Wednesday, June 19, 2013

အာဖဂန်လုံခြုံရေး နေတိုးဆီက အာဖဂန်တပ်တွေ လွှဲယူ

Wednesday, June 19, 2013
အာဖဂန်နစ္စတန်မှာ လုံခြုံရေးတာဝန်တွေကို နေတိုးတပ်ဖွဲ့ဝင်တွေဆီကနေ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက တရားဝင်လွှဲ ပြောင်းယူလိုက်ပါပြီ။
တာဝန် လွှဲပြောင်းတဲ့ အခမ်းအနားမှာ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက ဒီအချိန်ဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ သမိုင်းဝင် ကာလတခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
စစ်ရေးမဟာဗျူဟာ အပြောင်းအလဲ ရှိမယ်ဆိုတာ သူက ထပ်လောင်း ပြောကြားခဲ့ပေမယ့် အနာဂတ်မှာ အာဖဂန်ပြည်သူတွေရဲ့ နေအိမ်နဲ့ ကျေးရွာတွေကို လေကြောင်းက တိုက်ခိုက်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

"ကမ္ဘာ့ နာမည်အကြီးဆုံး ၀က်ဆိုက် ဆယ်ခု"

Wednesday, June 19, 2013

လူအများစုကတော့ အသုံးများတဲ့ ၀က်ဘ်ဆိုက်များမှာ Google လို့  ထင်ကြပါတယ်။ ၂၀၁၂ ခုနှစ်အထိတော့ နာမည်ကြီးခဲ့ပါသေးတယ် ။
ဒါပေမဲ့ အခု ၂၀၁၃ မှာ Facebook က ကျော်တက်လာပါတယ်။
နံပါတ် (၁ )နေရာကို ချိတ်သွားပါပြီ။

အသုံးများပြီး နာမည်ကြီးတဲ့ ၀က်ဘ်ဆိုက် အစဉ်လိုက်ကို တန်းစီချပြ
ထားပါတယ်။ အသုံးအများဆုံးကိုတော့ User Traffic ကို ကြည့်ပြီး ပေးထားတာကို
တွေ့ ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၈ နှစ်မြောက်မွေးနေ့အခမ်းအနား

ဒေါ်အောင်ဆန်းစုကြည်၏ ၆၈ နှစ်မြောက်မွေးနေ့အခမ်းအနားကို ယနေ့ ၁၉၊၆၊၂၀၁၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ နေ့လည် ၁၂ နာရီမှစတင်၍ ကျင်းပသွားမည်ဖြစ်ပါသည်။
အခမ်းအနားသို့ မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီး မွေးနေ့ကိတ်လှီးဖြတ်ကာ အခမ်းအနားကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
မွေးနေ့အထိမ်းအမှတ်အဖြစ် ရည်စူး၍ လှူဒါန်းကြသည် များကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း၊ အမျိုးသား ကျန်းမာရေးကွန်ယက်၊ အဖွဲ့ချုပ်ပညာရေးကွန်ယက် များသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ပါသည်။

မန္တလေးတိုင်း ဒေသကြီး၌ ဇွန်၂၀ ရက်တွင် CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း ၇၀၇၉၅ ကတ် ရောင်းချသွားမည်


Wednesday, June 19, 2013
မန္တလေးတိုင်း ဒေသကြီး၌ ဇွန် ၂၀ ရက်တွင် တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းတယ်လီဖုန်း ၇၀၇၉၅ ကတ် ခွဲဝေရောင်းချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခွဲဝေရောင်းချမှုကို CDMA-800MHz မိုဘိုင်းတယ်လီဖုန်းအတွက် BTS တိုင်များရှိသည့် မန္တလေး ခုနစ်မြို့နယ်တွင် ၄၃၀၀၀ ကတ်၊ မိတ္ထီလာမြို့နယ်တွင် ကတ် ၁၅၀၀၊ သာစည်မြို့နယ် ကတ် ၁၃၀၀၊ မြင်းခြံမြို့နယ် ကတ် ၁၅၀၀၊ေ တာင်သာမြို့နယ်တွင် ကတ် ၁၀၀၀၊ နွားထိုးကြီးမြို့နယ်တွင် ကတ် ၂၀၀၀၊ ရမည်းသင်းမြို့နယ် ကတ် ၇၀၀ ၊ ပျော်ဘွယ်မြို့နယ် ကတ် ၁၅၀၀ ၊ ပြင်ဦးလွင်မြို့နယ် ကတ် ၄၀၀၀၊ ညောင်ဦးမြို့နယ်တွင် ၁၈၀၀ ကတ်၊ ကျောက်ဆည်မြို့နယ်တွင် ၃၅၀၀ ကတ်၊ မြစ်သားမြို့နယ်တွင် ၁၀၀၀ ကတ်၊ ကျောက်ပန်းတောင်း မြို့နယ်တွင် ၁၉၉၅ ကတ်၊ ၀မ်းတွင်းမြို့နယ်တွင် ကတ် ၁၀၀၀၊ မတ္တရာမြို့နယ်တွင် ကတ် ၃၀၀၀၊ စဥ့်ကူးမြို့နယ်တွင် ကတ်၂၀၀၀ များကို မြို့နယ်ရုံးများတွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ စတော့အိပ်ချိန်းနှင့် ငွေရေးကြေးရေး ကဏ္ဍတွင် အသုံးပြုမည့် ပထမဦးဆုံး Container DATA Centre တည်ဆောက်မည်

Wednesday, June 19, 2013
မြန်မာ စတော့အိပ်ချိန်းနှင့် ငွေရေးကြေးရေး ကဏ္ဍတွင် အသုံးပြုမည့် ပထမဦးဆုံး Container DATA Centre ကို ရန်ကုန်မြို့ရှိ နိုင်ငံတော် ဗဟိုဘဏ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ Container DATA Centre သည် Modular Data Centre အမျိုးအစားဖြစ်ပြီး Daiwa Institute of Research Ltd (DIR) က တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။ စင်တာတည်ဆောက်ရန်အတွက် နာလည်မှု စာချွန်လွှာကို မေ ၃၁ ရက်က လက်မှတ်ရေးထိုး ခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း ထိုင်းမြန်မာ ရှယ်ယာတဝက်စီ

၁၉.၆.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းကို မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ အစုရှယ်ယာ တစ်ဝက်နှုန်းဆီနဲ့ ကုမ္ပဏီဖွဲ့ ဆောင်ရွက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုလိုက်ပါတယ်။
မြန်မာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့ ထိုင်းဒုတိယဝန်ကြီးချုပ် ကီတီရတ် နာ့ ရနောင်း ဦးဆောင်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း ဆိုင်ရာ အဆင့်အမြင့်ဆုံး ကော်မတီရဲ့ မနေ့က ဆွေးနွေးပွဲမှာ သဘောတူ စာချုပ်ချုပ်ဆိုလိုက် တာဖြစ်ပါတယ်။

My Blog List