Thursday, January 23, 2020

ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီရေးဆွဲပြုစုထားသည့် ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်း၂ခုကိုပြည်ထောင်စုလွှတ်တော်သို့ ယနေ့ပေးပို့တင်သွင်း


Image may contain: one or more people and text
ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီကရေးဆွဲပြုစုထားသည့် ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်း၂ခုကိုပြည်ထောင်စုလွှတ်တော်သို့ ကိုယ်စားလှယ်များကလက်မှတ်ရေးထိုးပြီး ယနေ့တွင် ပေးပို့တင်သွင်းမည်ဟုသိရသည်
ဒုတိယအကြိမ်လွှတ်တော်သို့ ပေးပို့ခဲ့သည့်ခြေဥပြင်ဆင်ရေးဥပဒေကြမ်းများထဲ ကိုယ်စားလှယ်ဦးရေအများဆုံးလက်မှတ်ရေးထိုးသည့် ဥပဒေကြမ်းများဖြစ်လာမည်ဖြစ်ပြီး တိုင်းရင်းသားကိုယ်စားလှယ်အချို့တို့ပါ လက်မှတ်ပါဝင်ထိုးခဲ့၍ လက်မှတ်ရေးထိုးသည့် ပမာဏမှာ ရခိုင်နှုန်းအတော်များနိုင်ေ ကွာငျး လကျမှတျပါဝငျရေးထိုးခဲ့သညျ့ ကိုယ်စားလှယ်အချို့ကခန့်မှန်းကြသည်။

အရေအတွက် အတိအကျကိုမူ ပြည်ထောင်စုလွှတ်တော်နာယက ကြေညာမှအတိအကျသိနိုင်လိမ့်မည်ဟု ၎င်းတို့က ပြောကြသည်။

လက်မှတ်ရေးထိုးခဲ့သူ ရေနံချောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသာချိုက “နေမကောင်း၊မကျန်းမာလို့ လွှတ်တော်မလာနိုင်တဲ့ ကိုယ်စားလှယ်ကလွဲလို့ အကုန်လုံးလက်မှတ်လာထိုးကြတယ်“ဟု ပြောသည်။

ယနေ့ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် မြစ်ကြီးနားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အင်ထုံးခါးနော်ဆမ်က“တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေလည်း လက်မှတ်လာထိုးကြတာတွေ့ရပါတယ်“ဟုပြောသည်။

ဇန်နဝါရီ၂၀ရက်နေ့က လွှတ်တော်ထံပေးပို့မည့် ခြေဥ ဥပဒေကြမ်း၂ခုကို တပ်ကိုယ်စားလှယ်နှင့်နှုတ်ထွက်ထားသူအပါအဝင် ကိုယ်စားလှယ်အချို့မှလွဲ၍ အခြားသော ပူးပေါင်းကော်မတီဝင်များ အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

ပူးပေါင်းကော်မတီသည် ခြေဥပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေးပေါင်း အကြိမ်၇၀ကျော်ဆောင်ရွက်ခဲ့ရသည်။

၂၀၂၀ ဇန်နဝါရီ ၁၄ ရက်နေ့က ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏လုပ်ငန်းများ အဆုံးသတ်ခဲ့ပြီးနောက်ဇန်နဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင်အတွင်းရေးမှူးအဖွဲ့နှင့် ရုံးအဖွဲ့က အပြီးပြုစုကာ ဇန်နဝါရီ ၂၀ ရက်တွင် အတည်ပြုလိုက်ကြခြင်းလည်းဖြစ်သည်။

လွှတ်တော်တင်လိုက်သည့် ခြေဥ ပြင်ဆင်ရေး ဥပဒေကြမ်း ၂ ခုသည် ပုဒ်မ ၄၃၆(က)နှင့်ဆိုင်သည့်ကိစ္စမြား၊၄၃၆ (ခ)နှငျ့ဆိုငျသညျ့ ကိစ်စမြားဟူ၍ ခှဲခွားပွီး ပွုစုထားသညျ့ ဥပဒမေူကွမျးမြား ဖွစျသညျဟု ကောျမတီအတှငျးရေးမှူးဖွစျသူ ဒေါက်တာမြတ်ဉာဏစိုးက ပြောဆိုထားသည်။

ယခုတင်လိုက်သည့် ဥပဒေကြမ်း ၂ခု၊ တပ်နှင့်ကြံ့ခိုင် ရးအမတ်များတင်ထားသည့် ခြေဥပြင်ဆင်ရေးဥပဒေကြမ်း ၅ခု စုစုပေါင်း ၇ခုကို လာမည့်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဟု သိရှိရသည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List