Friday, September 06, 2013

မန္တလေးတန်ဖိုးနည်းအိမ်ရာ စီမံကိန်း ခုနစ်လအတွင်း အပြီးတည်ဆောက်မည်

Friday, September 6, 2013
မန္တလေးမြို့တော်တွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို လာမည့် ၂၀၁၄ ခုနှစ် မတ်လ တွင် အပြီးတည်ဆောက်၍ ရောင်းချပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးမျိုးအောင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်တွင် တည်ဆောက်မည့် အဆိုပါ စီမံကိန်းသည် မမ-၁၅နှင့် မမ-၂၆ တွင် တိုက်ခန်းပေါင်း ၁၃၄၄ ခန်းပါဝင် မည်ဖြစ်ကာ အဆောက်အအုံပေါင်း ၅၇ လုံးကို ပထမအဆင့်အနေနှင့် တည်ဆောက်သွား မည်ဖြစ်ပြီး ဆောက်လုပ် မှု ပြီးစီးပါက အဆိုပါ မြေနေရာများတွင် ရောင်းမှားဝယ်မှား ဖြစ်ခဲ့သူများကို ဦးစားပေး ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ကျောက်ဖြူမြို့နယ်မှာ လျှပ်စစ်မီတာကောက်ခံမှုစာတင်တာမထူးခြားရင် မြို့လုံးကျွတ်ဆန္ဒဖေါ်ထုတ်မည်

Friday, September 6, 2013
ကျောက်ဖြူမြို့နယ်မှာ ဂက်စ်ပိုင်းလိုင်း ဖြတ်သန်းမယ့်အတွက် ခွဲတမ်းရရှိမယ့်အထဲက စမ်းသပ်မီးပေးဖို့ အတွက် မီတာကောက်ခံမှုနှုန်းထားကို ဒေသခံတွေကကျေနပ်မှုမရှိတဲ့အတွက် စာတင်ဖို့လုပ်ထားပြီး မထူးခြားရင် မြို့လုံးကျွတ်ဆန္ဒဖေါ်ထုတ်ဖို့ရှိတယ်လို့ သိရတယ်။
ကျောက်ဖြူဆိုရှယ်နက်ဝပ်ခ်မှ ကိုထွန်းထွန်းနိုင်က “ကျွန်တော်တို့ဆီကို ဒီလ ၃ ရက်နေ့က နေပြည်တော် တာဝန်ရှိသူရယ် ၊ကျောက်ဖြူမြို့နယ်က မြို့နယ်လျှပ်စစ်မှူးရယ်က မီတာခကောက်ခံမှုနှုန်းထားကို စာရွက်ပေးခဲ့တယ်။အဲ့ဒီ့စာနဲ့ ပက်သက်ပြီးဒေသခံတွေက ဒီနေ့ စက်တင်ဘာလ၅ရက်နေ နေ့လည်မှာ အစည်းအဝေးလုပ်ခဲ့တယ်၊ နဂိုက အိမ်သုံးမီတာကျထားသူကို အိမ်သုံးမီတာပဲကောက်ဖို့၊ပါဝါမီတာသုံးစွဲနေ သူကိုပါဝါမီတာပဲကောက်ဖို့ သက်ဆိုင်ရာကို စာတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်၊ ကျွန်တော် တို့တစ် ပါတ်စောင့်ကြည့်လို့မထူးခြားရင်ပြည်လုံးကျွတ် ဆန္ဒဖေါ် ထုတ်ကြမှာပါ” လို့ပြောပါတယ်။

ကေအိုင်အို အကြီးအကဲဟောင်း ဒေါက်တာတူးဂျာ ဒုတိယအကြိမ် ပါတီမှတ်ပုံတင် လျှောက်ထား

Friday, September 6, 2013
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ၂၀၁၀ ပြည့်နှစ်တွင် ပထမအကြိမ်မှတ်ပုံတင်ခဲ့သော်လည်း ပယ်ချခံ ခဲ့ရသည့် ကေအိုင်အို ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာသည် ပါတီမှတ်ပုံပြန်တင်ရန် ရွေးကောက် ပွဲ ကော်မရှင်ထံ ဒုတိယအကြိမ် မှတ်ပုံတင် ထပ်မံလျှောက်ထားခဲ့ကြောင်း ဒေါက်တာတူးဂျာက The Voice သို့ ပြောကြားသည်။ ပါတီကို ကချင်ပြည်နယ် ဒီမိုကရေစီပါတီ အမည်ဖြင့် သြဂုတ်လ နောက်ဆုံး ပတ်တွင် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသောပဋိပက္ခများကိုဝင်ရောက်ဖြေရှင်းပေးရန်ပါတီတစ်ခုလိုအပ်နေသောကြောင့် ပါတီမှတ်ပုံတင်ရခြင်း ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ဆက်လက်ပြောကြားသည်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီတွင် ဗဟိုအလုပ်အမှုဆောင် ၁၇ ဦးပါရှိပြီး ကချင်ပြည်နယ်ရှိ စစ်ဘေး သင့်ဒေသများရှိ ပြည်သူများ၏ လူ့အခွင့်အရေးကို ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်နိုင် ရန်၂၀၁၅ ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ရှင်းပြသည်။

ဘင်္ဂလားဒေ့ရှ်တွင် ဖျက်ဆီးခံရသည့် သာသနိကအဆောက်အအုံများ ပြန်ဖွင့်

Friday, September 6, 2013
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘား ဇားခရိုင် ပန်းဝါ(ရာမူး)နှင့် အိုကီးယာဒေသ များတွင် ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပြန်လည်တည်ဆောက်ပြီး ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရခိုင်ဖွံ့ဖြိုးတိုး တက်ရေး ဖောင်ဒေး ရှင်း (RDF) ဥက္ကဋ္ဌ ဦးဦးချစ်မောင်က ပြောကြားသည်။
အဆိုပါ အခမ်းအနားကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ခ်ဟာချိနာ ကိုယ်တိုင်တက်ရောက်ကာ ဖွင့်လှစ်ပေး ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်မျိုးနွယ်စုများအပါအဝင် ဌာနေတိုင်းရင်းသား လူနည်းစု များ၏ လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။ပန်းဝါ (ရာမူး) ဒေသတွင် ဗုဒ္ဓဘာသာ ကျောင်း ၁၂ ကျောင်း၊ အိုကီးယာဒေသတွင် ခုနစ်ကျောင်း စုစုပေါင်း ၁၉ ကျောင်းကို ဘင်္ဂါလီ လူမျိုးများက ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သဖြင့် အခြား နိုင်ငံများက ဗုဒ္ဓဘာသာဝင်များ၏ အလှူငွေ အချို့ကို လက်ခံကာ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်လည် တည်ဆောက်ပေးခြင်း ဖြစ်သည်။

SEA Games ပြိုင်ပွဲအတွက် သင်္ဃန်းကျွန်းဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့ ကြိုတင်ပြင်

Friday, September 6, 2013
မကြာမီ ကျင်းပတော့မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ များ (SEA Games) မှ အားကစားနည်း အချို့ကို ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုနှင့် အရေးပေါ်အခြေအနေ ကုသဆောင်ရွက်ပေးရန် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တို့က ကြိုတင်ပြင်ဆင်နေကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ထွန်းက The Voice သို့ ပြောကြားသည်။သင်္ဃန်းကျွန်း ဆေးရုံကြီးတွင် အရေးပေါ်ရောက်လာနိုင်သည့် လူနာများ အတွက် အရေးပေါ်ဆောင်တွင် လူနာခုတင်ခြောက်လုံး၊ အရေးပေါ် လူနာ ၁၅ ဦးနီးပါး အတွက် ဆေးသွင်းပုလင်း (Drip) များနှင့် အခြားဆေးဝါးမျိုးစုံ တို့ကို စုဆောင်းလျက်ရှိကြောင်း၊ ကျန်းမာရေး ဝန်ဆောင်မှုပေးမည့် ကျန်းမာရေးဝန်ထမ်း များလည်း အသင့်ပြင်ထားကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

၂၀၁၄ ခုနှစ်အတွက် အစိုးရဘတ်ဂျက် ရေးဆွဲရာတွင် ယခင်နှစ်များကဲ့သို့ နိုင်ငံတော် စီမံကိန်းကြီးများ အတွက် ဘတ်ဂျက်ပိုမို တောင်းခံတော့မည် မဟုတ်ဘဲ အောက်ခြေပြည်သူ ကိုယ်စားပြု ဘတ်ဂျက်ကို ရေးဆွဲမည်ဟုဆို

Friday, 06 September 2013
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် အစိုးရ ဘတ်ဂျက်ရေးဆွဲရာတွင် ယခင်နှစ်များကဲ့သို့ နိုင်ငံတော် စီမံကိန်းကြီးများ အတွက် ဘတ်ဂျက် ပိုမိုတောင်းခံတော့မည် မဟုတ်ဘဲ အောက်ခြေပြည်သူ ကိုယ်စားပြု ဘတ်ဂျက်ကို ရေးဆွဲမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။လာမည့်နှစ်တွင် အစိုးရ၏ စီမံကိန်းများသည် အများအပြား ရှိတော့မည် မဟုတ်ဘဲ ပိုနည်းလာမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် State Own Enterprise များနည်းသွားပြီး Private ပိုများလာမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

အိုဘားမား အစိုးရ၏ မြန်မာနှင့် စစ်ရေးဆက်ဆံမှု ပြန်လည်ပြုလုပ်လိုခြင်းကို စောသေးကြောင်း အမေရိကန် လွှတ်တော်အမတ်အချို့ ဝေဖန်

Friday, 06 September 2013
အိုဘားမား အစိုးရအဖွဲ့သည် ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်း နှစ်ပေါင်း ၂၅ နှစ်ကြာ ရပ်ဆိုင်းထားသော မြန်မာနိုင်ငံသို့ စစ်ရေးလေ့ကျင့် သင်ကြားရေး အစီအစဉ်ကို ပြန်လည်စတင်ရန် အလိုရှိနေသည်။ စစ်ရေးလေ့ကျင့် သင်ကြားပေးရေးသည် တိုက်ခိုက်ရေးအတွက် မဟုတ်သော်လည်း အမေရိကန် နိုင်ငံရှိ ဥပဒေပြု အမတ်များကမူ မြန်မာနိုင်ငံသည် လူမျိုးရေး ဘာသာရေး တိုက်ခိုက်မှုများအတွက် စွပ်စွဲခံနေရဆဲပင် ရှိသေးသောကြောင့် ၀ါရှင်တန်၏ လုပ်ရပ်သည် စောလွန်းသည်ဟု ငြင်းခုံနေကြကြောင်း အေပီသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။
8.1.1
အိုဘားမား မြန်မာနိုင်ငံသို့ မရောက်မီ USS Bonhomme Richard အမေရိကန် စစ်သင်္ဘောပေါ်သို့ မြန်မာရေတပ်မှ အရာရှိများ လာရောက်ကြစဉ်

ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်ငွေကြေး ထောက်ပံ့ခြင်း တိုက်ဖျက်ရေးအတွက် မြန်မာနှင့် အခြားလေးနိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထား

Friday, 06 September 2013

မြန်မာနိုင်ငံ အနေဖြင့် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေးအတွက် ထိုင်း၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကိုးရီးယား သမ္မတနိုင်ငံတို့နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားကြောင်း သိရသည်။ထိုင်းနိုင်ငံ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးရုံးနှင့် နားလည်မှု စာချွန်လွှာ ရေး ထိုးခြင်းကို ၂၀၀၅ ခုနှစ်တွင် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ သတင်းပို့ချက်များ စိစစ်ရေး ဗဟိုဌာနနှင့် နားလည်မှု စာချွန်လွှာရေးထိုးခြင်းကို ၂၀၀၆ ခုနှစ်တွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးရုံးနှင့် လက်မှတ်ရေးထိုးခြင်းကို ၂၀၁၃ ခုနှစ် မတ်လတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယား သမ္မတနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့နှင့် မြန်မာနိုင်ငံမှ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး အဖွဲ့တို့ ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို ၂၀၁၃ ခုနှစ် သြဂုတ် ၂၇ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အချက်အလက်များအရ သိရသည်။

လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှုစီမံကိန်း ပထမတစ်နှစ်အတွင်း အစိုးရ၀န်ထမ်းများ ထပ်မံအဖွဲ့ ဖွဲ့စည်းမှု မရှိကြောင်း ILO က ထုတ်ပြန်

Friday, 06 September 2013
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှုစီမံကိန်း ပထမနှစ်အတွင်း အစိုးရ ၀န်ထမ်းများမှ အသင်းအပင်း ထပ်မံဖွဲ့စည်းမှု မရှိဟု ILO ၏ ထုတ်ပြန်ချက်အရ သိရသည်။အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့၏ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု ပထမတစ်နှစ် စီမံကိန်းတွင် အဖွဲ့အစည်းပေါင်း ၆၀၀ ကျော်က မှတ်ပုံတင်ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရသည်။''စီမံကိန်းသက်တမ်း တစ်နှစ်ကျော်တဲ့အထိ အစိုးရ ၀န်ထမ်းတွေ ထပ်မံအဖွဲ့ ဖွဲ့စည်းခြင်း မရှိသေးပါဘူး။ အဖွဲ့အစည်း ဖွဲ့စည်းမှ သူတို့မှာ ဘယ်လိုမျိုး လုပ်ပိုင်ခွင့်တွေရှိမယ်၊ ဘယ်လိုအခွင့်အရေးတွေ ရှိမယ်ဆိုတာကို သိလာမှာ ဖြစ်တယ်။ အဖွဲ့ဖွဲ့စည်းတာက ပြဿနာရှာနေတာ မဟုတ်ဘူး။ ပဋိပက္ခဖြစ်အောင် လုပ်နေတာ မဟုတ်ဘူး။ ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်ပြီး အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးကို ကောင်းမွန်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်'' ဟု ILO ၏ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု စီမံကိန်း၏ နည်းပညာဆိုင်ရာ အကြံပေးအရာရှိ ပက်ထရစ်ကွင်းက ပြောကြားသည်။

အများသုံးယာဉ်စနစ်မကောင်းသော မြန်မာနိုင်ငံ၌ကိုယ်ပိုင်မော်တော်ယာဉ်များမသုံးရနေ့ရန်ကုန်တိုင်း ဒေသကြီးအစိုးရသတ်မှတ်မည့်အပေါ်လူအများက ဝေဖန်ကြ

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်ကို ရန်ကုန်မြို့၌ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့အဖြစ် သတ်မှတ်မည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။
ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ဟု သတ်မှတ်သည့် စက်တင်ဘာ ၂၂ ရက်တွင် နံပါတ်ပြား အနီရောင် (အငှားယာဉ်)များ၊ အဖြူရောင် (သံရုံးယာဉ်)များ၊ သံဃာတော် စီးယာဉ်များ မပါဝင်ဘဲ အနက်ရောင် နံပါတ်ပြားများ ဖြစ်သော အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် (ယာဉ်နံပါတ်အနက်) တို့အားလုံး ပါဝင်သည်။ရန်ကုန်မြို့တွင် ယာဉ်များ ပိုမိုများပြား လာခြင်း၊ ၎င်း၏ နောက်ဆက်တွဲ ရလဒ်အဖြစ် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း တို့ကြောင့် ယခုလို သတ်မှတ်လိုက်သည့် အတွက် အဆိုပါနေ့တွင် ယာဉ်အန္တရာယ် ပိုကင်းပြီး စက်သုံးဆီ ချွေတာရာရောက်ခြင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီး၌ စက်တင်ဘာ ၂၂ ရက် ယာဉ်မသုံးရ နေ့အဖြစ် သတ်မှတ်ထားရှိ ခြင်းကြောင့် ထိုသို့သတ်မှတ် ရခြင်း ဖြစ်ကြောင်း သိရသည်။

Thursday, September 05, 2013

အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀ နှင့် ၁၀၀ ကြား အပတ်စဉ် အသတ်ခံနေရ

Thursday, September 5, 2013
အာဖဂန် နစ္စတန်တွင် အစိုးရ တပ်ဖွဲ့ဝင်များ အတိုက်ခိုက်ခံရမှု များပြား လာနေပြီး အပတ်စဉ် တပ်ဖွဲ့ဝင် ၅၀ နှင့် ၁၀၀ကြားသေဆုံး နေရသည်ဟု အမေရိကန် ဒုတိယ ဗိုလ်ချုပ် မတ်က် မီလေက ပြောသည်။
အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသေအပျောက်များလာတာက မေးခွန်းထုတ်စရာကိုမလိုဘူး အချို့နေ ရာတွေမှာဆိုရင် အပတ်စဉ်တိုင်း ၅၀ နဲ့ ၁၀၀ ကြားကို အသတ်ခံ နေရတာ ဟု အာဖဂန်ရောက် အမေရိကန် တပ်ဖွဲ့ ဒုဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မတ်က် မီလေက ပြောသည်။ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် အသေ အပျောက်စာရင်းမှာ ဗီယက်နမ်စစ်ပွဲတွင်ကျဆုံးခဲ့ရသည့် အမေရိကန်တပ်ဖွဲဝင် အရေအတွက်နီးပါ ရှိလာပြီ ဟု ၄င်းကဆိုသည်။
Photo: အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀ နှင့် ၁၀၀ ကြား အပတ်စဉ် အသတ်ခံနေရ
Thursday, September 5, 2013

အာဖဂန် နစ္စတန်တွင် အစိုးရ တပ်ဖွဲ့ဝင်များ အတိုက်ခိုက်ခံရမှု များပြား လာနေပြီး အပတ်စဉ် တပ်ဖွဲ့ဝင် ၅၀ နှင့် ၁၀၀ကြားသေဆုံး နေရသည်ဟု အမေရိကန် ဒုတိယ ဗိုလ်ချုပ် မတ်က် မီလေက ပြောသည်။
အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အသေအပျောက်များ လာတာက မေးခွန်း ထုတ်စရာကို မလိုဘူး အချို့နေရာတွေမှာ ဆိုရင် အပတ်စဉ်တိုင်း ၅၀ နဲ့ ၁၀၀ ကြားကို အသတ်ခံ နေရတာ ဟု အာဖဂန်ရောက် အမေရိကန် တပ်ဖွဲ့ ဒုဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မတ်က် မီလေက ပြောသည်။ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် အသေအပျောက် စာရင်းမှာ ဗီယက်နမ် စစ်ပွဲတွင် ကျဆုံးခဲ့ရသည့် အမေရိကန် တပ်ဖွဲဝင် အရေ အတွက်နီးပါ ရှိလာပြီဟု ၄င်းကဆိုသည်။

ဗီယက်နမ် စစ်ပွဲတွင် အမေရိကန်တပ်သား ၅ ၈၀၀၀ ခန့် ကျဆုံးခဲ့သည်။ သို့ရာတွင် အမေရိကန် ဦးဆောင်သော နေတိုး တပ်ဖွဲ့ဝင်များက အာဖ ဂန်တပ်ဖွဲ့ဝင် များအား ရဟတ်ယဉ် ၊မော်တာ နှင့် အမြောက်များကဲ့သို့သော လိုအပ်သည့် ပစ္စည်းကိရိယာများ ၊ ဆေးပစ္စည်းနှင့် ကယ်ဆယ်ရေး သင်တန်းများ ပေးခြင်းတို့ကို ပြုလုပ်ပေးပါက အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရရ် သေဆုံးမ လျော့ကျလာ လိမ့်မည်ဟု ယုံကြည်ကြောင်း ၄င်းက ပြောသည်။ 

သူတို့ဟာ မာကျောကြမ်းတမ်း ကြပါတယ် အခုလို အသေ အပျောက်များ နေပေမဲ့လည်း ဒါဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကို ပြိုကွဲသွားစေမှာ မဟုတ်ပါဘူး ဟု ၄င်းက ဆိုသည်။ အာဖဂန် နစ္စတန်တွင် လက်ရှိ အမေရိကန်တပ်ဖွဲ့ဝင် ၅၇ ၀၀၀ တာဝန် ထမ်းဆောင်နေပြီး ၂၀၁၄ ခုနှစ်အကုန်တွင် တပ်ဖွဲ့ဝင် များကို အပြီးရုပ်သိမ်း သွားရန် စီစဉ်ထား သည်ဟု သိရသည်။ 

ရိုးရာလေး

လက်ရှိမြန်မာနိုင်ငံ၏ဒီမိုကရေစီအခင်းအကျင်း နှင့်အချိုးကျကိုယ်စားပြုစနစ် (PR) သွားရန် အဆင်မပြေနိုင်သေးဟု UNFC အတွင်းရေးမှူးဆို

Thursday, 05 September 2013
လက်ရှိမြန်မာနိုင်ငံ၏နိုင်ငံရေးနှင့်ပြုပြင်ပြောင်းလဲလာသောဒီမိုကရေစီအခင်းအကျင်းအရသော်လည်းကောင်း၊ စစ်မှန်တိကျသောဖက်ဒရယ်စနစ်ထူထောင်ခြင်းမပြုနိုင်သေးသော်လည်းကောင်းအချိုးကျကိုယ်စားပြုမှု ရွေးကောက် ပွဲစနစ်(PR)ကိုသွားရန် တိုင်းပြည်အနေအထားဖြင့် သင့်တော်ခြင်းမရှိကြောင်း ညီညွတ်သော တိုင်းရင်းသား များ ဖက်ဒရယ် ကောင်စီအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
Photo: လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီအခင်းအကျင်း နှင့် အချိုးကျကိုယ်စားပြု
စနစ် (PR) သွားရန် အဆင်မပြေနိုင်သေးဟု UNFC အတွင်းရေးမှူးဆို
Thursday, 05 September 2013  

လက်ရှိမြန်မာနိုင်ငံ၏နိုင်ငံ ရေးနှင့် ပြုပြင်ပြောင်းလဲလာ သော ဒီမိုကရေစီ
အခင်းအကျင်း အရသော်လည်းကောင်း၊ စစ်မှန် တိကျသော ဖက်ဒရယ်
စနစ်ထူ ထောင်ခြင်းမပြုနိုင်သေးသော် လည်းကောင်း အချိုးကျကိုယ်စား
 ပြုမှု ရွေးကောက်ပွဲစနစ်(PR)ကို သွားရန် တိုင်းပြည်အနေအထား ဖြင့် သင့်တော်ခြင်းမရှိကြောင်း ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်
ကောင်စီအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

““PR နဲ့ပတ်သက်ပြီး ရွေး ကောက်ပွဲဥပဒေတွေနဲ့ လေ့လာခဲ့တယ်။
 နောက်ပြီးတော့ PR ကျင့်သုံးတဲ့တိုင်းပြည်တွေကိုလည်း သွားလေ့
လာဖူးတယ်။ PR စနစ် ရဲ့ လက္ခဏာကတော့ တကယ် တမ်းအားဖြင့် ကျွန်တော်တို့ နိုင်ငံ အနေအထားနဲ့ကြည့်ရင် တိုင်း ပြည်မှာဒီမိုကရေစီ
အခင်းအကျင်း နဲ့ (သို့မဟုတ်) ဖယ်ဒရယ်စနစ် အတိအကျနဲ့ တိုင်းပြည်ကို
ထူ ထောင်ပြီးပြီဆိုရင်တော့ ဒီစနစ်က သိပ်မဆိုးဘူး။ ဥပမာ ဂျာမနီမှာ သုံးတာကိုလေ့လာကြည့် တော့ သူက စစ်မှန်တဲ့ ဒီဖယ်ဒရယ်စနစ်အောက်
မှာ ဖြစ်နေ တယ်။ နောက်ဒီမိုကရေစီစနစ်ကိုလည်း အပြည့်အ၀ကျင့်သုံးနေ တယ်။ အဲဒီလို အခြေအနေမျိုး မှာ PR စနစ်ကိုသုံးတော့ အဆင် ပြေမှု
ရှိတယ်။ 

ဒါပေမဲ့ ကျွန်တော် တို့နိုင်ငံမှာတော့ ဘာမှခိုင်မာ ရေရာတဲ့ပုံစံမရသေးဘူး။ ဒါက နံပါတ် (၁) အချက်၊ နံပါတ် (၂) အချက်က ကျွန်တော်တို့ နိုင်ငံ သားတွေဟာ သက်ဆိုင်ရာရွေး ကောက်ပွဲတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ
အမြင် အားနည်းနေ သေးတယ်။ 

ဒီတော့လက်ရှိတိုင်း ပြည်အနေအထားအရ လုံးဝ အဆင်မပြေနိုင်သေးဘူး။ လက်ရှိ မြန်မာပြည်သူတွေရဲ့ ဗဟုသုတ အသိအမြင်က ကိုလိုနီစနစ်က ထွက်ခါစဖြစ်တော့ ပါလီမန်စနစ် အောက်မှာပဲရှိနေသေးတယ်။ ပါလီမန်ဒီမို
ကရေစီစနစ်ရဲ့ လုပ် ထုံးလုပ်နည်းကို နည်းနည်းပါးပါး  နားလည်ကြတယ်”” ဟု ဗိုလ်မှူး ကြီး ခွန်ဥက္ကာမှ ပြောကြားသွားခဲ့သည်။

အဆိုပါအချိုးကျကိုယ်စားပြု မှုစနစ် PR နှင့် ပတ်သက်၍ ဆွေးနွေးမှုများအား သက်ဆိုင်ရာ ပါတီကြီးများအလိုက်သော်လည်း ကောင်း၊ ပြည်ထောင်စု
 ရွေး ကောက်ပွဲကော်မရှင်နှင့် တိုင်းရင်း သားပါတီများတွေ့ဆုံ၍သော် လည်းကောင်း ဆွေးနွေးမှုများရှိ သော်လည်း အများစုကမူ ယင်းအချိုးကျ
ကိုယ်စားပြုမှုစနစ် PR အားလာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး၌ ကျင့်သုံးရန်လိုမှု သဘောတူညီချင်းမရှိခဲ့ကြဘဲ အချို့သော တိုင်းရင်းသား
 ဒေသများမှ တိုင်းရင်းသားပါတီ ငယ်များကမူ ယင်းတို့၏ အခန်း ကဏ္ဍ
အတွက် ယင်း PR စနစ်သို့သွားရန် ဆန္ဒရှိလျက်ရှိနေကြသည်။   


Hot News Journal

တရုတ်မှ ပေးပို့လှူဒါန်းသည်ဆိုသော Ready Made လုံးချင်းအိမ်များ စစ်တွေမြို့သို့ ရောက်ရှိ

Thursday, 05 September 2013
အဆင်သင့် ဆောက်လုပ်နိုင်သည့် လုံးချင်းအိမ်များကို တင်ဆောင်လာသော ၁၀ ဘီး ကားကြီး အစီး (၃၀)သည် စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟုသတင်းရရှိသည်။

Photo: တရုတ်မှ ပေးပို့လှူဒါန်းသည်ဆိုသော Ready Made လုံးချင်းအိမ်များ စစ်တွေမြို့သို့ ရောက်ရှိ
Thursday, 05 September 2013 

အဆင်သင့် ဆောက်လုပ်နိုင်သည့် လုံးချင်းအိမ်များကို တင်ဆောင်လာသော ၁၀ ဘီး ကားကြီး အစီး (၃၀) သည် စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု 
သတင်းရရှိသည်။

Ready made ခေါ် အဆင်သင့် လုံးချင်းအိမ်များ စစ်တွေမြို့သို့ ရောက်ရှိ
လာသည့်အပေါ် စစ်တွေမြို့ခံ များက သတိထားပြီး စောင့်ကြည့်နေသည်ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ကြားတာကတော့ခါ တရုတ်ပြည်က ယူလာတဲ့ Ready made အိမ်တွေလို့ ကြားရတယ်။ အခု စစ်တွေကို ရောက်နေပါပြီ။ ဘယ်နေရာမှာ ဆောက်မယ်လို့တော့ မသိသေးဘူး။ ဘယ်သူ့ အတွက်လဲ?  ရခိုင်အတွက်လား၊ ဘင်္ဂလီတွေအတွက်လားဆိုတာ မသိသေးဘူး။  စစ်တွေမြို့က လူတွေက ဒီကိစ္စနဲ့ပတ်သက်လို့ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်” ဟု၎င်းက ပြောသည်။

အစိုးရ တာဝန်ရှိသူများမှ ယခုအချိန်ထိ သယ်ယူလာသော လုံးချင်း အိမ်များမှာ မည်သည့် နိုင်ငံက ဖြစ်ကြောင်း  တရားဝင် ကျေညာခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံမှ လှူဒါန်းလိုက်သာ လုံးချင်း အိမ်များ ဖြစ်ကြောင်း စစ်တွေတွင် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်အား ယနေ့ နေ့လည်ပိုင်းက ဆက်သွယ် မေးမြန်းရာ ၎င်းပစ္စည်းများ
 ရောက်ရှိနေသည်ကို သူ့အနေနှင့် မသိသေးကြောင်း ပြောသည်။

“ ဘယ်မှာရောက်လို့တုန်း။ ဒီမှာရုံးအဖွဲ့ကလည်း ဘာမှရောက်တယ်လို့
မကြားသေးဘူး။ ဘာတွေရောက်မှန်းလည်း ကျွန်တော်လည်းမသိဘူး။ လုံးချင်းအိမ်ရာတွေက ဆတ်ရိုးကျဘက်မှာ အလုံး ၆၀ ဆောက်ပြီးသွားပြီး အခု ရခိုင်တိုင်းရင်းသားတွေတောင် တက်နေကြပြီ” ဟု ဆိုသည်။

၎င်း လုံးချင်း အိမ်များကို တစ်စစီဖြုတ်ပြီး ယူဆောင်လာခြင်း ဖြစ်ကြောင်း၊ အများစု ပစ္စည်းများမှာ သံဘောင်များနှင့် သံထည် ပစ္စည်း အမျိုးအမျိုး
 ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပစ္စည်းမျိုးကို ယခင်က မမြင်ဖူးခဲ့ကြောင်း ဒေသခံ
များက ပြောဆိုသည်။

အဆင်သင့် လုံးချင်းအိမ်များမှာ ဘင်္ဂလီ ဒုက္ခသည်များ အတွက်ဖြစ်ကြောင်း  စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေး ရဟန်းပျိုအဖွဲ့ ဥက္ကဌ ဦးဓမ္မတဇက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဘောဒူရ မှာ ဘင်္ဂလီတွေနဲ့ဖြစ်တဲ့အခါ ဘင်္ဂလီတွေက သူတို့ကို လုံးချင်းအိမ်တွေ ဆောက်ပေးပါ ဆိုပြီး တောင်းဆိုခဲ့တယ်။ အဲဒီအတွက်ကြောင့် နိုင်ငံတကာက အခုလို ပို့ပေးတာ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် လို့ ဇေယျာသီရိ ဆရာတော်ကြီးက ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ကို လှမ်းပြီး ဖုန်းဆက်တဲ့ခါ ဟုတ်တယ်။ ဘင်္ဂလီတွေကို ပေးဖို့ အတွက်  ဖြစ်တယ်လို့ ပြောပါတယ်” ဟုဆိုသည်။

ကားကြီးများဖြင့် သယ်ဆောင်လာသော  အဆင်သင့် လုံးချင်းအိမ်များကို
 ဆောက်လုပ်နိုင်သည့်  ပစ္စည်းများကို ဝေသာလီကွင်း ဘေးရှိ အဆောင်တွင် ဘင်္ဂလီ အလုပ်သမား ၃၀ ခန့်ကို အသုံးပြုကာ လုံခြုံရေးများဖြင့်  တာဝန်ယူပြီး ယာယီ စုပုံထားသည်ဟု မျက်မြင်များက ပြောသည်။

အဆင်သင့် လုံးချင်းအိမ်များဆောက်လုပ်ရန် ပစ္စည်းများကို နောက်ထပ် ကားအစီး ၅၀ ခန့် ဖြင့်  ဆက်လက် သယ်ဆောင်လာကြသည်ဟု ခိုင်လုံသောသတင်းရပ်ကွက်အရ သိရှိရသည်။

နောက်ဆုံး ရရှိသော သတင်းအရ ယခု ရောက်ရှိလာသော အဆင်သင့် လုံချင်း အိမ်များ အရေအတွက်မှာ (၁၅၀) လုံး ဖြစ်ပြီး  တရုတ်က ပေးပို့ လှူဒါန်းခြင်း ဖြစ်ကာ စုစုပေါင်း တန်ဖိုး ဒေါ်လာ (၁) သန်းဖိုး ရှိကြောင်း သိရသည်။

Narinjara 

ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကျပ်သန်းပေါင်း ၄၁၄၃ သန်းကျော် အသုံးပြုသွားမည်ဟုဆို

Thursday, 05 September 2013
အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန လက်အောက်ခံ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း ရခိုင်ပြည်နယ် ကျေးလက်
ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ၄၁၄၃ ဒဿမ ၅၀၃ သန်းသုံးစွဲရန် လျာထားကြောင်း သတင်း ရရှိသည်။
Photo: ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကျပ်သန်းပေါင်း ၄၁၄၃ သန်းကျော် အသုံးပြုသွားမည်ဟုဆို
Thursday, 05 September 2013 

အသစ်တိုးချဲ့ ဖွဲ့စည်းလိုက်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန လက်အောက်ခံ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း ရခိုင်ပြည်နယ် ကျေးလက်
 ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ၄၁၄၃ ဒဿမ ၅၀၃ သန်းသုံးစွဲရန် လျာထားကြောင်း သတင်း ရရှိသည်။

၎င်းလျာထားငွေထဲမှ လမ်းတံတား အတွက် ကျပ်သန်းပေါင်း ၃၅၇၉ ဒဿမ ၉၀၃ သန်းကို သုံးစွဲမည် ဖြစ်ပြီး ရေပေးဝေရေး အတွက် ကျပ်သန်းပေါင်း ၂၄၆ သန်း၊ ကျန်းမာရေး အတွက် ကျပ်သန်း ၃၀၊ မီးလင်းရေး အတွက် ကျပ်သန်းပေါင်း ၁၉၄ သန်း၊ အိမ်ယာအတွက် ၈၁ ဒဿမ ၆၀၀ သန်း၊ အလုပ်အကိုင်အတွက် ကျပ် ၁၂ သန်း သုံးစွဲသွားမည်ဟု ဆိုသည်။

ထိုသို့ သုံးစွဲသွားမည်ကို သြဂတ်စ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ MPC ခန်းမတွင် ပြုလုပ်သော နိုင်ငံတော် သမ္မတကြီး၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် NGOs များ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် တင်သွင်းသော စာတန်းတွင် ဖေါ်ပြထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက် ဒေသ ဖွံဖြိုး တိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ၇၅၀၁၅ ဒဿမ ၅၁၃ ထိ သုံးစွဲရန် လျာတား ထားကြောင်း အဆိုပါ စာတန်းတွင် ဖေါ်ပြသည်။

အဆိုပါ ကဏ္ဍ (၆) ခုအတွက် ၂၀၁၃-၂၀၁၄ အတွင်း ကချင်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၆၅၄ ဒဿမ ၅၉၈ သန်း၊ ကယားပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၁၄၅ ဒဿမ ၃၃၁သန်း၊ ကရင်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၃၃၇ ဒဿမ ၃၅၂ သန်း၊ ချင်းပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၅၅၁ ဒဿမ ၆၁၀ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ကျပ်သန်းပေါင်း ၈၇၈၄ ဒဿမ ၆၉၄ သန်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွက် ကျပ်သန်းပေါင်း ၃၈၆၀ ဒဿမ ၅၂၅ သန်း၊ ပဲခူးတိုင်း ဒေသကြီး အတွက် ကျပ်သန်းပေါင်း ၆၆၆၆ ဒဿမ ၈၅၀ သန်း၊ မကွေးတိုင်း ဒေသကြီးအတွက် ကျပ်သန်းပေါင်း ၃၈၂၂ ဒဿမ ၆၂၇ သန်း၊ မန္တလေးတိုင်း ဒေသကြီး အတွက် ကျပ်သန်းပေါင်း  ၃၃၅၀ ဒဿမ ၁၆၂ သန်း၊ မွန်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၂၈၅ ဒဿမ ၆၈၆ သန်း၊ ရန်ကုန်တိုင်း ဒေသကြီး အတွက် ၆၃၈၁ ဒဿမ ၅၁၆ သန်း၊ ရှမ်းပြည်နယ် အတွက် ကျပ်သန်းပေါင်း ၁၇၁၆၉ ဒဿမ ၉၄၃ သန်း၊ ဧရာဝတီ တိုင်း ဒေသကြီးအတွက် ၃၈၆၁ ဒဿမ ၁၁၆ သန်း လျာထားသည်ဟု စာရင်းတွင် ဖေါ်ပြသည်။


မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
 ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို ၂၀၁၃ ခုနှစ် သြဂတ်စ်လ ၁၀ ရက်နေ့က တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး အဆိုပါ ၀န်ကြီးဌာန အနေဖြင့် ကျေးလက်
 ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမူ လျော့ချရေးကို ဗဟာဗျူ
ဟာမြောက် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်၏ စာတန်းတွင် ဖေါ်ပြထားသည်။

Narinjara

စစ်ရေးခြိမ်းခြောက်မှုများကြား ဆီးရီးယားအရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကုလသမဂ္ဂကြိုးပမ်း

Thursday, 05 September 2013
အမေရိကန်တို့ စစ်ရေးပြင်ဆင်နေသော်လည်း ကုလသမဂ္ဂသည် ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခုပြုလုပ်ရန် တွန်းအားပေးနေကြောင်း သံတမန်များက ပြောကြားသည်။

Photo: စစ်ရေးခြိမ်းခြောက်မှုများကြား ဆီးရီးယားအရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကုလသမဂ္ဂကြိုးပမ်း
Thursday, 05 September 2013 

အမေရိကန်တို့ စစ်ရေးပြင်ဆင်နေသော်လည်း ကုလသမဂ္ဂသည် ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခုပြုလုပ်ရန် တွန်းအားပေးနေကြောင်း သံတမန်များက ပြောကြားသည်။

ယခုတစ်ပတ်အတွင်းရုရှားတွင် ကျင်းပမည့် နိုင်ငံ ၂၀ အုပ်စု(G 20)ဆွေးနွေး
ပွဲတွင် လပေါင်း ၃၀ ကြာမြင့်နေပြီ ဖြစ်သည့် ဆီးရီးယားအရေးဆွေးနွေး
မည့် ဆွေးနွေးပွဲများပါဝင်မည်ဖြစ်ကြောင်း သံတမန်များက ပြောကြား
သည်။

ကုလသမဂ္ဂ-အာရပ်အုပ်စု ဆီးရီးယားအရေး အထူးသံတမန် လက်ဒါဘရာ
ဟီနီသည် G 20ဆွေးနွေးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏အားထုတ်တိုက်တွန်းမှုကို ကူညီရန် ရုရှားသို့သွားရောက်နေကြောင်း ကုလသမဂ္ဂက ယနေ့ပြောကြားသည်။

“ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ဆီးရီးယားအရေးပူးတွဲအထူး
သံတမန်လက်ဒါဘရာဟီမီဟာ ဆီးရီးယားအရေးနိုင်ငံတကာဆွေးနွေး
ပွဲကြီးတစ်ခု ပြုလုပ်ဖို့အတွက် စိန့်ပီတာစ်ဘာ့ဂ်မှာပြုလုပ်မယ့် G 20
 ဆွေးနွေးပွဲအတွင်း သူတွန်းအားပေးချိန် ကူညီရအောင်လို့ ရုရှားကို
လာနေပြီလို့ပြောပါတယ်” ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက
 ပြောကြားသည်။

စစ်ဖြစ်နေကြသော ဘက်နှစ်ဘက်လုံးကို ဆွေးနွေးပွဲသို့ ခေါ်လာမည့်ကိစ္စကို သံသယရှိနေကြသော်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဂျက်ဖရီဖက်လ်မန်းသည် ဆီးရီးယားသမ္မတကို အဓိက ထောက်ခံနေ
သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော အီရန်သို့ ယခင်တပတ်အတွင်း 
သွားရောက်လည်ပတ်စဉ်ကလည်း ဆွေးနွေးပွဲတစ်ခု ဖြစ်မြောက်ရေး
အတွက် ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂအရာရှိများနှင့် သံတမန်များက
 ပြောကြားသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေးဂ်ကလည်း ဆီးရီးယားအတိုက်အခံ
ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် အာမက် အယ်ဂျာဘာ ယနေ့လန်ဒန်သို့
လာရောက်စဉ် ၎င်းတို့အစိုးရကလည်း ဆီးရီးယားအတိုက်အခံများကို ဖိအားပေးမည်ဟု ပြောကြားပြီး ဗြိတိန်ဝန်ကြီးချုပ်သည်လည်း ယခုတစ်ပတ် G 20 ဆွေးနွေးပွဲတွင် ရုရှားသမ္မတကို တွန်းအားပေးရန် တွေ့ဆုံ
မည်ဖြစ်ကြောင်း ပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဓိကအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် လွန်ခဲ့နှစ်ဇွန်လအတွင်း ဂျနီဗာတွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် ဆီးရီးယားအရေးအတွက် အပြောင်းအလဲ အသေးစိတ်အစီအစဉ်တစ်ရပ်ကို သဘောတူခဲ့ကြသည်။

“ဂျနီဗာဆွေးနွေးပွဲ ဒုတိယကြိမ်မြောက်ကျင်းပဖို့ အချိန်နဲ့ ပတ်သက်တဲ့
 ကြေညာချက်တစ်ခုလုပ်ဖို့အတွက် စိန့်ပီတာစဘာ့ဂ်မှာ အများကြီးဆွေးနွေး
သွားတာရှိပါမယ်” ဟု ကုလသမဂ္ဂမှ အကြီးတန်းသံတမန်တစ်ဦးက
 ပြောကြားသည်။

၎င်းသံတမန်ကဆက်လက်၍ စက်တင်ဘာ ၂၄ ရက်ကုလသမဂ္ဂခေါင်းဆောင်
များ နှစ်စဉ်ပြုလုပ်နေကြ ဆွေးနွေးပွဲမတိုင်မီ အောက်တိုဘာတွင် ကျင်းပ
ဖွယ်ရှိသည့် ၎င်းငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်သည့် ကြေညာ
ချက်တစ်ခုထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိတွင် ဆီးရီးယားအရေးနှင့်စပ်လျဉ်း၍ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်
တို့သည် တစ်ဘက်တွင်ရှိနေပြီး တရုတ်နှင့် ရုရှားတို့သည် ၎င်းတို့နှင့်ဆန့်
ကျင်နေမြဲဖြစ်သည်။

The Myanma Age

UWSA နှင့် လွှတ်တော် နာယက ဦးရွှေမန်းတို့၏ မိတ်ဆက်

Thursday, 05 September 2013
မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် အတွင်း၌ လွှတ်တော် ပါဝင်မှသာ ပြေလည်နိုင်မည်ဟု ရှမ်းပြည် ခရီးစဉ် အတွင်း၌ ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်းက “ဝ” သွေးစည်း ညီညွတ်ရေး ပါတီ UWSP နှင့် တွေ့ဆုံစဉ် ပြောကြား သွားသည်ဟု UWSP မှ ဒုတိယ စစ်ရေး ချုပ်ခွန်အန် က ဆိုပါသည်။
Photo: UWSA နှင့် လွှတ်တော် နာယက ဦးရွှေမန်းတို့၏ မိတ်ဆက်
Thursday, 05 September 2013 

မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် အတွင်း၌ လွှတ်တော် ပါဝင်မှသာ ပြေလည်နိုင်မည်ဟု ရှမ်းပြည် ခရီးစဉ် အတွင်း၌ ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်းက “ဝ” သွေးစည်း ညီညွတ်ရေး ပါတီ UWSP နှင့် တွေ့ဆုံစဉ် ပြောကြား သွားသည်ဟု UWSP မှ  ဒုတိယ စစ်ရေး ချုပ်ခွန်အန် က ဆိုပါသည်။ 

“သူတို့ပါမှ ဒီကိစ္စကို ဖြေရှင်းလို့ရမယ်။ လွှတ်တော် အသံပြည်သူ့အသံ။ လွှတ်တော် လုပ်ဆောင်ချက်ဟာ ပြည်သူ တွေ့ရဲ့ လုပ်ဆောင်ချက်တွေ
 ဖြစ်တယ်လို့ ဦးရွှေမန်းက ကျနော်တို့နဲ့ တွေ့တဲ့ အချိန်မှာ ပြောပါတယ်” ဟု ဆိုပါသည်။

ဦးရွှေမန်းသည် စက်တင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်း၌ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ရွှေတြိဂံ ဒေသတိုင်း စစ်ဌာနချုပ် တွင်  “ဝ” သွေးစည်း ညီညွတ်ရေး ပါတီ UWSP မှ ဒုတိယ စစ်ရေးချုပ် ခွန်းအန်၊ ပြည်ပ ဆက်ဆံရေး ဌာန အကြီးအကဲ ဦးကျောက်ကော့အန်း၊ “ဝ” တောင်ပိုင်း ဗျူရိုမှ အိုက်လိန်၊ UWSP မှပြောခွင့်ရသူ ဦးအောင်မြင့်တို့နှင့် တွေ့ဆုံစဉ်
 ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေး လာခဲ့ သည် မှာ (၂) နှစ် နီးပါး ရှိသွားပြီး ဖြစ်ပါသည်။ ဤကဲ့သို့ ရှည်ကြာ လာခဲ့သော်လည်း  လက်နက်ကိုင် တိုင်းရင်းသား များတို့၏ တင်ပြ တောင်းဆို ချက်များကို မဖြေရှင်းနိုင်ခဲ့ပေ။ ဤသို့ကြောင့် တိုင်းရင်းသား များ၏ တောင်းဆိုချက်များကို လွှတ်တော်တွင်
 ဖြေရှင်း သွားမှသာ အကောင်းဆုံး အဖြေကို အတည်ပြု ပေးနိုင်လိမ့်မည်
 ဖြစ်သည်ဟု ဆိုပါသည်။

UWSP သည် နိုင်ငံတော် ဥပဒေ ပြဌာန်းမှုနှင့် အညီ “ဝ” ပြည်နယ်
 ဖော်ဆောင်ပေးရန် တင်ပြတောင်း ဆိုထားသည့် အပြင် လူဦးရေ အမှန် ရရှိရန် နှင့် တရားဝင် သန်းခေါင် စားရင်းများ လာရောက် ကောက်ခံ
 ပေးရန် တောင်းဆို ထားသည်ဟု UWSP အရပ်ဖက် အရာရှိ ဦးဇော်လွင်က ဆိုပါသည်။

လက်ရှိ အခြေအနေတွင်  UWSP ထိန်းချုပ် ဒေသ၌ ဝ လူမျိုးများအား အစိမ်းရောင်ကပ်နှင့် အဖြူရောင် ကပ်များကိုသာ ၂၀၀၇/၂၀၀၈ ခုနှစ်တွင် ထုတ်ပေး ခဲ့ပါသည်။ ယခင်ကမူ လုံးဝ မှတ်ပုံတင်ခွင့်တောင် မပေးခဲ့ပေ။ ဤသည် အစိုးရ၏ စစ်ရေး ပေါ်လစီ အရ ဗမာပြည် ကွန်မြူနစ် ပါတီ ခေတ် ကတည်းက ခွဲခြား သတ်မှတ် ထားခဲ့ခြင်း ဖြစ်ပြီး အလားတူ နယ်စပ်နေ တိုင်းရင်းသား အားလုံးကိုပါ ဒဏ်ခတ် ထားခဲ့ပါသည်။   

ဤသို့သော် ပြသနာများကို  ပြည်ထောင်စု လွှတ်တော် နာယက တဦး အနေဖြင့် လုပ်ဆောင် ပေးနိုင်ကြောင်း၊ မြန်မာ နိုင်ငံသားများ အတွက် လွှတ်တော် သည်သာ အဓိက ကျကြောင်း ဦးရွှေမန်းက ရှင်းလင်း ပြောဆို ခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းသား များအနေဖြင့် လက်နက်ကိုင် နေမည့် အစားလွှတ်တော်ထဲ ဝင်ပြီး ပြုပြင် ပြောင်းလဲ သွားရန် ပိုမို ကောင်းလိမ့် မည်ဟု ထပ်မံ မှာကြား ခဲ့ပါသည်။

"၀" လူမျိုး များသည် လူဦးရေ ခြောက်သိန်း နီးပါး နေထိုင်လျက် ရှိပြီး ၁၇၀၀၀ စတုရန်း ကီလိုမီတာ အကျယ်အ၀န်း ရှိသည့်"၀" ဒေသ
 မြောက်ပိုင်းနှင့် တောင်ပိုင်း ဟူ၍ နှစ်ပိုင်း ခွဲခြား ထားပါသည်။ ဘာသာ စကားတွင် လူဦးရေ၏ ၇၀ ရာခိုင် နှုန်းသည် တရုတ် ဘာသာ စကားကို ပြောဆို နေကြပြီး  တရုတ် ဘာသာဖြင့်  ရုပ်သံလိုင်း တလိုင်းကို  တည်ထောင်ကာ တရုတ် ယွမ်ငွေကိုသာ အသုံးပြု ကြပါသည်။

ဦးရွှေမန်း၏ ယခု ခရီးစဉ် အတွင်းတွင် UWSA အပြင် မိုင်းလား၊ SSPP ၊ PNO၊ RCSS နှင့် ရှမ်းပြည် လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့များကို
 တွေ့ဆုံ ခဲ့ပါသည်။ ဤသည် လွှတ်တော် နာယက တဦး အနေဖြင့် တိုင်းရင်းသား ဒေသကို ပထမဆုံး လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်ပါသည်။

အကြောင်းစုံကို ဤလင့်တွင် ဖတ်ရှုပေးပါရန်။ 

Phophtaw News Association 

မလေးရှား၌ ပြန်တော် ပြန်မည့် သူများအား မြန်မာသံရုံး၌ CI ကာဒ် ဆက်ထုတ် ပေးနေ

Thursday, 05 September 2013
မလေးရှား အာဏာပိုင် များမှ တရားမဝင် မြန်မာ နိုင်ငံ သားများ အပါအဝင် နိုင်ငံခြားသား များအား ဆက်တိုက် လိုက်လံဖမ်းဆီးနေခြင်းရှိနေပြီး မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးမှလည်း၎င်း တရားမ ဝင်မြန်မာ နိုင်ငံ သားများ မြန်မာ ပြည်သို့ ပြန်နိုင်ရန် အတွက် CI ခေါ် နိုင်ငံသား စိစစ်ကဒ်များ ဆက်လက် ထုတ်ပေး နေကြောင်းလည်း အလုပ်သမား သံအရာရှိ ဦးစိုးဝင်းမှ ပြောသည်။
“တရားမဝင် သော်ငြားလည်း ၊ မြန်မာ နိုင်ငံသား ဖြစ်ကြောင်း အထောက် အထား ပြနိုင်ရင် သူတို့ကို စီအိုင် ကဒ်လေးတွေ ထုတ်ပေး နေတယ်၊ နောက် မလေးရှား လဝကမှာ လက်ဗွေနှိပ် ဒဏ်ကြေးဆောင် ၊ အဲနောက် အထူး ခွင့်ပြုချက် လက်မှတ် ရပြီးရင် လေယာဉ်နဲ့ မြန်မာ နိုင်ငံ ပြန်လို့ ရပါတယ်” ဟု ဦးစိုးဝင်း က ပြောသည်။

ထိုင်းနှင့် မြန်မာ သတင်းစာ ဆရာများ မီဒီယာကဏ္ဍ ပူးပေါင်း လုပ်ဆောင်ရန် MOU ထိုး

Thursday, 05 September 2013
မြန်မာနှင့် ထိုင်း သတင်းစာ ဆရာများ နှစ်နိုင်ငံ တို့၏ မီဒီယာ ကဏ္ဍ အကြား ပိုမို၍ ပူးပေါင်း လုပ်ဆောင်မှု ပြုကြရန် အတွက် ယမာန်နေ့က နှစ်ဖက်နားလည်မှု စာချွှန်လွှာကို လက်မှတ် ရေးထိုး ခဲ့ကြောင်း ထိုင်းသတင်းစာ ဆရာများအသင်း (TJA) ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

Photo: ထိုင်းနှင့် မြန်မာ သတင်းစာ ဆရာများ မီဒီယာကဏ္ဍ ပူးပေါင်း လုပ်ဆောင်ရန် MOU ထိုး
Thursday, 05 September 2013 

မြန်မာနှင့် ထိုင်း သတင်းစာ ဆရာများ နှစ်နိုင်ငံ တို့၏ မီဒီယာ ကဏ္ဍ အကြား ပိုမို၍ ပူးပေါင်း လုပ်ဆောင်မှု ပြုကြရန် အတွက် ယမာန်နေ့က
 နှစ်ဖက်နားလည်မှု စာချွှန်လွှာကို လက်မှတ် ရေးထိုး ခဲ့ကြောင်း ထိုင်းသတင်းစာ ဆရာများအသင်း (TJA) ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ 

နှစ်နိုင်ငံ သတင်းစာ ဆရာများ တွေ့ဆုံ လက်မှတ် ရေးထိုး ခြင်းသည် သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် ဆက်ဆံ ထိတွေ့မှုလည်း
 ဖြစ်ကြောင်း ထိုင်းသတင်းစာ ဆရာများ အသင်းရုံးမှ တာဝန်ရှိသူ တဦး ဖြစ်သည့် မစ္စတာ ဖိရဖာဒ် က ပြောသည်။

“ဒါက သမိုင်း တစ်လျှောက်မှာ ပထဆုံးအကြိမ် ဖွင့်လှစ် နိုင်ခဲ့တဲ့ နှစ်နိုင်ငံ သတင်းစာ ဆရာတွေအကြား ကူးလူး ဆက်ဆံမှုတစ်ခုလည်း ဖြစ်တယ်” ဟု ၄င်းက ဆိုပါသည်။

နှစ်ဖက် လက်မှတ် ရေးထိုး ထားသည့် နားလည်မှု စာချွှန်လွှာ အရ မီဒီယာ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပူးပေါင်း လုပ်ဆောင်ရန်၊ နှစ်နိုင်ငံ လူမှု၊ စီးပွား၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး အခြေ အနေရပ် ဆိုင်ရာ သတင်း များကို တိုးတက် ဖော်ထုတ် ရေးသား နိုင်ရေး၊ နှစ်နိုင်ငံ သတင်းစာ ဆရာ များမှ ဒေသတွင်းနှင့် နိုင်ငံတကာစာနယ်ဇင်း လုပ်ဆောင်ချက်များတွင် လက်တွဲ လုပ်ဆောင်သွားကြရန်တို့ ပါဝင်ကြောင်းလည်း TJA အသင်း၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြ ထားပါသည်။

ထို့ပြင် နှစ်ဖက် အမြင်၊ လက်ရှိ စာနယ်ဇင်း အခြေအနေ အပေါ် အတွေ့အကြုံ၊ အမြင်များအား ဖလှယ် နိုင်ရန်နှင့် နှစ်စဉ် မီဒီယာာ နှီးနှော ဖလှယ်ပွဲ ကျင်းပကြရန်၊ မီဒီယာ စွမ်းရည် မြှင့်တင်ရန် အတွက် လိုအပ်သည့် သင်တန်းများအား အပြန်အလှန် ကူညီ နိုင်ကြစေရန် စသည့် အချက် များလည်း ပါဝင် ပါသည်။

၎င်းနားလည်မှု စာချွှန်လွှာ ရေးထိုး ပွဲအား မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း (MJA) မှ တွဲဖက် အတွင်းရေးမှူး ဦးမျိုးမင်းထိုက်၊ ဦးကျော်စွာမင်း၊
 နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးအောင်လှထွန်း၊ အလုပ် အမှုဆောင် အဖွဲ့များ ဖြစ်သည့် ဦးဇော်သန်း၊ ဦးရဲမင်းဦးတို့ (၅) ဦး တက်ရောက် ခဲ့ကြသည်။

ထိုင်းသတင်းစာ ဆရာများ အသင်း ဥက္ကဋ္ဌ မစ္စတာ Pradit Ruangdit မှ ဦးဆောင်၍ ကိုယ်စားလှယ် အလုပ်အမှုဆောင် (၁၅) ဦးတို့ လက်ခံ
 တွေ့ဆုံ ခဲ့ပါသည်။

မြန်မာ သတင်းစာ ဆရာ များသည် ပြီးခဲ့သည့် စက်တင် ဘာလ (၁) ရက်နေ့မှ စတင် ရောက်ရှိ ခဲ့ကာ ထိုင်းနိုင်ငံသို့ ရောက်ရှိ နေခိုက်၌ ထိုင်းရာဒ် နေ့စဉ် သတင်းစာ ၊ Thai PBS ရုပ်သံလွှင့် ဌာန၊ ကန်ချနပူရီ ကုန်သည် ကြီးများ အသင်း တို့နှင့်လည်း သွားရောက် တွေ့ဆုံ ခဲ့သလို ထိုင်းလွှတ်တော် ဥက္ကဋ္ဌ တို့နှင့်လည်း တွေ့ဆုံ ခဲ့ကြောင်း မစ္စတာ ဖိရဖာဒ်က ဆိုပါသည်။

Phophtaw News Association

ကြွေးကျန် မွေး/ရေ လုပ်ငန်းရှင်များကို တရားစွဲရန် စတင်စီစဉ်

Thursday, September 5, 2013
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနသို့ အကြွေးပေးသွင်းရန် ကျန်ရှိသောမွေးမြူရေးနှင့်ရေလုပ်ငန်းရှင်များကိုဥပဒေကြောင်းအရတရားစွဲရန်စီစဉ်လျက်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇံထွေးက ပြောကြားသည်။
နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိသည့် ငွေကျပ်၂၈ ဘီလီယံအတွက် ပြန်လည်ပေးဆပ်ရန် လွှတ်တော် က ပြောကြားပြီးနောက် အဆိုပါဝန်ကြီးဌာနသည် သတ်မှတ်ကာလအတွင်း ကြွေးမဆပ်နိုင်သည့် လုပ်ငန်း ရှင်များကိုတရားစွဲရန် ပြင်ဆင်ခြင်းဖြစ်သည်။
ပြည်သူ့ဘဏ္ဍာငွေ ပေးဆပ်ရန် ကျန်ရှိသည့် လုပ်ငန်းရှင် ၇၅ ဦးအနက် နောက်ဆုံးပြန်ဆပ်ရန် သတ်မှတ် ကာလ သြဂုတ်လ ၁၅ ရက်နေ့အထိ ပြန်လည် ပေးဆပ်သူ ၁၁ ဦးရှိရာ ကျန်ရှိသည့် လုပ်ငန်းရှင်များကို တရားမ ကြောင်းအရ တရားစွဲရန် စီစဉ်လျက်ရှိသည်ဟု ဦးအောင်ဇံထွေးက ဆိုသည်။

ကလေးမြို့ တည်ဆောက်ဆဲ ဆည်များကြောင့် ကျေးရွာ များ ရေမလျှံနိုင်ဟု ပြော

Thursday, September 5, 2013
ကလေးမြို့တွင်တည်ဆောက်လျက်ရှိသည့် မဏိပူရဆည်နှင့် ရာဇဂြိုဟ်ဆည်များကြောင့် ဆည်အောက် ဘက် ကျေးရွာများဆည်ရေဖွင့်ချလျှင် ရေလျှံမည့် အခြေ အနေ မရှိကြောင်း ကလေးမြို့ဆည်မြောင်း ဌာန မှ အရာရှိ တစ်ဦးက ပြောသည်။
”ကလေးမှာ ရှိတဲ့ ဘယ်ဆည်မှ ရေသိုလှောင်ခြင်း မလုပ်ရသေးပါ ဘူး။ မြစ် ချောင်းတွေ အနေနဲ့ သဘာဝ အတိုင်းပဲ ရှိပါသေးတယ်။ ဒါကိုအားလုံး သိစေချင် ပါတယ် ။ နောက်ပြီး ဆည်အနေ နဲ့ ပြီးစီး သွားလို့ ရင် ကလေးမြို့ ရေလွှမ်းမိုးမှုကို အနည်းငယ်တောင် သက်သာအောင် ထိန်းချုပ်နိုင်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ က လေးမြို့ မှာ နှစ်စဉ် ရေစီးဝင်မှု ပမာဏထဲ က ဆည်က အနည်းငယ် ဖမ်းထိန်းနိုင်မှာ ဖြစ်လို့ပါ” ဟု ဆည်မြောင်း အရာရှိက ရှင်းပြသည်။

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ဝင်းကြေး နှစ်ကြိမ်ပေးနေရမှု စနစ်ကို ယာဉ်လုပ်ငန်းရှင်တစ်ချို့ ဝေဖန်

Photo: အောင်မင်္ဂလာ အဝေးပြေး ယာဉ်ဝင်းကြေး နှစ်ကြိမ်ပေးနေရမှု စနစ်ကို ယာဉ်လုပ်ငန်းရှင်တစ်ချို့ ဝေဖန်
Thursday, September 5, 2013

ရန်ကုန် ၊ စက်တင်ဘာ ၄ ။   ။ အောင် မင်္ဂလာကားကွင်းတွင် ယာဉ်ဝင် ကြေးနှစ်ကြိမ်ပေးဆောင်နေရမှု စနစ်ကို ယာဉ်လုပ်ငန်းရှင်တချို့ က ထောက်ပြဝေဖန်လိုက်ပြီး ရေ ရှည်တွင် ခရီးသည်များကိုပေးနေ သည့် ယာဉ်လိုင်းများ ၏ဝန်ဆောင် မှုများ လျော့ကျလာနိုင်ကြောင်း ပြောကြသည်။

''ကားကွင်းတစ်ခုထဲကို ဝင်လာရတာ အဝင်မှာလဲပေးရတယ်။ အထဲမှာလဲပေးရတယ်။ ဒီကွင်းထဲ မှာ အခွန်နဲ့ပတ်သက်တာအား လုံးကို ကျွန်တော်တို့ကဆောင် ထားပြီးသားပဲ။ ဒါကမဖြစ်သင့် ဘူး''ဟု မန်းရွှေပြည်ယာဉ်လိုင်းမှ ဂိတ် တာဝန်ခံတစ်ဦးက ပြောသည်။ ''မြန်မာနိုင်ငံမှာ ကားကွင်း တစ်ခုထဲကို ပိုက်ဆံနှစ်ခါ ပေးရ တာ ဒီတစ်နေရာပဲရှိတယ်'' ဟု ယင်းကထောက်ပြပြောသည်။ ယခုလ ၁ရက်က စတင်ဖွင့် လှစ်လိုက်သည့် မြန်မာနိုင်ငံ၏ပထမဆုံးကား ဆိုက်ရောက် ခရီး သည်အဆောင်အား ယင်းကား ကွင်းရှိ ယာဉ်လိုင်းအားလုံးကို ဝင် ခိုင်းထားပြီး အဆိုပါယာဉ်ဝင်ကြေး ကို ခရီးသည်ယာဉ်တစ်စီးအား ကျပ် ၅ဝဝနှုန်းကောက်ခံကြောင်း သိရသည်။

အဆိုပါဆိုက်ရောက်ခရီး သည်နားနေဆောင်အသစ်ကို စည် ပင်သာယာဌာနနှင့် ပုဂ္ဂလိကကုမ္ပ ဏီတို့က ဘီအိုတီစနစ်ဖြင့် တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်း ကုမ္ပ ဏီက ကျပ်သိန်း ၅ဝဝဝအကုန်အ ကျခံ တည်ဆောက်ပေးထားခြင်း ဖြစ်ကာ ခရီးသည် များ အတွက်အ ဆင်အပြေဆုံးဖြစ်ရန် တည်ဆောက် ထားကြောင်း အဝေးပြေးစည်ပင် သာယာဌာနမှ ဒုတိယဌာနမှူး ဦးဇော်မင်းက ပြောသည်။

ဦးဇော်မင်းက ''အခုပေးရ တဲ့ ငွေကျပ် ၅ဝဝဆိုတာ သူတို့အ တွက် ဘာမှမရှိပါဘူး။ ဒါကခရီး သည်တွေ အဆင်ပြေအောင်အ တတ်နိုင်ဆုံး စီစဉ်ထားတာပါ။ အ ခုကွင်းဝင်ကြေးကောက်တာနဲ့ ဆိုက် ရောက် အဆောင်ကြေးကောက် တာမဆိုင် ပါဘူး။ အဲဒီအဆောင် မှာစီစဉ်ပေးထားတဲ့ ကုန်ကျစရိတ် နဲ့က ပြန်ကောက်မှဖြစ်မှာ မို့ ကောက်ရတာပါ''ဟု ပြောသည်။ 

အဆိုပါဆိုက်ရောက်အ ဆောင်တည်ဆောက်လိုက်မှု ကြောင့် ခရီးသည်များအဆင်ပြေ သွားသည်မှာ မှန်သော် လည်း ယာဉ် လုပ်ငန်းရှင်များအတွက် အထွေ ထွေစရိတ်မြင့်တက်လာသည့်အ တွက် လက်ရှိယာဉ်ဝင်ခနှစ်ဆင့် ကောက်ခံမှုကို လုပ်ငန်းရှင်များ ဘက်မှ လျှော့ချပေးစေလိုနေခြင်း ဖြစ်ပြီး အထွေထွေစရိတ်လျော့ ကျပါက ခရီးသည်များအတွက် ဝန်ဆောင် မှုပိုမိုပေးနိုင်မည်ဖြစ် ကြောင်း ယာဉ်လုပ်ငန်းရှင်အသိုင်း အဝိုင်းက ပြောသည်။

''အခု ဒီကားကွင်းကို ဝင် တာပဲ။ ဒီထဲမှာလဲ အခွန်မှန်သမျှ အကုန်ဆောင် ထားတာပဲ။ အခု အပိုကောက်လို့ရတဲ့နေရာတစ်ခု တိုးလာပြီ။ ဒါတွေ ကို လျှော့ချပေး စေချင်တယ်။ တစ်ဖက်က အသုံး စရိတ်တွေမြင့်လာတဲ့ အတွက် ခရီး သည်ဝန်ဆောင်မှု ပေးတဲ့အပိုင်း က ရေရှည်မှာထိခိုက်နိုင် ပါတယ်။ အခုလုပ်ငန်းတွေက မကောင်းဘူး'' ဟု အာရှကားဂိတ်မှ လုပ်သက်ရင့် ကားလုပ်ငန်းရှင်ကပြောသည်။ ''ဒီဟာတည်ဆောက်လို့ ကုန်ကျစရိတ်ကို ပြန်ကောက်ယူ တာလို့ပြော တယ်။ ဒါဆိုရင် တစ် ဖက်က လျှော့ချပေးရမယ်။ 

ဒါမျိုး က အစိုးရပိုင်းကလုပ်ပေးရမယ့် အစီအစဉ်တစ်ခုပါ''ဟုယင်းက ဆက်လက်ပြောသည်။ ရွှေစင်စင်္ကြာယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ''ဒီကားကွင်းက စည်ပင်သာယာ ကားကွင်း၊ ဒီထဲ ကို ဝင်ရင် ကားတစ်စီးကို ၅၀၀ ကောက်ထားတယ်။ အခု ကျပ် ၅ဝဝအပြင် နောက်ထပ် ကျပ်၅၀၀ ထပ်တိုးကောက်ခံတော့ ကားကွင်း တစ်ခုတည်းကို နှစ်ခါကောက်တဲ့ ပုံစံဖြစ်နေတယ်''ဟု ပြောသည်။ အဆိုပါကားကွင်း အတွင်း စားသောက် ဆိုင်၊ ဘဏ်ခန်းနှင့် ခရီးသည်နားနေဆောင်များ ပါ ဝင်ပြီး ယင်းအဆောက်အအုံအ တွက် ကုန်ကျစရိတ်ကို ကုမ္ပဏီ ဘက်မှ ၁ရနှစ်ပြန်လည်ကောက်ခံ မည်ဖြစ်ပြီး မြေငှားရမ်းခအဖြစ် တစ်နှစ်ကို ကျပ်သိန်း၂၀ စည်ပင် ဌာနက ရရှိမည် ဖြစ်ကြောင်းသိရ သည်။

''ကုန်ကျစရိတ်သိန်းငါး ထောင်၊ ကားကြီးကျပ်၅၀၀၊ ကား လေး ကျပ် ၂ဝဝကောက်ခံတယ်။ ဒီကားကွင်းကို တစ်ရက်ကို ကား စီးရေ ထောင်ချီအ သုံးပြုနေတာ။ သိန်းငါးထောင်က ဘယ်နှနှစ် ကောက်ရမှာမို့လို့လဲ။ ဒါက စီးပွား ရှာနည်း တစ်မျိုး ပဲ''ဟု နာမည်ကြီး ကားဂိတ်တစ်ခုမှ အမည်မဖော် လိုသူယာဉ်ပိုင်ရှင်က ထောက်ပြ ပြောသည်။ လက်ရှိတွင် ခရီးသည်တင် ယာဉ် ၄ဝဝနှင့် ၅ဝဝကြား အဆိုပါ ကားကွင်းကို အသုံးပြုနေပြီးတ ခြားအပြင် ကားလေးများလဲ ဝင် ထွက် သွား လာနေကြောင်း သိရ သည်။

အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ဖွင့်လှစ်လိုက်သည့် ဆိုက်ရောက်ခရီးသည် အဆောင်တွင်းမှ ခရီးသည်တင်ကားများ။ ဓာတ်ပုံ - ကျော်ဇေယျ
ငယ်ထွေး
The Yangon Times  Thursday, September 5, 2013
 အောင်မင်္ဂလာကားကွင်းတွင်ယာဉ်ဝင်ကြေးနှစ် ကြိမ်ပေးဆောင်နေရမှု စနစ်ကို ယာဉ်လုပ်ငန်းရှင် တချို့ က ထောက်ပြဝေဖန်လိုက်ပြီး ရေ ရှည်တွင် ခရီးသည်များကိုပေးနေသည့် ယာဉ်လိုင်းများ ၏ ဝန်ဆောင်မှုများ လျော့ကျလာနိုင်ကြောင်း ပြော ကြသည်။
''ကားကွင်းတစ်ခုထဲကိုဝင်လာရတာ အဝင်မှာ လဲပေးရ တယ်။ အထဲမှာလဲပေးရတယ်။ ဒီကွင်းထဲ မှာအခွန်နဲ့ ပတ်သက်တာအားလုံးကို ကျွန်တော်တို့ ကဆောင်ထားပြီးသားပဲ။ ဒါကမဖြစ်သင့်ဘူး''ဟု မန်းရွှေပြည်ယာဉ်လိုင်းမှ ဂိတ်တာဝန်ခံတစ်ဦး က ပြောသည်။ ''မြန်မာနိုင်ငံမှာ ကားကွင်း တစ်ခုထဲကို ပိုက်ဆံနှစ်ခါ ပေးရ တာ ဒီတစ်နေရာပဲရှိတယ်'' ဟု ယင်းကထောက်ပြပြောသည်။ ယခုလ ၁ရက်က စတင်ဖွင့် လှစ်လိုက်သည့် မြန်မာနိုင်ငံ၏ပထမဆုံးကား ဆိုက်ရောက် ခရီး သည်အဆောင်အား ယင်းကား ကွင်းရှိ ယာဉ်လိုင်းအားလုံးကို ဝင် ခိုင်းထားပြီး အဆိုပါယာဉ်ဝင်ကြေး ကို ခရီးသည်ယာဉ်တစ်စီးအား ကျပ် ၅ဝဝနှုန်းကောက်ခံကြောင်း သိရသည်။

နောက်ဆုံးထွက် Samsung Glaxy Note 3ကို Note 2 နဲ့ ယှဉ်ကြည့်မယ်

Thursday, September 5, 2013

Photo: နောက်ဆုံးထွက် Samsung Glaxy Note 3ကို Note 2 နဲ့ ယှဉ်ကြည့်မယ်
Thursday, September 5, 2013

Generally ပဲ ယှဉ်လို့ရအုံးမှာပါ။ အသေးစိတ် နှိုင်းယှဉ်ကျတော့ မျက်စိရှေ့ ရောက်လာမှ စမ်းသပ်လို့ ရမှာမို့ပါ။ မနေ့ညမှ ဘာလင်မှာ မိတ်ဆက်သွား ပုံအရ အသစ်ပါလာတဲ့ Specification များကိုပဲ ၂၀၁၂ ခုနှစ်က Samsung Galaxy Note 2 နဲ့ ဘာတွေများ ကွာသွားလဲ ဆိုတာကိုသာ လေ့လာ ကြည့်ရမှာပါ။ 

မျက်နှာပြင် (Display) 

၅.၇ လက်မ အရွယ်ဖြစ်သွားပါတယ်။ အရင်က ၅.၅ လက်မ ဖြစ်ပြီး ၀.၂ လက်မ တိုးသွားပါတယ်။ မျက်နှာ ပြင် ကြီးသွားလို့ Resolution က နည်းမသွားပဲ သိသိသာသာတောင် တိုးလာပါတယ်။ Full HD မှာကိုမှ 386 ppi အရည်အသွေး ရှိပြီး ယခင် Note 2 တုန်းက 267 ppi ပဲ ရှိခဲ့တာပါ။ ဒါကြောင့် ပိုပြီး Sharp ဖြစ်တဲ့ ပုံရိပ်တွေကို မြင်တွေ့ရဖို့ သံသယ ဝင်စရာ မရှိ ပါဘူး။ 

Processing Power 

Processor မှာလည်း သိသိသာသာကြီးကို မြင့်တက်သွား ပါတယ်။ မြင့်တက်ဆိုလို့ လေပေါ်ပစ်လိုက်တာကို ပြောတာ မဟုတ်ဘူးနော်။ Speed မြန်သွားတာပါ။ 2.3 GHz quad core Qualcomm Snapdragon 800 processor ကို အသုံးပြု ထားပါတယ်။ S4 တုန်းကတော့ 1.6 နဲ့ 1.9 GHz ပဲရှိခဲ့တာ Note 3 Speed အမြန်ဆုံး စမတ်ဖုန်း ဖြစ်လာမယ် ထင်ပါတယ်။ သူတို့အခေါ်တော့ Phablet ပေါ့။ ဖုန်း+တက်ဘလတ် = ဖတ်ဘလတ် မျိုးနွယ်မှာ အကောင်းဆုံးပါလို့တောင် ကြွေးကျော် နေပါပြီ။ သူ့ကိုယှဉ်မယ့် Phablet တွေကိုလည်း မြင်ယောင် နေမိ ပါသေးတယ်။ RAM က 2GB မဟုတ်တာ့ဘူး။ 3GB လေ။ လက်ရှိ သုံးနေတဲ့ ကွန်ပြူတာ အများစုတောင် RAM က 2GB ပဲ ရှိတာ 3GB RAM ဆိုတော့ တော်တော် Performance ကောင်းမယ့် အမျိုးပါ။ Data များများယူပြီး အလုပ်လုပ်ရတဲ့ Application တွေလောက်ကတော့ သူက အေးဆေး နိုင်မှာပါ။ Note 2 တုန်းက 1.6 GHz ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ 

Memory and Battery 

Note 2 မှာတုန်းက 16 GB ဗားရှင်းထွက်တယ်။ ယခု Note 3 မှာ 32 နဲ့ 64 ပဲ ရေးသား ထားတာ တွေ့ရပါတယ်။ SD ကဒ်ကတော့ ထုံးစံအတိုင်း 64GB အထိ တိုးနိုင်တာပါပဲ။ ဘက်ထရီ ကတော့ သိပ်ထူးခြား မသွားဘူး။ အရင်က 3100 mAh, ယခု Note 3 အသစ်က 3200 mAh ဆိုတော့ တစ်ရာလောက်ပဲ တိုးပါတယ်။ တစ်ရာပဲ တိုးဆို Power usage plan က အရင်ကထပ် သက်သာပါကြောင်း ဘာလင်မှာ တရားဝင် ပြောဆို သွားလို့ ဖြစ်ပါတယ်။ 

ကင်မရာ 

ကင်မရာ လည်း အားလုံး ခန့်မှန်းထားတဲ့အတိုင်း မှန်ပါတယ်။ 13 Megapixel အရည်အသွေးရှိတဲ့ ကင်မရာ ဖြစ်ပါတယ်။ Note 2 မှာတုန်းက 8 Megapixel ပဲရှိခဲ့တာ။ ရိုးရိုးလေး တွေးရင်တောင် Note 3 က ပိုကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရနိုင်ပါတယ်။ low light performance, stablilisation, powerful flash, Ultra HD video Capture အစရှိသဖြင့် ဘာလင်က မိတ်ဆွဲပွဲမှာ ထည့်ကြွား သွားပါတယ်။ ရှေ့ ကင်မရာ ကလည်း 2 megapixel တောင် အရည်အသွေး ရှိပါတယ်။ 

ဒီဇိုင်း 

ဒီဇိုင်းလည်း သိသိသာသာကြီးကို ပြောင်းသွားပါတယ်။ ဒါကလည်း ထုံးစံပဲလေ။ Note 1 နဲ့ Note 2 တောင် ဒီဇိုင်း သိသိသာသာ ကွဲသွားတာပဲ။ Note 1 က Note 2 ထက် အရပ်ပုပြီး ပိုဝတယ်။ Note 2 က ရှည်မျောမျော ဘဝကို ရောက်သွားရော။ ယခုလည်း Note 3 ကလည်း ရှည်မျော်မျော် ပါပဲ။ သို့ပေမယ့် ထောင့်စွန်းက အရင်လောက် လုံးမနေတော့ပဲ လေးထာင့် နည်းနည်း ဆံလာပါတယ်။ ဒီတော့ Samsung Galaxy S2 ရဲ့  အကိုကြီး လားလို့တောင် မြင်မိသယောင် ရှိပါတယ်။ technical အရ တိတိကျကျ ပြောရရင် Note 3 က 151.2 x 79.2 x 8.3mm, အရင် Note 2 က 151.1 x 80.5 x 9.4mm . ဘာမှတော့ သိပ်အကွာကြီးမဟုတ်ပါဘူး။ အဓိက ကွာသွားမှာ အရည်အသွေးပါ။ 

Software and Feature

Samsung Galaxy Note စီးရီးရဲ့  အခြား ဖတ်ဘလတ်များထက် ထူးခြားတဲ့ အချက်တစ်ခုက S Pen ပါဝင်မှုပါ။ သို့ပေမယ့် ဝန်ခံပါတယ်။ ကျနော်တို့တောင် S pen ကို တစ်လလုံးနေမှ တစ်ခေါက်တောင် ထုတ်သုံး ဖြစ်တာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ ရှေ့  ရောက်မှ S pen ပါတယ်ကွလို့ ပြပြီး ကြွားလေ့ ရှိပေမယ့် သူ့ရဲ့  အသုံးဝင်မှုက တော်တော်များများ လစ်လျူရှုမိနေကြပါတယ်။ ဒါကလည်း ကျနော်တို့မို့လို့ နေလိမ့်မယ်။ တစ်လောက နိုင်ငံခြားသားတွေနဲ့အတူထိုင်တဲ့အစည်းအဝေးမှာ Note 2 pen နဲ့ သေချာ Record လုပ်နေတဲ့ တိုးရစ်စ်တွေ တွေ့လိုက်တယ်။ ပြီးတေ့ သူတို့ စက်ရုံက ဒီဇိုင်းအချက်အလက်ကို Note book ထဲ သေချာ ထည့်ထားပြီး တစ်ခုချင်းကို အသေးစိတ် ပြသပါတယ်။ ကိုယ်တွေက Pen ကို သေချာတောင် ထုတ်ကြည့် ဖူးတာ မဟုတ်တော့ Note 2 ကို သနားတော့ သနားမိသား။ 

ယခု Note 3 မှာလည်း S Pen အတွက် ထူးခြားတဲ့ Feature အသစ်များစွာ ထည့်သွင်း ပေးထားပြန် ပါတယ်လို့ ဆိုပါတယ်။ Air Command တောင် ပါအုံးတဲ့။ S pen အသစ်နဲ့ Task တွေ ပိုမို မြန်ဆန်စွာပြုလုပ်နိုင် မှာ ဖြစ်ပါကြောင်း ပေါ့။ Android ကလည်း မြင့်သွားပါပြီ။ Android 4.3 Jelly Bean ဖြစ်ပါတယ်။ နောက် အသစ်အသစ်တွေကို Upgrade ဖို့လည်း Samsung က မခက်ခဲပါဘူး။ 

Upgrade လုပ်မလား၊ ဝယ်မလား

အခြားဖုန်းတွေဆိုရင် အသစ်မဝယ်ပဲ ရှိရင်ဖုန်းကို ဆော့ဖ်ဝဲလေးတွေ Upgrade လုပ်ရုံနဲ့ မော်ဒယ်မြင့် ဖုန်း တစ်လုံးနဲ့ ယှဉ်လို့ရတယ်။ ကျနော်တောင် အဲ့လိုပဲ စဉ်းစားနေတာ။ Samsung Galaxy Note 3 က အဲ့လို မရတော့ဘူး။ Note 1 နဲ့ Note 2 တုန်းကဆို သိပ်မကွာဘူးလေ။ ယခု Note 3 က သိသိသာသာကို ကွာသွားပြီ။ အဓိက ကွာခြားမှုက RAM ။ ပြီးတော့ ကင်မရာ။ ပြီးတော့ Processor။ ပြောမယ်ဆို Hardware အရ အရမ်းမြင့်သွားတဲ့ အစိတ်အပိုင်းတွေ အင်မတန် များတယ်။ ဒီတော့ Note 3 ဟာ Note 3 ပါပဲ။ Upgrade လုပ်တာထက် ဝယ်တာပဲ ကောင်းမယ် ထင်ပါတယ်။ 

မြန်မာပြည်မှာဆိုရင်

လက်ရှိ မြန်မာပြည်မှာ တရားဝင်ဖြန့်ချိတဲ့ Samsung ကိုယ်စားလှယ်ကုမ္မဏီ ရှိနေပြီလေ။ Note 3 မိတ်ဆက် ပွဲကို တစ်ခမ်းတနား ကျင်းပအုံးမှာပါ။ Samsung Galaxy S4 တုန်းကလိုပေါ့။ Note 3 အတွက်လည်း ပွဲလုပ်အုံး မယ်လို့ သတင်းကြားသိ ရပါတယ်။ မျက်နှာပြင်လွဲရိုက်ပါတို့၊ အဆင့်မြင့်သော နေထိုင်မှုပုံစံတို့၊ ဖွံ့ဖြိုးတိုးတက်စေသူတို့လို Built in မြန်မာစာလည်း ပါဝင်အုံးမယ် ထင်ပါတယ်။

ဈေးနှုန်း 

ဈေးနှုန်းကလည်း စိတ်ဝင်စားစရာ ပေါ့။ နိုင်ငံတကာရဲ့ ခန့်မှန်းချက် အရတော့ အမေရိကန်ဒေါ်လာ ၆၀၀ အောက်ထစ်ပါတဲ့။ ကျနော်ကတော့ ငွေ ၆ သိန်းခွဲထပ် ဈေးမကြီးပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတယ်။ အရင် Note 2 က မြန်မာပြည်မှာ ၅ သိန်းဝန်းကျင်လောက် ပေါက်ဈေး ရှိနေသေးတယ်။ အချို့ ဆိုင်တွေဆို ၅သိန်း ၃ သောင်းကနေတောင် မချသေးတာ တွေ့ခဲ့သေးပါတယ်။ Note 3 ဈေး တကယ်လည်း မကြီးလောက် ပါဘူး။ ၆သိန်း ဝန်းကျင်တော့ ရှိမှာပါ။ Note 3 အပေါ် စာဖတ်သူတို့ အမြင်လေးလည်း သိချင်ပါသေးတယ်။ 


အောင်ခမ်း (TSJ team)

http://blog.techspace.com.mm/2013/09/samsung-glaxy-note-3-note-2.html

TechSpace Journal Generally ပဲ ယှဉ်လို့ရအုံးမှာပါ။ အသေးစိတ် နှိုင်းယှဉ်ကျတော့ မျက်စိရှေ့ ရောက်လာမှ စမ်းသပ်လို့ ရမှာမို့ပါ။ မနေ့ညမှ ဘာလင်မှာ မိတ်ဆက်သွား ပုံအရ အသစ်ပါလာတဲ့ Specification များကိုပဲ ၂၀၁၂ ခုနှစ်က Samsung Galaxy Note 2 နဲ့ ဘာတွေများ ကွာသွားလဲ ဆိုတာကိုသာ လေ့လာ ကြည့်ရမှာပါ။

ရွှေမာလာရိပ်မွန်က အနှိပ်ခန်းကို ရဲဝင်ဖမ်းလိုက်ပြီ

Wednesday, September 4, 2013
ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ ရွှေမာလာရိပ်မွန်တွင် ဖွင့်လှစ်ထားသော အနှိပ်ခန်းကို စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က ပူးပေါင်းဖမ်းဆီးလိုက်သည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။ “Crystal” ဟုအမည်ရှိသော အဆိုပါ အနှိပ်ခန်း တရားမ၀င် လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ယင်းနေ့ည ၈ နာရီ ကျော်တွင် ၀င်ဖမ်းလိုက်ခြင်းဖြစ်ကြောင်း ရဲဌာနကဆိုထားသည်။
ထိုသို့ဖမ်းဆီးစဉ် ဆိုင်မန်နေဂျာနှင့်အတူ ဧည့်သည်အမျိုးသားများကို နှိပ်ပေးနေသော အနှိပ်သမအမျိုး သမီးကိုးဦးကို လည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ထို့ပြင်တိုက်အဆောက်အဦ၏ ပထမထပ်ရှိ အခန်းလွတ်အတွင်း၌လည်း ဧည့်သည်အမျိုးသားများ ကို နှိပ်ပေးရန် စောင့်ဆိုင်းနေသော အနှိပ်သမခုနစ်ဦးနှင့်အတူ ဧည့်ကြိုအမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ သည်ဟု ရဲမှတ်တမ်းများတွင် ဆက်လက်ဖော်ပြထားသည်။

ဆက်သွယ်ရေးကွန်ရက်များ ရောထွေးမှုမရှိစေရန် ရန် ကုန်နှင့် နေပြည်တော်ရှိ ဖုန်းလိုင်းသုံးသန်းလဲလှယ်မည်

Wednesday, September 4, 2013
စီမံကိန်းကို Huawei ကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်မည် ဒေသတစ်ခုအတွင်း မတူညီသော ရေဒီယို ဆက်သွယ်ရေးကွန်ရက်များ ရောထွေးမှု မရှိစေရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်နှင့် နေပြည်တော်ရှိ မိုဘိုင်းဖုန်းလိုင်း သုံးသန်းကို လဲလှယ်တပ်ဆင်မည်ဖြစ် ပြီး အဆိုပါစီမံကိန်းကို Huawei ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်းအင် အား လေးသန်း ထပ်မံတပ်ဆင်မည်ဖြစ်ရာ တစ်သန်းမှာ အသစ်တပ်ဆင်မည်ဖြစ်ပြီး သုံးသန်းမှာ စနစ်မတူ သည့် ကွန်ရက်များ နေရာတွင် စနစ်တူသည့်ကွန်ရက်များဖြင့် လဲလှယ်တပ်ဆင်ခြင်းဖြစ်သည်ဟု မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက စက်တင်ဘာ ၃ ရက်က နိုင်ငံပိုင် သတင်းစာတွင် ဖြေကြားထားသည်။

အလုပ်ချိန် ၈ နာရီထက် ပိုမိုခိုင်းစေခံရလျှင် တိုင်ကြားနိုင်သည် ဟုဆို

အလုပ်ချိန် ၈ နာရီနှင့် အချိန်ပို ၃ နာရီထက် ပိုခိုင်းသည့် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများကို တိုင်ကြားပါက ဝန်ကြီးဌာနက စစ်ဆေးကာ တရားစွဲသွားမည် ဖြစ်ကြောင်း သိရသည်။
မည်သည့် အလုပ်သမားမဆို သတ်မှတ် အလုပ်ချိန်ထက် ကျော်လွန်အောင် ခိုင်းစေခြင်းခံရပါက အလုပ်သ မား ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ အဆိုပါ တိုင်ကြားချက်ကို မူတည်ကာ စစ်ဆေးမည်ဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဘက် ညှိနှိုင်းပေးမည် ဖြစ်သော်လည်း မရပါက အလုပ်ရှင်ကို တရားစွဲ မည်ဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ဒု ညွှန်ကြားရေး မှူးချုပ် ဦးစောနိုင်က ပြောသည်။ “ပုဂ္ဂလိ ကဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ် ဘယ်အလုပ်သမားမဆို ဝန်ကြီးဌာနကို တိုင်မယ်ဆိုရင် ဖြေရှင်းပေးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်သမား အခွင့်အရေးအရ အိမ်ဖော် ဆိုရင်တောင် ၈ နာရီထက် ပိုလုပ်ရရင် တိုင်လို့ ရ တယ်၊ ဖြေရှင်းလို့ မရရင်တော့ အလုပ်ရှင်ကို တရားစွဲမှာပါ” ဟု ဒု ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်က ဧရာဝတီ သို့ ပြောသည်။

ကိုကိုးကျွန်း မြို့တွင် တာဝန် ထမ်းဆောင်မည့် သူများအား တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေး

Thursday, September 5, 2013
တပ်မတော် လေယာဉ် ATR 72 လေယာဉ်ဖြင့် ကိုကိုးကျွန်း မြို့တွင် တာဝန် ထမ်းဆောင်ကြမည့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဝန်ကြီး ဌာနများမှ အမှုထမ်း၊ အရာထမ်းများနှင့် ကိုကိုးကျွန်းမှ ပြန်လည် လိုက်ပါလာမည့် သူများအား အခမဲ့ ပို့ဆောင်ပေးသည့် ခရီးစဉ်ကို ယနေ့နံနက် ၇ နာရီခွဲတွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ ထွက်ခွာပျံသန်းရာ ၈ နာရီ ၄ဝတွင် ကိုကိုးကျွန်းမြို့သို့ရောက်ရှိပြီး ကိုကိုးကျွန်းမြို့မှ မွန်းလွဲ ၂ နာရီခွဲ ထွက်ခွာပျံသန်းရာ ၃ နာရီ ၄၅ တွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

Photo: ကိုကိုးကျွန်း မြို့တွင် တာဝန် ထမ်းဆောင်မည့် သူများအား တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေး
Thursday, September 5, 2013

တပ်မတော် လေယာဉ် ATR 72 လေယာဉ်ဖြင့် ကိုကိုးကျွန်း မြို့တွင် တာဝန် ထမ်းဆောင်ကြမည့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဝန်ကြီး ဌာနများမှ အမှုထမ်း၊ အရာထမ်းများနှင့် ကိုကိုးကျွန်းမှ ပြန်လည် လိုက်ပါလာမည့် သူများအား အခမဲ့ ပို့ဆောင်ပေးသည့် ခရီးစဉ်ကို ယနေ့နံနက် ၇ နာရီခွဲတွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ ထွက်ခွာပျံသန်းရာ ၈ နာရီ ၄ဝတွင် ကိုကိုးကျွန်းမြို့သို့ရောက်ရှိပြီး ကိုကိုးကျွန်းမြို့မှ မွန်းလွဲ ၂ နာရီခွဲ ထွက်ခွာပျံသန်းရာ ၃ နာရီ ၄၅ တွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး ''အခုဆိုရင် တပ်မတော် လေယာဉ်ဖြင့် ကိုကိုးကျွန်း မြို့နယ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေ ရော လုပ်သား ပြည်သူတွေပါ လိုက်ပါ ပို့ဆောင်ပေးတဲ့အတွက် ကိုကိုးကျွန်းနေ ဒေသခံပြည်သူ တစ်ယောက်အနေနဲ့ ကျေးဇူးလည်း တင်ပါတယ်။ ဝမ်းလည်း သာပါတယ်။အရင်ကဆိုရင် စစ်သင်္ဘော နဲ့လာရတာပါ၊ လာတဲ့အခါမှာ တစ်ည အိပ်ကျော်ကျော်လောက် လှိုင်းလေဒဏ်ကို ခံပြီးတော့ လာရတယ်။ ဒီကျွန်းကို ရောက်လာရင်လည်း ဆိပ်ကမ်းမရှိ တဲ့အတွက် ဒေသခံ လှေလေးတွေနဲ့ လှိုင်းကြားက နေပြီးတော့ ဒုက္ခအမျိုးမျိုး နဲ့လာရတာပါ။ မကြာခင်က ကိုကိုး ကျွန်းမြို့ကို လာသွားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လေယာဉ်ကွင်းချဲ့တာတွေ လမ်းတွေပြီးသွားရင် တစ်လတစ်ကြိမ် လေယာဉ်ပြေးဆွဲပေး မယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒါကိုပဲ ပြည်သူတွေက မျှော်လင့်ပြီးတော့ အခုလို လာပို့တဲ့ အတွက်လည်း ဝမ်းသာဂုဏ် ယူမိပါတယ်''ဟု ရန်ကုန်မှ လိုက်ပါလာသည့်ဒေသခံ ဦးအောင်ကျော်ထွန်းက ပြောကြားသည်။

''ကိုကိုးကျွန်းမြို့ဟာ အရင်ကထက် အစစအရာရာမှာ ဖွံ့ဖြိုးနေပါတယ်။ ဒါပေမဲ့လည်း လမ်းပန်းဆက်သွယ် ရေးကတော့ အနည်းငယ် အခက်အခဲ ရှိပါတယ်။ အဝေးသင်တက္ကသိုလ် ဖြေဖို့ လေယာဉ်ခရီးနဲ့ သွားရတဲ့အတွက် ဝမ်းသာမိပါတယ်။ လေယာဉ်ခရီးနဲ့ ဒါပထမဆုံး သွားဖူးတာပါ။ အခုလို တပ်မတော် လေယာဉ်ကို စီးနင်းခွင့် ရတဲ့အတွက်လည်း တပ်မတော်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ နောက်ကိုလည်း လေယာဉ်တွေ၊ သင်္ဘောတွေ ပြေးဆွဲပေးဖို့ မျှော်လင့် ပါတယ်။'' ဟု ကိုကိုးကျွန်းမှ လိုက်ပါလာသည့် ကိုကိုးကျွန်း ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် နေသည့် သူနာပြု မိုးပပအောင်က ပြုံးရွှင်စွာဖြင့် ဝမ်းသာ စကားဆိုသည်။

၎င်းခရီးစဉ်တွင် ဌာနဆိုင်ရာ တာဝန်ဖြင့် လိုက်ပါလာသည့် တာဝန်ရှိသူ တစ်ဦးကလည်း ''ဒီမနက် ရန်ကုန်ကနေ  တပ်မတော်လေယာဉ်နဲ့ ထွက်လာခဲ့တာ ခရီးသည် ၂ဝ ကျော် ပါလာပါတယ်။ အဲ့ဒီမှာလည်း အသုံးအဆောင်တွေနဲ့ အစား အသောက်တွေ ပါလာတယ်။ အပြန်မှာတော့ ခရီးသည်အားလုံး ၄၆ ဦး ပြန်လည် လိုက်ပါလာပါတယ်။

ဒီမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းတွေ တာဝန်ပြီးဆုံးလို့ ပြန်လည် လိုက်ချင်တယ်ဆိုလို့ လိုက်ပါလာတာ ဖြစ်ပါတယ်။ အရင်တုန်းက ကိုကိုးကျွန်း ကိုလာမယ်ဆိုရင် စစ်သင်္ဘောနဲ့ လာရတာပါ။ အဲ့ဒီအခါမှာ ကျွန်တော်တို့က အနည်းဆုံး ဆယ်ခြောက်နာရီ၊ ဆယ့်ရှစ်နာရီလောက် သွားရပါတယ်။ လေယာဉ် နဲ့ကျတော့ တစ်နာရီ ဆယ်မိနစ် လောက် ဆိုတော့ အချိန်တွေ အများကြီး သက်သာ သွားပါတယ်။ အခုလို လေယာဉ်နဲ့သာ အဆင်ပြေမယ် ဆိုရင်တော့ ဝန်ထမ်းတွေ အတွက်ရော၊ ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးတွေပါ ဒီထက်ပိုပြီး အဆင်ပြေမှာပါ''ဟု ဆိုသည်။

''တပ်မတော် အကြီးအကဲတွေရဲ့ လမ်း ညွှန်မှုနဲ့ ကျွန်တော်တို့ တပ်မတော် (လေ) အနေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသမှာ ရှိတဲ့ နိုင်ငံတော် တာဝန် ထမ်းဆောင်နေတဲ့ အမှုထမ်း၊ အရာထမ်း၊ မိသားစုဝင်များ၊ တပ်မတော်သား များနဲ့ မိသားစုဝင် များကို လိုအပ်နေတဲ့ စားနပ်ရိက္ခာ အသုံးအဆောင် ပစ္စည်းများကို ပို့ဆောင် ပေးလျက်ရှိပါတယ်။ ဒါ့အပြင် မိသားစုများ အချိန်တို အတွင်းမှာ သွားရေးလာရေး အဆင်ပြေဖို့ အတွက် ကျွန်တော်တို့ တပ်မတော်(လေ) မှာ အသုံးပြုလျက် ရှိတဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ အချိန်တို အတွင်းမှာ အမြန်ဆုံး လွယ်ကူ ချောမွေ့စွာ ရောက်ဖို့ အတွက်လည်း ကူညီ ဆောင်ရွက် ပေးလျက်ရှိပါတယ်။

ဒီနေ့ခရီးစဉ်ဟာ ဆိုရင်တော့ ကိုကိုးကျွန်း ဒေသမှာရှိတဲ့ အမှုထမ်း၊ အရာထမ်းတွေနဲ့ တပ်မတော်သား မိသားစုဝင်များကို လိုအပ်လျက် ရှိတဲ့ စားကုန်သောက်ကုန် တွေရယ် လူသုံးကုန် ပစ္စည်းတွေကို ATR 72 လေယာဉ်ကို အသုံးပြုပြီးတော့ ပို့ဆောင်ပေးတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

အဲ့ဒီလိုပါပဲ ပူတာအို၊ မြစ်ကြီးနား၊ စစ်တွေ၊ ဘုတ်ပြင်း၊ နမ့်စန်၊ ကျိုင်းတုံ အစရှိတဲ့ နေရာတွေကိုလည်း တပ်မတော် လေယာဉ်တွေနဲ့ လိုအပ်နေတဲ့ ကုန်ပစ္စည်း တွေကို သယ်ယူ ပို့ဆောင် ပေးခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီဒေသမှာ ရှိနေတဲ့ မိသားစု တွေကိုလည်း အချိန်တို အတွင်းမှာ သယ်ယူပို့ဆောင်ခြင်း များအား အခမဲ့ ဆောင်ရွက် ပေးခဲ့ပါတယ်။ ဒီလိုခရီးစဉ်တွေ ပေါ်လာပြီဆိုရင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)ကနေ တစ်ဆင့် သက်ဆိုင် ရာ ဝန်ကြီးဌာနမှာ ရှိတဲ့ အမှုထမ်း၊ အရာထမ်းတွေကို ကြိုတင် အကြောင်းကြား ပေးပါတယ်။ ခရီးစဉ်သွားမည့် နေ့မှာလည်း အစစအရာရာ အဆင်ပြေစေရန် ကူညီ ဆောင်ရွက်ပေးလျက် ရှိပါတယ်''ဟု တပ်မတော် (လေ)မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးရန်ပိုင်က ၎င်းတို့ ဆောင်ရွက်ချက် များအား ရှင်းပြသွားသည်။

ကိုကိုးကျွန်းမြို့သည် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ် တစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ အနောက် တောင်ဘက် မိုင် ၂၆ဝ အကွာတွင် တည်ရှိသည့် မြို့နယ်ဖြစ်သည်။ ၎င်းမြို့နယ်တွင် ကျွန်းကြီးငါးကျွန်း၊ ကျွန်းငယ်ခုနစ် ကျွန်း အပါအဝင် စုစုပေါင်း ဧရိယာမှာ ၆၅၃၅ ဒသမ ၅ဝ ဧကဖြစ်ကြောင်း သိရသည်။

နိုင်းမင်းလတ်
မြ၀တီ 

ရန်ကုန်ဆိပ်ကမ်းများတွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်မှု အများဆုံး ဆိပ်ကမ်းအဖြစ် ဆူးလေဆိပ်ကမ်း ဦးဆောင်

ရန်ကုန်ဆိပ်ကမ်းများတွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်မှု အများဆုံး ဆိပ်ကမ်း အဖြစ် ဆူးလေဆိပ်ကမ်းမှာ ၂၁ ရာခိုင်နှုန်းဖြင့် ဦးဆောင်လျက်ရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော အချက်လက်များအရ သိရသည်။ ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက် ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းရှစ်ခု ရှိသည့်အနက် ဆူးလေဆိပ်ကမ်းမှာ သင်္ဘောများ ဆိုက်ကပ်မှု ၂၁ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး သင်္ဘောဆိုက်ကပ်မှု ၁၉ ရာခိုင်နှုန်းရှိသည့် အေးရှားဝေါလ်ဆိပ်ကမ်းမှာ ဒုတိယ သင်္ဘောဆိုက်ကပ်မှု အများဆုံး ဆိပ်ကမ်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အခြားဆိပ်ကမ်းများသို့ သင်္ဘောဝင်ထွက် ဆိုက်ကပ်မှုမှာ MITT ဆိပ်ကမ်းတွင် ၁၅ ရာခိုင်နှုန်း၊ MIP ၁၄ ရာခိုင်နှုန်း၊ HPT ဆိပ်ကမ်းတွင် ၁၂ ရာခိုင်နှုန်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် ခုနစ်ရာခိုင်နှုန်း၊ HOB ဆိပ်ကမ်းတွင် ခြောက်ရာခိုင်နှုန်း၊ MIPL ဆိပ်ကမ်းတွင် ခြောက်ရာခိုင်နှုန်းတို့ ဖြစ်သည်။
မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများသို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လကုန်အထိ ခြောက်လတာ ကာလအတွင်း ၀င်ရောက်ဆိုက်ကပ်ခဲ့သည့် သင်္ဘောအစီးရေ ၁၂၀၀ ကျော်ရှိပြီး၊ အဆိုပါ သင်္ဘောများ၏ ရာခိုင်နှုန်း ၉၀ မှာ ရန်ကုန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်ခဲ့ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာသံရုံးမှ စစ်ဆေးပြီး ပြည်တွင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေ မှုကြောင့် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံနေရသဖြင့်  မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ စစ်ဆေးကာ ပြည်တွင်းသို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်နေကြောင်း စက်တင်ဘာ ၄ ရက်နံနက်က နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့်က The Daily Eleven သို့ ပြောကြားသည်။  
ယင်းကဲ့သို့ မလေးရှားနိုင်ငံအတွင်း တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် ဖမ်းဆီးနေ မှုကြောင့် မြန်မာနိုင်ငံသားများ အပါအ၀င် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ နီပေါ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ ၊ နိုင်ဂျီးရီးယား စသည့်နိုင်ငံများမှ တရားမ၀င် အလုပ်သမားများ ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။
C-5-9
မလေးရှားနိုင်ငံ တရားမ၀င် ရွှေ့ပြောင်းလုပ်သားများအဖြစ် ဖမ်းဆီးခံထားရသူများကို တွေ့ရစဉ်

ရဲစခန်းများတွင် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူနှင့် တရားခံများကို စစ်ဆေးရာ၌ မိသားစုဝင်များ လာရောက်ကြည့်ရှုခွင့်ပြု

မြန်မာနိုင်ငံ အတွင်းရှိ ရဲစခန်းများတွင် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများနှင့် တရားခံများကို စစ်ဆေးရာ ၌ မိသားစုဝင်များနှင့် စိတ်ပါဝင်စားသူများကို လာရောက်ကြည့်ရှုခွင့်ပြုရန် ညွှန်ကြားထားကြောင်း မြန်မာနိုင် ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။
ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများနှင့် တရားခံများကို အမှုစစ်ဆေးရာ၌ လာရောက် ကြည့်ရှုခွင့် ပြုရခြင်းမှာ ပွင့်လင်းမြင်သာမှု ရှိကြောင်းကို အများပြည်သူသိရှိရန် ရည်ရွယ်ကြောင်း သိရ သည်။
B-5-9
ရဲစခန်းတစ်ခု၏ အမှုစစ်အခန်းအတွင်း CCTV ကင်မရာ တပ်ဆင်ထားသည်ကို တွေ့ရစဉ်
အမှုစစ်အရာရှိ၏ အမှုစစ်ဆေးမှုကို CCTV မှတစ်ဆင့် တိုက်ရိုက်မှတ်တမ်းတင် ရိုက်ကူးထားရာ ရဲစခန်း အတွင်း ထားရှိသည့် တီဗွီသို့မဟုတ် ကွန်ပျူတာ ပရင်တာမှတစ်ဆင့် ကြည့်ရှုနိုင်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ "အခု တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲစခန်းတွေမှာ အမှုစစ်တဲ့ အခန်းနဲ့ လာရောက် တိုင်ကြားတဲ့ နေရာတွေကို CCTV ကင်မရာတွေ တပ်ဆင်ရမယ်လို့ ညွှန်ကြားထားတယ်။ တပ်ဆင်မှု အပိုင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဦးစီးပြီး ဆောင်ရွက်နေတယ်။ အချို့အမှုသည်တွေ၊ ပြစ်မှု ကျူးလွန်တဲ့ သူတွေက တိုင်ကြားမှုတွေ ရှိနေတဲ့အတွက် CCTV ကင်မရာတွေကို တပ်ဆင်ရခြင်း ဖြစ်တယ်။ အဓိကကတော့ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာကို ပြသခြင်း ဖြစ်တယ်။ အမှုစစ်ဆေးနေတဲ့ အပိုင်းတွေကို မိသားစုဝင်တွေနဲ့ စိတ်ဝင်စားသူတွေက ရဲစခန်းမှာ CCTV ကင်မရာကနေတစ်ဆင့် ရိုက်ကူးထားတာကို အမှုစစ်ဆေးနေတဲ့ အချိန်နဲ့ တစ်ပြေးညီ လာရောက်ကြည့်လို့ ရပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က စက်တင်ဘာ ၃ ရက်နေ့ နံနက်က ပြောကြား သည်။ ပြည်သူများက အမှုလာရောက် တိုင်ကြားသည့် ဖြစ်စဉ်အချို့တွင် ရဲတပ်ဖွဲ့မှ အမှုမဖွင့်ပေးခြင်းနှင့် ကျူးလွန်သူဟု ယူဆရသူနှင့် တရားခံများကို ရဲတပ်ဖွဲ့က စစ်ဆေးရာ၌ ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေသည် ဟု ပြည်သူအချို့က သက်ဆိုင်ရာ အသီးသီးသို့ တိုင်ကြားပြီးနောက် ရဲစခန်း အားလုံးတွင် CCTV ကင်မရာ များ တပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

အကျိုးတူ ဘီယာထုတ်လုပ်နေရာမှ ဖက်စပ်ကုမ္ပဏီ F&N ကစာချုပ်စည်းကမ်းဖောက်ဖျက်သည့်အတွက် F&N ရှယ်ယာအားလုံးကိုဥပဒေကြောင်းအရ မြန်မာ့စီးပွားရေးဦးပိုင်က၀ယ်မည်

စင်ကာပူ အခြေစိုက် F&N ကုမ္ပဏီသည် စာချုပ်ပါစည်းကမ်းချက်အချို့ကိုဖောက်ဖျက်ခဲ့သည့်အတွက် စာချုပ်ပါ စဉ်းမျဉ်းအတိုင်း F&N ပိုင် ရှယ်ယာအားလုံးကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်က ၀ယ်ယူခွင့်ရှိခဲ့သည်ဟုသိရသည်။မြန်မာနိုင်ငံတွင်ဘီယာထုတ်လုပ်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်နေသောမြန်မာ ဘရူဝါရီကုမ္ပဏီလီမိတက်ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ၄၅ ရာခိုင်နှုန်းနှင့် စင်ကာပူအခြေစိုက် APB မှ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း သိရသည်။
ထိုသို့ ပိုင်ဆိုင်လုပ်ကိုင်နေရာမှ ၁၉၉၆ ခုနှစ်တွင် စီးပွားရေး ပိတ်ဆို့မှုများကြောင့် APB ၏ ရှယ်ယာများအား F&N သို့ လွှဲပြောင်းရောင်းချ ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတွက် လက်ရှိမြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက် မှာ မြန်မာ့စီးပွားရေး ဦးပိုင်မှ ၄၅ ရာခိုင်နှုန်း၊ F&N မှ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း သိရသည်။
APB မှ ၎င်း၏ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို F&N သို့ ရောင်းချရာတွင် ဖက်စပ်ကုမ္ပဏီဖြစ်သည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်သို့စာချုပ်ပါစည်းကမ်းအတိုင်းတရားဝင်ညှိနှိုင်းသဘောတူညီမှုရယူခဲ့သည့်အပြင် မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ပါတရားဝင်စာတင်ကာခွင့်ပြုချက် တောင်းခံပြီးမှသာ ဆောင်ရွက်ခဲ့ခြင်းဟု သိရသည်။

ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားများက အစိုးရအဖွဲ့ကို တောင်းဆို

ရန်ကုန်မြို့ရှိ ကန်တော်မင် ပန်းခြံအား ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသား များက အစိုးရအဖွဲ့အား တောင်းဆိုထားကြောင်း စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဓည၀တီ ကျောင်းတိုက်တွင် ပြုလုပ်သည့် (၇၄)နှစ်မြောက် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်း ပရေးနှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က "စစ်တွေမဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးမောင်ညိုကလွှတ်တော်တွင် ရန်ကုန်မြို့မှာအရင်တုန်းက ဦးဥတ္တမပန်းခြံ ဆိုပြီးတော့ သတ်မှတ်ခဲ့တဲ့ ကန်တော်မင်ပန်းခြံဟာ ဦးဥတ္တမပန်းခြံကနေ နာမည်ပြောင်းသွားပြီးတော့ ကန်တော်မင်ပန်းခြံ ပြန်ဖြစ်သွားတယ်။ အဲဒီ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်ပြောင်းမယ့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနဲ့ ရှိရင်လည်း ဘယ်တော့ပြန်လုပ်မလဲ ဦးဥတ္တမ ရုပ်တုကြီးပြန်ထားဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးတဲ့ အခါမှာ သက်ဆိုင်ရာ ၀န်ကြီးဌာန ၀န်ကြီးက သမိုင်းအထောက်အထား မရှိဘူး ဟု ပြန်လည်ဖြေဆိုခဲ့ရာ ရခိုင်တိုင်းရင်းသား ပြည်သူလူထုများက ၀မ်းနည်းခဲ့ရပါတယ်" ဟု ပြောကြားသည်။

မြစ်ကြီးနားနှင့် ၀ိုင်းမော်၌ ကာလရှည်ကြာ လျှပ်စစ်မီး ပြတ်တောက်နေခြင်းမှာ တိုက်ပွဲဖြစ်ပွားမှုများနှင့် သက်ဆိုင်ခြင်း မရှိဟုဆို

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ပိုင်ဆိုင်သည့် ဘူးဂါးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်မီးပေး ထားသော မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့၌ ၁၉ ရက်ကြာ လျှပ်စစ်မီးလုံးဝပြတ်တောက်နေခြင်းမှာ ယခုရက် ပိုင်းအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌လျှပ်စစ်မီးလုံးဝပြတ်တောက်နေမှုမှာ သြဂုတ် ၁၆ ရက်က စတင်ခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၄ ရက်သို့ ရောက်ရှိချိန်အထိလျှပ်စစ်မီးပြန်လည်မရရှိသေးဘဲအချိန်အကန့်အသတ်မရှိ ကြာနိုင်ကြောင်း ဘူးဂါးကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၃ ခုနှစ် ဇန်န ၀ါရီလများအတွင်း အစိုးရနှင့် KIA တို့ စစ်ရေး အရှိန် မြင့်တက်ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲများ ဖြစ်နေ ချိန်ကလည်း မြစ်ကြီးနားမြို့၌ လျှပ်စစ်မီးလုံးဝပြတ်တောက်မှုများ ရှိခဲ့သည်။ ထိုအချိန်က လျှပ်စစ် ဓာတ်အားပြတ်တောက်မှုမှာ တိုက်ပွဲကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ပြီး KIO ကိုယ်တိုင်ကလည်း ထိုလျှပ်စစ်ဓာတ်အားပေးစက်ရုံကို အပြီးတိုင် ဖောက်ခွဲဖျက်ဆီးပစ်ရန် စဉ်းစားမှု များရှိခဲ့ကြောင်း သိရသည်။ သို့သော် ထိုလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဖြန့်ဖြူးသောလျှပ်စစ်မီး တစ်ခုတည်း ကိုသာမြစ်ကြီးနားဒေသခံများအားကိုးနေရသည့်အတွက် အပြီးတိုင် ဖျက်ဆီးခြင်း မပြုလုပ်ခဲ့ဘဲပြန်လည်ပြင် ဆင်ကာ လျှပ်စစ်မီးဖြန့်ဖြူးမှုများ ဆက်လက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချမည့်တန်ဖိုးမျှတအိမ်ရာအခန်းတစ်ခန်းလျှင်အနည်းဆုံးကျပ်သိန်း ၂၀၀ ကျော် ပေးရမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၈ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းတွင် Myanmar V Pile ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းဆောက်လုပ်နေသော ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း ၄၂ ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတွင် အောင်မြင်တိုးတက် ဆောက် လုပ်ရေးနှင့် ပူးပေါင်းဆောက်လုပ်နေသော ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများမှ အခန်းများ အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ရာ ၀ယ်ယူခွင့် လျှောက် လွှာများ စတင်လက်ခံနေပြီ ဖြစ်ကြောင်းနှင့် အဆိုပါစီမံကိန်း နှစ်ခုတွင် အခန်းပေါင်း ၈၀၀ ကျော် ပါဝင် မည်ဖြစ်ကြောင်း သိရသည်။
"အဲဒီစီမံကိန်းနှစ်ခုကဆောက်လုပ်တုန်းဆိုပေမယ့်အမြန်ဆုံးအကောင်အထည် ဖော်မှာဖြစ်တဲ့အတွက် လျှောက် လွှာတွေစတင်လို့ရနေပါပြီ၊ အခန်းဈေးနှုန်းတန်ဖိုးတွေအနေနဲ့ကတော့ ကျပ်သိန်း ၂၀၀ ကျော်လောက် ကနေ စမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများထဲမှ ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ် မကုန်မီ ပြန်လည်အပ်နှံရန် ညွှန်ကြားထားမှု လိုက်နာခြင်းမရှိဟု အစီရင်ခံစာတွင် ဖော်ပြ

အစိုးရ၀န်ကြီးဌာနများ၏ဘတ်ဂျက်ငွေများထဲမှပိုလျှံငွေများကိုဘဏ္ဍာရေးနှစ်မကုန်မီပြန်လည်အပ်နှံရန်ညွှန်ကြား ထားသော်လည်းလိုက်နာခြင်းမရှိကြောင်းပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစီရင်ခံစာတွင်ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစီရင်ခံစာတွင်"နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်း တွင်သုံးစွဲရန်ခွင့်ပြုထားသည့်ငွေများအနက်ပိုလျှံငွေများကိုဘဏ္ဍာရေးနှစ်မကုန်မီနှစ်စဉ်မတ် ၂၈ ရက်နောက် ဆုံး ထား၍ ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနသို့ ပြန်လည်အပ်နှံရန် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ညွှန်ကြားထားကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာဌာနများ အနေဖြင့် အချိန်မီ လိုက်နာနိုင်ခြင်း မရှိ (သို့မဟုတ်)လိုက်နာခြင်း မရှိသဖြင့် နောက်ကျအပ်နှံမှုများ ဖြစ်ပေါ်ရသည်ကို တွေ့ရှိရပါကြောင်း၊ လက်တွေ့လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အမိန့်ညွှန်ကြားချက်များကိုထုတ်ပြန်ထားပြီးလိုက်နာဆောင်ရွက်ခြင်း မရှိလျှင်လည်းအရေးယူဆောင်ရွက်ခြင်းမရှိပါကလက်အောက်ခံအဖွဲ့အစည်းများအနေဖြင့်အမိန့်နာခံတတ်သည့် အလေ့အကျင့်များပျက်ယွင်းသွားနိုင်ကြောင်း" ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် အသေးစိတ် ထုတ်ပြန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဥရောပသုံးနိုင်ငံသို့ယခုလအတွင်းသွားရောက် မည်ဖြစ်ပြီးခရီးစဉ်အသေးစိတ်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ လေကြောင်းခရီးဖြင့် စတင်ထွက်ခွာမည် ဖြစ်သည်။ စက်တင်ဘာ ၁၁ ရက်တွင် ပိုလန်နိုင်ငံ လွှတ်တော် သို့ သွားရောက်ကာ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်တွင် ပိုလန်နိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံကာ ၀ါဆောတက္ကသိုလ်တွင် Education and Politics ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည် ဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ

Thursday, 05 September 2013
သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ တာဝန်ရှိသူ များနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်အနေအထားအရ စက်တင်ဘာ ၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ခဲ့ခြင်းဖြစ်ကာ လူသုံးဦး က ဓနိမိုးထားသော အစ္စလာမ် စာသင်ကျောင်းပေါ်သို့ အင်ဂျင်ဝိုင်များ သုတ်ထားသော တုတ်များဖြင့် မီးရှို့ ကာ ပစ်တင်ခဲ့ပြီးနောက် မီးမှာသုံးမိနစ်ခန့်သာ လောင်ကျွမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက် အဖြေများအရ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဖြစ်သူက "ဖြစ်စဉ်ဖြစ်တယ်ဆိုတဲ့ စသိသိချင်းပဲ ရောက်ရှိနေခဲ့ပြီး အခြေ အနေကိုထိန်းထားခဲ့ပါတယ်။ ဘာမှတော့မဖြစ်ပါဘူး။ လက်ရှိတော့ ကျောင်းတာဝန်ရှိသူတွေကို စစ်ဆေးနေ တယ်။ ပြီးတော့ပတ်ဝန်းကျင် နေထိုင်သူတွေဆီကလည်းဆက်လက်စုံစမ်း သွားမယ်" ဟု ပြောကြားသည်။

Wednesday, September 04, 2013

ပြည်ထောင်စုတပ်မတော် Union Army တစ်ခုတည်းသာ ရှိသင့်သည်ဟု ဦးရွှေမန်းပြော

Wednesday, September 4, 2013
မြန်မာနိုင်ငံတွင် ပြည်ထောင်စုတပ်မတော် Union Army တစ်ခုတည်းသာ ရှိသင့်သည်ဟု ပြည်ထောင်စု လွတ်တော်နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂ ရက် တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀င်များ၊ ပြည်သူလူထု တို့နှင့် တွေ့ဆုံစဉ်ပြောကြားလိုက်သည်။
“နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်ရင် တပ်မတော်ဆိုတာ တိုင်းပြည်တစ်ပြည်မှာ တပ်မတော်တစ်ခုပဲရှိ ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ယူနီယံအာမခံ UNION ARMY ဆိုတာပဲရှိတယ်။ တိုင်းဒေ သကြီး၊ ပြည်နယ်တွေအားလုံးမှာလည်းတစ်တိုင်းကိုတပ်မတော်တစ်ခုဘယ်နိုင်ငံမှာမှမရှိပါဘူး။ ပြည်ထောင်စု တပ်မတော်မှာပဲအားလုံးပါရပါမယ်” ဟု သူရဦးရွှေမန်းက ပြောဆိုသည်။
Power sharing (အာဏာခွဲဝေခြင်း) ဆိုတာက စဉ်းစားဆင်ခြင်ပြီး စနစ်တစ်ခုကနေ စနစ်တစ်ခု ကူးပြောင်း တဲ့အခါလွယ်လွယ်နဲ့မရဘူး။ အဆင့်တိုင်းအဆင့်တိုင်းကိုလုပ်ဆောင်သွားရမယ်”ဟုလည်းသူက ဆိုခဲ့သည်။
ဒေသစစ်ဖြစ်နိုင်ဟု အာဆတ်သတိပေး
Wednesday, September 4, 2013

လွန်ခဲ့သည့်လက သမ္မတ ဘာရှားအယ်လ်အာဆတ်၏ သစ္စာရှိတပ်များက ဓာတုလက် နက်အသုံးပြု တိုက်ခိုက်မှုပြုနေ ကြောင်း ပြင်သစ်ထောက်လှမ်းရေးအစီရင်ခံစာတစ်ရပ်တွင် ဖော် ပြခဲ့ပြီးနောက် ဆီးရီး ယား သမ္မတ အာဆတ်က စစ်ရေးအရအရေး ယူတိုက်ခိုက်မှုပြုခြင်းက ဒေသ တွင်းတွင် စစ်မီးလောင် မြိုက်စေ မည်ဖြစ်ကြောင်း သတိပေးပြော ကြားခဲ့သည်။
 Photo: ဒေသစစ်ဖြစ်နိုင်ဟု အာဆတ်သတိပေး
Wednesday, September 4, 2013

လွန်ခဲ့သည့်လက သမ္မတ ဘာရှားအယ်လ်အာဆတ်၏ သစ္စာရှိတပ်များက ဓာတုလက် နက်အသုံးပြုတိုက်ခိုက်မှုပြုနေ ကြောင်း ပြင်သစ်ထောက် လှမ်း ရေးအစီရင်ခံစာတစ်ရပ်တွင် ဖော် ပြခဲ့ပြီးနောက် ဆီးရီးယားသမ္မတ အာဆတ်က စစ်ရေးအရအရေး ယူတိုက်ခိုက်မှုပြုခြင်းက ဒေသ တွင်းတွင် စစ်မီးလောင်မြိုက်စေ မည်ဖြစ်ကြောင်း သတိပေးပြော ကြားခဲ့သည်။ 

ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခြင်းအပေါ် စစ်ရေးအရ အရေးယူတိုက်ခိုက်မည်ဟူသော ရတက်မအေးဖွယ်ရာအသံများ ထွက်ပေါ်လာခဲ့ပြီးနောက် လွန် ခဲ့သည့်ရက်က အာဆတ်အစိုးရ ကို အရေးယူတိုက်ခိုက်ရေးနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ၏အကြမ်းဖျင်း ပုံဖော်ထားသော စာမျက်နှာကိုးမျက်နှာပါ အစီ ရင်ခံစာ ထွက်ပေါ် လာကြောင်း သိရသည်။ဆီးရီးယားအစိုးရအား စစ် ရေးအရ အရေးယူတိုက်ခိုက်ရေး အတွက် အမေရိကန်လွှတ်တော် မှ ထောက်ခံမှုကိုရရှိရန် သမ္မတ အိုဘားမားက ဆုံးဖြတ်ခဲ့ချိန်တွင် 
မူ အားလုံးကို အံ့အားတသင့်ဖြစ် စေခဲ့သည်။ အကြောင်းမှာ အမေ ရိကန်ပြည်ထောင်စုက အာဆတ် ၏တပ်များနှင့် အရေးပါသည့် နေရာများအား ခရုစ်ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်တော့ မည်ဟုထင်မြင်နေချိန်တွင် သမ္မတ အိုဘားမား၏ဆုံးဖြတ်မှုမှာ မျှော် လင့်ထားခြင်းမရှိသည့် အနေ အထားကို ဖြစ်စေခဲ့သည်ဟုဆို သည်။ 

ဆီးရီးယားသမ္မတအာဆတ် ကမူ ဆီးရီးယားကို စစ်ရေးအရ အရေးယူတိုက်ခိုက်လာမှုအပေါ် မည်ကဲ့သို့တုံ့ပြန်မှုပြုမည်ကို မပြော နိုင်ကြောင်း၊ သို့ရာတွင် ပထမ ဦးဆုံး တိုက်ခိုက်မှုအပြီး မည်ကဲ့ သို့ဖြစ်လာမည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ပေါက်ကွဲမှုများ အတွင်း လူတိုင်းကို ထိန်းမနိုင် သိမ်းမရဖြစ်စေခြင်းဖြင့် ဝရုန်းသုန်း ကားအခြေအနေများကို ပျံ့နှံ့ စေကာ ဒေသတွင်းစစ်ပွဲဘေး ဥပဒ်ဆီသို့ ဆိုက်ရောက်စေမည် ဖြစ်ကြောင်း သတိပေးပြောကြား ခဲ့သည်ဟု သိရသည်။

Yangon Media Group

သက်ကြီးစောင့်ရှောက်ရေးဂေဟာများ ပိုဖွင့်နိုင်ရန်ပုဂ္ဂလိကလုပ်ငန်းရှင်များ ပံ့ပိုးပေးရန်လို

Wednesday, September 4, 2013
သုံး နှစ်အတွင်း သက်ကြီးစောင့်ရှောက် ရေးဂေဟာအများအပြားဖွင့်လှစ် နိုင်ရန် စီစဉ်လျက်ရှိရာ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ဝိုင်း ဝန်းပံ့ပိုးစေလိုကြောင်း လူမှုဝန် ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောသည်။လက်ရှိတွင်ရန်ကုန်တိုင်း ဒေသကြီး၌သက်ကြီးနေ့ပိုင်း စောင့်ရှောက်ရေးဂေ ဟာတစ်ခု ကို အစိုးရမှဖွင့်လှစ်ထားပေးပြီး ဖြစ်ကာ တိုင်းနှင့်ပြည်နယ်အနှံ့ တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး လည်း စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ ''သက်ကြီးနေ့ပိုင်းစောင့် ရှောက်ရေးဂေဟာတွေကို တိုင်း နှင့်ပြည်နယ်အနှံ့မှာ ဖွင့်လှစ်သွား မှာပါ။ ဒါပေမဲ့ အစိုးရရဲ့လုပ်ဆောင် မှုတစ်ခုတည်းနဲ့တော့ ရာခိုင်နှုန်း ၁၀၀ လွှမ်းခြုံနိုင်မှာ မဟုတ်ပါ ဘူး။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ပူးပေါင်းလုပ်ဆောင်မှာသာ ရာ နှုန်းပြည့် လွှမ်းခြုံနိုင်မှာဖြစ်တယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို နေ့ ပိုင်းသက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေဖွင့်ဖို့ အားပေးချင် တယ်''ဟု ဦးအောင်ထွန်းခိုင်က ထပ်မံပြောသည်။

ရခိုင်အမျိုးသားသမဂ္ဂနေ့ ခေါင်းစဉ်ဖြင့် အခမ်းအနား ကျင်းပခွင့်မရ

Wednesday, September 4, 2013
၈ လေးလုံးအရေးတော်ပုံကာလတွင် ရခိုင်အမျိုးသားများစုပေါင်းပြီး အာဏာရအစိုးရကိုဖယ်ရှားရေးဆောင် ရွက် ခဲ့သည့် ရခိုင်အမျိုးသားသမဂ္ဂငွေရတုအခမ်းအနားကို ရခိုင်အမျိုးသားသမဂ္ဂနေ့ ခေါင်းစဉ်ဖြင့်ကျင်းပခွင့် မပြုသဖြင့် အမည်ပြောင်းလဲ ကျင်းပခဲ့ရကြောင်း အဆိုပါ အခမ်းအနား၏ သဘာပတိဖြစ်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောကြားသည်။
ရခိုင်အမျိုးသားသမဂ္ဂကို ထူထောင်ခြင်း(၂၅)နှစ်မြောက်ငွေရတုအခမ်းအနားကို ရခိုင်အမျိုးသားနေ့ ခေါင်း စဉ်ဖြင့် ကျင်းပခွင့် မပြုသဖြင့် ရခိုင်တိုင်းရင်းသားများ တွေ့ဆုံပွဲ အမည်ပြောင်းကာ ရန်ကုန်မြို့ တော်ဝင်နှင်း ဆီ တွင် စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ရကြောင်း ၄င်းကဆိုသည်။

အလုပ်သမားအဖွဲ့အစည်းများ ဝန်ကြီးဌာန ထောက်ခံချက်မလိုဘဲ ဖွဲ့စည်းနိုင်

Wednesday, September 4, 2013
အစိုးရ ဝန်ကြီးဌာနများမှ အလုပ်သမား အဖွဲ့အစည်းများဖွဲ့စည်းရာတွင် ဝန်ကြီးဌာနများ၏ထောက်ခံချက် ယူစရာမလိုဘဲ မိမိသဘောဆန္ဒ များဖြင့် ဖွဲ့စည်းနိုင်ကြောင်း အ ပြည်ပြည်ဆိုင်ရာအလုပ်သမားအ ဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ၍ စက်တင်ဘာ ၃ရက်က ရန်ကင်း မြို့နယ်ရှိ အိုင်အယ်လ်အိုရုံးတွင် ကျင်းပသော အစိုးရအဖွဲ့အစည်း များနှင့် အိုင်အယ်လ်အို တွေ့ဆုံဆွေး နွေးပွဲတွင် ပြောခြင်းဖြစ်သည်။
မစ္စတာစတိဗ်မာရှယ်က ''အ လုပ်သမားဖွဲ့စည်းမှုဥပဒေအရ မိမိ သဘောဆန္ဒအရ အလုပ်သမား အသင်းဖွဲ့ ချင်ရင်အထက်ကိုတင်ပြစရာမလိုပါဘူး။ လွတ်လပ်စွာဖွဲ့စည်းနိုင်ပါတယ်။ တစ်ဖက်ကလုပ်ငန်းခွင်စည်းမျဉ်း စည်းကမ်းတွေ ကို လိုက်နာနိုင်မှာဖြစ်တယ်''ဟု ပြောသည်။

ရန်ကုန်တွင် အရန်ဆန် စတင်ရောင်းပြီ

Wednesday, September 4, 2013
ရန် ကုန်တွင် ဆန်ဈေးနှုန်းများကြီး မြင့်ကာ အမြင့်ဈေးဖြင့်ဆက်လက် တည်ရှိနေခြင်းကြောင့် အရန်ဆန် များကို ဩဂုတ် ၃ရက်မှစတင် ရောင်းချနေပြီဖြစ်ကြောင်း ဝါး တန်းဆန်ကုန်စည်ဒိုင်အသင်း အ တွင်းရေးမှူးဦးတင်ဦးက ပြော သည်။ ဝါးတန်းဆန်ကုန်စည်ဒိုင် အတွင်းရေးမှူးဦးတင်ဦးက ''ဆန် ဈေးက တန့်နေတယ်။ ကျလဲ မ ကျ၊ တက်လဲမတက်ဖြစ်နေတဲ့အ တွက် နယ်ဘက်ကို အသွားနည်း သွားတယ်။ ဒိုင်မှာလဲ ဆန်ဈေးက အတက်ဈေးနဲ့ ငြိမ်နေတဲ့ ပုံစံဖြစ် နေတဲ့အတွက် ဒီနေ့ပဲ အရန်ဆန် ကိုစရောင်းတယ်။ အိတ်ရေ ၁၆၀၀ လောက်ရောင်းပြီးသွားပြီ''ဟုဆို သည်။ပြည်တွင်းဆန်များ ဈေး ကောင်းနေခြင်းကြောင့် နယ်တင် ပို့မှုများရှိနေသော်လည်း ပြည်တွင်း ပေါက်ဈေးဖြင့် ကွာဟမှုကျဉ်း မြောင်းကြောင်း၊ လက်ရှိ ဆန်ဈေး အခြေအနေကြောင့် ဆန်စပါးအ များပိုင်ကုမ္ပဏီမှ ပင်လယ်ရေကြောင်း ဆန်တင်ပို့မှုများလည်း ရပ်ဆိုင်း လျက်ရှိနေသည်ဟု ယင်းက ထပ် မံပြောသည်။

ပြင်ပကျူရှင်များ မှတ်ပုံတင်ရမည်

Wednesday, September 4, 2013
ပြီး ခဲ့သည့် ဩဂုတ်က တနင်္သာရီ တိုင်းဒေသကြီးအတွင်း ကျူရှင် များမှတ်ပုံတင်ထားခြင်းရှိ မရှိ စာရင်းကောက်ခံခြင်းမှာ ပြင်ပ ကျူရှင်ဆရာများကိုသာ ရည်ရွယ် ကြောင်း လူမှုရေးဝန်ကြီး ဒေါက် တာဝင်းအောင်က ပြောသည်။
ပြင်ပကျူရှင်ဆရာ၊ ဆရာမ တချို့မှာ မှတ်ပုံတင်ထားခြင်းမရှိ ဘဲ သင်ကြားနေခြင်းကြောင့် အ ဆိုပါကျူရှင်များအား မှတ်ပုံတင် ရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက် သည့်အခွန်များရရှိစေရန် ရည် ရွယ်ပြီး ကျူရှင်စာရင်းကောက်ခံ စေခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။
ဒေသအတွင်းမှတ်ပုံတင်ထားခြင်းမရှိသည့်ကျူရှင်များ ရှိနေသည့်အတွက် ကျူရှင်များကို စာရင်းကောက်ခံ ရန် တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ တိုင်းပညာရေး မှူးရုံးမှတစ်ဆင့် ညွှန်ကြားလာ သည့်အတွက် ယခုနှစ်တွင် ကျူ ရှင်မှတ်ပုံတင်သူများ ယခင်နှစ် ထက်ဦးရေတိုးလာကြောင်း ထား ဝယ်မြို့နယ် ပညာရေးမှူးရုံးမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။ ''မနှစ်က ၄၂ဦးပဲတင်တယ်။ ဒီနှစ် ၅၅ဦးလာတင်ကြတယ်''ဟု ၎င်းက ပြော သည်။

ဆီးဂိမ်းစ် ရာသီအတွက် လိင်လုပ်သားများ ကျန်းမာရေး အသိပညာပေးရန် ပိုမိုလိုအပ်

Wednesday, September 4, 2013
လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းအားကစားပြိုင်ပွဲသို့ လာရောက်ကြမည့် နိုင်ငံတကာမှ ဧည့်သည်အချို့နှင့် မြန်မာနိုင်ငံရှိလိင်လုပ်သားတို့အကြား ဆက်ဆံရေးအဆင်ပြေစေရန် နှင့် HIV/AIDS ရောဂါပိုးကူးစက်ခြင်းများ မဖြစ်ပေါ်စေရန် ကျန်းမာရေးအသိပညာပေးခြင်းများ ပိုမိုပြုလုပ်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။ “sea games ကျရင် လူတန်းစားပေါင်းစုံ ပြည်တွင်းကို လာမှာဆိုတော့ ကျန်းမာရေးပညာပေးတွေဘာသာစကားကိစ္စတွေကိုပညာပေးအနေနဲ့ကျယ်ပြန့်စွာလုပ်ဆောင်ရင်ကောင်းတယ်။ နောက်တစ်ခု စိုးရိမ်စရာက ဘာသာစကားအခက်အခဲကြောင့် ငွေကြေးအပိုင်းမှာ ကြားပွဲစားက ဖြတ်ယူသွားတာမျိုးတွေလည်း ကြုံတွေ့နိုင်တယ်။

အကယ်ဒမီမိုးဒီနှင့်တွေ့ဆုံခြင်း



Wednesday, 04 September 2013

ဟာသသရုပ်ဆောင်အကယ်ဒမီမိုးဒီမှာဝါရင့်အနုပညာရှင်ကြီးတစ်ဦးဖြစ်ပြီးယခုအခါတွင်ကျန်းမာရေးအနည်းငယ်မကောင်းမွန်သည့်အတွက်ဇာတ်ကားများအနည်းငယ်သာရိုက်ကူးနေပြီးရုပ်ရှင်ကားကြီးနှစ်ကားရိုက်ဖို့ စီအစဉ်ရှိပါတယ်ဟူ၍ပြောလာခဲ့သဖြင့် ယင်းနှင့် ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

ကန့်သတ်ခုနှစ်မျိုးနှင့် ပိတ်ပင်ထားသည့် ပိုးသတ်ဆေး ၃၉ မျိုးရှိ

Wednesday, September 4, 2013
အစိုးရသစ် ကာလတွင် ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ အသီးသီးသို့ အာဏာခွဲဝေပေးပြီးဖြစ် သည့်အတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိသော တရားမ၀င်ပိုးသတ်ဆေးများ အပေါ် ၎င်းတို့မှ အရေးယူဆောင်ရွက်လျက်ရှိသည် ဟု သြဂုတ် ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ပြောကြားသည်။
တစ်ချိန်တည်းမှာပင် ပိုးသတ်ဆေး များကို အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် ပိုးသတ်ဆေး ဥပဒေ အခန်း ၈၊ ၁၀၊ ၁၃ တို့တွင် ပိုးသတ်ဆေး ဖော်ထုတ်ရောင်းချခွင့် လိုင်စင်ရရှိသူ၏ တာဝန်နှင့် ဆောင်ရွက်နိုင် ခွင့်များ၊ပိုးသတ်ဆေးသုံးစွဲ သူများလိုက်နာရမည့် စည်းကမ်းများနှင့် တားမြစ်ချက်များကိုအတိအလင်းဖော်ပြ ထားပြီး ပညာရှင်အဖွဲ့များကို ဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် တာဝန်ပေး၍ ပိုးသတ်ဆေး ဥပဒေဆိုင်ရာအကြောင်းအရာများ၊ပိုးသတ်ဆေးစနစ်တကျသုံးစွဲရေးနည်းပညာများကို သင်တန်းဖွင့် ဆောင် ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ဓာတု လက်နက်ဖြင့် တိုက်ခိုက်မှု၏ နောက်ကွယ်၌ ဆီးရီးယား အစိုးရ ရှိနေသည်ဟု နေတိုးတပ်ဖွဲ့ အကြီးအကဲ အခိုင်အမာ ပြောကြား

Wednesday, September 4, 2013
ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဓာတု လက်နက်သုံး တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဆီးရီးယား အစိုးရ ရှိနေသည့် သက်သေ အထောက်အထား များကို မိမိ အနေဖြင့် တွေ့ရှိ ထားကြောင်းနှင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကမ္ဘာ တစ်ဝန်းမှ ပြတ်ပြတ်သားသား မတုံ့ပြန် ခဲ့ပါက ယင်းကိစ္စသည် ကမ္ဘာ့ နိုင်ငံများ အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း နေတိုး တပ်ဖွဲ့၏ အကြီးအကဲ ဖြစ်သူ အန်ဒါဖော့ရက်စ် မူဆန်က ပြောကြားသည်။

Photo: ဓာတု လက်နက်ဖြင့် တိုက်ခိုက်မှု၏ နောက်ကွယ်၌ ဆီးရီးယား အစိုးရ ရှိနေသည်ဟု နေတိုးတပ်ဖွဲ့ အကြီးအကဲ အခိုင်အမာ ပြောကြား
Wednesday, September 4, 2013

ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဓာတု လက်နက်သုံး တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဆီးရီးယား အစိုးရ ရှိနေသည့် သက်သေ အထောက်အထား များကို မိမိ အနေဖြင့် တွေ့ရှိ ထားကြောင်းနှင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကမ္ဘာ တစ်ဝန်းမှ ပြတ်ပြတ်သားသား မတုံ့ပြန် ခဲ့ပါက ယင်းကိစ္စသည် ကမ္ဘာ့ နိုင်ငံများ အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း နေတိုး တပ်ဖွဲ့၏ အကြီးအကဲ ဖြစ်သူ အန်ဒါဖော့ရက်စ် မူဆန်က ပြောကြားသည်။

မိမိတို့ နေတိုး တပ်ဖွဲ့၏ နိုင်ငံများ အနေဖြင့် အနာဂတ် ကာလ၌ ဖြစ်ပေါ် လာနိုင်ဖွယ် ရှိသည့် ဓာတု လက်နက်ဖြင့် တိုက်ခိုက်မှု များကို ရှောင်ရှားနိုင်ရန်နှင့် အဆိုပါ တိုက်ခိုက်မှု များကို မည်ကဲ့သို့ တုံ့ပြန်ရမည် ဟူသော ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ ဆိုင်ရာ သဘော တူညီမှု တစ်ရပ်ကို ချမှတ်ထားရန် လိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် တုံ့ပြန်မှု မရှိပါက ယင်းကိစ္စသည် ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံများ အတွက် အန္တရာယ် အချက်ပေးမှု တစ်ခု ဖြစ်ကြောင်းကို မိမိ အနေဖြင့် ပြောကြားရမည် ဖြစ်ကြောင်း ရက်စ်မူဆန်က ပြောကြားသည်။

သို့ရာတွင် နေတိုး တပ်ဖွဲ့ဝင်များ အနေဖြင့် ဆီးရီးယားနှင့် နယ်နိမိတ် ထိစပ်နေသော နေတိုး အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် တူရကီ နိုင်ငံကို ကာကွယ်ခြင်းမှ လွဲ၍ ဆီးရီးယား ပြည်တွင်း စစ်တွင်မူ မည်သည့်အခန်း ကဏ္ဍတွင်မျှ ပါဝင်သွားမည် မဟုတ်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ 

လူမင်း၊ ထွန်းအိန္ဒြာဗို၊ မေသဉ္ဇာဦးတို့ ပို့ချမည့် သရုပ်ဆောင်သင်တန်း

Wednesday, September 4, 2013
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အောက်တိုဘာလတွင်ပို့ချမည့် သရုပ်ဆောင်သင်တန်းတွင် အစည်းအရုံး ဥက္ကဋ္ဌ လူမင်း အပါအ၀င် အကယ်ဒမီထွန်းအိန္ဒြာဗို၊ မေသဉ္ဇာဦးစသည့် အနုပညာရှင်များကိုယ်တိုင် သင် ကြားပို့ချမည်ဖြစ်သည်။ ၎င်းသင်တန်းအား သုံးလကြာပို့ချရန် စီစဉ်ထားပြီး သင်ကြားမှုတွင် အဆင့်သုံးဆင့် ထည့်သွင်းထားကြောင်း ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။
“သင်တန်းကာလက သုံးလကြာမြင့်မယ်။ တစ်လကို စာတွေ့လေ့ကျင့်မယ်၊ နောက်တစ်လကို လက်တွေ့၊ နောက်ဆုံး တစ်လကတော့ ကင်မရာရှေ့မှာ သရုပ်ဆောင်ရမယ်။ သင်တန်းပြီးရင်တော့ ကုမ္ပဏီတွေနဲ့ ဆက်ပေးမှာပါ။ ဒီသင်တန်းကို တချို့က၀ါသနာအရ လာတက်ကြတယ်။ တချို့ကျတော့လည်း ပိုက်ဆံရှိတော့ သိပ်အလေးမထားကြ ဘူးလေ။ အဲဒါကြောင့် သေချာရွေးမယ်၊ စည်းကမ်းချက်တွေလည်း ထုတ်ထားပါတယ်။ ဒါပေမဲ့ အဲဒီစည်းကမ်းချက်
တွေကိုတော့ မသိရသေးပါဘူး။ အရင်တုန်းက စည်းကမ်းချက်တွေကိုလည်း ပြန်ပြင်ထားပါတယ်” ဟု ဦးအေးကြူလေးက ပြောသည်။

ရုပ်ရှင်အစည်းအရုံးကို ထောက်ခံဖို့အတွက် ဆန္ဒဖော်ထုတ် မယ်ဆိုတာ သတင်းအမှားဟု ဦးအောင်ခိုင်ပြော

Wednesday, September 4, 2013
ရန်ကုန်တိုင်းဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌဒေါ်စန်းစန်းမော်က သြဂုတ် ၂၄ရက်၊ ရုပ်ရှင်အစည်းအရုံး ကို ဆန္ဒ ထုတ်ဖော်ခဲ့ရာတွင် မီဒီယာများသို့ ဖြေကြား မှုမှာပါရှိခဲ့တဲ့ ”ကိုလူေ ချာအဖွဲ့ အနေနဲ့ မဖြစ်မနေ လူတွေကို By Name နဲ့ခေါ်မယ်။ ဆန္ဒပြမယ်။”ဆိုတဲ့ ပြောကြားချက်အပေါ်မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးရဲ့ အမှုဆောင်အဖွဲ့ဝင် တစ်ဦး လည်းဖြစ်သလို ကိုလူချောအဖွဲ့ ဥက္ကဋ္ဌတစ်ဦး လည်းဖြစ်တဲ့ အကယ်ဒမီ ဦးအောင်ခိုင်က ငြင်းချက်ထုတ်ခဲ့ပါတယ်။”ဆန္ဒဖော်ထုတ်တယ်ဆိုတာမရှိတဲ့သူတွေကရှိအောင်ဖော်ထုတ် တာလေ။ ဦးတို့က ရှိပြီးသားဖြစ်တဲ့အတွက် ဘာမှဆန္ဒဖော်ထုတ်စရာလည်း အကြောင်းမရှိဘူး။ သီး ခြား ကြီးထောက်ခံစရာ လည်းအကြောင်းမရှိဘူး။

မိကျောင်းတစ်ကောင်၏ အမဲလိုက်ခံရသူတစ်ဦးကို ကယ်တင်နိုင်ခဲ့



Wednesday, September 4, 2013

ဩစတြေးလျနိုင်ငံတွင်မိကျောင်းတစ်ကောင်၏ချောင်းမြောင်းစောင့်ဆိုင်းနေမှုကြောင့်သီတင်း(၂)ပတ်ကြာပိတ်မိနေသူ တစ်ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနား ချောက်နှင့် ရန်ကုန်တွင် ကျင်းပမည်


Wednesday, September 4, 2013

မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲသမိုင်းတွင်ထင်ရှားသည့်လူထုလှုပ်ရှားမှုတစ်ခုဖြစ်သော၁၃၀၀ပြည့်အရေးတော်ပုံစိန်ရတုအခမ်းအနားကိုဒီဇင်ဘာလအတွင်းချောက်မြို့နှင့်ရန်ကုန်မြို့တို့တွင်ကျင်းပမည်ဖစ်ကြောင်း ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဌေးမောင် (စာရေးဆရာနတ်မှူး) က ပြောကြားသည်။

ရုပ်ရှင်အစည်းအရုံးအား ထပ်မံဆန္ဒပြမည်


Wednesday, September 04, 2013

ရန်ကုန်တိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌဟောင်းဒေါ်စန်းစန်းမော်နှင့်ဗီဒီယိုထုတ်လုပ်ရေးအဖွဲ့များသည်မန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား စက်တင်ဘာ ၂၁ ရက်တွင် ထပ်မံဆန္ဒပြဖြစ်ပြီး ယင်းဆန္ဒပြပွဲအတွက် ကျောက်တံတားမြို့နယ်၊ ခရိုင်တို့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံသို့ စက်တင်ဘာ ၃ ရက်တွင်ခွင့်ပြုမိန့်တောင်းဆိုထားကြောင်းစုဗီဒီယိုထုတ်လုပ်ရေးမှရန်ကုန်တိုင်းဒေသကြီးဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌဟောင်းစေန်းစန်းမော်က မဇ္ဈိမသို့ ပြောကြားသည်။

မတည်ငြိမ်မှုများကို မဖြစ်စေရန်အတွက် မိထ်္ထီလာတွင် လွှတ်တော်အမတ်ကို ဆန္ဒပြခွင့်ပယ်ချခြင်းဖြစ်ဟု အုပ်ချုပ်ရေးမှုးပြော


Wednesday, September 4, 2013

မိထ်္ထီလာမြို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကို ဆန္ဒပြရန်ဒေသခံများက စာတင်ထားရာ မတည်ငြိမ်မှုများဖြစ်ပေါ်မည်စိုးသည့်အတွက် ဆန္ဒပြမှုကို ခွင့်မပြုကြောင်း မိထ်္ထီလာမြို့နယ်အုပ်ချုပ်ရေးမှုးက စက်တင်ဘာ ၃ ရက် တွင် မဇ္ဈိမကို ပြောသည်။

ကွန်းလုံရေအားလျှပ်စစ်မီမံကိန်းကြောင့် ရေ၀ပ်ဧရိယာတွင်ပါသော ရွာများအားလျော်ကြေးပေးရန် ကတိပြု



Wednesday, September 04, 2013

စီမံကိန်းရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီ၊ လက်ခွဲဆောက်လုပ်ခွင့် ရထားသော မြန်မာ Asia World ကုမ္ပဏီမှ ဒါရိုက်တာနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အပါအ၀င် လျှပ်စစ်ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ သြဂုတ်လ ၃၀ ရက်က တောင်ကြီးမြို့အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆေးမလို သဘာဝ အလျောက် ဝိတ် မြန်မြန်လျော့နည်း


Wednesday, 04 September 2013

ကျန်းမာရေးအတွက် ဘာဆေးမှ စားစရာမလိုပဲ တကယ်ဝိတ်ချလို့ရပါတယ်။ သို့ပေမယ့် အောက်ဖော်ပြပါ နည်းလမ်းများကို လုပ်နိုင်ဖို့ တော့ လိုအပ်ပါလိမ့်မယ်။

၁။ အသီးနဲ့အရွက်ကိုနေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာပုံမှန်ပါဝင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကယ်လိုရီဓာတ် နည်းတဲ့ အစားအစာများ၊ သဘာဝ အက်ဆစ်ဓာတ်များတဲ့ အစားအစာမို့ အဆီတွေကို တိုက်ဖျက်ရာမှာ အင်မတန် အရေးပါတဲ့အစားအစာများ ဖြစ်ပါတယ်။

ဘူးခွံပါ ပလပ်စတစ် iPhone ဓာတ်ပုံထွက်ရှိ


Wednesday, September 4, 2013

ပလပ်စတစ်နဲ့လုပ်ထားတဲ့iPhone5C ပါဆိုပြီး တရုတ်ပြည်က အခြေဆိုက်တဲ့ သတင်းမီဒီယာ ဝဘ်ဆိုဒ်များမှ ထွက်ရှိလာတဲ့ ပုံရိပ်များ ဖြစ်ပါတယ်။

တရုတ်ပြည်မှာ ထိုင်ဝမ် foxconn ကုမ္မဏီရဲ့  နည်းပညာ ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံ ရှိပြီး ယင်းစက်ရုံကနေ Apple ပစ္စည်းတွေကို ထုတ်လုပ် တာပါ။ ဒါကြောင့်လည်း ကုန်ပစ္စည်းတွေ ဈေးကွက် မရောက်ခင် တရုတ် ပြည်ကနေ လျှို့ ဝှက်သတင်းတွေ အမြဲပေါက်ကြား ရခြင်း ဖြစ် ပါတယ်။ ယခုလည်း iPhone 5C ပါဆိုပြီး ဓာတ်ပုံတွေ ပျံ့ နှံ့ လို့နေပါတယ်။ ပါကင်ပါပိတ်ထားတဲ့ ပုံတွေပါ။ အကယ်၍ မှန်ကန်တယ်ဆိုရင်တော့ Apple ဟာ ဈေးသက်သာ iPhone 5C ကို ရောင်းချရန် ရယ်ဒီဖြစ်ပြီလို့ ဆိုခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။

အရမ်းလှလွန်းလို့ မျက်နှာကို အက်စစ်နှင့် အပက်ခံရသူ


Wednesday, September 4, 2013

သူမ၏ နာမည်ကတော့ ကက်တီပီပါ ဖြစ်ပြီး အသက်ကတော့၂၆ နှစ်ပါ။ အမေရိကန် နိုင်ငံသူလေးပေါ့။ သူမဟာ ကိုယ်ခန္ဓာ အချိုးအစား လှပရုံတင်မက မျက်နှာလေး ကလည်း အလွန်ပင် ချစ်စရာကောင်း ပါတယ်။ သူမ၏ ပုံစံကို အားကျတဲ့ မိန်ကလေးတွေ အလွန်များတယ် ဆိုပါတော့။

ဘင်္ဂါလီနှင့် လက်နက်ပါသော စက်လှေတစ်စင်းကို ပင်လယ်ပြင်၌ ဖမ်းဆီး ရမိ


Wednesday, September 4, 2013

မြိတ်ခရိုင်အပိုင်ပင်လယ်ပြင်၌ဘင်္ဂါလီအချို့နှင့်အတူ အေကေ၄၇သေနတ်တစ်လက်ကိုပါဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မျိုးမင်းအောင်ကပြောသည်

ဓာတုလက်နက်သုံးဆီးရီးယားအား အရေးယူရန် အမတ်များကို သမ္မတ အိုဘားမား စည်းရုံးနေ



Wednesday, 04 September 2013

ဆီးရီးယားအား စစ်ရေးတိုက်ခိုက်မှုပြုလုပ်ခြင်းကိုထာက်ခံသင့်မခံသင့်ချိန်ဆနေသောဥပဒေပြုအမတ်များကို စည်းရုံး သိမ်းသွင်းရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် စက်တင်ဘာ ၁ရက်က စည်းရုံးမှုကို အသည်းအသန် အားထုတ်ကြိုးပမ်းခဲ့သည်။

"၀" ဒေသ၌ သန်းခေါင်စာရင်း ကောက်ယူရေး အပါအ၀င် အချက်လေးချက် ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် "၀" ကိုယ်စားလှယ် များ ကျိုင်းတုံ၌ တွေ့ဆုံဆွေးနွေး


Wednesday, 04 September 2013

"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသအတွင်းသန်းခေါင်စာရင်းကောက်ယူရေးအပါအ၀င်အချက်လေးချက်ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် "၀" ကိုယ်စားလှယ်များ ကျိုင်းတုံမြို့၌ ဆွေးနွေး
ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးထိန်းချုပ်ရေးဆိုင်ရာ အမေရိကန် ထိပ်တန်းအရာရှိ မြန်မာနိုင်ငံသွားမည်



Wednesday, 04 September 2013

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့င်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်မှုဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး William R. Brownfield ဟာ အခု စက်တင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြန်မာနိုင်ငံမှာရောက်ရှိမှာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့တရားဥပဒေစိုးမိုးမှု ပြုပြင်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းသွားဖို့ ရှိနေပါတယ်။

ကင်ဂျုံအွန် ရှေ့တန်း ကျွန်းစခန်းများသို့ အလည်အပတ် ခရီးသွားရောက်


Wednesday, 04 September 2013

မြောက်ကိုရီးယားခါင်းဆောင်ကင်ဂျုံအွန်သည်တာင်ကိုရီးယားနှင့်အငြင်းပွားရာပင်လယ်ပြင်နယ်နိမိတ်ရှိရှေ့တန်းအကျဆုံးကျွန်းစခန်းများဖြစ်သောangjaeကျွန်းနှင့်Muကျွန်းများသို့ယခုနှစ်အတွင်းတတိယအကြိမ်မြောက် အလည်အပတ်ခရီး အဖြစ်စက်တင်ဘာ၂ရက်ကသွားရောက်ခဲ့ကြောင်မာက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန် ပြောကြားခဲ့သည်။

၂၅ နှစ်ကျော် မှ အိမ်ထောင်ရေးကို စဉ်းစားမယ့် ဝါဆိုမိုးဦး



Wednesday, 04 September 2013

အနုပညာ လောကကို ကလေး သရုပ်ဆောင် ကနေ စတင် ဝင်ရောက် လာပြီး ခုချိန်မှာ ပရိသတ်အားပေးမှု ရရှိထားသူ ကတော့ ဝါဆိုမိုးဦး ပဲဖစ်ပါတယ်လတ်တလောမှာတော့ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေတဲ့ ဝါဆိုမိုးဦး က ဇာတ်ကား တစ်ကား ရိုက်တော့မယ် ဆိုရင် ဇာတ်ညွှန်းကို အရင် ဖတ်ကြည့်ပြီး မှ လက်ခံ ဖြစ်ကြောင်း ပြောလာပါတယ်။ “ဝါဆိုက လိုက်ဖက်မယ့် ဇာတ်ရုပ်တွေကိုပဲ ပိုပြီး ရိုက်ဖြစ်တာ များပါတယ်။” လို့ပြောပါတယ်။

My Blog List