Thursday, January 23, 2020

ဆော်ဒီအိမ်ရှေ့စံမင်းသားက အမေဇုန်စီအီးအိုဂျက်ဖ်ဘီဇိုး၏ဖုန်းမှအချက်အလက်များကိုခိုးယူခဲ့ဟုဆို


Image may contain: 2 people, beard and closeup
ဆော်ဒီအိမ်ရှေ့စံမင်းသားသည် အမေဇုန်စီအီးအိုဂျက်ဖ်ဘီဇိုး၏ဖုန်းမှအချက်အလက်များကို ခိုးယူခဲ့သည်ဟု Guardian သတင်းဌာနက ဆိုလိုက်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် မေလက ဂျက်ဖ်ဘီဇိုးသည် WhatsApp အပလီကေးရှင်းမှတစ်ဆင့် ဆော်ဒီအိမ်ရှေ့စံမင်းသား Mohammed bin Salman ၏မက်ဆေ့ချ်တစ်ခုကိုလက်ခံရရှိခဲ့ရာတွင် ပါဝင်လာခဲ့သောအန္တရာယ်ရှိသည့်ဖိုင်တစ်ခုက နာရီပိုင်းအတွင်း ဖုန်းထဲမှအချက်အလက်ပေါင်းများစွာကို ထုတ်ယူသွားခဲ့သည်။ ဂျက်ဖ်ဘီဇိုး၏ဖုန်းထဲမှ မည်သည့်အချက်အလက်များခိုးယူခံခဲ့ရပြီး မည်သို့အသုံးချခံခဲ့သည်ကိုမသိရှိရသော်လည်း စွပ်စွဲချက်များသာ မှန်ကန်ခဲ့ပါက ဆော်ဒီအာရေဗျ၏ဘုရင်လောင်းအတွက် သိက္ခာကျစရာဖြစ်သည်။ Mohammed bin Salman အသုံးပြုသောဖုန်းနံပါတ်တစ်ခုမှဝင်ရောက်လာသည့်မက်ဆေ့ချ်ကို စစ်ဆေးမှုများလုပ်ဆောင်ကြည့်သည့်အခါမှ ဖုန်း၏အချက်အလက်များကိုခိုးယူသွားသော အန္တရာယ်ရှိသည့်ဖိုင်ပါဝင်နေမှန်း သိရှိခဲ့ရသည်။ ကိုးလအကြာတွင် National Enquirer မဂ္ဂဇင်းက ဂျက်ဖ်ဘီဇိုးပါဝင်သည့်ဖုန်းမက်ဆေ့ချ်များကိုထုတ်ဖော်ခဲ့သည့်အတွက် ဂျက်ဖ်ဘီဇိုး၏ ပုဂ္ဂိုလ်ရေးအချက်အလက်များဖွင့်ချခံခဲ့ရသည်။ ယခုဖြစ်ရပ်ကြောင့် Washington Post သတင်းဌာန၏ပိုင်ရှင်တစ်ဦးဖြစ်သော ဂျက်ဖ်ဘီဇိုး၏ဖုန်းမှအချက်အလက်များခိုးယူခံခဲ့ရပြီးငါးလအကြာတွင် အသတ်ခံခဲ့ရသော Washington Post မှ စာရေးဆရာ Jamal Khashoggi ၏အမှုနှင့်ပတ်သက်၍ ပြန်လည်စစ်ဆေးမှုများလုပ်ဆောင်လာနိုင်ကြောင်း Guardian သတင်းဌာနက ဆိုထားသည်ဟု သိရသည်။
Image may contain: 2 people, beard
အေးယုနိုင်
Pyi Myanmar

No comments:

Post a Comment

My Blog List