ခရီးသွားပြည်သူများအနေ ဖြင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် များ က မခြေမငံဆက်ဆံခြင်း၊ ရိုင်းပြစွာပြောဆိုနေခြင်းများကို တိုင်ကြား
လာသော်လည်း တိုင် ကြားခံရသည့် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား အရေး ယူဆောင်ရွက်ပေးခြင်းမရှိပါက တိုင်ကြားခဲ့သည့် ဖုန်းနံပါတ်၊နေ့ရက်၊အချိန်ဌာနပါဖော်ပြ၍ ယာဉ် မောင်းနှင့် ယာဉ်နောက် လိုက်အပြင် တိုင်ကြားခဲ့သည်ကိုအရေးယူ ဆောင်ရွက်ပေးခြင်းမရှိသည့် ဌာန ကိုပါ တိုင်ကြားနိုင်ကြောင်း ဇန် န၀ါရီ ၂၄ရက်ကပြုလုပ်ခဲ့သော မီဒီယာများနှင့် မထသ ဗဟိုတွေ့ ဆုံပွဲတွင်တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။