M Chong Hwa ၏ ရန်ပုံငွေ ရှာဖွေရေး ဖျော်ဖြေပွဲနှင့် ညစာ စားပွဲတွင် ရစ်ချက် မေလ်လီ၏ လက်ပတ် နာရီ နှစ်လုံးနှင့် ပန်းချီကား
တစ်ခု ကို လေ လံတင် ရောင်းချ ခဲ့ရာမလေးရှား ရင်းဂစ် သုံးသန်း (စင်ကာပူ
ဒေါ်လာ ၁ဒသမ၂ သန်း) ရရှိ ခဲ့သည့် ရန်ပုံငွေ ရှာဖွေရေး ပွဲတွင် ဟောင်ကောင်
စူပါ စတား မင်းသား ဂျက်ကီချန်း ကိုယ်တိုင် ပါဝင် ခဲ့သဖြင့် အလွန် အံ့အား
သင့်ဖွယ် ကောင်းကြောင်း သိရသည်။ လေလံတင် ပစ္စည်း တစ်ခု စီ၏ တန်ဖိုးသည်
ရင်းဂစ် တစ်သန်း စီဖြစ်ပြီး ထိုနေ့က ရောင်းချ ရသည့် ပစ္စည်းများ အားလုံး၏
စုစုပေါင်း တန်ဖိုးမှာ ၁၃ ဒသမ ၅သန်းဖြစ်သည်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
1 year ago










![Photo: တပေါင်းပွဲတော်
တပေါင်းလသည် မြန်မာ လများတွင် ဆယ့်နှစ်လမြောက် ဖြစ်၍ တစ်နှစ်တာ၏ နောက်ဆုံးလ ဖြစ်သည်။ တပေါင်းလ၏ ပထမ လဝက်သည် ဆောင်းရာသီတွင် ကျရောက်၍ ဒုတိယ လဝက် သည် နွေရာသီတွင် ကျရောက်ကာ ဆောင်းကူးနွေစ သာယာလှသော လရာသီ ဖြစ်သည်။
တပေါင်းလ၏ အဓိပ္ပာယ်ကို မြန်မာလ အမည်များ စာအုပ်တွင်-
(၁) ပူပန်ခြင်းကောင်းသောလ ဟတပသျှား [(သက္ကတ) = တပေါင်း]။
(၂) ပူသောနွေရာသီသို့ ကျရောက်သောလ [တပ(ပါဠိ)=တပေါင်း]
(၃) ထန်းချက်လ၊ ထန်းရည်ကိုကျို၍ ထန်းလျက်ချက်သောလ [တာလ-တာလ်တန်း=
တ(ထန်း)+ပေါင်း =ချက်သောလ] ဟုဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် တပေါင်းလသို့ရောက်လာသည့်အခါ မြစ်များ၊ ချောင်းများ၌ ရေစစ်ကာ သဲခုံ၊ သောင်ခုံ ဖြူဖြူဖွေးဖွေး ကလေးများ ထိုမှ ဤမှပေါ်ထွန်း လာလေ့ရှိသည်။ ထို့အပြင် ထိုရာသီ သည် လယ်ထွက်ယာထွက် သီးနှံများကို ရောင်းချချိန် ဖြစ်သဖြင့် တောင်သူ ဦးကြီးတို့ ငွေစရွှင် သည့်ရာသီ ဖြစ်ပေသည်။ လယ်ယာ လုပ်ငန်းများ ပြီးစီး၍ လုပ်ငန်းခွင်မှ အနား ယူချိန်လည်း ဖြစ်သည်။ ယင်းသို့ အကြောင်း ညီညွတ်သော အချိန်ဖြစ်၍ မြန်မာ ဘုရင်များသည် ထိုလတွင် သဲပုံ စေတီပွဲကို ရာသီပွဲ အဖြစ် သတ်မှတ်၍ ရွှေနန်းတော်ကြီး မှသည် ကျေးလက်တောရွာ ကလေးများ အထိ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကျင်းပ ခဲ့ကြသည်။ သဲပုံစေတီ ပွဲတော်ကား ဗုဒ္ဓဘာသာမှ ဆင်းသက်လာသည့် မြန်မာ့ ယဉ်ကျေးမှု ပွဲတော် ဖြစ်သဖြင့် မြန်မာ နိုင်ငံတွင် ဗုဒ္ဓသာသနာ စတင်ထွန်းကား လာချိန်ကပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။
http://bit.ly/14ghMmq](http://sphotos-g.ak.fbcdn.net/hphotos-ak-ash3/p480x480/166757_354531721330639_1268356786_n.jpg)





