မူလစာမျက်နှာ
သတင်း
ဆောင်းပါး
အိတ်ဖွင့်ပေးစာ
NLD
၈၈ မျိုးဆက်
ကာတွန်း
နိုင်ငံတကာရေးရာ
စီးပွားရေးသတင်း
နည်းပညာ
အထူးသတင်း
အနုပညာ
ဓာတ်ပုံ
အထွေထွေ
Friday, February 14, 2020
နိုင်ငံတကာဖိအားကြောင့် နယ်မြေဖဲ့ပေးလိုက်ရခြင်းမျိုးကို လက်ခံရမည်ဆိုပါက အဲ့လောက်ညံ့ဖျင်းသူတွေမရှိဟု ဆို
နိုင်ငံတကာဖိအားကြောင့် အခြားနိုင်ငံဆီ နယ်မြေဖဲ့ပေးလိုက်ရခြင်းမျိ
ုးကို လက်ခံ လိုက်ရမည် ဆိုလျှင် အဲ့ လောက်ညံ့ဖျင်းသူမရှိတော့ကြေ
ာင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
ရခိုင်အရေးနှင့်ပတ်သက်၍ မည်သည့်အစိုးရ လက်ထက်တွင်မျှ တရားစွဲခံရခြင်းမျိုးမရှိ ယခုတရားစွဲခံရခြင်းသည် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် ဖြစ်ဟုဆို
ရခိုင်အရေးနှင့်ပတ်သက်၍ မည်သည့်အစိုးရ လက်ထက်တွင်မျှ တရားစွဲခံရခြင်းမျိုးမရှိ ယခုတရားစွဲခံရခြင်းသည် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ တိုင်းဥက္ကဌ ဦးဝင်းမောင်က ပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
ချစ်သူများနေ့မှာ စတင်ဖွင့်လှစ်လိုက်တဲ့ နေပြည်တော်က ပန်းပွဲတော်
ဒီနေ့ ကျရောက်တဲ့ ချစ်သူများနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ နေပြည်တော်က ရေပန်းဥယျဉ်မှာ ပန်းပွဲတော်ကို စတင် ဖွင့်လှစ်လိုက်ပြီး လာမယ့် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
ဆက်လက်ဖတ်ရှုရန် »
တရုတ်နိုင်ငံတွင် ခွဲစိတ်မှုခံယူခဲ့သည့် အမျိုးသမီးအား ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စောင့်ကြည့်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်
တရုတ်နိုင်ငံမှာ ခွဲစိတ်မှုခံယူခဲ့တဲ့ အမျိုးသမီးကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
မိုးအောင်ရင် ရှေ့နေ ဒေါ်ခင်နုသာက တရားခွင်တွင် ကာမလိမ်လည်မှု မေမြှာက်ကြောင်း ထွက်ဆိုသည်ကို တရားလို စိတ်ပျက်
စွပ်စွဲခံရသူ တရားခံ မိုးအောင်ရင် ၏ရှေ့နေ ဒေါ်ခင်နုသာက တရားခွင်တွင် ကာမလိမ်လည်မှု မမြှောက်ကြောင်း ပြောကြားသည့်အပေါ် စိတ်ကျေနပ်မှု မရှိကြောင်း တရားလို မခင်မြတ်နိုးက ဖေဖော်ဝါရီ ၁၄ တွင် ရုံးချိန်းအပြင်ဘက်တွင် ပြောကြားခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
ဩစတြေးလျ လေယာဉ်မှူးက စင်းလုံးငှားလေယာဉ်ဖြင့် ဗိုင်းရပ်စ်ဖြစ်ပွားသည့် ဝူဟန့်သို့ ဆေးပစ္စည်းများ ပို့ဆောင်ပေး
တရုတ်နိုင်ငံ ရှမန်လေကြောင်း၏ လေယာဉ်မှူးတစ်ဦးဖြစ်သော ဩစတြေးလျနိုင်ငံသား မိုင်လ်စ် ဘားနတ် ဝက်စ်တန် (Myles Bernard Weston) သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် စင်းလုံးငှားလေကြောင်း ခရီးစဉ်အမှတ် MF8779 ကို မောင်းနှင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားချိန်ကစ၍ ဝူဟန့်သို့ မောင်းနှင်ပျံသန်းသည့် ပထမဆုံး နိုင်ငံခြားသား လေယာဉ်မှူးများအနက် တစ်ဦးဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် »
ရခိုင် အရေးနှင့် ပတ်သက်၍ ကနေဒါသံရုံးစာထုတ်
ဆက်လက်ဖတ်ရှုရန် »
ပြည်ခိုင်ဖြိုးပါတီ ပြန်လည်ဦးဆောင်ခွင့်ရပါက ပြည်သူ၏အခက်အခဲ အကြပ်အတည်းများကို ဦးစွာဖြေရှင်းပေးမည်ဟုဆို
ပြည်ခိုင်ဖြိုးပါတီပြန်လည်ဦးဆောင်ခွင့်ရပါက ပြည်သူ၏ အခက်အခဲအကြပ်အတည်းများကို ဦးစွာဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း ပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
ဗိုင်းရပ်စ်ကူးစက် သံသယကြောင့် ဆိပ်ကမ်းများစွာက လက်မခံတဲ့ အပျော်စီးသင်္ဘောကြီး ကမ္ဘောဒီးယားမှာ ဆိုက်ကပ် ဆင်းသက်ခွင့်ရ
ဗိုင်းရပ်စ် ကူးစက်လူနာပါလာမှာ စိုးရိမ်တာကြောင့် ထိုင်း၊ ဂျပန်အပါအဝင် နိုင်ငံငါးနိုင်ငံရဲ့ ဆိုက်ကပ်ခွင့် ငြင်းပယ်ခံရကာ ပင်လယ်ပြင်မှာ သီတင်းနှစ်ပတ်ကြာ ရွက်လွှင့်နေရတဲ့ အပျော်စီး သင်္ဘောကြီးဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုက်ကပ်ခွင့်ရခဲ့ကာ သောကြာနေ့(ဖေဖော်ဝါရီ ၁၄) မှာ ခရီးသည်တွေ စတင် ဆင်းသက်နေခဲ့ပြီဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဝန်ထမ်းများ အခွန်သက်သာခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်အတွက် စာရင်းကောက်ယူနေဟု စီး/ကူး ဒုဝန်ကြီး ပြော
ဝန်ထမ်းများအတွက် အခွန်သက်သာခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပ
ြုမည့်ကိစ္စနှင့်ပတ်သတ်ပြီး
လတ်တလော ဆိုင်းငံ့ထားသော်လည်း တဘက်တွင် စာရင်းများကောက်ယူနေကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
ရဲတပ်ဖွဲ့ဝင်အင်အားပိုမိုဖော်ပြပြီး လစာထုတ်ခြင်းအပါအဝင် ငွေထုတ်ချက်လက်မှတ်အချို့ကို ထပ်တိုးပြင်ဆင်ခြင်းများဖြင့် ရဲတပ်ဖွဲ့အတွင်း ငွေအလွဲသုံးစားဖြစ်ပေါ်
ရဲတပ်ဖွဲ့တွင် ဌာနတွင်းကြီးကြပ်မှုအားနည်းခြင်းကြောင့် အမှတ်(၄)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ)၊အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်း(စစ်ကိုင်း)၊အမှတ်(၁)ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရေနံချောင်း)၊ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစရှိသည်တို့တွင် အလွဲ သုံးစားမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုစာ ရင်းစစ်ချုပ်ရုံး၏ ၂၀၁၈ဧပြီလမှ စက်တင်ဘာလ ၆လအထိ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာအရသိရသည်။
ဆက်လက်ဖတ်ရှုရန် »
COVID-19 ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၁၂၁ ဦး ထပ်တိုး၊ ဟူပေပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိနှစ်ဦး ရာထူးမှ ထုတ်ပယ်ခံရ
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် တရုတ်ပြည်မကြီးမှာ သေဆုံးသူ ၁၂၁ ဦး ထပ်တိုးခဲ့ကြောင်း တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင်က သောကြာနေ့(ဖေဖော်ဝါရီ ၁၄) မှာ ထုတ်ပြန် ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
အမ်းမြို့နယ်အတွင်း စျေးဝယ်ယူနေသည့် ရဲဒုတိယတပ်ကြပ်တစ်ဦးအား အမည်မသိလူ ၁ ဦးက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား
ရခိုင်ပြည်နယ်၊ အမ်းမြို့မရဲစခန်းမှ ကဇူးကိုင်းတံတားရဲကင်းစခန်း
တွင် လုံခြုံရေး တာဝန်ထမ်း ဆောင်လျက်ရှိသော ရဲဒုတိယတပ်ကြပ် ထွန်းထွန်းနိုင် သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ရဲကင်းစခန်း၏ အရှေ့မြောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ ကုန်စုံဆိုင်သို့ ဆိုင်က
ယ်ဖြင့် စျေးဝယ်ရန်သွားရောက်စဉ် ၎င်းင်း၏နောက်မှ ဆိုင်ကယ် ၁ စီးဖြင့် အမည်မသိလူ ၁ ဦး လိုက်ပါလာပြီး ရဲဒုတိယတပ်ကြပ် ထွန်းထွန်းနိုင်မှ စျေးဝယ်ယူနေစဉ် နောက်မှ လုံးထွေးသတ်ပုတ်ပြီး ဓားဖြင့်ထိုးခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
မြိုင်မြို့နယ််မှ ရှေးဟောင်းဆင်းတုတော် ၈ ဆူ ခိုးယူခံရ၊ သာသနာညှိုးနွမ်းစေမှု၊ ခိုးမှုတို့ဖြင့် အမှုဖွင့်လှစ်ထား
မကွေးတိုင်းတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာ ဘုန်းကြီးကျောင်းတွင် ရှေးဟောင်းဘုရား ဆင်းတုတော် ၈ ဆူအခိုးခံခဲ့ရမှုနှင့်ပတ်သက်၍ မြိုင်မြို့မရဲစခန်းတွင် သာသနာညှိုးနွမ်းစေမှု၊ ခိုးမှုတို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သရက်ကွကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဇော်နိုင်က News Watch ကို ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
ပြည်သူ့ဘဏ္ဍာငွေအမြောက်အများဆုံးရှုံးသွားအောင် စီမံခန့်ခွဲမှုအလွဲအမှားလုပ်ခဲ့သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ပြည်ထောင်စုလွှတ်တော်တွင် ပြင်းထန်စွာဝေဖန်ခံခဲ့ရ
လမ်းဘေးတိုက်ခန်းတွင်ဖွင့်ထ
ားသည့် ပြည်ပတက္ကသိုလ်နှင့်ချိတ်ဆက
်ဆောင်ရွက်ခဲ့မှုဖြင့် ပြည်သူ့ဘဏ္ဍာငွေသိန်း ၂၀၀၀ကျ
ော်ရေစုံမျှောသွားအောင်ဆောင
်ရွက်ခဲ့သော ပြည်ထောင်စုရာထူးဝန်အဖွဲ့
ကို NLD ပြည်ထောင်စုလွှတ်တော်ကိုယ်စ
ားလှယ်တစ်ဦးက ကျင်းပနေဆဲပြည်ထောင်စုလွှတ်
တော်အစည်းအဝေးတွင် ပြင်းထန်စွာဝေဖန်သွားခဲ့သည်
။
ဆက်လက်ဖတ်ရှုရန် »
ပုဂံဘုရားပေါ်၌ လိင်ဆက်ဆံသည့်စုံတွဲကို ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းနေ
ပုဂံရှေးဟောင်း နယ်မြေအတွင်းရှိ စေတီတစ်ဆူပေါ်တွင် လိင်ဆက်ဆံခဲ့သည့် နိုင်ငံခြားသားစုံတွဲကို အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲသာဖြစ်ကြောင်း ရှေးဟောင်းယဉ်ကျေးမှုသုတေသနဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က အောက်ပါအတိုင်းပြောသည်။
ဆက်လက်ဖတ်ရှုရန် »
ကျေးရွာမီးလင်းရေး၊လမ်းဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ရာ၌ မဲရရှိရေးအတွက်အပေးအယူမလုပ်ခဲ့ကြောင်း ပြည်ခိုင်ရေးပါတီပြောဆို
ကျေးရွာမီးလင်းရေး၊လမ်းဖွံ့ဖြိုးရေးကိစ္စရပ်များကို မဲရရှိရေးအတွက်အပေးအယူမလုပ်ခဲ့ကြောင်း ပြည်ခိုင်ရေးပါတီပြောဆိုလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅၀၀ နီးပါးရှိ
၁၄. ၂. ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၉.၅၀ နာရီအထိ ရရှိသောစာရင်းများအရ နိုင်ငံနှင့် နယ်မြေ ၂၈ ခုတွင
် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူလူနာပေါင်း ၆၅၂၄၇ ဦး၌ ၁၄၉၁ ဦးသေဆုံးပြီး ၇၀၉၉ ဦးမှာ ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်းသိရပါတယ်။
ဆက်လက်ဖတ်ရှုရန် »
AA အဖွဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား/သူ (၂၀)ဒဏ်ရာရှိကြောင်း တပ်မတော်ထုတ်ပြန်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည်
ဖေဖော်ဝါရီ ၁၃
ရက်နေ့နံနက် ၈ နာရီခန့်တွင် အုပ်တောင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်
ခဲ့ရာ သောင်းကျန်းသူများသည် ခမီးချောင်း ကျေးရွာ၏ တောင်ဘက် မီတာ ၁၂၀၀ ခန့်အကွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
အလုပ်သမားညှိနှိုင်းရေးရုံးရှေ့တွင် အလုပ်သမားအချို့ ဆန္ဒထုတ်ဖော်
အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ မြို့နယ်အလုပ်သမားညှိနှိုင်ေးရးရုံး၏ အလုပ်ရှင်နှင့် ညှိနှိုင်းပေးမှုကို မကျေနပ်ဟုဆိုကာလှိုင်သာယာ စက်မှုဇုန်(၂) Popular အထည်ချုပ်စက်ရုံမှ အလုပ်သမားအချို့သည် ယနေ့(ဖေဖော်ဝါရီလ ၁၄)ရက်နေ့တွင် လှိုင်သာယာမြို့နယ် အလုပ်သမားနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆက်လက်ဖတ်ရှုရန် »
ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် မိဘမဲ့ကလေးများကို အာဟာရ ကျွေးမွေးခြင်း အခမ်းအနားသို့ တက်ရောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိ်မ်းအမှတ်အဖြစ် အာဟာရ ကျွေးမွေးခြင်း အခမ်းအနားသို့တက်ရောက်သည်။
ဆက်လက်ဖတ်ရှုရန် »
နေပြည်တော် သပြေကုန်းအဝိုင်းတွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းကောက်နုတ်ချက်
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု စိုက်ထူတာဟာ သမန်ကာ လျှံကာ အသွင်သဏ္ဍာန်အရ လုပ်နေကြခြင်း မဟုတ်ဘဲ နိုင်ငံရဲ့ အရေးအရာများနဲ့ စပ်လျဉ်းပြီး အနှစ်သာရရှိရှိနဲ့ လုပ်နေကြခြင်းဖြစ်တယ်လို့ ခံယူပါတယ်။ မျိုးဆက်သစ်လူငယ်များအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားဖြောင့်မတ်တည်ကြည်မှု တိုင်းပြည်အတွက် ဖြူစင်တဲ့ စေတနာ သန့်ရှင်းတဲ့ မေတ္တာ မွန်မြတ်တဲ့လမ်းစဉ်တွေကို အတုယူကာ တိုင်းကျိုးပြည်ကျိုး သယ်ပိုးစေရန်လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြတ်သားတဲ့ လက်ရုံးရည်၊ နှလုံးရည် သီလ၊ သမာဓိ၊ သိက္ခာ ပြောင်မြောက်တဲ့ အသိပညာ၊ အတွေးအခေါ် အယူအဆတွေကိုလည်း အားကျလျက် တိုင်းချစ်ပြည်ချစ်စိတ်များ ထက်သန်စေရန်လည်းကောင်း တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးမဖက် ရာထူးမမက် လွတ်လပ်ရေးအတွက် အသက်ပေးပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသွားခဲ့တာတွေကို နမူနာယူကြပြီး ဇာတိသွေး၊ ဇာတိမာန် ရှင်သန် စေရန်လည်းကောင်း မြန်မာ့နိုင်ငံရေးသမိုင်းတွင် မော်ကွန်းထိုးထားရမယ့် ကြီးကျယ်ခန်းနားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်များကို စံပြုကြရန်လည်းကောင်း ရည်ရွယ်ချက်ကောင်းများရှိတယ်လို့ ကျွန်တော် ခံယူထားပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးမှု ပိုမိုမြင့်တက်လာ ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးအပြင်ဘက်သေဆုံးသည့်စာရင်းတွင် ဂျပန်နိုင်ငံလည်း ပါဝင်လာ
ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ပျံ့ပွားနေတဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းဒေသပြည်နယ်တွေမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုဟာ ပိုမိုမြင့်တက်လာနေ ခဲ့ပြီး ကူးစက်မှုကလည်းမြင့်တက်နေကာ ဖေဖော်ဝါရီလ ၁၃ ရက်တစ်ရက်တည်းတင် လူ ၁၀၀၀ ကျော်မှာ ရောဂါကူးစက်ခံထားရတာကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ညီညွတ်ရေးနဲ့ အပေးအယူမျှတရေးပေါ်မူတည် ပြောချင်တာပြောခွင့်၊ တင်ပြချင်တာ တင်ပြခွင့်ရှိသော်လည်း ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်သည် စည်းမျဉ်းဥပဒေဘောင်အတွင်းမှသာ ဖြစ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
နိုင်ငံသူနိုင်ငံသားများအနေ
ဖြင့် ပြည်ထောင်စုစိတ်ဓာတ်မွေးကြစ
ေလိုကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်သည် ညီညွတ်ရေးနှင့် အပေးအယူမျှတရေးပေါ်တွင် မူတည်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ပြည်ထောင်စုနေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ကွင်
း၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲ၌ ပြောကြား လိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
Thursday, February 13, 2020
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချစ်သူများနေ့အတွက် နှင်းဆီပန်းမှာယူမှုများ တဟုန်ထိုးကျဆင်း
ထိုင်းနိုင်ငံ Phop Phra ခရိုင်မှာ ချစ်သူများနေ့အတွက် တန်ဖိုးမြင့် နှင်းဆီပန်းတွေ အော်ဒါမှာယူမှု သိသိသာသာကျဆင်းခဲ့တယ်လို့သိရပြီး ဒီလိုဖြစ်ရတာဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ စီးပွားရေးကျဆင်းမှု တွေကြောင့်လို့ ပန်းစိုက်တောင်သူတွေက အပြစ်ဆိုခဲ့ကြပါတယ်။
ဆက်လက်ဖတ်ရှုရန် »
၂၀၂၀ မှာလည်း ဆက်လန်း နေဆဲ မတ်မတ်သင်ဇာ 😍🤩
' House Of Beauty '' ဆိုင်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာခဲ့တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ အလှပုံရိပ်များ။
ဆက်လက်ဖတ်ရှုရန် »
နိုင်ငံရေးမှာ တပ်မပါဖို့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကားပြီး သမ္မတပြော
နိုင်ငံစည်းလုံးညီညွတ်ရေးအတ
ွက် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပါတီလုပ်ငန်းတွေမှာ တပ်မတော်နဲ့ တပ်မတော်သားတွေ မပါဝင်ကြဖို့ ဗိုလ်ချုပ်အောင်ဆန်းက စည်းကမ်းချမှတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ ပြောလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ကျပ်သိန်း ၄၂၈၅ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ၀၁၁၅ အချိန်တွင် ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး ကျောက်ဆည်မြို့ရှောင်လမ်းတွင် မသင်္ကာဖွယ်ရပ်တန့်ထားသည့် မော်တော်ယာဉ်အား သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအားမတွေ့ရှိဘဲ မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၃.၂ ကီလို၊ ဆာလာအိတ် ၂ အိ
တ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြားတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
ပင်လုံစိတ်ဓာတ်မရှိလျှင် အမျိုးသားလွတ်လပ်ရေး မရရှိနိုင်ပါဟု NLD ထုတ်ပြန်ကြေညာ
ပင်လုံစိတ်ဓာတ်မရှိလျှင် အမျိုးသားလွတ်လပ်ရေး မရရှိနိုင်ကြောင်း ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် »
မြန်မာ-ဘင်္ဂလားနယ်စပ်ဒေသများကို ဘင်္ဂလားစစ်တပ်မှ စစ်အင်အားတိုးမြှင့်တပ်ဖြန့်
မြန်မာ-ဘင်္ဂလားနယ်စပ်ဒေသများကို ဘင်္ဂလားနယ်ခြားစောင့်တပ်များ တပ်ဖြန့်ချထားကြောင်း ဘင်္ဂလားဒေ့ရှ် အခြေ စိုက်မီဒီယာများက ဖော်ပြထားသည်။
ဆက်လက်ဖတ်ရှုရန် »
မန္တလေးရှိ KTV တစ်ခု ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် နေ့ညအခမဲ့ အထူးပရိုမိုးရှင်းပေးသည့် ကြော်ငြာ လူမှုကွန်ရက်တွင် ဝေဖန်မှုများပြား
ယနေ့ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၅ နှစ်မြောက်မွေးနေ့တွင် မန္တလေးမြို့ရှိ KTV တစ်ခုမှ မွေးနေ့ အထိမ်းအမှတ်အဖြစ် နေ့ညအခမဲ့ အထူးပရိုမိုးရှင်းပေးကြောင်း ကြော်ငြာစာရွက်တစ်ခု လူမှုကွန်ရက် facebook စာမျက်နှာတွင် လူအများမျှဝေပြောဆိုမှုများပြားခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
ထိုးသတ်ရန် စိန်ခေါ်လာသည့် ဒတ်ခ်ျ လူမျိုး အားကစားသမား နှင့် ထိုးသတ်ရန် အောင်လအန်ဆန်း သဘောတူ
ဒတ်ခ်ျ လူမျိုး တိုက်ခိုက်ရေး သမား Reinier '''The Dutch Knight ''' De Ridderနှင့် ထိုးသတ်ရန် အောင်လအန်ဆန်း မှ ဖေဖော်ဝါရီ (၁၂) ရက်နေ့က သဘောတူ စာချုပ် အား လက်မှတ် ရေးထိုးလိုက်ကြောင်း ၎င်း၏ လူမှု့ ကွန်ယက် စာမျက်နှာ တွင် ဖော်ပြထားသည်။
ဆက်လက်ဖတ်ရှုရန် »
ပုဂံဒေသနောက်ခံ ညစ်ညမ်းရုပ်သံရိုက်ကူးမှု မီဒီယာများဖွပါက မိမိနိုင်ငံသာသိက္ခာကျမည်ဟုဆို
ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဒေသတစ်ခုတွင် နိုင်ငံခြားသားခရီးသွားအမျိုးသား/အမျိုးသမီးနှစ်ဦးက ညစ်ညမ်းရုပ်သံရိုက်ကူးခဲ့ပြီးလူမှုကွန်ယက်တွင်ဖြန့်ဝေခဲ့
ရာဝေဖန်မှုမြင့်တက်နေပြီးယင်းကိစ္စဖြစ်စဉ်မှာလတ်တ လောတွင်ဖြစ်ပွားခဲ့ခြင်းမဟုတ်တာကြောင့်အရေးယူရန်
ခက်ခဲနေပြီးအဆိုပါဖြစ်စဉ်ကိုမီဒီယာများဖွပါကကိုယ့်နိုင်ငံသာသိက္ခာကျမည်ဟုပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ညွှန်ကြားရေးမှှူး ဦးအောင်အောင်ကျော်က The Speakerသို့ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
အကယ်ဒမီဆိုတာ ကုသိုလ်ကံနဲ့လည်းဆိုင်တယ်ဆိုတဲ့ ခန့်စည်သူ
အကယ်ဒမီဆိုတာ ကုသိုလ်ကံနဲ့လည်းဆိုင်တယ်လို့ အကယ်ဒမီခန့်စည်သူက ပြောလိုက်ပါတယ်။
ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ကတော်ဝင်ဂါးဒင်းဟိုတယ်မှာ ဖေဖော်ဝါရီလ ၈ ရက်ကကျင်းပခဲ့တဲ့ “ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲအကြိုပြသပွဲမှာ အခုလိုပြောပြခဲ့တာပါ။
ဆက်လက်ဖတ်ရှုရန် »
AA အကြမ်းဖက်သောင်းကျန်းသူများက ကျောက်တော်မြို့နယ်၊ မြောက်တောင်ကျေးရွာနှင့် တောင်ဘွယ်(မူ)ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်တောင်ကျေးရွာနှင့် တောင်ဘွယ်(မူ) ကျေးရွာအတွင်းသို့ ဖေဖော်ဝါရီ ၁၀ ရက်နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူ များက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့်
ကျေးရွာများအတွ
င်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ဖတ်ရှုရန် »
နတခ တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးအား စရခချုပ်အဖြစ် တာဝန်ပေးအပ်
အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲ ဝင်းဦးအား တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ပေးအပ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုသည်။
ဆက်လက်ဖတ်ရှုရန် »
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျောက်တံတားမြို့နယ် NLD ရုံးရှေ့တွင် ပဲပြုတ်နံပြားကျွေး
၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် ကျရောက်သည့် မြန်မာ့လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၅နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်NLDပါတီ ရုံးရှေ့တွင် ယနေ့မနက်ပိုင်းက ပဲပြုတ်နံပြား၊ လက်ဖက်ရည် စတုဒိသာကျွေးမွေးလျက်ရှိသည်။
ဆက်လက်ဖတ်ရှုရန် »
(၂၀)ရာစုပင်လုံ စိတ်ဓာတ်ကိုယူဆောင်ပြီး (၂၁)ရာစုပင်လုံတွင် ဆွေးနွေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ (၂၀)ရာစုပင်လုံစိတ်ဓာတ်ကိုယူဆောင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံမှာ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့လိုတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။ ဖေဖော်ဝါရီ(၁၂)ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှာ ကျင်းပတဲ့ (၇
၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူးခြင်းဟာ အနှစ်သာရရှိရှိလုပ်နေကြခြင်းလို့ ခံယူထားကြောင်း သမ္မတပြောကြား
နေပြည်တော်ရှိ သပြေကုန်းအဝိုင်းမှာ ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကို ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ သည်ကနေ့မှာ ဖွင့်လှစ်လိုက်ပါပြီ။
ဆက်လက်ဖတ်ရှုရန် »
ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးအတွက်တရုတ်နိုင်ငံသို့ မြန်မာလုပ်ငန်းရှင် အချို့က နှာခေါင်းစည်း ၃၆၀၀၀ လှူဒါန်း
ကိုရိုနာဗိုင်းရပ်စ်ရောဂါတိ
ုက်ဖျက်ရေး ကူညီရန် မြန်မာနိုင်ငံ Young Insurance ကုမ္ပဏီနှင့် Htoo Thit ကုမ္ပဏီတို့က တစ်ခါသုံး နှာခေါင
်းစည်း ၃၆,၀၀၀ ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ ယမန်နေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။အဆိုပ
ါလှူဒါန်းမှုကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ယာယီတာဝန်ခံက လက်ခံခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
ရုရှားနှင့် အီရန်မှ အကောင့်တု ကွန်ရက်များကို ဖေ့စ်ဘွတ်ခ် ပိတ်ပင်
ရုရှား စစ်ထောက်လှမ်းရေးက ယူကရိန်းနဲ့ တခြား အရှေ့ဥရောပနိုင်ငံတွေကို ပစ်မှတ်ထားပြီး သတင်းမှားတွေ ဖော်ပြနေတဲ့ အကောင့်တု ကွန်ရက်တစ်ခုကို ပိတ်ပင်လိုက်ပြီလို့ ဖေ့စ်ဘွတ်ခ်က အခုလ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Tuesday, February 11, 2020
သီပေါစခန်းအချုပ်၌ အချုပ်သား ပြင်ပဒဏ်ရာများဖြင့်သေဆုံး၊ သေဆုံးမှုအပေါ် ရဲတပ်ဖွဲ့က ကြိုးဆွဲချသေဆုံး ခြင်းဟုဆို၊ မိသားစုများကို ပွင့်လင်းမြင်သာစွာ ချပြပေးရန်တောင်းဆို
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါစခန်းအချုပ်၌ အချုပ်သားတစ်ယောက်သည် ပြင်ပဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါသေဆုံးမှုကို ရဲတပ်ဖွဲ့ဝင်များက ပွင့်လင်းမြင်သာစွာချပြခြင်းမရှိကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဘူးသီးတောင်မြို့နယ်၌ AA နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွား၊ တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ထိရောက်စွာပစ်ခတ်ရှင်းလင်းကြောင်း တပ်မတော်ဆို
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၌ AA နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ထိရောက်စွာပစ်ခတ်ရှင်းလင်းကြောင်း တပ်မတော်ဆိုသည်။
ဆက်လက်ဖတ်ရှုရန် »
ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အနေဖြင့် အဂတိတရား ကင်းရှင်းစွာဖြင့် ကျောသားရင်သားမခွဲခြားဘဲ သမာသမတ်ရှိစွာ ဆောင်ရွက်ပေးရန် တပ်မတော်သား ကိုယ်စားလှယ်တိုက်တွန်း
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အနေဖြင
့် ပါတီစွဲ ပုဂ္ဂိုလ်စွဲ အဖွဲ့အစည်းစွဲ အဂတိတရား ကင်းရှင်းစွာဖြင့် ကျောသားရင်သားမခွဲခြားဘဲ သမာသမတ်ရှိစွာ ဆောင်ရွက်ပေးရန် တပ်မတော်သားပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက ဖေဖော်ဝါရီ ၁၀ ရက်တွင်ပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
၀ူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ နိုင်ငံအတွင်း မတွေ့ရသေးသော်လည်း ဗြုန်းကနဲနဲ့ အများကြီးပေါ်လာနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးပြော
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်မှာ မြန်မာနိုင်ငံအတွင်းတွင် မတွေ့ရှိရသေးသော်လည်း အလွန်စိုးရိမ်စရာ အခြေ အနေဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆို
သည်။
ဆက်လက်ဖတ်ရှုရန် »
နတ်မောက်မြို့တွင် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ ဖွင့်ပွဲအခမ်းအနားကျင်းပ
မကွေးခရိုင်၊ နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရင်ပြင်မှာ ဖေဖော်ဝါရီ(၁၀)ရက် ညနေပိုင်းက (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။ အခမ်းအနားကို လူဝန်မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ ပြည်သူ့လွ
ှတ်တော် ကိုယ်စားလှယ် ဦးအောင်တင်လင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ၊"အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအသင်း" နာယက ဒေါ်မြလေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ဆေးကုသမှုဆိုင်ရာ အကြံပြုနိုင်ရေး Clinical Management Committee ဖွဲ့စည်း
2019-nCoV Acute Respiratory Disease နှင့်ပတ်သက်သည့် ဆေးကုသမှုဆိုင်ရာ အကြံပြုချက်များ ဆောင်ရွက်နိုင်ရေး Clinical Management Committee ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
အီရန် တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား အယောက်(၁၀၀)ကျော် ဦးနှောက်ထိခိုက်မှုဖြစ်ခဲ့ဟုဆို
ပြီးခဲ့တဲ့လအတွင်းက အီရတ်မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတ
ွေကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခဲ့ပြီးနောက် အမေရိကန်စစ်သား အယောက်(၁၀၀)ကျော်မှာ ဦးနှောက်ထိခိုက်မှုဖြစ်ထားတ
ဲ့ အခြေအနေတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ အမေရိကန်စစ်ဘက်က အခုလ(၁၀)ရက်နေ့က ထုတ်ဖော်ပြောကြားပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
My Blog List
VOA News: သတင်း
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့ အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊ မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
11 months ago
DVB
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ်
-
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...
1 year ago
သစ္ထူးလြင္
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...
2 years ago
ဒေါက်တာလွဏ်းဆွေ
နောက်ဆုံးရ မြန်မာသတင်းများ
-
နောက်ဆုံးရ မြန်မာသတင်းများအား ပုံပေါ် ကလစ်၍ ဖတ်ရှုပါ။
4 years ago
ဒေါင်းမာန်ဟုန်
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန်
-
[image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...
5 years ago
Narinjara News Burmese Online 24 X 7
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို
-
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...
6 years ago
ဒီမိုဝေယံ
-
အမေ့သမီးတွေနဲ့ အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ အတူရှိနေကြမယ် photo credit Eleven Media Group
6 years ago
မြန်မာ့သားကောင်း
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်
-
၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...
9 years ago
The Irrawaddy's Blog
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...
9 years ago
ဆုံနေကြ
-
*A Father's Tear (အဖေ့မျက်ရည်) * လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွာ...
11 years ago
မြန်မာပြည်သား
-
ဒေါက်တာမျိုးချစ်
-