Wednesday, January 22, 2020

SSPP/SSA ရဲ့ စိုက်ပျိုးရေးစီမံကိန်းကို ကျေးရွာသားတွေကန့်ကွက်

Image may contain: 3 people, people standing, text that says 'RFA'
လားရှိုး - နမ္မတူလမ်းပိုင်း ဆယ့်နှစ်မိုင်က မန်ပြိန်းကျေးရွာမှာ SSPP/SSA လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရွာသားတွေကို စိုက်ပျိုးရေးစီမံကိန်းလုပ်ကိုင်မှာကို ကန့်ကွက်သူတွေကို ခေါ်ယူတွေ့ဆုံမယ်ဆိုပြီး အမိန့်ပေးလာတာကြောင့် မန်ပြိန်းရွာသားတွေဟာ လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။

အဲဒီရွာသားသုံးဆယ်ကျော်ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းမှာ လားရှိုးမြို့အနောက်ပိုင်း ကချင်အသင်းတော်ရုံးကို ထွက်ပြေးလာကြပါတယ်။
ကျေးရွာအနီးမှာလုပ်ကိုင်မယ့် ဧကသုံးရာစိုက်ပျိုးရေးစီမံကိန်းကို ကန့်ကွက်တဲ့ရွာသားတွေကို SSPP/SSA အဖွဲ့က မန်ပြိန်းရွာနားက ပိန်းညိုရွာကိုလာဖို့ခေါ်ယူတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာကြတာလို့ ရွာသားတွေကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၂၅ မတိုင်မီကလည်း သူကြီးအပါအဝင်ရွာသား သုံးဦးကို SSPP/SSA က ခေါ်ယူတွေ့ဆုံပြီး ခြိမ်းခြောက်မှုတွေလုပ်ခဲ့တာကြောင့် သူကြီးဖြစ်သူဟာ ရာထူးကနေနုတ်ထွက်ပြီး ထွက်ပြေးနေရတယ်လို့ ရွာသားတွေကပြောပါတယ်။
ဒီစီမံကိန်းဟာ စိုက်ပျိုးရေးလုပ်ငန်းလို့သာ သိထားရပြီး စီမံကိန်းလုပ်ကိုင်မယ့်လုပ်ငန်းရှင်ကို SSPP/SSA မှာ တာဝန်ထမ်းဆောင်နေတယ်ဆိုတဲ့သူက ကျေးရွာမြေကိုရောင်းချမယ့် အခြေအနေဖြစ်နေတာကြောင့် ရွာသားတွေက ကန့်ကွက်နေကြတာလို့ပြောပါတယ်။
SSPP/SSA တာဝန်ရှိသူတွေကတော့ ဒီကိစ္စဟာ အောက်ခြေကလုပ်ဆောင်ချက်ဖြစ်ပြီး ဗဟိုကော်မတီက အရေးယူမှုတွေလုပ်ထားတယ်လို့ပြောဆိုထားပါတယ်။
Image may contain: one or more people, people standing, car and outdoor
Image may contain: 5 people, people sitting
Image may contain: one or more people
Unicode
SSPP/SSA ရဲ့ စိုက်ပျိုးရေးစီမံကိန်းကို ကျေးရွာသားတွေကန့်ကွက်


လားရှိုး - နမ္မတူလမ်းပိုင်း ဆယ့်နှစ်မိုင်က မန်ပြိန်းကျေးရွာမှာ SSPP/SSA လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရွာသားတွေကို စိုက်ပျိုးရေးစီမံကိန်းလုပ်ကိုင်မှာကို ကန့်ကွက်သူတွေကို ခေါ်ယူတွေ့ဆုံမယ်ဆိုပြီး အမိန့်ပေးလာတာကြောင့် မန်ပြိန်းရွာသားတွေဟာ လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။

အဲဒီရွာသားသုံးဆယ်ကျော်ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းမှာ လားရှိုးမြို့အနောက်ပိုင်း ကချင်အသင်းတော်ရုံးကို ထွက်ပြေးလာကြပါတယ်။
ကျေးရွာအနီးမှာလုပ်ကိုင်မယ့် ဧကသုံးရာစိုက်ပျိုးရေးစီမံကိန်းကို ကန့်ကွက်တဲ့ရွာသားတွေကို SSPP/SSA အဖွဲ့က မန်ပြိန်းရွာနားက ပိန်းညိုရွာကိုလာဖို့ခေါ်ယူတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာကြတာလို့ ရွာသားတွေကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၂၅ မတိုင်မီကလည်း သူကြီးအပါအဝင်ရွာသား သုံးဦးကို SSPP/SSA က ခေါ်ယူတွေ့ဆုံပြီး ခြိမ်းခြောက်မှုတွေလုပ်ခဲ့တာကြောင့် သူကြီးဖြစ်သူဟာ ရာထူးကနေနုတ်ထွက်ပြီး ထွက်ပြေးနေရတယ်လို့ ရွာသားတွေကပြောပါတယ်။
ဒီစီမံကိန်းဟာ စိုက်ပျိုးရေးလုပ်ငန်းလို့သာ သိထားရပြီး စီမံကိန်းလုပ်ကိုင်မယ့်လုပ်ငန်းရှင်ကို SSPP/SSA မှာ တာဝန်ထမ်းဆောင်နေတယ်ဆိုတဲ့သူက ကျေးရွာမြေကိုရောင်းချမယ့် အခြေအနေဖြစ်နေတာကြောင့် ရွာသားတွေက ကန့်ကွက်နေကြတာလို့ပြောပါတယ်။
SSPP/SSA တာဝန်ရှိသူတွေကတော့ ဒီကိစ္စဟာ အောက်ခြေကလုပ်ဆောင်ချက်ဖြစ်ပြီး ဗဟိုကော်မတီက အရေးယူမှုတွေလုပ်ထားတယ်လို့ပြောဆိုထားပါတယ်။
Zawgyi
Photo: Kan Thar/RFA

( လားရှိုးမြို့ပေါ်ကို ၂၀၂၀ ဇန်နဝါရီလ ၂၀ ရက်နေ့ညက ထွက်ပြေးလာတဲ့ မန်ပြိန်းရွာသားတွေကို တွေ့ရစဉ် )

No comments:

Post a Comment

My Blog List