Saturday, October 12, 2013

ဘန်ကီမွန်းနဲ့ဦးသိန်းစိန် ဘရူနိုင်းမှာတွေ့

Saturday, October 12, 2013

Photo: ဘန်ကီမွန်းနဲ့ဦးသိန်းစိန် ဘရူနိုင်းမှာတွေ့
Saturday, October 12, 2013

မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဘရူနိုင်းနိုင်ငံက အာဆီယံထိပ်သီး အစည်းအဝေးပွဲတွေကို ရောက် ရှိနေကြတဲ့ သမ္မတဦးသိန်းစိန်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ သောကြာနေ့က တွေ့ဆုံဆွေးနွေးကြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ၊ လူ့အခွင့်အရေး အခြေအနေတွေနဲ့ အရှေ့တောင်အာ ရှ နိုင်ငံများအသင်း (Asean) နဲ့ ကုလသမဂ္ဂတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အတွင်းရေးမှူးချုပ်ကတော့ မြန်မာနိုင်ငံမှာ မကြာသေးခင်တုန်း က တွေ့မြင်လာရတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေနဲ့ ပတ်သက်လို့ ချီးကျူးသွားပါတယ်။ ဒါပေမဲ့လည်း လူမှုအသိုင်းအသိုင်း ကြား ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းရေး ဆက်လက်ကြိုးပမ်း သွားဖို့၊ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းပြီး စစ်မှန်တဲ့ ပြန်လည်သင့်မြတ်ရေး အကောင်အထည် ဖော်ဖို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့တဲ့ အကြောင်း ကုလမဂ္ဂရဲ့ကြေညာချက်က ဖော်ပြခဲ့တာပါ။

ကုလသဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ အာဆဃယံအစည်းအဝေးတွင် တွေ့ဆုံကြစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၃)

VOA 
 မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဘရူနိုင်းနိုင်ငံက အာဆီယံထိပ်သီး အစည်းအဝေးပွဲတွေကို ရောက် ရှိနေကြတဲ့ သမ္မတဦးသိန်းစိန်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ သောကြာနေ့က တွေ့ဆုံဆွေးနွေးကြပါတယ်။

ရွှေလင်ဗန်းစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ

Saturday, October 12, 2013

Photo: ရွှေလင်ဗန်းစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ
Saturday, October 12, 2013

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မင်းသိဒ္ဓိကျော်စွာ လမ်းမပေါ်မှာရှိတဲ့ စိုင်းမြင့်ထွန်းအောင် အထည်ချုပ် စက်ရုံက အလုပ်သမား ၃ဝဝ ကျော်ဟာ လုပ်ခလစာတိုးမြှင့်ပေးရေး အပါအဝင် အချက် ၁၅ ချက်ကို ဒီနေ့ တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။

အလုပ်သမားတွေ အဓိကထားတောင်းဆိုတဲ့အချက်ကို ဆန္ဒပြရာမှာပါဝင်တဲ့ မအေးစန္ဒာက အခုလို ပြောပါတယ်။

“ကျမတို့ အဓိကတောင်းဆိုတာကတော့ အခြေခံလစာ တိုးမြှင့်ပေးဖို့ဖြစ်ပါတယ်၊ အခြေခံလစာကို သူဌေးဆီတိုင်ပင်တဲ့အခါမှာ သူ့ဘက်ကလုပ်ပေးဖို့ အစီအစဉ်မရှိပါဘူး၊ ပြီးတော့ အချိန်ပိုမဆင်းရဖို့ရယ်၊ နောက် supervisor တွေက အလုပ်သမားတွေအပေါ်မှာ ဆက်ဆံတာ အတော်မောက်မာတဲ့ ဆဲခြင်းဆိုခြင်း၊ အဆင့်အတန်းတွေကို ပြောဆိုခြင်း အဲဒါတွေကို အလုပ်သမားတွေက မကျေနပ်ကြဘူး၊ ဒါတွေကို အဓိကတောင်းဆိုခြင်းဖြစ်ပါတယ်”

စိုင်းမြင့်ထွန်းအောင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၆ဝဝ ကျော်ရှိပြီး အလုပ်သမားအများစုဟာ လုပ်ခလစာနဲ့ အချိန်ပိုလုပ်အားခ စုစုပေါင်း ၈ဝဝဝဝ ကျော် ရရှိတယ်လို့ ဆန္ဒပြအလုပ်သမားတွေကဆိုပါတယ်။ လုပ်ခလစာ ဘယ်လောက်တိုးပေးရမယ်ဆိုတာကိုတော့ ဆန္ဒပြအလုပ်သမားတွေက ပြောဆိုခြင်းမရှိပါဘူး။

အလားတူ ရွှေလင်ဗန်းစက်မှုဇုန် ဦးတရုတ်လမ်းနဲ့ ပန်းပဲခေါင်းမောင်ခက် လမ်းထောင့်မှာရှိတဲ့ ZKG BM 2 အထည်ချုပ်စက်ရုံက အလုပ်သမား ၄ဝဝ ကျော်ဟာလည်း လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ ZKG စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ လက်ရှိအခြေခံလစာ ကျပ်လေးသောင်းကျော်သာရရှိပြီး တစ်လကိုတစ်သိန်းအထိတိုးပေး ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

RFA ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မင်းသိဒ္ဓိကျော်စွာ လမ်းမပေါ်မှာရှိတဲ့ စိုင်းမြင့်ထွန်းအောင် အထည်ချုပ် စက်ရုံက အလုပ်သမား ၃ဝဝ ကျော်ဟာ လုပ်ခလစာတိုးမြှင့်ပေးရေး အပါအဝင် အချက် ၁၅ ချက်ကို ဒီနေ့ တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။

တိုက်ဂါးဘီယာ စက်ရုံဝင်းအတွင်း မီးရှို့မှုဖြစ်ပွား

Saturday, October 12, 2013
မင်္ဂလာဒုံမြို့နယ်ရှိ တိုင်ဂါးဘီယာစက်ရုံတွင် ဆိုင်ကယ်ဖြင့် ၀င်ရောက်လာသူတစ်ဦးက ဆိုင်ကယ်အားလှဲချပြီး ဆီပိုက်ဖြုတ်ကာ မီးရှို့မှုတစ်ခုအောက်တိုဘာ ၉ ရက် နံနက်က ဖြစ်ပွားခဲ့သည်။
မီးရှို့ခဲ့သူမှာ ရွာသာကြီးစိတ်ရောဂါဆေးရုံ ပြင်ပလူနာဌာနတွင် ဆေးကုသနေသော စိတ်ဝေဒနာရှင် ဇော်မင်းထွန်း (ဘ)ဦးကျော်လွင်၊ ကိုးလုံးကွင်းရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ၎င်းသည် ကမ်ဘို ၁၁၀ အမျိုးအစားနံပါတ်မပါ လိုင်စင်မဲ့ဆိုင်ကယ်အား စက်ရုံဝင်ပေါက် ဂိတ်မောင်းတံအောက်မှ ဖြတ်၍ စီးနင်းဝင်ရောက်ခဲ့သည်ဟု ဆိုထားသည်။ ယင်းနောက် စက်ရုံအနောက်ဘက် ဘီယာဘူးခွံများထားသော ဂိုဒေါင်အ၀တွင်ဆိုင်ကယ်အားလှဲချပြီး ဆီပိုက်အားဖြုတ်၍ အသင့်ပါလာသော ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

Friday, October 11, 2013

ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်များ သဘောတူ

Friday, October 11, 2013
ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူတွေ အားလုံး နိုင်ငံသားမှတ်ပုံတင်ရဖို့အတွက် အိမ်ထောင်စုသန်းခေါင်စာရင်း ကွင်းဆင်းကောက်ခံနိုင်ဖို့ အစိုးရနဲ့ သဘောတူလိုက်တယ်လို့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဦးစိုင်းဆမ်က RFA ကို ပြောပါတယ်။ လာမယ့် ၂ဝ၁၄ နှစ်ဆန်းပိုင်းကစပြီး သန်းခေါင်စာရင်း စတင်ကောက်ယူတော့ မှာဖြစ်ပြီး အဲဒီနယ်မြေအတွင်းမှာ လူမျိုးပေါင်း ၁၆မျိုးထိရှိတယ်လို့ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ် မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်က အခုလိုပြောပါတယ်။ “အစိုးရနဲ့ သဘောတူထားတာ ဒီတခေါက် က လူဦးရေကောက်ဖို့ဘာညာနဲ့ မှတ်ပုံတင်လုပ်ဖို့ အဲဒါပဲ၊ ဝဒေသမှာ ၁၆ မျိုးရှိတယ်၊ လူမျိုးစုံတယ်၊ ၄ သိန်း ပတ်ဝန်းကျင်လောက်ရှိပါတယ်၊ အများစုက ဝများတာပေါ့၊ ရှမ်းရှိတယ်၊ တရုတ်ရှိတယ်၊ ပလောင်ရှိတယ်၊ အမျိုးမျိုးပဲ လူမျိုးစုံရှိတယ်၊” ပြီးခဲ့တဲ့ သတင်းပတ်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ဝ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှု ရခဲ့တာလို့ သိရပါတယ်။ အစိုးရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို လာမယ့် ၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက်ကြာကောက်ယူသွားမှာဖြစ်တယ် လို့ သိရပါတယ်။
RFA

အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း အငှားယာဉ်ပွဲစားနှင့် လက်မှတ်ပွဲစား များအားစီမံချက်ကာလမှလွဲ၍ အရေးယူရန် အစီအစဉ်များ မရှိသေးဟုဆို

Friday, October 11, 2013
အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ အငှားယာဉ်ပွဲစားများနှင့် လက်မှတ်အရောင်းပွဲစားများအား စီမံချက်ဖြင့် ဖမ်းဆီးသည့်ကာလမှလွဲ၍ အရေးယူရန် အစီအစဉ်များ မရှိသေးကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန(အောင်မင်္ဂလာ)’မှ သတင်းရရှိသည်။
အဝေးပြေးဝင်းအတွင်း၌ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်စေသည် အထိ ကားအငှားပွဲစားလုပ်ခြင်း၊ လက်မှတ်အရောင်း လူခေါ်ပွဲစားများဖြင့် လက်မှတ်ရောင်းချခြင်းများအား ခွင့်ပြုချက်မဲ့ ဆောင်ရွက်လျက်ရှိပြီး ယင်းအတွက် ၀င်းအတွင်းရှိ မြို့တော်စည်ပင် အခွန်ဌာနမှ စီမံချက်ဖြင့် ဖမ်းဆီးကာလများ သတ်မှတ်ကာ အရေးယူ ဆောင်ရွက်ခြင်းများကို လျှပ်တစ်ပြက် ပြုလုပ်ခြင်းများ ရှိသော်လည်း ပွဲစားများ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ ပူးပေါင်း ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း နှစ်ခု ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်

Friday, October 11, 2013
အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်း တည်ဆောက်ရန် စီစဉ်ထားသည် မဂ္ဂါဝပ် ၂၀၈၀ထွက်ရှိမည့် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုအား ရပ်ဆိုင်းထားရန် ဆုံးဖြတ်လိုက်သည်ဟု Business Standard သတင်းစာ၏ ဖော်ပြချက်အရ သိရသည်ဟု ဆိုသည်။ ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ဓါတ်အားပေး စက်ရုံနှစ်ခုမှာ မဂ္ဂါဝပ် ၁၂၀၀ထွက်ရှိမည့် ထမံသီ ဓါတ်အားပေးစက်ရုံနှင့် မဂ္ဂါဝပ် ၈၈၀ထွက်ရှိမည့် ရွေစာရံ ဓါတ်အားပေး စက်ရုံတို့ ဖြစ်ကြသည်။
“စီးပွားရေးအရလည်း တွက်ခြေမကိုက်တဲ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်းအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် ဒီစီမံကိန်းနှစ်ခုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယာယီ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တာပါ”ဟု စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

လိုင်းကားများဖျက်သိမ်းအပ်နှံပါက မီနီဘတ်စ်နှင့် စီးတီးဘတ်စ်များအ စားထိုးတင်သွင်းခွင့်ရ

Friday, October 11, 2013
ခရီး သည်တင်လိုင်းများတွင် ပြေးဆွဲနေ သောယာဉ်များကို ဖျက်သိမ်း အပ် နှံပါက Mini Bus သို့မဟုတ် City Bus ကြိုက်နှစ်သက်ရာအစားထိုး တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာ နမှ ထုတ်ပြန်ချက်များ အရသိရသည်။အဆိုပါကားအမျိုးအစား နှစ်ခု ကို ကြိုက်နှစ်သက်ရာအစား ထိုးတင်သွင်းခြင်းပြုလုပ်ရာတွင် ခရီးသည် တင် ယာဉ် လိုင်းများ၌ ပြေးဆွဲနေသော ဟိုင်းလတ်၊ ပစ် ကပ်နှင့် လိုက်ထရပ်ယာဉ် များကို ဖျက်သိမ်းအပ်နှံရာတွင် တင်သွင်း ခွင့်ပြုခြင်းဖြစ်သည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အ ရာရှိတစ်ဦးက ''ခရီးသည်တင်လိုင်း မှာသုံးတဲ့ကားတွေဖြစ်တဲ့အတွက် Mini Bus အပြင် City Bus ကား ကြီးတွေကိုပါသွင်းတာက ပိုအ ဆင်ပြေစေမှာဖြစ်တဲ့အ တွက် ကြောင့် ဒီလိုတင်သွင်းခွင့်ပြုလိုက် တာပါ''ဟုပြောသည်။
ယင်းသို့ အစားထိုးတင်သွင်း ခြင်းဆောင်ရွက်ရာတွင်လည်း အငှားယာဉ်အဖြစ် ပြန်လည်အစား ထိုးတင်သွင်းရမည်ဖြစ်ပြီး ခရီး သည်တင်ယာဉ်လိုင်းများတွင်သာ ပြန်လည်ပြေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးညီလာခံ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပမည်

Friday, October 11, 2013
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲ မကျင်းပမီ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ (Ethnic Armed Groups Conference) ကို ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် သုံးရက်ကြာ ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်များမှ သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့မှ ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု အစိုးရမှ ကြီးမှူးကျင်းပရန် စီစဉ်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲ မတိုင်မီ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံပြီး တောင်းဆိုရမည့် အချက်အလက်များ ညှိနှိုင်းရန်ဖြစ်ကြောင်း ကေအိုင်အေ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးညီလာခံ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပမည်

Friday, October 11, 2013
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲ မကျင်းပမီ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ (Ethnic Armed Groups Conference) ကို ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် သုံးရက်ကြာ ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်များမှ သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့မှ ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု အစိုးရမှ ကြီးမှူးကျင်းပရန် စီစဉ်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲ မတိုင်မီ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံပြီး တောင်းဆိုရမည့် အချက်အလက်များ ညှိနှိုင်းရန်ဖြစ်ကြောင်း ကေအိုင်အေ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားသည်။

အစ္စလာမ္မစ် စစ်သွေးကြွများ၏ အသေခံ ဗုံးခွဲပစ္စည်း ထုတ်လုပ်ရေး စက်ရုံကို နိုင်ဂျီးရီးယားတပ်ဖွဲ့ စီးနင်းရှာဖွေ

Friday, October 11, 2013
နိုင်ဂျီးရီးယား အစ္စလာမ္မစ် စစ်သွေးကြွများ၏ ဗုံးထုတ်လုပ်ရေး စက်ရုံတစ်ခုကို နိုင်ငံမြောက်ပိုင်း ကာမိုမြို့ ပြင်ပတွင် အစိုးရ တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ပြီး လက်နက်များ၊ ဓာတ်မြေသြဇာများ၊ အသေခံဗုံးခွဲအင်္ကျီ ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ အစ္စလာမ္မစ် စစ်သွေးကြွ ဘိုကိုဟာရမ် အဖွဲ့က ယင်းတို့၏ အမာခံဒေ သဖြစ်သော နိုင်ငံအရှေ့မြောက်ပိုင်း ဒေသတွင်သာ တိုက်ခိုက်မှုများ အဓိက ပြုလုပ်ခြင်းကြောင့် ကာမိုမြို့ တွင် ယခုနှစ်အတွင်း အများအားဖြင့် တည်ငြိမ်အေးချမ်းလျက် ရှိသည်။ သို့သော်လည်း ကာမိုမြို့သည် ဆာဟာရကုန်သွယ်ရေး၏ အချက်အချာ မြို့တစ်မြို့ ဖြစ်ပြီး လူပေါင်းစုံ ဖြတ်သန်း သွားလာလျက်ရှိကာ စစ်သွေးကြွများ၏ ပစ်မှတ်ထား တိုက်ခိုက်သည်များကို အခါအားလျော်စွာ ကြုံတွေ့ရလျက် ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း အစ်ဘိုခရစ်ယာန် အများစုနေ ထိုင်ရာ ဒေသတွင်း ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံး ခဲ့ရ သည်။

နိုင်ငံရေးအခြေခံများ သင်ကြားပေးသည့် လူငယ်စွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာသင်တန်း တောင်ကြီးတွင် တစ်လကျော် သင်ကြား

Friday, October 11, 2013
နိုင်ငံရေးအခြေခံများ သင်ကြားပေးသည့် “လူငယ်စွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာ ပညာပေးသင်တန်း” ကို တောင်ကြီးတွင် တစ်လကြာ သင်တန်းပေးခဲ့ပြီး ယင်းသင်တန်းကို ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့မှ ဦးစီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ခွန်ခေတ်စံက အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
ယင်းသင်တန်းကို စက်တင်ဘာမှ အောက်တိုဘာအထိ တစ်လသင်ကြားပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းပေးခြင်းနှင့် ပတ်သက်ပြီး ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့မှ ခွန်ခေတ်စံက “သင်တန်းကာလတုန်းက လူငယ်တွေကို အဓိက ဆွေးနွေးပေးတာကတော့ လက်ရှိမြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအနေအထားတွေ သုံးသပ်တယ်။ ဒီမိုကရေစီနဲ့ နိုင်ငံရေးအခြေခံတွေ လူငယ်တွေ နားလည်အောင်ရှင်းပြတယ်။ ပြီးတော့ လူ့အခွင့်အရေး ပိုင်းဆိုင်ရာတွေ၊ ရွေးကောက်ပွဲစနစ်တွေကို သုံးသပ်ပြခဲ့တယ်”ဟု မဇ္ဈိမကို ပြောသည်။

တပ်ခ်ျမဟာတွင် ဖိနပ်ကြော်ငြာရိုက်သည့်အမေရိကန်မယ်စကြဝဠာ အမှုရင်ဆိုင်ရဖွယ်ရှိ

Friday, October 11, 2013
Photo: တပ်ခ်ျမဟာတွင် ဖိနပ်ကြော်ငြာရိုက်သည့်အမေရိကန်မယ်စကြဝဠာ အမှုရင်ဆိုင်ရဖွယ်ရှိ
Friday, October 11, 2013

တပ်ခ်ျမဟာတွင် ခွင့်ပြုချက် မရဘဲ ဖိနပ်ဖက်ရှင်ဓာတ်ပုံရိုက် ကူးခဲ့မှုအတွက် မယ်စကြဝဠာအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။ မယ်စကြဝဠာ၏ ဖိနပ်ဖက် ရှင်ဓာတ်ပုံရိုက်ကူးမှုသည် တပ်ခ်ျ မဟာ ထိန်းသိမ်းစောင့်ရှောက်သူ တို့က စော်ကားမှုအဖြစ် အပြင်း အထန်ပြစ်တင်ဝေဖန်ခဲ့သည်။

အသက်၂၁နှစ်အရွယ်ရှိ မယ်စကြဝဠာဖြစ်သည့် အမေရိ ကန်အမျိုးသမီး အိုလီဗီယာကာလ် ပိုသည် ၁ဝရက်ကြာ အိန္ဒိယခရီး စဉ်အတွင်း ကျော်ကြားလှသော တပ်ခ်ျမဟာအဆောက်အအုံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ် သည်။ ကာလ်ပိုသည် တပ်ခ်ျမဟာ တွင် နာမည်ကြီးကုန်အမှတ်တံ ဆိပ်ဖိနပ်များကိုစီး၍ ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့ကြောင်း အာ ဂရာမြို့ရှိ ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းရဲစခန်းမှ ဆူရှန့်ဂါးက ပြော သည်။

မယ်စကြဝဠာသည် တပ်ခ်ျ မဟာတွင်ဓာတ်ပုံရိုက်ယူရာ၌ ခွင့် ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ယူခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ရှေး ဟောင်းသုတေသန လေ့လာဆန်း စစ်ရေးအဖွဲ့မှ အင်န်ကေပါတက်ခ် က ပြောကြားခဲ့သည်။ တပ်ဂ်ျမဟာ သို့ အလည်လာရောက်သူများမှာ တပ်ခ်ျမဟာဥယျာဉ်အတွင်းမှ လွဲ ၍ ဖိနပ်ချွတ်ရန် စည်းကမ်းချက် သတ်မှတ်ထားကြောင်း ပြော ကြားခဲ့သည်။အကယ်၍ မယ်စကြဝဠာ အနေနှင့် စည်းကမ်းချိုးဖောက် ပါက အမှုနှင့်ရင်ဆိုင်ရမည်ဖြစ် ကြောင်း တပ်ဂ်ျမဟာထိန်းသိမ်း စောင့်ရှောက်သူ မူနာဇာအလီက ပြောကြားခဲ့သည်။

Yangon Media Group 
 တပ်ခ်ျမဟာတွင် ခွင့်ပြုချက် မရဘဲ ဖိနပ်ဖက်ရှင်ဓာတ်ပုံရိုက် ကူးခဲ့မှုအတွက် မယ်စကြဝဠာအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။ မယ်စကြဝဠာ၏ ဖိနပ်ဖက် ရှင်ဓာတ်ပုံရိုက်ကူးမှုသည် တပ်ခ်ျ မဟာ ထိန်းသိမ်းစောင့်ရှောက်သူ တို့က စော်ကားမှုအဖြစ် အပြင်း အထန်ပြစ်တင်ဝေဖန်ခဲ့သည်။

သမ္မတဟောင်း မူရှာရက်ဖ်ကို ရဲကဖမ်းလိုက်

Friday, October 11, 2013
Photo: သမ္မတဟောင်း မူရှာရက်ဖ်ကို ရဲကဖမ်းလိုက်
Friday, October 11, 2013

ပါကစ္စတန်မှာ သမ္မတဟောင်း မူရှာရက်ဖ်ကို ၂၀၀၇ ခုနှစ်က အစ္စလာမ်မာဘတ်မှာ ဗလီတလုံးကို ဝင်စီးနင်းခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး ဖမ်းလိုက်ပြီလို့ ရဲတွေက ပြောပါတယ်။

အဲဒီ စီးနင်းမှုမှာ လှုံ့ဆော်ရေးတရားတွေ ဟောပြောတဲ့ တရားဟော ဆရာတယောက်နဲ့ လူပေါင်း ၁၀၀ ကျော် အသက်ဆုံးခဲ့ပါတယ်။

မစ္စတာ မူရှာရက်ဖ်ဟာ တခြားစွဲချက် တွေနဲ့ လောလောဆယ်မှာကို နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတာတပါ။

သူ ဒီကနေ့မှာ တရားရုံးမှာ လာရောက် အစစ်ခံရပါမယ်။

ဗုဒ္ဒဟူးနေ့ကတော့ တရားရုံးချုပ်က မစ္စတာ မူရှာရက်ဖ် ရင်ဆိုင်နေရတဲ့ စွဲချက်တွေထဲက တခုဖြစ်တဲ့ သူပုန်ခေါင်းဆောင် တယောက် အသတ်ခံရမှုမှာ သူ့ကို အာမခံပေးကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

သမ္မတဟောင်း မူရှာရက်ဖ်ကတော့ သူ့အပေါ်စွဲဆိုချက်တွေအားလုံးဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောပါတယ်။

မစ္စတာ မူရှာရက်ဖ်ရဲ့ ပြောခွင့်ရပုဂ်ဂိုလ်က အခုနောက်ဆုံး စွဲချက်ကို ပယ်ချလိုက်ပြီး အဲဒီ ဗလီကို ဝင်စီးမှုဟာ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာ ဖြစ်ပြီး အကြမ်းဖက်သမားတွေ ကို ရှင်းပစ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 
ပါကစ္စတန်မှာ သမ္မတဟောင်း မူရှာရက်ဖ်ကို ၂၀၀၇ ခုနှစ်က အစ္စလာမ်မာဘတ်မှာ ဗလီတလုံးကို ဝင်စီးနင်း ခဲ့တဲ့အမှုနဲ့ဆက်စပ်ပြီးဖမ်းလိုက်ပြီလို့ရဲတွေကပြောပါတယ်။အဲဒီစီးနင်းမှုမှာလှုံ့ဆော်ရေးတရားတွေ ဟောပြော တဲ့ တရားဟော ဆရာတယောက်နဲ့ လူပေါင်း ၁၀၀ ကျော် အသက်ဆုံးခဲ့ပါတယ်။မစ္စတာ မူရှာရက်ဖ်ဟာ တခြားစွဲချက် တွေနဲ့ လောလောဆယ်မှာကို နေအိမ်မှာအကျယ်ချုပ်ကျခံနေရတာတပါ။ သူ ဒီကနေ့မှာ တရားရုံးမှာ လာရောက် အစစ်ခံရပါမယ်။ ဗုဒ္ဒဟူးနေ့ကတော့ တရားရုံးချုပ်က မစ္စတာမူရှာရက်ဖ် ရင်ဆိုင်နေ ရတဲ့စွဲချက်တွေထဲကတခုဖြစ်တဲ့သူပုန်ခေါင်းဆောင်တယောက် အသတ်ခံရမှုမှာ သူ့ကို အာမခံပေးကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ သမ္မတဟောင်း မူရှာရက်ဖ်ကတော့ သူ့အပေါ်စွဲဆိုချက်တွေအားလုံးဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောပါတယ်။ မစ္စတာ မူရှာရက်ဖ်ရဲ့ ပြောခွင့်ရပုဂ်ဂိုလ်က အခုနောက်ဆုံး စွဲချက် ကို ပယ်ချလိုက်ပြီး အဲဒီဗလီကိုဝင်စီးမှုဟာအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက် သမားတွေ ကို ရှင်းပစ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ကုန်သွယ်ရေး စာရွက်စာတမ်းများကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်မည့် Single-Window System အကောင်အထည်ဖော်ရန် ထိုင်းဝန်ကြီးချုပ်က သမ္မတဦးသိန်းစိန်အား တိုက်တွန်း

Friday, October 11, 2013
ထိုင်းဝန်ကြီးချုပ် ယင်လက်ရှပ်နာဝပ်ထရာသည် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အိမ်နီး ချင်း နှစ်နိုင်ငံအကြားကုန်သွယ်ရာ၌ မှောင်ခိုကုန်သွယ်မှုပပျောက်စေရေးအတွက်လိုအပ်သောကုန်သွယ်ရေး စာရွက်စာတမ်းများနှင့် အခွန်အကောက်များ ကိစ္စကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင် သည့် Single-Window System ကို အသုံးပြုရန်နှင့် ထိုင်း၊ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ်ပေး မည့် အဝေးပြေး လမ်းမတစ်ခု ဖောက်လုပ်ရန်တို့ကို တိုက်တွန်းခဲ့ကြောင်း Thai News Agency သတင်း ဌာန၏ ဖော်ပြချက် အရ သိရသည်။ ထိုင်းနိုင်ငံ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Teerat Ratanasevi က Thai News Agency သတင်းဌာနသို့ ကြာသပတေးနေ့က ပြောကြားရာတွင် ထိုင်းဝန်ကြီးချုပ်သည် အဆိုပါ တိုက်တွန်းမှုများကို ဘရူနိုင်းနိုင်ငံတွင် ကျင်းပနေသည့် (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲ တက်ရောက်နေ သည့် သမ္မတ ဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့၊ (၁၀း၀၀)နာရီအချိန် ထုတ်ပြန်ချက်

Friday, October 11, 2013
Photo: ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့၊ (၁၀း၀၀)နာရီအချိန် ထုတ်ပြန်ချက်
Friday, October 11, 2013

ယနေ့မြန်မာစံတော်ချိန် (၀၉း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖိုင်လင်း (PHAILIN)သည်ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း
သို့ရောက်ရှိခဲ့ပြီး၊ ပုသိမ်မြို့၏အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက်ဘက်(၂၉၅)မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်း
မုန်တိုင်းသည်အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၁၀၀)မှ မိုင်(၁၂၀)အထိရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပါသည်။

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအဝါရောင်အဆင့်သာရှိပြီး၊ မြန်မာနိုင်ငံ ကမ်းခြေသို့ဦးတည်ရွေ့လျားမည့်
အခြေအနေမရှိဟုသတ်မှတ်သော်လည်း မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တာရာယ်ရှောင်ရှား
ရန်လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန 
ယနေ့မြန်မာစံတော်ချိန် (၀၉း၃၀)နာရီအချိန် တိုင်း ထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အ လယ်ပိုင်းတွင်ဖြစ်ပေါ်နေသောအားအလွန်ကောင်း
သာဆိုင်ကလုန်းမုန်တိုင်းဖိုင်လင်း(PHAILIN)သည် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း
သို့ရောက်ရှိခဲ့ပြီး၊ပုသိမ်မြို့၏အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ကိုကိုးကျွန်းမြို့၏ အနောက်မြောက် ဘက်(၂၉၅)မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေ ပါသည်။ အဆိုပါအားအလွန်ကောင်းသောဆိုင်က လုန်းမုန်တိုင်းသည်အနောက်မြောက်ဘက်သို့ဆက် လက်ရွေ့လျားပြီး ဗဟိုချက်အနီးတွင် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၁၀၀)မှ မိုင်(၁၂၀)အထိ ရှိနိုင်ပါသည်။

ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ၊ ဆရာမသတ်မှတ်အရည်အချင်းပြည့်မှီတာ နည်းနေဟု စစ်ဆေး တွေ့ရှိ

Friday, October 11, 2013
မန္တလေးမြို့မှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေဟာ သတ်မှတ် အရည်အချင်းပြည့်မီမှု နည်းနေတယ်လို့ မန္တလေးတိုင်းပညာရေးမှူးရုံးမှ သိ/ပါတယ်။
မန္တလေးတိုင်းပညာရေးမှူးရုံးမှာ ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေကို ဒုတိယအ ကြိမ်မြောက် အရည်အချင်းစစ်ဆေးနေပေးနေပြီး အရည်အချင်း မပြည့်မီတဲ့သူတွေကတော့ သင်တန်း တက်ရောက်ရမှာ ဖြစ်ပါတယ်။ 'အရည်အချင်းမပြည့်မီတာများတယ်၊ ဘယ်လိုလူတွေစစ်ဆေးလို့ မပြည့်မီတာလဲဆိုတော့ ရိုးရိုးဘွဲ့ရ၊ ဆရာအတတ်သင်အတွေ့အကြုံမရှိတာတွေ အများဆုံးတွေ့ရတယ်၊ အစိုးရကျောင်းဆရာမ အငြိမ်း စား၊ မဟာဘွဲ့ရတွေက အရည်အချင်းပြည့်မီတာများတယ်' လို့ မန္တလေးတိုင်းပညာရေးမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။

မွန်ပြည် လယ်မြေသိမ်းဆည်းခံရမှုများတွင် မွန်လက်နက်ကိုင်အဖွဲ့ ကူညီမှုလိုအပ်

Friday, October 11, 2013
မွန်ပြည်နယ်တွင်း စစ်တပ်နှင့် ကုမ္ပဏီတို့မှ လယ်ယာမြေသိမ်းဆည်းမှုများကို ဖြေရှင်းရန် ဒေသတွင်း သြဇာ အလွှမ်းမိုးနိုင်ဆုံးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီအနေဖြင့် အကူ အညီပေးရန် မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)၏ အောက်တိုဘာလ ၉ ရက်က ထုတ်ပြန်သော အစီရင်ခံစာက တိုက်တွန်း ပြောဆိုထားသည်။ ထို့အပြင် မွန်ပြည်နယ်တွင် မြေသိမ်းမှုများရှိ ခဲ့ ပြီး ဒေသခံလယ်သမားများအနေဖြင့် မြေယာကို စွန့်လွှတ်ရန် ခြိမ်းခြောက်မှုများ၊ လျော်ကြေးမပေးမှုများ ရှိခဲ့သော်လည်း ဒေသတွင်း မွန်ပြည်သစ်ပါတီ အပါအ၀င် ဒေသတွင်းနိုင်ငံရေးပါတီများအနေဖြင့် ကူညီဖြေရှင်းပေးနိုင်ခြင်းမရှိကြောင်း အစီရင်ခံစာက ဝေဖန်လိုက်သည်။

စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခွင့်ကို အွန်လိုင်းမှတစ်ဆင့် တင်နိုင်အောင် ဆောင်ရွက်သွားမည်

Friday, October 11, 2013
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခွင့်များအတွက် ပုံစံတင်ရာတွင် အွန်လိုင်းမှ တစ်ဆင့် e Application Form ပုံစံဖြင့်တင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှဌာနမှူး ဦးမောင်မောင်ဇော် က အောက်တိုဘာ ၁၀ ရက်တွင် ပြောသည်။၎င်းက ယင်းသို့ပြောကြားခြင်းမှာ မရမ်းကုန်းမြို့နယ်၌ ပြည် သူများနှင့် တွေ့ဆုံပွဲတွင်ဖြစ်ပြီး မည်သည့်အချိန်တွင် ယင်းသို့ အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည်ကိုမူ အတိအကျ သိရှိရခြင်း မရှိသေးပေ။ လက်ရှိအချိန် တွင် စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အ အုံဆောက်လုပ်ခြင်းနှင့် ပတ်သက်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရခြင်း ဖြစ်သည်။ယင်းကြောင့် နောက်ပိုင်းတွင်ပိုမိုလွယ်ကူစေရန်အတွက်မြို့နယ်မှ တစ်ဆင့် e Application Form နှင့် လျှောက်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။သို့သော် မြေယာပိုင်ဆိုင် မှု အထောက်အထားများနှင့် ပတ်သက်၍မူ ရုံးသို့ လာရောက်ရဦးမည် ဖြစ်သည်ဟုလည်း ဌာနမှူးက ဆို သည်။

အမေရိကန် ဘဏ္ဍာရေး အကြပ်အတည်း ညှိုနှိုင်းမှု အလားအလာကောင်း

Friday, October 11, 2013
အမေရိကန်ပြည်ထောင်စုရဲ့ အကြွေးတွေမပျက်မကွက် ပေးဆပ်နိုင်ရေးအတွက်ရန်ပုံငွေကန့်သတ်ထားတာ ထက် တိုးပြီးသတ်မှတ်ရေး အလားအလာရှိတဲ့ လှုပ်ရှားမှုတွေကြာသပတေးနေ့က တွေ့ခဲ့ရပါတယ်။ အောက် လွှတ်တော် Republican အမတ်တွေက ရန်ပုံငွေ ကန့်သတ်ချက်ကို သီတင်း ၆ ပတ် စာတိုးပေးဖို့ကမ်းလှမ်း လိုက်ပါတယ်။ ဒီကမ်းလှမ်းချက် အသေးစိတ်မှာ ဘယ်အချက်တွေ ပါဝင်သလဲ ဆိုတာကိုတော့ ချက်ချင်းမ သိရသေးပါဘူး။သမ္မတအိုဘားမားကတော့ ဒီကမ်းလှမ်းချက်ကြောင့် အားတက်တယ်လို့ ဆိုတဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကပြောပါတယ်။ အောက် လွှတ်တော်မှာ ခေါင်းအေးအေး ထားတဲ့ သူတွေက အနိုင်ရသွားပုံရတယ်လို့လည်း ဆိုပါတယ်။ ရန်ပုံငွေကန့်သတ်ချက်ကို ရေတိုတိုးပေမယ့် Republican တွေရဲ့ ကမ်းလှမ်းချက်တွေကို သမ္မတ အနေနဲ့ သဘောတူဖို့အလားအလာများပေမဲ့ ဘာခြွင်း ချက်မှပူးတွဲမထားမှသာ လက်ခံမှာဖြစ်တယ်လို့ Jay Carney ကပြောပါတယ်။

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိုးတက်မှုရှိဟု ကုလ ကိုယ်စားလှယ်ယူဆ

Friday, October 11, 2013
မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်း ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးဟာ ကချင်ဒေသအတွက်သာမ က မြန်မာတနိုင်ငံလုံးအတွက်ပါ အရေးကြီးတယ်လို့ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ပြီးခဲ့တဲ့ကချင်ငြိမ်းချမ်းရေးဆွေးနွေး ပွဲကနေ ထိုက်သင့်တဲ့ တိုးတက်မှု ရလာဒ်အချို့လည်း မြင်တွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်က မှတ်ချက်ပြုခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးကတင်ဆက်ပေးမှာပါ။ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ ပြုလုပ်တဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သိသာတဲ့ ရလဒ်တွေ ရခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ Vijay Nambiar က အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာ ချက် ထုတ်ပြန်ခဲ့တာပါ။

နယ်မြေပိုင်ဆိုင်မှုကိစ္စမှာ ဂျပန်နဲ့ကန် ၀င်မရှုပ်ဖို့ တရုတ် သတိပေး

Friday, October 11, 2013
တောင်တရုတ် ပင်လယ်ပြင်က နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နဲ့ အမေရိ ကန်နိုင်ငံတို့အနေနဲ့ ပါဝင်ပတ်သက်မှုတွေမလုပ်ကြဖို့ တရုတ်နိုင်ငံက သတိပေးပြောကြား လိုက်ပါတယ်။ တရုတ်နိုင်ငံနဲ့ အာဆီယံအသင်းဝင်နိုင်ငံတွေအနေနဲ့ တောင်တရုတ်ပင်ပြင်က နယ်မြေပိုင်မှုအငြင်း ပွား နေတဲ့ကိစ္စကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ သဘောတူညီခဲ့ကြတာဖြစ်သလို တိုက်ရိုက် ပါဝင် ပတ်သက်တဲ့ နိုင်ငံအချင်းချင်းက တနိုင်ငံချင်းဆီအနေနဲ့သာ ညှိနှိုင်းကြဖို့ သဘောတူခဲ့ကြတာဖြစ်တဲ့အ တွက် ပတ်သက်မှုမရှိတဲ့ နိုင်ငံတွေအနေနဲ့ ဒီကိစ္စမှာ မပါဝင်သင့်ဘူးလို့ တရုတ်နိုင်ငံဝန်ကြီးချုပ် Li Keqiang က မနေ့က ဘရူနှိုင်း နိုင်ငံမှာပြုလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံများ-အာဆီယံအသင်း စည်းဝေး ပွဲ အတွင်း မှာ ပြောလိုက်တာဖြစ်ပါတယ်။

Thursday, October 10, 2013

ရေနံနှင့်သဘာဝဓါတ်ငွေ့ကုန်းတွင်းလုပ်ကွက်(၁၈) ကွက်အတွက် တင်ဒါအောင် နိုင်ငံခြားကုမ္ပဏီ (၁၂)ခု ထုတ်ပြန်ကြေညာ

Thursday, October 10, 2013
ရေနံနှင့်သဘာဝဓါတ်ငွေ့ရှာဖွေတူးဖော်ရေးလုပ်ငန်းထုတ်လုပ်မှု ကုန်းတွင်း လုပ်ကွက်(၁၈) ကွက်အတွက် တင်ဒါအောင်မြင်သည့် နိုင်ငံခြားကုမ္ပဏီ (၁၂)ခုကို စွမ်းအင်ဝန်ကြီး ဌာနမှ ယနေ့ ထုတ်ပြန်ကြေညာသည်။
စွမ်းအင်ဝန်ကြီးဌာနသည် ၄င်းလုပ်ကွက်(၁၈)ကွက်ကို လုပ်ကိုင်နိုင်ရန် နှင့် ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ရေးလုပ်ငန်းများအား ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားနိုင်ရေး စာချုပ်ကိုအခြေခံ၍ နိုင်ငံခြားကုမ္ပဏီများကိုယခုနှစ် ဇန်န၀ါရီလတွင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။ တင်ဒါလျှောက်ထားသည့် ကုမ္ပဏီပေါင်း ၇၈ ခုရှိခဲ့ပြီး Pre - qualified ဖြစ်သည့် ကုမ္ပဏီ် ၅၉ ခုရှိခဲ့ကြောင်း၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့သော် လုပ်ကွက် ၁၈ခုအနက်မှ တက်မဒေသရှိ လုပ်ကွက် နှင့် ကျောက်ဖြူဒေသရှိ လုပ်ကွက်တို့မှ လွဲ၍ကျန် PSC စာချုပ်ဖြင့်ချုပ်ဆိုမည့် လုပ်ကွက် ၁၃ကွက် နှင့် IOR စာချုပ် ဖြင့်ချုပ်ဆိုလုပ်ကိုင်မည့် လုပ်ကွက် ၃ကွက် စုစုပေါင်း (၁၆)ကွက် အတွက်ကိုမူ ကုမ္ပဏီ ၂၆ ခုမှ အဆုံးသတ်အဆိုပြုချက်တင်ပြခဲ့ကြကြောင်းသိရသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အနည်းဆုံးဖြစ်ရေး အပါအဝင် အချက်ခြောက်ချက် လိုက်လျောလျှင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဒေသခံများ လက်ခံမည်

Thursday, October 10, 2013
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရေး အပါအဝင် အချက်ခြောက် ချက်ကို လိုက်လျောလျှင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည့် အစီအစဉ်ကို လက်ခံမည် ဖြစ်ကြောင်း ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ယာယီ ကော်မတီ က ကြေညာ ချက် တစ်စောင်ကို အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ကျောက်ဖြူမြို့နယ် ကျေးရွာပေါင်း ၄၂ ရွာမှ ဒေသခံ ၄၀၀ ကျော်ဖြင့် အောက်တိုဘာလ ၈ ရက်နေ့ က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ယင်းသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ယာယီကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောကြားသည်။
တောင်းဆိုသည့်အချက် ခြောက်ချက်မှာ သဘာဝပတ်ဝန်းကျင် ကိစ္စအပြင် ဌာနေ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေး များကို ပေးရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် လူငယ်များကို အသက်မွေးဝမ်းကျောင်း ပညာကျောင်းများ ဖွင့်လှစ် သင်ကြားပေးရန်၊ စီးပွားရေးဇုန်ကြောင့် ဆုံးရှုံး ပျက်စီးမှုများကို ဒေသခံများနှင့် ညှိနှိုင်းကာ နစ်နာကြေးပေးရန်၊ ပြည်ပ ဝင်လာသူများသည် ဌာနေတိုင်းရင်းသားများ၏

ခင်ဝင့်ဝါရဲ့ ပရဟိတအလှူ


Thursday, October 10, 2013
ခင်ဝင့်ဝါက အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် လှည်းကူးမြို့နယ် စာဘူးတောင်းကျေးရွာ အုပ် စု ၊အင်ကြင်းတောင်ရှိ မြန်မာ စိမ်းလန်းမြေ ပရဟိတ ကျောင်းမှ မိဘမဲ့ကလေးများအတွက် လိုအပ်တဲ့ပစ္စ ည်းများကို သွားရောက်လှူဒါန်းခဲ့ပြီး ရွှေအင်ကြင်းတောရ ကျောင်းတွင် သံဃာတော်များ အား နေ့ဆွ မ်းဆ က်ကပ်လှူ ဒါန်းခဲ့ပါတယ်။

ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများနှင့် ချုပ်ဆိုသည့်စာချုပ်များ ပြန်ပြင်ချုပ်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနဆို

Thursday, October 10, 2013
တပ်မတော်အစိုးရ လက်ထက် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရွှေသံလွင်၊ Forever Group စသည့် ပုဂ္ဂလိက ရုပ်သံကုမ္ပဏီ များအကြား ချုပ်ဆိုထားသည့် သဘောတူစာချုပ် များကို ပြန်လည်သုံးသပ် စိစစ်၍ ပြင်ဆင် ချုပ်ဆိုမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေး မှူးချုပ် ဦးတင့်ဆွေက ပြောကြား သည်။

အောက်တိုဘာလ ၈ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာ ရှင်းလ င်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မိုးထိမိုးမိရွှေလုပ်ကွက် နောက်ဆုံးကျန်ဇုန်ကို အင်အားသုံးဖယ်ရှားရန် ကြိုးပမ်းခဲ့

Thursday, October 10, 2013
မိုးထိမိုးမိ ရွှေလုပ်ကွက်မှ နောက် ဆုံးကျန်ရှိသော ဇုန် ၁ဝ အား အောက် တိုဘာ ၅ ရက်နေ့တွင် အင်အား သုံး ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြောင်း ဖယ်ရှား ခံရသူများတွင် ပါဝင်ခဲ့သော ဦးအောင် ဆန်းလင်းက ပြော သည်။

အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော် ကုမ္ပဏီနှင့် ရွှေလုပ်သား တို့ ၏ ရွှေမြင်တင် သဘော တူစာ ချု ပ်ပါ အချက် ၆ ချက်အား ဖောက်ဖျက်ခြင်း ကို အကြောင်းပြု၍ ဖယ်ရှားရန် ကြိုးပမ်း သော်လည်း ယင်းနေ့ တွင် လုပ်သားတို့ လက်မခံခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ ကြောင်း ၄င်းက ပြော သည်။

မျက်လုံးမှ ဆေးရည် ပန်းထုတ်ပြီး အရုပ်ရေးခြယ်သူ


Thursday, October 10, 2013


အာဂျင်တီးနားနိုင်ငံမှ အသက် ၂၇ နှစ်အရွယ် လင်ဒရိုဂရန်နက်တူ (Leandro Granato) ဆိုသူသည် ပန်း ချီဆွဲသည့် ရေဆေးများကို မျက်လုံးထဲမှ ပန်းထွက်လာအောင်ပြုလုပ်ပြီး ကင်း ဗတ်စပေါ်တွင် ပန်းချီရေးဆွဲနိုင်သူဖြစ် သည်။

နှာခေါင်းနှင့်မျက်လုံးအကြားတွင် ထူးခြားသည့် ဆက်သွယ်မှု ရှိနေခြင်း ကြောင့် ဆေးရည်များကို နှာခေါင်းမှ စုပ်ယူပြီး မျက်လုံးမှပန်း ထုတ်ကာယခုလို ရေးခြယ်မှုမျိုး ပြုလုပ်နိုင်သည်ဟု ယူဆ ရသည်။

ကျောက်တန်းတွင် ဧကခုနစ်သောင်းခန့်ရှိ ပုစွန်မွေးမြူရေးဇုန် ဖော်ထုတ်ရန် စီစဉ်

Thursday, October 10, 2013

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ပုစွန်မွေးမြူရေး အဓိကပြုလုပ်မည့် ဧကခုနစ်သောင်း ခန့် ရှိ မွေးမြူရေးဇုန် တစ်ခုဖော်ထုတ်ရန် စီစဉ်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကြီးငွေက ပြောကြားသည်။

ရန်ကုန်မြစ်နှင့် မုတ္တမပင်လယ်ကွေ့အထိ စပ်လျက်ရှိပြီး သဘာဝ အလျောက် ရေငန်ပုစွန် မွေးမြူသည့်  လု ပ်ငန်းများကို လက်ရှိ ဧက ၇၀၀၀ ခန့်ထိ မွေးမြူထားသည့် နေရာတွင် ယင်းမွေးမြူရေးဇုန်ကို တည်ဆောက် သွားရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

ဇနီးက ဓားနှင့်ထိုးသဖြင့် ခင်ပွန်းသေဆုံး

Thursday, October 10, 2013


မှော်ဘီမြို့နယ် ရွှေမြယာကျေးရွာ၌ ဇနီးက ဓားဖြင့်ထိုးသဖြင့် ခင်ပွန်းသေဆုံးခဲ့မှုတစ်ခု အောက်တိုဘာ ၈ ရ က်က ဖြစ်ပွားခဲ့သည်။

ဇနီးမောင်နှံနှစ်ဦး စကားများရန်ဖြစ်ပြီး မိန်းမဖြစ်သူက ဓားဖြင့်ထိုး၍ ယောက်ျား သေဆုံးသွားကြောင်း ဇနီး ၏ မောင်က ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သည်။ ဓားဖြင့်ထိုးခံရသူမှာ ၀ဲရင်အုံ ထိုးသွင်း ဒ ဏ်ရာတစ်ချက် ရရှိကာ သေဆုံးနေပြီး အနီးတွင် အရှည်သုံးပေခွဲခန့်ရှိ ဓါးရိုးတပ်အသွား ၁၀ လက်မရှိဓါး ဦး ချွန်တစ် ချောင်းကိုသွေးပေလျက် တွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆိုထားသည်။

ကာယိနြေ္ဒပျက်စေမှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အမှုဖွင့်ခံထားရ

Thursday, October 10, 2013


ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ကာယိနြေ္ဒပျက်ပြားစေမှုဖြင့် အောက်တိုဘာ ၈ ရက် က အမှုဖွင့် တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

(၁၀)ရပ်ကွက်၊ သံလွင်လမ်းနေသူ ဒေါ်------ ၎င်း၏ အိမ်ငှားဖြစ်သူ မ---- တန်ဖိုးနည်းဆင်းကတ်လျှောက် ထားသည့် ကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးထံ လျှောက်လွှာလက်ခံပေးရန် ပြောရာ “ခင်ဗျား ဒီစကားေ တွ လာမပြောနဲ့၊ မပေးဘူး” ဟု ပြောဆိုခဲ့ပြီး ဘာကြောင့် မပေးရတာလဲဟု မေးမြန်းရာတွင်လည်း “မ----က --- ဖြစ်နေ၍ မပေးတာ” ဟုပြောဆိုခဲ့ကြောင်း တရားလိုက ရဲတိုင်ရာတွင် ထည့်သွင်း ပြောထားသည်။

ယာဉ်ထိန်းရဲနှင့် ဆယ်အိမ်မှူးအား ပုဆိုးချွတ်ပြပြီး ဆဲဆိုထိုးကြိတ်ခဲ့သည့် ယာဉ်မောင်းအား အမှုဖွင့်

Thursday, October 10, 2013


အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ် စစ်ဆေးရေးပြုလုပ်နေသော ယာဉ်ထိန်းရဲ နှင့် ဆယ်အိမ်မှူးတို့ကို ပု ဆိုးချွတ်ပြပြီး ၀င်ရောက်ထိုးကြိတ်ခဲ့သည့် တက္ကစီယာဉ်မောင်းတစ်ဦးကို အောက်တိုဘာ ၉ ရက်တွင် ရဲက ဖမ်းဆီး စစ်ဆေးနေသည်။

အောက်တိုဘာ ၈ ရက်နေ့ ည ၁၁နာ ရီခွဲအချိန်က အင်းစိန်ရဲစခန်းမှ ဒု-ရဲအုပ်လှ အောင်နှင့်အဖွဲ့သည် သ က်သေများနှင့်အတူ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း လမ်းဆုံတွင် ယာဉ်စစ်ဆေးရေး လုပ်ကိုင်ေ ဆာ င်ရွက်နေစဉ် နေရာနှင့် ကိုက်(၁၀၀) ခန့်အကွာ ရန်ကုန်-ပြည်လမ်း လမ်းလယ်တွင် ယာဉ်အမှတ် ၉ဂ/----၊ ယာဉ်အမျိုးအစား စိစစ်ဆဲယာဉ်နှင့် ဗဗ/---- အငှားယာဉ် မောင်းတို့ ယာဉ်ချင်းငြိသည့် ကိစ္စနှင့်စကားများ ရန်ဖြစ်နေသည်ကို တွေ့ခဲ့ကြသည်။

ဖြူးစာတိုက်အနီး ခရီးသည်တင်ယာဉ်ပေါ်မှ ဗုံးတစ်လုံးတွေ့ရှိ

Thursday, October 10, 2013
ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့မှ ဖြူးမြို့သို့ထွက်ခွာလာသော ခရီးသည်တင် ယာဉ်ငယ်ပေါ် တွင် ယနေ့နံနက် ၁ဝ နာရီခန့်က အသက် သွင်းထားသည့် ဗုံးတစ်လုံးတွေ့ရှိ ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ က အန္တရာယ်ကင်းစွာ ရှင်းလင်း ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၆ နာရီ မိနစ် ၄ဝ ခန့်က ယာဉ်မောင်း ဦးစိုးဝင်း(၄၅ နှစ်) ယာဉ်နောက်လိုက် ချစ်ကိုတို့ လိုက်ပါ သည့် အောင်ဇေယျာဟိန်း ၈စ/...လိုက်ထရပ်ယာဉ်သည် နံနက်၁ဝ ခန့် တွင် ဖြူးမြို့စာ တိုက်အနီး ကားဂိတ် ရောက်ရှိခဲ့ရာ ခရီးသည်များ ဆင်းသွား ခဲ့ပြီးနောက် ယာဉ်နောက်လိုက် ချစ်ကို က ယာဉ်ပေါ်တွင် မသင်္ကာဖွယ်အထုပ် တစ်ထုပ်ကိုတွေ့ရှိ၍ ဖြူးမြို့မရဲစခန်း သို့သတင်းပို့ခဲ့သည်။

အင်ဒိုနီးရှား ရေပိုင်နက်သို့ ကျူးကျော်မှုကြောင့် ထိန်းသိမ်းခံခဲ့ရသော ထိုင်းငါးဖမ်း ရေယာဉ်များမှ မြန်မာရေလုပ်သား ၃၇ ဦး ပြန်လည်ရောက်ရှိ

အင်ဒိုနီးရှား ရေပိုင်နက်သို့ ကျူးကျော်မှုကြောင့် ထိန်းသိမ်းခံခဲ့ရသော ထိုင်းငါးဖမ်းရေယာဉ်များမှ မြန်မာရေလုပ်သား ၄၀ ဦးအနက် ၃၇ ဦးမှာ အောက်တိုဘာ ၉ ရက်က မလေးရှား လေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိလာသည်။
မြန်မာရေလုပ်သား ၄၀ ဦးအနက် ၃၇ ဦးသာ ပြန်လည် ရောက်ရှိလာခဲ့ပြီး ကျန်ခဲ့သည့် ရေလုပ်သား သုံးဦးမှာ မူလ ငါးဖမ်းလုပ်ငန်းတွင် ပြန်လည်လုပ်ကိုင်ရန်အတွက် ထွက်သွားကြောင်း မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ရောက်ရှိလာသည့် ရေလုပ်သားများ၏ ပြောကြားချက်အရ သိရသည်။အဆိုပါ မြန်မာရေလုပ်သားများမှာ ထိုင်းနိုင်ငံ ငါးဖမ်းလှေများပေါ်တွင် အလုပ်လုပ်ကိုင်နေသည်မှာ ငါးနှစ်ခန့်ရှိနေပြီး ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ထိန်းသိမ်းခံရသည်မှာ ခုနစ်လခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။ ''ထိုင်းငါးဖမ်း လှေပေါ်မှာတော့ ညှဉ်းပန်းနှိပ်စက်တာတွေတော့ မရှိဘူး။ အင်ဒိုနီးရှားနိုင်ငံမှာ ထိန်းသိမ်းခံရတာက ကျွန်တော်တို့ လှေလေးစင်းနဲ့ အဲ့ဒီနိုင်ငံပိုင်နက်ထဲကို ရောက်သွားတာ ဖြစ်တယ်။ ကျွန်တော်တို့ လှေသားတွေကိုတော့ အပြစ်မပေးဘူး။ ပဲ့နင်းတဲ့ လူလေးဦးကို အပြစ်ပေးတာပါ။ ကျွန်တော်တို့ အကျယ်ချုပ် သဘောမျိုးနဲ့ပဲ ထိန်းသိမ်းထားတာပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ထိန်းသိမ်းခံရတာက ခုနစ်လလောက် ရှိပါတယ်။ အဲဒီမှာ တခြား ဘာအခက်အခဲမှ မရှိပါဘူး'' ဟု တနင်္သာရီတိုင်းဒေသကြီးမှ ရေလုပ်သားဖြစ်သူ ဦးလှဦးက ဆိုသည်။

ဆန္ဒပြခဲ့သည့် ရွှေစကားအထည်ချုပ်စက်ရုံမှ အလုပ်သမားများ တိုးတောင်းသည့် လစာမှာ တစ်လအတွက်သာ အာမခံချက်ရရှိ

Thursday, October 10, 2013
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရွှေစကားအထည်ချုပ်စက်ရုံမှ အလုပ်သမားများ လုပ်ခတိုးမြှင့် မပေးမှုကြောင့် ဆန္ဒပြခဲ့ရာ ယခုလအတွက် လစာကိစ္စ ပြေလည်သော်လည်း ယင်းလစာမှာ တစ် လစာအတွက်သာနှုတ်ကတိဖြင့် တိုးမြင့်ပေးထားခြင်း ဖြစ်သည်ဟု ယင်းအထည်ချုပ်လုပ်ငန်းမှ အလုပ်သမားတစ်ဦးဖြစ်သည့် မမိုးမိုးလွင်က အောက်တိုဘာ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။
အလုပ်သမား တစ်ရာကျော်ရှိသော ယင်းစက်ရုံမှ အလုပ်သမားများ တောင်းဆိုထားသည့် လစာတိုးမြင့်မပေးမှုကြောင့် အောက်တိုဘာ ၅ ရက်တွင် စက်ရုံဝင်းအတွင်း ဆန္ဒပြခဲ့ပြီး၊ အောက်တိုဘာ ၈ ရက်တွင် ဒုတိယအကြိမ် ဆန္ဒပြခဲ့ရာ လစာတိုးပေးသော်လည်း ယင်းလစာမှာ တစ်လစာအတွက်သာ ဖြစ်သည်ဟု အလုပ်သမားများကပြောသည်။ လစာတိုးမြင့်ပေးမည်ဟု ကတိပြုခဲ့သည်မှာ နှုတ်ကတိသာဖြစ်၍ တစ်လစာသာ တိုးမြှင့်လစာပေးပြီး နောက်လများ တွင် ပြန်လည် ပြောင်းလဲမည်ဟု အလုပ်ရှင်အလုပ်သမား သဘောတူညီ လက်မှတ်ရေး ထိုးခဲ့သည်ဟုလည်း မမိုးမိုးလွင်က ပြောသည်။

မလေးရှားမှပြန်လာပြီး နေရပ်မပြန်နိုင်သူတွေအတွက် ဇေကမ္ဘာ ဦးခင်ရွှေက ကျပ်သိန်း ၅၀ ထောက်ပံ့

Thursday, October 10, 2013
မလေးရှားမှ မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၈ ရက်တွင် ပြန်လည်ရောက်ရှိလာသော လုပ်သားများအနက် ၄၆ ဦးမှာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ဇာတိပြန်ရန် ခက်ခဲနေသည့်အတွက် ရန်ကုန်တိုင်း မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ငွေကျပ်သိန်း ၅၀ ကို အောက်တိုဘာ ၉ ရက်တွင် မတည်လှူဒါန်းခဲ့သည်ဟု စေတနာ့ဝန်ထမ်းလုပ်နေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ “အခု လုပ်သားတွေအတွက် လိုအပ်တဲ့ငွေကြေးကို အကြမ်းဖျင်း တွက်လိုက်တာ သိန်း ၄၀ ကျော်ကုန်ကျ ပါတယ်။ ဒေါက်တာခင်ရွှေက ပထမကတည်းက လိုအပ်တာတွေကို ကူညီပေးသွားမယ်လို့ ပြောထား တာပါ”ဟု မလေးရှားပြန် လုပ်သားများအတွက် စေတနာ့ဝန်ထမ်း လိုက်လုပ်ပေးနေသူက ပြောသည်။ အောက်တိုဘာလ ၈ ရက်က မလေးရှားမှ လုပ်သားများအား သီတဂူဆရာတော်ကြီး၏ သီတဂူသာသနာပြု လူမှု အထောက်အကူပြုအဖွဲ့ (မလေးရှား)နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းကာ MAI လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ အခမဲ့ပြန်လာစေခြင်း ဖြစ်သည်။ မလေးရှားမှပြန်လာသော လုပ်သား ၁၇၅ ဦးအနက် ၄၆ ဦးသည် မိသားစုနှင့် အဆက်အသွယ်မရရှိဘဲ ဇာတိပြန်ရန် ငွေကြေးအခက်အခဲများ ရှိသောကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့မှ တစ်ညတာ တာဝန်ယူ ခေါ်ဆောင်သွားခဲ့သည်။

Wednesday, October 09, 2013

ပြန်ကြားရေးဝန်ကြီးဌာန နှင့် ရုပ်သံမီဒီယာ ကုမ္ပဏီများ ဥပဒေမဲ့ စာချုပ်ချုပ် ဆိုပြီး လုပ်ကိုင်ခဲ့ခြင်း မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးပြောကြား

Wednesday, October 9, 2013
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ် သံထုတ်လွှင့်သည့် မီဒီယာကုမ္ပ ဏီများသည် ဥပဒေမရှိဘဲ မိမိတို့ သဘော ဆန္ဒအလျောက် လုပ်ငန်း များ စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင် ခဲ့ခြင်းမဟုတ်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောသည်။ယနေ့ နေ့လယ်ပိုင်း ပြန် ကြားရေးဝန်ကြီးဌာန အစည်းအ ဝေး ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၃ အောက်တိုဘာ ၄ရက်ထုတ် The Daily Eleven နေ့စဉ် ထုတ် သတင်း စာတွင် ဖော်ပြပါရှိသော Forever နှင့် ရွှေသံလွင် ရုပ်သံမီ ဒီယာ များ၏ အခွန်ဆောင် မှုနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဆက် စပ်ပတ်သက်မှုအား စစ်ဆေးကာ အများပြည်သူသို့ ချပြသင့် သတင်း ပါရှိခြင်းနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် တုံ့ပြန်လိုက်သည်။ ''ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ရုပ်သံထုတ်လွှင့် တဲ့ မီဒီယာ ကုမ္ပဏီများဟာ ဥပဒေမရှိဘဲ မိမိ တို့သဘောဆန္ဒအလျောက် လုပ် ငန်းများ စာချုပ်ချုပ်ဆိုပြီး လုပ် ကိုင်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံ တကာက ချမှတ်ထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ အ ဆင့်ဆင့်တင်ပြ ဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီများက နိုငံတော်သို့ ပေး သွင်းရမယ့် ငွေများအားလုံး ကိုလဲ ပေး သွင်းပြီးဖြစ်ပါတယ်''ဟု ရှင်း လင်းပြောကြားသည်။

မလေးရှားရောက် တရားမဝင် မြန်မာနှစ်ရာနီးပါး အိမ်ပြန်

Wednesday, October 9, 2013
သီတဂူအထောက် အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇ ဘဏ်လီမိတက် တို့ ပူးပေါင်းလှူဒါန်းမှုဖြင့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့်တရားမဝင် မြန်မာ လုပ်သား ၁၈၀ ကျော်ကို အောက်တိုဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ခေါ်လာကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။ MAI စင်လုံးငှား လေယာဉ်ဖြင့် ရောက်ရှိလာသည့် အဆိုပါ မြန်မာ ၁၈၅ ဦး တွင် ဒုက္ခသည်စခန်း များတွင် ရောက်ရှိနေသည့် မြန်မာလုပ်သား ၈၀ ကျော် ပါဝင်ကြောင်း မလေးရှား အခြေစိုက် သီတဂူ အထောက်အကူပြု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ယခု ပြန်လာသည့် အလုပ်သမားများတွင် အော်ပရာစီခေါ် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမှုကြောင့် ပြန်လာသူ များ၊ မေလကုန်နှင့် ဇွန်လက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ပြည်တော်ပြန်ရန် လုပ်ဆောင်နေ သူများ၊ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသူများ ပါဝင်ကြောင်း လုပ်သားများကို မေးမြန်းချက်များအရ သိရှိရသည်။

ရာဇာမင်းကား ဓားပြတိုက်ခံရမှုနှင့်ပတ်သက်ပြီးမှားယွင်းဖမ်းဆီးခံ ထားရသူ KNU/ KNLA PC အဖွဲ့ဝင်လေးဦးပြန်လည်လွတ်မြောက်

Wednesday, October 9, 2013
ရာဇာမင်း ဓားပြတိုက်ခံရမှုနှင့် ပတ်သက်ပြီး မှားယွင်းဖမ်းဆီးခံထားရသူ KNU/KNLA PC အဖွဲ့ဝင်လေးဦးမှာ ယနေ့ပြန်လည်လွတ်မြောက်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ငြိမ်းချမ်းရေးကောင်စီKNU/KNLA PC မှ ထောက်လှမ်းရေးဌာနတာဝန်ခံဗိုလ်မှူးအောင်ပိုင်သိန်းက ပြည်ထောင်စုနေ့စဉ်သို့ ယနေ့ပြောသည်။
ယနေ့ ညနေ ၄ နာရီခန့်က သထုံရဲစခန်းမှ ပြန်လည်လွတ်မြောက်လာပြီး စတင်ဖမ်းဆီး စဉ်ကသိမ်းဆည်းထားသည့် မော်တော်ယာဉ်တစ်စီးနှင့် လက်နက်တို့မှာ ပြန်လည်ရရှိခြင်းမရှိ သေးကြောင်း ၄င်းကဆိုသည်။ ''လေးဦးစလုံး ပြန်လွတ်လာတယ်။ ပစ္စည်းတွေကတော့ ပြန်မရသေးဘူး''ဟု ဗိုလ်မှူး အောင်ပိုင်သိန်းကပြောသည်။ အဆိုပါ ကား၊ လက်နက်တို့နှင့်ပတ်သက်ပြီး ယခုလ ၁၅ ရက်သို့ ထပ်မံချိန်းဆိုထား ကြောင်း၊ ပြန်လည်ရမည်၊ မရမည်ကို မသိရှိသေးကြောင်း ၄င်းကထပ်မံပြောသည်။

အခွန်ငွေဆိုင်ရာ စေ့စပ် ဆွေးနွေးမှု ပြုလုပ်ရန် အောက်လွှတ်တော် ဥက္ကဋ္ဌအား အိုဘားမား တောင်းဆို

Wednesday, October 9, 2013
အမေရိကန် အစိုးရမှ လိုအပ်သော ဘဏ္ဍာငွေ အသုံးစရိတ် များအား လွှတ်တော်မှ အတည်ပြု ဆုံးဖြတ် ပေးခြင်း မရှိသည့်အတွက် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်း ခဲ့ရခြင်းနှင့် ကြွေးမြီ ပြဿနာများ ရင်ဆိုင်ရပြီး နောက်တွင် ရီပတ်ဘလီကန်များနှင့် အခွန်ငွေဆိုင်ရာ စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်ရန် အိုဘားမား အနေဖြင့် ဆန္ဒရှိ သောကြောင့် အောက် လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုးနားနှင့် စေ့စပ် ဆွေးနွေးမှု များ ပြုလုပ်ရန်အတွက် အိုဘားမားက အောက်တိုဘာ ၈ ရက် တွင် တောင်းဆို လိုက်ကြောင်း သိရသည်။
ထိုကဲ့သို့ စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်ရာတွင် အခြား အရေးကြီး ခေါင်းစဉ်များ ဖြစ်သည့် စီးပွားရေး အခွင့် အလမ်းများ ပိုမို တိုးချဲ့နိုင်ရေး မူဝါဒများ၊ အလုပ်အကိုင် ဖန်တီးမှုဆိုင်ရာ ထောက်ပံ့ ပေးနိုင်မှု၊ အမေရိကန် ပြည်သူများစီးပွားရေးအပြိုင်အဆိုင်တိုးတက်လာရေးနှင့် နိုင်ငံတော်၏လိုငွေဆက်လက် လျှော့ ချနိုင်ရေး တို့နှင့် ပတ်သက်၍ ဆွေးနွေး သွားရန် လည်း အိုဘားမား အနေဖြင့် ဆန္ဒ ရှိကြောင်း သိရသည်။
မြ၀တီ

ဝက်မှေးရွာဟောင်းမှဆန္ဒထုတ်ဖော်ခွင့်ကိုအင်အား ၁၅ဝဝ ဖြင့်တရားဝင် ခွင့်ပြု

Wednesday, October 9, 2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းတွင်ပါဝင်သော ရွှေ့ပြောင်းရမည့်ဝက်မှေးရွာဟောင်း မှ ဒေသခံပြည်သူလူထုများ လျှောက်ထားသည့်ဆန္ဒထုတ်ဖော်ခွင့်အား ယခုလ ၁ဝ ရက် နံနက် ၁ဝ နာရီမှမွန်းတည့် ၁၂နာရီ အထိ အင်အား ၁၅ဝဝ ဖြင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တရားဝင် ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအောင်ကျော်ကပြောသည်။
ခွင့်ပြုချက်တောင်းခံရရှိခြင်းနှင့်ပတ်သက်၍ ဝက်မှေးရွာဟောင်းမှ ကိုအောင်ဇော်ဦးက ''လျှောက်လွှာတင် ထားတာက အင်အား ၁၅ဝဝ ပါ။ တောင်းဆိုချက်ငါးချက်ပါတယ်။အချိန်က နံနက် ၈နာရီကနေ ညနေ ၅ နာရီအထိ ဆည်မြောင်းလမ်းဆုံကနေ ဝမ်ပေါင်ကုမ္ပဏီရုံး စိုက်တဲ့ မုံရွာ-ပုသိမ်လမ်းဆုံအထိပါ။ အင်အား ၁၅ဝဝ ကိုတော့ တင်ထားတဲ့အတိုင်း ခွင့်ပြုပြီး ကျန်တာတွေကတော့ တင်ထားအတိုင်းခွင့်မပြု ပါဘူး။ ဆည်မြောင်းလမ်းဆုံကနေ ရန်မျိုးအောင် ဘုရားရှေ့အထိခွင့်ပြုတယ်။ အချိန်ကလည်း တင်ထားတဲ့အတိုင်း မရဘဲ နံနက် ၁ဝ နာရီကနေ မွန်းတည့် ၁၂နာရီအထိခွင့်ပြုပေးတာ။ကျွန်တော်တို့အတွက်အချိန်အရမ်းနည်း ပါတယ်။ တောင်းဆိုထားတဲ့အချိန်နဲ့ နေရာအတိုင်းရရှိဖို့ ထပ်မံတောင်းဆိုဆွေးနွေးရမှာပါ''ဟုပြောသည်။

ရာထူးမတိုးခြင်း နှင့် လစာ နည်းမှုကြောင့် ကျောင်းဆရာများ အလုပ်ထွက်မှုပိုများလာ

Wednesday, October 9, 2013
အရာရှိ ရာထူးအဆင့်ကို အလွယ်တကူ မရရှိခြင်းနှင့် လစာနည်းပါးမှုများ ကြောင့် အမျိုးသားကျောင်းဆရာ များ အလုပ်ထွက်ကြခြင်းဖြစ် ကြောင်း အခြေခံပညာအသိုင်း အဝိုင်းမှ သိရသည်။ ယခင်က ဆရာ၊ ဆရာမ များအနေဖြင့် အသက် ၄၅နှစ်၊ ၅၀ နှစ်ခန့်ရှိလာပါမှ အရာရှိအဆင့် ကို ခံစားခွင့်ရှိခဲ့ကြောင်း SAT, ATEO, နှင့် အလယ်တန်းကျောင်း အုပ်များသည် လစာတန်းတူရရှိ ခဲ့ကြောင်း၊ အရာရှိအဆင့်ကို နှစ် တိုအတွင်းခံစားခွင့်မရှိခဲ့ကြောင်းသိရသည်။ယင်းနှင့်ပတ်သက်၍ ပေါင်းတည်မြို့နယ်မှအလယ်တန်း ကျောင်း အုပ် ဦးတင်ခိုင်ညွန့်က ''အလယ်တန်းကျောင်းအုပ်တွေ အနေနဲ့ အရာရှိအဆင့်ရဖို့မလွယ် ဘူး။ လစာကလဲ ကွာတယ်လေ။အဲဒီတော့အလုပ်ထွက်ကြတယ်။ဒါကရာနှုန်း ပြည့်မဟုတ်ပေမယ့် ဖြစ်နိုင်ခြေရှိပါတယ်''ဟု ပြော သည်။ အမျိုးသားကျောင်းဆရာ များအနေဖြင့် လစာနည်းပါးမှု၊ အရာရှိအဆင့်ရာထူးရရှိရန် ဆယ်စုနှစ် ခန့် စောင့်ဆိုင်းရသောကြောင့်အလုပ်ထွက်ကြပြီးအခွင့်အလမ်းပိုမိုရရှိသည့်နေရာများသို့ ပြောင်း ရွှေ့လုပ်ကိုင် လာကြကြောင်း၊ ယခု အခါ ပညာရေးကောလိပ်တွင် ဆရာ၊ ဆရာမ ခေါ်ယူရာတွင် အမျိုးသမီး ဆရာ မလျှောက်ထား မှု များပြားသောကြောင့် အမျိုး သားကျောင်းဆရာများအတွက် ဝင်ခွင့်ရရှိရန် အခွင့် အရေး များ လာကြောင်း သိရသည်။

ICE နှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်း

Wednesday, October 9, 2013
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ယမန်နေ့က ICE နှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ တာချီလိတ်မူးယစ် (အထူး) အဖွဲ့မှ ရဲအုပ် ဌေးလွင် ဦးစီးအဖွဲ့နှင့် တာချီလိတ် ရဲစခန်းမှ ရဲတပ်ကြပ် ကျော်မြင့်ဦး တို့ ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီက မူးယစ်ဆေးဝါး သတင်းအရ အိုက်လာ ၂၈ နှစ်(ဘ) ဦးနွဲ့တစ် အမှတ်(၅၆) လွိုင်ကျိုင်းကျေး ရွာ ဟောင်လိတ်အုပ်စု တာချီလိတ်မြို့ နေသူ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ အိုက်လာအား နေအိမ် တွင် အသင့်တွေ့ရပြီး ဆက်လက် ရှာဖွေစဉ် နေအိမ် အိပ်ခန်းအတွင်းရှိ ဗီရိုပေါ်မှ ဖုန်းဘူးခွံအတွင်း အဖြူရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်၍ ICE အလေးချိန် ၂ ဒသမ ၅ ဂရမ်ခန့်ပါ တစ်ထုပ် တန်ဖိုးငွေ ကျပ် ၅ဝဝဝဝခန့်နှင့် အပြာ ရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ် ကြွ ဆေးပြား ၇၅ ပြားပါ တစ်ထုပ် တန်ဖိုး ငွေကျပ် ၁၅ဝဝဝဝ ကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူ အိုက်လာအား တာချီလိတ် ရဲစခန်းမှ မယ(ပ)၁၂၃/၂ဝ၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မြ၀တီ

၁၀၀ တန် ဒေါ်လာအသစ်များ အမေရိကန်ထုတ်လုပ်

Wednesday, October 9, 2013
အမေရိကန် အစိုးရအနေမှ ယခုသတင်းပတ်အင်္ဂါနေ့တွင် ၁၀၀ တန် ဒေါ်လာ အသစ်များ ထပ်မံထုတ် လုပ်ခဲ့သည်။ အသစ်ထွက်ရှိလာသည့် ငွေစက္ကူများမှာ အစိမ်းရောင်ဖြစ်ပြီး ငွေကြေးအတုလုပ် သူများရန်မှ ကာကွယ်သည့် အထူး အမှတ်အသားလည်း ပါဝင်သည်။ အသစ်ထွက်ရှိလာသော ငွေစက္ကူတစ်ရာတန်တွင် ရှုပ်ထွေးသည့် နည်းလမ်း များအား အသုံးပြုကာ ငွေ ကြေး အတုပြုလုပ်နေသူများအား တိုက်ဖျက်ရန် အတွက် အဓိကထား ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်ဟု ဗဟိုဘဏ်တွင်ငွေကြေးဆိုင်ရာ ပညာရေးသင်တန်း အား စီမံခန့်ခွဲသူ Sonja Danburg က အေဖက်ပီသတင်း ဌာနသို့ ပြောကြား လိုက်သည်။ ၁၉၉၆ ခုနှစ်တွင် ပထမဆုံးထုတ်ဝေခဲ့သည့်၁၀၀တန်ဒေါ်လာငွေများတွင်မူအရှေ့ပိုင်းတွင်အမေရိကန်တော်လှန်ရေးခေါင်းဆောင် တစ်ဦးဖြစ်သူ ဘင်ဂျမင်ဖရန်ကလင်း၏ ရိုးရာပုံတူအား အသုံးပြုကာ ရိုက်နှိပ်ထားပြီး ယင်းငွေကြေးမှာ ကမ္ဘာ တစ်လွှားရှိ ကုန်သွယ်ရေးလုပ်ငန်းများအတွက် အရေးပါသော ငွေကြေး ဖြစ်သည်။

အငြိမ်းစား ကျောင်းဆရာမတစ်ဦး၏ ၁၄၄ သိန်းကျော်တန်ဖိုးရှိ ရတနာပစ္စည်းများခိုးယူခံရ

Wednesday, October 9, 2013
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့တွင် အငြိမ်းစားကျောင်းဆရာမ တစဦး၏ ၁၄၄သိန်းကျော် တန်ဘိုးရှိ လက်ဝတ် ရတနာပစ္စည်းများ အော်တိုဘာ ၇ ရက်က ခိုးယူခံလိုက်ရသည်ဟု ရန်ုကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး က ဆိုထားသည်။
အောက်တိုဘာ ၇ ရက် နံနက် ၉နာရီ ခွဲအချိန်က ရွှေပေါက္ကံမြို့နေ အငြိမ်းစားကျောင်း ဆရာမဒေါ်----သည်
နေအိမ်အားသော့ခက်ပြီး ဈေးသို့သွားကာအလှပြင်နေစဉ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။
နေအိမ်နောက်ဖေးတံခါးကို ကလန့်ဖွင့်ထားသဖြင့်အတွင်း၌ ခတ်ထားသောသော့နှင့် ပတ္တာပြုတ်ထွက်ကာ တံခါးပွင့်နေ့သည်ကို တွေ့ရပြီး အိမ်ပေါ်ထပ်ဘုရားခန်းတွင်ထားသော သံသေတ္တာမှာလည်း သော့ကို ဖျက်ဆီး ခံထားရကာ သံသေတ္တာအတွင်းမှ စိန်ရွှေရတနာများပါသည့် လက်ဝတ်ရတနာပစ္စည်းများ ခိုးယူခံထား ရခြင်းဖြစ်သည်။

စီရော်နယ်ဒိုနှင့် ခိုင်းနှိုင်းခြင်း အပေါ် ၀မ်းနည်းမိကြောင်းအူဆီဘီယိုပြော

Wednesday, October 9, 2013
ပေါ်တူဂီဂန္ထ၀င် ကစားသမား အူဆီဘီယိုက ပေါ်တူဂီ လက်ရွေးစင် အသင်း တွင် စီရော်နယ်ဒို၏ သွင်းဂိုး (၂)ဂိုးအသာ သို့ရောက်ရှိ လာခဲ့ပြီးနောက် ယင်းကစား သမားနှင့် ၄င်းအား ခိုင်းနှိုင်းနေခြင်းအပေါ် ၀မ်းနည်း မိကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။သို့ရာတွင်မူ အူဆီဘီယိုက ၄င်း၏ဂိုးသွင်းရလဒ်မှာ အခြားပြိုင် ဘက်များ ထက်ကောင်း မွန်ကြောင်းပြောခဲ့သည်။ အူဆီဘီယို သည်ပေါ်တူဂီအတွက် ၆၄ပွဲတွင် ၄၁ ဂိုး သွင်းထားနိုင်ကာ၊ ထိပ်ဆုံးမှ ဦးဆောင်နေ သည့်ပေါ်လက် တာ က ၈၈ ပွဲတွင် ၄၇ ဂိုး၊ ဒုတိယနေ ရာမှ စီရော်နယ်ဒိုက ၁၀၆ ပွဲတွင် ၄၃ ဂိုးသွင်း ယူထားသည်။ အသက်၂၈ နှစ်ရှိပြီဖြစ်သူ စီရော်နယ် ဒိုမှာ ပေါ်တူဂီ ၏ ဂိုးအများဆုံး သွင်းထား သူ ပေါ်လက်တာနှင့်(၄)ဂိုး သာ ကွာဟမှု ရှိနေပြီးလက်ရှိတွင် ၄၃ ဂိုးသွင်း ယူထားနိုင်သည်။ အူဆီဘီယိုက "ခင်ဗျားတို့တွေ အနေနဲ့ နှိုင်းယှဉ်မှု မလုပ်သင့်ဘူး။ ဒါက ကျွန်တော့် အတွက် ၀မ်းနည်းစရာပါပဲ။ ဒါဟာ တကယ့်ကိုအမှားကြီးပါပဲ။ ကျွန်တော်က ပွဲ၆၄ပွဲမှာ ၄၁ဂိုး သွင်းနိုင် ခဲ့တယ်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့တွင် မေလ ဆွေးနွေးပွဲ ရလဒ်များ အကောင်အထည် ဖော်နိုင်မှု သုံးသပ်ခြင်းနှင့် စောင့်ကြည့်ကြီးကြပ်ရေးရုံးများ ဖွင့်လှစ်ရေးကိုသာ ဆွေးနွေး

Wednesday, October 9, 2013
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် အောက်တိုဘာ ၈ ရက်က ကျင်းပသော အစိုးရနှင့် ကေ အိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့တွင် တပ်ပိုင်းဆိုင်ရာများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မပြုလုပ်နိုင်ခဲ့ဘဲ ပြီးခဲ့သော မေလ ဆွေးနွေးပွဲ ရလာဒ်များ အကောင်အ ထည် ဖော်နိုင်မှု သုံးသပ်ခြင်းနှင့် နှစ်ဖက်တပ်များအကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပေါ်မလာစေရန် JMC (Joint Monitoring Commttee) များ ဖွဲ့စည်းရေးတို့ကိုသာ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။ အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား နံနက် ၁၁ နာရီကျော်မှသာ စတင်နိုင်ခဲ့ပြီး မူလသတ်မှတ်ထားသည့် အခမ်းအနား အစီအစဉ်ခုနစ်ခုအနက် လေးခုသာ ပြုလုပ်နိုင် ခဲ့သည်။ ယခု ဆွေးနွေးပွဲသို့ အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော် မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကာကွယ်ရေးဦးစီးချုပ်မှ အာဏာကုန် လွှဲအပ်ခြင်းခံရ သူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး အပါအ၀င် ပြည်ထောင်စုဝန်ကြီးများနှင့် အခြားကာကွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ ကေအိုင်အိုအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဦးဆွမ်လွတ်ဂမ်၊ ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ခေါင်းဆောင်ရှစ်ဦး တက်ရောက် ခဲ့ကြသည်။ ထို့အပြင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာ၊ တရုတ်နိုင်ငံ သံအမတ်ကြီး အပါအ၀င် တိုင်းရင်းသား လက်နက်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွင့်အမှာစကား ပြောကြားကြရာတွင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်

ရေးကော်မတီဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက''အပစ်အခတ်ရပ်စဲရေးဆိုတာ နိုင်ငံရေး ဆွေးနွေး ပွဲတွေရဲ့ လမ်းစဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေကသာ ကျွန်တော်တို့ တိုင်းရင်သားတွေ လိုလားတဲ့ တန်းတူရည်တူ အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့်ရရှိရေး၊ တစ်ဆက်တည်းမှာပဲ ဖက်ဒရယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ သယံဇာတ ခွဲဝေရေးစတဲ့ အရာတွေကိုရမှာ ဖြစ်ပါတယ်။ အရေးအ ကြီးဆုံးကတော့ဒီဆွေးနွေးပွဲကြီးကို ရောက်ဖို့ပဲ ဖြစ်ပါတယ်။ဒါကလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းနေမှ ဖြစ် ပါ တယ်'' ဟု ထည့်သွင်း ပြောကြားသွားသည်။
ကေအိုင်အိုအဖွဲ့ ဥက္ကဋ္ဌ ဦးဆွမ်လွတ်ဂန်ကလည်း ''ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေအရ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ အစိုးရနဲ့ ကေအိုင်အိုတို့ အလွတ်သဘော လေးကြိမ်အပါအ၀င် အခုအကြိမ်နဲ့ဆိုရင် ၁၅ ကြိမ် တွေ့ဆုံပြီးပါပြီ။ ကေအိုင်အိုအနေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်ပေါ်လာရန် အစဉ်တစိုက် လိုလားလျှက် ရှိပါတယ်။ ဒီနေ့ဆွေးနွေးပွဲက တစ်ဆင့် အားလုံး မျှော်လင့်တောင့်တနေတဲ့ ရည်မှန်းပန်းတိုင် ပြည်တွင်းစစ် ရပ်စဲရေး၊ တည်ငြိမ်အေးချမ်းတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စု ဖော်ဆောင်ရေး၊ ဖက်ဒရက် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်း အကောင်အထည် ဖော်ဆောင်ရေး၊ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေးနဲ့ အမျိုးသား တန်းတူရေးရရှိရန် အားလုံး ၀ိုင်းဝန်း ကြိုးပမ်းသွားကြပါလို့ တိုက်တွန်းလိုပါတယ်'' ဟု ပြောကြားသွားသည်။
ဆွေးနွေးပွဲများ စတင်ချိန်တွင် သတင်းမီဒီယာများအား ခန်းမအပြင်သို့ ထွက်ပေးရန် ပြောကြားခဲ့ပြီး တံခါးပိတ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယခုဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့မှ ဦးခွန်းအောင်က ''မေ ၃၀ ရက် ဆွေးနွေးပွဲပြီးနောက်ပိုင်း တိုးတက်တယ်ဆိုတာ အစိုးရရော ကေအိုင်အေပါတူညီသလောက်နီးပါးလက်ခံပြောဆိုကြပါတယ်။တိုက်ပွဲတွေ လျော့တယ်။ မြစ်ကြီး နား-ဗန်းမော်ကားလမ်း၊ မြစ်ကြီးနား-ပူတာအို ကားလမ်းတွေ ပြန်ဖွင့်နိုင်တယ်လို့ ဆိုကြပါတယ်။ နောက်တစ် ချက် ဆွေးနွေးတာကလွန်ခဲ့တဲ့မေလ ဆွေးနွေးပွဲသဘောတူညီချက်ခုနစ်ချက်ထဲက စောင့်ကြည့်ကြီးကြပ်ရေး ရုံးဖွင့်ဖို့ကို ကေအိုင်အိုက အဆိုတင်ပြတယ်။ အဲဒါကို အစိုးရဘက်က လူကြီးတွေ အသေးစိတ်မသိတော့ မနက်ဖြန် မနက်စောစောပိုင်းမှာ အလုပ်အဖွဲ့ အချင်းချင်း ဆွေးနွေးမယ်။ နှစ်ဖက်ငြိမ်းချမ်းရေး အဖွဲ့ကတော့ မနက် ၁၀ နာရီမှ စတွေ့နိုင်တော့မှာပါ'' ဟု ပြောကြားသည်။
Photo: အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့တွင် မေလ ဆွေးနွေးပွဲ ရလဒ်များ အကောင်အထည် ဖော်နိုင်မှု သုံးသပ်ခြင်းနှင့် စောင့်ကြည့်ကြီးကြပ်ရေးရုံးများ ဖွင့်လှစ်ရေးကိုသာ ဆွေးနွေး
Wednesday, October 9, 2013

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် အောက်တိုဘာ ၈ ရက်က ကျင်းပသော အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့တွင် တပ်ပိုင်းဆိုင်ရာများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မပြုလုပ်နိုင်ခဲ့ဘဲ ပြီးခဲ့သော မေလ ဆွေးနွေးပွဲ ရလာဒ်များ အကောင်အထည် ဖော်နိုင်မှု သုံးသပ်ခြင်းနှင့် နှစ်ဖက်တပ်များအကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပေါ်မလာစေရန် JMC (Joint Monitoring Commttee) များ ဖွဲ့စည်းရေးတို့ကိုသာ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား နံနက် ၁၁ နာရီကျော်မှသာ စတင်နိုင်ခဲ့ပြီး မူလသတ်မှတ်ထားသည့် အခမ်းအနား အစီအစဉ်ခုနစ်ခုအနက် လေးခုသာ ပြုလုပ်နိုင်ခဲ့သည်။ ယခု ဆွေးနွေးပွဲသို့ အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကာကွယ်ရေးဦးစီးချုပ်မှ အာဏာကုန် လွှဲအပ်ခြင်းခံရသူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး အပါအ၀င် ပြည်ထောင်စုဝန်ကြီးများနှင့် အခြားကာကွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ ကေအိုင်အိုအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဦးဆွမ်လွတ်ဂမ်၊ ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ခေါင်းဆောင်ရှစ်ဦး တက်ရောက်ခဲ့ကြသည်။ ထို့အပြင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာ၊ တရုတ်နိုင်ငံ သံအမတ်ကြီး အပါအ၀င် တိုင်းရင်းသား လက်နက်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။

ကေအိုင်အိုအဖွဲ့ ဥက္ကဋ္ဌ ဦးဆွမ်လွတ်ဂန်ကလည်း ''ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေအရ တိုးတက်မှုတွေ အများကြီးရှိခဲ့ပါတယ်။ အစိုးရနဲ့ ကေအိုင်အိုတို့ အလွတ်သဘော လေးကြိမ်အပါအ၀င် အခုအကြိမ်နဲ့ဆိုရင် ၁၅ ကြိမ် တွေ့ဆုံပြီးပါပြီ။ ကေအိုင်အိုအနေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ် ..... 

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားကြရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''အပစ်အခတ် ရပ်စဲရေးဆိုတာ နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ လမ်းစဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေကသာ ကျွန်တော်တို့ တိုင်းရင်သားတွေ လိုလားတဲ့ တန်းတူရည်တူ အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့်ရရှိရေး၊ တစ်ဆက်တည်းမှာပဲ ဖက်ဒရယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ သယံဇာတ ခွဲဝေရေးစတဲ့ အရာတွေကိုရမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒီဆွေးနွေး ပွဲကြီးကို ရောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းနေမှ ဖြစ်ပါတယ်'' ဟု ထည့်သွင်း ပြောကြားသွားသည်။

ကေအိုင်အိုအဖွဲ့ ဥက္ကဋ္ဌ ဦးဆွမ်လွတ်ဂန်ကလည်း ''ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေအရ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ အစိုးရနဲ့ ကေအိုင်အိုတို့ အလွတ်သဘော လေးကြိမ်အပါအ၀င် အခုအကြိမ်နဲ့ဆိုရင် ၁၅ ကြိမ် တွေ့ဆုံပြီးပါပြီ။ ကေအိုင်အိုအနေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်ပေါ်လာရန် အစဉ်တစိုက် လိုလားလျှက် ရှိပါတယ်။ ဒီနေ့ဆွေးနွေးပွဲက တစ်ဆင့် အားလုံး မျှော်လင့်တောင့်တနေတဲ့ ရည်မှန်းပန်းတိုင် ပြည်တွင်းစစ် ရပ်စဲရေး၊ တည်ငြိမ်အေးချမ်းတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး၊ ဖက်ဒရက် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်း အကောင်အထည် ဖော်ဆောင်ရေး၊ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေးနဲ့ အမျိုးသား တန်းတူရေးရရှိရန် အားလုံး ၀ိုင်းဝန်း ကြိုးပမ်းသွားကြပါလို့ တိုက်တွန်းလိုပါတယ်'' ဟု ပြောကြားသွားသည်။

ဆွေးနွေးပွဲများ စတင်ချိန်တွင် သတင်းမီဒီယာများအား ခန်းမအပြင်သို့ ထွက်ပေးရန် ပြောကြားခဲ့ပြီး တံခါးပိတ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယခုဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့မှ ဦးခွန်းအောင်က ''မေ ၃၀ ရက် ဆွေးနွေးပွဲပြီးနောက်ပိုင်း တိုးတက်တယ်ဆိုတာ အစိုးရရော ကေအိုင်အေပါ တူညီသလောက် နီးပါး လက်ခံပြောဆိုကြပါတယ်။ တိုက်ပွဲတွေ လျော့တယ်။ မြစ်ကြီးနား-ဗန်းမော်ကားလမ်း၊ မြစ်ကြီးနား-ပူတာအို ကားလမ်းတွေ ပြန်ဖွင့်နိုင်တယ်လို့ ဆိုကြပါတယ်။ နောက်တစ်ချက် ဆွေးနွေးတာက လွန်ခဲ့တဲ့မေလ ဆွေးနွေးပွဲ သဘောတူညီချက် ခုနစ်ချက်ထဲက စောင့်ကြည့် ကြီးကြပ်ရေးရုံးဖွင့်ဖို့ကို ကေအိုင်အိုက အဆိုတင်ပြတယ်။ အဲဒါကို အစိုးရဘက်က လူကြီးတွေ အသေးစိတ်မသိတော့ မနက်ဖြန် မနက်စောစောပိုင်းမှာ အလုပ်အဖွဲ့ အချင်းချင်း ဆွေးနွေးမယ်။ နှစ်ဖက်ငြိမ်းချမ်းရေး အဖွဲ့ကတော့ မနက် ၁၀ နာရီမှ စတွေ့နိုင်တော့မှာပါ'' ဟု ပြောကြားသည်။

ယခုဆွေးနွေးပွဲသို့ အသက်အကြီးဆုံး ရပ်မိရပ်ဖအဖြစ် တက်ရောက်လာသည့် ဦးဖ၀ါးဒူဝါဇော်ဂမ်က ''ကချင်တွေက ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေပြီ။ ဒါပေမဲ့ တဖြည်းဖြည်း ဆွေးနွေးပြီး အဖြေရှာရမှာပါ့။ အစရှိရင် အဆုံးရှိမှာပါ။ ကျွန်တော်တို့အဖေ လက်မှတ်ထိုးခဲ့တဲ့ ပင်လုံစာချုပ် သဘောတရားရောက်အောင် ချဉ်းကပ်ရမှာပါ'' ဟု ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ၎င်း၏အမြင်ကို ပြောကြားသည်။

Eleven Media Group

မြစ်ကြီးနားမြို့တွင် ကျင်းပနေသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား တွေ့ရစဉ် 
ယခုဆွေးနွေးပွဲသို့ အသက်အကြီးဆုံး ရပ်မိရပ်ဖအဖြစ် တက်ရောက်လာသည့် ဦးဖ၀ါးဒူဝါဇော်ဂမ်က ''ကချင်တွေက ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေပြီ။ ဒါပေမဲ့ တဖြည်းဖြည်း ဆွေးနွေးပြီး အဖြေရှာရမှာပါ့။ အစရှိရင် အဆုံးရှိမှာပါ။ ကျွန်တော်တို့အဖေ လက်မှတ်ထိုးခဲ့တဲ့ ပင်လုံစာချုပ် သဘောတရားရောက်အောင် ချဉ်းကပ်ရမှာပါ'' ဟု ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ၎င်း၏အမြင်ကို ပြောကြားသည်။

 Eleven Media Group

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ၂၀၁၄ ဥက္ကဌ

Wednesday, October 9, 2013
ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN ရဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန်ကို တရားဝင် လက်ခံရယူမယ့် အစီအစဉ်တရပ်လည်း ပါဝင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးတော့ မိန့်ခွန်းပြောကြားပြီး ဥက္ကဋ္ဌတာဝန်ကို တရားဝင် လွှဲပြောင်း ရယူမှာပါ။
အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ဖို့အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အချိန်ယူပြီး ပြင်ဆင်ထားခဲ့တယ်လို့ နိုင်ငံခြားရေးဌာန အဆင့်မြင့်တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။ ဘရူနိုင်းနိုင်ငံမှာ မနက်ဖြန် အောက်တိုဘာလ ၉ ရက်နေ့မှာ စတင်မယ့် ၂၂ ကြိမ်မြောက် အာဆီယံ အရှေ့တောင်အာရှ ၁၀ နိုင်ငံက ခေါင်းဆောင်တွေရဲ့ ထိပ်သီး စည်းဝေးပွဲအတွင်း ၂၀၁၄ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဌတာဝန်ကို ယူတော့မယ့် မြန်မာနိုင်ငံအနေနဲ့ တရားဝင်လက်ခံတဲ့ အခမ်းအနားလည်း ပါဝင်မှာ ဖြစ်ပါတယ်။

စီးပွားရေးအရ ပိုပြီး ပူးပေါင်းလုပ်ဆောင်ဖို့ APEC ခေါင်းဆောင်များ ကတိပြု

Wednesday, October 9, 2013
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာရှပစိဖိတ် နိုင်ငံတွေရဲ့ APEC အစည်းအဝေးဟာ အင်္ဂါနေ့မှာ ပြီးဆုံးသွားပြီဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ခုထက်ပိုပြီး ပူးတွဲလုပ်ဆောင်မှာ ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက ကတိပေးလိုက်ကြပါတယ်။ ယိုင်နဲ့နေတဲ့ ကမ္ဘာ့စီးပွားရေး ပြန်ပြီး နာလန်ထူလာစေဖို့အတွက် အခုလို အာရှပစိဖိတ် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေက အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ အစည်းဝေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အပမ်းဖြေစခန်းမှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းဝေးဟာ အောင်မြင်မှု ရှိခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘန်ဘန်း ယူဒိုရိုနို (Susilo Bambang Yudhoyono) ကပြောပါတယ်။ ဒေသတွင်းမှာ စားနပ်ရိက္ခာ၊ စွမ်းအင်နဲ့ သောက်သုံးရေ ပြဿနာ မပေါ်အောင် ကာကွယ်ရေးအတွက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း အာရှပစိဖိတ် ဒေသတွင်းက အဖွဲ့ဝင် ၂၁ နိုင်ငံ ပါဝင်တဲ့ APEC အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ရောက် ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန ၀န်ကြီးဦးဌေးအောင်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း

Wednesday, October 9, 2013
မြန်မာနိုင်ငံအတွင်း နေရာတချို့မှာ မကြာသေးခင်က လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပေမဲ့ ဖွံ့ဖြိုးလာတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှု မရှိတဲ့အကြောင်း မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဗွီအိုအေကို ပြောပါတယ်။ ပြည်တွင်း ဟိုတယ်တွေမှာ ခရီးသွားဧည့်သည်တွေအတွက် တည်းခိုခနဲ့ကိုက်ညီတဲ့ ၀န်ဆောင်မှု ပေးနိုင်အောင်လည်း အမြဲတစေ သတိပေးနေတယ်လို့ ဆိုပါတယ်။ ၀ါရှင်တန်မြို့တော်ကို ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကို ဗွီအိုအေမြန်မာပိုင်းအစီအစဉ်က ကိုသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

လေကြောင်းလမ်းညွှန်စက်တပ်ဆင်မည့် လေယာဉ်ကွင်း ယခုနှစ်ကုန်တွင် ၁၀ ကွင်းရှိလာမည်

Wednesday, October 9, 2013
နိုင်ငံတော်ဘဏ္ဍာငွေဖြင့်တပ်ဆင်နေသော လေကြောင်းလမ်းညွှန်စက်များကို လေယာဉ်ဆင်းသက်မှုများသော ဟဲဟိုးနှင့် ညောင်ဦးလေဆိပ်တို့တွင်သာတပ်ဆင်ရန်ကျန်ရှိတော့ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။ ယခုနှစ်မတိုင်မီတပ်ဆင်မည့် ယင်းစက်များကို မြစ်ကြီးနား၊ ထားဝယ်၊ ပဲခူးတို့တွင် တပ်ဆင်ပြီး၍ လှည်းကူးတွင်လည်းတပ်ဆင်လျက်ရှိသည်။လှည်းကူးပြီးပါကဟဲဟိုးနှင့် ညောင်ဦးလေ ဆိပ်နေ ရာများတွင် ဆက်လက်တပ်ဆင်ရန် ကျန်ရှိကြောင်း လေကြောင်းဦးစီးမှ အင်ဂျင်နီယာ ကိုဝဏ္ဏကပြောသည်။ ၎င်းစက်များမှ VOR/DME ဖြစ်ပြီး လေယာဉ်မှာကွင်းသို့ ဆင်းသက်ရန်နှင့် ဖြတ်ေ ကျာ်ပျံသန်းရာတွင် မြေပြင်နှင့် ချိတ်ဆက်၍ အကွာအဝေးမည်မျှရှိခြင်း၊ အမြင့်ပေမည်မျှတွင်ရှိနေခြင်း၊ ရာသီဥတုအနေ အထားများနှင့် လေယာဉ်၏ လမ်းကြောင်းအား ညွှန်ပြပေးသော အထောက် အကူပြုစက်များဖြစ်သည်။

ဧရာဝတီတိုင်းမှာ အိန္ဒိယ ဓါတ်အားပေးစက်ရုံ တည်ဆောက်မည်

Wednesday, October 9, 2013
အိန္ဒိယ တာတာ စွမ်းအင် ကုမ္ပဏီ ဟာ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တစ်ရုံ တည်ဆောက်မယ်လို့ Business Line သတင်းက ဖေါ်ပြပါတယ်။
ဧရာဝတီတိုင်းအတွင်း ငရုတ်ကောင်း ကျေးရွာမှာ တည်ဆောက်ဖို့ မြန်မာအစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး၊ လိုအပ်တဲ့ ကွင်းဆင်းလေ့လာမှုတွေ စတင် ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
တည်ဆောက်မယ့် ဓါတ်အားပေးစက်ရုံ က ထွက်ရှိမယ့် ဓါတ်အားပမာဏ ကို တာတာ ကုမ္ပဏီက ထုတ်ဖေါ် မပြောဆိုသေးပါဘူး၊ ပဏာမ လေ့လာချက်တွေ တိုင်းတာပြီးမှသာ အတည်ပြုပြောဆိုနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီစက်ရုံကို လာမယ့် ၂၀၁၉- ၂၀၂၀ ခုနှစ် မှာ အပြီးသတ်ဖို့ ခန့်မှန်းထားပါတယ်။
အိန္ဒိယ တာတာ စွမ်းအင် ကုမ္ပဏီဟာ လက်ရှိမှာ ဘူတန်၊ ဂျော်ဂျီယာနဲ့ ဇမ်ဘီယာ နိုင်ငံတွေမှာ ရေအား လျှပ်စစ် စီမံကိန်းတွေ တည်ဆောက်နေပါတယ်။တောင်အာဖရိက နိုင်ငံမှာလည်း လေ စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ နှစ်ခု တည်ဆောက်နေကြောင်း သိရပါတယ်။
RFA

စစ်တွေမှာ ဆန္ဒပြသူနှစ်ဦးကို ထောင် (၃) လစီ ချမှတ်

Wednesday, October 9, 2013
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်ဆလင် ဒုက္ခသည်တွေအတွက် တူရကီနိုင်ငံရဲ့အကူအညီနဲ့ လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးမယ့် ကိစ္စကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးနဲ့ ရခိုင်လူမှုကွန်ယက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်ဇောဦးတို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ- ၁၈ နဲ့ စစ်တွေမြို့နယ် တရားရုံးကနေ ဒီကနေ့ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းက မြို့ခံလူထု အတော်များများ ကန့်ကွက်ဆန္ဒပြခဲ့ကြရာမှာ အဲဒီအထဲက ဒီနှစ်ဦးကို ခေါင်းဆောင်လို့ရွေးချယ် သတ်မှတ်ပြီး ထောင်ဒဏ်တွေချမှတ်တာဖြစ်တယ်လို့ ဦးကျော်ဇောဦးရဲ့မိခင် ဒေါ်စောသိန်းတန်က RFA ကိုပြောပါတယ်။

Tuesday, October 08, 2013

လာမည့်ရက်သတ္တပတ်တွင် မှတ်ပုံတင်တော့မည့် ရခိုင်အမျိုးသားပါ တီ ခေါင်းဆောင် ဦးအေးသာအောင်နှင့် တွေ့ဆုံခြင်း

Tuesday, October 8, 2013
MMA : ပါတီ မှတ်ပုံတင်ဖို့ ပြင်ဆင်နေပြီလို့ သိရတယ်။ ဘယ်တော့လောက် မှတ်ပုံတင်ဖြစ်မလဲ။
UATA : ၆ ရက်နေ့က ဆုံးဖြတ်တာတော့ လာမယ့်အပတ် အဆင်ပြေတဲ့ နေ့တစ်နေ့ကို မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတယ်။ ကျန်တာတွေကတော့ အကုန်ပြီးပြီ။ ပါတီဖွဲ့စည်းပုံ၊ ပ ခေါင်းဆောင် ဒု ခေါင်းဆောင် ရွေးပြီးပြီ။ နောက်အပတ် အဆင်ပြေတဲ့ ရက်တစ်ရက်မှာ ပါတီသစ် ANP ရခိုင်အမျိုးသား ပါတီ အနေနဲ့ မှတ်ပုံတင်မယ်။
MMA : ပါတီတွေ ပေါင်းမယ်ဆိုရင် မူလပါတီတွေကို ဖျက်သိမ်းရမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က သိရတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုလုပ်သွားဖို့ ရှိလဲ။
UATA : ဒါက ပါတီသစ်ကျလာမှ ဒီလိုဖျက်ရမယ်။ အဲဒီမှာ သူ့ကို ဖျက်သိမ်းမယ့် ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်း ရှိတယ်။ အဲဒါကို ဖျက်ဖို့အတွက်လည်း ထပ်တင်ရမယ်။ ပါတီသစ်ကျပြီးမှ ဖျက်ရမယ်။ လောလောဆယ် မဖျက်ရဘူး။

ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာခြား တင်ဆောင်ခြင်း ကို ခေတ္တ ရပ်ဆိုင်းထား

Tuesday, October 8, 2013
ရန်ကုန် ၊ အောက်တိုဘာ ၇။ ။ ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ဘာ သာရေးဆိုင်ရာ ပဋိပက္ခများဖြစ် ပွားမှုကြောင့် ရန်ကုန်-သံတွဲပြေး ဆွဲနေသော ယာဉ်လိုင်းတချို့မှာ ဘာသာခြားတင်ဆောင်ခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး ကြိုတင် ဘွတ်ကင်ဖြင့် လက်မှတ်ဝယ်ယူခြင်း ကိုလည်း လက်မခံတော့ကြောင်း ရန်ကုန်-သံတွဲပြေးဆွဲလျက်ရှိ သည့် ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။
''ကြိုတင်ဘွတ်ကင်ဆိုရင် ဘယ်လိုလူက ဝယ်မှန်းမသိလို့ မရောင်းဘူး။ လာဝယ်ရင်လဲ ဝယ် တဲ့သူကိုကြည့်ပြီး ရောင်းသင့်တယ် ထင်တဲ့သူကိုပဲ ရောင်းတယ်''ဟု ရန်ကုန်-သံတွဲ ယာဉ်လိုင်းပြေးဆွဲ သူတစ်ဦးကပြောသည်။

အာဂျင်တီးနား သမ္မတ၏ ဦးခေါင်းခွဲစိတ်မှု ယနေ့ပြုလုပ်ရန် စီစဉ်ထား

Tuesday, October 8, 2013
ခရစ္စတီနာသည် လွန်ခဲ့သည့် (၂)လက စတင်၍ ဦးခေါင်း ကိုက်ခဲနာ ကျင်မှု ဝေဒနာများကို ခံစားခဲ့ရသည့်နောက် စစ်ဆေးကြည့်ရာ အရည်အစုအဝေး တစ်ခုက သူမ၏ ဦးနှောက်ကို ဖိထားကြောင်း ဖော် ထုတ် တွေ့ရှိရ အာဂျင်တီးနား သမ္မတ၏ ဦးခေါင်းခွဲစိတ်မှု ယနေ့ပြုလုပ်ရန် စီစဉ်ထား
အာဂျင်တီးနား သမ္မတ ခရစ္စတီနာ ဖာနန်ဒက်ဇ်၏ ဦးခေါင်းတွင် အကြီးစားခွဲစိတ်မှုတစ်ခု ပြုလုပ်ရန် ပြင် ဆင်နေပြီဟု သိရှိရသည်။ ခရစ္စတီနာသည် လွန်ခဲ့သည့် (၂)လက စတင်၍ ဦးခေါင်း ကိုက်ခဲနာကျင် မှု ဝေဒနာ များကို ခံစားခဲ့ရသည့်နောက် စစ်ဆေးကြည့်ရာ အရည်အစုအဝေး တစ်ခုက သူမ၏ ဦးနှောက်ကို ဖိထားကြောင်း ဖော်ထုတ် တွေ့ရှိရသည်။ ကျွမ်းကျင်သော ဆရာဝန်များက အင်္ဂါနေ့တွင် သမ္မတ၏ ဦးခွံကို ဖောက်ထွင်းကာ ပိတ်မိနေသည့် သွေးရည်များကို စုပ်ထုတ်မည့် Operationကို လုပ်ဆောင်ရန် စီစဉ်ထားသည်။ ဆရာဝန်များက ယင်းခွဲစိတ်မှုမျိုးသည် ဆိုးကျိုးသက်ရောက်နိုင်ခြေ နည်းပါးပြီး အများအားဖြင့် ကောင်းမွန်သော ရလဒ်သာ ထွက်ပေါ်တတ်ကြောင်း ပြောဆိုခဲ့သော်လည်း အာဂျင်တီးနား ပြည်သူ အများအပြားက သမ္မတအတွက် စိုးရိမ်နေကြသည်။

ဘေးပယောဂများကြောင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အလှမ်းဝေးနေဦး မှာလား

Tuesday, October 8, 2013
ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး နဲ့ ထပ် တူ မြန်မာတစ်မျိုးသားလုံး ကလည်း လာမယ့် အောက်တိုဘာ ၈ ရက်နေ့ကို ရင်ခုန်စွာ စောင့်မျှော်ကြိုဆိုနေကြပြီ ဖြစ်ပါတယ်။ ကချင်တိုင်း ရင်းသားတွေ မျှော်လင့်စောင့်စားခဲ့ရတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး ကို မြစ်ကြီးနားမြို့၌ မြန်မာနိုင်ငံသာမက ကမ္ဘာကပါသိအောင် ပြုလုပ် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ငိုနေသော အသံများ တိတ်သွားကြပြီ။ မဲ့နေသော မျက်နှာများ ပြုံးလာကြပြီ။ ငြိမ်းချမ်းခြင်းရဲ့ အနှစ်သာရကို ရရှိခံစားရတော့မှာပါလားဆိုတဲ့ အသိက ဘယ်အရာနဲ့ မှ မလဲနိုင်သော ၀မ်းသာပီတီမျိုး ဖြစ်ပါလိမ့်မယ်။

မြန်မာကျောင်းသားများကို ဘားမောင့် တက္ကသိုလ်က ပညာသင်ဆု ချီးမြှင့်မည်

Tuesday, October 8, 2013
အမေ ရိကန်နိုင်ငံရှိ University of Vermont မှ မြန်မာကျောင်းသား၊ ကျောင်းသူများအား အမေရိကန် ဒေါ်လာတစ်သောင်း ပညာသင်ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိ ရသည်။
အဆိုပါပညာသင်ဆုအား သီးသန့်လျှောက်ထားရန်မလိုအပ် ဘဲ ဆယ်တန်းအောင်မြင်ပြီးသူ များ (သို့) အိုင်ဂျီစီအက်စ်အီး အမှတ်နှင့် အင်တာဗျူးဖြေဆိုမှု ကို ဆုံးဖြတ်၍ ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။
''ဒီတက္ကသိုလ်ဝင်ခွင့်ရတဲ့ သူတွေအနေနဲ့ သတ်မှတ်အရည် အချင်းနဲ့ပြည့်မီရင် နောက်စာသင် နှစ်တွေမှာ ပညာသင်ထောက်ပံ့ ကြေး ထပ်ပြီး လျှောက်ထားလို့ရ တယ်။ နောက်ပြီး ဆယ်တန်းအောင် နဲ့ အိုင်ဂျီစီအက်စ်အီးအောင်မြင် ထားသူတွေက SAT အမှတ်တင် ပြဖို့မလိုဘဲ အမေရိကန်တက္ကသိုလ် ပထမနှစ်နဲ့ညီမျှတဲ့ Global Gateway Program ကိုလျှောက်ထား နိုင်ပါတယ်။ ဒီပရိုဂရမ်က နိုင်ငံ တကာကျောင်းသားတွေ အတွက် ပဲ သီးသန့်ဖြစ်တဲ့ အတွက် အမေ ရိကန်တက္ကသိုလ်ပညာရေးစနစ် မှာ လိုအပ်မယ့်အကဲဒမစ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ကြားပေး သွားမှာပါ။ အမေရိကန်တက္ကသိုလ် တွေက အခုနောက်ပိုင်းမှာ ပညာ သင်ဆုပေးတာတွေများလာတာ မို့ မြန်မာကျောင်းသားတွေ သင် ကြားမှုပိုင်းမှာ အကျိုးရှိစေမှာပါ''ဟု Crown Education မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းထားရခြင်းကို တောင်ကိုရီးယား ရှင်းလင်း

Tuesday, October 8, 2013
အစောပိုင်းက အမေရိကန်၏ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး တစ်စင်းပါဝင်သော ပစိဖိတ် ရေတပ်ဖွဲ့တစ်ခုသည် တောင်ကိုရီး ယား ရေတပ်၊ ဂျပန် ကာကွယ်ရေး ရေတပ်ဖွဲ့တို့မှ တိုက်သင်္ဘောများနှင့် ပူးပေါင်းပြီး ကိုရီးယား ကျွန်းဆွယ် အနီးရှိ ရေပြင်တွင် အောက်တိုဘာ (၈)ရက်မှ (၁၀)ရက်နေ့ထိ စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။ ၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းထားရခြင်း ကို တောင်ကိုရီးယား ရှင်းလင်း၃ နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ် ရွှေ့ဆိုင်းလိုက်ခြင်း သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် မဟုတ်ဘဲ ရာသီဥတု အခြေအနေကြောင့် သာ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အစောပိုင်းက အမေရိကန်၏ နျူကလီး ယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး တစ်စင်းပါဝင်သော ပစိဖိတ် ရေတပ်ဖွဲ့ တစ်ခုသည် တောင်ကိုရီးယား ရေတပ်၊ ဂျပန် ကာကွယ်ရေး ရေတပ်ဖွဲ့တို့မှ တိုက်သင်္ဘောများနှင့် ပူးပေါင်းပြီး ကိုရီးယား ကျွန်းဆွယ် အနီးရှိ ရေပြင်တွင် အောက်တိုဘာ (၈)ရက်မှ (၁၀)ရက်နေ့ထိ စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုကို မဟာမိတ် (၃)နိုင်ငံတို့၏ ရန်သူတော် မြောက်ကိုရီးယားက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး အဆိုးရွားဆုံး အရေးယူ တိုက်ခိုက်မှုမျိုးအတွက် မိမိတို့ စဉ်းစားနေကြောင်း ခြိမ်းခြောက်ခဲ့သည်။

ရူပဗေဒ နိုဘယ်ဆု ဟစ်ဘိုဇွန် သီအိုရီ ရရှိ

Tuesday, October 8, 2013
၂၀၁၃ ခုနှစ် အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဟစ်ဘိုဇွန် ဆိုတဲ့ သီအိုရီနဲ့ ဘယ်လ်ဂျီယံ သိပ္ပံ ပညာရှင် ဖရန်ဆွာ အန်ဂလာ့တ်နဲ့ ဗြိတိန် သိပ္ပံ ပညာရှင် ပီတာ ဟစ်ခ်စ် တို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။
သူတို့နှစ်ဦးဟာ အက်တမ်အောက်အမှုန် ဖြစ်တဲ့ အဓိကကျတဲ့ အခြေခံ ဒြပ်မှုန် တစ်မျိုး တည်ရှိနေမှုကို ခန့်မှန်းဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ဟစ်ဘိုဇွန် သက်သေပြချက်ကို ဖော်ထုတ်ဖို့အတွက် ရာစုနှစ် တစ်ဝက်လောက်ပဲ ကြာခဲ့ပြီး Large Hardron Collider ဆိုတဲ့ အက်တမ်တွေကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်စေခဲ့တဲ့ စမ်းသပ်မှုကနေ သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ဆွီဒင်နိုင်ငံက တော်ဝင် သိပ္ပံ ပညာရပ်ဆိုင်ရာ အဖွဲ့ အစည်းကလည်း ဒီ သိပ္ပံပညာရှင် ၂ ဦးအတွက် ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ အက်တမ်ထက် သေးငယ်တဲ့ ဒြပ်မှုန်တွေရဲ့ မူလအစနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ နားလည်နိုင်မယ့် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုကို သီအိုရီ နည်းကျကျ ရှာဖွေနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိကျောင်းများအား အစားအစာ အဖြစ်စား သုံးနေမှုကြောင့် မျိုးသုဉ်း ပျောက်ကွယ်မည့် အခြေ အနေနှင့် ရင်ဆိုင်နေရ

Tuesday, October 8, 2013
ဂျမေကာနိုင်ငံ တောင်ပိုင်း တစ်လျှောက်တွင် မိကျောင်းများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်၍ အစားအစာအဖြစ် စားသုံးလျက် ရှိခြင်းကြောင့် ယခုအခါ မိကျောင်းများမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်ရှိလာကြောင်း ဂျမေကာ တက္ကသိုလ်မှ တွားသွားသတ္တ၀ါများ လေ့လာမှု ဆိုင်ရာ အထူး ကျွမ်းကျင်သူ ဘိုင်ရွန်ဝီလ်ဆင် က ပြောကြား ခဲ့သည်။မိကျောင်းများသည် ယခင်နှစ်များ အတွင်းက မျိုးသုဉ်း ပျောက်ကွယ် လုနီးပါး ဖြစ်ပွားခဲ့ရာမှ အရေအတွက် ပြန်လည် မြင့်တက်လာခဲ့ပြီး အမေရိ ကန် ပြည်ထောင်စု ဖလော် ရီဒါ ပြည်နယ် တစ်ဝန်းတွင် ကျင်လည် ကျက်စားခဲ့ကြသည်။ သို့ရာတွင် ဂျမေကာနိုင်ငံ အပါအ၀င် ကမ္ဘာတစ်ဝန်းတွင် မိကျောင်းများနှင့် ၎င်းတို့၏ ဥများအား အစားအစာအဖြစ် စားသုံးရန် အမဲလိုက်၍ စီးပွားရေးအတွက် ရောင်းဝယ် ဖောက်ကားမှုများ ပိုမို လုပ်ဆောင် ခဲ့ခြင်းကြောင့် ၎င်းသတ္တ၀ါများမှာ မျိုးသုဉ်းပျောက်ကွယ် လုနီး ပါး ပြန် လည် ဖြစ်လာနိုင် သည်ဟု ကျွမ်းကျင် သူများက ယူဆထားကြောင်း သိရသည်။

သီတဂူဆရာတော် သံတွဲတွင် အစ္စလာမ် ဘာသာဝင်များကို ငြိမ်းချမ်းရေး တရား ဟောမည်

Tuesday, October 8, 2013
ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိနေသည့် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် အရှင်ဉာဏိဿရက အောက်တိုဘာလ ၈ ရက်နေ့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အစ္စလာမ် ဘာသာဝင်များနှင့် ဘာသာရေး ခေါင်းဆောင်များကို ငြိမ်းချမ်းရေးတရား ဟောမည် ဖြစ်ကြောင်း သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဗဟိုဌာန ဥက္ကဋ္ဌ ဆရာတော် အရှင်ကောသလ္လက မိန့်ကြားသည်။


Photo: သီတဂူဆရာတော် သံတွဲတွင် အစ္စလာမ် ဘာသာဝင်များကို ငြိမ်းချမ်းရေး တရား ဟောမည်
Tuesday, October 8, 2013

ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိနေသည့် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် အရှင်ဉာဏိဿရက အောက်တိုဘာလ ၈ ရက်နေ့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အစ္စလာမ် ဘာသာဝင်များနှင့် ဘာသာရေး ခေါင်းဆောင်များကို ငြိမ်းချမ်းရေးတရား ဟောမည် ဖြစ်ကြောင်း သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဗဟိုဌာန ဥက္ကဋ္ဌ ဆရာတော် အရှင်ကောသလ္လက မိန့်ကြားသည်။

ဆရာတော် အရှင်ဉာဏိဿရသည် သံတွဲမြို့သို့ အောက်တိုဘာလ ၇ ရက်နေ့တွင် ရောက်ရှိပြီး မွန်းလွဲ ၃ နာရီခန့်တွင် သံတွဲမြို့ခံများကို ငြိမ်းချမ်းရေးတရား ဟောပြောခဲ့ကြောင်း၊ ပဋိပက္ခများ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ နေထိုင်ရန် မိန့်ကြားခဲ့ကြောင်း ဆရာတော် အရှင်ကောသလ္လက ပြန်လည် မိန့်ကြားသည်။

သံတွဲမြို့နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ကျေးရွာ များကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဆရာတော် အရှင်ဉာဏိဿရ ကြွရောက်မည် ဖြစ်ပြီး ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး တို့တွင် လိုအပ်ချက်များကို ထောက်ပံ့ ကူညီရန် သွားရောက်မည် ဖြစ်ကြောင်း ဆရာတော် အရှင်ကောသလ္လက မိန့်ကြားသည်။
“ပဋိပက္ခနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းဖို့လာတာ မဟုတ်ဘူးလို့ ဆရာတော်က မိန့်တယ်” ဟု ၎င်းကပြန်လည် မိန့်ကြားသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် သဗြုချိုင် အပါအဝင် ကျေးရွာများ၌ သာသနာ့အလံ ကြိုတင်လွှင့်ထူထားသည့် နေအိမ်များမှာ ဖျက်ဆီးမှုမှ လွတ်မြောက်ခဲ့ကြောင်း၊ အဆိုပါ သာသနာ့အလံ ကိစ္စသည် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော် ဗုဒ္ဓဘာသာနေ့တွင် ဗီနိုင်းများ၊ သာသနာ့ အလံများကို လမ်းများ၊ အိမ်များတွင် လွှင့်ထူမှုရှိခဲ့ပြီး အလံများကို အကြမ်းဖက်မှုများတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ကွဲပြားစေရန် အသုံးပြုခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားပြီး သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဗဟိုဌာနက ယင်းထုတ်ပြန်ချက်ကို ကန့်ကွက်ထားသည်။

သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ဆိုကာ အမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးကာ စစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်တင့် က ပြောကြားသည်။

ပဋိပက္ခတွင် ပါဝင် ပတ်သက်သည်ဟုဆိုကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) သံတွဲမြို့နယ် ဥက္ကဋ္ဌ အပါအဝင် ဒေသခံအချို့ကို အပြစ်မရှိဘဲ ဖမ်းဆီးခံထားရသည့် အကြောင်းအရင်း များကို စုံစမ်းရန်နှင့် ပဋိပက္ခ ဖြစ်ပွားသည့် နေရာများကို သွားရောက်ကာ အချက်အလက် စုဆောင်းရန် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအဝင် ပါတီဝင် အချို့နှင့် လွှတ်တော် ကိုယ်စားလှယ်များသည် အောက်တိုဘာလ ၇ ရက်နေ့တွင် သံတွဲမြို့သို့ ရောက်ရှိနေကြောင်း RNDP ပါတီထံမှ သိရှိရသည်။

သံတွဲတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူငါးဦး သေဆုံးကာ နှစ်ဦးမှာ ပျောက်ဆုံးနေပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လူပေါင်း ၅၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့ရကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံမှ သိရှိရသည်။

The Voice Weekly

အခွင့်အရေးရလျှင် မာလာလာကို လုပ်ကြံဦးမည်ဟု တာလီဘန်တို့ခြိမ်းခြောက်

Tuesday, October 8, 2013
ယခုအခါ အသက်(၁၆)နှစ် ရှိပြီဖြစ်သည့် ကျောင်းသူလေးသည် ပါကစ္စတန်တွင် တာလီဘန်တို့ ကြီးစိုးမှုကို ဆန့်ကျင်ပြီး မိန်းကလေးများ ပညာသင်ခွင့်အတွက် စည်းရုံး ဆော်ဩမှုကြောင့် တာလီဘန်တို့၏ သတ်ဖြတ်ရန် အားထုတ်မှု နှစ်ကြိမ်နှင့် ရင်ဆိုင်ခဲ့ရ မိမိတို့ အနေဖြင့် အခွင့်အရေးရလျှင် မာလာလာ ယူဆွတ်ဖ်ဇိုင်ကို လုပ်ကြံရန် အားထုတ်ဦးမည်သာ ဖြစ်ကြောင်း ပါကစ္စတန်တာလီဘန်တို့ က ပြောကြား လိုက်သည်။ ယခုအခါ အသက်(၁၆)နှစ် ရှိပြီဖြစ်သည့် ကျောင်းသူလေးသည် ပါကစ္စတန်တွင် တာလီဘန် တို့ ကြီးစိုးမှုကို ဆန့်ကျင်ပြီး မိန်းကလေးများ ပညာသင်ခွင့်အတွက် စည်းရုံး ဆော်ဩမှုကြောင့် တာလီဘန် တို့၏ သတ်ဖြတ်ရန် အားထုတ်မှု နှစ်ကြိမ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ဒုတိယအကြိမ် အားထုတ်မှုတွင် မာလာလာ၏ ခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံရသော်လည်း အသက်မသေဘဲ ဗြိတိန်တွင် ဦးခေါင်းခွံ အစားထိုး ကုသမှု ခံယူကာ ယခုအခါ ပြန်လည် ကျန်းမာနေပြီ ဖြစ်သည်။ ယင်းလုပ်ကြံမှု ဖြစ်ပွားချိန်က မာလာလာ၏ အသက်မှာ (၁၅)နှစ်သာ ရှိသေးသည်။

ဒီဇင်ဘာတွင် အိန်္ဒိယနှင့်ပူးပေါင်းဖွင့်လှစ်မည့် သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်အတွက် မြေနေရာမရသေး

Tuesday, October 8, 2013
မြန်မာနိုင်ငံနှင့် အိန်္ဒိယနိုင်ငံပူးပေါင်းဖွင့်လှစ်သင်ကြားမည့် သတင်းအချက်အလက် နှင့်နည်းပညာ တက္ကသိုလ် ကို လာမည့်ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်သင်ကြားရန်လျာထားသော်လည်း ကျောင်းဆောက် လုပ်မည့် မြေနေရာကိုမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသို့လွှဲပြောင်း ပေးခြင်း မရှိသေးဟု သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြော သည်။
၎င်းက အောက်တိုဘာ ၄ ရက်တွင် ပြည်တွင်းသတင်းထောက်များနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် ၌ တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်သည်
သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ် (Myanmar Institute and Infor- mation Technology) ကို မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကာ အိနိ္ဒယမှ တက္ကသိုလ်ဆရာ၊ ဆရာမများက လာရောက်သင်ကြားပေးမည် ဖြစ်သည်။

NLD လူငယ်ညီလာခံတွင် ရွေးချယ်ခံရသူများအား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တိုက်ရိုက်ကြီးကြပ်မည်

Tuesday, October 8, 2013
ယခုနှစ်ကုန်တွင် ပြုလုပ်မည့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ညီလာခံတွင် ရွေးချယ်ခံရသော လူငယ်များကိုဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်အုပ်ချုပ်သွားမည်ဟု NLDဗဟိုအလုပ်မှုဆောင် ကော်မ တီဝင် ဦးဟန်သာမြင့်က မဇ္ဈိမကို ပြောသည်။NLD ၏ လူငယ်ညီလာခံကို ၂၀၁၃ခု နှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ညီလာခံမှ ရွေးချယ်ခံရသော လူငယ်များကို အရည်အချင်းပြည့်မီသူများ အဖြစ် မွေး ထုတ်သွားနိုင်ရန် NLD ပါတီ၏ ဗဟို လူငယ်တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်မည်ဟု ဦးဟန်သာမြင့်က ဆိုသည်။ “လူငယ်တွေရဲ့ အရည်အချင်းတွေပေါ်မူတည်တယ်။ လူတစ်ဦးချင်းစီရဲ့ လွှတ်တော်ဝင်နိုင်တဲ့ စွမ်းဆောင်ရည်တွေကို အရည်အသွေးတွေကို စိစစ်ပြီး နောင်လာ မည့် ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်မှု ဖြစ်လာမှာပါ”ဟု ဦးဟန်သာမြင့်က ပြောသည်။

မသင်မနေရ ပညာရေး ဥပဒေမူကြမ်း ရေးဆွဲပြီးစီး

Tuesday, October 8, 2013
လူတိုင်း ပညာသင်ကြားခွင့် ရရှိနိုင်သော မသင်မနေရ ပညာရေး ဥပဒေမူကြမ်းကို ပညာရေးဝန်ကြီး ဌာနက ရေးဆွဲထားပြီး ဖြစ်ကြောင်း နေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် အောက်တို ဘာလ ၇ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေးပြုပြင် ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဝင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြား သည်။“ရေးဆွဲပြီးသွားပေမယ့် ဘယ်မှမတင်သေးဘူး” ဟု ဥပဒေ ရေးဆွဲရေးတွင် ပါဝင်ထားသူ ဦးသန်းဦး က ပြောဆိုသည်။ မသင်မနေရ ပညာရေးဥပဒေ၏ နောက်ကွယ်တွင် အကျိုးဆက်များစွာ ရှိနေသည့်အ တွက် အသေးစိတ် ရေးဆွဲရန် လိုအပ်ကြောင်း၊ သို့တည်း မဟုတ်ပါက ဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်းတွင် ဥပဒေ အကြောင်းအရာများ ပေါ်ပေါက်လာနိုင်ကြောင်း ပညာရေး ဒုတိယဝန်ကြီး (ငြိမ်း) ဦးအောင်မျိုးမင်း က ပြောကြားသည်။“မသင်မနေရ ပညာရေးမှာ ကျောင်းမထားရင် အဲဒီမိဘကို အရေးယူလို့ရတယ်” ဟု ၎င်းက အောက်တိုဘာလ ၇ ရက်နေ့ အဆိုပါ ပညာရေး ဆွေးနွေးပွဲ တွင် ပြောကြားထားသည်။

ရန်ကုန်မြို့တွင်း ဘုရားဖူးကားများအတွက် လမ်းကြောင်း သတ်မှတ်ပေးရန် လိုဟုဆို

Tuesday, October 8, 2013
ရန်ကုန်မြို့တော်မှ မြန်မာပြည်အနှံ့ ဘုရားဖူး ထွက်ခွာမည့် ပြည်တွင်းဘုရားဖူး ခရီးသည်တင် ယာဉ်များအတွက် မြို့အတွင်း ယာဉ်လမ်းကြောင်းများ သီးသန့်သတ်မှတ်ပေးရန် လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှုအသင်း အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းလှိုင်က ပြောကြားသည်။“အရင်က ရန်ကုန်မြို့တွင်း ခြောက် မြို့နယ် ဘုရားဖူးကားတွေ မဝင်ရဘူး။ အခုဘယ်မြို့နယ်မှ မ၀င်ရတော့ဘူး” ဟု ၎င်းကဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအတွင်း ဘုရားဖူးခရီးသည် တင်ယာဉ်များ ဖြတ်သန်းခြင်း မပြုရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သြဂုတ်လ အတွင်းက ကြေညာခဲ့သောကြောင့် ဘုရားဖူးယာဉ်များ ထွက်ခွာရန်နှင့် မြို့တွင်း ဝင်ရောက်ရန် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဘုရားဖူးခရီးသည် တင်ယာဉ်များကို ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ အင်းစိန်လမ်း၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်းတို့တွင် ရပ်တင်စနစ်ဖြင့် ဖြတ်သန်းခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြညှိနှိုင်းသွား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆီးဂိမ်းအတွင်း အင်တာနက်အသုံးပြုရာတွင် လူသုံးသောင်းခန့် တစ်ပြိုင်နက် အသုံးပြုနိုင်မည့်ကွန်ရက်ကို တည်ဆောက်ထားဟုဆို

Tuesday, October 8, 2013
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းအတွင်း အင်တာနက်အသုံးပြုရာတွင် လူသုံးသောင်းခန့် တစ်ပြိုင်နက်အသုံးပြုနိုင်မည့် ကွန်ရက်ကို တည်ဆောက်ထားကြောင်း RedLink ကုမ္ပဏီ ၏ Vice Chairman နှင့် Co-Founder ဦးသိန်းသန်းတိုးက ပြောသည်။အဆိုပါကုမ္ပဏီ အနေဖြင့် ပြိုင်ပွဲကာလအတွင်း နေရာ ၆ နေရာတွင် အင်တာနက်ဝန်ဆောင်မှု ကို ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။ “ရန်ကုန်နဲ့ ပုသိမ်မှာ ကျင်းပမယ့် (၆) နေရာမှာ ဆောင်ရွက်ပေး သွားမှာပါ။ကွန်ရက်ကို သေ ချာ တည်ဆောက်နေတယ်။ တစ်ပြိုင်နက်တည်း လူအယောက် သုံးသောင်းလောက် သုံးလို့ရတဲ့ နက်ပ်ဝက် ကို တည်ဆောက်ထားတယ်” ဟု ဦးသိန်းသန်းတိုးက ပြော သည်။ မြန်နှုန်းသတ်မှတ်ချက်ကို လက်ရှိအချိန် တွင် မသတ်မှတ် ရသေးသော်လည်း မြန်နှုန်းအများအပြား တိုးချဲ့သွားမည်ဖြစ်ကြောင်း ဆိုသည်။

နိုဝင်ဘာ အပစ်ရပ်ရေး သဘောမတူကြသေး

Tuesday, October 8, 2013
ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကချင်လွတ်မြောက်ရေးတပ် ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံနေသလိုအစိုးရ ဦးဆောင်ပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမည့် နိုဝင်ဘာလတွင် ဆောင်ရွက်မည်ဟုဆိုသည့်တိုင် လက်မှတ်ထိုးမည့် စာချုပ်ပါ အချက်အလက်များကို အစိုးရက တရားဝင်ပြောဆိုမှု မရှိသေးပေ။
တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် အစိုးရတို့ လက်မှတ်ထိုးမည့် အချက်အလက်များကို ကြိုတင်ချပြမှု မရှိခြင်းကြောင့် လက်နက်ကိုင် အဖွဲ့များအနေဖြင့် လက်မှတ်ထိုးရေး၊ မထိုးရေးကို တရားဝင် ဆုံးဖြတ်ချက် မပေးနိုင်ကြသေးဘဲ စာချုပ်တွင် ပါဝင်မည့် အချက်များကို အစိုးရက ကြိုတင် ချပြမှသာလျှင် ပြင်ဆင်စရာ ရှိသည်များကို ကြိုတင် ဆောင်ရွက်နိုင်မည် ဖြစ် ကြောင်း ဧရာဝတီက ဆက်သွယ်ရရှိသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များက ဆိုသည်။

နိုင်ငံတကာ ကဲ့သို့ မြန်မာတက္ကသိုလ်ကျောင်းသားများ အတွက် အချိန်ပိုင်း အလုပ်အကိုင်များ ဖန်တီးပေးသင့်ဟု ပညာရေးကျွမ်းကျင်သူ တချို့ဆို

Tuesday, October 8, 2013
နိုင်ငံ တကာတက္ကသိုလ်ကျောင်းသား များနည်းတူ မြန်မာတက္ကသိုလ် ကျောင်းသားများအတွက် အချိန် ပိုင်းအလုပ် အကိုင်များ ဖန်တီးပေး သင့်သည်ဟု ပညာရေးကျွမ်းကျင် သူတချို့ ကပြောသည်။
ယင်းသို့ဖန်တီးပေးနိုင်ပါက ကျောင်းသားများအတွက် လုပ်ငန်း ခွင်အတွေ့ အကြုံများ ရရှိနိုင်မည် ဖြစ်ကာ ပညာသင်စရိတ်များကို လည်း ယင်းတို့ ကိုယ်တိုင် ရှာဖွေ နိုင်ပြီး ဘွဲ့ရရှိပါက အလုပ်အကိုင် ရှားပါးမှုပြဿနာ များကိုပါ ဖြေရှင်း ပေးနိုင်မည်ဖြစ်ကြောင်း ယင်းတို့ က ဆိုသည်။ ဗစ်တိုးရီးယားယူနီဗာစီတီ ကောလိပ်မှကျောင်းအုပ်ကြီးဒေါက် တာနေက ''ကျွန်တော်တို့ကျောင်း မှာ ကျောင်းသားမိဘတွေ ကျောင်း လာအပ် ရင် မေးနေကျတစ်ခုရှိ တယ်။ ကျောင်းပြီးရင် အလုပ်ရမှာ လားဆိုတာပဲ။

နှောင်ကြိုးမဲ့ကိုယ်ထူကိုယ်ထ လူမှုကူညီရေး မော်တော်ယာဉ်ဖြင့် လူနာများအား အခမဲ့ ပို့ဆောင်

Tuesday, October 8, 2013
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ ငှက်ပျော်တော် ကျောင်းတိုက် ဆရာတော် ဦးစီး၍ နှောင်ကြိုးမဲ့ကိုယ်ထူကိုယ်ထတစ်ပိုင်တစ်နိုင်လူမှုကူညီရေး မော်တော်ယာဉ် ဖြင့်လူနာများအား ဆေးရုံ၊

ဆေးခန်းများသို့ အခမဲ့ ပို့ဆောင်လျက်ရှိသည်။အဆိုပါ နှောင်ကြိုးမဲ့ကိုယ်ထူကိုယ်ထ တစ်ပိုင်တစ်နိုင် လူမှုကူညီရေး မော်တော်ယာဉ်ကို ပင်းတယမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စုများ၌ ကျန်းမာရေး ဆိုင်ရာ ဝေဒနာ ခံစားနေရသူများ၏ လူမှုရေးဆိုင်ရာ အခက်အခဲများနှင့် ကျန်းမာရေး ဆိုင်ရာ အသိပညာ နည်းပါးမှုများ၏ လိုအပ်ချက် အပေါ် စိတ်ဓာတ်ခွန်အား မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့်တစ်ဖက် တစ်လမ်းမှ နေ၍ အခမဲ့ ကူညီပံ့ပိုးလိုသည့် စေတနာဖြင့် တည်ထောင်ထားခြင်း ဖြစ်ပြီး ယင်းမော်တော် ယာဉ် များဖြင့် မိမိဆန္ဒရှိရာ ဆေးရုံ၊ ဆေးခန်း များသို့ အခမဲ့ ပို့ဆောင်ပေးမည့် အပြင် လိုအပ်သော လူနာအသုံးအဆောင် ပစ္စည်းများကိုလည်း အခမဲ့ငှားရမ်းပေးသွားမည် ဖြစ်ကြောင်းဌက်ပျော်တော် ကျောင်း တိုက် ဆရာတော်ထံမှ သိရသည်။
မြ၀တီ

တိုယိုတာ ကားပြုပြင်ရေး နည်းပညာသင်တန်းဖွင့်

Tuesday, October 8, 2013
ဂျပန်နိုင်ငံ တိုယိုတာယာဉ်များနှင့် ပတ်သက်သော မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်းကို တိုယိုတာ၏ ဝန်ဆောင်မှုဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု TTAS ကုမ္ပဏီက အောက်တိုဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးအေးဇော်က ပြောကြားသည်။

Photo: တိုယိုတာ ကားပြုပြင်ရေး နည်းပညာသင်တန်းဖွင့်
Tuesday, October 8, 2013

ဂျပန်နိုင်ငံ တိုယိုတာယာဉ်များနှင့် ပတ်သက်သော မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်းကို တိုယိုတာ၏ ဝန်ဆောင်မှုဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု TTAS ကုမ္ပဏီက အောက်တိုဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးအေးဇော်က ပြောကြားသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူနှင့် ကုန်သည် လုပ်ငန်းရှင်များ အသင်းက စေလွှတ်သည့် သင်တန်းသားများ၊ မှော်ဘီ နည်းပညာတက္ကသိုလ်မှ ကျောင်းသားငါးဦးနှင့် အခြားသင်တန်းသား၊ စုစုပေါင်း ၁၇ ဦးကို အဆိုပါ သင်တန်းတွင် မော်တော်ယာဉ်တစ်စီး၏ စက်ပစ္စည်း အစိတ်အပိုင်းများနှင့် အခြေခံ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို သင်ကြားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အဆိုပါ သင်တန်းကို တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် သုံးလသင်ကြားမည် ဖြစ်ကာ သင်တန်းကြေး အခမဲ့ ဖြစ်ကြောင်း၊ ၂၀၀၂ ခုနှစ်မော်ဒယ်လ် မတ်ခ်တူးယာဉ် တစ်စီးကို သင်တန်း အထောက်အကူ ပစ္စည်းအဖြစ် နမူနာထား သင်ကြားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
TTAS ကုမ္ပဏီသည် ဂျပန်နိုင်ငံ Toyota Tsusho ကော်ပိုရေးရှင်းက ၇၅ ရာခိုင်နှုန်းနှင့် မြန်မာကုမ္ပဏီက ၂၅ ရာခိုင်နှုန်း ပူးပေါင်း တည်ထောင်ခြင်း ဖြစ်ပြီး တိုယိုတာ မော်တော်ယာဉ် အရောင်းကိုယ်စားလှယ်နှင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်လျက် ရှိသည်။

နည်းပညာမြင့် မော်တော်ယာဉ် အများအပြား မြန်မာနိုင်ငံသို့ တင်သွင်းလာပြီးနောက်တွင် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများရှိရန် အထူးလိုအပ်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ကုန်သည် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုဖွင့်လှစ်သည့် သင်တန်းသည် မော်တော်ယာဉ်နှင့် ပတ်သက်သော အခြေခံ သင်တန်းမျှသာ ဖြစ်ပြီး သင်တန်းကာလ ပြီးဆုံးပြီးနောက် သင်တန်း၏ ထိရောက်မှုကို ပြန်လည် သုံးသပ်ပြီးမှသာ ပိုမိုအဆင့်မြင့် သောသင်တန်း ထပ်ဖွင့်သင့်၊ မသင့်ကို စဉ်းစားသွားမည် ဖြစ်ကြောင်း TTAS ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် အင်္ဂါနေ့ စထွက်မည်

Tuesday, October 8, 2013
အမေရိကန်ဒေါ်လာငွေစက္ကူ တရာတန်သစ်ကို အခုအင်္ဂါနေ့မှာ အမေရိကန်ပြည်ထောင်စုက တရားဝင် ထုတ်လိုက်ပါပြီ။ အခု ငွေစက္ကူ တရာတန်သစ်မှာ အရင်တုန်းကရှိခဲ့တဲ့ပုံစံမျိုးတွေ ပြန်တွေ့ရပေမယ့် လို့ ငွေစက္ကူအတုလုပ်မှုတွေ ကာကွယ်နိုင်အောင် ပုံစံသစ်ဆောင်ရွက်ထားတာတွေကိုလည်း တွေ့ရပါတယ်။
ဒေါ်လာ ငွေစက္ကူတရာတန်ဟာ အမေရိကန်ငွေစက္ကူတွေထဲမှာ ကမ္ဘာဘဏ်တွေမှာ အသုံးအများဆုံး ငွေစက္ကူဖြစ်ပါတယ်။ ငွေတန်ဖိုး ၈ ဘီလီယံထဲမှာ တ၀က်ကျော် သုံးပုံနှစ်ပုံလောက်ဟာ အမေရိကန်ပြည်ထောင်စု ပြင်ပမှာ လည်ပတ်နေပါတယ်။

Photo: အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် အင်္ဂါနေ့ စထွက်မည် 
Tuesday, October 8, 2013

အမေရိကန်ဒေါ်လာငွေစက္ကူ တရာတန်သစ်ကို အခုအင်္ဂါနေ့မှာ အမေရိကန်ပြည်ထောင်စုက တရားဝင် ထုတ်လိုက်ပါပြီ။ အခု ငွေစက္ကူ တရာတန်သစ်မှာ အရင်တုန်းကရှိခဲ့တဲ့ပုံစံမျိုးတွေ ပြန်တွေ့ရပေမယ့် လို့ ငွေစက္ကူအတုလုပ်မှုတွေ ကာကွယ်နိုင်အောင် ပုံစံသစ်ဆောင်ရွက်ထားတာတွေကိုလည်း တွေ့ရပါတယ်။

ဒေါ်လာ ငွေစက္ကူတရာတန်ဟာ အမေရိကန်ငွေစက္ကူတွေထဲမှာ ကမ္ဘာဘဏ်တွေမှာ အသုံးအများဆုံး ငွေစက္ကူဖြစ်ပါတယ်။ ငွေတန်ဖိုး ၈ ဘီလီယံထဲမှာ တ၀က်ကျော် သုံးပုံနှစ်ပုံလောက်ဟာ အမေရိကန်ပြည်ထောင်စု ပြင်ပမှာ လည်ပတ်နေပါတယ်။

လက်ရှိသုံးနေတဲ့ ငွေစက္ကူ တရာတန်လိုပဲ အခု အသစ်မှာလည်း လွန်ခဲ့တဲ့ ရာစုနှစ် နှစ်ခုလောက်က ဖြစ်တဲ့ အမေရိကန်တော်လှန်ရေးရဲ့ခေါင်းဆောင် Benjamin Franklin ပုံကိုပဲ ဖော်ပြထားပါတယ်။ အခြားတဘက်မှာတော့ Philadephia မှာရှိတဲ့ လွတ်လပ်ရေး ခမ်းဆောင်ပုံ ဖြစ်ပါတယ်။
ဒါပေမယ့် အခု ငွေစက္ကူသစ်မှာတော့ Franklin ပုံရဲ့ ထောင့်မှာ အင်္ဂလိပ်လို (100) ရေးထားတဲ့ အ၀ါရောင် အကွက်တကွက်ပါရှိပြီး အခြားတဘက်မှာတော့ မှင်အိုးပုံ တံဆိပ်တစ်ခု ပါရှိပါတယ်။ အဲဒီ မှင်အိုးပုံထဲမှာတော့ Philadelphia လွတ်မြောက်ရေးခေါင်းလောင်းပုံ ရှိပါတယ်။ ဒါ့အပြင် အပြာရောင် လုံခြုံရေးဖဲပြားကြိုး ဒေါင်လိုက်တွေ့ရပြီး အဲဒီအပေါ်မှာတော့ အင်္ဂလိပ်လို ၁၀၀ ဂဏန်းနဲ့ လွတ်မြောက်ရေးခေါင်းလောင်းပုံလေးတွေ ပါရှိပါတယ်။

အမေရိကန်ငွေစက္ကူအတုလုပ်မှုတွေ ပိုပြီး ခေတ်မီတိုးတက်လာတာကို တဘက်မှာ တန်ပြန်ဖို့ အခုလို ဆောင်ရွက်ထားမှုဖြစ်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အရင် ငွေစက္ကူ တရာတန်ဟောင်းတွေကိုလည်း ဆက်လက်လက်ခံထားရှိမှာဖြစ်ပါတယ်။ 

VOA Burmese

အောက်တိုဘာလ (၈) ရက်၊ အင်္ဂါနေ့မှာ စတင်ထုတ်ဝေမယ့် အမေရိကန်ဒေါ်လာ ၁၀၀ တန်အသစ်ပုံ။
အောက်တိုဘာလ (၈) ရက်၊ အင်္ဂါနေ့မှာ စတင်ထုတ်ဝေမယ့် အမေရိကန်ဒေါ်လာ ၁၀၀ တန်အသစ်ပုံ။

အာရှနှင့်ပစိဖိတ်ဒေသအပေါ်အမေရိကန်သိန္နိဌာန်ခိုင်မာကြောင်း Kerry ပြောကြား

Tuesday, October 8, 2013
တနင်္လာနေ့က စတင်ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပနေ တဲ့ အာရှ-ပစိဖိတ် ဒေသတွင်း ထိပ်သီးညီလာခံမှာ အမေရိကန် သမ္မတ အိုဘားမားကိုယ်စား တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေသတွင်းကို အာရုံစိုက်ထားဆဲရှိနေကြောင်း အာရှ-ပစိဖိတ်ခေါင်းဆောင်တွေကို ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတအနေနဲ မဟာဗျူဟာတွေကို ပြန်လည်ထိန်းညှိနေပေမဲ့ အာရှဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်လို့ ဘာမှ အပြောင်းအလဲရှိမှာ မဟုတ်တဲ့ အကြောင်း ဝန်ကြီး ကယ်ရီက အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ညီလာခံအတွင်းမှာ သမ္မတအိုဘားမားကိုယ်စား ပြောခဲ့တာပါ။

မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရုတ်နိုင်ငံသို့ ထွက်ပြေးသောကြောင့် အကုန်မဖမ်းမိ

Tuesday, October 8, 2013
ကူးသန်းရောင်းဝယ်မှု စည်ကားသော နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင် လူသတ်မှုအပါအ၀င် အခြားအမှု များ မကြာခဏဖြစ်ပွားလေ့ရှိသော် လည်း ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသဖြင့် အမှုဖြစ်စဉ် အချို့သာပြန်ဖမ်းနိုင်သည်ဟု ပြည်ထဲရေးဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က အောက်တိုဘာ ၇ ရက်တွင် ပြောဆိုလိုက်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ်တွင် လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုများ မကြာခဏဖြစ်နေပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် လုံခြုံရေး တိုးမြှင့်ချထားပေးရန် ရှမ်းပြည်နယ်မှ အမျိုး သားလွှတ်တော်အမတ် ဦးစိုင်းဝင်းမောင်၏ မေးခွန်းကို အောက်တိုဘာ ၇ရက်ကပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ဒု-၀န်ကြီးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထဲရေးဒု-၀န်ကြီးက “တစ်ဖက်နိုင်ငံမှာ တရားခံများကို ဖမ်းဆီးရမိတဲ့ဖြစ်စဉ်ရှိသလို တစ်ဖက်နိုင်ငံက တရားခံများကို လည်း မြန်မာနိုင်ငံက ပူးပေါင်းဖမ်းဆီးပေးတဲ့အတွက် တစ်ဖက်နိုင်ငံကို လွှဲပြောင်းပေးအပ် ခဲ့တဲ့ဖြစ်စဉ်များလည်း ရှိပါတယ်” ဟု ပြောသည်။

မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် လေးသန်းကျော် ရရှိပြီးဖြစ်ဟု ဆို

Tuesday, October 8, 2013
“မျိုးစောင့်ဥပဒေ”ဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းကို ထောက်ခံသည့် လက်မှတ်များကို တစ်နိုင်ငံလုံးအနှံ့ ကောက်ခံမှုများ ပြုလုပ်နေ ရာ အောက်တိုဘာ ၇ ရက် အထိ လက်မှတ်လေးသန်းကျော် ရရှိထားပြီး ဖြစ်သည်ဟု အဆိုပါ လက်မှတ်များ ကောက်ခံသော ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူကမိန့်သည်။ အဆိုပါ လက်မှတ်များ ကို ယခုနှစ် ဇွန်လမှ စတင် ကောက်ခံခြင်းဖြစ်ရာ လေးလကျော်အတွင်း လက်မှတ် လေးသန်းကျော် ရရှိထားခြင်း ဖြစ်သည်။ ကောက်ခံရရှိသည့် လက်မှတ်များကိုစုစည်းပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခြင်းဖြစ် သည်။ အနယ်အနယ်အရပ်ရပ်မှ ပေးပို့လာသည့် လက်မှတ်များကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ ပို့ပေးပြီး အဆိုပါကျောင်းတိုက်မှတစ်ဆင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခြင်း ဖြစ် သည်။

ဒေါ်လာ သန်း၂၀ ကျော် ကုန်ကျမည့် ဇွဲကပင်တောင်ရှိ ပထမဆုံး Cable Car တည်ဆောက်မှု စီမံကိန်း စတင်လုပ်ဆောင်

Tuesday, October 8, 2013
မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် Cable Car စီမံကိန်းကို ဇွဲကပင်တောင် ဆံတော်ရှင်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံ၍ တည်ဆောက်မှုများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း အဆိုပါစီမံကိန်း ဖြစ်မြောက်ရေးကော်မတီအထွေထွေအတွင်းရေးမှူးဦး အောင်မောင်းက ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းကို ကမ္ဘာ့သာသနာပြု မပာာသန္တိသုခ ကျောင်းတိုက်ကြီးမှ မူလပဓာန နာယက ပီနန် ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော်၊ သုံးထပ်ကျောင်း ဆရာတော်စသည့် ဆရာတော်ကြီးသုံးပါး ဦးဆောင်ကြီးမှူး၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။ ဇွဲကပင်တောင် Cable Car ဆံတော်ရှင် တည်ဆောက်မှုကို မလေးရှားနိုင်ငံမှ Cable Car တည်ဆောက်သည့် SMET SDA BHD ကုမ္ပဏီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ ပူးပေါင်းကာ လုပ်ဆောင်နေကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာ့အာမခံ လုပ်ငန်းမှ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုအား လုပ်ငန်းလိုင်စင် ချထားပေးခဲ့

Tuesday, October 8, 2013
မြန်မာ့အာမခံ လုပ်ငန်းမှ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ပေးအပ်ထားပြီး ဖြစ်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေး အသင်းဥက္ကဌ ဦးအေးမင်းသိန်းက ဆိုသည်။ ဦးအေးမင်းသိန်းက ''ကျွန်တော်တို့ လွန်ခဲ့တဲ့ လေးလက စပြီးတော့ ပုဂ္ဂလိက အာမခံ လုပ်ငန်းတွေကို လုပ်ငန်းလိုင်စင်တွေ စတင်ပေးအပ် ခဲ့ပါတယ်။ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက အသက်အာမခံ ကုမ္ပဏီ သုံးခုနှင့် အထွေထွေ အာမခံ ကုမ္ပဏီကိုးခု စုစုပေါင်း ၁၂ ခုအား လိုင်စင် ထုတ်ပေးရန် ညွှန်ကြားချက်အရ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၅ ရက် မှာ လိုင်စင်ရ ကုမ္ပဏီ အမည် ၁၂ ခုကို တရားဝင်စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေ အနေနဲ့ကလည်း လုပ်ငန်းလိုင်စင် ရတာနဲ့ အလုပ်စလုပ်လို့ ရပါပြီ'' ဟု ပြောကြားသည်။

ဂျပန်နိုင်ငံရှိ တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ် များအကြား အဆင့်မြင့် ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည်

Tuesday, October 8, 2013
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန လက်အောက်ရှိ မြန်မာ တက္ကသိုလ်များနှင့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များအကြား အဆင့်မြင့် ပညာရေး၌ ပညာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ ဂျပန်နိုင်ငံရှိ ကျိုတိုတက္ကသိုလ်၊ ချီးဘားတက္ကသိုလ်၊ နီးဂတတက္ကသိုလ်၊ ခနဇ၀ တက္ကသိုလ်၊ အိုကာယမတက္ကသိုလ်၊ နာဂါဆာကီတက္ကသိုလ်၊ ခုမမိုတို တက္ကသိုလ်များနှင့် မြန်မာနိုင်ငံတွင် Centre of Excellence (COE) အဆင့်တိုးမြှင့်ထားသည့် ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့အကြား ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။

ပြည်လုံးကျွတ်အပစ်ရပ်ရေး တိုင်းရင်းသားတွေ အရေးပေါ်စည်းဝေးနေ

Tuesday, October 8, 2013
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်တွေဟာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး အပါအ၀င် နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက် အရေးပေါ် ဖယ်ဒရယ်ကောင်စီ အစည်းအဝေး ကျင်းပနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အောက်တိုဘာ ၇ ရက်နေ့က စပြီး ၃ ရက်ကြာ ကျင်းပမည့် အရေးပေါ် ဖယ်ဒရယ်ကောင်စီ အစည်းအဝေးနဲ့ ပတ်သက်ပြီး UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဦးခွန်ခွန်ဥက္ကာ က အခုလို ပြောဆိုပါတယ်။ “အခုထိပ်တိုက်ဖြစ်နေတာတော့ နေရှင်းဝိုက် စေ့ဖါးရားပေါ့ (nationwide ceasefire) နေရှင်းဝိုက် စေ့ဖါး ရားကို ဒီ နိုဝင်ဘာလဆန်းမှာ အစိုးရက အတင်းလက်မှတ်ခေါ်ထိုးမည့် ပုံစံမျိုးဖြစ်နေတော့ ဒီအပေါ်မှာ ဘယ်လို ပြင်ဆင်မှုတွေ လုပ်မလဲပေါ့ဗျားတခု၊ နံပါတ်နှစ်ကတော့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ်ဆိုရင် မူဘောင်မှာ ဘာတွေ ပါသင့်လဲ ဆိုတာလေးလည်းတစ်ခု၊ နောက်တခုက ကျနော်တို့ရဲ့ UNFC ရဲ့ ကွန်စတီကျူးရှင်းကို ပြန်ရီဗျူး (review) လုပ်တာပေါ့၊ ရီဗျူးလုပ်ပြီးတော့ ကျနော်တို့ ကွန်စတီကျူးရှင်းကို ကျနော်တို့ ဘယ်လို ပြင်ဆင်မလဲပေါ့၊ ထိုးမယ် မထိုးဘူး ဆိုတာ ဆုံးဖြတ်ဖို့ မရှိဘူး ဘာကိုဆုံးဖြတ်မလဲဆိုတော့ ဘယ်အခြေအနေ မျိုးတွေ ဘယ်အချက်အလက်မျိုးတွေ ပြည့်စုံဖို့ လိုတယ် ဆိုတာတော့ ဆုံးဖြတ်မယ်၊ အဲ့ဒီ အချက် အလက်တွေ အခြေအနေတွေ ပြည့်စုံတယ်ဆိုရင်တော့ ထိုးမယ်ပေါ့ဗျား။”

ထိုင်းနိုင်ငံကအလုပ်သမားတွေ အခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုမှု လုပ်ခဲ့

Tuesday, October 8, 2013
ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် (ILO) ကချမှတ်ထားတဲ့ အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်နဲ့ အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေးရရှိရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ထိုင်းနိုင်ငံအစိုးရ အနေနဲ့ ပါဝင် လက်မှတ်ရေးထိုးပေးဖို့အတွက် ထိုင်းနဲ့ မြန်မာအလုပ်သမား အဖွဲ့အစည်းတွေက အောက်တိုဘာ ၇ရက်နေ့မှာ လမ်းလျောက်ဆန္ဒပြ တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။
မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းနဲ့ မြန်မာအလုပ်သမား ၁ထောင်ကျော်ဟာ ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြ တာဖြစ်ပြီး ဆန္ဒပြတောင်းဆိုခဲ့တဲ့ အချက် ၂ချက်နဲ့ ပတ်သက်ပြီး ဆန္ဒပြရာမှာပါဝင်တဲ့ မဦးက အခုလိုပြောပါတယ်။

Photo: ထိုင်းနိုင်ငံကအလုပ်သမားတွေ အခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုမှု လုပ်ခဲ့
Tuesday, October 8, 2013

ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် (ILO) ကချမှတ်ထားတဲ့ အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်နဲ့ အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေးရရှိရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ထိုင်းနိုင်ငံအစိုးရ အနေနဲ့ ပါဝင် လက်မှတ်ရေးထိုးပေးဖို့အတွက် ထိုင်းနဲ့ မြန်မာအလုပ်သမား အဖွဲ့အစည်းတွေက အောက်တိုဘာ ၇ရက်နေ့မှာ လမ်းလျောက်ဆန္ဒပြ တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းနဲ့ မြန်မာအလုပ်သမား ၁ထောင်ကျော်ဟာ ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြ တာဖြစ်ပြီး ဆန္ဒပြတောင်းဆိုခဲ့တဲ့ အချက် ၂ချက်နဲ့ ပတ်သက်ပြီး ဆန္ဒပြရာမှာပါဝင်တဲ့ မဦးက အခုလိုပြောပါတယ်။

“ILO ရဲ့ ကွန်ဗင်းရှင်းမှာရှိတဲ့ ၈၇နဲ့ ၉၈ကို ထိုင်းနိုင်ငံက လက်မှတ်မထိုးရသေးတဲ့အတွက် အဲဒါကို တောင်းဆိုတာ၊ အလုပ်သမားတွေမှာ လွတ်လွတ်လပ်လပ် သမဂ္ဂဖွဲ့စည်းခွင့်ဆိုတာ ရှိဖို့လိုတယ်ပေါ့နော်၊ တရားဝင်ဖြစ်သွား ခဲ့မယ်ဆိုရင် ဒီအလုပ်သမား သမဂ္ဂတွေဟာ အလုပ်ရှင်နဲ့ အလုပ်သမားပဋိပက္ခတွေကို ကြားဝင်ဖြေရှင်းတဲ့ အချိန်မှာ အမှုတွေဟာ ဆ၀ါဒီကန်တို့ တရားရုံးတို့ကို ရောက်စရာမလိုပဲနဲ့ ညှိနှိုင်းလိုက်ရင် ပြေလည်သွားနိုင် တယ်ပေါ့နော်၊ လောလောဆယ်မှာက ထိုင်းနိုင်ငံမှာ သမဂ္ဂဖွဲ့ဖို့ဆိုတာ တရားဝင်မရှိဘူးဖြစ်နေတယ်။” 

ILO ရဲ့ ကွန်ဗင်းရှင်းမှာပါတဲ့ ဥပဒေပုဒ်မ ၉၈ကို အလုပ်သမားတွေအနေနဲ့ ထိုင်းအစိုးရကို လက်မှတ်ရေးထိုးဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး မဦးက ဆက်ပြောပြပါတယ်။

“ပုဒ်မ ၉၈ကကျတော့ ထိုင်းနိုင်ငံမှာ လုပ်အားခ အပြည့်အ၀မရတဲ့ကိစ္စတွေ၊ ဥပဒေကတော့ရှိတယ် ဒါပေမဲ့ ဥပဒေအတိုင်းမဖြစ်နေတာတွေကိုလည်း အစိုးရကသိတယ်၊ အချို့ကျတော့ လုပ်ငန်းရှင်တွေက work permit မပေးဘူး၊ စာရွက်စာတမ်းတွေကို ထိန်ချန်ထားတာတွေလဲ ရှိတယ်၊ ဘယ်အမှုတွေပဲတက်တက် အများအားဖြင့် ဆိုရင် အလုပ်သမားတွေကပဲ ရှုံးရဖို့အမှုတွေဖြစ်နေတယ်၊ အလုပ်ရှင်ဘက်က အသာစီးဖြစ်နေတယ်၊ အဲတော့ အလုပ်ရှင်သော် လည်းကောင်း၊ ရဲသော်လည်းကောင်း၊ လ၀ကသော်လည်းကောင်း အစိုးရအာဏာပိုင်တွေက ပါဝင်စွက်ဖက်နေ တာမျိုးတွေ ဖြစ်နေတယ်၊ အဲဒါတွေကို အစိုးရက လစ်လှူရှုနေတယ်၊ ၉၈ကို ဆိုင်းထိုးပေးရင် ဒါတွေဟာ ဥပဒေအတိုင်း အတိအကျဆောင်ရွက်ဖို့ အချက်တွေဖြစ်သွားတယ်လေ အဲဒါတွေကိုတောင်းဆိုတာ။” 

လမ်းလျောက်ဆန္ဒပြပွဲကို ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့တွေက ဦးဆောင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံတွင်းမှာဖွဲ့စည်းထားတဲ့  မြန်မာ အလုပ်သမားအဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်ခဲ့တာဖြစ် တဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ တာဖြစ်ပါတယ်။

ABC Radio Australia

ထိုင်းနိုင်ငံငါးဖမ်းလုပ်ငန်းမှာအလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားများ (Credit: Reuters)
ထိုင်းနိုင်ငံငါးဖမ်းလုပ်ငန်းမှာအလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားများ

Republican တွေ ခြိမ်းခြောက်မှုအောက် ဆွေးနွေးဖို့ အိုဘားမားငြင်းဆို

Tuesday, October 8, 2013
အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေရတဲ့အခြေအနေ အဆုံးသတ်ဖို့ ဒါမှမဟုတ် အစိုးရအနေနဲ့ချေးယူနိုင်တဲ့ ငွေပမာဏ သတ်မှတ်ချက် ကို တိုးမြှင့်ပေးရေးကိစ္စတွေနဲ့ပတ်သက်ပြီး ရီပတ်ပလင်ကန်တွေဘက်က ခြိမ်းခြောက်မှုတွေအပေါ် သူ့အနေနဲ့ ညှိနှိုင်းသွားမှာမဟုတ်ဘူးလို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။ FEMA လို့ခေါ်တဲ့ ပြည်ထောင်စုအရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအေဂျင်စီက ၀န်ထမ်းတွေကို သမ္မတအိုဘားမားက တနင်္လာနေ့မှာ ပြောဆိုသွားတာပါ။ အစိုးရ၀န်ထမ်းတွေကို လျှော့ဖို့ရင်ဆိုင်နေရတဲ့ အစိုးရရုံးတွေထဲမှာ FEMA လည်း တခုအပါဝင်ဖြစ်ပါတယ်။

My Blog List