Saturday, June 13, 2015

ဗိုလ်လုပွဲ တက်ရောက် သွားသည့် မြန်မာ အသင်းအတွက် ဂုဏ်ပြုစကားသံများ



စင်ကာပူတွင် အောင်ပွဲခံနေသော မြန်မာပရိသတ်များ
စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် ၂၈ ကြိမ်မြောက် အာဆီယံ ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းသည် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲ တက်ရောက် သွားခဲ့ပြီဖြစ်သည်။ ဗိုလ်လုပွဲ တက်ရောက်သွားပြီဖြစ်သော မြန်မာဘောလုံးအသင်းအတွက် ဂုဏ်ပြု စကားသံများကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက မေးမြန်းထားပါသည်။

ရှန်ဟိုင်း စီးပွားရေးဇုံ ဒေါ်စုလေ့လာ


တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ မှာ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ စီးပွားရေး မြို့တော် ရှန်ဟိုင်းကို သွားရောက် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် ကွန်မြူနစ်ပါတီ၊ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ခဲ့တာဟာဆိုရင် တရုတ်အစိုးရရဲ့ သဘောထား ပျော့ပျောင်းတဲ့ ကိစ္စရပ် အဖြစ်လည်း တရုတ် ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဝေဖန်နေ ကြတာပါ။ သုံးသပ်သူတွေကတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်တို့ ဖိတ်ခေါ်ခဲ့တာဟာ မြန်မာအစိုးရကို တစုံတရာဖိအားပေးလိုတဲ့ သဘောဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ 

ကိုးကန့် အပစ်ရပ်မှု တရုတ်ကြိုဆို


MNDAA ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ကနေ မြန်မာအစိုးရနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကို တဖက်သတ် အပစ်ရပ်လိုက်ပြီလို့ ကြေညာလိုက်တဲ့အပေါ် နယ်ချင်းစပ် တရုတ်နိုင်ငံက ကြိုဆိုလိုက်ပြီး၊ ပဋိပက္ခ အဆုံးသတ်ဖို့ နှစ်ဖက် တွေ့ဆုံ စကားပြောကြ ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရဖက်ကတော့ ကိုးကန့်တို့ရဲ့ လှုပ်ရှားမှုကို သံသယနဲ့ စောင့်ကြည့်ပြီးမှ၊ ဘာဆက်လုပ်မလဲ ဆုံးဖြတ်မယ်လို့ ပြောနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦး အကြောင်းစုံ ပြောပြမှာပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာခေါင်းဆောင်ဘယ်သူတွေနဲ့ တွေ့ခဲ့သလဲ


တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာ တံခါးဖွင့် ဝါဒကျင့်သုံးခဲ့ပြီး ၂၀၁၁ - ၂၀၁၂ အချိန်ကစပြီး သမ္မတဦးသိန်းစိန်အပါ အဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဘေဂျင်းကို ဖိတ်ကြားခဲ့ ပါတယ်။

မိုးစက်ပညာဒါနပြုပေးတဲ့ ကလေးအားလုံး စာမေးပွဲအောင်လို့ အရမ်းပျော်ပါတယ်



ပရဟိတလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပါဝင်လုပ်ဆောင်တတ်ပြီး ကိုယ်တိုင်လည်း မြန်မာ့နှလုံးသားပရဟိတ အသင်းကို ဦးစီးတည်ထောင်ထား သူ Miss Universe Myanmar 2013 မိုးစက် ဝိုင်နှင့်တွေ့ဆုံခိုက် လတ်တလော သူလုပ်ဖြစ် သော အကြောင်းအရာများကို မေးမြန်းဖြစ် ခဲ့ပါတယ်။

ထရိတ်ဒါးဟိုတယ် ဗုံးပေါက်ကွဲမှုအမိန့်ချရန် ဇွန် ၁၉ ရက်ရွှေ့ဆိုင်း



ထရိတ်ဒါးဟိုတယ် (ယခု ဆူးလေရှန်ဂရီလာ) ဗုံးပေါက်ကွဲမှု အမိန့်ချရန် ဇွန် ၁၉ ရက်သို့ ရွှေ့ ဆိုင်းလိုက်ကြောင်း အနောက်ပိုင်း ခရိုင်တရားရုံးထံမှ စုံစမ်းသိရသည်။

တရားမဝင်ရထားသော အခွင့်အရေးများကို တောင်းဆိုလာလျှင် လိုက်လျောပေးမည် မဟုတ်ဟု ကာချုပ်ဆို



“တချို့ တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ သူတို့ ရယူထားတဲ့ အာဏာ တွေ အခွင့်အရေးတွေ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ အာဏာတွေ ဒါတွေသူတို့က စွန့်လွှတ်ဖို့ နည်းနည်းလေး ဝန်လေးပုံလည်းရ တယ်။ ဒါကြောင့် ဒီအပေါ်မှာ သူတို့က ရသလောက် တောင်းဆိုမှုတွေ လုပ်နေတယ်” လို့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဂျပန်အခြေစိုက် The Mainichi သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

မြန်မာ U-23 ဘောလုံးအသင်းအား ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း မှ ချီးကျူးဂုဏ်ပြု

ပုဒ်မ ၅၉ နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို နောက်ကြောင်းပြန်ကြည့်ခြင်း


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နိဒါန်းတွင်ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်း တို့သည် အမျိုးသားညီလာခံက ချ မှတ်ပေးခဲ့သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများ နှင့်အညီ ဤပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြပေသည်ဟု အတိအလင်းဖော်ပြထားသည့် အလျောက် ဖွဲ့စည်းပုံ အခြေခံဥပ ဒေပါ ပုဒ်မများသည် အခြေခံမူ များ၊ အသေးစိတ်အခြေခံရမည့်မူ များနှင့် အနှစ်သာရအားဖြင့် ရာ နှုန်းပြည့် ကိုက်ညီရ မည်ဖြစ်သည်။

မဲစာရင်းမှန်ကန်ရေး ပြည်သူကိုယ်တိုင် ဆောင်ရွက်ကြပါစို့


လက်ရှိ အစိုးရ၏ သက်တမ်း ငါးနှစ်ကုန် လွန်ချိန်နေပြီ ဖြစ်၍ ၂၀၁၅ အတွင်းမှာ ရွေးကောက်ပွဲ အသစ်တစ်ခုကို မဖြစ်မနေလုပ်ရ တော့မည်။ ရွေးကောက်ပွဲသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အရလည်း မပျက်မကွက်လုပ် ဆောင်ရမည်ဖြစ်သလို လက်ရှိ အာဏာရ အစိုးရ၏ မြန်မာသိ၊ ကမ္ဘာသိပေးထားခဲ့သော ကတိက ၀တ်များ တည်တံ့ခိုင်မာစေရန်လည်း လုပ်ကိုလုပ်ရမည့်ကိစ္စဖြစ် သည်။ ယခုအချိန်တွင် ၂၀၁၅ရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာ ရင်းများကိုလည်း စတင်ကြေညာ နေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်မှ ပြန်ရောက်လျှင် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲ အတွက် ညှိနှိုင်းမည်ဟု ဦးရဲထွဋ် ပြော


မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ နိုင်ငံခြားခရီးစဉ် ဆက်တိုက်ထွက်ခွာ နေမှုကြောင့် တွေ့ဆုံမှု မဖြစ်နိုင်သေးသော ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကို ပြုလုပ်နိုင်ရန် တရုတ်နိုင်ငံသို့ ခရီးသွားနေသော ဒေါ်အောင် ဆန်းစုကြည် ပြန်ရောက်လျှင် ညှိနှိုင်း သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်မှားယွင်းစွာချထားပေးမှုဖြစ်စဉ်ကြောင့် မြေစာရင်း များ မှန်မှန်ကန်ကန်ဆောင်ရွက်စေရေး ကြီးကြပ်ပေးရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌပြော


မြေစာရင်းဌာနမှ တောင်သူများအားလယ်ယာ မြေလုပ်ပိုင်ခွင့် မှားယွင်းစွာ ချထား ပေးမှုဖြစ်စဉ်ကြောင့် မြေစာရင်းများကို မှန်မှန်ကန်ကန်ဆောင်ရွက်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ပေးရန် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောသည်။

နယ်စပ်ဒေသစီမံခန့်ခွဲမှုအပေါ် တရားဥပဒေနှင့်အညီ ငြိမ်းချမ်းသည့် နည်းလမ်းဖြင့်ကြိုးပမ်းဆောင်ရွက်ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တရုတ်သံအမတ်အားပြော


နယ်စပ်ဒေသစီမံ ခန့်ခွဲမှုအပေါ်တရားဥပဒေနှင့် အညီ ငြိမ်းချမ်းစွာဆောင် ရွက်နိုင်သည့် နည်းလမ်းကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကြိုး ပမ်းဆောင်ရွက်ပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံအမတ်အား ပြော ကြားခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီများအပေါ် ကျူးလွန်သည့် လုပ်ရပ်များအတွက် မြန်မာ အာဆီယံမှ ထွက်သွားသင့်ဟု ဒေါက်တာ မဟာသီယာ မိုဟာမက် ပြောကြား


ဘင်္ဂါလီများအပေါ် လုပ်ရပ်များအတွက် အာဆီယံက မြန်မာကို အရေးယူရန် မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီ ယာမိုဟာ မက်က ဇွန် ၁၂ ရက်တွင် တိုက်တွန်းပြောကြား လိုက်သည်။ အသက် ၈၉နှစ်ရှိပြီဖြစ်သည့် ဝါရင့်နိုင်ငံရေးခေါင်းဆောင် မဟာသီယာက မြန်မာအစိုးရ လုပ်သမျှသည် မျိုးတုန်း သတ်ဖြတ်မှုမှတစ်ပါး အခြားအရာ မဖြစ်နိုင်ကြောင်းပြောကြားလိုက်ပြီး မြန်မာကို အာဆီယံမှ ထွက်ခွာသွားရန် လည်း အကြံပြုလိုက်သည်။ 

နိုင်ငံရေး ဆွေးနွေးပွဲများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုပါက ပဋိပက္ခဒေသရှိ အမျိုးသမီးများ ပါဝင်ရန်လို


လော်ခီးလာတွင် ပြုလုပ်သည့် တိုင်းရင်းသား ညီလာခံအတွင်း သဘောတူညီ ခဲ့သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက် နိုင်ငံရေးဆွေး နွေးပွဲများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုရန် သဘောတူလိုက် ခြင်းအပေါ် ယင်း ၃၀ ရာခိုင်နှုန်း တွင် ပဋိပက္ခ ဒေသများရှိ အမျိုးသမီးများ ပါဝင်ရန် လိုအပ်သည်ဟု ယင်းညီလာခံတွင် အဆိုတင်သွင်းခဲ့သည့် လားဟူ အမျိုးသမီး အဖွဲ့မှ နန့်ပေ့ပိုးက မဇ္ဈိမကို ပြောသည်။

တောင်တရုတ်ပင်လယ်တွင် ကျွန်းတည်ဆောက်မှု ရပ်တန့်ရန် ပင်တဂွန်က တရုတ်ကို ထပ်မံတောင်းဆို


အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာသည် ဇွန် ၁၁ က ထိပ်တန်း တရုတ်ဗိုလ်ချုပ်ကြီး တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် တောင်တရုတ်ပင်လယ် တွင် ကျွန်းတည်ဆောက် နေမှုကို ရပ်တန့်ရန် ထပ်မံတောင်းဆိုခဲ့သည်။  ထို့အပြင် တရုတ်-အမေရိကန် စစ်ရေးဆက်ဆံမှု တိုးမြင့်ရေး ၎င်း၏ ကတိ ကဝတ်ကိုလည်း အလေးအနက် ပြောကြားခဲ့သည်ဟု ပင်တဂွန်က ထုတ်ပြန် သည်။ တရုတ်၏ ဗဟိုစစ်ကော်မရှင် ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး ဖန်ချန်းလုံနှင့် အစည်းအဝေးတွင် ကာတာက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ဘင်္ဂါလီများ အကျပ်အတည်းပြဿနာ အာဖဂန်တွင် ဆန္ဒပြ


မြန်မာနိုင်ငံတွင်း ဘင်္ဂါလီများအပေါ် ဖိနှိပ်နေခြင်းများနှင့် ပတ်သက်ပြီး အာဖဂန် နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် လမ်းမပေါ် ထွက် ဆန္ဒပြ ခဲ့ကြသည်။မြန်မာနိုင်ငံတွင်း မွတ်စလင်များအပေါ် ဆိုးဝါးစွာ ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်ပြီး မခံမရပ်နိုင် ဒေါသ ထွက်ခြင်းများကို ပြသရန် အာဖဂန် တက်ကြွ လှုပ်ရှားသူများက ကဘူးလ်တွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 

မားစ်ကြောင့် ကိုရီးယား အလှကုန်လုပ်ငန်း ကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ ဆုံးရှုံး


လေ့လာသုံးသပ်များ၏ ပြောကြားချက်အရ ကိုရီုးယား ခရီးစဉ်များကို ဖျက်သိမ်းလိုက်သည့် တရုတ်ဈေးဝယ်ထွက်သူ အရေအတွက် များပြားလာမှုနှင့်အတူ တောင် ကိုရီးယားနိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ မားစ် (MERS) ဖြစ်ပွားမှု ဆိုင်ရာ စိုးရိမ်သောက ကြီးထွားလာမှုများကြောင့် ပြည်တွင်း အလှ ကုန်လုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက်လျက် ရှိသည်။ 

အီရန်က တာလီဘန်များထံသို့ ငွေကြေးနှင့် စက်လက်နက်ပစ္စည်းများ တိုးမြှင့်တင်ပို့လျက်ရှိဟုဆို


မကြာသေးမီလများက အာဖဂန်နစ္စတန်မှ တာလီဘန်များထံသို့ အီရန်အစိုးရ က လက်နက်နှင့် ငွေများ တိုးမြှင့်တင်ပို့ပေးခဲ့သည်ဟု Fox News သတင်း တစ်ပုဒ် တွင် ဖော်ပြထားသည်။ အာဖဂန်နှင့် အနောက်နိုင်ငံ အရာရှိများကို ကိုးကားဖော်ပြခဲ့သည့် Wall Street ဂျာနယ်သတင်းအရ၊ စစ်သွေးကြွများကို တိုးမြှင့်ထောက်ပံ့ရသည့် အီရန်၏ အဓိကရည်ရွယ်ချက်မှာ အိုင်အက်စ်အကြမ်းဖက် အုပ်စုအား အာဖဂန်နစ္စတန်တွင် ခြေကုပ်ရယူခြင်းမှ တားဆီး ရန်နှင့် ၂၀၁၆ခုနှစ် နှစ်ကုန် တွင်စီစဉ် ထားသည့်အတိုင်း အမေရိကန် တပ်သားအများစု မရုပ်သိမ်းမီတွင် အမေရိကန် သြဇာကို နှောင့်ယှက် ဟန့်တားထားရန် ဖြစ်သည်ဟု ဆိုသည်။

အခွန်ရှောင်မှုစွဲချက်များနှင့် ရင်ဆိုင်နေရသော နှမတော်ကို စပိန်ဘုရင်က မြို့စားကတော်ဘွဲ့ရုပ်သိမ်း


စပိန်ဘုရင်အား စိတ်အနှောင့်အယှက်ဖြစ်စေသော အရှုပ်တော်ပုံ တစ်ခုတွင် နှမတော်သည် အခွန်ရှောင်မှု စွဲချက်များနှင့် ရင်ဆိုင်နေ ရစဉ် စပိန်ဘုရင် Felipe VI သည် နှမတော် မင်းသမီး ခရစ္စတီနာ၏ ပယ်လ်မာမြို့စားကတော် ဘွဲ့ကို ရုပ်သိမ်းကြောင်း အမိန့်ဒီကရီ တစ်ခုကို ထုတ်ပြန်လိုက်သည်ဟု နန်းတော်က ဇွန် ၁၁ ရက်တွင် ထုတ်ပြန်သည်။

လူမှောင်ခိုကုန်ကူးသူများကို ပိုက်ဆံပေးခဲ့သည်ဟု သြစတြေးလျအစိုးရ ဖိအားပေးခံနေရ


နိုင်ငံရေးအတိုက်အခံများ၏ အရှေ့တောင်အာရှမှ ရွှေ့ပြောင်းအခြေချ လူမှောင်ခိုကုန်ကူးမှု ပြဿနာများကို ပိုမိုဆိုးရွား သွားစေနိုင် သည်ဟူသော သတိပေးနှင့်အတူ သြစတြေးလျအစိုးရမှာ ခိုလှုံခွင့် တောင်းခံသူများကို အင်ဒိုနီးရှားသို့ ပြန်ပို့ရန် လူကုန်ကူးသူများ ကို ဒေါ်လာ ထောင်ပေါင်း များစွာ ပေးခဲ့ခြင်း ရှိ မရှိ ပြောကြားရန် ဖိအားပေးခံနေရသည်။ 

NCA နောက်ဆုံးမူကြမ်းရရှိပြီး၊ အစိုးရကမ်းလှမ်းမှုဖြင့်သာ NCA လက်မှတ် ထိုးမထိုး ဆုံးဖြတ်မည်ဟု RCSS/SSA ဆို


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) နောက်ဆုံးမူကြမ်း ရရှိပြီး အစိုးရ၏ ကမ်းလှမ်းမှုဖြင့်သာ NCA လက်မှတ်ထိုး မထိုးကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းလှက ဇွန်လ ၁၂ရက်တွင် မဇ္ဈိမကိုပြောသည်။

အာဏာရပါတီကိုဝေဖန်ကာ သမိုင်းမလှသည့်လွှတ်တော်ဖြစ်မည်ဟု ပြောသည့်အမတ် သတိပေးခံရ


အဆိုတစ်ခုကိုလွှတ်တော်အစည်းအဝေးတွင် ထောက်ခံဆွေးနွေးစဉ် အာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီကို ဝေဖန်သည့် လွှတ်တော်အမတ်တစ်ဦးအား ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးလိုက်သည်။အာဏာ ရပါတီ၏ သဘောဆန္ဒအတိုင်းသာ အတည်ဖြစ်နေပါက သမိုင်းမလှ သည့်လွှတ်တော်ဖြစ်လိမ့်မည်ဟု ဝေဖန် ပြောဆိုသည့် ဗဟန်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းလွှတ်တော်အမတ် ဦးမြင့်ကြည်အား လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့ခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော် ကြုံတွေ့နိုင်သည့် ဘေးအန္တရာယ်များနှင့် ပတ်သက် သော ရှင်းလင်းပွဲအား ဇွန် ၁၇ ရက်တွင် ပြုလုပ်သွားမည်


ရွှေတိဂုံစေတီတော် ကြုံတွေ့နိုင်သည့် ဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲအား ဇွန် ၁၇ ရက်တွင် ပြု လုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံအရေးကမ်ပိန်းဦးဆောင် လုပ်ဆောင်နေသည့် ဦးလွင်မိုးအောင်က ပြောသည်။လက်ရှိ အချိန်တွင် ရွှေတိဂုံအရေးကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်မှ ရှောင်လွှဲလျက်ရှိကာ လက်ရှိဆောင်ရွက်နေသည့် အိမ်ရာ စီမံကိန်းသည့် ယူနက်စကို၏ ရှေးဟောင်း အမွေနှစ်စာရင်းဝင် ရွှေတိဂုံစေတီတော်အတွက် စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည့်အတွက် အနာဂတ် စီမံကိန်းများတွင် ရွှေတိဂုံအနီး ဆောက်လုပ်ခြင်းများ မပြုလုပ်ရန်အတွက် ကမ်ပိန်းပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

သာယာဝတီ အကျဉ်းထောင်တွင် ဗကသ ကျောင်းသားများနှင့် ဝန်းရံ ပြည်သူများ ကျန်းမာရေးအခြေအနေ ဆိုးရွားလျက်ရှိပြီး အချို့မှာ အရေးပေါ်ဆေးကုသရန်လိုအပ်နေ


သာယာဝတီ အကျဉ်းထောင်တွင် ထိန်းသိမ်းခံရသည့် ဗကသ ကျောင်းသား များနှင့် ဝန်းရံပြည်သူများ ကျန်းမာရေး အခြေအနေ ဆိုးရွားလျက်ရှိပြီး အချို့မှာ ဆေးရုံ၌ အရေးပေါ်တင်ရန် လိုအပ်နေကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ်ထံက သိရသည်။

ကိုယ်ပေးသည့် မဲ အဟောသိကံ မဖြစ်အောင် ကိုယ်တိုင် စောင့်ကြည့်ဖို့  ရုပ်ရှင် ဥက္ကဋ္ဌ တိုက်တွန်း


၂၀၁၅ ခုနှစ်တွင် ကိုယ်ပေးသည့်မဲ အဟောသိကံ မဖြစ်အောင် ကိုယ်ကိုတိုင် စောင့်ကြည့်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ ဦးလူမင်းက တိုက်တွန်း ပြောကြား လိုက်သည်။““ပြည်သူ ပြည်သား တွေကို မေးလာရင် အားလုံးက ဒီမို ကရေစီ လိုချင်ကြ တာပဲ၊ ဒါပေမဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ လူဆိုတာ ရှိပါသေးတယ်။ 

ဖုန်ကြားရှင် အပြောနှင့် အလုပ် ညီ မညီ စောင့်ကြည့်မည်ဟု ဦးရဲထွဋ်ပြော



ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ရောက်ရှိသည့် ဇွန် ၁၀ ရက် ည ၁၂ နာရီတွင် ဦးဇုန်ကြားရှင်၏ မြန်မာအမျိုးသား ဒီမို ကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က တစ်ဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း ကြေညာ ခဲ့ခြင်းအပေါ် ဦးဖုန်ကြားရှင်၏ ပြောစကားနှင့် အလုပ်တို့ ညီ မညီကို စောင့်ကြည့်ရမည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် က ပြောသည်။

Friday, June 12, 2015

ဒေါ်စု ရှီကျင်ပင်နဲ့တွေ့ လူ့အခွင့်ရေးကိစ္စ မပြော



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ရှီကျင်ပင်က တရုတ်ပြည်သူ့ ခန်းမကြီးမှာ မနေ့က လက်ခံ တွေ့ဆုံခဲ့ ပါတယ်။အဲဒီလို တွေ့ဆုံမှုအတွင်း တရုတ်သမ္မတက မြန်မာနဲ့ တရုတ်အကြား ၆၅ နှစ်ကြာ သံတမန်ဆက်ဆံရေး ကောင်းမွန်ပြီး ဆွေမျိုးသဖွယ် ရှိခဲ့တဲ့ အကြောင်း၊ မြန်မာရဲ့ အချုပ်အခြာ အာဏာကို အသိအမှတ်ပြုပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းတွေကိုလည်း ထောက်ခံကြောင်း ပြောသွားခဲ့ပါတယ်။

ဆိုင်ဘာရာဇ၀တ်အဖွဲ့ဝင်ဟု သံသယရှိသူများကို ယူရိုပို ဖမ်းဆီး


စပိန်၊ ပိုလန်နဲ့ အီတလီနိုင်ငံတွေက ဆိုင်ဘာ ရာဇဝတ်အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၄၉ ယောက်ကို ဖမ်းလိုက်တယ်လို့ ဥရောပရဲတပ်ဖွဲ့ (ယူရိုပို) က ဇွန် ၁၀ ရက်က ပြောပါတယ်။သူတို့က ဥရောပဘဏ်တွေက ငွေစာရင်းတွေကနေ ယူရိုငွေသန်းချီ ခိုးခဲ့တယ်လို့ သံသယရှိခံရသူတွေ ဖြစ်တဲ့အကြောင်း ယူရိုပိုက ပြောပါတယ်။

အလားအလာရှိတဲ့ ခေါင်းဆောင်တွေကို တရုတ် တပြေးညီ ဆက်ဆံ



တရုတ်နိုင်ငံဟာ အရင်လိုမဟုတ်ပဲ ရရှည်အကျိုးစီးပွားအတွက်မြန်မာနိုင် ငံရေး အနာဂတ် အလားအလာရှိတဲ့ မြန်မာခေါင်းဆောင်တွေကို တပြေးညီဆက်ဆံသွားမယ်ဆိုတာ တွေ့ရတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။ ဒါဟာ တရုတ်မြန်မာဆက်ဆံရေးမှာ ကြီးမားတဲ့ အပြောင်းအလဲ တခုဖြစ်တယ်လို့လည်းဆိုပါတယ်။ 

လာဘ်စားမှုကြောင့် တရုတ်ထောက်လှမ်းရေးမှူးချုပ်ဟောင်း ထောင်ဒဏ်တသက် ချခံရ



တရုတ်ပြည်တွင်းလုံခြုံရေးနဲ့ ထောက်လှမ်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ ကျိုးယုံခန်း (Zhou Yongkang) ကို အဂတိလိုက်စားမှုတွေနဲ့ ဇွန် ၁၁ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်း ချလိုက်ပါတယ်။လာဘ်ငွေလက်ခံမှု၊ အာဏာအလွဲသုံးစားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုတွေနဲ့ စွဲချက်တင်ခံရပြီး သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာအားလုံး ရုပ်သိမ်းကာ ပိုင်ဆိုင်မှုတွေကိုလည်း ချိတ်ပိတ်လိုက်ပါတယ်။

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခြင်း



ရက္ခိုင့်တပ်မတော် (AA) သည် အစိုးရ တပ်မတော်နှင့် ပြီးခဲ့သည့် မတ်လ ၁၇ ရက်က စတင်ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်။ AA သည် အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးရန် လက်ခံခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲတွင် ပါဝင်သည်။

အင်းလေးကန် ဇီဝ ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး UNESCO သတ်မှတ်



ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ အင်းလေးကန်ကို မြန်မာနိုင်ငံရဲ့ ဇီ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသတခုအဖြစ် ကုလသမဂ္ဂက ပထမဆုံး အကြိမ် အသိအမှတ်ပြု ကြေညာလိုက်ပါတယ်။ အပင်နဲ့တိရစ္ဆာန်တွေအပါအ၀င် ဇီဝမျိုးကွဲပေါင်း အမြောက်အများရှိရာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ဒေသအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကြေညာခဲ့တာပါ။ 

မြန်မာနယ်စပ် အိန္ဒိယ လုံခြုံရေး အထူး တင်းကြပ်



အိန္ဒိယ-မြန်မာနယ်စပ် ဒေသမှာ အိန္ဒိယအစိုးရက ခွဲထွက်ရေး သူပုန်တွေ အပေါ် အထူး ထိုးစစ်ဆင်မှုတရပ် ဆင်နွှဲခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ နယ်စပ်ဒေသမှာ လုံခြုံရေးကို တင်းကျပ် ဆောင်ရွက်နေတယ်လို့ အိန္ဒိယ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အကြမ်းဖက် လှုပ်ရှားမှုတွေကို အချိန်မရွေး ကြုံရနိုင်တဲ့အတွက် ကြိုတင်ကာကွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပါမယ်။

IS နဲ့ သွားရောက် ပူးပေါင်းခြင်းသည် ခေတ်သစ် နိုင်ငံတော် သစ္စာဖောက်မှု



IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေနဲ့ပတ် သက်လို့ သြစတြေးလျ ၀န်ကြီးချုပ် Tony Abbot က ကြာသပတေးနေ့မှာ သတိပေးပြီး ဒီအဖွဲ့ရဲ့ အစွန်းရောက် ၀ါဒဆိုင်ရာ စွဲဆောင်ချက်တွေကို တိုက်ဖျက်ဖို့ ပိုလုပ်ရမယ် လို့ ပြောပါ တယ်။ ဆစ်ဒ်နီမြို့မှာကျင်းပတဲ့ ဒေသဆိုင်ရာ ညီလာခံတခုဖွင့်ပွဲမှာ မစ္စတာ Abbott က အဲဒီလိုပြောတာပါ။

အီရန် Nuclear ဆွေးနွေးပွဲ Cyber တိုက်ခိုက်ခံ ရသလား



ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့အကြား ပြုလုပ်နေတဲ့ အီရန်နျူကလီး ယား အရေး ညှိနှိုင်း ဆွေးနွေးပွဲတွေကို အဆင့်မြင့် Cyber တိုက်ခိုက်မှု ပြုလုပ်ဖို့ ကြံစည်ခဲ့ခြင်း ရှိမရှိဆိုတာကို စုံစမ်း စစ်ဆေးနေကြောင်း ဆွစ်ဇာလန်နဲ့ သြစတြီးယားနိုင်ငံတို့က အရာရှိတွေက ပြောပါတယ်။

အထက်သံလွင် တာတမံ ရေအားလျှပ်စစ်စီမံကိန်း တန့်ယန်းဒေသခံများ လက်မခံ



သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း တည်ဆောက်မည့် အထက်သံလွင် အမည်ရ မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း တာတမံ တည်ဆောက်ရေး သည် ဒေသခံများ အတွက် အကျိုးမရှိသောကြောင့် အလိုမရှိ၊ တည်ဆောက် ရေးစီမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများ ကပြောသည်။

အပစ်ရပ်ရေးပိုမိုလွယ်ကူလာစေရန် NCCT နှင့် UPWC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်တွေ့ဆုံမည်



တနိုင်ငံလုံးအပစ်ရပ်ရေးပိုမိုလွယ်ကူလာစေရန်ရည်ရွယ်၍ တိုင်းရင်းသား ဘက်မှ NCCT နှင့် အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ေ ဆာင်ရေးကော်မတီ UPWC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ တွေ့ဆုံေ ဆွးနွေးမည်ဖြစ်ပါသည်။ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆာရဖီးရပ်ကွက်ရှိ Woodfield Resort တွင် ဂျွန်လ ၁၁ ရက် မွန်းတည့် ချိန်တွင် တွေ့ဆုံကြပြီး တပြည်လုံးအပစ်အခတ် ရပ်စဲရေးဆိုင် ရာ လက်မှတ်ရေးထိုးရန် စာချုပ် မူကြမ်းမှ ထပ်မံပြင်ဆင်လိုကြသည့် အချက် ၁၅ ချက်အပြင် NCCT အဖွဲ့ဝင်အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် အစရှိ အချက်များကို ဆွေးနွေးသွားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ရှန်ဟိုင်း၊ ယူနန်သို့လည်း သွားရောက်မည်



ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် များသည် ရှန်ဟိုင်းမြို့နှင့် ယူနန်ပြည်နယ်သို့ပါ တရုတ်ပြည် ခရီးဆက်ဦးမည်ဟု သိရသည်။ ဇွန်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အား တရုတ်သမ္မတ ရှီကျင့်ဖိန်က ပြည်သူ့ခန်းမဆောင်တွင် လက်ခံ တွေ့ဆုံသည်။ သမ္မတနှင့် မတွေ့မီ ဗုဒ္ဓစွယ်တော်ကို (ဓာတ်ပုံပါ) Badachu တွင် သွားရောက် ကြည်ညိုသည်။ 

လူ့အခွင့်အရေး ချိုးဖောက်ခံရ သူများကို အစိုးရ တောင်းပန်ရန် တောင်းဆို



အစိုးရ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လူ့အခွင့်အရေး ချိုးဖောက် ခံခဲ့ရသူများကို ပြန်လည်တောင်းပန်သင့်ကြောင်း လူ့အခွင့် အရေးလှုပ် ရှားဆောင်ရွက်သူများက ရန်ကုန်မြို့၊ Orchid Hotel တွင် ယနေ့ ပြုလုပ်ခဲ့ သည့် လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်၏ “အသိအမှတ်ပြုရန် နှင့် ပြုပြင်ရန် အစီရင်ခံစာ” ထုတ်ပြန်ခြင်း ရှင်းလင်းပွဲတွင် ထောက်ပြ ပြော ဆိုသည်။

အီရတ်နိုင်ငံသို့ လေ့ကျင့်ရေးစစ်သား ၄၅ဝ ထပ်မံစေလွှတ်ရန် အိုဘားမား အတည်ပြု


အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အမေရိကန်စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးစစ်သား ၄၅ဝ ကို အီရတ်သို့ ထပ်မံစေလွှတ်ရန် ဇွန် ၁ဝရက်တွင် အတည်ပြုပေးခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြသည်။ဤသည်မှာ IS အဖွဲ့၏ ပြန် လည်အင်အားကြီးလာမှုကို နှိမ်နင်းရန် ကြိုးပမ်းမှု လည်းဖြစ်သည်။ အိမ်ဖြူ တော်၏ အဆိုအရ ထပ်မံစေလွှတ်မည့် တပ်ဖွဲ့ဝင် ၄၅ဝသည် အီရတ်စစ်တပ် နှင့် ဆွန်နီလူမျိုးစု တိုက်ခိုက်ရေးသမား များကို လေ့ကျင့်ပေးရန်၊ အကြံပေး ရန်နှင့် ကူညီရန်တို့အတွက် ယခင် ကတည်းက ရောက်ရှိနေသောတပ် ဖွဲ့ဝင် ၃၁ဝဝ နှင့် ပူးပေါင်းမည်ဟု သိရသည်။

အိန္ဒိယနယ်မြေအတွင်း ဖြစ်ပွားသော သူပုန်များနှင့် တိုက်ပွဲတွင် မြန်မာဘက်ခြမ်းသို့ ၀င်ရောက်ခြင်းမရှိကြောင်း အိန္ဒိယအကြောင်းပြန်


ပြီးခဲ့သည့် ချုံခိုတိုက်ခိုက်မှုတွင် အိန္ဒိယစစ်သားအနည်းဆုံး အယောက်၂၀သေဆုံးခဲ့အိန္ဒိယအထူးတပ်ဖွဲ့က မြန်မာ-အိန္ဒိယ နယ်စပ်ရှိ သူပုန်များစစ်ဆင် တိုက်ခိုက်မှုကို အိန္ဒိယဘက်ခြမ်းတွင်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ဝင်ရောက်ခြင်းမရှိခဲ့ဟု အိန္ဒိယဘက်က မြန်မာအစိုးရထံ ပြန်လည်ဖြေကြားခဲ့ကြောင်း နိုင်ငံ တော်သမ္မတရုံးမှ သတင်းရရှိသည်။

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန်မသင့်သေးကြောင်း တပ်ချုပ် ပြောကြား


 ပြည်သူ ငါးသန်းကျော် က ပြင်ဆင်ရန် ဆန္ဒပြုလက်မှတ် ရေးထိုးထားသော အခြေခံဥပဒေ ပြင်ဆင်ရေးတွင် သော့ချက်ဖြစ် သည့် ပုဒ်မ ၄၃၆ သည် လက်ရှိကာလ၌ ပြင်ဆင်ရန်မသင့်သေး ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။ဇွန်လ ၉ ရက်တွင် ပြုလုပ်သည့် ဂျပန်နိုင်ငံ The Mainichi သတင်းဌာနနှင့် အင်တာဗျူး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်းထည့် သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပညာဒါနပြုထားတဲ့ကလေးသုံးဦးစလုံး တက္ကသိုလ်ဝင်တန်းအောင်မြင်လို့ ပျော်ရွှင်နေတဲ့ မိုးစက်ဝိုင်


ပညာသင်ကြားရန် ထောက်ပံ့ပေးခဲ့သည့် ကလေးသုံးဦး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သောကြောင့် ပျော်ရွှင်ရကာ အဆိုပါကလေးများ၏  ဆက်လက်သင်ကြားရမည့် ပညာရေးအတွက် ထောက်ပံ့ပေးသွားရန် အစီအစဉ်ရှိကြောင်း   မိုးစက်ဝိုင် က ပြောသည်။

သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ ကျန်းမာရေး မဆိုးရွားဟု ရဲတပ်ဖွဲ့ပြော ကျောင်းသားနှင့် ဝန်းရံသူများ လက်ရှိဖြစ်ပွားသော ရောဂါမှာ ဖမ်းဆီးခံရစဉ် ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့်ဖြစ်၍ အစိုးရ တာဝန်ဖြစ်ကြောင်း ဗကသထုတ်ပြန်


သာယာဝတီ ထောင်အတွင်း ဖမ်းဆီးထားသည့် သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ ကျန်းမာရေး အခြေအနေမှာ ဆိုးရွားမှုမရှိ ကြောင်း  သာယာဝတီခရိုင်ရဲတပ်ဖွဲ့က ပြောသည်။သာယာဝတီထောင်အတွင်း ဖမ်းဆီးထားသည့် သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများအနက် ကျောင်းသားခေါင်းဆောင်  မင်းသွေးသစ် အပါအ၀င် ကျောင်းသူ၊ ကျောင်းသားအချို့အော့အန် သတိလစ်မေ့မြောခြင်းများ ဖြစ်ပေါ်နေသည်ဟု ဇွန်လ ၁၁ ရက်တွင် သတင်းများ ထွက်ပေါ်နေခြင်းအပေါ် သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအေးသိန်းက တုံ့ပြန်ပြောကြား လိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေနင့် အခွင့်အရေးပေါ် မူတည်ပြီး တိုင်းပြည် အတွက် ဆောင်ရွက်လျှင် အထောက်အကူ ဖြစ်နိုင်ကြောင်း တပ်/ချုပ် ပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ရရှိသော အခွင့်အရေးများအပေါ် မူတည်ပြီး တိုင်းပြည်အတွက် ဆောင်ရွက်လျှင် မြန်မာနိုင်ငံအတွက် အထောက်အကူ ဖြစ်နိုင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

My Blog List