Friday, January 24, 2020

အဂတိကော်မရှင်၏လူမှုကွန်ယက်စာမျက်နှာတွင် ရန်ကုန်တိုင်းအစိုးရကိုစစ်ဆေးပေးရန် တောင်းဆို မှတ်ချက်ရေးသားသူများပြား

No photo description available.

ယမန်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေကော်မရှင်၏ လူမှုကွန်ယက်စာမျက်နှာဖြစ်သော ACC Myanmar တွင် အသိပေးထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်သော အကြောင်းအရာအောက်တွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုစစ်ဆေးပေးရန်တောင်းဆိုထားသောမှတ်ချက်များရေးသားထားကြောင်းလေ့လာတွေ့ရှိရသည်။

အဆိုပါရေးသားချက်တစ်ချို့မှာ "ရန်ကုန်တိုင်းအစိုးရ ကိစ္စ ACC ပုံရိပ်ကို အများကြီးထိခိုက်နိုင်ပါတယ်လူပြော၊သူပြောများရုံသာမက မီဒီယာများတွင်ပါဖော်ပြလျှက်ရှိနေတာမို့ ကျော်စော နဲ့ ညီညွတ်တယ်လို့ ယူဆပါတယ်။ဒါကြောင့်အမြန်ဆုံး စုံစမ်း၊စစ်ဆေးမှုများ ဆောင်ရွက်ပေးစေချင်ပါတယ်။"ဟု ရေးသားမှတ်ချက်ပြုမှုများကို တဆင့်ကူးယူမှတ်ချက်ပြုမှုများရှိခဲ့သည်။

ထူးခြားသောမှတ်ချက်ရေးသားမှုတစ်ခုမှာလည်း
" ကဲ ရှင်းပါအုံးဗျာ

ရန်ကုန်တိုင်းအစိုးရနဲ့ ရန်ကုန်စည်ပင်ရဲ့ လုပ်ဆောင်ချက်တွေဟာ တည်ဆဲလုပ်ထုံးလုပ်နည်းများကို ချိုးဖောက်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေများနစ်နာဆုံးရှုံးမှုများရှိခဲ့လို့ အဂတိမြောက်တယ်...
ဒါကြောင့် အဂတိကော်မရှင်က နိုင်ငံဘဏ္ဍာငွေများဆုံးရှုံးနစ်နာမှုနဲ့ တရားစွဲထားတဲ့ BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အမှုကို နမူနာယူသင့်တယ်လို့ NLD အမတ်ဒေါ်စန္ဒာမင်းက ပြောဆိုလိုက်ပါတယ်
ဒါတောင် ၂၀၁၇ / ၁၈ အစီရင်ခံစာပဲရှိသေးတယ် နောက်ပိုင်း ပြည်သူ့ဘဏ္ဍာငွေ ဘီလျံ ၃၀၀ ထိနစ်နာမှုရှိနိုင်တယ် ခန့်မှန်းထားတဲ့ ပြည်သူပိုင်မြေတွေ YP ဆီဆိုင်ဖွင့်ဖို့ ချပေးတဲ့ကိစ္စမျိုးတွေ မပါသေးဘူးနော်...
ပြည်ထောင်စု အစိုးရနဲ့ အဂတိကော်မရှင် ဘာဆက်လုပ်မလဲစောင့်ကြည့်မယ်...
ဒါကိုမှ မစစ်ဆေး အရေးမယူပြဘူးဆိုရင်တော့ ဒေါက်တာအောင်ဇော်နဲ့ ပြည်သူကို မျက်နှာပူ ရှက်သင့်ပီဗျာ "ဟုရေးသားထားခြင်းဖြစ်သည်။
ထူးမြတ်

No comments:

Post a Comment

My Blog List