲတပ်ဖွဲ့ဝင်များ လိုက်ပါကာ လုံခြုံရေးဆောင်ရွက် သွားမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် လေကြောင်းရဲတပ်ဖွဲ့မှ အောက်တိုဘာ ၂၄ ရက်က သိရှိရသည်။

Friday, October 24, 2014

တောင်ကြီး တန်ဆောင်တိုင်လာ နိုင်ငံခြားသား ခရီးသွားများကို ဝင်ကြေးကောက်ခံမည်မဟုတ်


အောက်တိုဘာ ၃၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သော တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ လာ ရောက် လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များကို ဝင်ကြေးကောက်ခံတော့မည် မဟုတ်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးအတွက် ရန်ကုန်၊ ပဲခူးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့၌ စည်းရုံးရေးအဖွဲ့များ စတင်ဖွဲ့စည်း



ညီညွတ် သောအမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)သည် လွှတ်တော်ပြင်ပ နိုင်ငံရေးကို ဆောင်ရွက်ရန်အတွက် ရန်ကုန် တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့၌ စည်းရုံးရေးအဖွဲ့များကို အောက်တိုဘာ ၂၃ရက်က စတင် ဖွဲ့စည်းလိုက်သည်။

ရန်ကုန်မြို့ပြည်လမ်း ယုဒသန် ခန်းမတွင် ပြုလုပ်သည့် ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ အစည်း အဝေးတွင် ယခုကဲ့သို့ စည်းရုံးရေးအ ဖွဲ့များ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သူတို့အတွက် ဘယ်မှာလဲ ထီးတစ်လက်


ထိုင်းနိုင်ငံ ၊ ခိုတောင်ကျွန်းတွင် ဗြိတိသျှစုံတွဲ အသတ်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား
နှစ်ဦးကို တရားခံအဖြစ် ဖမ်းဆီးလိုက်သည့် သတင်းသည် အာဆီယံဒေသတွင်းသာမက ကမ္ဘာ့မီဒီယာ များတွင်ပါ ခေါင်းကြီးသတင်းဖြစ်ခဲ့ရာ ထိုင်း-မြန်မာ ဗြိတိသျှ သုံးနိုင်ငံခေါင်းဆောင်များ အကြား အပြန်အလှန် ဆွေးနွေးရသည်အထိ ပြဿနာကြီးထွားခဲ့ရသည်။ 

အချစ်ရေးကို မဖြေပါဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုသွားတဲ့ ယုသန္တာတင်

   
ပျိုးခင်းထဲကတင်တဲ့ ၃ ယောက်ထဲမှာ ကားရိုက် အတော်အတန်နည်းပေမဲ့ ကြော်ငြာဖက်မှာရော၊ သရုပ် ဆောင်ဖက်အပြင် ၊ ဓာတ်ပုံရိုက်ကူးမှု အပိုင်း တွေကတစ်ဆင့် ပရိသတ်နဲ့အမြဲထိတွေ့ဖြစ်နေတဲ့ ယုသန္တာတင်က ကားရိုက်နည်းတာနဲ့ ပတ်သက်ပြီး အနုပညာအလုပ်တွေကို မျှတစွာ လုပ်နေရတာကြောင့် ပရိသတ်တွေအနေနဲ့ ကားရိုက်နည်းတယ်လို့ မြင်နေတာပါလို့ ဆိုပါတယ်။  

အအေးမိခြင်းကို အလွယ်တကူပျောက်စေမည့် သဘာဝကုထုံးများ


ရေအကြာကြီးချိုးခြင်းကြောင့် ဖြစ်စေ၊ လေစိမ်းအတိုက်ခံရ၍ ဖြစ်စေ၊ လေပန်ကာကြောင့် ဖြစ်စေ၊ မိုးရေကြောင့် ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် အအေးမိပြီး နေမကောင်းဖြစ်လျှင် ဆေးရုံဆေးခန်းသွားပြရန် အခက်အခဲကြုံနေသူများအတွက် နေအိမ်အတွင်း အလွယ်တကူ ပျောက်ကင်းသက်သာစေမည့် သဘာဝကုထုံးများကို တင်ပြလိုက်ပါတယ်။

တာလီဘန်အန္တရာယ်ကြောင့် မာလာလာအတွက် ပါကစ္စတန်တွင် နိုဘယ်လ်ဆု ဂုဏ်ပြုအခမ်းအနား ကျင်းပမပေးနိုင်


ပါကစ္စတန်နိုင်ငံမှ ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်သူ မာလာလာ သည် နိုင်ငံတွင် တာလီဘန်များ အုပ်စိုးစဉ်အတွင်း ပညာရေးဆိုင်ရာ လှုပ်ရှားမှုများကို ရဲရင့်စွာ လုပ်ဆောင်ခဲ့မှုများကြောင့် ၂၀၁၄ ခုနှစ်၏ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ပြီး နိုင်ငံတကာမှ ချီးမြှင့်သော ဆုများစွာကို လက်ခံရရှိထားသော်လည်း သူမအတွက် ပါကစ္စတန် အစိုးရက ဂုဏ်ပြုအခမ်းအနား ကျင်းပမပေးခြင်းသည် စစ်သွေးကြွများက အကြမ်း ဖက်တိုက်ခိုက်လာမှုများပြုလုပ်လာမည်ကို စိုးရိမ်နေရခြင်းကြောင့် ဖြစ်သည်ဟု သတင်းများထွက်ပေါ် လာခဲ့သည်။

ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း


ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မည်း စသည့် ကင်းအမျိုးမျိုးအကိုက်ခံရလျှင် အောက်ပါ သဘာဝ
ဆေးနည်းဖြင့် ကင်းအဆိပ်ကို ကုသနိုင်ပါသည်။

၁။ ကြက်သွန်နီ (၃) လုံးကို မီးဖုတ်ပါ။

၂။ မီးဖုတ်၍ နွမ်းလာသော ကြက်သွန်နီကို ထောင်း၍ အရည်ညစ်ယူပါ။

လိပ်ကျွန်းလူသတ်မှု သံသယရှိရသူများက ဖြောင့်ချက်ပြန်လည်ရုပ်သိမ်း သော်လည်း အမှုအပေါ်အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု ထိုင်းအစိုးရ ရှေ့နေများ ပြောကြား


လိပ်ကျွန်းပေါ်တွင် ဗြိတိန်ခရီးသွား ၂ဦးကို သတ်ဖြတ်မှုဖြင့် သံသယရှိရသူ မြန်မာ ၂ဦးက ထိုင်းရဲများက စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသဖြင့်သာ ပြစ်မှုကျုးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ရသည်ဟုဆိုကာ မူလဖြောင့် ချက်ကို ပြန်လည်ရုပ်သိမ်းခြင်းသည် အမှုအပေါ် အကျိုးသက်ရောက်မှုရှိမည် မစုတ်ကြောင်း ထိုင်းရဲတပ် ဖွဲ့စုံစမ်းစစ်ဆေးမှုကို ပြန်လည်သုံးသပ်နေသူ ရှေ့နေချုပ်က အောက်တိုဘာ ၂၂ ရက်နေ့က ပြောသည်။

တစ်လကြာ အဖမ်းခံထားရသည့် ကိုပါကြီးကို အသေဖမ်းဆီးမိဟု တပ်မတော်ထုတ်ပြန်



တစ်လနီးပါးကြာ ပျောက်ဆုံးနေသော အလွတ်သတင်းထောက် အောင်နိုင်(ခ) ကိုပါကြီးသည် တပ်မတော်က ထိန်းသိမ်း ထားစဉ် အစောင့်စစ်သည်ထံမှ သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းသည့်အတွက် ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ် ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိကြောင်း အောက်တိုဘာ ၂၃ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။

ကိုယ့်ပါတီ၏ရည်ရွယ်ချက်ကို မမေ့ဖို့ ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များအနေဖြင့် မိမိတို့ပါတီ၏ ရည်ရွယ်ချက်ကို အမြဲမမေ့ဖို့လို အပ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာ ၂ဝ ရက်က ပြည်သူ့လွှတ်တော် အစည်း အဝေးအပြီးတွင် သတိပေးပြောဆိုလိုက်ပါသည်။

အမျိုးစောင့်ဥပဒေများကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် မြန်မာနိုင်ငံတစ်ဝန်းတွင် ဆန္ဒထုတ်ဖော်တောင်းဆိုမည်


အမျိုး စောင့်ဥပဒေများ အမြန်ဆုံးပြဋ္ဌာန်း ပေးရေးအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဆရာ တော်၊ သံဃာတော်များဦးဆောင်ကာ ယခုလ နောက်ဆုံးပတ် မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း၌ ဆန္ဒ ထုတ်ဖော်တောင်းဆိုသွားမည်ဖြစ် ကြောင်း ဦးဆောင်ဆရာတော် များထံက သိရသည်။

၈၈ နှင့် ABSDF တို့ ရန်ကုန်တွင် နိုင်ငံရေးဆွေးနွေး


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဗဟိုဦးဆောင် ကော်မတီနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) အတွင်းရေးမှူး အဖွဲ့တွေဟာ လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ ၂ ရက်တိတိ ဆွေးနွေးခဲ့ ပါတယ်။

တစ်လကြာ အဖမ်းခံထားရသည့် ကိုပါကြီးကို အသေဖမ်းဆီးမိဟု တပ်မတော်ထုတ်ပြန်


တစ်လနီးပါးကြာ ပျောက်ဆုံးနေသော အလွတ်သတင်းထောက် အောင်နိုင်(ခ) ကိုပါကြီးသည် တပ်မတော် က ထိန်းသိမ်းထားစဉ် အစောင့်စစ်သည်ထံမှ သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းသည့်အတွက် ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိကြောင်း အောက်တိုဘာ ၂၃ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။

မြောက်ကိုရီးယား ICC တင်မယ့်အရေး တရုတ် မထောက်ခံ



မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ် တရားခုံရုံး ICC မှာ စစ်ဆေးကြားနာ တာကို မထောက်ခံဘူးလို့ တရုတ်နိုင်ငံခြားရေး ဌာနက ပြောလိုက်ပါတယ်။ လူသားထု အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဆိုတာအတွက် The Hague မြို့အခြေစိုက် တရားခုံရုံးမှာ မြောက်ကိုရီးယားကို စစ်မယ် မစစ်ဘူးဆိုတာ ကုလသမဂ္ဂ ကော်မတီတခုက ရှေ့လကျရင် ဆုံးဖြတ်ချက်ချဖို့ ရှိနေချိန်မှာပဲ တရုတ်အစိုးရက အဲဒီလို ပြောတာပါ။

မြန်မာ့ပညာရေးပြောင်းလဲဖို့ မျက်နှာဖုံးစွပ်လူငယ်တွေ ဆက်ဆန္ဒပြမည်



မြန်မာနိုင်ငံမှာ စစ်ကျွန်ပညာဆန့်ကျင်ရေးနဲ့ စစ်အုပ်ချုပ်ရေး အလိုမရှိဆိုတဲ့ လှုပ်ရှားမှုတွေကို တိုင်းနဲ့ပြည်နယ် ဒေသ အနှံ့အပြားမှာ ဆက်လက် ဆောင်ရွက်သွားဖို့ရှိတယ်လို့ Anonymous-Burma အမည်မသိ မျက်နှာဖုံးစွပ် လူငယ်များ အဖွဲ့က ပြောပါတယ်။

မြန်မာလူငယ်နှစ်ဦးအမှု ထိုင်းရှေ့နေ ၁၆ ဦး ပါဝင်ကူညီမည်



ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ အမှုကို ထိုင်းရှေ့နေများကောင်စီက ရှေ့နေ ၁၆ ဦးက လိုက်ပါဆောင်ရွက်ပေးမယ်လို့ မြန်မာသံရုံးအထူးအဖွဲ့က ပြောပါတယ်။

ကချင်ပြည်နယ်တွင် မနောပွဲတွေ ပြန်ကျင်းပရန် ပြင်ဆင်


နှစ်အတန်ကြာမလုပ်ဘဲ ရပ်နားထားတဲ့ ကချင်ပြည်နယ်နေ့ မနောပွဲကို မြစ်ကြီးနားမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီး လပိုင်းအတွင်း ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာမို့ လုံခြုံရေးအခြေအနေအရ မနောပွဲ မလုပ်နိုင်ခဲ့ဘဲ ရှိခဲ့ရာကနေ လာမယ့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှာတော့ မြစ်ကြီးနားမြို့မှာ မနောပွဲပြန်လုပ်ဖို့ ပြင်ဆင်နေ ကြပြီလို့ မနောပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးလခီလာအောင်က ပြောပါတယ်။

နောက်ကြောင်းပြန်ဆုတ်အောင် အစိုးရလုပ်ဆောင်နေကြောင်း UNFC ထုတ်ပြန်


သမ္မတ ဦးသိန်းစိန် အစိုးရဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ ဆောင်ရွက်နေ တယ်ဆိုပေမယ့် လက်တွေ့ အကောင်အထည်ဖေါ်ရာမှာ တန်းတူခြင်း၊ တရားမျှတခြင်းမရှိတဲ့အပြင် နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင် ချက်တွေ ရှိနေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီက ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားအား နိုင်ငံတကာရာဇ၀တ်မှု တရားရုံးတင်ရန် ကုလစုံစမ်းရေးအဖွဲ့ တိုက်တွန်း


မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများအပေါ် လေ့လာမှုများ လုပ်ဆောင်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးအဖွဲ့ခေါင်းဆောင်  သြစတြေးလျ တရားသူကြီးက ကုလသမဂ္ဂ အနေဖြင့်  မြောက်ကိုရီးယားနိုင်ငံ၏ လှည့်စားနေမှုများကို လက်မခံဘဲ  အဆိုပါနိုင်ငံအတွင်း ဖြစ်ပေါ်နေ သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက်နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ တရားရုံးတွင် အရေးယူရန် အောက်တိုဘာ ၂၂ ရက်က တိုက်တွန်းပြောကြားလိုက်သည်။

အမေရိကန်ဟာ ဂျပန်ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်နေရာချပြီး ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးဟု တရုတ်ပြော


တရုတ်အစိုးရက အမေရိကန်ဟာ ဂျပန်နိုင်ငံတွင်း ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်ကို နေရာချပြီး အာရှ ပစိဖိတ်ဒေသတွင်း တည်ငြိမ်ရေးကို ဖျက်ဆီးနေတယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြောဆိုလိုက် ပါတယ်။

My Blog List