Thursday, January 23, 2020

တိုင်းပြည်၏ နှစ်တို၊နှစ်ရှည်စီမံကိန်းများကို အစမှ ပြန်လုပ်ဆောင်နေခြင်းသည် တိုင်းပြည်အပေါ်ထားသည့်စေတနာမမှန်ဟုဆို

တိုင်းပြည်၏ နှစ်တို၊နှစ်ရှည်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ခြင်းမရှိဘဲ အစမှ ပြန်လုပ်ဆောင်နေခြင်းသည် တိုင်းပြည်အပေါ်ထားသည့်စေတနာမမှန်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်ကပြောကြားလိုက်သည်။
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာတွင် ဇန်နဝါရီ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပါတီဝင်စုပေါင်းအဆိုပြုလွှာ ပေးအပ်ခြင်း အခမ်းအနားတွင် ဦးဝဏ္ဏမောင်လွင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းထုတ်ပြန်သည်။
“အရာရာတိုင်းကို အစကနေပြန်စနေရင် ၅ နှစ်တစ်ကြိမ် အစိုးရပြောင်းသွားတိုင်း နိုင်ငံရေးပါတီတွေ ပြောင်းသွားတိုင်း အာဏာရပါတီတွေ မတူတိုင်းမှာ ရှေ့ကလုပ်ခဲ့တဲ့ ကောင်းတဲ့ဟာရော ဆက်မလုပ်တော့ဘူး။ ကိုယ့်ဘာသာ အစကနေ ပြန်စလုပ်မယ်ဆိုရင် ပြည်သူလူထုက တစ်ကနေ ပြန်စနေရမှာပေါ့။ ကျွန်တော်တို့လိုချင်တာ ဒါမဟုတ်ပါဘူး။ ဘယ်သူပဲအာဏာရရ တိုင်းပြည်က တစ်ပြေးတည်း တိုးတက်သွားရမှာ။ ကောင်းတဲ့အရာတွေကိုလည်း စောင့်ရှောက်ထိန်းသိမ်းပြီး ဒီထက်မက တိုးတက်သွားအောင် လုပ်သွားရမယ်။ ငါတို့မလုပ်ခဲ့လို့ ငါတို့ပြန်ဖျက်ပစ်မယ်ဆိုရင် ဒီစေတနာဟာ တိုင်းပြည်ပေါ်မှာ မမှန်ဘူးလို့ ပြောလို့ရတယ်” ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံ အနေဖြင့် ဆင်းရဲ၊ချမ်းသာ၊ကျေးလက်၊မြို့ပြ ခြားနားချက်မရှိတော့ဘဲ အခြားနိုင်ငံကြီးများကဲ့သို့ တစ်ချိန်တွင်ဖြစ်စေချင်သည်ဟုလည်း၎င်းကဆိုသည်။
“ကျွန်တော်တို့ စေတနာကတော့ မြို့ပြနဲ့ ကျေးလက် ဆိုတာ ဖွံ့ဖြိုးမှုတွေ တူညီရမယ်။ ဖွံ့ဖြိုးမှုကွာဟချက် အနည်းဆုံးဖြစ်ရမယ်။ ကျဉ်းမြောင်းသွားရမယ်။ ကျွန်တော်တို့ ရောက်ခဲ့ဖူးတဲ့ နိုင်ငံကြီးတွေမှာဆိုရင် နိုင်ငံရေးစနစ်အရရော၊ စီးပွားရေးစနစ်အရရော၊ ဖွံ့ဖြိုးတိုးတတ်လာတဲ့အတွက် ကျေးလက်နဲ့ မြို့ပြရဲ့ ခြားနားချက်က ဘာမှမရှိတော့ဘူး။ မြို့ပြဆိုတဲ့ မြို့ကြီးမှာ နိုင်ငံတကာလေဆိပ်ရှိတယ်။ နိုင်ငံခြားသွားလို့ ရတယ် ဒါပဲကွာခြားတော့တယ်။ ကျန်တဲ့ဟာအကုန်အတူတူပဲ။ တောင်ပေါ်မှာရှိတဲ့အိမ်ကလည်း မီးလင်းတာပဲ။ ရေဖွင့်လိုက်ရင် ရေပူ၊ ရေအေး ရတယ်။ လယ်ကွင်းထဲထိ ကိုယ်ပိုင်ကားနဲ့ သွားတယ်။ ဆင်းရဲ၊ ချမ်းသာ မြို့ပြကျေးလက် ဘာမှမခြားတော့ဘူး။ တစ်ချိန်မှာ ကျွန်တော်တို့ နိုင်ငံဒီအတိုင်းဖြစ်လာရမယ်” ဟု ဦးဝဏ္ဏမောင်လွင်က ဆက်လက်ပြောကြားခဲ့သည်။

The Ladies News

No comments:

Post a Comment

My Blog List