Friday, September 20, 2013
စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့
ပွဲတော်ကို ထားဝယ်ဒေသ တွင် ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာ
အဖွဲ့များထံမှ သိရသည်။ ထားဝယ်လူငယ် များက ထားဝယ်မြို့အနီးရှိ
စပါးတောင်တွင် လည်းကောင်း၊ ထားဝယ် အမျိုးသမီး သမဂ္ဂက ထားဝယ်မြို့
ဆိပ်ကမ်းသာခန်းမတွင်လည်းကောင်း အသီးသီးကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့များထံမှ သိရ သည်။
ထားဝယ်အမျိုးသမီးသမဂ္ဂအနေနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့
အခမ်းအနားတွင် ဖွံ့ဖြိုး တိုးတက်ရေးက ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်။
မဖြစ်၊ အမျိုးသမီးများ ပြင်ပဗဟုသုတ နည်းပါးသဖြင့် ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များတွင် ပါဝင်သင့်။ မသင့်စသည့်ခေါင်းစဉ်များဖြင့်
စကားစစ်ထိုးပွဲ (ဒီဘိတ်) ပြု လုပ်မည်ဖြစ်ပြီး ကဗျာပြိုင်ပွဲ၊ကလေးငယ်များ၏
ကလေးစစ်သားဆိုင်ရာ ဇာတ်လမ်းတိုများလည်း တင်ဆက် မည် ဖြစ်ကြောင်း အထက်ပါ သမဂ္ဂ၏
ထားဝယ်စင်တာ တာဝန်ခံ ဒေါ်နှင်းအိက ပြောကြားသည်။