Saturday, February 16, 2013

အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီ မှ ကချင်စစ်ပြေး ဒုက္ခသည်များသို့ သွားရောက် လှူဒါန်းမည်

Photo: အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီ မှ ကချင်စစ်ပြေး ဒုက္ခသည်များသို့ သွားရောက် လှူဒါန်းမည်
Friday, February 15, 2013

မန္တလေး။ ။ အစ္စလာမ်ဘာသာရေးအဖွဲ့၊ ဒုက္ခသည်များကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)မှ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များ ထွက်ပြေး တိမ်းရှောင်နေရသည့် ကွတ်ခိုင်မြို့သို့ ၁၆.၂.၂၀၁၃ ရက်နေ့တွင် သွားရောက်ပြီး ၁၇.၂.၂၀၁၃ ရက်နေ့တွင် ဒုက္ခသည်စခန်းများသို့ စားနပ် ရိက္ခာနှင့် ဆေးဝါး ပစ္စည်းများ သွားရောက် ကူညီလှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ မနက်ဖြန် ၁၅.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ကို ထွက်ခွာကြပါမယ်။ လှူဒါန်းမှာကတော့ ကွတ်ခိုင်မြို့ပေါ်က ဘုရားကျောင်း (၂)ကျောင်းမှာ ရောက်ရှိနေသည့် ကချင် ဒုက္ခသည် ၅၀၀-ကျော်ကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်းပါမယ်။ ဘုရားကျောင်း ၁-ကျောင်းမှာ ဒုက္ခသည် ၃၀၀-ကျော်နဲ့ နောက် ၁-ကျောင်းမှာတော့ ဒုက္ခသည် ၁၀၀-ကျော်ရှိပါတယ်။ အဲဒီ ၅၀၀-ကျော်က ကချင် ဒုက္ခသည်တွေပါ။ နောက်ပြီးတော့ ကွတ်ခိုင်မြို့နဲ့ ၆-မိုင်အကွာမှာရှိတဲ့ ရွာလေးမှာလည်း ပလောင် ဒုက္ခသည် ၄၀၀-ကျော်ကိုလည်း စားနပ်ရိက္ခာနဲ့ဆေးဝါးများကို လှူဒါန်းပါမယ်။ ကျွန်တော်တို့တွေ ဒုက္ခသည်စုစုပေါင်း ၁၀၀၀-ကျော်အတွက် လှူဒါန်းပါမယ်။ ၁၇.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ပေါ်မှာပဲ ပစ္စည်းများပေးအပ် လှူဒါန်းပွဲလုပ်ပြီး ပေးအပ်ပါမယ်။ ပေးလှူမှာက တာဝန်ရှိ အာဏာပိုင်အဖွဲ့ကို ပေးအပ်မှာပါ။ ကျန်းမာရေးကလည်းပါမယ်။ လူဝင်မှုကြီးကြပ်ရေးကလည်းပါမယ်။ မြို့နယ်အုပ်ချုပ်ရေး ကလည်းပါမယ်။ နောက်ပြီးတော့ ဒုက္ခသည်စခန်းက တာဝန်ခံတွေနဲ ညှိနှိုင်းပြီး ပေးအပ်မှာပါ။” လို့ M-Media ကို ပြောပြလာပါတယ်။

စားနပ်ရိက္ခာအနေနှင့် ဆန်-အိတ်(၅၀၀)၊ ကုလားပဲကြမ်း-အိတ်(၃၀)၊ ဆီ-(၅)ပေပါ၊ ဆား-အချိန်(၃၀၀)၊ ဆေးဝါးအနေနှင့် အခြေခံဆေးဝါးများဖြစ်သည့် ၀မ်းလျှော/ ၀မ်းပျက်၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး ပျောက်သည့်ဆေး စသည့်ဆေးဝါးများ (၁၉)သိန်းကျော်ဖိုး လှူဒါန်းမည်ဖြစ်ပြီး စုစုပေါင်း သိန်း(၁၂၀)၀န်းကျင် တန်ဖိုးရှိသည်ဟု သိရသည်။

အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)သည် ၂၀၁၂-ခု ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် ဘာသာ လူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ရခိုင်ကိစ္စတွင် လူမျိုးဘာသာမရွေးကူညီစောင့်ရှောက်ခဲ့သလို နမ့်ဆန်မီးဘေးတွင်လည်း မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကိုလှူဒါန်းခဲ့ပြီး ယခုအကြိမ် ကချင်စစ်ပြေးဒုက္ခသည်များကို ကူညီပံ့ပိုးလှူဒါန်းခြင်းသည် တတိယအကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း သိရသည်။

M-Mediaမန္တလေး။ ။ အစ္စလာမ်ဘာသာရေးအဖွဲ့၊ ဒုက္ခသည်များ ကူညီပံ့ ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)မှ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များ ထွက်ပြေး တိမ်းရှောင်နေရသည့် ကွတ်ခိုင်မြို့သို့ ၁၆.၂.၂၀၁၃ ရက်နေ့တွင် သွားရောက်ပြီး ၁၇.၂.၂၀၁၃ ရက်နေ့တွင် ဒုက္ခသည်စခန်းများသို့ စားနပ် ရိက္ခာနှင့် ဆေးဝါး ပစ္စည်းများ သွားရောက် ကူညီလှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ ပိုးရေးကော်မတီ

မန်းစက်တော်ရာဖွင့်ပွဲ

Photo: မန်းစက်တော်ရာဖွင့်ပွဲ
Friday, February 15, 2013

သမိုင်းဝင် မန်းစက်တော် ခြေတော်ရာ ဖွင့်ပွဲကို ဖေဖ၀ါရီလ(၁၅)ရက်နေ့ နံနက်ပိုင်း (၈)နာရီတွင် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ် မန်းချောင်း နံဘေးတွင် ဒေဝါဝင်း၊ ရာဇာဇာဝင်း၊ ပန်းစေတီ၊ ခြေတော်ရာ ပုံတူတို့ဖြင့် လှည့်လည်ပြီး မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ မကွေးတိုင်း သံဃာ့နာယက ဥက္ကဌ မကွေး အောင်မြေ ရတနာကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဏိစ္စ၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အံ့ဇော်တင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆရာတာ် သံဃာတ်ာများထံမှ ပရိတ်တရားနာယူပြီး နံနက်(၉)နာရီတွင် အောက်ခြေတော်ရာကို ဖွင့်လှစ်ပေး ခဲ့သည်။

ထိုနေ့ကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ များစွာ လာနိုင်စေရေး အတွက် စီစဉ်ဆောင်ရွက် ထားရှိခဲ့သော်လည်း ယခင်နှစ်များထက် လာရောက်သူ နည်းပါးခဲ့သည်ဟု သိရသည်။

The Street View

သမိုင်းဝင် မန်းစက်တော် ခြေတော်ရာ ဖွင့်ပွဲကို ဖေဖ၀ါရီလ(၁၅)ရက်နေ့ နံနက်ပိုင်း (၈)နာရီတွင် မကွေး တိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ် မန်းချောင်း နံဘေးတွင် ဒေဝါဝင်း၊ ရာဇာဇာဝင်း၊ ပန်းစေတီ၊ ခြေတော်ရာ ပုံတူတို့ဖြင့် လှည့်လည်ပြီး မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ မကွေးတိုင်း သံဃာ့နာယက ဥက္ကဌ မကွေး အောင်မြေ ရတနာကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ

အကယ်ဒမီမော့စ်၏နောက်ဆုံးခရီး

Photo: ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင် လူရွှင်တော်တစ်ဦးဖြစ်သူ အကယ်ဒမီမော့စ်နာရေးကို မူလသတ်မှတ်ထားသည့် အချိန်ထက် နာရီဝက်ကျော်စော၍ ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ရေဝေးသုဿန်၌ မီးရှို့သင်္ဂြုဟ်ခဲ့သည်။

လာရောက်ကြည့်ရှုသူသူ ပရိသတ်များသဖြင့် မူလသတ်မှတ်ထားသည့် အချိန် ညနေ ၄ နာရီထက် စောစီးစွာ သင်္ဂြိုဟ်လိုက်ခြင်းဖြစ်သည်။

သရုပ်ဆောင် မော့စ်သည် အကယ်ဒမီဆု ဆွတ်ခူးရရှိပြီး ၄၅ ရက်အကြာတွင် အသည်းနှင့်အဆုတ်ရောဂါဖြင့် SSC ဆေးရုံတွင် ဖေဖော်ဝါရီ ၁၃ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

7Day News Journal
ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင် လူရွှင်တော်တစ်ဦးဖြစ်သူ အကယ်ဒမီမော့စ်နာရေးကို မူလသတ်မှတ် ထားသည့် အချိန်ထက် နာရီဝက်ကျော်စော၍ ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ရေဝေးသုဿန်၌ မီးရှို့သင်္ဂြုဟ်ခဲ့သည်။ လာရောက်ကြည့်ရှုသူသူ ပရိသတ်များသဖြင့် မူလသတ်မှတ်ထားသည့် အချိန် ညနေ ၄ နာရီထက် စောစီးစွာ သင်္ဂြိုဟ်လိုက်ခြင်းဖြစ်သည်။ သရုပ်ဆောင် မော့စ်သည် အကယ်ဒမီဆု ဆွတ်ခူးရရှိပြီး ၄၅ ရက်အကြာတွင် အသည်းနှင့်အဆုတ်ရောဂါဖြင့် SSC ဆေးရုံတွင် ဖေဖော်ဝါရီ ၁၃ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ 7Day News Journal

ဂျပန် Mitsubishi ကားကုမ္ပဏီ မြန်မာ FMI ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ တို့တွင် ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ရန်စီစဉ်

Photo: ဂျပန် Mitsubishi ကားကုမ္ပဏီ မြန်မာ FMI ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ တို့တွင် ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ရန်စီစဉ်
Friday, February 15, 2013

ဂျပန်ကားကုမ္ပဏီ တစ်ခုဖြစ်သော Mitsubishi ကားကုမ္ပဏီသည်
မြန်မာစီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သော First Myanmar Investment Company Ltd(FMI) ၏ ညီနောင်ကုမ္ပဏီဖြစ်ပြီး စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Yoma Strategic Holdings Ltd (YSH) တို့နှင့် အကျိုးတူ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တို့တွင် ဝန်ဆောင်မှု စင်တာများ (after sales service) ဖွင့်လှစ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း Mitsubishi Corporation က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဝန်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ပြီး မန္တလေးမြို့နှင့် နေပြည်တော်မြို့တွင် ဆက်လက်
ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းနှင့် ဂျပန်ပညာရှင်များ အပါအဝင် 
နည်းပညာ ကျွမ်းကျင်သူများနှင့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ မော်တော်ကား ဈေးကွက်တွင် Mitsubishi တစ်ပတ်ရစ် ကားများသည် ဈေးကွက် ရရှိပြီး ဖြစ်သော်လည်း ယခုမှ ဝန်ဆောင်မှုစင်တာ ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှနှင့် အာဆီယံ
ဒေသအတွင်း အလားအလာ အကောင်းဆုံး ဈေးကွက်
တစ်ခု ဖြစ်လာပြီး Mitsubishi သည် မြန်မာပြည် ဈေးကွက်တွင်
ဈေးကွက်ဝေစု ပိုမိုရရှိစေရန် အားထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Mitsubishi Motor Corporation သည် Mitsubishi Corporation အုပ်စုဝင် လုပ်ငန်းတစ်ခုဖြစ်ပြီး ၁၉၇ဝ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ကာ လက်ရှိအချိန်တွင် ပိုင်ဆိုင်မှုတန်ဖိုးယန်း ၆၅၇ ဘီလျံ ရှိသည်။
မော်တော်ယာဉ်၊ စက်ပစ္စည်း အစိတ်အပိုင်းများ၊ စက်မှုလုပ်ငန်းသုံး
မော်တော်ယာဉ်များ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး မော်တော်ယာဉ်များနှင့် စက်ပစ္စည်း အစိတ်အပိုင်းများ အဓိကထုတ်လုပ်နေပြီး ယခင်နှစ်က ယန်း ၁၈ဝ၇ ဘီလျံဖိုး ရောင်းချခဲ့သည်။

Mitsubishi နှင့် အကျိုးတူ ပူးပေါင်းခဲ့သည့် FMI နှင့် YOMA တို့သည် SPA အုပ်စုဝင် ကုမ္ပဏီများ ဖြစ်ပြီး Mr.Serge Pun (ဦးသိမ်းဝေ) က ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည်။ FMI သည် မြန်မာနိုင်ငံ၏ ထိပ်တန်း အများပိုင် လုပ်ငန်းဖြစ်ပြီး အစုရှယ်ယာ ပိုင်ရှင်ပေါင်း ၄၇ဝဝ ဝန်းကျင် ရှိပါသည်။ ထိုလုပ်ငန်းကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေ၊ မော်တော်ယာဉ် ဖြန့်ချိရေး လုပ်ငန်းများ အပါအဝင် လုပ်ငန်းနယ်ပယ် ခုနစ်ခု လုပ်ကိုင်လျက်ရှိသည်။

Yoma Strategic Holdings Ltd ကို ၂ဝဝ၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စီးပွားရေး လှုပ်ရှားမှု အနေနှင့် မြန်မာနှင့် တရုတ် နိုင်ငံတို့တွင် အိမ်ခြံမြေ၊ လယ်ယာစိုက်ပျိုးရေး၊ မော်တော်ယာဉ်
ဖြန့်ချိရောင်းဝယ်ရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်သည်။

SPA အုပ်စုသည် အခြားဂျပန် ကားကုမ္ပဏီများဖြစ်သည့် Nissan နှင့် 
Suzuki တို့၏ ဝန်ဆောင်မှု စင်တာများကိုလည်း လုပ်ကိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် Toyota, Nissan, Honda, Suzuki, Mercedes ကားကုမ္ပဏီများ၏ ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် အသုံးပြုမှု များသော Mitsubishi ကားများမှာ Pajero, Canter, Challenger, Galant, Lancer, Eclipse, Delica, Colt တို့ဖြစ်သည်။

Eleven Media Groupဂျပန်ကားကုမ္ပဏီ တစ်ခုဖြစ်သော Mitsubishi ကားကုမ္ပဏီသည်မြန်မာ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သော First Myanmar Investment Company Ltd(FMI) ၏ ညီနောင်ကုမ္ပဏီဖြစ်ပြီး စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Yoma Strategic Holdings Ltd (YSH) တို့နှင့် အကျိုးတူ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တို့တွင် ဝန်ဆောင်မှု စင်တာများ (after sales service) ဖွင့်လှစ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း Mitsubishi Corporation

ပုဇွန်တောင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်အလိုက် ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်းသွားမည်

Photo: ပုဇွန်တောင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်အလိုက် ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်းသွားမည်
Friday, February 15, 2013

ယာဉ်တိုက်မှုဖြစ်စဉ်များကို စစ်ဆေးအရေးယူသည့် ပုဇွန်တောင်မြို့နယ်
၅၁ လမ်းရှိ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်များအလိုက် သက်ဆိုင်ရာ ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

ယင်းသို့ ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းရခြင်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးမြှင့်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်နှင့်ဆက်စပ် ယာဉ်တိုက်မှုဖြစ်စဉ်များကို ယခင်က ၅၁ လမ်း၊ ယာဉ်မှုစစ်ဌာနတွင်သာ ဆောင်ရွက်ခဲ့ကြပြီး ယခုအခါတွင် မြို့နယ်များအလိုက် တိုးချဲ့ဖွဲ့စည်းထားသည့် ယာဉ်ထိန်း
တပ်ဖွဲ့ စုမှူးရုံးများတွင်သာ ဆောင်ရွက်ရတော့မည်ဖြစ်သည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ယာဉ်မှုစစ်ဌာနများ ထားရှိရခြင်းအပေါ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယ တိုင်းတပ်ဖွဲ့ခွဲမှူးက ''အခု ယာဉ်နဲ့ ဆက်စပ်ယာဉ်တိုက်မှုတွေ ဖြစ်ပွားခဲ့ရင် သက်ဆိုင်ရာမြို့နယ်တွေမှာပဲ အမှုဖွင့်ရမယ်။ တရားစွဲဆိုမှုတွေ၊ ရုံးထိုင် စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ မြို့နယ်တွေမှာ ဒုရဲမှူးအဆင့်ရှိတဲ့ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးတွေ ဦးဆောင်တဲ့ ဌာနတွေ ဖွဲ့စည်းထားပါတယ်။ လတ်တလောမှာ နေရာအခက်အခဲ ရှိတဲ့အတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးတွေရဲ့ အကူအညီနဲ့ မြို့နယ်
ရဲစခန်းတွေမှာပဲ ယာဉ်ထိန်းဌာနတွေ ထားရှိထားပါတယ်'' ဟု ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အကျယ်အဝန်းနှင့် လူဦးရေပေါ် မူတည်၍ မြို့နယ် ရဲတပ်ဖွဲ့စခန်းများတွင် ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၁ဝ ဦးမှ ၃ဝ ဦးအထိ ဖွဲ့စည်းထားရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားကို ဦးရေ
၁၄ဝဝ ထိ တိုးချဲ့သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီကုန်တွင် ၁၁၄ ဦးကို ထပ်မံတိုးချဲ့သွားမည်ဟုရဲမှူးသာဌေးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ၌ ယာဉ်တိုက်မှု ၁၂၁ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကျား ၁၇ ဦး၊ မ ခြောက် ဦး၊ ဒဏ်ရာရရှိသူ ကျား ၁၃၂ ဦး နှင့် မ ၇၂ ဦး ရှိခဲ့သည်။

Eleven Media Groupယာဉ်တိုက်မှုဖြစ်စဉ်များကို စစ်ဆေးအရေးယူသည့် ပုဇွန်တောင်မြို့နယ်
၅၁ လမ်းရှိ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်များအလိုက် သက်ဆိုင်ရာ ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်းဆောင် ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
ယင်းသို့ ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်း ရခြင်းမှာယာဉ်ထိန်းရဲတပ်ဖွဲ့၏ဖွဲ့စည်းပုံတိုးမြှင့်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ရုရှား နိုင်ငံ မြောက်ပိုင်းမှ လေယာဉ်သည် အာတိတ် သမုဒ္ဒရာ အတွင်း ကင်းလှည့်ခြင်းအား စတင် ဆောင်ရွက်

ရုရှား နိုင်ငံ မြောက်ပိုင်း သင်္ဘောစုမှ လေယာဉ်သည် အာတိတ် သမုဒ္ဒရာ အတွင်း ကင်းလှည့်ခြင်းအား စတင် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ဗိုလ်ကြီး Vadim Serga က ဖေဖော်ဝါ ရီလ ၁၄ ရက် နေ့ တွင် ပြောကြား ခဲ့ပါ သည်။

တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးကြီး ဆုံးမှာ ပညာရေး ကဏ္ဍ တိုးတက် မြင့်မား ရေး ပင်ဖြစ် ဆရာ၊ ဆရာမ များမှ ပညာရပ် များကို အစဉ် လေ့လာ သင်ယူရန်လို


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ် ခင်အောင်မြင့်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်ကြသည့် ဦးရဲထွန်း၊ ဦးစောသိန်းအောင်၊ ဦးစတီဗင် သာဘိတ်နှင့် ဌာန ဆိုင်ရာ အကြီး အကဲများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာ ခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ရှိ ကလေး လေဆိပ်သို့ ရောက်ရှိကြသည်။

ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြု


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၉/၂ဝ၁၃)
၁၃၇၄ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်
(၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ရာထူးမှ နုတ်ထွက် ခွင့်ပြုခြင်း
ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ လူမှုရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတင်စိုးအား ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၆၃ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသဖြင့် တိုင်းဒေသကြီး ဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည်။

(ပုံ)သိန်းစိန်

နိုင်ငံတော် သမ္မတ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

http://bit.ly/YlKZFU

တူရကီ- ဆီးရီးယား နယ်စပ်တွင် လူ ၁၄ ဦး သေဆုံးခဲ့သော ကားဗုံး ပေါက်ကွဲမှု

တူရကီ- ဆီးရီးယား နယ်စပ်တွင် လူ ၁၄ ဦးသဆုံးခဲ့သော ကားဗုံး ပေါက်ကွဲ မှု ဖြစ် ပွား ပြီးနောက် တူရကီ Cilvegozu နယ်စပ်ဂိတ် အား ပြန်လည်ဖွင့်လှစ် ခဲ့ကြောင်း Dogan သတင်း ဌာနက ဖေဖော်ဝါရီလ ၁၄ ရက် နေ့တွင် ဖော်ပြ ခဲ့ပါသည်။

လွှတ်တော် အတွင်း ဒီမိုကရေစီ ဖော်ဆောင် နေမှု၊ လူ့အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး

 
ယနေ့ညနေ ၃ နာရီတွင် ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်းအား မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ Mr.Tomas Ojea Quintana ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ လွှတ်တော် ကော်မတီ အဆောင် အမှတ် (၂ဝ)၌ လာရောက် တွေ့ဆုံသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် UNFC အဖွဲ့တို့ ယခုလ ၂၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်

Photo: ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် UNFC အဖွဲ့တို့ 
ယခုလ ၂၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်
Friday, February 15, 2013
    
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တို့သည်
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံ
ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                    

အစိုးရနှင့် UNFC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး
ဒေါက်တာမင်းဇော်ဦးက "ကျွန်တော်တို့ UNFC နဲ့ဆွေးနွေးဖို့ ဒီလ ၂၀ ရက်နေ့ကို ပြောထားတယ်။ အဲဒီနေ့မှာ ဆွေးနွေးနိုင်ဖို့ များပါတယ်" ဟု ဖေဖော်ဝါရီလ ၁၄ ရက်က ပြောကြားခဲ့သည်။                

အစိုးရအဖွဲ့မှ ဖေဖော်ဝါရီလ ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့မှုအား လက်ခံခဲ့ကြောင်း UNFC အဖွဲ့ကလည်း သတင်းထုတ်ပြန်ခဲ့ပြီး ယင်းသို့ဆွေးနွေးရေး လုပ်ဆောင်ရန် UNFC အဖွဲ့ဝင်များသည် အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၃) ရက်အထိ ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပခဲ့ပြီး အဖွဲ့ဝင်ပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။                

အစိုးရအဖွဲ့နှင့် UNFC အဖွဲ့တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို 
၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ထိုင်းနိုင်ငံ၌ပင် ပြုလုပ်ခဲ့ပြီး နိုင်ငံရေး
ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေး သဘောတူညီမှု ရရှိခဲ့သည်။       

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် UNFC အဖွဲ့တို့
အကြား နိုင်ငံရေးအကြို ဆွေးနွေးပွဲများ ပြုလုပ်ရန် ဇန်နဝါရီလအတွင်းက  အစိုးရဘက်မှ ကမ်းလှမ်းထားသော်လည်း ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။                  

ဖေဖော်ဝါရီလ ၄ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ
ရွှေလီမြို့တွင် ဆွေးနွေးပြီးနောက်ပိုင်း ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရန်
UNFC က အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။                

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်
ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) စသည့်လက်နက်ကိုင် အင်အားတောင့်တင်းသည့် အဖွဲ့များ ပါဝင်သည်။       

ထို့ပြင် ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်လပ်ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ "၀" အမျိုးသား အဖွဲ့ချုပ် (WNO)နှင့် ကချင်အမျိုးသား အစည်းအရုံး (KNO) စသည့် အဖွဲ့များက ဆက်စပ်အဖွဲ့များအဖြစ် ရပ်တည်လာခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် အခိုင်အမာ အဖွဲ့ဝင် ၁၂ ဖွဲ့ရှိကြောင်း သိရသည်။

Eleven Media Groupပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီUNFC အဖွဲ့တို့သည်ဖေဖော် ၀ါရီလ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရနှင့် UNFC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူးဒေါက်တာမင်းဇော်ဦးက "ကျွန်တော်တို့ UNFC နဲ့ ဆွေးနွေးဖို့ဒီလ၂၀ရက်နေ့ကို ပြောထားတယ်။အဲဒီနေ့ မှာ ဆွေးနွေးနိုင်ဖို့

တောင်အာဖရိက အိုလံပစ်အပြေးသမားကို လူသတ်မှုနဲ့ တရားစွဲဆို

Photo: တောင်အာဖရိက အိုလံပစ်အပြေးသမားကို လူသတ်မှုနဲ့ တရားစွဲဆို
Friday, February 15, 2013

တောင်အာဖရိကနိုင်ငံက အိုလံပစ်အပြေးသမား Oscar Pistorius ကို လူသတ်မှုနဲ့ ရဲက စွဲချက် တင်လိုက်ပါတယ်၊ သူ့ရဲ့ နေအိမ်မှာ အမျိုးသမီး
တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီးနောက်မှာ ခုလို ရဲက သူ့ကို စွဲချက်တင်လိုက်တာလဲဖြစ်ပါတယ်၊ Pretoria မှာရှိတဲ့ Pistorius ရဲ့ နေအိမ်ထဲကို အပြင်က အတင်းအဓမ္မ ဝင်ရောက်ဖို့ ကြိုးစားတဲ့ 
လက္ခဏာ မတွေ့ရတဲ့အတွက် တခြား သံသယဖြစ်စရာလူ မရှိဘူးလို့
တောင်အာဖရိကရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ 

သေဆုံးသူ အမျိုးသမီးနဲ့ Pistorius ၂ ယောက်တည်းပဲ အိမ်ထဲမှာ ရှိကြတယ်လို့ ပြောပြခဲ့တာပါ၊ သေဆုံးသူဟာ Oscar Pistorius ရဲ့
ချစ်သူ Reeva Steenkamp ဖြစ်တယ်လို့ ဒေသခံသတင်းတွေက
ပြောပါတယ်။ သေနတ်ပစ်ခတ်တဲ့အချိန်မှာ သူတို့အိမ်ထဲက ရန်ဖြစ်
အော်ဟစ်သံတွေကို အိမ်နီးချင်းတွေ ကြားရတယ်ဆိုတာကို 
ရဲက အတည်ပြုပါတယ်။

ခြေထောက် ၂ ဖက်လုံး ပြတ်နေတဲ့ အသက် ၂၆ နှစ်အရွယ် Pistorius ဟာ ပြီးခဲ့တဲ့August လက လန်ဒန် အိုလံပစ်မှာ ဝင်ရောက် အပြေးပြိုင်ခဲ့လို့ 
Olympic သမိုင်းတွင်ခဲ့သူပါ၊ သံပြားကို ကွေးထားတဲ့ပုံစံ အဆင်မြင့်
ခြေတုတပ်ပြီးပြေးခဲ့လို့ သူ့ကို Blade Runner လို့ လူသိများခဲ့ပါတယ်။

ဗွီအိုအေတောင်အာဖရိကနိုင်ငံက အိုလံပစ်အပြေးသမား Oscar Pistorius ကို လူသတ်မှုနဲ့ ရဲက စွဲချက် တင်လိုက်ပါတယ်၊ သူ့ရဲ့ နေအိမ်မှာ အမျိုးသမီး တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီးနောက်မှာ ခုလို ရဲက သူ့ကို စွဲချက်တင်လိုက်တာလဲဖြစ်ပါတယ်၊ Pretoria မှာရှိတဲ့ Pistorius ရဲ့ နေအိမ်ထဲကို အပြင်က အတင်းအဓမ္မ ဝင်ရောက်ဖို့ ကြိုးစားတဲ့ လက္ခဏာ မတွေ့ရတဲ့အတွက် တခြား သံသယဖြစ်စရာလူ မရှိဘူးလို့တောင်အာဖရိကရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

Friday, February 15, 2013

တောင်သူလယ်သမားဆေးရုံ တည်ဆောက်မယ့်မြေပေါ် ကုမ္ပဏီများ ကျူးကျော်



  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း ၁၇ ရပ်ကွက် ကွင်းအမှတ် ၄၅၄ ဦးပိုင်အမှတ် ၂၄/ဃ၊ ၂၄/င၊ ၂၄ တို့မှာရှိတဲ့ လယ်သမားဦးထွန်းရှိန်ပိုင် မြေဧက စုစုပေါင်း ၃၅ ဧကကို  အခုအခါ ရွှေဟိန်းထက်ကုမ္ပဏီ၊ ရွှေခတ်တိုးတက်ရေး ကုမ္ပဏီနဲ့ ကညန တို့ ပူးပေါင်းပြီး ခွဲဝေသိမ်းယူနေမှု ဖြစ်ပွားနေပါတယ်။ လယ်ကွက် သုံးကွက်ပေါင်း တဆက်တစပ်တည်း မြေဧက ၃၅ ဧကကို အခုလိုမျိုး ခွဲဝေသိမ်းယူနေရာမှာ နောက်ဆုံး လက်ကျန် ၁၇ ဧကကိုတော့ လယ်သမားကြီး ဦးထွန်းရှိန် က တောင်သူလယ်သမားဆေးရုံအဖြစ် မတည် ဆောက်လုပ်ဖို့ မြေနေရာကို လှူဒါန်းမယ်လို့ ပြောဆိုပြီးကာမှ အခုလို မြေယာ ပိုင်ဆိုင်မှု ပြဿနာ ဖြစ်ပေါ် လာတာလဲ ဖြစ်ပါတယ်။ အခုအခါ ရွှေဟိန်းထက်ကုမ္ပဏီမှ လယ်သမားကြီးဦးထွန်းရှိန်ပိုင် မြေယာတွေကို အိုးအိမ်ဦးစီးဌာနနဲ့ ပူးပေါင်းပြီး ကုမ္ပဏီပိုင်ရှင် သူဌေးရဲ့ သမီးနှစ်ဦး နာမည်နဲ့ ပြောင်းလဲထားလိုက်တဲ့ အတွက် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးမှာ တရားမကြီးမှု အမှတ် ၁၂၂၆/၂၀၀၀ နဲ့ တရားရင်ဆိုင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီလို တရား ရင်ဆိုင်နေတဲ့ အချိန်မှာပဲ ကုမ္ပဏီပိုင်ရှင်ဘက်က လယ်သမားပိုင် မြေယာပေါ် အတင်းအဓမ္မ အုတ်တံတိုင်းဝင်ခတ်ပြီး အဆိုပါမြေယာတွေက မြေကြီးတွေကို တူးဖော် ရောင်းစားမှုတွေ ပြုလုပ်နေပါတယ်။ အခုလိုဖြစ်ပျက်နေတဲ့အပေါ် လယ်ယာမြေစုံစမ်းရေးကော်မရှင်ထံ တင်ပြထားပေမဲ့ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက် အခုလို အုတ်တံတိုင်းတွေ ကာရံနေတဲ့ အပေါ် လယ်သမားကြီးကတော့ သူပိုင်လယ်မြေပေါ်ကနေ ဖယ်ရှားမပေးဘူးလို့ ပြောဆိုနေပါတယ်။

ပြည်ရွှေဘို အများပိုင်ကုမ္ပဏီ ကျပ်သိန်းပေါင်း ၁၀,၀၀၀ ဖြင့် မတည်

ရန်ကုန် (မဇ္ဈိမ)။          ။ ပြည်ရွှေဘို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက်က ရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ်သိန်းပေါင်း ၁၀,၀၀၀ ဖြင့် စတင်မတည် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အစုရှင်ယာဝင်များထံမှ သိရသည်။

“ပြည်ရွှေဘို ဘက်စုံဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီကို ကျပ်သိန်းပေါင်း တသောင်းနဲ့ ၂၀၁၃ ခုနှစ်၊ မတ်လဆန်းမှာ စတင်လုပ်ကိုင်ပါမယ်” ဟု အေအုပ်စု အစုရှယ်ယာတွင် ပါဝင်သည့် ဒါရိုက်တာ ဦးမြင့်အောင် က ပြောသည်။

ယင်းကုမ္ပဏီအနေဖြင့် ဘက်စုံဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများအား
ပြုပြင်ထုတ်လုပ်ခြင်း၊ စည်သွပ်ခြင်း၊ အသားအေးခဲခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း တို့ကို စက်ရုံတည်ထောင်၍ GAHP နှင့် GMP စနစ်များဖြင့် ဆောင်ရွက်ခြင်း၊ မွေးမြူရေး အစားအစာနှင့် ဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်းတို့ကို အဆင့်မီစွာ ထုတ်လုပ်ခြင်းတို့ကို လုပ်ကိုင်သွားမည်ဟု ဆိုသည်။

“မွေးမြူရေးလုပ်ငန်းတွေကို ရွှေဘို အနီးမှာရှိတဲ့ စားကျက်မြေ ဧက ၂၀၀ ပေါ်မှာ လုပ်ကိုင်မှာ ဖြစ်ပါတယ်။ အသားအေးခဲခြင်း၊ စည်သွပ်လုပ်ငန်း၊ နို့နဲ့ပတ်သက်တဲ့ ကုန်ချော ထုတ်လုပ်မှုတွေအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ၅၇ ဧက ကျယ်တဲ့ ဖွဲနုဆီစက်မြေနေရာမှာ လုပ်ကိုင်မှာပါ” ဟု ဒါရိုက်တာ အဖွဲ့ဝင်တဦးက ပြောသည်။

ယင်းကုမ္မဏီအနေဖြင့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေး ထုတ်လုပ်တင်သွင်းရောင်းဝယ်ခြင်း၊ လူသုံး ကုန်ပစ္စည်းများ ထုတ် လုပ်တင်သွင်းရောင်းဝယ်ခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်မည်ဖြစ်သည်။

“အများပိုင်ကုမ္ပဏီအနေနဲ့ လုပ်ကိုင်မယ့် လုပ်ငန်းတွေထဲမှာ လုပ်ငန်းသစ်တွေ ပါဝင်သလို မွေးမြူရေး လုပ်ငန်းလိုဟာတွေ၊ တိရိစ္ဆာန်အစာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေဆို လုပ်ကိုင် လည်ပတ်နေတဲ့ လုပ်ငန်းသမားတွေက လာရောက်ပူးပေါင်းလုပ်ကိုင်ကြတာ ဖြစ်ပါတယ်” ဟု ဦးမြင့်အောင် က ဆက်လက်ပြောဆိုသွားသည်။

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး အဆင့် ၅ နေရာသို့ မြန်မာရောက်လာနိုင်

ရန်ကုန် (မဇ္ဈိမ)။       ။ မြန်မာနိုင်ငံမှ ဆန်များကို ပြည်ပနိုင်ငံများသို့ လက်ရှိဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၁၅၀,၀၀၀ တင်ပို့သွားနိုင်ရန် မျှော်မှန်းထား၍ ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံး နိုင်ငံများထဲတွင် ပဉ္စမနေရာသို့
ရောက်ရှိလာနိုင်ခြေရှိကြောင်း ဆန်ဈေးကွက် စောင့်ကြည့် လေ့လာသူများထံမှ သိရသည်။

“ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ လကုန်အထိ ဆန်နှင့် ဆန်ထွက်ပစ္စည်း တန် ၁.၀၁ သန်း တင်ပို့
နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ် သုံးလအတွင်း ဆက်လက် တင်ပို့မှုတွေနဲ့ ပေါင်းလိုက်ရင် ဘဏ္ဍာနှစ်ကုန်မှာ ဆန်တန်ချိန် ၁၅၀,၀၀၀ တင်ပို့နိုင်မယ် မှန်းထားပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်
ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတဦးက ပြောသည်။

မြန်မာနိုင်ငံမှ ဆန်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ပင်လယ်ရေကြောင်းလမ်းအပြင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကပါ တင်ပို့ရောင်းချလျက်ရှိသည်။

“ဒီနှုန်းအတိုင်း ဆန်တန် ၁၅၀,၀၀၀ ပို့နိုင်မယ်ဆိုရင် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး နိုင်ငံတွေရဲ့ စာရင်းမှာ နံပါတ် ၉ နေရာကနေ ဥရုကွေး၊ ကမ္ဘောဒီးယား၊ ဘရာဇီး နိုင်ငံတွေကို ကျော်ပြီး ပဉ္စမ နေရာကို ရောက်ရှိလာနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာစိုးထွန်း က ပြောသည်။

၂၀၁၃ ခုနှစ်၊ မတ်လအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ငါးသိန်း တင်ပို့ ရောင်းချရန်အတွက် လက်မှတ်
ရေးထိုးရန် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ဂျပန် အစိုးရက ခေါ်ယူတဲ့ ဆန်ဝယ်ယူတင်သွင်းမည့် တင်ဒါမှာ မြန်မာ လယ်ယာစီးပွား အများပိုင် ကော်ပိုးရေးရှင်း
နဲ့ မစ်ဆူရီ ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆန်တန်ချိန် ၅,၀၀၀ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ၁၀ မှတ်ဆန် တန် ၅,၀၀၀ ကို မတ်လ အကုန်မှာ တင်ပို့သွားပါမယ်” ဟု ဒေါက်တာ စိုးထွန်း က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံမှ ဆန်များကို အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ရုရှားနှင့် အာဖရိက နိုင်ငံများသို့
ရေကြောင်းလိုင်းမှ တင်ပို့လျက်ရှိပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့မူ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ တဆင့် အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ် အောက်ပိုင်း ညစ်ညမ်း၍ အောင်လံဒေသခံများ သောက်ရေခက်ခဲ

အရက်ချက် စက်ရုံ နှင့်  ဇီးခွဲစက်  အချို့လည်ပတ်နေခြင်းကြောင့် ဧရာဝတီမြစ် အောက်ပိုင်း ရေညစ်ညမ်းမှုနှင့် 
ရေစီးဆင်းမှု   ပြောင်းပြန်ဖြစ်ကာ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း အောင်လံဒေသခံများက
ပြောသည်။

အောင်လံမြို့ တွင်းရှိ UKT အရက်ချက် စက်ရုံနှင့်  မြို့ ပြင် ရှိ ဇီးခွဲစက် အချို့ မှ စွန့်ပစ်အရည်နှင့်  အစိုင်အခဲအချို့ ကြောင့်  ဧရာဝတီမြစ်ရေအား သောက်ရေနှင့်  ချိုးရေအဖြစ် သုံးစွဲ၍ မရတော့ ကြောင်း အောင်လံဒေသခံ ဒေါ်ဥမ္မာ
ကပြောသည်။

“အရက်ချက် စက်ရုံက စွန့်ပစ်ရေတွေကို ချောင်းထဲက တစ်ဆင့် မြစ်ထဲကို ပစ်တယ်။ ဇီးခွဲစက်တွေက ဇီးဖတ်တွေက လည်း မြစ်ထဲကို မျောပါလာတာ တွေရှိတယ်။အဲဒီတော့  ဧရာဝတီ မြစ်က ရေတွေက ၀ါလာတယ်။ သောက်လို့ မရ
တော့တဲ့ အပြင် ချိုးရင်တောင်မှ ယားလာတယ်။ ”ပာု အောင်လံမြို့  မန်ချက်စတာ ထမင်းဆိုင်ပိုင်ရှင် ဒေါ်ဥမ္မာက
ပြောသည်။

အဆိုပါ အ၀ါရောင် သန်းသည့်  ရေများအား သောက်သုံးမှုများကြောင့်  ဒေသခံ ကလေးငယ်အချို့  ၀မ်းရောဂါများ
နှင့် ခံစားမှုများရှိလာကြောင်း ဒေသခံများကဆိုသည်။

ထိုကြောင့်  အောင်လံဒေသမှ ဒေသခံ အချို့ သည် သောက်သုံးရေ ခက်ခဲမှုကြောင့်  ရေစည်တစ်စည်အား ငွေငါးရာ
ဖြင့် ဝယ်ယူသုံးစွဲရကာ မီးသတ်တပ်ဖွဲ့နှင့်  ငွေကြေးချမ်းသာသူဒေသခံ များက လှုဒါန်းလျှက် ရှိကြကြောင်း သိရ
သည်။

ရေခက်ခဲမှုဖြစ်နေသော အောင်လံမြို့ ရှိ ဒေသများမှာ စမ်းချောင်း၊စက်ရုံ၊ ရထောင်၊သရော်ကုန်း စသည်ရပ်ကွက်
တို့ ဖြစ်ပြီး တန်ဘိုး၊ပန်းမတောက်၊ပိတောက်ကုန်း စသည်ရွာများလည်းပါဝင်ကြောင်း စုစုပေါင်းလူဦးရေ တသောင်းခွဲ
ခန့်  ရေဘေးဒုက္ခ ခံစားနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဧရာဝတီမြစ်အတွင်းမှ သောက်သုံးရေ ညစ်ညမ်းမှုသည် UKTအရက်ချက်စက်ရုံနှင့်  မသက်ဆိုင်ကြောင်း ၎င်းတို့  စက်ရုံမှ  စွန့်ထုတ်ရေများသည် သန့်စင်ပြီးသားဖြစ်ကြောင်း  UKT အရက်ချက်စက်ရုံမှ ဆိုသည်။

“ကျွန်တော်တို့ စက်ရုံက တည်ထောင်လာတာအနှစ် ၂၀လောက်ရှိပြီ။စွန်ပစ်ရေတွေကို အမြဲ သန့်စင်ပြီးမှ ပစ်တယ် ”ပာု UKT အရက်ချက် စက်ရုံပိုင်ရှင် ဦးကန်ထွန်းက ပြောသည်။

UKT အရက်ချက်စက်ရုံသည် ၀ီစကီ ကုန်ကြမ်း အရက်ကြမ်းများထုတ်လုပ်သောစက်ရုံဖြစ်ပြီ ရေသန့် ပါ ထုတ်လုပ်
ကြောင်းနှင့် အဆိုပါ ရေသန့်စင်မှု ပြုလုပ်ပြီး အခြားစွန့်ပစ်ရေများမှာ သန့် စင်မှုရှိသော်လည်း တင်လဲရေအရောင် ကျန်ရှိလျက် ရှိကြောင်း သိရသည်။

ထိုပြင် ဇီးခွဲစက် လုပ်ငန်းများမှာလည်း မြစ်ရေ ညစ်ညမ်းစေသည့် အတွက် အာဏာပိုင်များမှ ဖိအားပေးမှုများ
ကြောင့် စက်အများအပြား ပိတ်သိမ်းခဲ့ ရပြီး ယခု တစ်စက်သာလည်ပတ်နေကြောင်း အောင်လံမြို့ နယ်အုပ်ချုပ်
ရေးရုံးမှ ဒုဦးစီး ကဆိုသည်။

“ကျွန်တော်တို့ ဇီးခွဲစက်တွေကို တားမြစ်နေပါပြီ။ အခု စက်တစ်စက်ဘဲ ကျန်တော့ ပါတယ်။ ”ပာုအထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

အဆိုပါ တာဝန်ရှိသူများသည် အရက်ချက် စက်ရုံအား ၀င်ရောက်စစ်ဆေးခဲ့ ကြောင်း ၊စစ်ဆေးမှု အချက်အလက်နှင့်
ပြည့်စုံမှုရှိခဲ့ကြောင်း ဒုဦးစီး၏ ပြောကြားချက်အရ သိရသည်။

ထိုပြင် ဧရာဝတီမြစ်သည်  အဆိုပါဆိုးကျိုးများ ခံ စားနေရခြင်းကြောင့်  မြစ်ကောမှုနှင့်  ရင်ဆိုင်နေရကာ တောင်မှ
မြောက်သို့  စီးဆင်းသော ရေသည် မြောက်မှ တောင်သို့  ပြောင်းပြန်စီးဆင်း နေကြောင်းဒေသခံများက ဆိုသည်။

ဧရာဝတီမြစ်သည် ယခုကဲ့သို့ ကောလာခြင်းနှင့်  ဆယ်နှစ်ကျော် ရင်ဆိုင်လာရကြောင်း သို့ သော် ယခုနှစ်သည်
မြစ်ကောမှု အခြေအနေ အဆိုးဆုံးနှစ်ဖြစ်ကြောင်း  ဒေသခံ ပန်းချီဆရာ ကိုယဲယဲ က ပြောသည်။

ဘိုကလေးချောင်းတာတမံနှင့် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန်ခွင့်ရရန် နိုင်ငံတော် သမ္မတထံတောင်းဆို

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ ဘိုကလေးကျေးရွာတွင် ဆောင်ရွက် အကောင်အထည်ဖော်မည့် ဘိုကေလေးချောင်းတာတမံနှင့် ရေးအားလျှပ်စစ် စီမံကိန်းတည်ဆောက်ခွင့်ရရန် နိုင်ငံတော်သမ္မတထံသို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တောင်းဆိုစာပေးပို့ခဲ့ကြောင်း သိရသည်။
Bo Kalay
" ဘိုကလေးချာင်း တာတမံနှင့် ရေးအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ခွင့်ပြုရန်၊ ဒေသခံပြည်သူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် စက်ရုံဆယ်ရုံ တည်ဆောက်သွားမယ်၊ ဒေသဖွံ့ဖြိုးရေးတွေလုပ်သွားမယ်ဆိုပြီး ဒေသခံပြည်သူတွေ၊ ရဟန်းသံဃာတွေ လက်မှတ် (၃၀၀)နှင့်အတူ ဖေဖော်ဝါရီ ဆယ်ရက်နေ့က သမ္မတဆီကို ဘိုကလေးဆရာတော်ကိုယ်တိုင် သွားရောက်စာတင်ခဲ့တယ်။ " ဟု သဇင်ရွှေရိုးမ ဒေသဖွံ့ဖြိုးရေး ကုမ္မဏီလီမီတက်၏ ဒါရိုက်တာ ဦးတင်ဦးမှ ပြောသည်။
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ ဘိုကလေးရွာမှ ဦးဆောင် အကောင်အထည်ဖော်ဆောင်နေသော သံတွဲခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ့နွမ်းပါးမှု လျှော့ချရေး စီမံချက်အနေဖြင့် ဘိုကေလေးချောင်းတာတမံနှင့် ရေးအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေး ကူညီဆောင်ရွက်ပေးရန် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့က ဘိုကလေးရွာ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ သမ္မတထံသို့ စာတမ်းတစ်စောင် ပေးပို့ခဲ့ကြောင်းသိရသည်။
စီမံကိန်းအားအကောင်အထည်ဖော်ရန် ရည်ရွယ်ချက်မှာ ကျေးလက်ဒေသနေ ပြည်သူများ လျှပ်စစ်မီး အသုံးပြုခွင့်ရရှိစေရန်၊ ဒေသတွင်းတွင် စက်ရုံ၊ အလုပ်ရုံများ ပေါ်ပေါက်လာပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရကာ ၀င်ငွေများတိုးပွါးလာစေရန်၊ ဒေသတွင်းတွင် ပညာရေး၊ ကျန်မာရေး ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရှိလာနိုင်စေရန် ရည်ရွယ်ကြောင်း ဦးတင်ဦးမှပြောသည်။
ဘိုကလေးချောင်းတာတမံနှင့် ရေအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဆိုပါက အလုပ်သမား ၄၀၀၀ခန့် အလုပ်ခန့်ထားနိုင်သော (က) တန် (၁၀၀)ကျရေခဲစက်၊ (ခ) တန်( ၁၅၀၀) ဆန့် အအေးခန်းစက်ရုံ၊ (ဂ) (၃) တန်ကျ စည်သွပ်စက်ရုံ၊ (ဃ) (၃) တန်ကျ ပဲဆီထုတ်စက်၊ (င) တန်(၃၀) ကျ စပါးပေါင်းစက်ရုံ၊ (စ) တိရိစ္ဆာန် အစာစက်ရုံ၊ (ဆ) သစ်အချောထည်စက်ရုံ၊ (ဇ) အုပ်ဖုတ်စက်ရုံ၊ (ဈ) အချိုရည်စက်ရုံ၊ (ည) ဆပ်ပြာစက်ရုံ၊ (၁၀) ရုံအား သဇင်ရွှေရိုးမ ကုမ္မဏီက တည်ဆောက်နိုင်မည်ဖြစ်ပြီး ကုန်ကျမည့် ငွေကြေးများအား ပြည်ပနိုင်ငံ ကုမ္မဏီများနှင့် ချိပ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော် အစိုးရ၏ စီမံချက်ဖြင့် ဘိုကလေးချောင်း တာတမံနှင့် ရေအားလျှပ်စက်စီမံကိန်းအား ၂၀၀၈ မှ ၂၀၁၂ ထိ ဆာဗေးတိုင်းထွာခြင်း၊ ဘူမိဗေဒ အဖွဲ့မှမြေတူးစမ်းသပ်ခြင်း၊ မိုးလေ၀ါသနှင့် ဇလဗေဒ ဦးစီးအဖွဲ့မှ မိုးရေချိန် သတ်မှတ် တိုင်းတာခြင်းတို့ကို ပြုလုပ်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဒီဇိုင်းဌာနမှ တာတမံ၏ ဒီဇိုင်းရေးဆွဲ ကုန်ကျမှု တွက်ချက်ပြီးဖြစ်ကြောင်း သိရသည်။
ဘိုကလေးချောင်းတာတမံသည် ဘိုကလေးကျေးရွာ ဧရိယာ အတွင်းတွင် တည်ရှိပြီး တာတမံအမြင့်မှာ ပေ (၂၅၀)၊ အကျယ်အ၀န်းမှာ ပေ (၉၀၀)၊ ရေလှောင် ဧရိယာ (ရေ၀ပ်ဧရိယာ) စတုရန်းမိုင် (၄) မိုင်၊ ရေလှောင်ဧကပေသည် ကန်ရေပြည့် (၁၄၅၀၀) ဧကပေရှိပြီး တောခြုံ၊ ၀ါးတောနှင့် စိုက်ပျိုမြေ ဥယျဉ်ခြံနှင့် လယ်ဧက ၂၅ ဧက ပါဝင်ကြောင်းသိရသည်။
နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဗဟိုကော်မတီအား ဖွဲ့စည်းကာ (က) လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ( ခ ) မွေးမြူရေးနှင့်သားငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ( ဂ ) ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ (ဃ) အသေးစား ပုဂ္ဂလိကငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ( င ) သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ( စ ) ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ (ဆ) ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၊ ( ဇ ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်ရှစ်ရပ်အား ချမှတ်ခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၁၁ကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၀ ရက် နေ့က ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာ

ရန်ကုန် (မဇ္ဈိမ)။   ။ ရှမ်းပြည်နယ် အရှေ့ဘက်ရှိ ဒေသများသို့ ကမ္ဘာလှည့် ခရီးသွားများ ယခုနှစ်အတွင်း ပိုမို
လာရောက်ကြောင်း ဒေသခံ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

“ဒီနှစ်ထဲမှာ အမေရိကန်တွေ အတော်များများ ရောက်တယ်။ အရင်နှစ်တွေက အမေရိကန်လူမျိုးတွေ လာရောက်မှု
က မတွေ့ရသလောက်ပါပဲ။ ဧည့်သည် သိပ်မရတဲ့ ဟိုတယ်တွေတောင် ဧည့်သည် အတော်ရလာကြတယ်” ဟု ဟိုတယ်လုပ်ငန်းရှင်များအသင်း-ရွှေတြိဂံဇုန်မှ ဥက္ကဋ္ဌ ဦးစိုးရွှေ က ပြောသည်။

ယခင်က နယ်မြေလုံခြုံရေးနှင့် နိုင်ငံရေးအရ ကန့်သတ်မှုများ ရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲမှုများနှင့်အတူ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ် ဒေသများသို့ နိုင်ငံခြားသား ခရီးသည်များ ဝင်ရောက်မှု များပြား
လျက်ရှိသည်။

“ဧည့်သည် ဝင်ရောက်မှုက မနှစ်ကထက် ၃၀ ရာခိုင်နှုန်းလောက် တိုးလာတယ်။ ဘာ့ကြောင့်လဲဆိုရင် ရခိုင်ဒေသနဲ့ ကချင်ဘက် သွားရောက်လည်ပတ်ဖို့ ရောင်းထားတဲ့ ခရီးသွား လုပ်ငန်းတွေက နိုင်ငံရေး အခြေအနေကြောင့် အဲဒီဒေသတွေကို မပို့တော့ဘဲ ကျိုင်းတုံဘက်ကို ပို့လာကြတယ်” ဟု ဦးစိုးရွှေ က ဆိုသည်။

ကျိုင်းတုံဒေသရှိ ခေမဋ္ဌ ရပ်တော်မူ ဗျာဒိတ်ပေးဘုရား၊ မဟာမြတ်မုနိဘုရား၊ သစ်တစ်ပင်တောင်၊ နောင်တုန်ကန်၊
စော်ဘွားဂူ၊ ရှေးမြို့ရိုး၊ ရိုးရာ ဂျပ်ခုပ်လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများကို လေ့လာလည်ပတ်မှုရှိသည် ဟုဆိုသည်။

“နိုင်ငံခြားသားတွေအဓိက လေ့လာကြတာ အဲန်၊ လားဟူ၊ အခါ၊ အာခူ စတဲ့ တောင်ပေါ်နေ တိုင်းရင်းသားတွေရဲ့ သဘာဝအတိုင်း နိစ္စဓူဝ သွားလာနေထိုင် စားသောက်မှုတွေကို လေ့လာကြတာ များတယ်။ အဲန်လူမျိုးတွေဆို သစ်စေးက ထုတ်တဲ့ ပစ္စည်းနဲ့ သွားကို အမည်း ဆိုးထားတယ်။ ရှေးတုန်းကလို သျှောင်ထုံး ထုံးကြတယ်။ မူလ တိုင်းရင်းသား ဝတ်စုံကိုလည်း အမြဲဝတ်ထားကြတဲ့အလေ့ ရှိတာတွေကို လေ့လာကြတယ်” ဟု Princess Hotel မှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

ရွှေတြိဂံ ဟိုတယ်ဇုန်အတွင်း ကျိုင်းတုံတွင် ဟိုတယ် ၃၂ လုံးနှင့် တာချီလိတ်တွင် ဟိုတယ် ၁၉ လုံး ရှိကြောင်း သိရ
သည်။

စစ်တွေတွင် ရဟန်းတော်များ ၉၆၉ ဂဏန်းဖြင် လှုပ်ရှားမှု ပြုလုပ်


စစ်တွေမြို့ ရဟန်းတော်များ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ ၉၆၉ ဂဏန်းနှင့် သာသနာ့ အမှတ် အသား တံဆိပ်ပါ စာရွက်များကို လူမြင်ကွင်းတွင် ကပ်ပြီး လူပ်ရှားမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
19587_556144777738434_2089472543_n
ထိုလူပ်ရှားမူကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက်က စတင်ခဲ့ကြောင်း၊ လူပ်ရှားရသည့် ရည်ရွယ်ချက်မှာ ရတနာသုံးပါးကို ဗုဒ္ဓဘာသာဝင်များ ပိုမိုဆည်းကပ် လာစေရန် ရည်ရွယ်ကြောင်း လူပ်ရှားမူကို ဦးဆောင်သူ အဆိုပါ ရဟန်းတော် အဖွဲ့ ဥက္ကဌ ဦးဥာဏက ပြောသည်။
“ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က အထွေအထူးတော့ မဟုတ်ပါဘူး။ လူတွေ ဘာသာ တရား အပေါ်မှာ ပိုပြီး အာရုံ စူးစိုက်လာစေရန် နဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ် ထားရာ ဘုရား၊  တရား၊ သံဃာ ရတနာသုံးပါးကို ပိုမိုပြီး ဆည်းကပ်လာစေဖို့ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက်က စတင်ခဲ့သော လူပ်ရှားမူတွင် ဘာသာရေး ဆိုင်ရာ တံဆိပ် အမှတ်အသား များပါ စာရွက်များအား စစ်တွေ- ရန်ကုန် အဝေးပြေးကားဂိတ်ရှိ ကားများတွင် ကပ်ပြီး လူပ်ရှားမူကို စတင်ခဲ့ကြသည်။
“ အကျိုးရလဒ်ကတော့ လူတွေက မိမိ ဘာသာ တရားအပေါ်မှာ မေ့လျော့လာကြတယ်။ ဘာသာ တရား သွင်သင် ဆုံးမမူ အပေါ်မှာလည်း လိုက်နာဖို့ ပျက်ကွက်လာတယ်။ ဒီလို လုပ်တဲ့ အတွက် ဘာသာ တရားရဲ့ အမှတ် သင်္ကေတတွေကို မြင်တော့  ပိုပြီး နိုးနိုးကြားကြား အလေးအနက်ထားလာမယ်။ ဘာသာ တရား အပေါ်မှာ ချစ်ခင် ထိန်းသိမ်းလိုတဲ့ စိတ်တွေ ပိုမို တိုးပွားလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
ရဟန်းတော်များ၏ လူပ်ရှားမူတွင် အသုံးပြုနေသော စာရွက်များ အတွင်း သာသနာအလံကို အခြေခံထားပြီး သာသနာ အလံပေါ်တွင် ၂၄ ပစ္စည်း၊ ၂၄ ပစ္စည်း အထဲတွင်   ၉၆၉  ဂဏန်းကို ရေးဆွဲထားကြောင်းနှင့် ထို အထဲတွင် အသောက မင်းကြီးကျောက်စာတိုင်ကိုလည်း ရေးထိုးထားသည်ဟု ဆိုသည်။
“ ၉၆၉ ရဲ့ အဓိပ္ပါယ်က ဘုရား ဂုဏ်တော် ၉ ပါး၊ တရား ဂုဏ်တော် ၆ ပါးနဲ့ သံဃာ့ဂုဏ်တော် ၉ ပါး ဖြစ်ပါတယ်။ ဒါကို ဖေါ်ညွှန်းတဲ့ အနေနဲ့ ၉၆၉ ကို ရေးထိုးထားပါ” ဟု အရှင် ဦးဥာဏက ဆက်လက် မိန့်ကြားသည်။
ယမန်နေ့ ညနေပိုင်းကလည်း အဆိုပါ လူပ်ရှားမူကို စစ်တွေ သင်္ဘောဆိပ်တွင် ပြုလုပ်ခဲ့ပြီး နေ့စဉ် ရက်ဆက် ဆိုသလို ပြုလုပ်သွားမည်ဟု ဆိုသည်။ ရခိုင်ပြည်နယ် အနှံ့အပြားတွင်လည်း ရဟန်းတော်များက လိုက်ပါ ဆောင်ရွက် ရန် စီစဉ်နေကြသည်ဟု ဆိုသည်။
အာဏာပိုင်များဘက်မှ ယခု လူပ်ရှားမူနှင့် ပတ်သက်ပြီး ကူညီပေးခြင်း မရှိသကဲ့သို့ နှောင့်ယှက်မူလည်း မရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အရေးကိစ္စ သက်ဆိုင်ရာ လူမျိုးစု ၂ စုတို့ ညှိနှိုင်းအဖြေရှာရမည်ဟု ကင်တားနားပြော

မြေပုံဒုက္ခသည် စခန်းအတွင်းရှိ ဒုက္ခသည်များကို မစ္စတာ ကင်တားနားက တွေ့ဆုံမေးမြန်းနေစဉ် (ဓာတ်ပုံ – ငြိမ်းချမ်း / ဧရာဝတီ)
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်နေသော လူမျိုးစု ၂ စု အတူတကွ ပြန်လည် အခြေချ နေထိုင်နိုင်ရေးသည် နိုင်ငံတကာ အဖွဲ့အစည်းများ ၀င်ရောက် ဆောင်ရွက်၍ မရဘဲ ထိုလူမျိုးစု ၂ စုကသာ ဆွေးနွေး ညှိနှိုင်း အဖြေရှာရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ် သို့ ၂ ရက်ကြာ ခရီးသွားရောက်စဉ် ပြောကြားသည်။
ရခိုင်ပြည်နယ် အရေးသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အလွန်အရေးကြီးသော အနေအ ထားတွင် ရှိနေကြောင်း၊ တကမ္ဘာလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း မစ္စတာ ကင်တားနားက မှတ်ချက်ပြုသည်။
စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့သော ဒေသခံလူထုနှင့် တွေ့ဆုံရာတွင် ရခိုင်တိုင်းရင်းသား များဘက်မှ မြို့မိမြို့ဖ ၁၆ ဦး တက်ရောက်ခဲ့ပြီး ဘင်္ဂါလီများဘက်မှ ၁၀ ဦး တက်ရောက်ခဲ့ကြောင်း၊ ပဋိပက္ခ ဖြစ်စဉ်များတွင် ဘင်္ဂါလီဒုက္ခသည် အရေ အတွက် များသောကြောင့် နိုင်ငံတကာ အကူအညီများသည် ဘင်္ဂါလီများဘက်သို့ ပိုမိုရောက်ရှိသွားသည်ကို ၀န်ခံကြောင်း၊ ထို့အတွက် ရခိုင်လူထုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကြား ယုံကြည်မှုတည်ဆောက်ရန် လိုအပ်နေသေးကြောင်း ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် အာရှော့ နီဂမ်က ပြောသည်။
မစ္စတာ ကင်တားနား၏ ခရီးစဉ်သည် ယခင်လာရောက်ခဲ့ခြင်းနှင့် မတူဘဲ ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ အပါအဝင် ရခိုင်လူထုနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့ တွေ့ဆုံစဉ် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းများကို မသုံးဘဲ ဘင်္ဂါလီ ဆိုသည့် အသုံးအနှုန်း ကိုသာ သုံးစွဲ ပြောဆိုခဲ့ကြောင်း၊ ၎င်းအနေဖြင့် ဒုက္ခသည်များ၏ အနေအထားကို စိုးရိမ်မိကြောင်း၊ ယင်း လူမျိုးစု ၂ စု၏ အခြေခံလူ့အခွင့် အရေး မြှင့်တင်ရေးကို စိတ်ဝင်စားသည်ဟု ဆိုကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် စစ်တွေမြို့ခံ ဦးသန်းထွန်းက ပြောသည်။
ဒုက္ခသည်များ အနေဖြင့် တရားဝင် မှတ်ပုံတင် လျှောက်ထားရာတွင် လူမျိုးနေရာ၌ ဘင်္ဂါလီဟု အသုံးပြုပြီး တဦးချင်း အလိုက် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ကြောင်း၊ အစိုးရ၏ ဥပဒေများ အတိုင်း ဖြစ်လာမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ သမိုင်းတွင် မရှိသော ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား ဖြစ်စေရန် နိုင်ငံတကာဖိအားဖြင့် တောင်းဆိုနေသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီ ဘင်္ဂါလီတွေဟာ တဘက်က ခိုးဝင်လာတာမဟုတ်ဘူးလို့ ပြောနေတယ်။ ဒီဆယ်စုနှစ် ၂ ခုအတွင်းမှာ လူဦးရေ ၂ သိန်း ကနေပြီး ၁၀ သိန်းဖြစ်သွားတယ်။ သာမန် လူသားတယောက်ရဲ့မွေးဖွားနှုန်းနဲ့ ဘယ်လို့မှ လက်ခံနိုင်စရာမရှိဘူး။ ပုံမှန် မွေးနှုန်းထက် ပိုနေတဲ့အတွက် ဘယ်က လာတာလဲဆိုတာ စဉ်းစားမိပါသလားလို့ ပြောလိုက်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ လုံခြုံရေးတပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းလိုက်သည်နှင့် ပဋိပက္ခပြန်လည် ဖြစ်နိုင်ချေ ရှိနေသေးသည်ကို မြင်နေရသည့် အတွက် အချိန်အတိုင်းအတာ တခုအထိ လုံခြုံရေး စည်းများခြားပြီး လူမျိုးစု ၂ စုကို ခွဲခြားထားသင့်သည် ဟု မြင်ကြောင်း၊ ပဋိပက္ခလွန် ကာလတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အတူပြန်လည် ယှဉ်တွဲ နေထိုင်ရန် ဘင်္ဂါလီများ ဘက်က လိုလားသော်လည်း ရခိုင်တိုင်းရင်းသားများက လုံးဝလက်ခံနိုင်ခြေ မရှိသေးကြောင်း မစ္စတာ ကင်တားနား၏ အဆိုအရ သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှဘင်္ဂါလီတဦးဖြစ်သည့် ဦးမောင်ဖြူကလည်း ၎င်းတို့သည် နိုင်ငံသားဖြစ်ကြောင်း၊ ထို့အတွက် နိုင်ငံသား အခွင့်အရေးများကို အပြည့်အ၀ လိုချင်ကြောင်း၊ ယခင်ကကဲ့သို့ ကိုယ့်နေရာကိုယ်ပြန်နေပြီး တရားဥပဒေ စိုးမိုးမှုအောက်တွင် လုံခြုံမှုဘ၀ကို ပြန်လည်တည်ဆောက် ချင်ကြောင်း ပြောသည်။
“အချိန်ကာလ တခုအတွင်း ၂ ဘက်စလုံးက အဖြေတခု ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ရခိုင်လူထု အနေနဲ့ လူမျိုးကြီး ၀ါဒကို နည်းနည်းလျှော့လိုက်ရင်တော့ အဖြေတခု ထွက်လာမယ်လို့ မျှော်လင့်တယ်” ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက် ၂ ရက်အကြာ ရခိုင်ပြည် ခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီး အစိုးရအဖွဲ့၊ မြေပုံနှင့် ပေါက်တောမြို့နယ်များ အတွင်းရှိ ကြိမ်လီပြင် ဒုက္ခသည်စခန်း အပါ အဝင် ဒုက္ခသည် စခန်း ၃ ခုသို့ သွားရောက်ကာ ဒုက္ခသည်များနှင့် စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသားတချို့နှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ခရီးစဉ်၏ ပထမနေ့တွင် မစ္စတာ ကင်တားနားသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေ ကိစ္စကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အား အလေးထားမေးမြန်းကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ရခိုင် – ဘင်္ဂါလီ ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံထားရသည့် အကျဉ်းသားများနှင့် စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည့် ကုလသမဂ္ဂ၏ ရခိုင်ပြည်နယ် ဝန်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်တို့၏ အခြေအနေကိုလည်း မေးမြန်းခဲ့သည်။
စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားပေါင်း ၁၄၇၅ ဦးအနက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည့် အကျဉ်းသားပေါင်း ၈၃၇ ဦးရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော


၆၆ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အခမ်းအနားတွင် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများကို ရှင်းလင်း ပြောဆိုနေ သည့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် (ဓာတ်ပုံ – ဇာနည်ဝင်း / ဧရာဝတီ)
လွှတ်တော်တွင်းဝင်ရောက်ပြီး အစိုးရနှင့် လက်တွဲလုပ်ဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်ကြောင်း ရှမ်းတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သည့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က လွိုင်တိုင်းလျန်း ဌာနချုပ်၌ ဧရာဝတီ နှင့် မကြာ သေးခင်က သီးသန့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုကြီးအတွင်း ဒီမိုကရေစီ တံခါးကို ဖွင့်ပေးခဲ့သူဖြစ်ကြောင်း ထို့အတူ သူ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း ပြုလုပ်ခဲ့သော “ပင်လုံ စာချုပ်” သဘောတူညီချက်အတိုင်း ပြုစုပျိုးထောင်ပြီး လုပ်ဆောင်သွားမည် ဆိုသည့် အချက်အပေါ်လည်း RCSS/SSA အနေဖြင့် ယုံကြည်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က သွားရောက်သည့် ၆၆ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ ခရီးစဉ်၌ တွေ့ဆုံရာတွင် သူက ပြောဆိုခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အနေနဲ့လည်း ယုံကြည်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီပြည်ထောင်စုထဲမှာ ဒီမိုကရေစီကို လမ်းစ တံခါးလာဖွင့်ပေးတာလည်း ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က ကြေညာ ထားတာတော့ ရှိတာပေါ့နော်၊ သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလုပ်သွားတဲ့ ပင်လုံစာချုပ် သဘောတူညီချက်အတိုင်း သူပြန်လာပြီးတော့ ပြုစု ပျိုးထောင်ပြီးတော့ လုပ်သွားမယ်ဆိုတဲ့ အချက်ကိုလည်း ကျနော်တို့အနေဲ့ ယုံကြည်ထားပါတယ်”ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ဒုတိယ ပင်လုံညီလာခံ (သို့မဟုတ်) ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရန် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။
ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက် လာရေးအတွက် ရှမ်းလက်နက်ကိုင် ခေါင်းဆောင်များကဲ့သို့ပင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင် အများစုကလည်း ကြိုးပမ်းမှုများ ရှိနေသကဲ့သို့ မျှော်လင့်မှု များလည်းရှိနေ ကြသည်။
ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က လက်ရှိအစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများသည် တံခါးဖွင့်သည့် အဆင့်၌ သာ ရှိပြီး ထဲထဲဝင်ဝင် လုပ်ဆောင်ခြင်း မရှိသေးကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပဏာမ အပစ်အခတ်ရပ်စဲမှု လုပ်ဆောင်နိုင်သည့် အစိုးရ ဖြစ်သော်လည်း ယခု အချိန်အထိ လက်တွေ့ အကောင်အထည် ဖော်ဆောင်မှုများကို သေသေချာချာ တွေ့မြင်ရခြင်း မရှိသေးကြောင်း ပြောသည်။
ထို့အတူ လက်ရှိ အစိုးရစစ်တပ်သည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော် မဟုတ်တော့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်သည် အတိတ်ကာလတွင် ပြိုကွဲပျက်စီး သွားခဲ့ပြီ ဖြစ်ကြောင်း ပြောသည်။
“ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားတဲ့ တပ်မတော်က ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းလိုက်ကတည်းက ဒီတပ်တွေ အကုန်လုံး ပျက်သွားပြီ၊ အဲဒီနောက်ပိုင်း တပ်မတော် ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်လာခဲ့တဲ့ တပ်မတော် မဟုတ် တော့ဘူး၊ ဒီလို ကျနော်တို့ ယုံကြည်ထားတယ်” ဟု ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။
RCSS/SSA နှင့် အစိုးရတို့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်ထားသော်လည်း အစိုးရ စစ်တပ်ဘက်က ချိုးဖောက်မှုတွေရှိနေပြီး သဘောတူညီမှုရရှိပြီးနောက် နှစ်ဘက် တိုက်ပွဲပေါင်း ၄၀ ကျော်ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် RCSS/SSA အနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်တွင် ရပ်တည်ကာ ပြဿနာများကို ဖြေရှင်းသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
RCSS/SSA အနေဖြင့် နိုင်ငံရေး ပါတီတရပ်အသွင်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရန်ရှိမရှိ သတင်းထောက်များက မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ စနစ်ကိုလက်ခံကြောင်း ရွေးကောက်ပွဲဝင်ရောက်ရေး အခြေအနေမှာ အစိုးရနှင့် ဆက်လက် ဆွေးနွေး ရမည့် ဆွေးနွေးပွဲ ရလဒ်များအပေါ်တွင်မူတည်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ရှင်းပြသည်။

တပ်မတော်နှင့် KIA တို့ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် မရေးထိုးရသေးသော် လည်း နှစ်ဖက်စလုံး မှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြား ထားပြီး လက်ရှိ အချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်း


Photo: တပ်မတော်နှင့် KIA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် မရေးထိုးရသေးသော်လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြားထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်း<br />
Friday, February 15, 2013</p>
<p>မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘာတူညီမှု လက်မှတ် မရေးထိုးရ<br />
သေးသော်လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြား<br />
ထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်းလျက်ရှိသည်။        </p>
<p>တပ်မတော်နှင့် KIA အကြား တိုက်ပွဲအခြေအနေများအား Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ<br />
မင်းဇော်ဦးအား Eleven Media Group မှ မေးမြန်းရာ ဒေါက်တာ<br />
မင်းဇော်ဦးက "တပ်မတော်နဲ့ KIA အကြား လက်ရှိအချိန်မှာ တိုက်ပွဲတွေလည်း တော်တော်ကြီး ရပ်သွားတယ်။ တိုက်ပွဲအကြီးကြီး<br />
တွေဆိုတာ လုံးဝမရှိတော့ဘူး။ အနည်းငယ်ထိတွေ့တာမျိုးတောင် မကြားရတာ သုံးလေးရက်လောက် ရှိပြီ" ဟု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းက ပြောကြားခဲ့သည်။</p>
<p>"လက်မှတ် မထိုးရသေးတာဘဲ ရှိတယ်။ နှစ်ဖက်လုံးက စကားလုံး အသွားအလာကို ကြည့်ရင် အပစ်ရပ်လိုက်တော့ဆိုပြီး တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်နေတယ်။ အဲဒီအပေါ်မှာ ၀ိုင်းပြီး အကောင်အထည် ဖော်ကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ စာရွက်ပေါ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးတော့ မလိုက်နာဘူးဆိုရင်လည်း အပစ်အခတ် ရပ်စဲမှုက ပျက်မှာပဲ။ နှစ်ဖက်လုံးက အပစ်အခတ် ရပ်စဲချင်တဲ့ ဆန္ဒရှိတယ်။ အားလုံးဝိုင်းပြီး အောက်ခြေမှာ<br />
ဖြစ်အောင် အကောင်အထည်ဖော်ကြမယ် ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိမှာပါ" ဟု ဒေါက်တာမင်းဇော်ဦးက ဆက်လက်ပြောကြား<br />
ခဲ့သည်။                </p>
<p>ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် အစိုးရတပ်နှင့် တွေ့ဆုံ<br />
ဆွေးနွေးမှု လုပ်နေစဉ်အတွင်း ရှေ့တန်းသို့ ရောက်ရှိနေသည့် ကချင်ပြည် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားထားကြောင်း ကချင်သတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။            </p>
<p>"အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရခြင်း မရှိပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်နဲ့စာရင် အလားအလာ အများကြီး<br />
ကောင်းပါတယ်။ တပ်မတော်ဘက်ကလည်း သမ္မတကြီးက မတိုက်ခိုက်ဖို့ ညွှန်ကြားထားတဲ့အတွက် နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ကို လိုက်နာမယ်လို့ ပြောထားတာရှိတယ်။ လက်ရှိ အခြေအနေမှာ တပ်မတော်ဘက်ရော KIA ဘက်ကပါ နှစ်ဖက်ထိတွေ့မှုတွေ မဖြစ်အောင်<br />
ရှောင်ရှားတဲ့အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးသော်လည်း ထိတွေ့မှုတွေ မဖြစ်တော့ပါဘူး" ဟု ဒေါက်တာ<br />
မင်းဇော်ဦးက ပြောသည်။         </p>
<p>အစိုးရနှင့် (KIO) တို့အကြား ခိုင်မာသော အပစ်အခတ်ရပ်စဲရေး စနစ်တကျ ဖြစ်ပေါ်လာရေး၊ ပဋိပက္ခ ဖြစ်ပွားနေသည့် နေရာများတွင်<br />
လေ့လာစောင့်ကြည့်ရေး စနစ်ထားရှိရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ဖေဖော်ဝါရီလ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီတွင်<br />
တွေ့ဆုံဆွေးနွေးစဉ် သဘောတူညီမှု ရရှိခဲ့ကြသည်။                </p>
<p>ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လျှင်မြန်စွာ လုပ်ဆောင်နိုင်ရေး အစိုးရနှင့်<br />
(KIO) တို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ထားကြောင်း သိရသည်။                 </p>
<p>နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင်များသို့ ပေးပို့သည့်စာတွင် ဖော်ပြပါရှိသည့်အတိုင်း KIO ဗဟိုကော်မတီမှလည်း စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်ရန်နှင့် တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးကာ အဖြေရှာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်က KIO မှ ပြည်သူလူထုထံသို့ အသိပေး ကြေညာထားသည်။</p>
<p>Eleven Media Group
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘာတူညီမှု လက်မှတ် မရေးထိုးရ သေးသော် လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြားထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်းလျက်ရှိသည်။
တပ်မတော်နှင့် KIA အကြား တိုက်ပွဲအခြေအနေများအား Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးအား Eleven Media Group မှ မေးမြန်းရာ ဒေါက်တာ မင်းဇော်ဦးက “တပ်မတော်နဲ့ KIA အကြား လက်ရှိအချိန်မှာ တိုက်ပွဲတွေလည်း တော်တော်ကြီး ရပ်သွားတယ်။ တိုက်ပွဲအကြီးကြီးတွေဆိုတာ လုံးဝမရှိတော့ဘူး။ အနည်းငယ်ထိတွေ့တာမျိုးတောင် မကြားရတာ သုံးလေးရက်လောက် ရှိပြီ” ဟု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းက ပြောကြားခဲ့သည်။

လုံခြုံရေး ၀န်ထမ်း ၂ ဦးကို ကြိုးတုတ် ထိုးကြိတ်နှိပ်စက်ပြီး ပစ္စည်းများ ခိုးယူ သွားသူ လူတစ်စု အား ဖမ်းဆီးမိ


Photo: လုံခြုံရေးဝန်ထမ်း ၂ ဦးကို ကြိုးတုတ် ထိုးကြိတ်နှိပ်စက်ပြီး ပစ္စည်းများ ခိုးယူသွားသူ လူတစ်စုအား ဖမ်းဆီးမိ<br />
Friday, February 15, 2013</p>
<p>၁၁.၁.၂၀၁၃ ရက်နေ့   ညသန်းကောင် ၂ နာရီခွဲ အချိန်ခန့်တွင်  ဒဂုံတောင်မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ အနော် ရထာလမ်းနှင့် စက်မှုဇုံ<br />
လမ်းထောင့်၊ မ/၃၈၇ ရှိ   ဧရာဝတီပါဝါ ကုမဏီလီမိတက်၊ ကားဂိုဒေါင်သို့ အမျိုးသား ၇ ဦးမှ လိုက်ထရပ်ကားဖြင့် ရောက်ရှိလာပြီး လုံခြုံရေး<br />
ဝန်ထမ်းနှစ်ဦးအား ၂ ဦးအား ၀ိုင်းဝန်းထိုးကြိတ်၊ ကြိုးဖြင့်တုတ်၊ ပါးစပ်နှင့် မျက်လုံးများ အ၀တ်နှင့်စည်း ၊ ဒါးဖြင့်ထောက်ပြီး ဂိုဒေါင်တံခါးရိုက်<br />
ဖွင့်ပြီး ကားအပိုပစ္စည်း စုစုပေါင်းတန်ဖိုး ၁၀၄၀၀၀၀ိ/- အား<br />
ယူဆောင်သွားသဖြင့် အရေးယူပေးပါရန် တရားလို ဧရာပါဝါ ကုမ္မဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိမိခိုင် တိုင်တန်းချက်<br />
အရ ဒဂုံတောင် ရဲစခန်း (ပ)၁၁၂/၁၃၊ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထား ရှိခဲ့ပါသည်။</p>
<p>ထိုသို့ဖြစ်ပွားခဲ့မှုအပေါ် ထပ်မံကျူးလွန်မှုမဖြစ်ပေါ်ရေး၊ တရားခံများဖမ်းဆီး<br />
ရမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများမှ မှုခင်းများလျော့နည်း<br />
ကျဆင်းရေးနှင့် ဖြစ်ပွားခဲ့သည့်အမှုများမှ တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး အထူးစီမံချက်ဖြစ်သည့် “၀ရဇိန်” စီမံချက်ပါ ဖမ်းဆီးရေး အထူးအဖွဲ့များအား လမ်းညွှန်ကြီးကြပ်၍ တာဝန်ပေးအပ်ဖော်ထုတ်စေခဲ့ပါသည်။</p>
<p>ဤဖြစ်စဉ်အပေါ် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဒုစရိုက်နှိမ်နင်းရေး ဌာနစုမှူး ဒုရဲမှူး အောင်ဝင်း ဦးစီးအဖွဲ့သည် အခင်းဖြစ်ရပ်စစ်ဆေး<br />
တွေ့ရှိချက်များအပေါ် သုံးသပ်ကာ အဖွဲ့ဝင်များခွဲ၍ သတင်းစုံစမ်းခဲ့ရာ ၎င်းကုမ္မဏီဝန်ထမ်းဟောင်းများဖြစ်ခဲ့ဖူးသည့် အောင်ကျော်သိန်းနှင့် ကျော်ကျော်(ခ) ကျော်ကြီး တို့သည် ပြစ်မှုကျူးလွန်နိုင်ကြောင်း သဲလွန်စများ<br />
ရရှိခဲ့ကာ ၁၃-၂-၂၀၁၃ ရက်နေ့တွင် ကျော်ကျော်(ခ)ကျော်ကြီး၊ (၂၀) နှစ်၊<br />
(ဘ) ဦးဝင်းမြင့်ထွန်း၊ ဒဂုံတောင်မြို့နယ်နေသူအား သမိုင်းလမ်းစုံ ကားမှတ်တိုင်တွင် ၇ခ/၇၉၂၅ ပါရမီ (၁၇၄) ယာဉ်လိုင်းပေါ်မှ ဖမ်းဆီးရမိခဲ့ပါသည်။</p>
<p>၎င်းအားစစ်ဆေး၍ ဖော်ထုတ်ချက်အရ အတူပါဝင်ကျူးလွန်သူများ<br />
ဖြစ်သည့် အောင်မော်သိန်း၊ (၃၈)နှစ်၊ (ဘ) ဦးမဲလှိုင်သာယာမြို့နယ်၊ ဆန်းလင်းအောင် (ခ) အညာသား၊ (၂၁) နှစ်၊ (ဘ) ဦးအောင်ကြိုင်၊<br />
တောင်ဥက္ကလာပမြို့နယ်၊ ၀င်းဖြိုး၊ (၂၄) နှစ်၊ ဦးဇော်ဝင်း၊ ဒဂုံတောင်မြို့နယ်၊ မျိုးသန့်၊ (၁၈)နှစ်၊ (ဘ) ဦးခင်မောင်ဇင်၊ ဒဂုံတောင်မြို့နယ်နေသူနှင့် ဖြိုးလှိုင်စိုး (ခ) ဖြိုးလှိုင် (၁၈)နှစ်၊ (ဘ)ဦးသန်းစိုး၊ ဒဂုံတောင်မြို့နယ်<br />
နေသူနှင့်အောင်ထက်ဟိန်း(ခ) ဖိုးထက်၊ (၂၀)နှစ်၊ (ဘ) ဦးစောမြင့်၊ ဒဂုံတောင်မြို့နယ်နေသူတို့အား ဖမ်းဆီးရမိခဲ့ပြီး ၁၄-၂-၂၀၁၃ ရက်နေ့တွင် ထက်အောင်ကျော်(ခ) ကိုထက်၊ (၁၇)နှစ်၊ (ဘ) ဦးအောင်မျိုးဇော်၊ ဒဂုံတောင်နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိသည်။</p>
<p>Myanmar News Now
၁၁.၁.၂၀၁၃ ရက်နေ့ ညသန်းကောင် ၂ နာရီခွဲ အချိန်ခန့်တွင် ဒဂုံတောင်မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ အနော် ရထာလမ်းနှင့် စက်မှုဇုံ လမ်းထောင့်၊ မ/၃၈၇ ရှိ ဧရာဝတီပါဝါ ကုမဏီလီမိတက်၊ ကားဂိုဒေါင်သို့ အမျိုးသား ၇ ဦးမှ လိုက်ထရပ်ကားဖြင့် ရောက်ရှိလာပြီး လုံခြုံရေးဝန်ထမ်းနှစ်ဦးအား ၂ ဦးအား ၀ိုင်းဝန်းထိုးကြိတ်၊ ကြိုးဖြင့်တုတ်၊ ပါးစပ်နှင့် မျက်လုံးများ အ၀တ်နှင့်စည်း ၊ ဒါးဖြင့်ထောက်ပြီး ဂိုဒေါင်တံခါးရိုက်ဖွင့်ပြီး ကားအပိုပစ္စည်း စုစုပေါင်းတန်ဖိုး ၁၀၄၀၀၀၀ိ/- အား ယူဆောင်သွားသဖြင့် အရေးယူပေးပါရန်တရားလို ဧရာပါဝါကုမ္မဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိမိခိုင် တိုင်တန်းချက်အရ ဒဂုံတောင်ရဲစခန်း (ပ)၁၁၂/၁၃၊ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထား ရှိခဲ့ပါသည်။ထိုသို့ဖြစ်ပွားခဲ့မှုအပေါ် ထပ်မံကျူးလွန်မှုမဖြစ်ပေါ်ရေး၊ တရားခံများဖမ်းဆီး ရမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများမှ မှုခင်းများလျော့နည်း ကျဆင်းရေးနှင့် ဖြစ်ပွားခဲ့သည့်အမှုများမှ တရားခံဖော်ထုတ် ဖမ်းဆီး ရမိရေး အထူးစီမံချက်ဖြစ်သည့် “၀ရဇိန်” စီမံချက်ပါ ဖမ်းဆီးရေး အထူးအဖွဲ့များအား

ဆင်းဂါးဘီယာ မြန်မာတွင် စက်ရုံတစ်ခု တည်ထောင်သွားမည်


Photo: ဆင်းဂါးဘီယာ မြန်မာတွင် စက်ရုံတစ်ခု<br />
တည်ထောင်သွားမည်<br />
Friday, February 15, 2013</p>
<p>ဆင်းဂါးဘီယာ ထုတ်လုပ်သည့် ဆင်းဂါးကော်ပို<br />
ရေးရှင်းသည် ကားလ်စဘာ့ဂ် ဘီယာကုမ္ပဏီနှင့်<br />
ဈေးကွက်မဟာမိတ်အဖြစ် ပူးပေါင်းပြီးနောက်<br />
မြန်မာတွင် ဘီယာချက် စက်ရုံတစ်ခုတည်ထောင် သွားရန် ပြင်ဆင်နေကြောင်း သိရသည်။</p>
<p>ဆင်းဂါး၏ အာရှဒေသဆိုင်ရာ ဈေးကွက်တာဝန်ခံ<br />
ဒါရိုက်တာ ပီတီ ဘီရွန် ဘက်ကဒီက ဆင်းဂါးသည်<br />
ထိုင်းတွင် ကားလ်စ်ဘာ့ဂ်ဘီယာကို နံပတ်တစ်ဖြစ်<br />
အောင် ဈေးကွက်မြှင့်တင်သွားမည်ဖြစ်ပြီး ၎င်း၏ကိုယ်ပိုင်<br />
အမှတ်တံဆိပ် ဆင်းဂါးကိုလည်း ငါးနှစ်အတွင်း အာရှ၏<br />
ထိပ်တန်း အမှတ်တံဆိပ်သုံးခု၌ ပါဝင်အောင် ကြိုးစား<br />
သွားမည်ဟု ဆိုသည်။</p>
<p>၎င်းက “ဒီနှစ်အတွင်း ထိုင်းနဲ့ အိမ်နီးချင်း အာဆီယံ<br />
ဈေးကွက်တွေမှာ ကားလ်စ်ဘာ့ဂ်ဘီယာကို အရောင်း<br />
မြှင့်တင်သွားဖို့ ကျွန်တော်တို့ ဘတ် သန်း ၂၀၀သုံး<br />
သွားမှာ ဖြစ်ပါတယ်။ ပထမနှစ်အတွင်းမှာပဲ ကားလ်စ်<br />
ဘာဂ်ဘီယာပမာဏ လီတာ ငါးသန်းရောင်းချရဖို့ မျှော်မှန်း ထားပြီး နောက် နှစ်တွေမှာတော့ တစ်နှစ်ကို ရောင်းအား<br />
၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိတိုးဖို့ မှန်းထားပါတယ် ”ဟု ပြောကြားသည်။</p>
<p>ကားလ်စ်ဘာ့ဂ်ကုမ္ပဏီသည် အာဆီယံဒေသအတွင်း<br />
စက်ရုံရှစ်ရုံရှိထားပြီး ဗီယက်နမ်တွင် လေးခု၊လာအိုတွင်<br />
နှစ်ခု၊ မလေးရှားနှင့် ကမ္ဘောဒီး ယားတွင် တစ်ခုစီ တည်<br />
ဆောက်ထားသည်။ယင်းစက်ရု့များမှ ထုတ်လုပ်နိုင်စွမ်းမှာ<br />
တစ်နှစ် ဘီယာလီတာ ၁ ဒဿမ ၂၅ ဘီလီယံဖြစ်သည်။</p>
<p>ထိုင်းတွင်ရောင်းချမည့် ကားလ်စ်ဘာ့ဂ်ဘီယာများကို<br />
မြန်မာနှင့်လာအိုရှိ ကုမ္ပဏီပိုင်စက်ရုံများမှ တင်သွင်း<br />
ရောင်းချသွားမည်ဟု သိရသည်။ ခန့် မှန်းချက်များအရ<br />
အာရှတွင် ဘီယာသောက်သုံးမှုနှုန်းများမှာ ၂၀၁၁ မှ<br />
၂၀၁၆ အတွင်း နှစ်စဉ် ငါးရာခိုင်နှုန်းတိုးတက်မည်ဟု<br />
သိရသည်။</p>
<p>Ref: THE NATION<br />
The Myanma Age
ဆင်းဂါးဘီယာ ထုတ်လုပ်သည့် ဆင်းဂါးကော်ပို ရေးရှင်းသည် ကားလ် စဘာ့ဂ် ဘီယာကုမ္ပဏီနှင့် ဈေးကွက်မဟာမိတ်အဖြစ် ပူးပေါင်းပြီးနောက် မြန်မာတွင် ဘီယာချက်စက်ရုံတစ်ခုတည်ထောင် သွားရန် ပြင် ဆင်နေကြောင်း သိရ သည်။
ဆင်းဂါး၏ အာရှဒေသဆိုင်ရာ ဈေးကွက်တာဝန်ခံ ဒါရိုက်တာ ပီတီ ဘီရွန် ဘက်ကဒီက ဆင်းဂါးသည် ထိုင်းတွင် ကားလ်စ်ဘာ့ဂ်ဘီယာကို နံပတ်တစ်ဖြစ်အောင် ဈေးကွက်မြှင့်တင်သွားမည်ဖြစ်ပြီး ၎င်း၏ကိုယ်ပိုင် အမှတ်တံဆိပ် ဆင်းဂါးကိုလည်း ငါးနှစ်အတွင်း အာရှ၏ထိပ်တန်း အမှတ်တံဆိပ်သုံးခု၌ ပါဝင်အောင် ကြိုးစားသွားမည်ဟု ဆိုသည်။

မက္ကဆီကို နိုင်ငံ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး သေဆုံးပြီးနောက် နှစ်ပေါင်း ၁၅၃ နှစ်ကြာမှ မြှုပ်နှံခဲ့


မက္ကဆီကို နိုင်ငံမှ ဂျူလီယာ ပတ်စထရာနာ အမည်ရှိ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး၏ ရုပ်အလောင်းကို သူမ သေဆုံးပြီး နှစ်ပေါင်း ၁၅၃ နှစ် အကြာတွင် မြှုပ်နှံ နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
သူမသည် မျိုးရိုးဗီဇအရ သူမ၏ မျက်နှာပြင်၌ အမွေးအမှင် များပေါများသောကြောင့် သူမ၏ ခင်ပွန်း ဖြစ်သူ နော်ဝေ နိုင်ငံသား သီအိုဒို ရီလန့်က သူမကို bear woman ဟု ခေါ်ဝေါ်ခဲ့သည်။ သူမသည် အသက် ၂၆ နှစ် အရွယ်တွင် သူမကဲ့သို့ အမွေးအမှင် ပေါများသော သားတစ်ဦး ကို မွေးဖွားခဲ့ပြီး ခြောက်နှစ် အကြာတွင်သေဆုံးခဲ့သည်။ ထို့အတူ သူမ၏ သားဖြစ်သူ မှာလည်း သေဆုံး ခဲ့သည်ဟု သိရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်အကြား စစ်ရေးပြန်လည်တင်းမာ


သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း အခြေစိုက် အစိုးရတပ်ရင်း တရင်း နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ အကြား နယ်မြေစိုးမိုးရေး ကိစ္စကြောင့် နှစ်ဘက်စစ်ရေး တင်းမာနေကြောင်း ဒေသအတွင်းသတင်းက ဆိုသည်။
sspp in the forest
“အခုက တန်းယန်းမြို့နယ် နဲ့ မိုင်းရှူးမြို့နယ် ကြားက ဒေသတွေမှာပေါ့။ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို အစိုးရတပ် ခလရ ၃၃ က ဝင်ရောက်လှုပ်ရှားချင်တယ်။ ကျနော်တို့က ခွင့်ပြုလို့မရဘူးလေ။ ပြည်ထောင်စုနေ့ မတိုင်ခင် ၂ ရက် ၃ ရက်လောက်က ဖြစ်တာ၊ အခုထိ သိပ်မကျေလည်သေးဘူး” - ဟု ဒေသအတွင်း အမည်မဖေါ်လို သည့်ကေဒါတဦးက ပြောသည်။
ဖေဖေါ်ဝါရီလ ၉ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်လောဝ်းကျေးရွာအုပ်စု လွယ်လန်း အခြေစိုက် SSA တပ်ရင်း ၁၉၂ ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ခလရ ၃၃ မှ လူအင်အား ၆၀ ခန့်ရှိ စစ်ကြောင်း တကြောင်းက

နားလည်မှုအလွဲနှင့် ပြန်ပေးဆွဲမှု လောက်ဖန် ဘိလပ်မြေစက်ရုံ၌ ဖြစ်ပွား


နောင်ချိုမြို.နယ် လောက်ဖန်းကျေးရွာရှိ ငွေရည်ပုလဲ ဘိလပ်မြေစက်ရုံမှ ထိပ်ပိုင်းအဆင့် အရာရှိ နှစ်ဦးအား   ပြန်ပေးဆွဲခံရပြီးနောက် နောက်နေ့၌ ကောင်းကောင်းမွန်မွန်ပြန်လွှတ်ပေးခဲ့ကြောင်း ဘိလပ်မြေစက်ရုံဝန်ထမ်းများထံမှ သိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော လောက်ဖန်းကျေးရွာ ငွေရည်ပုလဲဘိလပ်မြေစက်ရုံမှ တာဝန်ခံနှင့်စက်ရုံမှူးအား ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့(ဒေသခံများအဆို-SSA)မှ လူအင်အား ၂၀၀ဖြင့် ၀င်ရောက်၍ ကျပ်သိန်း ငါးထောင်ဖြင့် ပြန်ပေးဆွဲသွားကြောင်း နောင်ချိုမြို့နယ်အတွင်း၌သတင်းများ ထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။

“ငွေရည်ပုလဲကို လက်နက်ကိုင်အဖွဲ့က ၀င်စီးပြီး တောင်းတဲ့ငွေမရလို့ စက်ရုံမှူးကို ပြန်ပေးဆွဲသွားခဲ့တယ်လို့ သိရတယ်၊ နောက်ဘာဆက်ဖြစ်လဲတော့ မသိဘူး”ဟု နောင်ချိုဒေသခံကိုအောင်က ပြောသည်။

ပြင်သစ် မြင်းသား တွေ မှာ မြင်း အကိုက်အခဲ ပျောက်ဆေး တွေ့ရှိ


 ဥရောပတခွင် မြင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်နေစဉ်

မြင်းတွေကို ကျွေးတဲ့ အကိုက်အခဲပျောက်ဆေး ဟာ မြင်းသားတွေကတဆင့် ပြင်သစ်ကစားသုံးသူတွေ ဆီ ရောက်ကောင်း ရောက်သွားနိုင်တယ်လို့ ဗြိတိန်တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောကြား ခဲ့ပါတယ်၊ သတ်ဖြတ်ထားတဲ့ မြင်း ၂၀၆ ကောင်ကို စစ်ဆေးခဲ့ရာ မှာ မြင်း ၈ ကောင်ဆီမှာ Bute လို့ လူသိများတဲ့ အကိုက်အခဲပျောက်ဆေးတွေ ကို တွေ့ရှိခဲ့တယ်လို့  ဗြိတိန်နိုင်ငံက အစားအသောက် စံချိန် စံနှုန်းဆိုင်ရာအေဂျင်စီက ပြောပါတယ်။


အဲဒီမြင်း ၈ကောင်ထဲက ၆ ကောင်ကို အင်္ဂလိပ်သားသတ်ရုံတခု ကနေ ခုတ်ထစ် ထုတ်ပိုးပြီး ပြင်သစ် ကို ပို့ခဲ့တဲ့ အတွက်

UNODC လွိုင်လင်ရုံးခွဲ ကျေးလက်ထောက်ပံ့မှု မမျှတဟု ရွာ သားများဝေဖန်


သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့၌ ဖွင့်လှစ်ထားသော ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ UNODC ရုံးခွဲသည် တချို့ရွာများကို အပြည့်အ၀ ထောက်ပံ့သော်လည်း တချို့ရွာ များ မှာမူ ထောက်ပံ့မှု လုံးဝမရသေးကြောင်း ဒေသခံများ ပြောပြချက်အရ သိ ရှိရသည်။

“သူတို့က လူမျိုးရေး ခွဲခြားပြီး ကူညီထောက်ပံ့တယ်။ ကူညီမှု လိုအပ်တာချင်း အတူတူ ပအိုဝ်းရွာ ၄-၅ ရွာရရင် သျှမ်းရွာတရွာဘဲ ရတယ်။ ပ အိုဝ်းရွာက ရေလိုရင် ချက်ချင်း ရေသွယ်ပေးတယ်” ဟု ပင်လုံ မြို့နယ်ခွဲမှ ရွာသားတစ်ဦးက ပြောပါသည်။

ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် UNODC က လွိုင်လင်မြို့၌ ရုံးခွဲဖွင့်လှစ်ထားကြောင်း၊ ၂၀၁၂ မှစ၍

နေပြည်တော် ဆီးဂိမ်းမှာ ရွှေ ၁၀၀ ရမယ်တဲ့လား


ဒီနှစ် နေပြည်တော် ဆီးဂိမ်းမှာ ကျွမ်းဘား မပါတော့ (ဓာတ်ပုံ – Reuters)
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ မှ စတင်ကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲမျာ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသည့် တတိယအကြိမ်မြောက် အားကစားပွဲ ဖြစ်သည်။ သို့ရာတွင် ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံဖြင့် ကျင်းပသည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အနေဖြင့် ပထမဆုံး ကျင်းပသည့် အားကစားပြိုင်ပွဲဖြစ်သည်။
ကျွန်းဆွယ်
ယခင် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် အားကစား ပြိုင်ပွဲတို့မှာ ပြိုင်ပွဲဝင် ၇ နိုင်ငံသာ ပါဝင် ယှဉ်ပြိုင်ကြသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲသာ ဖြစ်သည်။
အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ဒေသတွင်းရှိ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီး သိနားလည်ရေး အတွက် ကျင်းပသည်

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ဟန့်တားရန် ခရုဇ် ဒုံးကျည်များ တောင်ကိုရီးယား ဖြန့်ကြက်


တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံသို့ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်း ရှိသော ခရုဇ်ဒုံးကျည် များကို ဖြန့်ကြက်လျက်ရှိကြောင်း တောင်ကိုရီးယား တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြော ကြားသည်။ မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့်ဒေသသို့မဆို ပစ်ခတ်နိုင်သော ခရုဇ်ဒုံး ကျည် များကို မိမိတို့ ဖြန့်ကြက်လျက်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာန ပြောရေး ဆိုခွင့်ရှိသူ ကင် မင်ဆွက် က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် သတင်းထောက် များအား ပြော ကြားသည်။
 
 တောင်ကိုရီးယားနိုင်ငံသည် ၄င်း၏ ပဲ့ထိန်းဒုံးကျည်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အရှိန်အ ဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းဒုံးကျည်များသည် ကီလိုမီတာ ၈ဝဝ အကွာအဝေးအထိ ပစ် ခတ်နိုင်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် အမေရိကန်ပြည်ထောင်စုနှင့်

COBRA GOLD စစ်ရေး လေ့ကျင့်မှုကို အသွင်သစ် တစ်မျိုးဖြင့် လုပ်ဆောင်လျက် ရှိ


အမေရိကန် စစ်တပ်၏ အကြီးဆုံး စစ်ရေး လေ့ကျင့်မှု တစ်ရပ် ဖြစ်သော Cobra Gold အမည်ရှိ အမေရိကန်-ထိုင်း နှစ်နိုင်ငံ ပူးတွဲ စစ်ရေး
လေ့ကျင့်မှုကို ထိုင်းနိုင်ငံတွင် လုပ်ဆောင်ဆဲ ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က အမေရိကန်- ထိုင်း နှစ်နိုင်ငံ စစ်ရေး လေ့ကျင့်မှု တစ်ရပ် အဖြစ် စတင် ခဲ့သော Cobra Gold စစ်ရေး လေ့ကျင့်မှုသည် အာရှ- ပစိဖိတ် ဒေသ တွင် အကြီးမားဆုံးနှင့် အချိန်
အကြာ မြင့်ဆုံး စစ်ရေး လေ့ကျင့်မှု တစ်ရပ် ဖြစ်သည်ဟု သိရသည်။

 Cobra Gold စစ်ရေး လေ့ကျင့်မှုကို ၁၉၈၂ ခုနှစ်က စတင် လုပ်ဆောင်ခဲ့ပြီး အဆိုပါ စစ်ရေး လေ့ကျင့်မှုကို အမေရိကန် နိုင်ငံ၏ အဓိက မဟာမိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ်

၂၀၁၂-သတင်းထောက်တွေ အသေအပျောက်အများဆုံးနှစ်ဟု CPJ ထုတ်ပြန်



ဆီးရီးယားနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ကမ္ဘာတဝှမ်း ပစ်မှတ်ထား သတ်ဖြတ်မှုတွေကြောင့် ၂၀၁၂ ခုနှစ်ဟာ သတင်းထောက်တွေ အသေအပျောက် အများဆုံးဖြစ်တယ်လို့ အမေရိကန်အခြေစိုက် သတင်းလွတ်လပ်ခွင့်ဆောင်ရွက်နေတဲ့အဖွဲ့တခုက ပြောလိုက်ပါတယ်၊ ပြီးခဲ့တဲ့နှစ်အတွင်း သတင်းထောက် ၇၀ သေဆုံးခဲ့ပြီး နောက်ထပ် ၂၃၂ ယောက်ထောင်ချခံခဲ့ရတယ်လို့ သတင်းထောက်များကာကွယ်ရေးကော်မတီ CPJ ရဲ့ နှစ်ပါတ်လည် သုံးသပ်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

 
 သေဆုံးသူတွေထဲက အများစုဟာ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ ဒေသခံ သတင်းထောက်တွေဖြစ်ကြပြီး၊ သူတို့သေဆုံးမှုအတွက် တာဝန်ရှိသူတွေလဲ အရေးယူခံရတာ မရှိခဲ့ဘူးလို့ CPJ ဒုတိယ ညွှန်ကြားရေးမှုး

ငြိမ်းချမ်းရေး တေးသံ ပြည့်အားမာန် ဂီတ ဖျော်ဖြေပွဲ ကျင်းပမည်


 
ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံ ပြည်သူများ အတွက် တိုင်းရင်းသား ပေါင်းစုံ ဂီတ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၂ ရက်တွင် MCC ခန်းမ၌ ကျင်းပမည် ဖြစ်သည်။

အဆိုပါ ဂီတ ဖျော်ဖြေပွဲကို ''ငြိမ်းချမ်းရေး တေးသံ ပြည့်အားမာန်'' ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပမည် ဖြစ်ပြီး တိုင်းရင်းသားတေးသံရှင်များ ဖြစ်သော ဇော်ပိုင်၊ နေတိုး၊ စိုင်းအောင် ထီးခမ်း၊ ဟက်ကက်၊ ထူးအယ်လင်း၊ သျှီ၊ ချစ်သုဝေ၊ နီနီခင်ဇော်၊ ရတနာမိုင်နှင့် တိုင်းရင်းသား အနုပညာရှင် များက အဆို၊ အက အလှများဖြင့် တင်ဆက် ပြသွားမည် ဖြစ်သည်။

ဝင်ကြေး လက်မှတ်များကို ငွေကျပ် ၈ဝဝဝ၊ ငွေကျပ် ၁ဝဝဝဝ သတ်မှတ်ထားပြီး မန်းသီရိ တေးသံသွင်း၊ မင်းလမ်းပင်လယ် စားသောက်ဆိုင်၊ ဒဂုံစင်တာ၊ ရူဘီမတ်၊ စိန်ဂေဟာ၊ စီးတီးမတ် များနှင့် ခင်ပြုံးရီ (ကျောက်မြောင်း) တို့၌ ဝယ်ယူ ရရှိနိုင်သည်။

မြ၀တီ

Thursday, February 14, 2013

"နီပွန်ဖောင်ဒေရှင်းမှ ကရင်ဒုက္ခသည်များကို ဆန်အိတ် ၂၂၀၀ လှူဒါန်း"



ကရင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများအား နီပွန်ဖောင်ဒေရှင်းမှ ဆန်အိတ်ပေါင်း ၂၂၀၀ လှူဒါန်းမှုကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် ပြုလုပ်ခဲ့သည်။

မာန်ဟုန်ပြင်းပြင်း အားမာန်အပြည့်ဖြင့် ပြိုင်ပွဲဝင်တော့မည့် မြ၀တီ FC ဘောလုံးအသင်း


မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့် မြန်မာနေရှင်နယ်
လိဂ်-၂(MNL-2) ဘောလုံးပြိုင်ပွဲ ကို ၂ဝ၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်မှ စတင် ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်းပေါင်း ကိုးသင်းဖြင့် ပတ်လည် ယှဉ်ပြိုင် ကစားစေကာ ထိပ်ဆုံးနှစ်သင်း တန်းတက်ခွင့် ရမည်ဖြစ်သည်။

လားရှိုး၌ သုံးနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် ကျပ်သိန်းထောင်ကျော်ဆုံးရှုံး

 
၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင် ယဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာမှု ကြောင့် ယာဉ်မတော်တဆမှုပေါင်း(၁၃၅၀)ခုဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်း တစ်ထောင့်သုံးရာကျော်ရှိ ခဲ့ကြောင်း ယဉ်စည်းကမ်းထိန်းသိန်းရေးတာဝန်ရှိသူများထံမှသိရသည်။

`ဒီနှစ်ထဲမှာအရင်နှစ်တွေထက် မတော်တဆမှုတွေလျော့နည်းသွားအောင်လို့ ရောင်ပြန်အင်္ကျီတွေဝတ်ပြီး ပညာပေးလုပ်တာတွေ၊ (မြန်မာ-ရှမ်း-တရုတ် သုံးဘာသာ) အသံချဲ့စက်နဲ့ နေရာအနှံ့ကို အသိပေးနှိုးဆော် တာတွေ၊ ရွှေ့လျားဆိုင်းဘုတ်တွေနဲ့တော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ပက်သက်တာတွေ ကို ဆောင်ရွက်ထား ပါတယ်´ ဟု လားရှိုးမြို့ မော်တော်ယာဉ်ထိန်းသိမ်းရေးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

သမ္မတနဲ့ လက်နက်ကိုင် အဖွဲ့တွေ ပထမဆုံး တွေ့ဆုံ



တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ ပထမဆုံး တွေ့ဆုံ နိုင်တာ အောင်မြင်မှုလို့ အစိုးရက ယူဆနိုင်

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်း အနား တက်ရောက် ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန် တို့ ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ကြ ပါတယ်။

မြောက်ကိုရီးယားကို တုံ့ပြန်ရန် တောင်ကိုရီးယားက တာဝေးပစ်ဒုံးခွင်ဒုံး စနစ် တပ်ဆင်မှု အရှိန်မြှင့်မည် ကြေငြာ

မြောက်ကိုရီးယားကို တုံ့ပြန်ရန် တောင်ကိုရီးယားက တာဝေးပစ်ဒုံးခွင်ဒုံး
စနစ် တပ်ဆင်မှု အရှိန်မြှင့်မည် ကြေငြာ
Thursday, February 14, 2013

မြောက်ကိုရီးယား၏ ယမန်နေ့က တတိယအကြိမ်မြောက်
နျူစမ်းသပ်မှုကို တုံ့ပြန်သောအားဖြင့် တောင်ကိုရီးယားသည်
မြောက်ကိုးရီး ယားတစ်နိုင်ငံလုံးဘက်သို့ လွှမ်းခြုံပစ်ခတ်
နိုင်သော ၎င်း၏တာဝေးပစ်ဒုံးခွင်းစနစ်တပ်ဆင်မှုကို အရှိန်မြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာ
လိုက်သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်
ကင်မ်မင်ဆွတ်က “ဒုံးခွင်းဒုံး တပ်ဆင်မှုစနစ်ကို ကီလိုမီတာ
၈၀၀ (မိုင် ၅၀၀) အကွာ အဝေးအထိ ရောက်အောင် ကျွန်တော် တို့ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်”ဟု ပြောကြားသည်။

တောင်ကိုရီးယားသည် ယမန်နှစ် အောက်တိုဘာကစ၍ အမေရိကန်နှင့်သဘောတူညီချက်တစ်ရပ်ချုပ်ဆိုကာ မြောက်
ကိုရီးယား၏ နျူလက်နက်များ ရန်ကို ကာကွယ်ရန် ၎င်း၏ ဒုံးခွင်းဒုံးစနစ်များ၏ ပစ်ခတ်နိုင်စွမ်း အကွာအဝေးကို သုံးဆအထိ မြှင့်တင်ရန် ပြင်ဆင်ခဲ့သည် ။

အမေရိကန်သည် တောင်ကိုရီးယားတွင် တပ်ဖွဲ့ ဝင် ၂၈,၅၀၀
တပ်စွဲထားပြီး မည်သည့်နျူလက်နက်ဖြင့် တိုက်ခိုက်မှုမှမဆို
တောင်ကိုရီးယား ကို ကာကွယ်ပေးသွားရန် အာမခံပေးထားသည်။

ပြောခွင့်ရပုဂ္ဂိုလ် ကင်မ်မင်ဆွတ်က တောင်ကိုရီးယားသည် ၎င်း၏ကာကွယ်ရေးစနစ်တွင် မြောက်ကိုရီးယားဒုံး ကျည်များ
ကို ခြေရာခံခြင်း၊ ပစ် မှတ်ထားခြင်း ၊ဖျက်ဆီးခြင်းများကို လုပ်
ဆောင်နိုင်စွမ်းရှိရန် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း
ပြောကြားသည်။

ယမန်နေ့က မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုပြီးနောက်
တောင်ကိုရီးးယားထောက်လှမ်းရေအကြီးအကဲက ပြုံယမ်းသည် လာမည့်အပတ် အတွင်း ဒုံးပျံပစ်လွှတ်စမ်းသပ်မှုများ ထပ်မံလုပ်ဆောင်ဖွယ်ရှိကြောင်း သတိပေးထားသည်။

ယခုအခါမြောက်ကိုရီးယား၏နျူစမ်းသပ်မှုကို အမေရိကန်
ပြည်ထောင်စုက ခိုင်မာသည့် အရေးယူမှုပြုလုပ်သွားမည်ဟု
ကြေငြာထားပြီး နိုင်ငံတကာကလည်း ရှုတ်ချထားသည်။

Ref: AFP
The Myanma Ageမြောက်ကိုရီးယား၏ ယမန်နေ့က တတိယအကြိမ်မြောက်
နျူစမ်းသပ်မှုကို တုံ့ပြန်သောအားဖြင့် တောင်ကိုရီးယားသည်
မြောက်ကိုးရီး ယားတစ်နိုင်ငံလုံးဘက်သို့ လွှမ်းခြုံပစ်ခတ်
နိုင်သော ၎င်း၏တာဝေးပစ်ဒုံးခွင်းစနစ်တပ်ဆင်မှုကို အရှိန်မြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာ
လိုက်သည်။တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကင်မ်မင်ဆွတ်က “ဒုံးခွင်းဒုံး တပ်ဆင်မှုစနစ်ကို ကီလိုမီတာ၈၀၀ (မိုင် ၅၀၀) အကွာ အဝေးအထိ ရောက်အောင် ကျွန်တော် တို့ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်”ဟု ပြောကြားသည်။
တောင်ကိုရီးယားသည် ယမန်နှစ် အောက်တိုဘာကစ၍ အမေရိကန်နှင့်သဘောတူညီချက်တစ်ရပချုပ်ဆိုကာ မြောက်
ကိုရီးယား၏ နျူလက်နက်များ ရန်ကို ကာကွယ်ရန် ၎င်း၏ ဒုံးခွင်းဒုံးစနစ်များ၏ ပစ်ခတ်နိုင်စွမ်း အကွာအဝေးကို သုံးဆအထိ မြှင့်တင်ရန် ပြင်ဆင်ခဲ့သည် ။

အမေရိကန်သည် တောင်ကိုရီးယားတွင် တပ်ဖွဲ့ ဝင် ၂၈,၅၀၀
တပ်စွဲထားပြီး မည်သည့်နျူလက်နက်ဖြင့် တိုက်ခိုက်မှုမှမဆို
တောင်ကိုရီးယား ကို ကာကွယ်ပေးသွားရန် အာမခံပေးထားသည်။

My Blog List