Thursday, June 13, 2013

ကူဆာမြို့ ကျဆုံးသွားပြီးနောက် ဆီးရီးယား အတိုက်အခံများထံ အင်အား ဖြည့်တင်းပေးရန် ပြင်သစ်သုံးသပ်

Thursday, June 13, 2013

ဆီးရီးယား တပ်ဖွဲ့ဝင်များသည် အတိုက်အခံများ သိမ်းပိုက်ထားသော အယ်လ်ကူဆာမြို့အား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များထံသို့ လက်နက်များ ပြန်လည်ဖြည့် တင်း ပေးရန်အတွက် ပြင်သစ်နိုင်ငံ အနေဖြင့် စဉ်းစားသုံးသပ်လျက် ရှိကြောင်း သိရသည်။ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူ ဖိလစ်လိုင်လော့က ကူဆာမြို့ နှင့် အလက်ပိုမြို့တွင် မည်သို့ဖြစ်ပျက် နေသည်ကို စောင့်ကြည့်သွားပြီး ၎င်း၏ ပထမဆုံး အကျိုးဆက်အဖြစ် အတိုက်အခံ ညွန့်ပေါင်း တပ်ဖွဲ့များနှင့် ရင်းနှီးမှုအား ခိုင်မြဲအောင် ချည်နှောင်သွားမည် ဖြစ်ကာ ပထမဆုံး ခြေလှမ်းတစ်ရပ်အဖြစ် လက်နက်များကို တင်ပို့သွားမည် ဖြစ်ကြောင်း ဇွန် ၁၁ ရက်က ပြောကြားခဲ့သည်။ ထို့နောက် ၎င်းက ယခုသီတင်း ပတ်အကုန်တွင် လွတ်လပ်သော ဆီးရီးယား တပ်မတော် ခေါင်းဆောင် စလင်းမ် အိုင်းဒရစ်(စ်)နှင့် တွေ့ ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

အမည်မဖော် လိုသူ အရာရှိတစ်ဦးက အမေရိကန်၊ ဆော်ဒီအာရေးဗီးယား၊ တူရကီနှင့် အခြား မဟာမိတ် နိုင်ငံများနှင့် ပူးပေါင်း၍ ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များအား မည်ကဲ့သို့ အင်အား တောင့်တင်းအောင် ဆောင်ရွက်ပေးရမည်ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ စစ်တကောင်းဒေသမှ ဗုဒ္ဓဘာသာဝင်များ ရခိုင်ဘက်သို့ ဆက်လက် ပြောင်းရွှေ့

Thursday, June 13, 2013

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းဒေသမှ ဗုဒ္ဓဘာသာဝင် ရခိုင်မျိုးနွယ်စုများသည် အမြဲတန်း အခြေချနေထိုင်ရန် အတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ ဆက်လက်ပြောင်းရွေ့နေကြသည်ဟု သိရသည်။ လွန်ခဲသည့်အင်္ဂါနေ့ကလည်း လူပေါင်း ၃၀ ခန့် ရခိုင်ပြည်နယ်မောင်တောဘက်သို့ ပြောင်းရွေ့သွားကြောင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့နယ် မြစ်နားရွာရွာသား မျက်မြင် တစ်ဦးက ပြောသည်။

“ ဒီလွန်ခဲ့တဲ့ အင်္ဂါနေ့ မနက် ၉ နာရီကျော်မှာ တစ်ဖွဲ့ မောင်တောဘက်ကို နတ်မြစ်ကို လှေနဲ့ ဖြတ်ကျော် ကူးသွားတယ်။ အဲဒီနေ့ဘဲ ညနေ ၃ နာရီကျော်မှာတဖွဲ့ ဆက်ကူးသွားကြတယ်။ သူတို့အားလုံး ကျွန်တော်တို့ရွာက လှေနဲ့ ကူးသွားကြတယ်” ဟု ဆိုသည်။

လူ့အခွင့်အရေးလား၊ လူဦးရေ ထိန်းချုပ်မှုလား

ရခိုင်ပြည်နယ်အစိုးရက ဒေသန္တရ အမိန့်တခု ထုတ်သည်။ ထိုအမိန့်မှာ ဘူးသီးတောင် မောင်းတောနေ ဘင်္ဂါလီမိသားစုများ ကလေးနှစ်ယောက်ထက် ပိုမယူရေး (Two Child policy) ဖြစ်သည်။ ဒါကို မေ ၂၇ တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအမိန့်သည် လူလူချင်း ခွဲခြား ဆက်ဆံခြင်းဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည်ဟု ဝေဖန်သည်။ ထိုဝေဖန်မှုက အတန်ငယ် ဂယက်ထသွားသည်။ ထောက်ခံသူတွေရှိသလို ကန့်ကွက်သူတွေလည်း ရှိသည်။ ကန့်ကွက်သူ တွေထဲမှ တချို့က ဇွန်လ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့၌ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်လာပြန်သည်။

ဗဟို USDP အတွင်းရေးမှူး သူရ အောင်ကို ချင်းပြည်နယ်ရောက်ရှိ

Thursday, June 13, 2013

ဗဟို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး သူရ ဦးအောင်ကိုသည် ချင်းပြည်နယ်ရှိ ၄င်းတို့ ပါတီ တာဝန်ရှိများနှင့် တွေ့ဆုံရန် မေလ ၃၀ ရက်နေ့က ချင်းပြည်နယ်မြို့တော် ဟားခါး သို့ရောက်ရှိကြောင်း သိရသည်။
မေလ ၃၁ ရက်နေ့က ပြည်နယ်ကြံ့ခိုင်ရေး အစည်းအဝေးခန်းမတွင် ပြည်နယ်ကြံ့ခိုင်ရေး ဥက္ကဌ ပူး ဟုန်းငိုင်၊ ပြည်နယ် ၊ ခရိုင်၊ မြို့နယ်အဆင့် ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်များ၊ ကျေးရွာအဆင့် စည်းရုံးရေးမှူး ၄၉ ဦး စုစုပေါင်း ၇၅ ဦး ခန့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် လူထု ဆက်ဆံရေး၊ ပါတီ၏ လုပ်ငန်းဆောင်ရွက်မှု၊ ပါတီမူဝါဒနှင့် လူထု ဆက်ဆံရေး၊ ဗဟိုနှင့် ပြည်နယ်အကြားဆက်သွယ်ရေးနှင့် ကျေးလက်ဒေသခံတွေလိုအပ်ချက်များကို တွေ့ဆုံရှင်းလင်းမှုပြု ခဲ့ကြသည်ဟု ပြော ကြသည်။

ချင်းပြည်နယ်အတွင်း ဆမီးမြို့နယ်ခွဲတရားဝင်ဖွင့်လှစ်လိုက်ပြီ

Thursday, June 13, 2013
ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း ခူမီးချင်းလူမျိုးများ အများစု နေထိုင်သည့် ဆမီးမြို့နယ်ခွဲကို ယခုလ ၇ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် ပူး ဟုန်းငိုင်း ဦးဆောင် မှုဖြင့် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ဖွင့်ပွဲသို့ သစ်တောနှင့် သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ငြိမ်းနှင့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တက် ရောက်ကြကြောင်း ဆမီးဒေသခံများက ချင်းထုံးစံအရ နွားနောက်သုံးကောင်ဖြင့် ပျူငှာစွာ ဧည့်ခံကြို ဆိုကြကြောင်း သိရ သည်။ ဆမီးမြို့နယ်ခွဲကို ၃၁၂၇.၀၄ စတုရန်းမိုင် အကျယ်အ၀န်းရှိ ချင်းပြည်နယ်တွင် အကျယ်ဝန်းဆုံး ပလက်ဝမြို့နယ်မှ ခွဲ ထုတ် ပြီး မြို့နယ်ခွဲအဖြစ် သတ်မှတ် လိုက်ခြင်းဖြစ်သည်။ အကျယ်အ၀န်းမှာ ပလက်ဝမြို့နယ် ၏ တ၀က်ခန့်ရှိမည်ဖြစ်ပြီး ပ လက်ဝ မြို့နယ်၊ မတူပီမြို့နယ်၊ ရခိုင်ပြည်နယ် နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံအကြား ပင်လယ် ရေ မျက်နှာပြင် အထက် အမြင့် ပေ ၁၇၉ တွင် တည်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ပြန်လည်စိုးရိမ်လာကြ

နိုင်ငံ၏ အမြင့်ဆုံးသော သမ္မတရာထူးအာဏာ ရယူလိုသည်ဟု ပြောဆိုခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လုံခြုံရေး အထူးသတိပြုသင့်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းက သတိပေး ပြောဆိုလာကြသည်။

၂၀၁၀ ရွေးကောက်ပွဲ အပြီး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာသော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး အမြင်နှင့် သဘောထားများကို လူထုအကြိုက်လိုက်၍ ပြောခြင်းမျိုးထက် ဒီမိုကရေစီရှုထောင့်နှင့် လူ့အခွင့်အရေး ရှုထောင့်မှ ဆန်းစစ် ထုတ်ဖော်ပြောဆို လေ့ရှိသည့်အပြင် နိုင်ငံရေးသမားတဦးအနေနှင့် သမ္မတ ရာထူး အာဏာ ရယူလိုသည်ဟု ပြောဆိုလာကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၉၂ ရာခိုင်နှုန်းသော ပြည်သူက ထောက်ခံသည် ဆိုသော ယခင်စစ်အစိုးရ၏ ကြေညာချက်အပေါ်လည်း အယုံအကြည်မရှိဘဲ ကိုယ်တိုင်လည်း ကန့်ကွက်မဲ ပေးခဲ့ပါသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်နှင့် သဘောထားများအပေါ် ပြင်းထန်စွာ သဘောထား ကွဲလွဲသူများ ရှိလာနိုင်သဖြင့် လုံခြုံရေး သတိထားသင့်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောဆိုနေကြသည်။

ဂရိနိုင်ငံပိုင် ရုပ်မြင်သံကြား အစိုးရ ပိတ်ချလိုက်တဲ့အပေါ် ဆန္ဒပြကြ

Thursday, June 13, 2013

ဂရိနိုင်ငံမှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ငွေသုံးစွဲမှုကို လျော့ချတဲ့အနေနဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြားအစီအစဉ်နဲ့ ရေဒီယိုအစီအစဉ်အားလုံးကို ရုတ်တရက် ပိတ်ချလိုက်တဲ့အတွက် အလုပ်သမားသမဂ္ဂကတွေက သပိတ်မှောက်နေကြပါတယ်။
မြို့တော် အေသင်မြို့ရှိ နိုင်ငံပိုင် ရုပ်မြင်သံကြား ရုံးချုပ်ရှေ့မှာ ထောင်နဲ့ချီတဲ့ လူတွေ ဆန္ဒပြကြတာဖြစ်ပြီး တခြားပုဂ္ဂိလပိုင် မီဒီယာက သတင်းထောက်တွေနဲ့၊ ရုပ်မြင်သံကြား အစီအစဉ်တွေလည်း ဝိုင်းဝန်း သပိတ်မှောက် နေကြပါတယ်။

ခေါက်ဆွဲခြောက် ထုတ်များအား ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးသင့်

Thursday, June 13, 2013
အသင့်စား ခေါက်ဆွဲခြောက် ထုတ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် အမျှင်ဓါတ်၊ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ် ဓါတ်များ ပါဝင်မှုနှုန်း မြင့်မားသည့်အတွက် ရေရှည် စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန် ထိခိုက်နိုင်သည်ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ဆိုသည်။
"လူတစ်ယောက် အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက်ဒြိတ်(၅၅) ရာခိုင်နှုန်း ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲ ခြောက်မှာ ၉။ ၃၆။ ၅၅ ဖြစ်နေတဲ့အတွက် ပရိုတိန်းဓါတ်က နည်းပြီး ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေ များလွန်း နေပါတယ်။

ပဋိပက္ခတွေရပ်တန့်နိုင်ဖို့ သံဃာတော်တွေ ဆွေးနွေးကြမယ်

Thursday, June 13, 2013
မြန်မာနိုင်ငံတ၀ှမ်းမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေကို ရပ်တန့်နိုင်ဖို့အတွက် တနိုင်ငံလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာသံဃာတော်တွေက ဒီကနေ့မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီကနေ့ ပြုလုပ်မဲ့ အစည်းအဝေးကို သံဃာတော် အပါး နှစ်ရာကို ဖိတ်ခေါ်ထားတာဖြစ်ပြီးတော့ ရန်ကုန်မြို့ပြင်ဖက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းမှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကြမှာဖြစ်လို့ဆို ပါတယ်။ တွေ့ဆုံဆွေးနွေးမှုအတွင်းမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခအခြေအနေတင်းမာမှုတွေကို ဖြေလျော့နိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေသွားမှာဖြစ်တယ်လို့ ဆရာတော် ဓမ္မပိယ ကမိန့်ကြားပါတယ်။

အင်ဒိုက ရေငုတ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ကိုယ်တိုင်ထုတ်ဖို့ရှိ

Thursday, June 13, 2013
အင်ဒိုနီးရှားကာကွယ်ရေးတပ်အနေနဲ့ ရေငုတ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေ ကိုယ်တိုင်ထုတ်လုပ်တော့မယ်လို့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လာမဲ့ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်အတွင်းမှာ ထုတ်လုပ်နိုင်မယ်လို့လည်း ပြောပါတယ်။
ရေ ငုတ် သင်္ဘော တွေကို တောင်ကိုးရီးယား နိုင်ငံနဲ့ ပူးပေါင်း ထုတ်လုပ်မှာဖြစ်ပြီး လာမဲ့နှစ်မှာ စတင် စမ်းသပ် ပြေးဆွဲမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရနှင့် ALP ပဏာမ သဘောတူညီချက်များ အကောင်အထည် မဖေါ်နိုင်သေး

Thursday, June 13, 2013
၂၀၁၂ ခု ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်ပြည်နယ် အစိုးရအကြား ငြိမ်းချမ်းရေး တည် ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက် (၅)ခုမှာ ယခုအချိန်ထိ အကောင်အထည် မဖေါ်နိုင်သေးဘဲ ဖြစ်နေသည် ဟု ALP ပါတီ အထွေ ထွေအတွင်းရေးမှူး ခိုင်သုခက နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့ ရခိုင်ပြည်အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ အချက် ၅ ချက် ရှိပါတယ်။ အဲဒီ အချက် ၅ ချက်ထဲက တချို့အချက်တွေကို အကောင်အထည်ဖေါ်တဲ့ နေရာမှာ အခက်အခဲတွေ ရှိနေတဲ့ အတွက် အကောင်အထည် မဖေါ်နိုင်သေးဘဲ ဖြစ်နေပါသေးတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ဆက်ဆံရေးရုံး တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သော်လည်း ချင်းပြည်နယ် ပလက်ဝတွင် ယခု အချိန် ဆက်ဆံရေးရုံးရေးရုံးကို မဖွင့်လှစ်နိုင်သေးကြောင်း သူက ပြောသည်။

ကချင်ပြည်နယ်အတွင်း နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မည့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ စတင်ရန် အဆင်သင့် ဖြစ်နေ

Thursday, June 13, 2013
ကချင်ပြည်နယ်အတွင်း နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မည့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ စတင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေထံမှ သိရသည်။
"မိုင်းရှင်းလင်းဖို့အတွက် သင်တန်းပို့ချတာတွေ ပြီးစီးသွားပြီး။ ပူးပေါင်းလုပ်ဆောင်မယ့် ဆွစ်ဇာလန်နိုင်ငံနဲ့ အဓိကထား လုပ်ဆောင်သွားမယ်။ သူတို့ အဆင်သင့် ဖြစ်နေပါပြီ" ဟု ဦးသန်းထွဋ်ဆွေက ဆိုသည်။

Wednesday, June 12, 2013

မီးသတ်ဆေးဘူး မဆောင်သည့် ပရိုဘောက်ကားများ သတိထား

၁၂.၆.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
တောင်တက်လမ်းခရီး၌ ပရိုဘောက်ကားများမှာ မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကားအတွင်း မီးသတ်ဆေးဘူး ပါဝင်မှုရှိ၊ မရှိ စစ်ဆေးပြီးမှသာ ကညနမှ မှတ်ပုံတင်ခွင့်ပေးတော့ မည်ဟု တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
`မီးသတ်ဆေးဘူးကားထဲမှာ မချိတ်ဘူးဆိုရင် မှတ်ပုံတင် မပေးတော့ပါဘူး၊ ဘာကြောင့်လည်းဆိုတော့ လူသူမနီး၊ ရေလည်းမနီးတဲ့အတွက် မီးလောင်ဖြစ်စဉ်ဖြစ်ပွားပြီး တစ်စီးလုံး ဆုံးရှုံးရတယ်၊ ဒါကြောင့် တိုင်းဒေသကြီးဝန်ကြီးတွေက စီစဉ်ခိုင်းတာ ဖြစ်တဲ့အတွက် စတင်လုပ်ဆောင်တာဖြစ်ပါတယ်´ဟု တိုင်းဦးစီးမှူး ဦးသိန်းဦးက ပြောသည်။

မလေးရှားတွင် မြန်မာလုပ်သားများ မိအေး နှစ်ခါနာ ဖြစ်နေရ

Wednesday, June 12, 2013

မလေးရှားအစိုးရ၏ ရပ်တည်ကိုင်တွယ်မှုအပေါ် ပြည်တွင်းအင်အားစုများက ပြစ်တင်ရှုတ်ချ
မလေးရှား နိုင်ငံတွင် မြန်မာလုပ်သားများ အကြမ်းဖက်ခံရမှုများနှင့်ပတ်သက် ၍မလေးရှားအစိုးရ၏ရပ်တည် ကိုင်တွယ်မှုကို ပြည်တွင်း ရှိ နိုင်ငံ ရေးပါတီများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် အလုပ်သမားအ ရေးဆောင်ရွက်နေသူများက ပြင်း ပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။
လက်ရှိ မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံနေရသည့် မြန်မာ လုပ်သားများအတွက် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဆောင်ရွက်မှု များရှိနေသော်လည်း မလေးရှား နိုင်ငံအစိုးရ ၏ပြန်ကြားမှု တစ်စုံ တစ်ရာမရှိခြင်းကြောင့် ကန့်ကွက် ကြောင်း ယင်းတို့ကဆိုသည်။

ဘုရင့်နောင်တံတားပေါ်မှ အမျိုးသမီးတစ်ဦးရေထဲခုန်ချ


Wednesday, June 12, 2013

၁၁.၆.၂၀၁၃ရက်နေ့ ၁၇၁၀အချိန်အတွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားဟောင်း ရေလယ်တိုင်အမှတ်
(၄)နှင့် (၅)ကြားမှ အမျိုးသမီးငယ်တစ်ဦး ရေထဲခုန်ချခဲ့ရာ တံတားသစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ဇက်ရေယာဉ်အမှတ်(၁၁၀) ပြည်တွင်းရေကြောင်းပိုင်ရေယာဉ်ပေါ်တွင် ရှိနေသူ ဦးချမ်းမြေ့သော် (စက်ကိုင်) မှ တွေ့မြင်သဖြင့်ဆယ်ယူကယ်တင်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်အဆောက်အဦများပျက်စီး


Wednesday, June 12, 2013

၁၀-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဆည်ကြီးတော ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကန်းနီမချောင်း တောင်ကျရေစီးဆင်းကာ ချောင်းဘေးရှိ ဆည်ကြီးတောရွာမှ ဒေါ်ကြည်မာသင်း၏ ထန်းရွက်မိုး/ထရံကာနေအိမ် ၁ လုံးနှင့် ဦးဝင်း၏ နွားတဲ ၁ လုံး ပြိုကျပျက်စီးခဲ့ပြီး ဦးမျိုးလွင်၏ ၀က် ၁ ကောင်၊ ဦးဂျစ်တူး၏ ၀က် ၁ ကောင်နှင့် အိမ်ထောင်စု ၄၁ စုမှ နေအိမ်အောက်တွင်ထားရှိသည့် အသုံးဆောင်ပစ္စည်းများ ရေစီးနှင့်အတူမျောပါသွားခဲ့သည်။

ရန်ကုန်တက္ကသိုလ် အကြီးစားပြင်ဆင်မှုများ ပြုလုပ်

ရန်ကုန်တက္ကသိုလ် ကို အကြီးစား မွမ်းမံ ပြင်ဆင်နေမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ၂၀၁၁ ခုနှစ်မှ စတင်၍ ကျပ် သန်းပေါင်း ၃၈၀၀ ကျော် အကုန်အကျခံပြီး ဘွဲ့နှင်းသဘင်ခန်းမ၊ အဓိပတိ လမ်း၊ မန္တလေးဆောင်၊ တောင်ငူဆောင်၊ ဝေသာလီဆောင်၊ ရာမည ဆောင် ၊ အမရဆောင် စသည့် စာသင်ဆောင်များကားလမ်းများ၊ခြံစည်းရိုးများ၊ လမ်းမီးတိုင်များ၊ရေနုတ်မြောင်းများကိုပြင်ဆင် နေကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို အမေရိကန်၊ တောင်ကိုရီးယား တက္ကသိုလ်များနှင့် ပူးပေါင်း ၍ ပညာရေး အဆင့်မြှင့် ဆောင်ရွက် ရန် လာရောက် သင်ကြားပို့ချမည့် နိုင်ငံခြား ပညာရှင်များ နေ ထိုင်ရေးအတွက် လည်း စီစဉ်နေကြောင်း မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။

Tuesday, June 11, 2013

ဒေါ်လာဈေး ကျပ် ၉၅၀ အထိ မြင့်တက်ခြင်း၏ အကျိုးဆက်ကြောင့် ဆန်၊ ဆီ၊ သား ငါးနှင့် အခြေခံ စားသောက်ကုန်များ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၆၀ အထိ ဈေးတက်

ဆန်၊ ဆီ၊ သား ငါး အပါအ၀င် အခြေခံ စားသောက်ကုန်များမှာ တစ်လအတွင်း ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
အခြေခံ စားသောက်ကုန်များထဲတွင် အများသုံး ဆန်ကြမ်းမှာ လက်လီ ဈေးကွက်အတွင်း တစ်ပြည်လျှင် ကျပ် ၁၀၀ ကျော်၊ တစ်အိတ်လျှင် ကျပ် ၃၀၀၀ နီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။
အများပြည်သူ အဓိက မှီခို စားသုံးရသည့် ငါးမြစ်ချင်း၊ ငါးကြင်းဈေးနှုန်း များမှာလည်း တစ်လအတွင်းမှာပင် ငါးမြစ်ချင်းဆိုပါက ယခင် တစ်ပိဿာ ကျပ် ၂၅၀၀ ၀န်းကျင်သာ ရှိရာမှ ယခုအခါ တစ်ပိဿာ ကျပ် ၃၅၀၀ သို့လည်းကောင်း၊ ယခင် တစ်ပိဿာ ကျပ် ၄၀၀၀ ၀န်းကျင်ရှိသည့် ငါးမြစ်ချင်းမှာ ယခု တစ်ပိဿာ ကျပ် ၆၅၀၀ သို့ လည်းကောင်း မြင့်တက်လာခဲ့သည်။

ပုဂ္ဂလိက မီဒီယာများကို အလုံးစုံ မယုံကြည်သောကြောင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာရှိသင့်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်း ပြောကြား

ပုဂ္ဂလိက မီဒီယာများကို အလုံးစုံ မယုံကြည်သောကြောင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ရှိသင့်သည်ဟု ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက ပြောကြားသည်။
ဇွန် ၉ ရက်က ရန်ကုန်မြို့၌ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် အဖွဲ့ဝင်များ၊ ဥပဒေကြမ်း ကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် အဖွဲ့ဝင်များ တွေ့ဆုံပြီး ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေမူကြမ်း၊ အများပြည်သူ ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် ဦးရဲထွန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ၌ ဒေသဆိုင်ရာ ပညာရေး ဆွေးနွေးပွဲများမှ ရလဒ်များအား ကဏ္ဍ ၁၃ ခုဖြင့် ဆွေးနွေး

Tuesday, June 11, 2013
မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အထောက်အကူ ပြုစေမည့် နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံအား ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဒေသဆိုင်ရာ ပညာရေး ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များမှ ယင်းပညာရေး ညီလာခံတွင် ကဏ္ဍ(၁၃)ခုဖြင့် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်
အဆိုပါ နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံကို ရန်ကုန်၊ မျက်မမြင်ကျောင်း (ခ၀ဲခြံ)၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၁၃ ခုနှစ်၊ ဇွန် ၈ ရက်မှ ၉ ရက်အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၎င်းညီလာခံတွင် ကလေးသူငယ်များ ရှေးဦးသင် ပညာရေး၊ မသင်မနေရ အခြေခံပညာရေး (မူလတန်းမှ အလယ်တန်း)၊ အခြေခံ အထက်တန်း ပညာရေး၊ အဆင့်မြင့် ပညာရေး၊ ကျောင်းပြင်ပ ပညာရေး၊ ပုဂ္ဂလိက ကျောင်းနှင့် ပုဂ္ဂလိက တက္ကသိုလ်များ၊ ဘုန်းတော်ကြီးသင်ကျောင်း ပညာရေး၊ ဘာသာရေး အသင်းအဖွဲ့များမှ ဖွင့်လှစ်ထားသည့် ကျောင်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့် အခမဲ့ပညာဒါန ကျောင်းများ၊ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ၊ ပညာရေး အထူးလိုအပ်ချက်၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေး၊ စစ်ပြေးဒုက္ခသည်နှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေးဟူသည့် ကဏ္ဍ(၁၃)ရပ်အား ဆွေးနွေးခဲ့သည်။

ယူရိုသန်းချီတန် မြန်မာကျောက်စိမ်းတုံးကိစ္စ တရုတ်ကုမ္ပဏီက ပြန်လည်ပေးအပ်ရန် ကမ်းလှမ်းခဲ့ပြီး မြန်မာကုမ္ပဏီက အခွန်ငွေပေးဆောင်ရန် လျှောက်ထား

ယူရိုသန်းချီတန် မြန်မာ့ကျောက်စိမ်းတုံး နှစ်တုံးကိစ္စနှင့် တရုတ်နိုင်ငံတွင် တရားရင်ဆိုင်လျက် ရှိသော မြန်မာ ကုမ္ပဏီကို တရုတ်ကုမ္ပဏီက ကျောက်စိမ်းတုံးများ ပြန်လည်ပေးအပ်ရန် ကမ်းလှမ်း ခဲ့ပြီး မြန်မာ ကုမ္ပဏီက တရားဝင် အခွန်ငွေပေးဆောင်ရန်နှင့် တရားမ၀င် တင်သွင်းခဲ့သော လမ်းကြောင်း ကို ဖော်ထုတ်ပေးရန် တရုတ်တရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကျောက်စိမ်းအမှုကို မြန်မာလုပ်ငန်းဖြစ်သော သီတာမြနန်း ကျောက်မျက်ရတနာ တူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီနှင့် တရုတ်လုပ်ငန်းဖြစ်သော နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့အကြား တရားရင် ဆိုင်နေခြင်း ဖြစ်သည်။

မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်းကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ ကားပါကင်၊ ဈေးဝယ်စင်တာများ ပါဝင်သော အထပ်မြင့် အဆောက်အအုံတစ်ခု ဆောက်မည်

မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ အထပ်အမြင့် အဆောက်အအုံတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း အကျိုးတူ ဆောက်လုပ်မည့် Living Square Co.,Ltd ထံမှ သိရသည်။
အမှတ်(၆၅) မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းပေါ်တွင် အဆိုပါ ၂၇ ထပ်ရှိ အဆင့်မြင့် အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ပြီး ကားပါကင်အဖြစ် မြေအောက်ထပ် သုံးထပ်နှင့် အထပ်ငါးမှ ခုနစ်အထိ သုံးထပ် စုစုပေါင်း ခြောက်ထပ်၊ ဈေးဝယ်စင်တာအဖြစ် မြေညီထပ်မှ လေးထပ်အထိ စုစုပေါင်း ငါးထပ်နှင့် ရှစ်ထပ်မှ စတင်ကာ ၁၉ ထပ်အထိ အဆင့်မြင့် အခန်းရှစ်ခန်းစီ ပါဝင်သော အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင်း မျက်နှာဖုံးစွပ် သေနတ်ကိုင် ဓားပြတိုက်သည့် ဖြစ်စဉ်ကြောင့် ယာဉ်လိုင်းများနှင့် ခရီးသွားများ စိုးရိမ်ထိတ်လန့်

ရန်ကုန်မြို့မှ လေးနာရီကြာ ခရီးစဉ်ဖြစ်သည့် မွန်ပြည်နယ်သို့ ပြေးဆွဲလျက်ရှိ သည့် ''ရာဇာမင်း'' ခရီးသည်တင်ကားကို မျက်နှာဖုံးစွပ် သေနတ်ကိုင် ဓားပြတိုက်ခဲ့သည့် ဖြစ်စဉ်ကြောင့် ခရီးသွားပြည်သူများ စိုးရိမ် ထိတ်လန့်လျက်ရှိကြောင်း သိရသည်။
ဇွန် ၈ ရက် ည ၉ နာရီခန့်တွင် ကျိုက္ခမီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော အဆိုပါ ခရီးသည်တင် မှန်လုံယာဉ်သည် သထုံမြို့နယ်၊ တောင်စွန်းကျေးရွာအနီး ဘုရားကုန်းကွေ့ အရောက်၌ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များ အနက်မှ ခရီးသည် ငါးဦးမှ သေနတ်တိုများဖြင့် ပစ်ဖောက်ခြောက်လှန့်ကာ ဒရိုင်ဘာအား သေနတ်ဖြင့်ထောက်ပြီး ယာဘက် မိုင်တိုင် ၁၅၄/၄၊ ၁၅၄/၅ အောင်းဆိုင်ရွာ အ၀င်လမ်း နှစ်ဖာလုံးခန့်သို့ မောင်နှင်းသွားခိုင်းပြီး ယာဉ်အား ရပ်တန့်ရန် စေခိုင်းခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

Monday, June 10, 2013

မလေးရောက်မြန်မာနိုင်ငံသားများ လုံခြုံရေးအတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

Monday, June 10, 2013
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများလုံခြုံရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးနိုင်သည့်အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့ကိုမလေးရှားနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်သည်။အဆိုပါကိုယ်စားလှယ်အဖွဲ့  စေလွှတ်နိုင်ရေး ခရီးစဉ်နှင့် ပတ်သက်၍ နှစ်ဘက်ညှိုင်နှိုင်းမှုများ ဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်၏ လူမှုရေးစာမျက်နှာ၌ ဖော်ပြထားသည်။မလေးရှားနိုင်ငံတွင်၂၀၁၃ခုနှစ် မေလကုန် ပိုင်းညမှစတင်၍အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးအဆိုပါအကြမ်းဖက်မှုများသည်ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှ ကူးစက်လာခြင်းဖြစ်သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများရှိနေသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် တွေ့ဆုံ

Monday, June 10, 2013
သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA-S) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ယနေ့ နေပြည်တော်တွင် တွေ့ဆုံ၍ ပဋိပက္ခစောင့် ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေး သဘောတူကြ ကြောင်း သိရသည်။သမ္မတ အကြံပေး အဖွဲ့ဝင်တဦးဖြစ် သည့် ဦးလှမောင်ရွှေက“သမ္မတ ဦးသိန်းစိန်ဘက်က ဆွေးနွေးတာမှာ စောင့်ကြည့်ရေး ကော်မတီဖွဲ့တာ သဘောတူတယ်။ နောက် သူ့အနေနဲ့ ၂ ဖက်လက်နက်စွဲကိုင်ပြီး တိုက်ပွဲတွေဖြစ်နေခဲ့ကြတာ သိပ်ကြာနေ ပြီ။ ဒါကြောင့် မို့လို့ ဒီအစား စားပွဲဝိုင်းမှာ တွေ့ဆုံ ဆွေးနွေးပြီးတော့ တိုင်းရင်းသားတွေဘက် ဆွေးနွေး ချက်တွေကို သူ့ အနေနဲ့ နောက်ဆုံး ဒါတွေ ဆွေးနွေးသွားလို့ရတယ်ဆိုပြီး သူ့ရဲ့ Road Map(လမ်းပြမြေပုံ) ကိုလည်း သွားဖို့ ရှင်းပြပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။ 

My Blog List