Tuesday, February 18, 2020

ကျပ်ဘီလီယံ အနည်းဆုံး ၅၀၀ မှ ၁၀၀၀ နီးပါးအထိ နှစ်စဉ် အရှုံးပေါ်နေသော နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ၁၃ ခုရှိ

No photo description available.
မြန်မာနိုင်ငံတွင် နှစ်စဉ် ငွေကျပ်ဘီလီယံ အနည်းဆုံး ၅၀၀ မှ ၁၀၀၀ နီးပါး အထိ အရှုံးပေါ်နေသော နိုင်ငံပိုင်အဖွဲ့အစည်း ၁၃ ခု ရှိကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နွေရာသီမှာ ပေါ့ပါးလွတ်လပ်တာတွေ ဝတ်ဖြစ်မယ်ဆိုတဲ့ သင်ဇာဝင့်ကျော်


Image may contain: 1 person, standing
ဖက်ရှင်နဲ့ပတ်သက်ရင် ပရိသတ်ကို လှုပ် လှုပ်ခတ်ခတ်ဖြစ်စေတဲ့ သင်ဇာဝင့်ကျော်က သူမရိုက်ကူးခဲ့တဲ့ မြမြရုပ်ရှင်ဇာတ်ကား အောင် မြင်မှုအပေါ် ခုလိုပြောပြခဲ့ပါတယ်။

နိုငျငံတောျအတိုငျပငျခံပုဂ်ဂိုလ်နှင့် မင်းကင်း လူထုတွေ့ဆုံပွဲ ယာယီရွှေ့ဆိုင်း


Image may contain: 1 person, sitting
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကင်း လူထုတွေ့ဆုံပွဲကို ယာယီရွှေဆိုင်းထားကြောင်း မင်းကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက iSee media သို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က အတည်ပြုပြောကြားသည်။

အစိုးရကို ထောက်ပြဝေဖန်မည့် အတိုက်အခံပါတီကောင်းများ ပေါ်ထွက်လာရန်လိုအပ်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးပြောဆို


Image may contain: 1 person, on stage and standing
နိုင်ငံတော်အစိုးရကို ပွင့်ပွင့် လင်းလင်း အကျိုးသင့်၊ အကြောင်းသင့် ထောက်ပြဝေဖန်မည့် အတိုက်အခံပါတီ ကောင်းများ ပေါ်ထွက်လာရန် လိုအပ် ကြောင်း ပြည်သူ့ပါတီ ဗဟိုအလုပ်အမှု ဆောင် ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောဆိုသည်။

သင့်မိဘတွေလို ဘယ်သူမှ မင်းကို မချစ်နိုင်ဘူး


အသဲတွေထိတာ 💕.

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခေါင်းဆောင်အချင်းချင်းညှိနှိုင်းပြီးမှ လွှတ်တော်တွင်း၌ ပြင်ဆင်သင့်ကြောင်း ဒေါက်တာသက်သက်ခိုင် ပြောကြား

Image may contain: 2 people, people standing, child, wedding and outdoor
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၀၀ ကျော်ရှိပြီး ၂၀၀၈ ခုနှစ် မေလတွင် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာအတည်ပြုပြဌာန်းခဲ့ခြင်း ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်သည်" ဆိုင်းဘုတ်များ ရွေးကောက်ပွဲအတွက် ရည်ရွယ်နေသလား၊ ကျပ်သိန်းထောင်ချီသော ကြော်ငြာခသုံးစွဲမှု ပါတီငွေလား၊ အစိုးရငွေလား မရှင်းလင်း


Image may contain: 1 person, outdoor
အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက စတင်တရားစွဲဆိုချိန် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစတင်၍ စိုက်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်သည်ဆိုသော ဆိုင်းဘုတ်များသည် လက်ရှိ အချိန်အထိ မဖြုတ်သေးဘဲ ရှိနေရာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း ဖြစ်ချင်ဖြစ်နိုင်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကုန်သွယ်လုပ်ငန်းခွန်မပေးဆောင်သည့် ရဲတပ်ဖွဲ့ဌာနချုပ်ကို တပ်ကိုယ်စားလှယ်ဝေဖန်

Image may contain: 2 people, text
၅ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်မပေးဆောင်သောရဲတပ်ဖွဲ့ဌာနချုပ်ကို တပ်ကိုယ်စားလှယ်တစ်ဦးက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဝေဖန်ထောက်ပြလိုက်သည်။

သမ္မတရုံးဝန်ကြီး(ငြိမ်း)ဦးအောင်မင်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်တော့ဘဲ သမ္မတဦးသိန်းစိန်ကို နောက်ကနေ ကူညီမည်ဟုဆို

Image may contain: 1 person, eyeglasses and closeup
၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် ရှားတောမြို့နယ် မဲဆန္ဒနယ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သော ယခင် အစိုးရအဖွဲ့မှ (MPC) ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး(ငြိမ်း) ဦးအောင်မင်း သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ဘဲ သူ၏ ဆရာဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန် ကို နောက်ကနေ ပံ့ပိုး ကူညီမည်ဟု Speaker သို့ ပြောသည်။ “အန်ကယ် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ဦးမှာလား၊ မဝင်တော့ ပါဘူးကွာ။ ငါ့ ဆရာက(သမ္မတဟောင်းဦးသိန်းစိန်) USDP ကို ပံ့ပိုး ကူညီမယ်ဆိုတော့ ငါက ငါ့ဆရာကို ဝန်းရံရမှာပေါ့” ဟု ပြောဆိုသွားသည်။ 

Tint Tint Myanmar ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်အနေဖြင့် Water Bus များတွင် သုံးစွဲရန်အတွက် ဒီဇယ်များကို တိုက်ရိုက်အကြွေ၀ယ်ယူ ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြား


Image may contain: 1 person, indoor
Petro &Trans Group ကုမ္ပဏီမှ Water Bus များတွင် သုံးစွဲရန်အတွက် ဒီဇယ်များကို မိမိအနေဖြင့်တိုက်ရိုက်အကြွေး၀ယ်ယူ ခဲ့ခြင်းမဟုတ်ကြောင်း Tint Tint Myanmar ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ဖေဖော်ဝါရီ ၁၇ရက် sedona ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်ပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနောက်ဘက်ရှိ ကမ်းလွန်လုပ်ကွက် အစမ်းတွင်း မဟာ(၁)အား တူးဖော် သဘာဝဓာတ်ငွေ့ တစ်နေ့လျှင်ပျမ်းမျှ ကုဗပေ ၃၈သန်းကျော် အထိ စမ်းသပ်ရရှိနေ

Image may contain: water

မြန်မာနိုင်ငံအနောက်ဘက် ကမ်းလွန်လုပ်ကွက် A-3 တွင် တည်ရှိသော သဘာဝဓာတ်ငွေ့ အစမ်းတွင်း မဟာ(၁) တူးဖော်နေမှု အခြေအနေများအား ဗဟိုအစိုးရအဖွဲ့တာဝန်ရှိသူများ၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများက ယနေ့တွင် သွားရောက်စစ်ဆေးခဲ့သည်ဟုသိရသည်။

အစိုးရနှင့်ကုမ္ပဏီတို့ ဖက်စပ်လုပ်သည့် လုပ်ငန်းပေါင်း ၂၀ကျော်အမြတ်လုံးဝမရသေးသည့်အပေါ် “ဒီနိုင်ငံမှ မမွဲရင် ဘယ်နိုင်ငံမှ မွဲစရာအကြောင်းမရှိတော့ဘူး”ဟု NLD အမတ် ထိထိမိမိထောက်ပြဝေဖန်

Image may contain: 1 person
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်NLD အမတ်တစ်ဦးက“ဒီနိုင်ငံမှ မမွဲရင် ဘယ်နိုင်ငံမှ မွဲစရာအကြောင်းမရှိတော့ဘူး”ဟု သက်ဆိုင်ရာဌာနများကို ပြောဆိုဆွေးနွေးဝေဖန် လိုက်ပြီး နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် သီးခြားစစ်ဆေးရန်ပါ တောင်းဆိုခဲ့သည်။

နိုင်ငံဘဏ္ဍာ ဆုံးရှုံးဖိတ်စင်မှုများကို လက်ထိပ်ဖြင့်ကောက်ယူဖို့အထိ တိုက်တွန်းဆွေးနွေးမှု ယနေ့ပြည်ထောင်စုလွှတ်တော်တွင်ဖြစ်ပေါ်


Image may contain: 6 people, people sitting
နိုင်ငံဘဏ္ဍာ ဆုံးရှုံးဖိတ်စင်မှုများကို လက်ထိပ်ဖြင့်ကောက်ယူဖို့အထိ တိုက်တွန်းဆွေးနွေးမှု ယနေ့ပြည်ထောင်စုလွှတ်တော်တွင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပါရီ မြို့တော်ဝန်လောင်းတစ်ဦး၏ မတော်တလျော်ပုံများ ဖော်ထုတ်ခဲ့သည့် ရုရှား အနုပညာရှင် ဖမ်းဆီးခံရ

Image may contain: 2 people, people sitting and indoor
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ မြို့တော်ဝန်လောင်းတစ်ဦးရဲ့ မတော်တလျော်ပုံတွေကို ဖော်ထုတ်ခဲ့တဲ့ ရုရှားအနုပညာရှင် တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားမြောက်ပိုင်းတွင် ဆေးရုံတစ်ရုံ ပျက်စီး

Image may contain: one or more people and outdoor, text that says 'one NEWS'
ရုရှားနဲ့ ဆီးရီးယား အစိုးရတွေက ဆီးရီးယား နိုင်ငံ မြောက်ပိုင်းက ဒါရတ်အစ်ဇာမြို့ကို အခုလ ၁၇ ရက်နေ့တုန်းက လေ ကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆေးရုံတစ်ရုံ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့ပါတယ်။ တခြားဆေးရုံတစ်ရုံ လည်း ပိတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကို မြန်မာနိုင်ငံတွင် ကိုယ်တိုင်ဓာတ်ခွဲစစ်ဆေးတော့မည်

Image may contain: 1 person, sky, cloud and outdoor
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကိုလာမယ့် ဖေဖော်ဝါရီ ၂၀ရက်ကစပြီး ကိုယ်တိုင်ဓာတ်ခွဲစစ်ဆေးစစ်ဆေးနိုင်တော့မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၇၃ ယောက်၊ ကူးစက်သူ ၇၃၃၃၂ ယောက် ရှိလာ

Image may contain: one or more people, indoor and closeup
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၈၇၃ ယောက်နဲ့ ကူးစက်သူ ၇၃၃၃၂ ယောက် ရှိလာပြီလို့ worldometer ဝက်ဘ်ဆိုက်ရဲ့ ဒီနေ့မနက် ဖော်ပြချက်အရ သိရပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး အဖြစ် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီးအား ပူးတွဲ တာဝန် ပေးအပ်

Image may contain: 1 person, eyeglasses
ကယားပြည်နယ်လွှတ်တော်၏ သဘောတူညီချက် အရ ကယားပြည်နယ်အစိုးရအဖွဲ့တွင် "လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန" ကို တိုးချဲ့ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ( ၂၈. ၆. ၂၀၁၉) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၈၁ / ၂၀၁၉ ဖြင့် ထုတ်ပြန်လိုက်ကြောင်းသိရသည။်

Monday, February 17, 2020

မြဝတီတွင် ရွှေမြစန္ဒီအိမ်ရာ ဖျက်ဆီးမှု ကန့်ကွက်သူ နော်အုန်းလှအပါအဝင် ၄ ဦးကို ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁ လ ချမှတ်

Image may contain: 13 people, people standing, wedding, crowd, tree and outdoor
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ရွှေမြစန္ဒီအိမ်ရာစီမံကိန်းကို ကရင်ပြည်နယ် အစိုးရက ဖျက်ဆီးမှုကို ကန့်ကွက်ခဲ့ကြသော နော်အုန်းလှ အပါအဝင် ၄ ဦးကို မြဝတီမြို့နယ်တရားရုံးက ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ယနေ့ ထောင်ဒဏ် ၁ လချမှတ်လိုက်ကြောင်း သိရှိရသည်။

သမ္မတဦးသိန်းစိန်လက်ထက် ကုမ္ပဏီ ၁၀ ခုကို နိုင်ငံတော်ဧည့်ဂေဟာ ဆောက်ရန် ငွေဘီလီယံ ၂၄၀ ထုတ်ချေးခဲ့သော်လည်း အတိုးငွေမရရှိမှုများရှိနေ၊ ဧဒင်၊ မက်စ်၊ ရွှေတောင်၊ IGE ၊ ထူး၊ အေးရှားဝေါလ်တို့လည်းပါဝင်

Image may contain: text
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် နေပြည်တော်တွင် နိုင်ငံတော်ဧည့်ဂေဟာ တည်ဆောက်ရန် ငွေကျပ် ဘီလီယံ ၂၄၀ ကုမ္မဏီ ၁၀ ခုကို ထုတ်ချေးခဲ့သော်လည်း အတိုးငွေ မရရှိမှုများ ရှိနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ သိရှိရသည်။

နိုင်ငံတော်သို့အကြွေးမပေးဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် မွေးမြူရေးလုပ်ငန်းရှင်များကို တရားခံပြေးအဖြစ်ကြေညာထားကြောင်းသိရ

Image may contain: text that says 'နိုင်ငံတော်သို့ အကြွေးမပေးဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးအဖြစ် ကြေညာထားကြောင်းသိရ အမြန်ဆုံးဖမ်းမိနိုင်ရေး ရဲချုပ်ရုံးနှင့် ဆက်သွယ်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေဟုဆို'

နိုင်ငံတော်သို့ ပေးရမည့်အကြွေးအားမပေးဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် မွေးမြူရေးလုပ်ငန်းရှင်၃၀ကျော်ကို တရားရုံးအသီးသီးက တရားခံပြေးများအဖြစ်ကြေညာထားကြောင်းသိရသည်။

တရုတ်ခရီးသွားတွေ ဝင်ရောက်လည်ပတ်ခွင့်မပြုဖို့ မန္တလေးဧည့်လမ်းညွှန်အသင်း တောင်းဆို

Image may contain: one or more people

တရုတ်ခရီးသွားတွေကို ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်နဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခွင့်ပြုမယ်ဆိုတဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ကြေညာချက်ကို မန္တလေးဧည့်လမ်းညွှန်များအသင်းက ကန့်ကွက်လိုက်ပါတယ်။

ပါမောက္ခ ဝီလီယံ ရှဘတ်စ် မြန်မာအစိုးရနဲ့အဆက်ဖြတ်ဖို့ ဖိအားပေးခံရ

Image may contain: 1 person, sitting and suit
နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံဖက်က ရှေ့နေလိုက်ပေးနေတဲ့ ပါမောက္ခ ဝီလီယံ ရှဘတ်စ်ကို မြန်မာနဲ့အဆက်ဖြတ်ဖို့ နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်မှုလေ့လာရေးအဖွဲ့ (IAGS) က တိုက်တွန်းထားပါတယ်။

ခန္တီးနဲ့ ဟုမ္မလင်းကို နာဂဒေသထဲထည့်ရေး ရှမ်းနီတိုင်းရင်းသားတွေ လက်မခံ


Image may contain: 2 people, people standing
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ထည့်သွင်းပေးဖို့ လေရှီးမြို့ခံတစ်ဦးက အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထားမှုကို ရှမ်းနီတိုင်းရင်းသား အဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။

ရန်ကုန်မြို့အတွင်းလှည့်ပတ်ကာ ဖုန်းအလုံး ၃၀ နီးပါးခိုးယူသူအမျိုးသားကို ဖမ်းဆီးရမိ


Image may contain: 1 person
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မိမိနယ်မြေအတွင်း ခိုး၊ဆိုး၊လု၊နှိုက်မှုကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီး အရေးယူဆောင်ရွက်သွားရန်ညွှန်ကြားချက်အရ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် လှိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၄.၂.၂၀၂၀ ရက်နေ့ ၁၈၀၀ အချိန်တွင် လှိုင်မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက် နေစဉ် ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက် ရပ်ကွက်၊ ဆေးဝါးစက်လမ်း၊ အမှတ်(၂၇၇)နေ ဇင်ကိုဦး(ခ)ဇင်ကို ကို တွေ့ရှိစစ်ဆေးရာ ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ Samsung Galaxy Tab-A အမျိုးအစား ဖုန်း(၁)လုံး၊ Redmi Note 4 အမျိုးအစား ဖုန်း(၁)လုံး တို့နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းအထောက်အထားမပြနိုင်သဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

အဆင့်မြင့် ပညာအောက်ရှိ ကျောင်းများတွင် ကျောင်းသားဦးရေ တိုးလာပြီး ဆရာဦးရေ လျော့သွားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပြော

Image may contain: 1 person, standing
အဆင့်မြင့် ပညာဦးစီးဌာန လက်အောက်တွင်ရှိသော တက္ကသိုလ်ကျောင်းများတွင် ကျောင်းသားဦးရေ တိုးလာပြီး ဆရာဦးရေ လျော့သွားကြောင်း ပညာရေးဝန်ကြီးဌာန ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

အားနာရမည့် ယောက္ခမအမျိုး၊ခမည်းခမက်အမျိုးလည်း မရှိသဖြင့် တိုင်းရင်းသား လူမျိုးများအတွက် ခိုင်ခိုင်မာမာရပ်တည်မည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ပြော


Image may contain: 1 person
အားနာရမည့် ယောက္ခမအမျိုး ခမည်းခမက်အမျိုးလည်း မရှိသဖြင့် တိုင်းရင်းသား လူမျိုးများအတွက် ခိုင်ခိုင်မာမာ ရပ်တည်မည်ဖြစ်ပြီး အတူတူယုံယုံကြည်ကြည် လက်တွဲလုပ်ကြရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ကျိုက်မရောမြို့နယ် အတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက ကောက်နုတ်ဖော်ပြခဲ့သည်။

တပ်မတော်ပိုင် ဦးပိုင်နဲ့ စီးပွားရေးလုပ်တာ ကီရင် Kirin ပြန်သုံးသပ်နေ

Image may contain: 1 person, indoor
တပ်မတော်ပိုင် ဦးပိုင်နဲ့ ဆက်စပ်လုပ်ကိုင်နေတာကို ဂျပန်နာမည်ကြီး ဘီယာ ကုမ္ပဏီ ကီရင် (Kirin) က အထူးပြန်လည်သုံးသပ်နေတယ်လို့ လန်ဒန်အခြေစိုက် ဂါးဒီယန်း (Guardian) သတင်းစာက ဖော်ပြလိုက်ပါတယ်။

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၇၀ ဦး ရှိပြီး ကူးစက်ခံရသူ ၇၀၅၄၈ ဦးရှိကာ ၁၀၆၁၀ ဦး သက်သာ ပျောက်ကင်း

Image may contain: one or more people and indoor
တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကော်ရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၇၇၀ ဦးရှိပြီး ကူးစက်ခံရသူ ၇၀၅၄၈ ဦးရှိကာ ကုသပျောက်ကင်းသွားပြီဖြစ်သော အရေအတွက် ၁၀၆၀၁ ဦးရှိနေပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုသည်။

ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံစီးပွားရေး တက်လာရန် အလားအလာရှိကြောင်း ဒေါက်တာ မောင်မောင်လေးပြော

Image may contain: 1 person, indoor
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ တိုးတက်လာရန် အလားအလာရှိကြောင်း ကုန်သည်စက်မှုလက်မှု အသင်းချုပ်မှ ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

အပစ်ရပ်ခိုင်မာရေးအတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် (NCA-S EAO) အဖွဲ့ တွေ့ဆုံဆွေးနွေး


Image may contain: 4 people, people sitting, table and indoor
အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) တို့ရဲ့ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေး ဆိုင်ရာ ညှိနိုင်းရေးအဖွဲ့တို့ ညှိနိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၆)ရက်က ရန်ကုန်မြို့ ချင်းတွင်းလမ်းက NRPC ရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။

အမျိုးသားရေးလှုပ်ရှားမှုများနှင့် ၂၀၂၀ ရွေးကောက်ပွဲ အလားအလာ

Image may contain: 1 person, standing

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အမျိုးသားရေးစိတ်ဓာတ်ဟူသော မိန့်ခွန်းများ ပြောကြား၍ အမျိုးဘာသာသာသနာကိုစောင့်ရှောက်ရေး အရေးကြီးကြောင်း ပြောဆိုလာနေသည်။ အမျိုးသားရေးလှုပ်ရှားမှုများသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ အရှိန်မြှင့်လာနိုင်ရာ ရန်ကုန်ခေတ်သစ်က ယင်းလှုပ်ရှားမှုများနှင့်ပတ်သက်၍ အမြင်များ မေးမြန်း၍ စဉ်ဆက်မပြတ် ဖော်ပြသွားမည်ဖြစ်သည်။ စာရေးဆရာ သန်းစိုးနိုင်၏ အမြင်ကို ဖော်ပြလိုက်ပါသည်။

ရန်ကုန်မြို့၏ လေထုအရည်အသွေး ကျန်းမာရေး ထိခိုက်နိုင်ခြေမရှိဟုဆို


Image may contain: car and outdoor
ရန်ကုန်မြို့၏ လေထုအရည်အသွေးအဆင့်သည် ဖေဖော်ဝါရီ ၁၅ ရက်အထိ တိုင်းတာချက်များအရ အလယ်အလတ် အဆင့်သာရှိသောကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ခြေမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မင်းပြားစစ်ဆင်ရေး၌ ကျဆုံးစစ်သည်အရာရှိမှ ၎င်း၏ ဇနီးထံ မကျဆုံးမှီ ပေးပို့ခဲ့သည့်စာ

Image may contain: one or more people and flower

“မိန်းမရေ ဒီနေ့ မင်္ဂလာဆောင်တာ နှစ်နှစ်ပြည့်တဲ့နေ့နော်။ မိန်းမအနားမှာနေပြီး တစ်နေကုန်သွားလည်ပြီး မိန်းမစားချင်တာ လိုချင်တာလေးတွေ လိုက်ဝယ်ပေးချင်ပေမဲ့ အနားမှာ ရှိမနေနိုင်တာ ခွင့်လွှတ်ပါ မိန်းမ”

USDP အမာခံနယ်မြေဖြစ်သည့် မင်းကင်းမြို့ဒေသခံများနှင့် နိုင်ငံတော်အတိုင်ပင်ခံ လာမည့်(၂၀)ရက်နေ့ တွေ့ဆုံမည်


Image may contain: 1 person
USDP အမာခံနယ်မြေဖြစ်သည့် မင်းကင်းမြို့ဒေသခံများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည်သည် လာမည့် ဖေဖော်ဝါရီ(၂၀)ရက်၌ တွေ့ဆုံသွားမည်ဖြစ်သည်။

ကန့်ကွက်ခံနေရသည့်သင်တန်းကျောင်းများနှင့် သင်တန်းဖွင့်လှစ်ခဲ့မှု နိုင်ငံတော်အကြီးအကဲ၏ခွင့်ပြုချက်ဖြင့်ဟု ရာထူးဝန်အဖွဲ့ ရှင်းလင်းထား


No photo description available.
ဟာဝိုင်ယီရှိ တက္ကသိုလ်တစ်ခု၊မလေးရှားပီနန်ကျွန်းပေါ်ရှိ ကျောင်းတစ်ခုနှင့် ချိတ်ဆက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံဝန်ထမ်းများအား စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများပေးခြင်းသည် နိုင်ငံတော်အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာသို့ ရှင်းလင်းတင်ပြထားသည်ဟုသိရသည်။

ဝူဟန်ပြန် ကျောင်းသား ၅၉ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၃ ဦး အိမ်ပြန်ခွင့်ရ


မန္တလေး ကန်တော်နဒီဆေးရုံတွင် (၁၄)ရက်ကြာ စောင့်ကြပ်စစ်ဆေးမှု ခံယူခဲ့ရပြီးနောက် ဝူဟန်ပြန် ကျောင်းသား(၅၉)ဦးနှင့် အဆိုပါ ကျောင်းသားများကို စောင့်ကြပ်စစ်ဆေးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်း (၃)ဦးတို့ ယနေ့ ဖေဖေါ်ဝါရီ(၁၆)ရက်တွင် အိမ်ပြန်ကြပြီ ဖြစ်သည်။

Friday, February 14, 2020

နိုင်ငံတကာဖိအားကြောင့် နယ်မြေဖဲ့ပေးလိုက်ရခြင်းမျိုးကို လက်ခံရမည်ဆိုပါက အဲ့လောက်ညံ့ဖျင်းသူတွေမရှိဟု ဆို


Image may contain: 2 people
နိုင်ငံတကာဖိအားကြောင့် အခြားနိုင်ငံဆီ နယ်မြေဖဲ့ပေးလိုက်ရခြင်းမျိုးကို လက်ခံ လိုက်ရမည် ဆိုလျှင် အဲ့ လောက်ညံ့ဖျင်းသူမရှိတော့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ပြောကြားလိုက်သည်။

ရခိုင်အရေးနှင့်ပတ်သက်၍ မည်သည့်အစိုးရ လက်ထက်တွင်မျှ တရားစွဲခံရခြင်းမျိုးမရှိ ယခုတရားစွဲခံရခြင်းသည် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် ဖြစ်ဟုဆို

Image may contain: one or more people and indoor
ရခိုင်အရေးနှင့်ပတ်သက်၍ မည်သည့်အစိုးရ လက်ထက်တွင်မျှ တရားစွဲခံရခြင်းမျိုးမရှိ ယခုတရားစွဲခံရခြင်းသည် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ တိုင်းဥက္ကဌ ဦးဝင်းမောင်က ပြောကြားလိုက်သည်။

ချစ်သူများနေ့မှာ စတင်ဖွင့်လှစ်လိုက်တဲ့ နေပြည်တော်က ပန်းပွဲတော်

Image may contain: one or more people, people standing and outdoor
ဒီနေ့ ကျရောက်တဲ့ ချစ်သူများနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ နေပြည်တော်က ရေပန်းဥယျဉ်မှာ ပန်းပွဲတော်ကို စတင် ဖွင့်လှစ်လိုက်ပြီး လာမယ့် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံတွင် ခွဲစိတ်မှုခံယူခဲ့သည့် အမျိုးသမီးအား ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စောင့်ကြည့်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်


No photo description available.
တရုတ်နိုင်ငံမှာ ခွဲစိတ်မှုခံယူခဲ့တဲ့ အမျိုးသမီးကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ 

မိုးအောင်ရင် ရှေ့နေ ဒေါ်ခင်နုသာက တရားခွင်တွင် ကာမလိမ်လည်မှု မ‌ေမြှာက်ကြောင်း ထွက်ဆိုသည်ကို တရားလို စိတ်ပျက်

Image may contain: 3 people
စွပ်စွဲခံရသူ တရားခံ မိုးအောင်ရင် ၏ရှေ့နေ ဒေါ်ခင်နုသာက တရားခွင်တွင် ကာမလိမ်လည်မှု မမြှောက်ကြောင်း ပြောကြားသည့်အပေါ် စိတ်ကျေနပ်မှု မရှိကြောင်း တရားလို မခင်မြတ်နိုးက ဖေဖော်ဝါရီ ၁၄ တွင် ရုံးချိန်းအပြင်ဘက်တွင် ပြောကြားခဲ့သည်။

ဩစတြေးလျ လေယာဉ်မှူးက စင်းလုံးငှားလေယာဉ်ဖြင့် ဗိုင်းရပ်စ်ဖြစ်ပွားသည့် ဝူဟန့်သို့ ဆေးပစ္စည်းများ ပို့ဆောင်ပေး

Image may contain: one or more people and closeup
တရုတ်နိုင်ငံ ရှမန်လေကြောင်း၏ လေယာဉ်မှူးတစ်ဦးဖြစ်သော ဩစတြေးလျနိုင်ငံသား မိုင်လ်စ် ဘားနတ် ဝက်စ်တန် (Myles Bernard Weston) သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် စင်းလုံးငှားလေကြောင်း ခရီးစဉ်အမှတ် MF8779 ကို မောင်းနှင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားချိန်ကစ၍ ဝူဟန့်သို့ မောင်းနှင်ပျံသန်းသည့် ပထမဆုံး နိုင်ငံခြားသား လေယာဉ်မှူးများအနက် တစ်ဦးဖြစ်သည်။

ရခိုင် အရေးနှင့် ပတ်သက်၍ ကနေဒါသံရုံးစာထုတ်

Image may contain: text

ပြည်ခိုင်ဖြိုးပါတီ ပြန်လည်ဦးဆောင်ခွင့်ရပါက ပြည်သူ၏အခက်အခဲ အကြပ်အတည်းများကို ဦးစွာဖြေရှင်းပေးမည်ဟုဆို

Image may contain: one or more people
ပြည်ခိုင်ဖြိုးပါတီပြန်လည်ဦးဆောင်ခွင့်ရပါက ပြည်သူ၏ အခက်အခဲအကြပ်အတည်းများကို ဦးစွာဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း ပြောကြားလိုက်သည်။

ဗိုင်းရပ်စ်ကူးစက် သံသယကြောင့် ဆိပ်ကမ်းများစွာက လက်မခံတဲ့ အပျော်စီးသင်္ဘောကြီး ကမ္ဘောဒီးယားမှာ ဆိုက်ကပ် ဆင်းသက်ခွင့်ရ

Image may contain: 1 person, sky, outdoor and water, text that says 'WESTERDAM'
ဗိုင်းရပ်စ် ကူးစက်လူနာပါလာမှာ စိုးရိမ်တာကြောင့် ထိုင်း၊ ဂျပန်အပါအဝင် နိုင်ငံငါးနိုင်ငံရဲ့ ဆိုက်ကပ်ခွင့် ငြင်းပယ်ခံရကာ ပင်လယ်ပြင်မှာ သီတင်းနှစ်ပတ်ကြာ ရွက်လွှင့်နေရတဲ့ အပျော်စီး သင်္ဘောကြီးဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုက်ကပ်ခွင့်ရခဲ့ကာ သောကြာနေ့(ဖေဖော်ဝါရီ ၁၄) မှာ ခရီးသည်တွေ စတင် ဆင်းသက်နေခဲ့ပြီဖြစ်ပါတယ်။

ဝန်ထမ်းများ အခွန်သက်သာခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်အတွက် စာရင်းကောက်ယူနေဟု စီး/ကူး ဒုဝန်ကြီး ပြော


Image may contain: 1 person, indoor
ဝန်ထမ်းများအတွက် အခွန်သက်သာခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည့်ကိစ္စနှင့်ပတ်သတ်ပြီး လတ်တလော ဆိုင်းငံ့ထားသော်လည်း တဘက်တွင် စာရင်းများကောက်ယူနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်အင်အားပိုမိုဖော်ပြပြီး လစာထုတ်ခြင်းအပါအဝင် ငွေထုတ်ချက်လက်မှတ်အချို့ကို ထပ်တိုးပြင်ဆင်ခြင်းများဖြင့် ရဲတပ်ဖွဲ့အတွင်း ငွေအလွဲသုံးစားဖြစ်ပေါ်

No photo description available.
ရဲတပ်ဖွဲ့တွင် ဌာနတွင်းကြီးကြပ်မှုအားနည်းခြင်းကြောင့် အမှတ်(၄)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ)၊အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်း(စစ်ကိုင်း)၊အမှတ်(၁)ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရေနံချောင်း)၊ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစရှိသည်တို့တွင် အလွဲ သုံးစားမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုစာ ရင်းစစ်ချုပ်ရုံး၏ ၂၀၁၈ဧပြီလမှ စက်တင်ဘာလ ၆လအထိ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာအရသိရသည်။

COVID-19 ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၁၂၁ ဦး ထပ်တိုး၊ ဟူပေပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိနှစ်ဦး ရာထူးမှ ထုတ်ပယ်ခံရ

Image may contain: one or more people, people standing and outdoor
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် တရုတ်ပြည်မကြီးမှာ သေဆုံးသူ ၁၂၁ ဦး ထပ်တိုးခဲ့ကြောင်း တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင်က သောကြာနေ့(ဖေဖော်ဝါရီ ၁၄) မှာ ထုတ်ပြန် ပါတယ်။

အမ်းမြို့နယ်အတွင်း စျေးဝယ်ယူနေသည့် ရဲဒုတိယတပ်ကြပ်တစ်ဦးအား အမည်မသိလူ ၁ ဦးက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား


No photo description available.
ရခိုင်ပြည်နယ်၊ အမ်းမြို့မရဲစခန်းမှ ကဇူးကိုင်းတံတားရဲကင်းစခန်းတွင် လုံခြုံရေး တာဝန်ထမ်း ဆောင်လျက်ရှိသော ရဲဒုတိယတပ်ကြပ် ထွန်းထွန်းနိုင် သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ရဲကင်းစခန်း၏ အရှေ့မြောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ ကုန်စုံဆိုင်သို့ ဆိုင်ကယ်ဖြင့် စျေးဝယ်ရန်သွားရောက်စဉ် ၎င်းင်း၏နောက်မှ ဆိုင်ကယ် ၁ စီးဖြင့် အမည်မသိလူ ၁ ဦး လိုက်ပါလာပြီး ရဲဒုတိယတပ်ကြပ် ထွန်းထွန်းနိုင်မှ စျေးဝယ်ယူနေစဉ် နောက်မှ လုံးထွေးသတ်ပုတ်ပြီး ဓားဖြင့်ထိုးခဲ့သည်။

မြိုင်မြို့နယ််မှ ရှေးဟောင်းဆင်းတုတော် ၈ ဆူ ခိုးယူခံရ၊ သာသနာညှိုးနွမ်းစေမှု၊ ခိုးမှုတို့ဖြင့် အမှုဖွင့်လှစ်ထား

No photo description available.

မကွေးတိုင်းတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာ ဘုန်းကြီးကျောင်းတွင် ရှေးဟောင်းဘုရား ဆင်းတုတော် ၈ ဆူအခိုးခံခဲ့ရမှုနှင့်ပတ်သက်၍ မြိုင်မြို့မရဲစခန်းတွင် သာသနာညှိုးနွမ်းစေမှု၊ ခိုးမှုတို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သရက်ကွကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဇော်နိုင်က News Watch ကို ပြောသည်။

My Blog List