Tuesday, January 21, 2020

မန္တလေးဗဟိုအကျဉ်းထောင်ထဲ မှ မူးယစ်ဆေးဝါးရောင်းဝယ်နေမှုကို သမ္မတရုံး တိုက်ရိုက်ကွပ်ကဲသည့် အထူးအဖွဲ့က သတင်းပေးပို့ချက်အရ ဖော်ထုတ် ဖမ်းဆီးအရေးယူခဲ့

No photo description available.

မန္တလေးဗဟိုအကျဉ်းထောင်ထဲ မှ မူးယစ်ဆေးဝါးရောင်းဝယ်နေမှုကို သမ္မတရုံး တိုက်ရိုက်ကွပ်ကဲသည့် အထူးအဖွဲ့က သတင်း ပေးပို့ချက်အရ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ရောင်းဝယ်နေသူသည် အချုပ်ထောင် အတွင်းမှနေ၍ တရားရင်ဆိုင်နေသည့် ကျော်ဆွေဆိုသူဖြစ်ပြီး၎င်းသည် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်သည့် ပုဒ်မ ၃၆၃( မိဘအုပ်ထိန်းမှု အောက်ရှိ အသက် မပြည့်သေး
သော ကလေးငယ်အား ခိုးယူပေါင်းသင်းမှု/လူခိုးမှု) ၊ပုဒ်မ ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင်ပြီး အဓမ္မပြုကျင့်မှု ) တို့ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရကာ တရားရင်ဆိုင်နေသူ ဖြစ်သည်ဟု သိရသည်။

အထူးအဖွဲ့က မန္တလေး ဗဟို အကျဉ်းထောင် ပါဆယ် လက်ခံရေးဌာနရှိ ကျော်ဆွေထံ လာပို့သောပါဆယ်ထုတ်အတွင်းမှ သက်သေခံမူးယစ်ဆေးများကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးများကို အမဲဟင်းတုံးများအတွင်း အအေးစုပ်ပိုက်ဖြင့် ထည့်ထားခြင်း ဖြစ်သည်ဟုလည်းသိရသည်။
ပါဆယ်လာပို့သည့် ကျော်မြင့် ဆိုသူကိုလည်း ဖမ်းဆီးထားကာ လက်ရှိတွင် ကျော်ဆွေနှင့်ကျော်မြင့်ကို အောင်မြေသာစံရဲစခန်း က (ပ)၂ /၂၀၂၀ မူးစိတ်ပုဒ်မ ၁၆(ဂ)/ ၂၁ ဖြင့် အမှုဖွင့် စစ်ဆေးကာ ဆက်လက် စုံစမ်းမှုများ ပြုလုပ်နေ
ကြောင်းသိရသည်။

အသေးစိတ်အခြေအနေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
နိုင်ငံတော်သမ္မတသည်မူးယစ်ဆေးဝါးကိုနှိမ်နင်းမည်ဟု ကတိပြုပြီးနောက်ပိုင်း မူးယစ်ဆေးဝါးနှင့်စပ်လျဉ်းပြီး သတင်းပေး တိုင်ကြားနိုင်မည့် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ၂၀၁၈၊ ဇွန်လ ၂၆ရက်က ဖွဲ့စည်းခဲ့ကာ ယင်းနေ့မှစပြီး ၂၀၂၀ ဇန်နဝါရီ ၁၈ ရက်အထိ သတင်းပေး တိုင်ကြားချက်ပေါင်း မြောက်များစွာရရှိခဲ့ပြီး မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချနေသည့် မန္တလေး ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်ရိပ်သာဝန်း၊ တစ်ထပ်ကျောင်းဆောင်နေ အရှင်အာစိဏ္ဏ (ခ) ဦးအေးကျော် အမှု၊ EDM ပွဲများ စီစဉ်ကာ မူးယစ်ဆေး
ဝါးဖြန့်ဖြူးနေသည့် Dj Funkey အမှု အပါအဝင် အမှုပေါင်း ၉၅၁ မှုကို အမှုဖွင့် အရေးယူ နိုင်ခဲ့ကာ ကျူးလွန်သူပေါင်း ၁၄၆၄ ဦးကို အရေးယူနိုင်ခဲ့ကြောင်း မူးယစ်ဆေးဝါး အထူး သတင်းတိုင်ကြားရေးဌာန၏ မှတ်တမ်းများအရ သိရသည်။

ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့်ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်နှိမ်နင်းရေးအတွက် သမ္မတရုံးထံ တိုင်ကြားလိုပါက အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၅၉၀၂၀၀၊ ဖက်စ်ဖုန်းနံပါတ် ၀၆၇-၅၉၀၂၃၃ နှင့်
အီးမေးလ် လိပ်စာantinarcotics@presidentoffice.gov.mm သို့ လုံခြုံစိတ်ချစွာ တိုင်ကြား နိုင်ကြောင်းနှင့် တိုင်ကြားသူကို လျှိုဝှက်ပေးထားကာ၊ဖော်ထုတ်ဖမ်းဆီးရမိပါက ယင်းအမှု၏ပြည်သူပိုင်သိမ်းဆည်းတန်ဖိုးထဲမှ ထုတ်နုတ်ပြီး ဆုကြေးများ ချီးမြှင့်မည်ဟု သမ္မတရုံးကကြေညာထားပြီးဖြစ်သည်။
+++++++++++++
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List