Wednesday, January 22, 2020

(H1N1) ကူးစက်မှုကြောင့် မလေးရှားနိုင်ငံရှိ စာသင်ကျောင်းအချို့ပိတ်ထားရ

Image may contain: one or more people, sky and outdoorImage may contain: 2 people, people sitting, people standing, table and outdoor
မလေးရှားနိုင်ငံ ဆာဘတ်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဖရမ်ကီပွန် က (H1N1)ကြောင့် ပြည်နယ်အတွင်းရှိ စာသင်ကျောင်း အချို့ ပိတ်ထားရပေမယ့် စိုးရိမ်ရတဲ့ အခြေနေမျိုးမရှိသေးကြောင်း၊ ကျောင်းသား ခြောက်ဦးမှာ (H1N1) ကူးစက်မှုတွေ့ရှိခဲ့ပြီးနောက် ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများပိတ်ခဲ့ရကြောင်း ပြောပါတယ်။ 

ဆာဘက်ပြည်နယ် Tanjung Aru ဒေသရှိ SK Stella Maris ကျောင်းက အသက် ၁၂ နှစ်အောက်ကျောင်းသား ေခြာက်ဦးမှာ (H1N1) ကူးစက်ခံရတာတွေ့ရှိခဲ့ကြောင်း၊ လက်ရှိမှာ အဲဒီကျောင်းသားတွေ အိမ်ပြန်အနားယူနေကြောင်း ကျန်းမာရေးဝန်ကြီး ဖရမ်ကီပွန် က ဆိုပါတယ်။ 
ဖရမ်ကီပွန်က “ စိုးရိမ်ရတဲ့အခြေနေမျိုးမရှိပါဘူး၊ ဗိုင်းရပ်စ်ပိုးပျံ့နှံ့ မှုကို တားဆီးနိုင်ဖွယ် ရှိပါတယ်။ ကျောင်းအချို့ကတော့ ပိတ်ထားဆဲဖြစ်ပါတယ်။ ကူးစက်ခံရတဲ့သူတွေဟာ ကျန်းမာရေးပုံမှန်အတိုင်းသာ ရှိနေမယ်ဆိုရင် စိုးရိမ်ရတဲ့အခြေနေမျိုး မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ် “ လို့ ပြောပါတယ်။ (H1N1) ကူးစက်မှုဖြစ်ပေါ်ခဲ့တဲ့ ကျောင်းကို ဇန်နဝါရီ ၂၈ ရက်အထိ သီတင်းပတ် တစ်ပတ်အကြာ ပိတ်ထားမှာဖြစ်ပါတယ်။ ကျန်းမာရေးဌာန ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့အတွက် ကျောင်းကို ယာယီပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ ဖရမ်ကီပွန်က ဆိုပါတယ်။
ကောင်းထက် (အကုန်သိ သတင်းဌာန)
<<< Unicode Version >>>
(H1N1) ကူးစက်မှုကြောင့် မလေးရှားနိုင်ငံရှိ စာသင်ကျောင်းအချို့ပိတ်ထားရ
----- ကောင်းထက် (အကုန်သိ သတင်းဌာန) ----
မလေးရှားနိုင်ငံ ဆာဘတ်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဖရမ်ကီပွန် က (H1N1) ကြောင့် ပြည်နယ်အတွင်းရှိ စာသင်ကျောင်းအချို့ ပိတ်ထားရပေမယ့် စိုးရိမ်ရတဲ့ အခြေနေမျိုးမရှိသေးကြောင်း၊ ကျောင်းသား ခြောက်ဦးမှာ (H1N1) ကူးစက်မှုတွေ့ရှိခဲ့ပြီးနောက် ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများပိတ်ခဲ့ရကြောင်း ပြောပါတယ်။ ဆာဘက်ပြည်နယ် Tanjung Aru ဒေသရှိ SK Stella Maris ကျောင်းက အသက် ၁၂ နှစ်အောက်ကျောင်းသား ခြောက်ဦးမှာ (H1N1) ကူးစက်ခံရတာတွေ့ရှိခဲ့ကြောင်း၊ လက်ရှိမှာ အဲဒီကျောင်းသားတွေ အိမ်ပြန်အနားယူနေကြောင်း ကျန်းမာရေးဝန်ကြီး ဖရမ်ကီပွန် က ဆိုပါတယ်။ ဖရမ်ကီပွန်က “ စိုးရိမ်ရတဲ့အခြေနေမျိုးမရှိပါဘူး၊ ဗိုင်းရပ်စ်ပိုးပျံ့နှံ့ မှုကို တားဆီးနိုင်ဖွယ် ရှိပါတယ်။ ကျောင်းအချို့ကတော့ ပိတ်ထားဆဲဖြစ်ပါတယ်။ ကူးစက်ခံရတဲ့သူတွေဟာ ကျန်းမာရေးပုံမှန်အတိုင်းသာ ရှိနေမယ်ဆိုရင် စိုးရိမ်ရတဲ့အခြေနေမျိုး မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ် “ လို့ ပြောပါတယ်။ (H1N1) ကူးစက်မှုဖြစ်ပေါ်ခဲ့တဲ့ ကျောင်းကို ဇန်နဝါရီ ၂၈ ရက်အထိ သီတင်းပတ် တစ်ပတ်အကြာ ပိတ်ထားမှာဖြစ်ပါတယ်။ ကျန်းမာရေးဌာန ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့အတွက် ကျောင်းကို ယာယီပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ ဖရမ်ကီပွန်က ဆိုပါတယ်။

No comments:

Post a Comment

My Blog List